← Chapters

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း ၁၄၄

Vol. 15 Ch. 144

Ch-144

ယွမ်နှစ်သောင်းဆိုလျှင် ရှဲ့လီထုတ်ပေးနိုင်လိမ့်မည် မဟုတ်လော။

အကယ်၍ သူမ မပေးပါက ဖန်မိသားစု၏ ဆယ့်ရှစ်နှစ်တိုင်တိုင်ပြုစုပျိုးထောင်ပေးခဲ့မှုကို အသုံးပြု၍ သူမအား ကိုယ်ကျင့်တရားအရအကျပ်ကိုင်ရပေမည်။

ညစာစားပြီးနောက် ရှဲ့လီသည် ဖန်တာဖု၊ လျူကျောက်တိတို့နှင့် အခန်းတစ်ခန်းတည်းတွင် အိပ်ခဲ့သည်။

သန်းခေါင်ယံအချိန်ခန့်တွင် လျူကျောက်တိထလာပြီး ဖန်လင်းနှင့် ဝမ်ရှို့မေတို့အခန်း မီးများပိတ်သွားသည်ကိုမြင်လိုက်ရသဖြင့် မြေအောက်ခန်းသို့ အမြန်ခြေဖျားထောက်ကာသွားလိုက်သည်။

မြေအောက်ခန်း၏အနက်ရှိုင်းဆုံးနေရာတွင် သာမန်ချဉ်ဖတ်အိုးတစ်လုံးရှိနေ၏။ လျူကျောက်တိသည် ချဉ်ဖတ်အိုးအဖုံးကိုမကာ အထပ်ထပ်ထုပ်ပိုးထားသော အရာတစ်ခုကိုဆွဲထုတ်လိုက်ပြီး သူမ ရင်ခွင်ထဲတွင်ပိုက်ရင်း အခန်းထဲသို့ ပြန်သယ်လာခဲ့သည်။

“ရှောင်လီ ဒီမှာ အဲဒီယွမ်နှစ်သောင်းရှစ်ထောင်လေ”

လျူကျောက်တိ အထုပ်ကိုဖြေချလိုက်၏။ အတွင်းတွင် ဆယ်ယွမ်တန် ငွေစက္ကူအုပ်များ သပ်သပ်ရပ်ရပ်စီထားသည်။

ဤခေတ်တွင် ကျေးလက်ဒေသရှိလူအများစုသည် သူတို့ငွေများကို အိမ်တွင်သာ ဝှက်ထားလေ့ရှိကြသည်။

ပထမအချက်အနေဖြင့် ငွေစုရန် အဆင်မပြေခြင်းဖြစ်ပြီး ဒုတိယအချက်မှာ အိမ်တွင်သာ သိမ်းဆည်းရန် အကျင့်ပါနေခြင်းကြောင့်ဖြစ်သည်။

“အမေ အဖေ၊ ဒါက အဖေတို့အတွက်ပါ၊ နောက်နှစ်ရက်လောက်နေရင် သမီးတို့ခရိုင်မြို့ကိုသွားပြီး ဘဏ်စာအုပ်ထဲ ငွေသွားစုကြမယ်လေ၊ အဖေတို့ အသက်ကြီးလာရင် သုံးဖို့သိမ်းထားပါ”

ရှဲ့လီသည် လျူကျောက်တိလက်ကို ဖိထားလိုက်သည်။ ဖန်တာဖု အခန်းအပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်၏။

ဖန်မိသားစုအိမ်တွင် စုစုပေါင်းအခန်းသုံးခန်း ရှိသည်။ အလယ်ခန်းမှာ ဟင်းချက်ရန် အပြင်ခန်းဖြစ်ပြီး အရှေ့နှင့် အနောက်ဘက်တွင် အိပ်ခန်းတစ်ခန်းစီ ရှိသည်။

အိပ်ခန်းများတွင် တံခါးများမရှိပေ။ အလယ်ခန်းတွင်သာ ကျိုးပဲ့နေသော သစ်သားတံခါးတစ်ပေါက် ရှိသည်။ အိပ်ခန်းအဝင်ဝတိုင်းတွင် လိုက်ကာများသာ ချိတ်ဆွဲထားသည်။

“သမီး၊ ဒီငွေကိုယူပြီး သမီးအတွက်သာ စုထားလိုက်ပါ၊ အဖေနဲ့ အမေက ဒီအရွယ်ရောက်နေပြီ၊ ဘာပဲဖြစ်ဖြစ် ရပ်တည်နိုင်ပါတယ်၊ သမီးနဲ့ ရှောင်ရှန်တို့က ရှေ့လျှောက်ဘဝခရီးအရှည်ကြီး ကျန်သေးတယ်လေ၊ မြန်မြန်သိမ်းလိုက်၊ ငွေတွေကို ခရီးဆောင်အိတ်ထဲထည့်ပြီး နောက်ရက်အနည်းငယ်နေရင် သမီး ပြန်တဲ့အခါ ယူသွားလိုက်၊ သမီး ယောင်းမကြားသွားလို့မဖြစ်ဘူး”

*ဝှစ်*

တံခါးလိုက်ကာမှာ ဖယ်ရှားခံလိုက်ရပြီး ဝမ်ရှို့မေ လက်ပိုက်ကာဝင်လာခဲ့သည်။

သူမသည် ခေါင်းပြူကာ ကုတင်ပေါ်ရှိ ဆယ်ယွမ်တန်ငွေစက္ကူများကိုကြည့်လိုက်ရာ သူမမျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် ချက်ချင်းတောက်ပသွားသည်။

‘ငွေတွေပဲ’

သူမ ဤမျှများပြားသော ငွေများကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ထိုအတွေးနှင့်အတူ သူမသည် ဖန်တာဖုနှင့် လျူကျောက်တိတို့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

‘ဒီအဘိုးကြီး အဘွားကြီး နှစ်ယောက်၊ ရှဲ့လီက သူတို့ကို အရင်ကငွေတွေပို့ပေးခဲ့တာပဲ၊ ပြီးတော့ သူတို့က ငါ့ကို ဒီလောက်ကြာတဲ့အထိ တကယ်လှည့်စားထားခဲ့တာကိုး’

ဝမ်ရှို့မေ ရှေ့လှမ်းလာပြီး အထုပ်ကိုဆွဲယူကာ ပြန်လွှတ်မပေးတော့ပေ။

“ရှဲ့လီ ဖန်မိသားစုက နင့်ကိုနှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပေးခဲ့တာ၊ အဲဒီအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ငွေတချို့တောင်းတာက အရမ်းမလွန်ဘူး မဟုတ်လား”

ရှဲ့လီ ခေါင်းညိတ်ပြလိုက်သည်။

“မလွန်ပါဘူး”

ထိုစကားကိုကြားလိုက်ရသောအခါ ဝမ်ရှို့မေ၏မျက်နှာထားမှာ အနည်းငယ် နူးညံ့သွားပြီး ရှဲ့လီအားပြုံး၍ စိုက်ကြည့်လိုက်၏။

“ဒါပေါ့”

‘ဒီအရူးမက တကယ်ကို လှည့်စားရ လွယ်တာပဲ'

သူမသည် လျူကျောက်တိဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အမေ မငြင်းပါနဲ့၊ ရှောင်လီက အခု ဒီငွေလေးလောက်တော့ သေချာပေါက်မရှားပါဘူး၊ ဒါ့အပြင် ဒီနှစ်မှာ သူ့အစ်ကိုရဲ့တင်တောင်းငွေနဲ့ မင်္ဂလာဆောင်စရိတ်တွေက အခုထိမရှင်းရသေးဘူးလေ”

လျူကျောက်တိသည် ငွေများကိုပြန်လုယူလိုက်သည်။

“ဒီငွေက ရှောင်လီရဲ့ပိုက်ဆံ ငါတို့မလိုချင်ဘူး”

ဝမ်ရှို့မေ ဒေါသပေါက်ကွဲတော့မည့်ဆဲဆဲတွင် ရှဲ့လီကစကားဖြတ်ပြောလိုက်၏။

“ဒီငွေက ငါ့မိဘတွေအတွက်ပေးတာ၊ နင်နဲ့ ဘာဆိုင်လို့လဲ”

ဝမ်ရှို့မေ : “….”

“နင် ဘာကိုဆိုလိုတာလဲ၊ ငါက ဖန်မိသားစုဝင် မဟုတ်ဘူးလား၊ ငါက ဖန်လင်းနဲ့ လက်ထပ်ထားတာ နှစ်နှစ်ခွဲတောင်ရှိနေပြီ၊ နောင်ကျရင် သူ့ကလေးတွေကိုလည်း ငါမွေးပေးရဦးမှာ”

“နင် သူ့ကလေးမွေးပေးတာ ငါနဲ့ဘာဆိုင်လို့လဲ၊ ဖန်လင်းဆီမှာ သွားတောင်းလေ”

တံခါးဝရှိ ဖန်လင်းသည် ရှဲ့လီအား တိတ်တဆိတ်လက်မထောင်ပြလိုက်၏။ ဝမ်ရှို့မေ စိုးရိမ်လာသည်။

“ရှဲ့လီ နင် ဘာကိုဆိုလိုတာလဲ၊ အဲဒီလိုပြောတာက ငါ့ကို နင့်အစ်ကိုနဲ့ကွာရှင်းစေချင်လို့လား”

ရှဲ့လီ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

“ကွာရှင်းလိုက်လေ၊ ဘာပဲဖြစ်ဖြစ် ငါ့မှာ ပိုက်ဆံရှိတယ်၊ နင် ထွက်သွားရင် ငါ့အစ်ကိုအတွက် ပိုကောင်းတဲ့လူရှာပေးပြီး သူ့ကို ရွေးခိုင်းလိုက်မယ်”

“နင်”

ရှန်ဟိုင်းမြို့တွင် နှစ်အနည်းငယ် နေထိုင်ပြီးနောက် ရှဲ့လီ၏အတောင်ပံများ သန်မာလာမည်ဟု ဝမ်ရှို့မေမထင်မှတ်ထားခဲ့ပေ။ သူမသည် ယခင်ကကဲ့သို့ ပျော့ညံ့သူတစ်ဦးမဟုတ်တော့ချေ။

ယခုအချိန်သည် သူမနှင့် ရန်ဖြစ်ရန် အချိန်မဟုတ်ပေ။ ရှဲ့လီအား ငွေများထားခဲ့စေရန် နည်းလမ်းရှာရပေမည်။

“ကောင်းပြီလေ၊ ဒါဆိုရင် နင့်အစ်ကိုနဲ့ ငါ ကွာရှင်းမယ်၊ အကုန်လုံး နင့်အမှားတွေချည်းပဲ၊ နင့်ကို တစ်သက်လုံး အပြစ်ရှိသလို ခံစားရအောင် ငါလုပ်ပြမယ်”

ဝမ်ရှို့မေသည် ထိုစကားများကို ချန်ရစ်ကာ သန်းခေါင်ယံအချိန်တွင် သူမမိဘအိမ်သို့ ပြန်သွားတော့သည်။ ရှဲ့လီသည် တံခါးဝရှိ ဖန်လင်းအားကြည့်ကာ ပြောလိုက်၏။

“အစ်ကို ဇနီးပြောင်းချင်လား၊ အစ်ကို့ဇနီးက လူကောင်းမဟုတ်ဘူးလို့ထင်တယ်”

၀မ်ရှို့မေသည် ကိုယ်ကျင့်တရားချို့တဲ့နေသူဖြစ်သည်။ ထို့ကြောင့် သူမမည်သည့် အပြစ်ရှိစိတ်ကိုမျှမခံစားရပေ။

ဝမ်ရှို့မေသည် အကြံအစည်များဖြင့် ပြည့်နှက်နေပြီး ဖန်လင်းမှာမူ ရိုးသားသောသူတစ်ဦး ဖြစ်သည်။

ဖန်လင်း သက်ပြင်းချလိုက်ပြီး ဖန်တာဖုနှင့် လျူကျောက်တိတို့က ဝမ်ရှို့မေမှ ဖန်လင်းနှင့် မည်သို့လက်ထပ်ဖြစ်ခဲ့ကြောင်း ဇာတ်လမ်းကို စတင်ပြောပြကြသည်။

ထိုအချိန်က ဝမ်ရှို့မေသည် ဖန်လင်းအား ဆီးသီးဖျော်ရည်တစ်ခွက်တိုက်ခဲ့၏။ ထိုဖျော်ရည်ကိုသောက်ပြီးနောက် ဖန်လင်းသည် သတိလစ်သွားခဲ့ပြီး ပြန်လည်နိုးထလာချိန်တွင် သူသည် ဝမ်မိသားစု၏နွားတင်းကုပ်ထဲတွင် အဝတ်အစားများမပါဘဲ ဝမ်ရှို့မေအား ဖက်ထားလျက်သားရှိနေခဲ့သည်။

သူတို့ကို ဝမ်မိသားစုက လက်ပူးလက်ကြပ်ဖမ်းမိသွားသည်။ ဝမ်ရှို့မေက ငိုယိုကာ မြစ်ထဲခုန်ချမည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် ဖန်လင်းတွင် သူမအား လက်ထပ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

အိမ်ထောင်သက်နှစ်နှစ်ခွဲအတွင်း သူမသည် သူ့အားထိခွင့်မပေးခဲ့ပေ။ သူတို့သည် အိပ်ရာ၏တစ်ဖက်တစ်ချက်စီတွင်သာ အိပ်ခဲ့ကြရသည်။

သာမန်နေ့များတွင် သူမသည် အနည်းငယ် မကျေနပ်သည်နှင့် ဒေါသထွက်လေ့ရှိသည်။ အမျိုးသားတစ်ဦးအနေဖြင့် ဖန်လင်းသည် သူမအား မတရားလုပ်မိသည်ဟုခံစားရပြီး သူမအား ချော့မော့နေရုံသာတတ်နိုင်ခဲ့၏။

ရှဲ့လီ တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ အိမ်ထောင်ကျပြီးနောက် သူအားထိခွင့်မပေးခဲ့ခြင်း၊ ထို့အပြင် ဝမ်ရှို့မေသည် မူရင်းပိုင်ရှင်အား ရှဲ့မိသားစုမှ ရှန်ဟိုင်းမြို့သို့ပြန်လည်ခေါ်ဆောင်သွားပြီး မကြာမီမှာပင် ဖန်မိသားစုထဲသို့ဝင်ရောက်ရန် လှည့်ကွက်များကို အသုံးပြုခဲ့ခြင်းတို့မှာ ထူးဆန်းလှပေသည်။

All Chapters