← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

Ch-146

ရှဲ့လီသည် လျင်မြန်ဖြတ်လတ်စွာဖြင့် ဖန်လင်းဒူးအား တည့်တည့်ကန်ချလိုက်ရာ သူသည် ယိမ်းယိုင်သွားပြီး မြေကြီးပေါ်သို့ လဲကျသွားတော့သည်။ သူမသည် အသံကိုနှိမ့်၍ပြောလိုက်၏။

“အစ်ကို ပြန်မချနဲ့နော်၊ မြန်မြန် မြေကြီးပေါ်လှဲပြီး သေချင်ယောင်ဆောင်နေလိုက်”

ထိုသို့ပြောပြီးနောက် သူမသည် နောက်ထပ်အော်ဟစ်လိုက်ပြီး စတင်ငိုယိုလေတော့သည်။

“တရားမျှတမှုဆိုတာ မရှိတော့ဘူးလား၊ ဝမ်မိသားစုကလူတွေကို ရိုက်နေတယ်၊ သူတို့ကငါ့ကိုရိုက်ပြီး အခု ငါ့အစ်ကိုကိုပါ ရိုက်နေကြပြီ၊ ဝမ်ရှို့မေက ငါ့မိဘတွေနဲ့ လူကြီးတွေကို ငါကန်တော့ဖို့ ယူလာတဲ့ငွေတွေကိုတောင် ခိုးဖို့ ကြိုးစားသေးတယ်”

ဖန်လင်းသည် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီးနောက် ရှဲ့လီအား အတုခိုးကာ ဘုတ်ခနဲလဲကျသွားပြီး သူ့ခေါင်းသူအုပ်လျက် အော်ဟစ်လေတော့သည်။

“အိုး ဘုရားရေ ငါ့ခေါင်းတွေ နာလိုက်တာ၊ ငါ့တင်ပါးတွေ နာလိုက်တာ၊ ငါ့တံတောင်ဆစ်တွေ နာလိုက်တာ”

ဝမ်ရှို့မေ၊ ယွီတာဖုန်း : “….”

ရွာသားများသည် ဝမ်ရှို့မေနှင့်ယွီတဖုန်းတို့အား လက်ညှိုးထိုးကာပြောဆိုကြ၏။

“အဲဒီတုန်းက ရှောင်လီဇီအခေါ်ခံရပြီးတာနဲ့ ချက်ချင်းပဲ ဝမ်ရှို့မေက စားကြွင်းစားကျန်တွေကို လိုက်ရှာနေတဲ့ ဝက်တစ်ကောင်လို ဖန်လင်းဆီမှာ ဆက်တိုက်ကပ်နေခဲ့တာ‌လေ”

“ဟုတ်တယ်၊ ဖန်လင်းက သူ့ကိုစိတ်မဝင်စားခဲ့ဘူး၊ ဒါပေမယ့် သူကလအနည်းငယ်လောက် အချည်းနှီး ကြိုးစားပြီးတဲ့နောက်တော့ ဘယ်လိုဖြစ်သွားမှန်းမသိဘူး၊ သူတို့နှစ်ယောက် အတူတူအိပ်ဖြစ်သွားကြတာပဲ”

“အဲဒီလိုဆိုရင်တော့ ဒီကလေးမက သူတို့ရဲ့ငွေတွေကို လိုချင်နေတာ ရှင်းနေတာပဲ”

“ဒီမိန်းမက လူကောင်းမဟုတ်ဘူး”

ထိုအချိန်က ရှဲ့လီသည် သူမမိဘအရင်းများမှ ခေါ်ဆောင်သွားခြင်းခံရပြီး ရှဲ့စီလင်းသည်လည်း ပြန်မလာလိုတော့ကြောင်း တစ်ရွာလုံးတွင် ကောလာဟလများ ပြန့်နှံ့နေခဲ့သည်။

ထို့ကြောင့် ဖန်မိသားစု၏ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီးဖြစ်သွားခဲ့သော်လည်း ထိုဘက်မှ ဖန်မိသားစုအား ငွေကြေးအမြောက်အမြား သေချာပေါက်ပေးလိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြ၏။

ထိုစဉ်က ဖန်လင်းတွင်ချစ်သူမရှိသေးဘဲ အနီးအနားရှိ ရွာများအားလုံးမှ မိန်းကလေးများသည် ဖန်မိသားစု ချမ်းသာသွားပြီဟု ယုံကြည်ကာ လက်ထပ်လိုက်ပါက သက်တောင့်သက်သာရှိသောဘဝကို ခံစားရမည်ဟု တွေးပြီး သူ့အားလက်ထပ်ချင်နေခဲ့ကြသည်။

ဝမ်ရှို့မေသည် ဤအခွင့်အရေးအား မတော်တဆရရှိသွားလိမ့်မည်ဟု မည်သူထင်မှတ်ထားမည်နည်း။ ရှဲ့လီသည် မြေကြီးပေါ်တွင် လှဲလျောင်းနေရင်း ရွာအဝင်ဝရှိ သတင်းထောက်အဖွဲ့မှအဒေါ်ကြီးများ၏ အတင်းအဖျင်းစကားများကိုနားထောင်ကာ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။

‘ဟီးဟီး'

ဝမ်ရှို့မေသည် လူကောင်းတစ်ယောက် မဟုတ်ဘဲ ဖန်လင်းနှင့် သူမပတ်သက်မှုမှာလည်း ကြာရှည်ခံမည်မဟုတ်ပေ။

အကယ်၍ သူမသာ ယခုကိစ္စအားဖြေရှင်းမသွားပါက လျောင်းနင်ပြည်နယ်သို့ပြန်သွားပြီးနောက်တွင် ဝမ်ရှို့မေသည် ဖန်လင်းအား ဆက်လက် ခြယ်လှယ်နေမည်မှာ အသေအချာပင်။

ထို့အပြင် ဖန်တာဖုနှင့် လျူကျောက်တိတို့သည်လည်း စိတ်ဖိစီးမှုများခံစားရမည်ဖြစ်ပြီး ဝမ်မိသားစုသည်လည်း ထိုယွမ်သုံးသောင်းအား သေချာပေါက် မက်မောနေကြမည်ဖြစ်သည်။

ထို့ကြောင့် သူမကလူဆိုးအဖြစ်ခံကာ အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး သူတို့အကြံများကို ဖျက်ဆီးလိုက်ခြင်းက ပို၍ကောင်းမွန်ပေသည်။

ယခုအခါ ဝမ်ရှို့မေသည် ငွေများကို မျက်စိကျနေကြောင်း ရွာထဲရှိလူတိုင်း သိသွားကြပြီဖြစ်၏။ အကယ်၍ သူမသာ ဖန်မိသားစုတွင် ပြဿနာရှာရန် ကြိုးစားပါက သူမမည်သည့်အရာကို လိုချင်နေကြောင်း လူတိုင်းသိသွားကြမည်ဖြစ်သည်။

ကျေးလက်နေပြည်သူများသည် အတင်းအဖျင်း ပြောဆိုခံရခြင်းကို အကြောက်ဆုံးဖြစ်ကြသည်။ အခြေအနေမှာ သူတို့ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်လာနေကြောင်း မြင်လိုက်ရသောအခါ ယွီတဖုန်းသည် ရှေ့သို့အမြန်တိုးလာပြီး ရှဲ့လီအားထူပေးလိုက်၏။

“အိုး ငါ့တူမလေးရယ်၊ သမီး ဘာတွေပြောနေတာလဲ၊ သမီးယောင်းမက အဲဒီလိုသဘောမျိုးမဟုတ်ပါဘူး၊ သူ လုံးဝ အဲဒီလိုမဟုတ်ရပါဘူး”

ရှဲ့လီသည် နောက်လှန်ချကာပြောလိုက်သည်။

“သူ မနေ့ညကပြောခဲ့တာပဲ၊ သူက သူ့အစ်ကိုရဲ့တင်တောင်းငွေအတွက် သေချာသွားပြီလို့ ပြောခဲ့တာ၊ သူ ငါ့မိဘတွေအတွက် ယူလာတဲ့ငွေကို လိုချင်နေတာ သေချာတယ်”

ယွီတဖုန်းသည် စိတ်တင်းထားလိုက်ပြီး နောက်လှည့်ကာ ဝမ်ရှို့မေအားပါးဖြတ်ရိုက်လိုက်သည်။

“နင် အသုံးမကျတဲ့ကောင်မ၊ ဒါက ရှောင်လီ သူ့မိဘတွေအတွက်ယူလာတဲ့ ငွေလေ၊ နင်နဲ့ ဘာဆိုင်လို့လဲ၊ ငွေမက်တဲ့ကောင်မ ငါတို့မိသားစုက နင့်အစ်ကိုအတွက် မိန်းမရှာမပေးနိုင်လို့လား”

ဝမ်ရှို့မေသည် မျက်နှာအုပ်ထားကာ သူမမျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။

“သမီးတို့သာတတ်နိုင်ရင် သမီးကဘာလို့ စိတ်ပူနေရမှာလဲ၊ အမေ မနေ့ညက သမီးအိမ်ပြန်လာပြီး အစ်ကို့အတွက် တင်တောင်းငွေ သေချာသွားပြီ၊ အဖေနဲ့ အမေရဲ့အငြိမ်းစားယူမယ့်ငွေ သေချာသွားပြီလို့ပြောတုန်းက ဝမ်းသာလွန်းလို့ အိပ်ရာပေါ်ကနေ ပြုတ်ကျပြီး အီးထွက်သွားတာ ဘယ်သူလဲ”

ယွီတဖုန်းသည် ဝမ်ရှို့မေအားအမြန် မျက်ရိပ်ပြလိုက်ပြီး အနားလျှောက်သွားကာ အသံနှိမ့်လိုက်သည်။

“ငါတို့ အခု ရှဲ့လီနဲ့ ဒီမှာငြင်းခုံနေလို့မရဘူး၊ သူက ခဏကြာရင်ထွက်သွားတော့မှာ၊ ငါတို့က ဒီမှာတစ်သက်လုံးနေသွားရမှာလေ၊ ငါတို့နာမည်ပျက်သွားရင် ဘယ်လိုလုပ် ဆက်ရပ်တည်မလဲ၊ နင် အဲဒီငွေကို လိုချင်သေးတယ်မဟုတ်လား”

ထိုသို့ပြောရင်း သူမသည် ဝမ်ရှို့မေလက်မောင်းကို အားပါပါလိမ်ဆွဲလိုက်၏။

“နင် တုံးအလိုက်တဲ့ ကလေးမ၊ ဘာလို့ နားမလည်ရတာလဲ၊ ငါက မဟာဗျူဟာကျကျ အစီအစဉ်ဆွဲနေတာ၊ စစ်သူကြီးကိုကယ်တင်ဖို့ ရထားကိုစတေးလိုက်တာလေ၊ ဒါက ဆွန်းဇုရဲ့စစ်သေနင်္ဂဗျူဟာပဲ နင် နားလည်လား”

ဝမ်ရှို့မေသည် လိုက်လျောရန်ငြင်းဆန်လိုက်၏။

“သမီး နားမလည်ဘူး၊ ဆွန်းဇုရဲ့စစ်သေနင်္ဂဗျူဟာ ဟုတ်လား၊ သမီးထင်တာတော့ အမေ့မှာ ဘာဗျူဟာမှမကျန်တော့ဘဲ မြေးတွေပဲကျန်တော့တာနေမယ်၊ သမီးအစ်ကိုက စစ်သူကြီးဖြစ်ပြီး သမီး ရထားလား၊ ‌အမေက သမီးအစ်ကိုကိုကာကွယ်ဖို့ သမီးကိုစတေးလိုက်တာ မဟုတ်လား၊ သမီး ဖန်မိသားစုထဲကို ဘယ်သူ့အတွက်ဝင်ပြီး လက်ထပ်ခဲ့တာလဲ၊ ကိုယ့်အတွက်ကိုယ်လား၊ ဖန်လင်းက လူအ ငတုံးကြီးပဲ၊ နေ့တိုင်း သမီးကိုအေးစက်စက်နဲ့ လေးစားမှုပြနေတာ၊ ဖန်မိသားစုက အရမ်းဆင်းရဲလွန်းလို့ ကြွက်တွေတောင်ငိုပြီး ထွက်ပြေးသွားလိမ့်မယ်၊ သူတို့အိမ်မှာ သမီးရဲ့လူငယ်ဘဝ နှစ်နှစ်ကျော်ကို အချိန်ဖြုန်းခဲ့တာ ဘာအတွက်လဲ၊ အမေက သမီးအစ်ကိုကိုကယ်ဖို့ သမီးကို စတေးပစ်ဖို့လား”

ဝမ်ရှို့မေသည် အရှုံးကိုလက်မခံလိုဘဲ အရာအားလုံးကို လျစ်လျူရှုကာ အမှန်တရားများကို ဗြုန်းခနဲဖွင့်ဟပြောဆိုလိုက်တော့သည်။ လူများ နားမလည်စရာ မည်သည့်အရာများကျန်ရှိနေဦးမည်နည်း။

ဝမ်မိသားစုသည် တကယ်ပင်ယုတ်မာလှသည်။ မည်သို့ပင်ဖြစ်စေ ဖန်မိသားစုနှင့် သူတို့သည် တစ်ရွာတည်းသားများ ဖြစ်ကြ၏။ အဘယ်ကြောင့် သူတို့အိမ်နီးချင်းများကို ဖျက်ဆီးရန်ပစ်မှတ်ထားရသနည်း။

ယွီတဖုန်း မျက်စိရှေ့တွင် အမှောင်ကျသွားသည်။ သူမသည် ဝမ်ရှို့မေအား သေသည်အထိ ရိုက်နှက်ပစ်ချင်စိတ် ပေါ်လာသည်။

သူမသည် သူမသမီးကို အိမ်သို့သာဆွဲခေါ်သွားနိုင်တော့သော်လည်း ခြိမ်းခြောက်စကားတစ်ခွန်း ချန်ထားရစ်ရန်တော့ မမေ့လျော့ခဲ့ပေ။

“ငါ့သမီးက သူတို့ငွေတွေကိုလိုချင်တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ ဖန်လင်း ငါ နင့်ကို ပြောလိုက်မယ်၊ ဒီကိစ္စပြီးသွားပြီလို့ မထင်နဲ့၊ ငါ့သမီးက နင့်ကို သေချာပေါက်ကွာရှင်းမှာ၊ သူ နင်နဲ့ လက်ထပ်ထားတာ နှစ်နှစ်ကျော်နေပြီ၊ ရက်တွေကိုတွက်ကြည့်လိုက်၊ နင် ကိုယ့်အကြောင်းကိုယ်သိရင် ငွေတွေကိုမြန်မြန်ပို့လိုက်၊ အဲဒီလိုမှ မဟုတ်ရင် မနက်ဖြန် ငါတော်လှန်ရေးကော်မတီကို သွားပြီး နင့်ညီမက အနံ့ဆိုးထွက်နေတဲ့ အရင်းရှင်တစ်ယောက်ပါလို့ သွားတိုင်မယ်”

သူတို့သည် မျက်နှာဖုံးကို ခွာချနေပြီဖြစ်ရာ အပြီးတိုင် ခွာချပစ်လိုက်ခြင်းက ပို၍ကောင်းမွန်ပေသည်။

ထိုစဉ်က သူမသည် လူလာကြိုရာတွင် ကားဖြင့်ရောက်လာခဲ့ပါက အရင်းရှင်မှလွဲ၍ အခြားမည်သည့်အရာဖြစ်နိုင်ဦးမည်နည်း။

ယခုအချိန်တွင် လှုပ်ရှားမှုများပြင်းထန်နေသည်။ ရှဲ့လီသည် ခိုလှုံရန်အတွက် ကျေးလက်ဒေသသို့ ပြေးလာခဲ့ခြင်းဖြစ်နိုင်သည်။

အကယ်၍ သူတို့သည် ယခုအချိန်တွင် ငွေကြေးအမြောက်အမြားကို ခြိမ်းခြောက်တောင်းယူပါက သူမ သေချာပေါက် ပေးရမည်သာ။

ယွီတဖုန်းသည် ဝမ်ရှို့မေအား အိမ်သို့ ဆွဲခေါ်သွားသည်။ ကွာရှင်းမှုသည် သေချာသွားပြီဖြစ်ပြီး ငွေကြေးသည်လည်း သေချာပေါက်ရရှိမည်ဖြစ်သည်။

ဖန်မိသားစုဝင်များ အားလုံးသည် ရိုးသားသူများဖြစ်ကြပြီး ရှဲ့လီမှာလည်း အလွယ်တကူ ခြယ်လှယ်နိုင်သူဖြစ်၏။ သူမသည် စကားပြောဆိုရာတွင် ထက်မြက်သည်ဆိုလျှင်ပင် သူမထံတွင် ကြီးမားသော အစီအစဉ်များရှိနေနိုင်မည် မဟုတ်ပေ။

ယွီတဖုန်း၏တွက်ချက်မှုများသည် ရှဲ့လီမျက်နှာပေါ်သို့ပင် ရောက်ရှိလုနီးပါး ဖြစ်နေသည်။ ရှဲ့လီသည် ပါးစပ်ဟကာ ငိုယိုလေတော့သည်။

“ဝါး ငါ အရမ်းကြောက်တာပဲ”

သူမသည် ဖန်လင်းကိုဆွဲကာ အိမ်သို့အပြေးပြန်လာခဲ့သော်လည်း သူမစိတ်ထဲတွင်မူ အစီအစဉ်တစ်ခုရှိနေပြီဖြစ်သည်။

ယွီတဖုန်းမှာမူ ရှဲ့လီကြောက်ရွံ့သွားပြီဟုယုံကြည်ကာ ကျေနပ်နေ၏။ သူမသည် ဝမ်ရှို့မေအား အမြန်နှစ်သိမ့်ပေးပြီး အကယ်၍ ရှဲ့လီကငွေများပေးလာပါက ဝမ်ရှို့မေ၏ချစ်သူဟောင်းဖြစ်သော ၀မ်ကျီးယုံနှင့် ခမ်းနားစွာ လက်ထပ်နိုင်ရန်အတွက် တစ်ဝက်ကို လက်ဖွဲ့ငွေအဖြစ်ပေးမည်ဟု ကတိပေးကာ အချိန်အတော်ကြာ ချော့မော့နေခဲ့သည်။

ဝမ်ရှို့မေတွင် တစ်ရွာတည်းသားဖြစ်သော ၀မ်ကျီးယုံအမည်ရှိ ချစ်သူတစ်ဦးရှိသည်။ ထိုစဉ်က သူမသည် ငွေကြေးအတွက် ဖန်လင်းအား တမင်တကာမြူဆွယ်ခဲ့ပြီး ငွေများကို အမြန်ရယူကာ သူ့အားကွာရှင်းရန် ရည်ရွယ်ခဲ့သော်လည်း ဤစောင့်ဆိုင်းရမှုသည် နှစ်နှစ်ကျော်ကြာမြင့်သွားမည်ကို မည်သူသိမည်နည်း။

ဤနှစ်နှစ်တာကာလအတွင်း သူမသည် ၀မ်ကျီးယုံနှင့် တိတ်တဆိတ်ဆက်သွယ်ခဲ့ပြီး ထိုနှစ်ဦးသည် ဝမ်ရှို့မေ၏မိဘအိမ်တွင်ပင် တရားမဝင်ဖောက်ပြန်မှုများရှိခဲ့ကြ၏။

ဝမ်မိသားစုဝင်များသည် ဝမ်ရှို့မေငွေရနိုင်မည်ဟုတွေးကာ မသိဟန်ဆောင်ပေးခဲ့ကြသည်။ ဝမ်ရှို့မေသည် မျက်ရည်များကိုသုတ်ကာ အဝတ်အစားကောင်းကောင်းများ လဲလှယ်ဝတ်ဆင်ပြီး အပြင်ဘက်ရှိ လူအုပ်ကြီးကွဲသွားသည်နှင့်တပြိုင်နက် ၀မ်ကျီးယုံအားရှာဖွေရန် ပြေးထွက်သွားတော့သည်။

“အစ်ကိုကျီးယုံး၊ ညီမ ဖန်လင်းနဲ့ မကြာခင် ကွာရှင်းနိုင်တော့မယ်၊ အမေက ပြောတယ်၊ ရှဲ့လီငွေပေးတာနဲ့ ညီမက ဖန်လင်းနဲ့ အရင်ကွာရှင်းမယ်၊ ပြီးရင် ညီမတို့ ရှဲ့လီကိုတော်လှန်ရေးကော်မတီဆီ သွားတိုင်ကြမယ်၊ အဲဒီအခါကျရင် ညီမ အစ်ကိုကျီးယုံးနဲ့ ခမ်းခမ်းနားနား လက်ထပ်လို့ရပြီ”

ရွာအရှေ့ဘက်ရှိ လူသူကင်းမဲ့သော တောအုပ်ငယ်တစ်ခုထဲတွင် ဝမ်ရှို့မေနှင့် ၀မ်ကျီးယုံတို့သည် လွင်ပြင်၌ချစ်တင်းနှီးနှောနေကြစဉ် သူမအစီအစဉ်များကို ဆွေးနွေးနေကြ၏။

၀မ်ကျီးယုံသည် သူ့မျက်လုံးများကို လှန်ကာ မေးလိုက်သည်။

“ရှောင်မေ အဲဒီငွေက မင်းဆီ ရောက်လာမှာလား ဒါမှမဟုတ် မင်းအမေက အကုန်လုံးသိမ်းထားမှာလား”

ဝမ်ရှို့မေသည် နှုတ်ခမ်းဆူကာ ဆိုးနွဲ့သောလေသံဖြင့် ပြောလိုက်၏။

“အမေက ညီမကို တစ်ဝက်ပေးမှာပါ”

၀မ်ကျီးယုံသည် စိတ်သက်သာရာရသွားပြီး ပို၍ပင်ကြိုးစားအားထုတ်လေတော့သည်။

တောအုပ်အနီးရှိ မြက်ပင်များဖုံးလွှမ်းနေသော မြောင်းတစ်ခုထဲတွင် ရှဲ့လီသည် ဖန်လင်းကိုဆွဲကာ အပြာကား တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေကြ၏။

ရှဲ့လီသည် အမူအရာကင်းမဲ့ပြီး တည်ငြိမ်နေသော ဖန်လင်းအားကြည့်လိုက်သည်။

“အစ်ကို အစ်ကို့ခေါင်းပေါ်က စိမ်းစိုစို တောအုပ်က ဒီနေရာကတောအုပ်ထက်တောင် ပိုကြီးနေပြီ”

All Chapters