← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

Ch-150

ယနေ့အတွက် ရွာထိပ်သတင်းဖြန့်ချိရေးအဖွဲ့၏ ပူပူနွေးနွေးဆွေးနွေးစရာခေါင်းစဉ်မှာ ‘စအိုဝ ပေါက်ကွဲစုတ်ပြတ်သွားပြီးနောက် ဝမ်းသွားလျှင် ဝမ်းအဖတ်များ ပိုကြီးလာနိုင်သလား’ ဟူသောအချက်ပင်။

ယနေ့၏နာမည်အကြီးဆုံး သူရဲကောင်းမှာကား ‘ဂြိုဟ်သားစအိုပိုင်ရှင်ကြီး ဝမ်ကျန့်ကော်’ ဖြစ်သည်။

သူ ကျေးရွာထုတ်လုပ်ရေးတပ်ခွဲရုံး၏ အဝင်ဝတွင် ဒူးထောက်နေခြင်းကြောင့် ရွာထိပ်သတင်းဖြန့်ချိရေးအဖွဲ့မှ အဒေါ်ကြီးများအားလုံး လာရောက်ကြည့်ရှုကြသလို လယ်ထဲမှအလုပ်ဆင်းလာသော ရွာသူရွာသားများကလည်း စပ်စုရန် ရောက်လာကြလေသည်။

ယနေ့တွင်တော့ သူသည် ပရိသတ်ကို ကိုယ်တိုင်ဆွဲခေါ်လာနိုင်ခဲ့ပေပြီ။

သူသည် ရွာ၏ယနေ့အတွက် နာမည်အကြီးဆုံးဆယ်လီ၊ အတိုချုံးပြောရလျှင် ‘ရွာဆယ်လီ’ ဖြစ်လာခဲ့လေသည်။

အဒေါ်ကြီးတစ်ဦးက စပ်စုလိုက်သည်။

“ကျန့်ကော်၊ နင့်စအိုက သက်သာသွားပြီလား၊ အခု နင့်စအိုမှာ အရေးအကြောင်း ဆယ့်ရှစ်ကြောင်းလောက်တောင်ရှိနေပြီလို့ ငါကြားတယ်နော်”

အခြားတစ်ဦးကလည်း ဝင်မေးလေ၏။

“အခု ဝမ်းသွားရင် အဖတ်ကြီးတွေချည်းထွက်လာတာလား”

နောက်တစ်ဦးကလည်း ဆက်လက်မေးခွန်းထုတ်သည်။

“နင် ဝမ်းမအောင့်နိုင်တော့ဘူးမဟုတ်လား”

လူအုပ်ကြီးမှာ သူမည်သည့်အရာအား တိုင်တန်းချင်နေသည်ကို လုံးဝနားမထောင်ကြဘဲ သူ့စအိုအကြောင်းကိုသာ ဝိုင်းဝန်းလေ့လာစပ်စုနေကြလေသည်။

ဝမ်ကျန့်ကော်သည် တောကြွက်ကြီးတစ်ကောင်ကဲ့သို့ စူးစူးဝါးဝါးအော်ဟစ်လိုက်လေ၏။

“အား”

ထိုအခါမှသာ လူအုပ်ကြီးမှာ တိတ်ဆိတ်သွားကြလေတော့သည်။

သူက လက်နှစ်ဖက်ကိုမြှောက်ကာ ဆက်လက်အော်ဟစ်တိုင်တန်းလေသည်။

“ကျုပ် တိုင်တန်းချင်ပါတယ်၊ ရှဲ့လီက သောက်သုံးမကျတဲ့ အရင်းရှင်သခင်မလေးပါ၊ ကျုပ် တိုင်မယ်၊ ရှဲ့လီက အရင်းရှင်သခင်မလေးပါဗျာ”

ထိုအခါမှသာ ရှဲ့လီအား အရင်းရှင်သခင်မလေးအဖြစ် တိုင်တန်းချင်နေသည်ကို လူအများ ရှင်းရှင်းလင်းလင်း သိသွားကြလေသည်။

အဒေါ်ကြီးများက သူတို့ပေါင်သူတို့ ရိုက်လိုက်ကြ၏။

“အမလေး”

သူတို့က စိတ်လှုပ်ရှားစွာရေရွတ်လိုက်သည်။

“နောက်ထပ် သတင်းထူးကြီးတစ်ခုပဲဟေ့”

တပ်ခွဲမှူးကြီး အပြင်သို့ထွက်လာလေသည်။ သူက ဝမ်ကျန့်ကော်ကိုထူမပေးပြီး အထဲဝင်ကာ စကားပြောရန် ခေါ်သော်လည်း ဝမ်ကျန့်ကော်ကငြင်းဆန်လေ၏။

သူက အပြင်ဘက်မှာသာ ပြောချင်နေသည်။

ရှဲ့လီသည် အရင်းရှင်သခင်မလေးဖြစ်ကြောင်း ရွာထဲရှိလူတိုင်းကို သူ သိစေချင်သည်။ ရှဲ့လီကို သေသည်အထိ သူ တိုက်ခိုက်ချင်နေ၏။

သူက အသံကျယ်ကျယ်ဖြင့်ကြေညာလိုက်သည်။

“တပ်ခွဲမှူးကြီး၊ ရှဲ့လီက ရှန်ဟိုင်းမြို့ကနေ ခိုလှုံဖို့ထွက်ပြေးလာတာ၊ ဖန်မိသားစုကလည်း ဒီကိစ္စမှာပါဝင်ပတ်သက်နေတယ်၊ ရှဲ့လီနဲ့ ဖန်မိသားစုကို တော်လှန်ရေးကော်မတီကနေ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်”

ဝမ်ကျန့်ကော် သူ့စအိုသူဖိကိုင်ထားလေသည်။ ပေါက်ကွဲသွားသော သူ့စအိုအတွက် ကလဲ့စားချေရမည်သာ။

ဖန်တာဖူသည် အမောတကော ပြေးလာရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ချီးပဲ အဓိပ္ပါယ်မရှိတာတွေလာပြောမနေနဲ့”

သူ့နောက်တွင် လျုကျောက်တိနှင့် ဖန်လင်းတို့က ကပ်ပါလာလေသည်။

ဝမ်ကျန့်ကော်သည် တပ်ခွဲရုံးပေါက်ဝတွင် ဒူးထောက်ကာ ရှောင်လီကို အရင်းရှင်သခင်မလေးအဖြစ် တိုင်တန်းနေသည်ဟု တစ်စုံတစ်ယောက်က ပြောသံကို ကြားလိုက်ရခြင်းဖြစ်သည်။

ရယ်စရာကောင်းလိုက်လေခြင်း။ သူ့သမီးသည် စစ်သည်ဇနီးသည်တစ်ဦးဖြစ်ပေသည်။

ဝမ်ကျန့်ကော်က ပြန်လည်အော်ဟစ်လိုက်၏။

“ကျုပ်က ဘယ်လိုလုပ်အဓိပ္ပါယ်မရှိတာ ပြောရမှာလဲ၊ သူမက သောက်သုံးမကျတဲ့ အရင်းရှင်သခင်မလေးပဲ၊ အဲဒီမိသားစု သူမကိုလာခေါ်တုန်းက ကားကြီးနဲ့ လာခေါ်တာလေ၊ ဒီတစ်ခေါက် သူမ ပြန်လာတော့ ခင်ဗျားတို့မိသားစုအတွက် ပစ္စည်းတွေအများကြီးသယ်လာတာ မဟုတ်လား”

ဝမ်ကျန့်ကော်မှာ အလွန်ယုံကြည်ချက်ရှိနေလေသည်။ သူ့ကို အခက်တွေ့အောင် လုပ်မည်ဆိုလျှင် မည်သူ့ကိုမျှ သက်သာရာရခွင့်ပေးမည်မဟုတ်ပေ။

ဖန်တာဖူက ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်လေသည်။ လူအုပ်ကြီးမှာ နားမလည်နိုင်ဖြစ်သွားကြ၏။

“ဘာတွေလဲ”

‘အဘိုးကြီးဖန်၊ အခုအချိန်က ဘယ်အချိန်ရောက်နေပြီလဲ၊ ဘာလို့အခုမှ ငြိမ်းချမ်းရေးသင်္ကေတ လာပြနေရတာလဲ'

ဖန်တာဖူ လက်ဆန့်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ကျန့်ကော်၏မျက်လုံးများကို ထိုးပစ်လိုက်သည်။

“မင်းကို လျှောက်မပြောရဲအောင် ငါသင်ပေးမယ်၊ မျက်လုံးကြီးပြူးပြီး လိမ်မပြောရဲအောင် ငါသင်ပေးမယ်”

ဝမ်ကျန့်ကော်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်ငိုယိုလေတော့သည်။

“အား အမလေး အား"

ပွဲကြည့်နေသော အဒေါ်ကြီးများမှာ အံ့သြတကြီး လေပူများမှုတ်ထုတ်လိုက်ကြ၏။

“ရှူး”

ထို့နောက် မှတ်ချက်ချလိုက်သည်။

“အခုတော့ ကောင်းသွားပြီ၊ အပေါ်မျက်လုံးရော အောက်မျက်လုံးပါကွဲသွားပြီပဲ”

ရွာသူကြီးက ကျယ်လောင်စွာ အော်ဟစ်တားမြစ်လိုက်သည်။

“ရပ်လိုက်စမ်း”

ဖန်တာဖူ လက်ရုပ်သိမ်းလိုက်လေ၏။

ထို့နောက် သူကတရားမျှတသည့်ဟန်ဖြင့် ပြတ်ပြတ်သားသားပြောလိုက်သည်။

“ငါ့ရဲ့ရှောင်လီက အရင်းရှင်သခင်မလေး မဟုတ်ဘူး၊ ငါ့ရဲ့ရှောင်လီက….”

သူက တမင်သက်သက်တစ်ခဏမျှ ရပ်တန့်လိုက်လေသည်။ လူတိုင်းက လည်ပင်းဆန့်ကာ နားစွင့်နေကြလေ၏။ ဖန်တာ့ဖူက ဟိန်းဟောက်လိုက်သည်။

“ငါ့ရဲ့ ရှောင်လီကစစ်သည်ဇနီးကွ”

လူအုပ်ကြီး ဆွံ့အသွားကြလေသည်။

“........”

'ဒီစကားကို ဘယ်သူကများ ယုံကြည်မှာလဲ'

မည်သူမျှ မယုံကြည်ကြပေ။

ဖန်လင်းက ရှေ့ထွက်လာပြီး လေးလေးနက်နက် အတည်ပြုလိုက်သည်။

“ဒါအမှန်ပဲ”

လျူကျောက်တိကလည်း ရှေ့ထွက်ကာ သက်သေခံလေ၏။

“ဒါတကယ်ပဲ၊ ငါ့သမီးက တပ်မှူးတစ်ယောက်နဲ့တောင် လက်ထပ်ထားတာ”

ဝမ်ကျန့်ကော်က ခေါင်းမော့ကာ လှောင်ပြောင်လိုက်သည်။

“မင်းတို့မိသားစုက ရှဲ့လီထွက်ပြေးဖို့ အချိန်ရအောင် တော်တော်ကိုကြိုးစားနေကြတာပဲ၊ တပ်မှူး ဟုတ်လား သူမက ချန်ကျွေ့နဲ့များ လက်ထပ်ထားတာလား”

ချန်ကျွေ့တစ်ယောက် အောင်မြင်ကြီးပွားပြီး တပ်မှူးဖြစ်လာသည်ကို ရွာထဲရှိလူတိုင်း သိထားကြလေသည်။

ဝမ်ကျန့်ကော်မှာ ဂုဏ်ယူဝင့်ကြွားနေလေ၏။ စောစောကတည်းက ရှဲ့လီ၏အရိပ်အယောင်ကိုပင် သူ မတွေ့ရပေ။

သူမသတင်းကြားပြီး ထွက်ပြေးသွားသည်မှာ သေချာလှသည်။

ထိုအချက်ကို တွေးမိသောအခါ ဝမ်ကျန့်ကော်က ရွာသူကြီးဘက်သို့ လှည့်ကာ တိုင်တန်းလိုက်သည်။

“ရှဲ့လီ ထွက်ပြေးသွားတာ သေချာတယ်၊ ဖန်မိသားစုကလူတွေက သူမ ထွက်ပြေးဖို့ အချိန်ရအောင် ဒီကို ရောက်လာကြတာပဲ၊ ဒါမှမဟုတ်ရင် စောစောကတည်းက သူမကိုဘာလို့မတွေ့ရတာလဲ”

ရွာသူကြီးက မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်လိုက်ပြီး မေးမြန်းလိုက်၏။

“ရှဲ့လီ ဘယ်မှာလဲ၊ သူမက တကယ်ပဲ စစ်သည်ဇနီးဆိုရင် ဒီကိုလာပြီး သက်သေပြခိုင်းလိုက်၊”

ယွီတာဖုန်းကလည်းပြေးလာပြီး ဝမ်ကျန့်ကော်ဘေးတွင်ရပ်ကာ ဝင်ရောက်အားဖြည့်လေသည်။

“မှန်တာပေါ့၊ သူမကို ခေါ်လိုက်လေ၊ သူမ ဒီမှာမရှိဘူးဆိုရင် ထွက်ပြေးသွားတာပဲ၊ သူမကို မြန်မြန်ဖမ်း၊ ဆိုင်းဘုတ်ဆွဲချိတ်ပြီး ရှုတ်ချပစ်ရမယ်”

ထိုသို့ပြောပြီးနောက် ယွီတာဖုန်းက သူမသွားကြီးများပေါ်သည်အထိ ဖြဲကာပြုံးဖြီးလိုက်လေသည်။

‘မမျှော်လင့်ထားဘူး မဟုတ်လား၊ ဖန်မိသားစု ကံဆိုးမယ့်အလှည့်က ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့'

လျူကျောက်တိက ရှေ့တစ်လှမ်းတိုးကာ ယွီတာဖုန်း၏သွားများကို လှမ်းဆွဲလိုက်ပြီး သူမနဖူးကိုထိုးကြိတ်ရင်း ဆဲဆိုလေ၏။

“နင့်ကိုမပျော်ရဲအောင် ငါသင်ပေးမယ်၊ ငါ့ရဲ့ရှောင်လီကို အသရေမဖျက်ရဲအောင် သင်ပေးမယ်၊ လျှောက်မပြောရဲအောင် ငါ သင်ပေးမယ်”

All Chapters