← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

Ch-156

အိပ်မောကျနေသော ရှဲ့လီသည် မသိစိတ်၏စေ့ဆော်မှုအရ သူ့ခန္ဓာကိုယ်အနှံ့ စမ်းသပ်ပွတ်သပ်နေမိလေသည်။

သူသည်လည်း သာမန်ယောက်ျားသားတစ်ဦးသာ ဖြစ်ပေသည်။ ထို့ကြောင့် ရှဲ့လီ နိုးထလာမည့်အချိန်အထိ သူအံကြိတ်ကာ မနည်းသည်းခံနေခဲ့ရရှာ၏။

တစ်ရက်နှင့်တစ်ညတိတိ ကားမောင်းလာခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ လျောင်းနင်ပြည်နယ်သို့ သူတို့ပြန်လည်ရောက်ရှိလာခဲ့ကြလေပြီ။

ရှဲ့လီကို လဝက်ခန့်မတွေ့ရသော မရီးများမှာ သူမကို အလွန်တရာလွမ်းဆွတ်နေကြလေသည်။ ဝမ်ရှို့လီက ရှေ့သို့ လှမ်းထွက်လာပြီး ရှဲ့လီလက်ကို ဆုပ်ကိုင်လိုက်၏။

“အိုး ဘုရားရေ ညီမလေး နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ၊ ညီမလေးမရှိတော့ အတင်းတုတ်ရတာ သိပ်အရသာမရှိဘူး”

ယန်ဝမ်ယန်ကလည်း ရှေ့သို့တိုးလာကာ ထောက်ခံလိုက်သည်။

“မှန်တာပေါ့၊ ငါ့ယောက်ျားပြောပုံအရဆိုရင် တပ်မှူးရှန်တစ်ယောက် ဒီရက်ပိုင်း စိတ်လွင့်နေတယ်ဆိုပဲ”

ဝမ်တာ့အာက သူမပေါင်သူရိုက်လိုက်၏။

“ရှောင်ရှဲ့ နင်မရှိတဲ့အချိန်တွေက ဘယ်လောက်တောင် ပျင်းစရာကောင်းသလဲဆိုတာ နင် သိမှာမဟုတ်ပါဘူး၊ ဒီ စစ်တပ်ဝင်းတစ်ခုလုံးမှာ ဝါသနာတူတဲ့ နင့်လိုမိန်းကလေးမျိုး ရှာတွေ့ဖို့ဆိုတာ ခဲယဉ်းတယ်”

သူမကစကားပြောနေရင်း ရှဲ့လီအနီးသို့ တိုးကပ်သွားကာ တီးတိုးမေးမြန်းလိုက်သည်။

“ဒါနဲ့ တပ်မှူးရှန်မှာ ဗိုက်ကြွက်သားအမြောင်းရှစ်မြောင်းရှိတယ်ဆိုတာ တကယ်ကြီးလား”

ရှဲ့လီက ယုံကြည်ချက်အပြည့်ဖြင့် အတည်ပြုလိုက်သည်။

“ဟုတ်တယ်၊ တကယ့်ကိုထင်းနေပြီး အရမ်းကြည့်ကောင်းတာ”

ရှဲ့လီတစ်ယောက် အပေါ်ထပ်သို့တက်ကာ အနားယူရန်ပင် အချိန်မရလိုက်ဘဲ မရီးများက သူမကိုဆွဲထားကာ အတင်းအဖျင်းစကားများ စတင်ပြောဆိုကြတော့၏။

“ယဲ့မိသားစုရဲ့အိမ်ကို ပြန်သိမ်းသွားပြီလေ”

ယဲ့ကျန့်ကျွင်းက အသက်စွန့်သွားခဲ့ရပြီး လျူရှို့အော်မှာ ဖော်ထုတ်ခံလိုက်ရကာ ယဲ့ရှုဟွာတစ်ယောက် ရူးသွပ်သွားခဲ့လေပြီ။

“အစ်မကျင်းလင်ပြောတာကြားတာတော့ တပ်ချုပ်မှူးတစ်ယောက် ဒီကို ပြောင်းလာမယ်တဲ့၊ ယဲ့မိသားစုရဲ့အိမ်က သူ့အတွက်ဖယ်ထားပေးရမှာတဲ့”

စစ်တပ်ဝင်းအတွင်းရှိ နေအိမ်များကို ရာထူးအလိုက် ခွဲဝေချထားပေးခြင်းဖြစ်သည်။ ယခုအခါ ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့သည် သီးသန့်ရေချိုးခန်းနှင့် မီးဖိုချောင်ပါဝင်သော အခန်းကျယ်ကြီးတစ်ခုတွင်နေထိုင်ကြပြီး ယဲ့ကျန့်ကျွင်း၏မိသားစုမှာမူ သီးသန့်အိမ်ကြီးတစ်လုံးတွင် နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

ဤကာလအတွင်း သူမသရုပ်မှန်ကို မပေါ်လွင်စေရန်အတွက် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက ရှဲ့လီကိုငြိမ်ငြိမ်လေးနေရန် ညွှန်ကြားထားသဖြင့် သူမဘဝမှာ အတော်လေးအေးချမ်းသာယာနေလေ၏။

ထို့အပြင် ချန်ကျွေ့တစ်ယောက် စစ်ဆင်ရေးတာဝန်ဖြင့် ထွက်ခွာသွားသဖြင့် သူမနှင့် ရှန်ဟွိုင်နျန်တို့၏သီးသန့်ကမ္ဘာလေးကို မည်သူကမျှ လာရောက်မနှောင့်ယှက်နိုင်တော့ပေ။

တစ်ညတွင် အရှက်အကြောက်ကင်းမဲ့နေသော ရှန်ဟွိုင်နျန်သည် စောင်တစ်ထည်ကိုပိုက်ကာ ရှဲ့လီအခန်းတံခါးကို လာခေါက်လေသည်။

သူက လေးနက်သောမျက်နှာထားဖြင့် ရှင်းပြလေ၏။

“ရှောင်လီ၊ မင်းက ပိုးကောင်တွေနဲ့ ကြွက်တွေကို ကြောက်တယ်မလား၊ အိမ်မှာ အဲဒီကောင်တွေသိပ်မရှိပေမယ့်လည်း မင်းရဲ့ခင်ပွန်းတစ်ယောက်အနေနဲ့ ကိုယ် မင်းကိုကာကွယ်ပေးသင့်တယ်လို့ ထင်တယ်၊ ဒါကြောင့် ကိုယ်တို့ ကုတင်တစ်လုံးတည်း အတူတူအိပ်ကြရအောင်”

ရှဲ့လီက ရှက်သွေးဖြာသွားပြီး ခေါင်းညိတ်သဘောတူလိုက်လေသည်။

သူမနှလုံးသားမှာ ရမ္မက်ဆန္ဒများဖြင့် ပြည့်နှက်နေသော်လည်း လက်တွေ့ကျူးလွန်ရန်မူ သတ္တိကြောင်နေလေသည်။ သို့သော်လည်း စမ်းသပ်ပွတ်သပ်ရဲသော သတ္တိကားရှိနေပေ၏။

အိပ်ရာမဝင်မီညတိုင်း သူမသည် သူ့ဗိုက်ကြွက်သားများကို ပွတ်သပ်လေ့ရှိပြီး ယခုအခါတွင်မူ ဗိုက်ကြွက်သားများသာမက ရင်အုပ်ကြွက်သားများကိုပါ ပွတ်သပ်လာကာ သူ့ခြေတံရှည်ကြီးများကိုပင် ငေးကြည့်လာသည့်အဆင့်သို့ တိုးတက်လာခဲ့လေပြီ။

ရှန်ဟွိုင်နျန်၏ခြေတံရှည်ကြီးများမှာ အလွန်ပင် ကြည့်ကောင်းလှသည်။

ဘောင်းဘီရှည်ဝတ်ထားချိန်တွင် ဖြောင့်တန်းရှည်လျားနေသော်လည်း ရှဲ့လီကမူ ဘောင်းဘီမပါသော အသွင်အပြင်ကို ပိုနှစ်သက်လေသည်။

သူ့ပေါင်တံကြွက်သားများမှာ အချိုးကျလှပပြီး ခြေတံများမှာလည်း ရှည်လျားကာ ခန္ဓာကိုယ်အချိုးအစားမှာ တကယ့်ကို ပြီးပြည့်စုံလှပေ၏။

သူမသည် ရမ္မက်ကြီးသောမိန်းမတစ်ဦးအလား ညစဉ်ညတိုင်း ရှန်ဟွိုင်နျန်၏ခြေတံရှည်ကြီးများကို ဦးစွာငေးမောကြည့်ရှုပြီးနောက် ရင်အုပ်နှင့် ဗိုက်ကြွက်သားများကို ပွတ်သပ်ပြီးကာမှ အိပ်ရာဝင်လေ့ရှိသည်။

တကယ့်ကို ကောင်းချီးမင်္ဂလာများနှင့် ပြည့်စုံသော ဘဝလေးပေ။

မကြာသေးမီက သူမမျက်နှာလေး ဝင်းလဲ့တောက်ပနေသော်လည်း ရှန်ဟွိုင်နျန်မှာမူ နံနက်စာပြင်ဆင်ရန်အတွက် နေ့စဉ်နေ့တိုင်း မျက်ကွင်းညိုကြီးများဖြင့် နိုးထလာရရှာသည်။

အိမ်နီးချင်းများက သူ့ကိုကာမအရူးဟု ထင်မှတ်ကာ လှောင်ပြောင်ရယ်မောကြသော်လည်း သူသာလျှင် အလွန်အမင်း ချုပ်တည်းထားရကြောင်းကို အသိဆုံးဖြစ်လေသည်။

သူ့ဇနီးလေးကြောင့် ရူးသွပ်မတတ်ဖြစ်နေရလေပြီ။

သူမသည် ကြည့်ရှုပြီးပွတ်သပ်ရုံသာ ပြုလုပ်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတတ်လေသည်။

တစ်နေ့တွင် ရှဲ့လီသည် ယောင်းမများနှင့်အတူရောနှောကာ အတင်းအဖျင်းများ ပြောဆိုနေစဉ် တပ်စုမှူးဝူ၏ဇနီးဖြစ်သူ ကျန်းကျင်းလင်ဖြတ်သွားလေသည်။ သူမက ရှဲ့လီကိုတစ်ချက်မျှအကဲခတ်ကြည့်လိုက်ပြီးနောက် ရှေ့သို့လှမ်းလာကာ မေးမြန်းလိုက်၏။

“ဒီရက်ပိုင်း ငါစိတ်ကျန်းမာရေးဆေးရုံမှာ စေတနာ့ဝန်ထမ်း သွားလုပ်နေတယ်၊ နောက်ရက်အနည်းငယ်အတွင်းမှာ ငါတို့စစ်တပ်ဝင်းက စစ်သားဇနီးတွေကို စုပြီး အတူတူသွားကြမလို့၊ အဲဒီနောက်တော့ တစ်လကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက်ပေါ့၊ နင်တို့ ဘယ်လိုသဘောရလဲ”

တပ်စုမှူး၏ဇနီးကိုယ်တိုင်က နှုတ်ဟလာသဖြင့် မည်သူကမျှမငြင်းဆန်ရဲကြပေ။ ထို့အပြင် စိတ်ကျန်းမာရေးဆေးရုံတွင် စေတနာ့ဝန်ထမ်းလုပ်ဆောင်ခြင်းသည် လူ့အသိုင်းအဝိုင်းကို အကျိုးပြုခြင်းတစ်ရပ်ဟု သတ်မှတ်ထားသဖြင့် မရီးများအားလုံးက သဘောတူညီခဲ့ကြသည်။

“နင်ရော ဘယ်လိုလဲ၊ ရှောင်ရှဲ့”

ကျန်းကျင်းလင်က ရှဲ့လီနာမည်ကို တမင်သက်သက် တပ်ခေါ်လိုက်သဖြင့် ရှဲ့လီကခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မလည်း ဘာမှကန့်ကွက်စရာမရှိပါဘူး”

ကျန်းကျင်းလင်က ခေါင်းညိတ်လိုက်ပြီးနောက် ဆက်လက်ပြောဆိုလေ၏။

“တပ်ချုပ်မှူးယဲ့က နိုင်ငံတော်အတွက် အသက်စွန့်သွားခဲ့တယ်၊ လျူရှို့အော်က ရွံရှာစရာကောင်းပေမယ့် ယဲ့ရှုဟွာလေးကတော့ အပြစ်ကင်းပါတယ်၊ ဒီကလေးမလေးကြီးပြင်းလာတာကို ငါ မျက်မြင်ကိုယ်တွေ့ပဲ၊ သူမဗီဇက မဆိုးပါဘူး၊ ဒါပေမယ့် အခုတော့ စိတ်ဒဏ်ရာရပြီး ရူးသွပ်သွားရှာပြီ၊ စစ်တပ်ဝင်းတစ်ခုတည်းက လူတွေဖြစ်တဲ့အတွက် အချိန်ရရင် သူမဆီကိုသွားလည်ကြဖို့ ငါမျှော်လင့်ပါတယ်”

ထိုသို့ပြောပြီးနောက် သူမက ရှဲ့လီကို ထပ်မံကြည့်ရှုလိုက်၏။

“နင် ဘယ်လိုထင်လဲ ရှောင်ရှဲ့”

All Chapters