← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

Ch-157

ရှဲ့လီက နှုတ်ခမ်းစူကာငိုယိုလိုက်သည်။

“ဝါး အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ၊ ကျွန်မ ထင်တာကတော့ လုံးဝကို ကောင်းမွန်တဲ့အစီအစဉ်ပါပဲ၊ အစ်မကျင်းလင်က တကယ့်ကိုတရားမျှတပြီး နားလည်မှုရှိတဲ့သူပါ၊ ကျွန်မတို့ မျိုးဆက်တွေအတွက်တော့ တကယ့် စံပြပုဂ္ဂိုလ်ကြီးပါပဲ”

ကျန်းကျင်းလင်သည် သူမကိုပစ်မှတ်ထားနေခြင်းဖြစ်သည်။

တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ရှဲ့လီ ချက်ချင်းအာရုံခံမိလိုက်၏။

ကျန်းကျင်းလင်မှာ ရှဲ့လီစကားကြောင့် ဆွံ့အသွားရလေသည်။ သူမက အံကိုကြိတ်လျက် အေးစက်စက်နှာရှုံ့လိုက်သည်။

“ဒါဆိုရင် အားလုံးကြိုတင်ပြင်ဆင်ထားကြပါ၊ နောက်ရက်အနည်းငယ်အတွင်း ငါတို့စိတ်ကျန်းမာရေးဆေးရုံကို သွားကြမယ်”

သူမသည် ထိုသို့ပြောပြီးသည်နှင့် လှည့်ထွက်သွားလေတော့၏။

သူမ ရှဲ့လီကိုမုန်းတီးလေသည်။

ယခင်က ဝူချန်ကျွင်းပြောစကားအရ ရှဲ့လီတွင် မကောင်းသောနိုင်ငံရေးနောက်ခံရှိသည်ဟုဆိုသဖြင့် သူမသည် ရှဲ့လီကို အလိုမကျဖြစ်နေခဲ့သည်။

ထို့နောက်တွင်လည်း အခြားသော အဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပွားခဲ့သေး၏။

တစ်ကြိမ်က ရှဲ့လီသည် အဆိပ်ရှိသော မှိုများကိုစားမိပြီးနောက် သူမခင်ပွန်းဖြစ်သူခေါင်းပေါ်ရှိ ဆံပင်များအားလုံးကို ဆွဲနှုတ်ပစ်ခဲ့ရာ သူသည် ဒေါသထွက်လွန်းသဖြင့် လဝက်ခန့်မျှအိပ်မပျော်သောရောဂါကို ခံစားခဲ့ရသည်။

နောက်တစ်ကြိမ်တွင်လည်း ရှဲ့လီသည် သူမသမီးကို အကွက်ဆင်ကာ မစင်များကို စားစေခဲ့သည်။

ဤမိန်းမသည် နိုင်ငံရေးနောက်ခံလည်း မကောင်းသလို အကျင့်စာရိတ္တလည်းမကောင်းမွန်ပေ။

သူမသည် ရှန်ဟွိုင်နျန်ကဲ့သို့ ထူးချွန်ပြောင်မြောက်သည့်အမျိုးသားနှင့် လက်ထပ်ထားပါလျက် ရှောင်ချန်ဆိုသောကောင်လေးနှင့် ရိသဲ့သဲ့လုပ်နေသေးသည်မဟုတ်လော။

ယဲ့မိသားစုကိစ္စနှင့် ပတ်သက်၍ လျူရှို့အော်မှာ တရားခံဖြစ်သော်လည်း ယဲ့ရှုဟွာမှာမူ တကယ်ကိုသနားစရာကောင်းလှပေသည်။

ဤရှဲ့လီသည် ယခင်ကတည်းက ယဲ့ရှုဟွာကို အတော်လေးပစ်မှတ်ထား အနိုင်ကျင့်ခဲ့သေးသည်မဟုတ်လော။

ယဲ့ရှုဟွာမှာ အပြစ်ကင်းစင်သော်လည်း ယခုအခါ ရူးသွပ်နေရလေပြီ။ ရှဲ့လီ၏အနိုင်ကျင့်မှုများကြောင့် ရူးသွပ်သွားရခြင်းသာဖြစ်ပေမည်။

သူမသည် ရှဲ့လီကို စိတ်ကျန်းမာရေးဆေးရုံသို့ခေါ်သွားကာ ယဲ့ရှုဟွာအား ပြုစုစောင့်ရှောက်စေပြီး တောင်းပန်ခိုင်းချင်နေခြင်းဖြစ်သည်။

နှစ်ရက်ကြာပြီးနောက် မရီးများအားလုံး အဆင်သင့်ဖြစ်နေကြပြီး လျောင်းနင်ပြည်နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံသို့ ကျန်းကျင်းလင်နောက်မှ လိုက်ပါသွားကြလေသည်။

“ရှောင်ရှဲ့၊ နင် ခဏနေရင် ငါ့နောက်လိုက်ခဲ့”

ကျန်းကျင်းလင်မျက်နှာမှာ အေးစက်နေပြီး သူမလေသံမှာမူ မျက်နှာထားထက်ပင် ပို၍အေးစက်နေလေ၏။

မရီးများကလည်း တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို အာရုံခံမိကြသည်။ ယန်ဝမ်ယန်က ဝင်ရောက်ဖျန်ဖြေရန် ရှဲ့လီကို ရှေ့သို့ဆွဲထုတ်လိုက်သည်။

“အစ်မကျင်းလင်၊ ကျွန်မရဲ့ညီမလေးက ကြောက်တတ်လို့ပါ၊ သူမကို ကျွန်မနဲ့အတူတူ လိုက်ခိုင်းလိုက်ပါရစေ”

ကျန်းကျင်းလင်က မျက်မှောင်ကြုတ်လိုက်ပြီး ယန်ဝမ်ယန်ကို မညှာမတာ အပြစ်တင်ဝေဖန်လိုက်သည်။

“ရှောင်ယန်၊ နင့်ယောက်ျားက ရှောင်ရှန်ရဲ့လက်အောက်မှာ အလုပ်လုပ်နေတယ်ဆိုတာ ငါ သိပါတယ်၊ နင်တို့တွေ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းလုပ်ကြပါ၊ ဒီတစ်ယောက်ကို ဖားမယ်၊ ဟိုတစ်ယောက်ကို မျက်နှာလိုမျက်နှာရလုပ်မယ်ဆိုတာမျိုးချည်းပဲ အမြဲတွေးမနေကြနဲ့၊ နင်က ရှောင်ရှဲ့ကိုဖားလိုက်ရင် နင့်ယောက်ျားက ရာထူးတိုးသွားမယ်လို့ ထင်နေတာလား၊ တကယ့် အရည်အချင်းကိုပဲ အားကိုးရမှာ”

ထိုစကားများမှာ တကယ့်ကိုနားခါးစရာကောင်းလှပေ၏။ ကျန်းကျင်းလင်သည် ပုံမှန်အားဖြင့် ဤမရီးများနှင့် စကားပြောဆိုလေ့သိပ်မရှိဘဲ ယခုကဲ့သို့ ရိုင်းစိုင်းပြင်းထန်သော စကားများကို ရုတ်တရက်ဆိုလိုက်သဖြင့် ယန်ဝမ်ယန်မျက်နှာမှာ ချက်ချင်းပင် နီရဲသွားလေတော့သည်။

သူမသည် ပါးစပ်ဟထားလိုက်ပြီး မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ ရှဲ့လီက ယန်ဝမ်ယန်၏လက်ကို အသာပုတ်ပေးလိုက်ပြီး နှစ်သိမ့်သော အပြုံးတစ်ပွင့်ကို ပြုံးပြလိုက်သည်။

ထို့နောက် သူမက ယန်ဝမ်ယန်ကို သူမနောက်သို့ ဆွဲခေါ်လိုက်သည်။

“ကောင်းပါပြီ အစ်မကျင်းလင်၊ ကျွန်မ အစ်မနဲ့အတူတူ လိုက်ခဲ့ပါ့မယ်”

ခရီးစဉ်တစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လေထုမှာလည်း အလွန်တရာ အသက်ရှူကျပ်ဖွယ် ကောင်းလှပေ၏။

စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်ရှိသောအခါ ရှဲ့လီသည် ကျန်းကျင်းလင်နောက်မှ လိုက်ပါသွားပြီး ကျန်မရီးများမှာမူ နှစ်ယောက်တစ်တွဲစီ အလုပ်ခွဲလုပ်ကြလေသည်။

“ရှောင်ရှဲ့၊ ယဲ့ရှုဟွာလေးက အပြစ်ကင်းတယ်၊ သူမ စိတ်ဒဏ်ရာရပြီး ရူးသွပ်သွားရတဲ့အပေါ်မှာ နင့်မှာလည်း တာဝန်ရှိတယ်၊ ဒီတစ်ခေါက် ငါ နင့်ကို သူမဆီခေါ်သွားမယ်၊ အခုကစပြီး နင် တစ်ပတ်ကို တစ်ကြိမ်လာပြီး ရေချိုးပေးရမယ်၊ ဆေးတိုက်ပေးရမယ်၊ ထမင်းခွံ့ကျွေးရမယ်၊ အဲဒါ နင့်ရဲ့ အပြစ်တွေကို ဆေးကြောဖို့အတွက်ပဲ”

ကျန်းကျင်းလင်သည် သူမအစီအစဉ်မှာ အပြစ်ဆိုဖွယ်မရှိ ပြီးပြည့်စုံသည်ဟု ယုံကြည်ထားပြီး ဤတောင်းဆိုချက်မှာလည်း လွန်ကဲမှုမရှိဟုထင်မြင်နေလေသည်။

ထို့အပြင် ရှဲ့လီသာ လိမ္မာရေးခြားရှိပြီး တာဝန်သိတတ်သူတစ်ဦးဖြစ်ပါက စိတ်ကျန်းမာရေးဆေးရုံသို့ တစ်ပတ်တစ်ခါ လာရောက်၍ စေတနာ့ဝန်ထမ်း လုပ်ဆောင်ခြင်းမှာ ကြီးမားသောကိစ္စတစ်ရပ်မဟုတ်ပေ။

ဤသည်မှာ ကုသိုလ်ကောင်းမှု လုပ်ဆောင်ခြင်းပင် ဖြစ်သည်မဟုတ်လော။

ယဲ့ရှုဟွာကို သီးသန့်အခန်းတစ်ခန်းတွင် ချုပ်နှောင်ထားလေသည်။

ကျန်းကျင်းလင်တွင် ဝင်ရောက်ကြည့်ရှုခွင့်ရှိလေသည်။ သူမသည် ရှဲ့လီကို အခန်းထဲသို့ ဦးဆောင်ခေါ်သွားပြီး ရှဲ့လီကို ဆုံးမစကားပြောရန် နောက်လှည့်လိုက်စဉ်မှာပင် သူမခေါင်းထဲတွင် ဗလာကျင်းသွားပြီး မေ့လဲကျသွားလေတော့၏။

ရှဲ့လီသည် ကျန်းကျင်းလင်၏လည်ကုပ်ကို လက်ဝါးစောင်းဖြင့် တစ်ချက်တည်းရိုက်ချကာ သတိလစ်သွားစေခဲ့ပြီးနောက် တံခါးသော့ခတ်ကာ ထွက်ခွာသွားလေတော့သည်။

သူမသည် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကို ရှာဖွေပြီး ထိုနေရာတွင် နေ့ဝက်ခန့်အနားယူနေခဲ့ပြီးနောက် နောက်ဆုံးတွင် မရီးများနှင့် ပြန်လည်ပူးပေါင်းလိုက်သည်။

“အစ်မကျင်းလင်ရော ဘယ်မှာလဲ”

ရှဲ့လီက ခေါင်းယမ်းပြလိုက်၏။

“ကျွန်မလည်း မသိဘူး၊ ကျွန်မတို့ လမ်းကွဲသွားတာ”

ယန်ဝမ်ယန်မှာ ဒေါသထွက်နေသဖြင့် ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

“သူမ ပြန်သွားပြီနဲ့တူပါတယ်”

မရီးများအားလုံးသည် ကျန်းကျင်းလင်ကို မနှစ်မြို့ကြသော်လည်း သူမသည် ဝူချန်ကျွင်း၏ဇနီးဖြစ်သည့်အပြင် အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ဒုတိယညွှန်ကြားရေးမှူးလည်းဖြစ်နေသဖြင့် အတန်အသင့် လေးစားပြကြခြင်းဖြစ်သည်။

သူမကို မတွေ့ရသောအခါ မရီးများသည် ဆက်လက်မရှာဖွေကြတော့ဘဲ အားလုံးစုပေါင်းကာ အိမ်သို့ပြန်လာခဲ့ကြလေသည်။

ထိုညနေခင်းတွင် စစ်တပ်ဝင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားလေတော့၏။

တပ်စုမှူးဝူ၏ဇနီး၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ရဲဘော်ကျန်းကျင်းလင် ပျောက်.. ဆုံး.. သွား.. လေ.. ပြီ။

All Chapters