← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

Ch-162

ရှဲ့လီ အံ့သြတကြီးဖြင့် သူမပါးစပ်လေးကို လက်ဖြင့်အုပ်လိုက်လေသည်။

ထိုအမျိုးသမီးက အံတင်းတင်းကြိတ်ကာ ဒေါသတကြီး ပြောဆိုလိုက်၏။

“အဲဒီတုန်းက ငါ နင့်ဆီကို အချစ်စာလွှာ ၉၉၉ စောင် ရေးခဲ့တယ်၊ နင်က အဲဒီစာတွေကို ခုံအံဆွဲထဲထိုးထည့်ထားပြီး ပြည့်သွားတိုင်း အိမ်ကိုသယ်သွားခဲ့တာလေ၊ အဲဒီစာတွေ ဘယ်ရောက်သွားလဲဆိုတာ ငါသွယ်ဝိုက်ပြီး စုံစမ်းကြည့်တော့ နင်က အိမ်မှာ သိမ်းထားဖို့ ယူသွားတယ်လို့ ပြောခဲ့တယ်၊ ငါ ဘယ်လောက်တောင် ပျော်သွားခဲ့ရလဲဆိုတာ နင်သိမှာမဟုတ်ဘူး၊ ငါ ပိုရေးလေ ပိုပြီး ခွန်အားတွေရလာလေပဲ၊ ဒါပေမယ့် ဘယ်သူထင်မှာလဲ၊ ကျောင်းဆင်းပွဲမတိုင်ခင် ညနေခင်းမှာ နင်က အဲဒီအချစ်စာလွှာတွေ အကုန်လုံးကို ကျောင်းအုပ်ကြီးဆီသွားအပ်ပြီး လူမိုက်တစ်ယောက်က နင့်ကိုသုံးနှစ်လုံးလုံး လာနှောင့်ယှက်နေပါတယ်ဆိုပြီး သက်သေအဖြစ်ပြခဲ့တယ်လေ၊ ငါ ကျောင်းသူကျောင်းသားတွေ အားလုံးရဲ့ရှေ့မှာ ကျောင်းအုပ်ကြီးရဲ့ မညှာမတာ ဆူပူကြိမ်းမောင်းတာခံလိုက်ရတယ်၊ ဒီကိစ္စကို ငါ တစ်သက်လုံးမှတ်ထားတယ်၊ ငါ နင့်ကိုမုန်းတယ်”

ရှဲ့လီသည် မယုံကြည်နိုင်စွာဖြင့် ရှန်ဟွိုင်နျန်ကို လှမ်းကြည့်လိုက်သည်။

“အစ်ကိုရယ် ရှင်က တကယ့်ကို စိတ်ပျက်စရာကောင်းတာပဲ၊ သူ့ကိုမကြိုက်ဘူးဆိုရင်လည်း ဒီတိုင်းပွင့်ပွင့်လင်းလင်း ပြောလိုက်ပေါ့၊ ဘာလို့ အဲဒီလိုလုပ်ရတာလဲ”

ရှန်ဟွိုင်နျန်က ရှဲ့လီကိုလှည့်ကြည့်လိုက်ရာ သူ့မျက်နှာတစ်ပြင်လုံးတွင် မတရားခံရသည့်အလား နာကြည်းမှုများ ပြည့်နှက်နေလေသည်။

“ရှောင်လီ အဲဒီလို မဟုတ်ရပါဘူးကွာ၊ သူမ ကိုယ့်ဆီကို ပထမဆုံးအချစ်စာလွှာစရေးတုန်းက ကိုယ် သူ့ကိုငြင်းကြောင်းစာပြန်ရေးခဲ့တယ်၊ ဒါပေမယ့် သူမက ကိုယ့်ရဲ့စာကိုယူပြီး ကိုယ်က သူမကို သဘောကျနေလို့ ရည်းစားစာတွေပြန်ရေးနေပါတယ်ဆိုပြီး လူတိုင်းကို လျှောက်ပြောခဲ့တာ၊ ကိုယ်တောင် ကျောင်းအုပ်ကြီးရုံးခန်းကို အခေါ်ခံရပြီး အဆူခံခဲ့ရသေးတယ်၊ အဲဒီနောက် သူမက နေ့တိုင်း ကိုယ့်ဆီရည်းစားစာတွေ ဆက်ရေးနေခဲ့တယ်၊ ကိုယ်က ကိုယ်ပြောတာမရှင်းလို့ထင်ပြီး လူကိုယ်တိုင် သွားငြင်းခဲ့သေးတယ်၊ စုစုပေါင်း ဆယ်ခါလောက်ကိုငြင်းခဲ့တာ၊ ဒါပေမယ့် သူမက....သူမက ကိုယ်ပြောတာကိုမကြားရတဲ့အတိုင်းပဲ ဟန်ဆောင်နေခဲ့တာ၊ အတန်းဖော်တွေ အကုန်လုံးကလည်း ကိုယ့်ကိုအထင်လွဲကုန်ကြတယ်၊ ကိုယ်က သူမကိုမကြိုက်ဘူးလို့ရှင်းပြပေမယ့် တခြားလူတွေက ရယ်ကြပြီး ကိုယ်ကမသိချင်ယောင်ဆောင်နေတယ်လို့ပဲ ပြောကြတယ်၊ အဲဒီလိုအထင်လွဲခံရမှုတွေကြားထဲမှာ ကိုယ် သုံးနှစ်လုံးလုံးအချိန်ကုန်ခဲ့ရတာ၊ သူမက လူမိုက်မဟုတ်ရင် ဘာလဲ၊ သူမ ခေါင်းထဲမှာ ရောဂါများရှိနေတာလား”

ထိုအချိန်က အမှန်တကယ်ဖြစ်ပျက်ခဲ့သည်မှာ ဤအတိုင်းပင်။ သို့သော်လည်း ထိုဖြစ်ရပ်နောက်ပိုင်းတွင် ရှန်ဟွိုင်နျန်သည် သူ့အတန်းဖော်များကို များများစားစားရှင်းပြမနေတော့ပေ။

တစ်စုံတစ်ယောက်က သူ သူမကို ကြိုက်နေသည်ဟုပြောရဲသည်နှင့် သူသည် လက်သီးတစ်ချက်တည်းဖြင့် ဖြေရှင်းပစ်လေ့ရှိလေသည်။

ရှန်ဟွိုင်နျန်သည် ခေါင်းငုံ့ထားပြီး သူ့မြေခွေးမျက်ဝန်းများအတွင်း၌ ထိရှလွယ်သော ခံစားချက်လှိုင်းဂယက်လေးများ ရိုက်ခတ်နေလေသည်။

ရှဲ့လီ၏နှလုံးသားလေး အလွန်အမင်း နာကျင်သွားရလေတော့၏။ သူမသည် ရပ်နေရာမှထခုန်လိုက်ပြီး ထိုအမျိုးသမီးကို လက်ညှိုးထိုးကာ ဒေါသတကြီး ကျိန်ဆဲလေသည်။

“နင် ရူးနေလား၊ ဒါကို ဘယ်လိုခေါ်လဲဆိုတာ နင်သိလား၊ အနိုင်ကျင့်တာ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာ”

ရှန်ဟွိုင်နျန်တစ်ယောက် သုံးနှစ်တိုင်တိုင် စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံခဲ့ရသည်ကို တွေးမိလေတိုင်း သူမနှလုံးသားမှာ အပြင်းအထန် နာကျင်ကိုက်ခဲလာရလေသည်။

သူမအမျိုးသားကို သူမ တစ်ယောက်တည်းကသာ အနိုင်ကျင့်ခွင့်ရှိ၏။ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ လုံးဝအခွင့်အရေးမပေးနိုင်ပေ။

ထိုအမျိုးသမီး၏မျက်လုံးများ ပြူးကျယ်သွားလေသည်။

‘နေပါဦး၊ နင် အတည်ကြီးပြောနေတာလား’

သူ့နာမည်ပြောင်မှာ လက်သီးတစ်ချက် စစ်နတ်ဘုရားဖြစ်လေရာ မည်သူကများ သူ့ကိုအနိုင်ကျင့်ရဲမည်နည်း။

သူမသည် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသော ရှန်ဟွိုင်နျန်၏မြေခွေးမျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ ဤခွေးကောင်သည် သရုပ်ဆောင်ရာတွင် အလွန်တရာ ကျွမ်းကျင်လှပေ၏။

ထိုအချိန်က သူမလုပ်ရပ်များ အနည်းငယ်လွန်ကဲခဲ့သည်မှာ မှန်သော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က သူတို့အကြောင်းကို အတင်းအဖျင်းပြောရဲသည်နှင့် ရှန်ဟွိုင်နျန်က လက်သီးဖြင့်သာ ဖြေရှင်းခဲ့သည်မဟုတ်လော။

ထိုသို့လုပ်ခဲ့ပါလျက်နှင့် သူက မတရားခံရသည့်ဟန် ဆက်လက်ဟန်ဆောင်နေသေးသည်ပင်။

ထိုသူသုံးဦး၏အတွေးများကို အမျိုးသားတစ်ဦးအသံက ဖြတ်တောက်လိုက်လေသည်

“ဇယ် ဇယ် ဇယ် ဇယ် ဇယ် ဇယ်”

ရှဲ့လီမော့ကြည့်လိုက်သောအခါ အသက်ငါးဆယ်အရွယ် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ဟိုဟိုဒီဒီ ရှာဖွေကြည့်ရှုရင်း လျှာကိုသပ်ကာ အသံပြုခေါ်ဝေါ်နေသည်ကို တွေ့လိုက်ရလေသည်။ ရှဲ့လီ ကူညီလိုစိတ်ဖြင့် ရှေ့သို့ တိုးသွားလိုက်၏။

“ဦးလေး....ဦးလေးရဲ့ခွေးလေး ပျောက်သွားလို့လား ကျွန်မကူရှာပေးမယ်လေ”

သက်လတ်ပိုင်းအမျိုးသားသည် သူမကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီးနောက် မည်သည့်စကားမျှမဆိုဘဲ ဆက်လက်ရှာဖွေနေလေသည်။ သူ့အကြည့်များက ထိုအမျိုးသမီးထံသို့ ရပ်တန့်သွားပြီးနောက် အနီးသို့လျှောက်သွားကာ မေးမြန်းလိုက်၏။

“ဇီဇယ် မင်းဘာလို့ ဒီရောက်နေတာလဲ”

ရှဲ့လီကြောင်တောင်တောင်ဖြစ်သွားရလေသည်။ သူမက လေသံကိုနှိမ့်ကာ ရှန်ဟွိုင်နျန်ကို မေးလိုက်၏။

“သူမ နာမည်ကဘယ်လိုခေါ်တာလဲ”

ရှန်ဟွိုင်နျန်က ပြန်ဖြေသည်။

“ကျောင်းဇီဇယ်”

ရှဲ့လီ ဆွံ့အသွားလေသည်။ ဤသည်မှာ လူတစ်ယောက်နာမည်လော။

‘ဇီဇယ်’ ဟု ခေါ်သည်လား

‘အစ်မ’ ကဲ့သို့ အသံထွက်နေသည် မဟုတ်လော။

သူမသည် သက်လတ်ပိုင်းအမျိုးသားကို အကဲခတ်ကြည့်လိုက်သည်။

သူသည် ခန့်ညားသောမျက်နှာသွင်ပြင်နှင့် တည်ကြည်လေးနက်သော အမူအရာရှိပြီး အဆင့်မြင့်ရာထူးရှိသူ တစ်ဦးအငွေ့အသက်များကို ဆောင်ကြဉ်းထားလေသည်။ သူမခန့်မှန်းချက်သာမှန်ကန်ပါက ဤသူသည် ပြောင်းရွှေ့လာမည့် တပ်ချုပ်မှူးအသစ်ပင်ဖြစ်ရမည်။

နောက်ပိုင်းတွင် သူ့ကိုစုံစမ်းထောက်လှမ်းရမည်ဖြစ်ရာ အခြေအနေ အလွန်အမင်းတင်းမာမသွားစေရန် တွေးမိသဖြင့် သူမစကားစပြောလိုက်သည်။

“ဦးလေး ဦးလေးရဲ့သမီးက ဟွိုင်နျန်နဲ့ အတိတ်က အကြောင်းတွေပြန်ပြောနေကြတာပါ၊ ဟား ဟား ဟား ဦးလေးရဲ့ သမီးငယ်ငယ်တုန်းက ကျွန်မ အမျိုးသားကို လိုက်ခဲ့ဖူးတယ်တဲ့၊ တစ်ကယ့်ကို တိုက်ဆိုင်လိုက်တာနော်”

ထိုစကားများထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျောင်းဇီဇယ်နှင့် သက်လတ်ပိုင်းအမျိုးသားနှစ်ဦးလုံး၏ မျက်နှာများ မည်းမှောင်သွားလေသည်။ အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် သက်လတ်ပိုင်းအမျိုးသားက အံကြိတ်လျက် ခက်ထန်စွာ ပြန်တုံ့ပြန်လေ၏။

“သူမက ငါ့ဇနီးကွ”

ရှဲ့လီသည် မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။ သူမသည် ခေါင်းငုံ့ကာခြေချောင်းများကို စိုက်ကြည့်နေမိလေ၏။

သူမခြေချောင်းများမှာ ရှက်လွန်း၍ အိပ်ခန်းသုံးခန်းပါ တိုက်ခန်းတစ်ခန်းပင် တူးဖော်ပြီးလောက်အောင် တွန့်လိမ်ကောက်ကွေးနေလေပြီ။

ရှန်ဟွိုင်နျန်က ရှဲ့လီကို ဤအကျပ်အတည်းမှကယ်တင်ရန် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

“မင်းရဲ့အမျိုးသားက အတော်လေး ရင့်ကျက်တည်ငြိမ်တာပဲ၊ ကျွန်တော်တို့ အရင်သွားလိုက်ပါဦးမယ်”

သူသည်လက်မြှောက်ကာ ရှဲ့လီကို အနီးသို့ဆွဲယူလိုက်ပြီး အပေါ်ထပ်သို့ ခေါ်ဆောင်သွားလေတော့သည်။

ကျောင်းဇီဇယ်သည် ထွက်ခွာသွားသောထိုနှစ်ဦးကို ငေးကြည့်ရင်း သူမစိတ်ထဲတွင် မည်သို့ခံစားနေရမှန်းမသိအောင် ဖြစ်နေလေ၏။

သူမ ငယ်စဉ်ကကြည်ညိုမြတ်နိုးခဲ့ရသောလူငယ်လေးသည် ယခုအခါတွင် အခြားသူတစ်ဦးကို ရင်ခွင်ထဲတွင်ဖက်တွယ်ထားလေပြီ။

ဝမ်အိုက်တန်က ကျောင်းဇီဇယ်ပခုံးကို အသာပုတ်လိုက်သည်။

“ဇီဇယ် သွားကြစို၊”

သူမသည် အချစ်ကိုရွေးချယ်ခဲ့ခြင်းမဟုတ်ဘဲ ဘဝနေထိုင်မှုပုံစံကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူမခင်ပွန်းသည် သူမထက် အသက် ၂၇ နှစ်ခန့်ကြီးနေသော်လည်း သူ့တွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူမှုရှိကာ အသက်ကြီးသောအမျိုးသားများက မိန်းမကို မည်သို့အလိုလိုက်ရမည်ကို သိရှိနားလည်ကြ၏။

သူမ လုံးဝနောင်တမရခဲ့ပေ။ သူမသည် ထိုအချိန်က ရှန်ဟွိုင်နျန်ပေးခဲ့သော စော်ကားမှုကိုသာ မျိုသိပ်၍မရနိုင်ခဲ့ခြင်းဖြစ်လေသည်။

All Chapters