← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

Ch-163

ထိုညတွင် ရှဲ့လီတစ်ယောက် စိတ်ထဲ၌ချဉ်စူးစူးဖြစ်လာလေသည်။ ဤအချဉ်ပေါက်ခြင်းမှာ အခြားသော အချဉ်ပေါက်ခြင်းမျိုးမဟုတ်ပေ။

အစာအိမ်အချဉ်ပေါက်၍ မအီမသာဖြစ်ခြင်းမျိုးမဟုတ်ဘဲ သူမသဝန်တိုနေမိကြောင်းကို သဘောပေါက်သွားခြင်းသာ ဖြစ်လေသည်။

ရှဲ့လီသည် ရှန်ဟွိုင်နျန်ရင်ခွင်ထဲတွင် လှဲလျောင်းနေရင်း သူမလက်လေးများက သူ့ဗိုက်ကြွက်သားများပေါ်တွင် ဂဏာမငြိမ်ဖြစ်ကာ ပွတ်သပ်ကစားနေလေသည်။

“အားနျန် မက်မွန်သီးက ပိုကောင်းလား ဒါမှမဟုတ် ငှက်ပျောသီးကပိုကောင်းလား”

ဤအမျိုးသား၏ဗိုက်ကြွက်သားများမှာ ယခင်ကထက်ပင် ပိုမိုရှင်းလင်းပြတ်သားလာသည်ဟု သူမခံစားမိလေ၏။

ရှန်ဟွိုင်နျန်က အချိန်တစ်ခဏမျှလေးလေးနက်နက် တွေးပြီးနောက်ဖြေလိုက်သည်။

“ကိုယ်က ငှက်ပျောသီးစားရတာပိုကြိုက်တယ်”

ရှဲ့လီသည် လက်ကိုရုတ်တရက်ရုပ်သိမ်းလိုက်ပြီး ကျောခိုင်းကာ ရင်ဘတ်တွင် လက်ပိုက်လျက် နှာခေါင်းရှုံ့လိုက်လေသည်။

ရှန်ဟွိုင်နျန်မှာကြောင်တောင်တောင် ဖြစ်သွားရ၏။

“ရှောင်လီ ဘာဖြစ်လို့လဲ”

ရှဲ့လီက အေးစက်စက်နှာခေါင်းရှုံ့ကာ မေးခွန်းထုတ်လိုက်သည်။

“ရှင်က ငှက်ပျောသီးစားရတာကြိုက်တယ်ဆိုတာ ‘ငှက်ပျောသီး’ နဲ့ ‘ကျောင်းဇီဇယ်’ မှာ ‘ကျောင်း’ ဆိုတဲ့ စာလုံးပါနေလို့ မဟုတ်လား”

ရှန်ဟွိုင်နျန် လန့်ဖြပ်သွားလေသည်။

“မဟုတ်ဘူး မဟုတ်ရပါဘူး၊ ကိုယ် ငှက်ပျောသီးစားရတာ မကြိုက်ပါဘူး၊ ကိုယ် ငှက်ပျောသီးမကြိုက်ဘူး၊ မက်မွန်သီးစားရတာကိုပဲကြိုက်တာ”

ရှဲ့လီရယ်သံမှာ ပို၍ပင်မိစ္ဆာဆန်လာလေ၏။

“ရှင် မက်မွန်သီးစားရတာကြိုက်တယ်ဆိုတာ ‘မက်မွန်သီး’ နဲ့ ‘ကျောင်းဇီဇယ်’ မှာ ‘ဇီ’ ဆိုတဲ့စာလုံးပါနေလို့ မဟုတ်လား”

ရှန်ဟွိုင်နျန်သည် လက်များကို အခါခါဝှေ့ယမ်းကာငြင်းဆန်လေတော့သည်။

“မဟုတ်ပါဘူး၊ ကိုယ် မက်မွန်သီးစားရတာလည်း မကြိုက်ပါဘူး၊ သစ်တော်သီးစားရတာကိုပဲကြိုက်တယ်”

ရှဲ့လီနှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလေ၏။ ဤအမျိုးသား၏ ဦးနှောက်မှာ တကယ့်ကိုထက်မြက်သွက်လက်လှပေသည်။

သူမက ခေါင်းလှည့်ကာ ရှန်ဟွိုင်နျန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“ကျောင်းဇီဇယ် ရှင့်ဆီကိုရေးခဲ့တဲ့ အချစ်စာလွှာတွေထဲမှာ ဘာတွေရေးထားတာလဲ”

ရှန်ဟွိုင်နျန်၏မြေခွေးမျက်ဝန်းများမှာ ကွေးညွတ်သွားပြီး သူ့အပြုံးကို ဖုံးကွယ်မထားနိုင်တော့ပေ။

“ကိုယ် မမှတ်မိတော့ဘူး၊ ပထမဆုံး တစ်စောင်ပြီးကတည်းက ကျန်တဲ့စာတွေကို ကိုယ်မှမဖတ်ခဲ့တာ”

ရှဲ့လီသည် ခေါင်းကို တစ်ဖက်သို့ ထပ်လွှဲဖယ်လိုက်သည်။

“ဟမ့်”

သန်မာသောလက်တစ်စုံက သွယ်လျသော သူမခါးလေးကို ရစ်ပတ်ဖက်တွယ်လာလေသည်။ ရှန်ဟွိုင်နျန်က ရှဲ့လီ၏ဗိုက်လေးကို ညင်သာစွာပွတ်သပ်ပေးရင်း ခေါ်လိုက်၏။

“ရှောင်လီ”

သူ့အသံမှာ ဩရှရှနှင့် နူးညံ့သိမ်မွေ့နေပြီး အပြုံးရိပ်သဲ့သဲ့လေးပါဝင်နေလေသည်။

“မင်း ဘာစားရတာ အကြိုက်ဆုံးလဲဆိုတာ ကိုယ်သိတယ်”

“ကျွန်မက ဘာစားရတာကြိုက်လို့လဲ”

“မင်းက သဝန်တို (အချဉ်စား)ရတာ ကြိုက်တာလေ”

ရှဲ့လီရှက်သွေးဖြာသွားပြီး ရှန်ဟွိုင်နျန်လက်ကို ပုတ်ချလိုက်သည်။

“ရှင်က အရမ်းဆိုးတာပဲ”

ရှန်ဟွိုင်နျန်၏အသက်ရှူသံများ ရပ်တန့်သွားလေ၏။ ယခုအချိန်တွင် ရှန်ဟွိုင်နျန်မျက်လုံးထဲ၌ သူမ မည်မျှလောက် ဆွဲဆောင်မှုရှိနေသည်ကို သူမကိုယ်တိုင်ပင် သိနိုင်မည်မဟုတ်ပေ။

ရှက်သွေးဖြာနေသော မျက်နှာလေး၊ အသာကိုက်ထားသော နှုတ်ခမ်းဖူးဖူးလေး၊ နူးညံ့ညင်သာသော လေသံလေး၊ အရာအားလုံးက ယောကျ်ားတစ်ယောက်၏ သည်းခံနိုင်စွမ်း အကန့်အသတ်ကို တွန်းအားပေးနေလေသည်။

ရှန်ဟွိုင်နျန်အသံမှာ အက်ကွဲနေပြီး လှပသော မြေခွေးမျက်ဝန်းများအတွင်း၌ ရမ္မက်ဆန္ဒများ ရှားရှားပါးပါး ရောယှက်နေလေသည်။

“ရှောင်လီ”

ရှဲ့လီလည်း တစ်စုံတစ်ရာထူးခြားနေကြောင်းကို အာရုံခံမိလိုက်၏။ သူမ ခေါင်းလှည့်လိုက်ချိန်တွင် နွေးထွေးနူးညံ့သော နှုတ်ခမ်းတစ်စုံက သူမနှုတ်ခမ်းဖူးဖူးလေးအပေါ်သို့ဖိကပ်လာလေတော့သည်။

ရှန်ဟွိုင်နျန်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင့်တင်းနေလေသည်။

သူ့ရင်အုပ်ကြွက်သားများမှာ မာတောင့်နေပြီး ဗိုက်ကြွက်သားများကလည်း မာကျောနေကာ လက်မောင်းများနှင့် ခြေတံများပါမကျန် အရာအားလုံး တောင့်တင်းနေလေသည်။

ရှဲ့လီ သူ့ဗိုက်ကြွက်သားများအား ပွတ်သပ်ရသည်ကို နှစ်သက်သော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံး ဤမျှလောက်တောင့်တင်းနေသည့် ခံစားချက်ကိုမူ မနှစ်သက်ပေ။

သို့သော် သူ့နှုတ်ခမ်းများမှာမူ အလွန်တရာနူးညံ့အိစက်နေပြီး သူမနှုတ်ခမ်းများထက်ပင် ပိုနူးညံ့နေသေးသည်။

အနမ်းဖလှယ်ရသည်မှာ အလွန်ပင် ကောင်းမွန်လှသည်။

ရှဲ့လီ မျက်လုံးမှိတ်ထားလိုက်ပြီး နှုတ်ခမ်းထက်မှ နူးညံ့မှုများကိုခံစားလိုက်လေ၏။ သူသည် အလွန်တရာ အတွေ့အကြုံနုနယ်လှပေသည်။

ရှဲ့လီ မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။

ထိုသူသည် လူပျိုရည်မပျက်သေးသော လူပျိုကြီးဖြစ်ရမည်မှာ သေချာလှ၏။

အခန်းတွင်းရှိလေထုမှာ တဖြည်းဖြည်း ချွဲကျိစေးကပ်လာလေသည်။

ရှဲ့လီကိုယ်တိုင်လည်း ထိုအခိုက်အတန့်အတွင်းသို့ တဖြည်းဖြည်းနစ်မျောသွားလေတော့သည်။

ရှန်ဟွိုင်နျန်က ကုတင်ပေါ်တွင်ဒူးထောက်လိုက်ပြီး သူ့မျက်ဝန်းများအတွင်း၌ တောင်းပန်တိုးလျှိုးမှုများ ပြည့်နှက်နေလေသည်။

“ရှောင်လီ”

ရှဲ့လီက သူ့ကိုငေးကြည့်လိုက်သည်။ သူ့အင်္ကျီမှာ တွန့်ကြေနေပြီး ခါးပတ်မှာလည်း သူမကြောင့် အနည်းငယ်ပွင့်ဟနေလေပြီ။

သူသည် ရမ္မက်ဆန္ဒကို ထိန်းချုပ်ထားပြီး ထိုလှပသောမြေခွေးမျက်ဝန်းများမှာ ကာမရာဂကြောင့် အနည်းငယ်မှိုင်းရီနေလေသည်။

ရှဲ့လီတစ်ယောက် တွေးလိုက်မိသည်မှာ ‘ငါတော့ သွားပါပြီ’ ဤအမျိုးသားသည် အတွေ့အကြုံမရှိသော်လည်း အလွန်အမင်း တတ်ကျွမ်းနားလည်လွန်းလှသည်။

သူမကို မည်သို့ကိုင်တွယ်ရမည်ကို သူ အတိအကျသိရှိနေလေသည်။ သူမက ဤကဲ့သို့သော အခြေအနေမျိုးကို အလွန်အမင်း နှစ်သက်သူပင်။

ရှဲ့လီသည် မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်ပြီး ရေပြင်ကဲ့သို့ နူးညံ့သိမ်မွေ့သောစကားလုံးများကို ဆိုလိုက်သည်

“အိုး အားနျန်”

ရှန်ဟွိုင်နျန်သည် ဆက်သည်းခံချုပ်တည်းထားခြင်းမရှိတော့ပေ။

(T/N…. ဤနေရာတွင် စာလုံးပေါင်း သုံးမိနစ်၊ အဲလေ စာလုံးပေါင်းသုံးထောင်ထိန်ချန်ထားခဲ့သည်။)

သုံးမိနစ်

ရှန်ဟွိုင်နျန်သည် ထိတ်လန့်တုန်လှုပ်နေသောမျက်လုံးများဖြင့် ရှဲ့လီကိုကြည့်လိုက်လေသည်။

ရှဲ့လီ မှင်တက်သွားလေ၏။

ထို့နောက် သူမ သဘောပေါက်သွားပြီး သူ့ကိုအလျင်အမြန် နှစ်သိမ့်စကားဆိုလိုက်သည်။

“အိုး ရပါတယ်၊ ရှင်က ချက်ချင်းပြီးသွားတဲ့သူဖြစ်နေလို့ ကျွန်မ ရှင့်ကို လှောင်မှာမဟုတ်ပါဘူး”

ရှန်ဟွိုင်နျန်မျက်နှာတစ်ခုလုံးတွင် နာကျင်ခံစားရမှုများပြည့်နှက်သွားလေသည်။

သူ တံတွေးကို ဂလုခနဲမျိုချလိုက်ပြီး သူမဘေးတွင် လှဲလျောင်းလိုက်လေတော့၏။

ရှဲ့လီကရယ်မောရင်း ဆက်ပြောသည်။

“အင်း အဲဒါက တကယ်တော့ကိစ္စမရှိပါဘူး၊ ကျွန်မ ရှင့်ကိုမရယ်ပါဘူး အားနျန်ရယ် ဟား ဟား ဟား ဟား”

သူသည် ရှဲ့လီခန္ဓာကိုယ်ကို သန့်ရှင်းရေး လုပ်ပေးပြီးနောက် သူမကိုဖက်တွယ်ကာ အိပ်စက်လေတော့သည်။ ထိုညတွင် သူအိပ်မက်များပင်မက်ခဲ့လေ၏။

သူ့အိပ်မက်ထဲတွင် ရှဲ့လီသည် သူမသွားသေးသေးလေးများ ပေါ်အောင်ဖြီးပြကာ သူ့ကိုလှောင်ပြောင်နေလေသည်။

“သုံးမိနစ်ကောင် မားမားခေါက်ဆွဲ ချက်ချင်းပြီးတဲ့ကောင်”

All Chapters