← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

Ch-164

ရှန်ဟွိုင်နျန်သည် တစ်ညလုံး ‘သုံးမိနစ်’ အိပ်မက်ဆိုးများကိုသာ မက်နေခဲ့လေသည်။

နောက်တစ်နေ့နံနက် သူနိုးထလာသောအခါ အလွန်တရာပင်ပန်းနွမ်းနယ်နေပုံပေါ်နေလေသည်။ ပုံမှန်အတိုင်းပင် သူသည် ရှဲ့လီအတွက် နံနက်စာ ပြင်ဆင်ပြီး အပြင်သို့ထွက်လာခဲ့လေ၏။

နံနက်ခင်းတစ်ခုလုံး သူစိတ်လွင့်နေခဲ့သည်။ ကျန်းချင်းလျန်နှင့် ရှောင်ချီတို့သည် ရှန်ဟွိုင်နျန်တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိသွားကြပြီး အနီးသို့ ချဉ်းကပ်ကာ မေးမြန်းလိုက်ကြသည်။

“တပ်မှူး ဘာဖြစ်လို့လဲ၊ မရီးနဲ့ရန်ဖြစ်လာလို့လား”

ရှန်ဟွိုင်နျန်က သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်၏။

ရှောင်ချီက ဇွတ်မေးနေလေသည်။

“ဒါဆို ဘာဖြစ်လို့လဲ”

ရှဲ့လီမှလွဲ၍ ရှန်ဟွိုင်နျန်ကို ဤမျှလောက် စိတ်လွင့်အောင်လုပ်နိုင်သူ မည်သူမျှမရှိကြောင်း သူ အသေအချာ ယုံကြည်ထားလေ၏။

ရှန်ဟွိုင်နျန်က တိတ်ဆိတ်နေဆဲဖြစ်သည်။ သူ.....သူ ဘာပြောရမည်နည်း။ သူက သုံးမိနစ်ကောင်ဖြစ်နေသည်ဟု ပြောရမည်လား။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုသာ ကုတ်နေမိလေသည်။

ကျန်းချင်းလျန်နှင့် ရှောင်ချီတို့သည် တစ်နေ့လုံး သူတို့အချင်းချင်း အပြန်အလှန် ခန့်မှန်းတွေးတောနေကြလေသည်။ ညနေခင်းသို့ရောက်သောအခါ အကင်းပါးလှသော ရှောင်ချီသည် ရှန်ဟွိုင်နျန်၏ရေခွက်ထဲတွင် စိမ်ထားသော ‘ဂိုဂျီဘယ်ရီ’သီးများကို တွေ့ရှိသွားလေတော့၏။

ရှန်ဟွိုင်နျန်သည် အမြဲတမ်းရိုးရိုးရေကိုသာသောက်လေ့ရှိပြီး နှစ်ပေါင်းများစွာ ထိုအကျင့်ကို ပြောင်းလဲခဲ့ခြင်းမရှိပေ။

‘ဂိုဂျီဘယ်ရီသီးလား'

သူ့မျက်လုံးများက ဟိုဟိုဒီဒီရွေ့လျားသွားပြီးနောက် ဘေးတွင်ရှိသော ကျန်းချင်းလျန်ကို ပုတ်လိုက်သည်။

“ချင်းလျန် မင်း သိလား၊ ငါ့မှာဆွေမျိုးတစ်ယောက်ရှိတယ်၊ သူ့မိန်းမက ဖောက်ပြန်နေတာကို မိသွားတယ်လေ၊ ငါ့ဆွေမျိုးကရုပ်လည်းချော၊ ငွေလည်း ရှိတာတောင် သူ့မိန်းမက ဘာလို့တခြားလူနောက်ပါသွားတာလဲသိလား”

ကျန်းချင်းလျန်က စပ်စုချင်သော မျက်နှာပေးဖြင့် ရှေ့သို့တိုးလာလေသည်။

“ဘာလို့လဲ”

ရှန်ဟွိုင်နျန်လည်း တိတ်တဆိတ် နားစွင့်နေလိုက်လေ၏။

“ဘာလို့လဲဆိုတော့ ငါ့ဆွေမျိုးက အဲဒီကိစ္စမှာသိပ်မစွမ်းလို့လေ”

ရှန်ဟွိုင်နျန်က ခေါင်းလှည့်ကာမေးလိုက်သည်။

“ဘယ်ကိစ္စလဲ”

ကျန်းချင်းလျန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

‘တပ်မှူးက အတင်းအဖျင်းတွေကို စိတ်မဝင်စားဘူး မဟုတ်ဘူးလား'

ရှောင်ချီက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် အသံနှိမ့်ကာဖြေလိုက်လေ၏။

“ကုတင်ပေါ်မှာ မစွမ်းတာလေ၊ အချိန်က အရမ်းတိုလွန်းလို့”

*ဒေါင်*

ရှန်ဟွိုင်နျန်လက်ထဲမှ ရေခွက်မှာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားပြီး ဂိုဂျီဘယ်ရီသီးများနှင့် ရေများနေရာအနှံ့ ဖိတ်စင်သွားလေတော့သည်။

ရှောင်ချီမှာ ရယ်ချင်စိတ်ကိုမနည်းအောင့်ထားရလေသည်။

‘ဘုရားရေ၊ တပ်မှူးကတော့ တကယ်ကို အစွမ်းကုန်ကြိုးစားနေတာပဲ၊ ခွက်သေးသေးလေးတစ်ခွက်ထဲကို ဂိုဂျီဘယ်ရီသီးတွေ ဒီလောက်အများကြီးထည့်ထားတာ၊ အပူကန်မှာကို မကြောက်ဘူးလား'

ကျန်းချင်းလျန်သည် ကြမ်းပြင်ပေါ်ရှိ ဂိုဂျီဘယ်ရီသီးများကိုတွေ့လိုက်ရပြီးနောက် မော့ကြည့်လိုက်ရာ သူ့အားမျက်စိမှိတ်ပြနေသော ရှောင်ချီကိုမြင်လိုက်ရပြီး ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားလေတော့၏။

ကျန်းချင်းလျန်သည် ကြမ်းပြင်ကို ရှင်းလင်းရန် တံမြက်စည်းသွားယူလိုက်ပြီး ရှောင်ချီကိုဟန်ဆောင်မေးမြန်းလိုက်သည်။

“ကုသလို့ရမယ့် နည်းလမ်းရောရှိလား၊ ကုတင်ပေါ်မှာ မစွမ်းဘူးဆိုတာ ကျောက်ကပ်အားနည်းလို့ဖြစ်ရမှာပေါ့နော်”

ရှန်ဟွိုင်နျန်နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်နေလေပြီ။

ရှောင်ချီက ခေါင်းညိတ်ပြလိုက်သည်။

“လျောင်းနင်ပြည်နယ်မှာ တိုင်းရင်းဆေးဆရာအိုကြီးတစ်ယောက်ကို ငါသိတယ်၊ သူ့အထူးကုသမှုက အမျိုးသားတွေရဲ့ကျောက်ကပ်အားနည်းရောဂါကို ကုသပေးတာပဲ၊ ဆေးနည်းနည်းလောက်သောက်လိုက်တာနဲ့ ရောဂါပျောက်ကင်းသွားတာချည်းပဲ”

ရှန်ဟွိုင်နျန် မနေနိုင်တော့ပဲ အလောတကြီး ဝင်မေးလိုက်၏။

“ဘယ်ဆရာဝန်လဲ၊ သူ ဘယ်မှာရှိတာလဲ”

ရှောင်ချီက ခေါင်းကုတ်ရင်းပြန်လည်မေးခွန်းထုတ်လေသည်။

“တပ်မှူး ဘာဖြစ်လို့လဲ၊ တပ်မှူးလည်း ကျောက်ကပ်အားနည်းနေလို့လား”

ရှန်ဟွိုင်နျန်က ရှောင်ချီလက်မောင်းကို လွှတ်လိုက်ပြီး နောက်လှည့်ကာ အေးစက်စက်လေသံဖြင့် ငြင်းဆိုလိုက်သည်။

“ငါက ဘယ်လိုလုပ်ပြီး ကျောက်ကပ်အားနည်းရမှာလဲ၊ ငါ့မှာ အဲ့လိုသူငယ်ချင်းတစ်ယောက်ရှိလို့ပါ”

ရှောင်ချီက ချက်ချင်းပြန်ဖြေလိုက်၏။

“နားလည်ပါပြီ နားလည်ပါပြီ၊”

သူက ရှန်ဟွိုင်နျန်ကိုလိပ်စာပေးလိုက်လေသည်။ ထိုသူနှစ်ဦးသည် ခိုးကြောင်ခိုးဝှက်ဖြင့် အပြင်သို့ ပြေးထွက်လာကြသည်။ ကျန်းချင်းလျန်မှာမူ အနည်းငယ်မယုံကြည်နိုင်ဖြစ်နေ၏။

“မင်းပြောတဲ့ တိုင်းရင်းဆေးဆရာအိုကြီးက တကယ်ရောယုံရရဲ့လား”

ရှောင်ချီက သူ့ရင်ဘတ်ကိုပုတ်ကာ အာမခံလေသည်။

“ဒါပေါ့၊ ငါ့မှာ တကယ်မစွမ်းတဲ့ ဆွေမျိုးတစ်ယောက်ရှိတယ်၊ အဲဒီမှာ ကုလိုက်တာ ပျောက်သွားတာပဲ”

ကျန်းချင်းလျန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။

“ဒါပေမယ့် ငါတို့တပ်မှူးကမစွမ်းတဲ့ပုံလည်း မပေါက်ပါဘူးနော်”

ရှန်ဟွိုင်နျန်သည် ထိုနှစ်ဦးထွက်ခွာသွားသည်ကိုကြည့်နေပြီးနောက် ရှောင်ချီပေးထားသော လိပ်စာအတိုင်း တိုက်ရိုက်မောင်းနှင်သွားလေတော့သည်။

သူ ရောက်ရှိသွားချိန်တွင် သူ့ရှေ့၌လူနှစ်ဦးရောက်နှင့်နေလေပြီ။

တိုင်းရင်းဆေးဆရာအိုကြီးမှာ အသက်ရှစ်ဆယ်အရွယ်ခန့် ရှိပြီဖြစ်ပြီး မုတ်ဆိတ်မွေးပါးပါးလေး ရှိလေသည်။

သူသည် လူနာ၏သွေးကြောကို စမ်းသပ်နေစဉ် သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်နေလေသည်။ အချိန်အတန်ကြာပြီးနောက် သူမေးလိုက်၏။

“ဆေးလိပ်သောက်လား”

“မသောက်ပါဘူး”

“အရက်သောက်လား”

“မသောက်ပါဘူး”

“အအေးတွေ သောက်ချင်စားချင်စိတ် ဖြစ်တတ်လား”

“မဖြစ်ပါဘူး”

“အဲဒီလိုကိစ္စတွေကို ကြည့်ဖြစ်သေးလား”

“…”

သူ့ရှေ့မှ အမျိုးသားမှာစကားဆက်မပြောနိုင်တော့ပေ။

ဆရာဝန်အိုကြီးက ထပ်မံမေးမြန်းမှသာ ထိုအမျိုးသားက အမှန်အတိုင်းဖြေလေတော့သည်။

“ဆေးလိပ်လည်း သောက်တယ်၊ အရက်လည်း သောက်တယ်၊ ရေခဲတုံးတွေလည်းစားတယ်”

ဆရာဝန်အိုကြီးက လက်ဝှေ့ယမ်းလိုက်ပြီး ဆေးစာတစ်စောင်ရေးပေးလိုက်၏။

“သွားတော့၊ ဒီကုထုံးအတိုင်း တစ်ပတ်လောက်လုပ်ကြည့်၊ မင်း ဆယ်မိနစ်လောက်တော့ပြဿနာမရှိဘဲ အေးဆေးလုပ်နိုင်မယ်လို့ ငါအာမခံတယ်”

ထိုအမျိုးသားသည် ဆေးစာကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ ဝမ်းသာအားရ ထွက်ခွာသွားလေတော့သည်။

သူ့နောက်မှ အမျိုးသားကမူ လှောင်ပြောင်လိုက်သည်

“ဂုဏ်သိက္ခာလေး ဘာလေးလည်းထားပါဦး၊ ဆယ်မိနစ်လေးရတာကို ဒီလောက်တောင် ပျော်နေရလား”

ဆရာဝန်အိုကြီးက သူ့ကိုတစ်ချက်စိုက်ကြည့်လိုက်၏။

“လက်ပေးစမ်း”

ပုံမှန်အတိုင်း စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဆရာဝန်အိုကြီးက မေးလိုက်သည်။

“မင်းက ဒေါသထွက်လွယ်သလား”

“ကျွန်တော် ဒေါသမထွက်တတ်ပါဘူး၊ သဘောကောင်းပါတယ်”

“မင်းက ကုတင်ပေါ်မှာ နှစ်မိနစ်တောင် မခံဘူးမလား၊ တစ်ခါတလေ ဘောင်းဘီချွတ်လိုက်တာနဲ့ ပြီးသွားရော မဟုတ်လား”

“ချီးပဲ ဒီအဘိုးကြီး၊ ခင်ဗျားဆက်ပြီးလျှောက်ပြောနေရင် ခင်ဗျားဆိုင်ကို ရိုက်ခွဲပစ်မယ်”

ဆရာဝန်အိုကြီးက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ဆေးမှတ်တမ်းတွင် ‘ဒေါသထွက်လွယ်သည်’ ဟု ရေးမှတ်လိုက်၏။

“ငါ ကုပေးနိုင်ပါတယ်”

*ဘိုင်း*

ထိုအမျိုးသားသည် ဒူးထောက်ချလိုက်ပြီး ဆရာဝန်အိုကြီး၏ခြေထောက်များကို ဖက်တွယ်ကာ ‘အဖေ’ ဟု ထပ်ခါတလဲလဲ ခေါ်ဆိုလေတော့သည်။

ရှန်ဟွိုင်နျန်မှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရလေ၏။

သူ အပေါ်သို့မော့ကြည့်လိုက်သောအခါ အခန်း၏အထက်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည်။

‘ကျွန်တော်က တိုင်းရင်းဆေးဆရာအိုကြီးပါ၊ လေလုံးထွားတဲ့ ရောဂါကို အထူးကုသပေးပါတယ်’ ဟုပင်။

All Chapters