အခန်း ၁၆၅
Vol. 17 Ch. 165
Ch-165
သူ ဆက်၍ပင်မကြည့်ချင်တော့ပေ။
သူထွက်ခွာရန် ပြင်လိုက်စဉ် ဆရာဝန်အိုကြီးက သူ့ကိုလှမ်းခေါ်လိုက်သည်။
“မင်း ဒီကိုလာခဲ့”
ရှန်ဟွိုင်နျန်မှာ လည်ချောင်းထဲတွင် တစ်စုံတစ်ရာဆို့နင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ခဏမျှစဉ်းစားပြီးနောက် အနီးသို့လျှောက်သွားလိုက်သည်။
“မင်း ဘာရောဂါလာပြတာလဲ”
“ကျွန်တော်”
သူ မပြတော့ဘူးဟုပြောရန် ပြင်လိုက်စဉ် ရှောင်ချီပြောခဲ့သော ဆွေမျိုးအကြောင်းနှင့် ရှဲ့လီက သူမသွားသေးသေးလေးများဖြီးကာ သူ့အား ‘မားမားခေါက်ဆွဲ’ ဟု လှောင်ပြောင်ခဲ့သော အိပ်မက်ဆိုးကို ရုတ်တရက်သတိရသွားလေသည်။
ရှန်ဟွိုင်နျန်က စိတ်တင်းထားလိုက်သည်။
“ကျွန်တော်က သုံး....သုံးမိနစ်ပဲ”
သူ့သွားများကို ကြိတ်ထားရလွန်းသဖြင့် အမှုန့်ပင်ဖြစ်သွားတော့မတတ်ပင်။
ဆရာဝန်အိုကြီးက သူ့သွေးကြောကို စမ်းသပ်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူကလေးနက်သော မျက်နှာထားဖြင့် မှတ်ချက်ချလေ၏။
“မင်း”
ရှန်ဟွိုင်နျန်သည် စိုးရိမ်တကြီးဖြင့် သူ့အင်္ကျီအစွန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိလေသည်။
“မင်းမှာ ဘာရောဂါမှမရှိပါဘူး၊ ရောဂါမရှိတဲ့အပြင် မင်းကတော်တော်လေးကိုစွမ်းတဲ့သူပါ”
ဆရာဝန်အိုကြီးမှာ နားမလည်နိုင်ဖြစ်သွားပြီးနောက် တစ်စုံတစ်ရာကိုတွေးမိသွားကာ မေးလိုက်၏။
“ဒါက မင်းအတွက်ဘယ်နှကြိမ်မြောက်လဲ”
“ပထမဆုံး.....ပထမဆုံးအကြိမ်ပါ”
“အော် မင်းက ဘာမှနားမလည်သေးတဲ့ လူပျိုရည်မပျက်သေးတဲ့ လူပျိုကြီးပဲကိုး”
ရှန်ဟွိုင်နျန်မှာ အံတင်းတင်းကြိတ်ထားရလေသည်။
ဆရာဝန်အိုကြီးက လက်ဝှေ့ယမ်းလိုက်သည်။
“ပြန်တော့၊ ဒီည မင်းရဲ့ဇနီးနဲ့ နောက်တစ်ခါပြန်စမ်းကြည့်လိုက် စိတ်မပူနဲ့”
ရှန်ဟွိုင်နျန် ထွက်လာခဲ့လေ၏။
‘ဒီည ရှဲ့လီနဲ့ နောက်တစ်ခါပြန်စမ်းကြည့်ရမယ်တဲ့လား’
သူသည် သုံးမိနစ်နှင့်တင် တိုက်ပွဲပြီးဆုံးသွားမည်ကို ကြောက်ရွံ့နေမိသည်။
အိမ်ပြန်ရောက်သောအခါ ရှဲ့လီသည် ထင်းရှူးပင်ကြီးအောက်တွင်ထိုင်ကာ မရီးများနှင့်အတူ စကားစမြည်ပြောဆိုနေလေသည်။
အမျိုးသမီးများ၏စကားဝိုင်းဆိုသည်မှာ အတင်းအဖျင်းများမှလွဲ၍ အခြားမရှိပေ။ ဝမ်တာ့အာက ဘေးတွင်ညည်းတွားနေလေသည်။
“ငါ့ယောက်ျားက အသံသာကျယ်တာ အလုပ်မဖြစ်ဘူး၊ မနေ့ညက ဘောင်းဘီချွတ်တဲ့အချိန်ကနေ ပြီးတဲ့အထိ ဘယ်နှမိနစ်ကြာတယ်ထင်လဲ”
ရှဲ့လီက သူမသွားသေးသေးလေးများ ပေါ်အောင်ရယ်ပြလိုက်သည်။
“သုံးမိနစ်လား”
ရှန်ဟွိုင်နျန်၏နှလုံးသား ရင်အုံမှ ခုန်ထွက်မတတ် ဖြစ်သွားလေ၏။
ဝမ်တအာက ရယ်မောလိုက်သည်။
“သုံးမိနစ် ဟုတ်လား၊ အဲဒါ ယောကျ်ားရော ဟုတ်သေးရဲ့လား၊ တကယ်လို့ သုံးမိနစ်သာဆိုရင်တော့ မုဆိုးမဘဝနဲ့ မနေရအောင် သူ့ကိုအမြန်ဆုံး ကွာရှင်းလိုက်တာပဲကောင်းမယ်”
ရှန်ဟွိုင်နျန်ကမ္ဘာကြီး ပြိုကျပျက်စီးသွားလေတော့သည်။
“ဟေး ရှောင်ရှဲ့၊ တပ်မှူးရှန်က ကုတင်ပေါ်မှာ ကြမ်းလား၊ သူက တော်တော်ကြမ်းမယ့်ပုံပဲနော်”
ရှဲ့လီက ဘာမှမပြောဘဲပြုံးရုံသာနေလိုက်၏။ ရှန်ဟွိုင်နျန်သည် ခြေဆောင့်ကာ ရှေ့တိုးသွားပြီး ရှဲ့လီကိုဆွဲလိုက်သည်။
“ရှောင်လီ အိမ်ပြန်ကြစို့”
ရှဲ့လီသည် သူမလက်ထဲရှိ ဖရဲစေ့များကိုပင် စား၍မကုန်သေးပေ။ သူမသည် ဖရဲစေ့များကို ကိုက်စားရင်း သူ့နောက်သို့ လိုက်ပါသွားလေသည်။
အိမ်ရောက်သည်နှင့်တစ်ပြိုင်နက် ရှန်ဟွိုင်နျန်က ရှဲ့လီကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်လေသည်။
ရှဲ့လီမှာ ဘာဖြစ်မှန်းမသိသဖြင့် ဖရဲစေ့များကိုသာ ဆက်စားနေလေ၏။
“ရှောင်လီ၊ ကိုယ်က အရမ်းမြန်လွန်းတယ်လို့ မင်းထင်လား”
‘ဖူး အဟွတ် အဟွတ်'
ရှန်ဟွိုင်နျန်က ဤမျှလောက် တိုက်ရိုက်ကြီးမေးလာလိမ့်မည်ဟု ရှဲ့လီ မမျှော်လင့်ထားခဲ့ပေ။
သူမ စာအုပ်ထဲသို့ကူးပြောင်းမလာမီက လူကြီးကြိုက်ဝတ္ထုများစွာကို ဖတ်ရှုခဲ့ပြီး ဇာတ်လမ်းတိုများစွာကိုလည်း ကြည့်ရှုခဲ့ဖူးသဖြင့် ယောကျ်ားတစ်ယောက်၏ပထမဆုံးအကြိမ်သည် များသောအားဖြင့် အလွန်မြန်ဆန်တတ်ကြောင်း သူမသိရှိထားလေသည်။
သို့သော် ရှန်ဟွိုင်နျန်၏တုံ့ပြန်ပုံကို ကြည့်ရသည်မှာ သူ မသိထားလောက်ပေ။
ရှဲ့လီ မဲ့ပြုံးပြုံးလိုက်သည်။ ဤမျှလောက်တောင် အပြစ်ကင်းစင်နေရသည်လား။ သူမက ဝမ်းနည်းဟန်ဆောင်ကာ ခေါင်းညိတ်ပြလိုက်သည်။
“အင်း”
ရှန်ဟွိုင်နျန်မျက်နှာပေါ်တွင် မျက်ရည်များ ချက်ချင်းပင်စီးကျလာလေတော့သည်။
ရှဲ့လီမှာ ဆွံ့အသွားရလေ၏။
“….”
‘မဖြစ်နိုင်တာ မဖြစ်နိုင်တာ မဖြစ်နိုင်တာ၊ သူ ငိုနေတယ်လား'
‘ငါ သိပ်သဘောကျတာပဲ၊ ဒီလိုမျိုး ယောကျ်ားတစ်ယောက်ကို ငိုအောင်လုပ်ရတာ ငါသိပ်ကြိုက်တယ်’
ရှဲ့လီသည် သူမကိုယ်သူမရမ္မက်ကြီးသော မိန်းမတစ်ဦးအဖြစ် ခံစားလိုက်ရလေသည်။
သူမ ခေါင်းကိုတစ်ဖက်သို့ လွှဲလိုက်ပြီး အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။
“ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ကျွန်မကို ကြမ်းကြမ်းတမ်းတမ်းယောကျ်ားတစ်ယောက်လောက် မိတ်ဆက်ပေးပါလား”
သန်မာသောလက်တစ်စုံက သူမခါးသွယ်သွယ်ကို အနောက်မှနေ၍ ရစ်ပတ်ဖက်တွယ်လာလေသည်။
ထိုအမျိုးသား၏ငိုသံပါနေသော အသံလေးမှာ နားထောင်လို့အလွန်ကောင်းလှပေသည်။
“မလုပ်ပါနဲ့၊ ကိုယ်ကြိုးစားပါ့မယ်”
ရှဲ့လီမှာ ကြောင်တောင်တောင်ဖြစ်သွားရ၏။
“….”
ဒီကိစ္စကိုလည်း ကြိုးစားလို့ရသေးတာလား။
“မင်းက ဗိုက်ကြွက်သားတွေကိုကိုင်ရတာ ကြိုက်တယ်ဆိုတော့ ကိုယ်ကပိုပြီးထင်းလာအောင် နေ့တိုင်းလေ့ကျင့်ခန်းလုပ်မယ်လေ၊ ကိုယ်တို့နှစ်ယောကစလုံး နေ့တိုင်း တစ်နာရီလောက် လေ့ကျင့်ခန်းအတူတူလုပ်မယ်ဆိုရင် ကိုယ် သေချာပေါက်စွမ်းလာမှာပါ”
သူ့လေသံမှာ ရိုးသားသယောင်ယောင်နှင့် ဆွဲဆောင်မြှူဆွယ်နေသယောင်ယောင်ပင်။
ရှဲ့လီသည် တစ်စုံတစ်ရာမှားယွင်းနေကြောင်းကို အာရုံခံမိသော်လည်း မည်သည့်အရာဆိုသည်ကို အတိအကျမပြောပြတတ်ပေ။
သူမအမျိုးသား၏လက်များမှာ ယခုအခါတွင် တုံ့ဆိုင်းနေခြင်းမရှိတော့ပေ။
သူတို့သည် ဧည့်ခန်းမှနေ၍ အိပ်ခန်းအတွင်းသို့ ရွှေ့ပြောင်းသွားကြလေသည်။
(T/N …. ဤနေရာတွင် ရှန်ဟွိုင်နျန်၏ ယောင်္ကျားဆန်မှု ဖော်ပြချက်ပေါင်း သုံးသောင်းသုံးထောင်ကို ချန်လှပ်ခဲ့သည်။)
ဤတစ်ကြိမ်တွင်တော့ ရှဲ့လီ လုံးဝ လက်မြှောက်အရှုံးပေးလိုက်ရလေပြီ။
‘သူကမစွမ်းတာမဟုတ်ဘဲ အရမ်းစွမ်းလွန်းနေတာပဲ’
“မလုပ်နဲ့တော့ တော်ပါတော့၊ ရှင်က အရမ်းတော်ပါတယ်၊ ရှင်က ချက်ချင်းပြီးတဲ့သူမဟုတ်ပါဘူး”
ရှဲ့လီသည် ကုတင်ပေါ်မှတွားသွားဆင်းရန် ကြိုးပမ်းလိုက်လေသည်။
သူမခြေကျင်းဝတ်ကို နွေးထွေးသော လက်တစ်စုံက ညင်သာစွာဆွဲဖမ်းလိုက်လေသည်။ အမျိုးသား၏အသံမှာ အလိုလိုက်မှုများနှင့်အတူ မကျေနပ်မှုများလည်း ရောယှက်နေလေ၏။
“ရှောင်လီ”
သတိမလစ်သွားမီလေးတွင် ရှဲ့လီ ရုတ်တရက် သဘောပေါက်သွားလေသည်။
ဤကောင်စုတ်က သနားစရာကောင်းအောင် တမင်သက်သက်ဟန်ဆောင်နေခဲ့ခြင်းဖြစ်သည်။ သူက သူမကိုတမင်သက်သက် ထောင်ချောက်ဆင်နေခဲ့ခြင်းပင်။
သူမသည် ရှန်ဟွိုင်နျန်ပခုံးကို ကိုက်ပစ်လိုက်သည်။ သူက ညည်းတွားလိုက်သော်လည်း ဂရုမစိုက်ပေ။
“လိမ္မာပါတယ် ပြီးခါနီးနေပြီနော်”
ရှဲ့လီ စိတ်ထဲမှတွေးလိုက်သည်။
‘ရှင်ပြောတာ တစ်ခွန်းမှမယုံဘူး'
ရှဲ့လီ မျက်ဖြူလန်ကာသတိလစ်သွားလေတော့သည်။