← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

Ch-171

ရှန်ဟွိုင်နျန်သည် သူမကိုခရီးသွားရန်နှင့် အနားယူရန် ခေါ်ဆောင်သွားလိုသော်လည်း သူမကမူ သူ့ကိုလှည့်စားနေခြင်းဖြစ်သည်။

သူမသည် စိတ်ထဲတွင် ဝံပုလွေအိုကြီးကို ထပ်မံဆဲဆိုလိုက်ပြန်လေသည်။

“….”

ရှန်ဟွိုင်နျန်သည် ဆက်တိုက်နှာချေလိုက်မိပြန်၏။

“ဟတ်ချိုး ဟတ်ချိုး”

ရှဲ့လီသည် အလျင်အမြန်သူ့ကျောကို ပွတ်သပ်ပေးကာ ဖားယားလိုက်သည်။

“အားနျန် အဆင်ပြေရဲ့လား”

ရှန်ဟွိုင်နျန် ခေါင်းခါပြလိုက်ပြီး သူသည်လည်း အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသည်။

နောင်တစ်ချိန်တွင် သူသာဝံပုလွေအိုကြီးဖြစ်ကြောင်း ရှောင်လီသိသွားသောအခါ သူ့ကိုမရိုက်နှက်ပါစေနှင့်ဟုသာ မျှော်လင့်ရတော့၏။

ယခုအချိန်တွင် သူ ဘာမျှမပြောနိုင်သေးပေ။ ပထမအချက်အနေဖြင့် အဖွဲ့အစည်း၏စည်းမျဉ်းများကို ချိုးဖောက်၍မရနိုင်သလို ဒုတိယအချက်အနေဖြင့် ဤအချက်ကို ထုတ်ဖော်ပြောဆိုလိုက်ပါက အဖွဲ့အစည်းသည် သူတို့နှစ်ဦးကို သေချာပေါက်ခွဲပစ်ပေလိမ့်မည်။

ဤကဲ့သို့သော အန္တရာယ်များလှသည့် ပတ်ဝန်းကျင်မျိုးတွင် ရှဲ့လီကို တစ်ယောက်တည်း လုံးဝထားရစ်ခဲ့၍မဖြစ်နိုင်ပေ။

ရှဲ့လီသည် တလီခွေ့ဖြစ်နိုင်သည်ဟု သူ သံသယရှိနေကြောင်းကို ဖုံးကွယ်ထားခြင်းမှာပင် သူ့သစ္စာစောင့်သိမှုကို ဖောက်ဖျက်ရာရောက်နေခဲ့လေပြီ။

ထိုညတွင် သူတို့နှစ်ဦးသည် အတွေးကိုယ်စီဖြင့် တစ်ယောက်ကိုတစ်ယောက် ဖက်ကာအိပ်စက်ခဲ့ကြလေသည်။

နောက်တစ်နေ့ နံနက်စောစောတွင် ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့ အိမ်မှစောစောစီးစီးထွက်လာခဲ့ကြသည်။

“ရဲဘော် ခန်မြို့တော်ကိုသွားမယ့် အထူးတန်းအိပ်စင်လက်မှတ်နှစ်စောင်ပေးပါ”

ရှန်ဟွိုင်နျန်သည် လက်မှတ်ဝယ်ယူရန်အတွက် သူ့ထောက်ခံစာနှင့် မှတ်ပုံတင်ကို ထုတ်ပြလိုက်၏။ လက်မှတ်ဝယ်ယူပြီးနောက် သူတို့နှစ်ဦးထွက်ခွာရန်ပြင်လိုက်စဉ် ရင်းနှီးကျွမ်းဝင်နေသော အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရလေသည်။

“ရဲဘော် ခန်မြို့တော်ကိုသွားမယ့် လက်မှတ်နှစ်စောင်ပေးပါ၊ ကျွန်မတို့ကို ရှေ့ကနှစ်ယောက်နဲ့ တစ်ခန်းတည်းကျအောင် စီစဉ်ပေးလို့ရမလား”

ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်း နောက်လှည့်ကြည့်လိုက်ကြသည်။

‘ကျောင်းဇီဇယ်ပါလား”

သူမအနောက်တွင် မျက်နှာပျက်နေသော ဖေ့ရှုချန်ကလိုက်ပါလာလေ၏။ ရှန်ဟွိုင်နျန် လန့်ဖြပ်သွားလေသည်။

“….”

ကျောင်းဇီဇယ်က သူတို့လှည့်ကြည့်သည်ကိုမြင်သောအခါ ပြုံးဖြီးဖြီးဖြင့် နှုတ်ဆက်လေသည်။

“အိုး တိုက်ဆိုင်လိုက်တာနော်”

ရှဲ့လီမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားရ၏။

“တိုက်ဆိုင်တာ မဟုတ်ဘူး၊ တမင်သက်သက်လုပ်တာပဲ”

ရှန်ဟွိုင်နျန် မျက်နှာတစ်ပြင်လုံးမည်းမှောင်သွားပြီး မြေခွေးမျက်ဝန်းများမှာလည်း အလွန်တရာအေးစက်ခက်ထန်လာကာ မြင်သူတိုင်း၏နှလုံးသားကိုပင် အေးခဲသွားစေနိုင်လေသည်။

“တိုက်ဆိုင်တယ် ဟုတ်လား”

ဖေ့ရှုချန်သည် သူ့လက်မောင်းများကို ပွတ်သပ်လိုက်မိသည်။ သူ့ကို အဘယ်ကြောင်း စူးစူးရဲရဲလာကြည့်နေရသနည်း။

သူ ကိုယ်တိုင်လည်းလိုက်မလာချင်ခဲ့ပေ။ သူ့ဝမ်းကွဲအစ်မသည် မည်သည့်ပြုစားမှုများကို ခံထားရသည်မသိ ရှဲ့လီဆိုသော ထိုကောင်မကိုမှ အလွန်အမင်း သဘောကျနေပြီး သူ့ကို ရှဲ့လီနှင့် ပြန်လည်သင့်မြတ်စေရန် အတင်းအဓမ္မ ကြိုးစားနေခြင်းဖြစ်သည်။

‘သူမ ရူးနေတာလား'

သို့သော် သူသည် သူမကို ပြန်မငြင်းရဲပေ။ ယခုအခါ သူ့ဘဝရပ်တည်ရေးမှာ ဝမ်းကွဲအစ်မဖြစ်သူအပေါ်တွင် လုံးဝ မှီခိုနေရပြီး သူမအထောက်အပံ့ကိုသာ ဆုံးရှုံးသွားပါက လမ်းဘေးရောက်သွားနိုင်လေသည်။

ကျောင်းဇီဇယ်က ရှန်ဟွိုင်နျန်ကို ပြန်စိုက်ကြည့်လိုက်၏။

“ဘာကြည့်နေတာလဲ၊ နင်တို့က စီးလို့ရပြီး ငါတို့ကျစီးလို့မရဘူးလား”

ရှန်ဟွိုင်နျန်၏မြေခွေးမျက်ဝန်းများ အသာကျဉ်းမြောင်းသွားပြီး အေးစက်စက်လေသံဖြင့် ပြန်ပက်လိုက်သည်

“နင့်အဖွားရဲ့အတွင်းခံဘောင်းဘီပေါ်မှာ ပန်းပွင့်လေးတစ်ပွင့် တွေ့နေလို့”

ထိုသို့ပြောပြီးနောက် သူကရှဲ့လီကိုဆွဲခေါ်သွားလေတော့သည်။

‘မကျွတ်မလွတ်တဲ့ သရဲမ'

ကျောင်းဇီဇယ်သည် ထိုစကားကို နားလည်ရန် အချိန်အတော်ကြာ တွေးတောလိုက်ရပြီး နောက်ဆုံးတွင်မှ ခြေဆောင့်ကာ ပြန်လည်ကျိန်ဆဲလိုက်လေသည်။

“နင့်အဖွားရဲ့အတွင်းခံဘောင်းဘီပေါ်မှာပဲ ပန်းပွင့်လေးရှိတာ၊ နင့်မိသားစုတစ်ခုလုံးရဲ့ အတွင်းခံဘောင်းဘီတွေပေါ်မှာ ပန်းပွင့်တွေရှိတာ”

ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့အခန်းထဲတွင် တစ်နေရာသာကျန်ရှိတော့ပြီး ကျောင်းဇီဇယ်က ထိုနေရာကို ဖေ့ရှုချန်အတွက် ဝယ်ပေးလိုက်လေသည်။

သူမ လိုက်သွားရသည်ဖြစ်စေ၊ မလိုက်သွားရသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည်မှာ သူမဝမ်းကွဲမောင်လေးက ရှဲ့လီနှင့် အတူတကွ အချိန်ဖြုန်းခွင့် ရရှိသွားရန်သာပင်။

ရထားခန်းအတွင်း၌ ရှဲ့လီသည် ဘေးဘက်တွင်ရပ်နေပြီး ရှန်ဟွိုင်နျန်က သူမအတွက် အိပ်ရာကိုပြင်ဆင်ပေးနေလေသည်။

အထူးတန်းအိပ်စင်ခန်းတစ်ခန်းတွင် အိပ်စင်လေးခုပါဝင်ပြီး တစ်ဖက်စီတွင် အထက်နှင့်အောက် အိပ်စင်များရှိလေသည်။ ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့နှစ်ဦးလုံးမှာ အောက်ထပ်အိပ်စင်များကို ရရှိထားကြသည်။

ကျောင်းဇီဇယ်သည် ဤမျှလောက်အထိ ဇွဲလုံးလကြီးမားလိမ့်မည်ဟု ရှဲ့လီ လုံးဝမျှော်လင့်မထားခဲ့ပေ။

သူမနှင့် ဖေ့ရှုချန်တို့မှာ လုံးဝမဖြစ်နိုင်တော့ကြောင်းနှင့် ဖေ့ရှုချန်သည် လူယုတ်မာတစ်ဦးဖြစ်ကြောင်းကို ကျောင်းဇီဇယ်အား သူမရှင်းလင်းပြတ်သားစွာ ပြောပြခဲ့ပြီးဖြစ်သည်။

ကျောင်းဇီဇယ်ကလည်း ဖေ့ရှုချန်မှာ လူယုတ်မာတစ်ဦးဖြစ်ကြောင်းကို မငြင်းဆန်ခဲ့သော်လည်း သူ့ဝမ်းကွဲမောင်လေးသည် လူသစ်စိတ်သစ်ဖြင့် ပြောင်းလဲနေပြီဖြစ်ကြောင်းကိုသာ အထပ်ထပ်အခါခါ အလေးအနက် ပြောဆိုနေခဲ့၏။

ယနေ့တွင် သူမတို့နောက်သို့ တိတ်တဆိတ် လိုက်လာလိမ့်မည်ဟု မည်သူထင်မှတ်ထားခဲ့မည်နည်း။

ရှဲ့လီသည် ဒေါသထွက်နေသော ရှန်ဟွိုင်နျန်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ သူမသည် တာဝန်ကိုပြီးမြောက်အောင် ထမ်းဆောင်ရဦးပေမည်။

ရှန်ဟွိုင်နျန် တစ်ယောက်တည်းနှင့်ပင် ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲနေပြီဖြစ်ရာ ယခုအခါ ကျောင်းဇီဇယ်နှင့် ဖေ့ရှုချန်တို့ကပါ ထပ်မံရောက်ရှိလာကြပြန်ပြီပင်။

‘ကောင်းကင်ဘုံရှင့် ရှင်က ကျွန်မကို အရမ်းအထင်ကြီးလွန်းနေတာလား၊ ဒီထက်ပိုဆိုးနိုင်တဲ့ အခြေအနေမျိုးရော ရှိသေးလို့လား'

*ကျွီ*

ရထားခန်းတံခါးပွင့်သွားပြီး ရင်းနှီးကျွမ်းဝင်နေသော အမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာလေသည်။

“အိုး တပ်မှူးရှန်ပါလား၊ ဟမ် ရှောင်လီ”

အလွန်တရာအရှက်မဲ့လွန်းလှသော အပြုံးများပြည့်နှက်နေသည့် မျက်နှာကို မြင်လိုက်ရသောအခါ ရှဲ့လီသည် သူမမျက်လုံးများအား စုံမှိတ်ချလိုက်မိလေတော့သည်။

‘ချန်ကျွေ့ နင်တော့ သေဖို့သာပြင်ထားပေတော့’

All Chapters