← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

Ch-172

ဖေ့ရှုချန် အခန်းတွင်းသို့ ဝင်ရောက်လာချိန်တွင် ရထားခန်းထဲရှိ လူသုံးဦးလုံးမှာ နေရာအသီးသီးတွင် အခြေတကျရှိနေကြလေပြီ။

ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့မှာ အောက်ထပ်အိပ်စင်များတွင် နေရာယူထားကြပြီး ချန်ကျွေ့သည် ရှန်ဟွိုင်နျန်၏ အပေါ်ထပ်အိပ်စင်တွင် ရှိနေလေသည်။

ထို့ကြောင့် သူ့နေရာမှာ ရှဲ့လီ၏ အပေါ်ထပ်အိပ်စင်သာ ဖြစ်တော့သည်။

သူ အခန်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အမျိုးသားနှစ်ဦး၏စူးရဲရဲ အကြည့်များက သူ့ထံသို့ စူးစိုက်ကျရောက်လာသည်ကို ဖေ့ရှုချန် ခံစားလိုက်ရလေ၏။ သူ ရင်ကိုကော့ကာ ကျောကိုမတ်လိုက်သည်။

သူက ဘယ်အရာကို ကြောက်နေရမည်နည်း။ ယနေ့ သူတို့အားလုံး ဤနေရာတွင်စုနေပြီဖြစ်ရာ အချို့ကိစ္စများကို ရှင်းလင်းပြတ်သားစွာ ပြောဆိုရန်အတွက် အကောင်းဆုံးအချိန်ပင်။

ဖေ့ရှုချန်က လှောင်ပြောင်သော လေသံဖြင့် အစချီလိုက်သည်။

“ခင်ပွန်းတစ်ယောက်နဲ့ တိတ်တိတ်ပုန်းရည်းစား တစ်ယောက်တဲ့လား ဟား ဟား”

ချောမောသော သူ့မျက်နှာမှာ ရွဲ့စောင်းသွားပြီး ရန်စလိုသောအမူအရာများဖြင့် ပြည့်နှက်နေလေသည်။

ရှဲ့လီက သူမသွားလေးများပေါ်သည်အထိ ပြုံးဖြီးလိုက်ပြီး ပွဲကြည့်ရန် အဆင်သင့်ပြင်ထားလိုက်လေ၏။

ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့က လက်သီးများဝှေ့ယမ်းကာ သူ့ကိုစတင်ထိုးကြိတ်ကြတော့သည်။

*နှောင်ချိန် နှောင်ချိန် နှောင်ချိန် ဟေ့ ဟီးယား*

သူတို့နှစ်ဦးသည် လက်မောင်းများကို အားကုန်ဝှေ့ယမ်းကာ လက်သီးချက်ပေါင်းများစွာကို မိုးရွာချသကဲ့သို့ ပစ်သွင်းလိုက်ကြလေသည်။

ပိုမိုစိတ်ချရစေရန်အတွက် ရှဲ့လီက ကြင်နာစွာဖြင့် ရှေ့တိုးသွားကာ ဖေ့ရှုချန်ပါးစပ်ကို ပိတ်ဆို့ထားလိုက်လေ၏။

ထို့ကြောင့် ဖေ့ရှုချန်မှာ ခရုခွံခရာလေး တစ်ခုကဲ့သို့အူသံများသာ ထွက်ပေါ်လာနိုင်တော့သည်။

ဘေးခန်းမှ ခရီးသည်တစ်ဦးက ထိုစည်းချက်အတိုင်း သီချင်းလိုက်ဆိုနေလေသည်။

“ခရုခွံခရာလေးက တူတူမှုတ်တယ်၊ လင်းယုန်ငှက်လေးက အဲဒီအသံကြားတော့ မျက်စိစုံမှိတ်ပြီး ပျံသန်းသွားလေရဲ့”

ရထားတာဝန်ခံက ခေါင်းကုတ်ရင်း တွေးတောနေလေ၏။

“ရထားပေါ်မှာ ဘယ်နေရာကများ ဒိုးပတ်ဝိုင်းအသံတွေ ထွက်နေတာလဲ”

ဖေ့ရှုချန်မှာ မျက်ရည်များကြမ်းပြင်ပေါ်သို့ တသွင်သွင်စီးကျလာသည်အထိ ရိုက်နှက်ခံလိုက်ရလေသည်။

အမျိုးသားနှစ်ဦးက ရိုက်နှက်ခြင်းကို ရပ်တန့်လိုက်သောအခါ ရှဲ့လီကလည်း မတ်တတ်ထရပ်ကာ သူမနေရာသို့ ပြန်သွားလေ၏။

ဖေ့ရှုချန်က ချန်ကျွေ့ခြေကျင်းဝတ်ကို ဆွဲဖမ်းလိုက်သည်။

“ရှဲ့လီက တစ်ပတ်ရစ်ပစ္စည်းကွ၊ သူမက ငါနဲ့ သုံးနှစ်လုံးလုံး လက်ထပ်ခဲ့တာ၊ သူမက လုံးဝကြင်နာတတ်တဲ့သူ မဟုတ်ဘူး၊ မင်းတို့အားလုံး သူမလှည့်စားတာကို ခံနေရတာ”

ရှန်ဟွိုင်နျန်နှင့် ချန်ကျွေ့တို့တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။

‘ရှဲ့လီက ကြင်နာတတ်တယ်ဟုတ်လား'

သူတို့နှစ်ဦးသည် ရှားရှားပါးပါး တညီတညွတ်တည်းဖြစ်သွားကြပြီး အားရပါးရ ရယ်မောကြလေတော့သည်။

ဖေ့ရှုချန်မှာ ဆွံ့အသွားရလေ၏။

“….”

‘ဒီနှစ်ယောက် ရူးနေတာလား၊ အဆိပ်ပြင်းတဲ့မိန်းမကို သူတို့က သဘောကျနေတာလား၊ သူမရဲ့ကောက်ကျစ်ယုတ်မာတဲ့ အကျင့်စရိုက်တွေကို သဘောကျနေတာလား'

ရှန်ဟွိုင်နျန်က အေးစက်စက် လှောင်ပြောင်လိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း၊ ငါ့ရှောင်လီလေးက မင်းကိုအလိုမရှိတော့လို့ စွန့်ပစ်ခဲ့တာလေ၊ ကိုယ် မပိုင်ဆိုင်နိုင်တော့တဲ့အရာကို ဖျက်ဆီးပစ်ဖို့မကြိုးစားနဲ့”

ထို့နောက် သူက ရှဲ့လီဘက်လှည့်ကာ တယုတယပြုံးပြလိုက်လေသည်။ ဖေ့ရှုချန် မြင်ကွင်းမှာ အကြိမ်ကြိမ် မှောင်မိုက်သွားလေတော့၏။

‘ဒီလူ ရူးနေပြီလား'

ချန်ကျွေ့က ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့ ကြည်နူးနေသော အမူအရာများကို ကြည့်ရင်း စိတ်မသက်မသာဖြစ်လာလေသည်။ သူက ခြေထောက်ကို မြှောက်ကာ ဖေ့ရှုချန်ခြေသန်းကို တမင်သက်သက် နင်းချလိုက်၏။

“အား အိုး….”

ဖေ့ရှုချန်က အော်ပရာသီချင်းတစ်ပိုဒ်ကို သီဆိုလိုက်ရလေတော့သည်။

ရှန်ဟွိုင်နျန်က ချန်ကျွေ့ကို စူးရဲရဲစိုက်ကြည့်လိုက်သည်။

“တပ်မှူးချန် တိုက်ဆိုင်လိုက်တာနော်၊ နောက်ထပ်စစ်ဆင်ရေးတာဝန်တစ်ခုနဲ့ ထွက်လာတာလား”

‘သောက်သုံးမကျတဲ့လူက လွှတ်ချမရတဲ့ သရဲတစ်ကောင်လိုပဲ၊ ထွက်သွားစမ်း၊ ငါ့ ဇနီးအနားကနေ ဝေးဝေးနေ'

ချန်ကျွေ့က သွားများပေါ်အောင်ဖြဲပြကာ ပြုံးလိုက်၏။

“ဟုတ်ပါတယ် တပ်မှူးရှန်၊ ကျွန်တော် တာဝန်နဲ့သွားမလို့ပါ”

ထိုသို့ပြောပြီးနောက် သူသည် အပေါ်ထပ်အိပ်စင်သို့ ပေါ့ပါးသွက်လက်စွာ တွယ်တက်သွားလေသည်။

ဖေ့ရှုချန်သည် ရထားခန်းကြမ်းပြင်ပေါ်တွင် မျှော်လင့်ချက်မဲ့စွာ လဲလျောင်းနေပြီး ဖောက်ပြန်ခံရသော ယောကျ်ားတစ်ယောက်ကဲ့သို့ ငြိမ်သက်နေလေ၏။

နောက်ပိုင်းတွင် သူ့ဝမ်းကွဲအစ်မလာရောက်ကြည့်ရှုချိန်၌ သနားစိတ်ဝင်ကာ သူ့ကို ခေါ်ဆောင်သွားပါစေဟုသာ ဆုတောင်းနေမိလေသည်။

သူ ရှဲ့လီကိုလုံးဝသဘောမကျပေ။

ရှဲ့လီကို သေသည်အထိမုန်းတီးလေသည်။ သူမကို သူအနိုင်မရနိုင်သလို ဤအမျိုးသားနှစ်ဦးကိုလည်း သူလုံးဝ ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

အပေါ်ထပ်အိပ်စင်မှနေ၍ ချန်ကျွေ့က ခေါင်းပြူထွက်လာပြီး ဖေ့ရှုချန်ကို လှောင်ပြောင်လေသည်။

“အသုံးမကျတဲ့အမှိုက်၊ ယင်ကောင်လို ပျံဝဲနေတဲ့အမှိုက်၊ ဝတုတ်ပြီး အသုံးမကျတဲ့ အမှိုက်ကောင်”

ရထားခန်းတွင်းရှိ လူသုံးဦးလုံးမှာ အားရပါးရရယ်မောကြပြန်လေ၏။

“ဟား ဟား ဟား ဟား”

“ဟား ဟား ဟား ဟား”

“ဟား ဟား ဟား ဟား”

ဖေ့ရှုချန်၏သည်းခံနိုင်စွမ်းမှာ အကန့်အသတ်သို့ ရောက်ရှိသွားလေပြီ။

သူသည်လည်း ယောကျ်ားတစ်ယောက်ဖြစ်သည်။

‘ပညာတတ်တစ်ယောက်ကို သတ်ပစ်လို့ရပေမယ့် စော်ကားလို့တော့ မရဘူးကွ'

သူသည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ရှေ့သို့တဟုန်ထိုးခုန်ဝင်ကာ ရှန်ဟွိုင်နျန်၏ ခြေသန်းလေးကို လက်သီးဖြင့် ပြင်းပြင်းထန်ထန်ထိုးချလိုက်လေသည်။

ထို့နောက် သူ လှည့်ပြေးလေတော့၏။

‘ငါက အသုံးမကျတဲ့အမှိုက်ကောင် မဟုတ်ဘူးကွ'

သူက ပြေးလွှားရင်းကျယ်လောင်စွာ အော်ဟစ်လိုက်သည်

“ရှန်ဟွိုင်နျန် မင်းက ဖောက်ပြန်ခံရတဲ့လူအ၊ ချန်ကျွေ့ မင်းကလည်း သူများမိန်းမကို လိုက်ပိုးပန်းနေတဲ့ အရှက်မရှိတဲ့ကောင် ဟား ဟား ဟား ဟ ဟား”

တကယ့်ကို ကျေနပ်စရာကောင်းလိုက်လေခြင်း။ သူသည် ရယ်မောရင်းပြေးလာရာ တံခါးလက်ကိုင်ကိုဆွဲဖွင့်တော့မည့်အချိန်သို့ ရောက်ရှိလာလေပြီ။

အောင်ပွဲအရုဏ်ဦးမှာ သူ့မျက်စိရှေ့မှောက်တွင် ရှိနေလေပြီ။

ထိုအချိန်တွင် သူ့မြင်ကွင်းများ ရုတ်တရက် မှောင်မိုက်သွားလေတော့သည်။ အမှောင်ထုဆိုသည်မှာ အိပ်စက်ရန်အတွက် အကောင်းဆုံးအချိန်ပင်။

သူသည် ရှန်ဟွိုင်နျန်၏ဆွဲငင်မှုကြောင့် နောက်သို့ လွင့်စင်သွားသည်။

*ဒေါင် ဒေါင် ချန်း၊ ဒေါင် ဒေါင် ချန်း*

‘ခရုခွံခရာလေးက အတူတူမှုတ်တယ်'

All Chapters