← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း (၈၉) ဒီအစီအစဉ်အတိုင်းဆိုရင် အာထရာမန်း တောင် ဒုက္ခရောက်မှာပဲ

ချန်လန်သည် 【ချေးငွေ】နယ်မြေ၏ အဓိကအယူအဆကို ရှင်းပြလိုက်ပြီး ဆာရာကဲ့သို့ တစ္ဆေတစ်ကောင် လုံးဝနားမလည်နိုင်သော ထိတ်လန့်မှု အစိတ်အပိုင်းများကို ထည့်သွင်းရှင်းပြလိုက်သည်။

ဤသည်က ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများမရှိဘဲ ကိန်းဂဏန်းများ၊ လူမှုရေး ဖိအားများ၊ စိတ်ခံစားမှုဆိုင်ရာ အဓမ္မပြုကျင့်မှုများနှင့် အနာဂတ်အတွက် လွတ်မြောက်လမ်း မရှိသော ဖိအားများသာ ရှိပေ၏။

ထိုစကားများကို နားထောင်ပြီးနောက် ဆာရာပင်လျှင် မမြင်ရသော အေးစိမ့်မှုလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။

"ကျွတ်... ကျွတ်... ကျွတ်..."

ဆာရာသည် သူမ၏ လျှာကို အသံထွက်အောင် စုပ်သပ်လိုက်ပြီး သူမ၏နီရဲသော မျက်လုံးများတွင် စွဲထင်ကျန်ရစ်နေသော ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

"ဒီနယ်မြေက... အထက်တန်းနောက်ဆုံးနှစ်နဲ့ စက်ရုံထုတ်လုပ်မှုလိုင်းထက်တောင် ပိုပြီးမျှော်လင့်ချက်မဲ့နေသလိုပဲ.... ငါတို့ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှာ ရှိတဲ့ အရက်စက်ဆုံး ညှဉ်းပန်းနှိပ်စက်မှုတွေမှာတောင် အဆုံးသတ် ရှိသေးတယ်လေ... လူတစ်ယောက်က သူ့ရဲ့ ဝိညာဉ်ကို ဆုံးရှုံးတာ ဒါမှမဟုတ် နတ်ဆိုးတစ်ကောင် ဖြစ်သွားတာမျိုးပေါ့..."

"ဒါပေမဲ့ နင်ရဲ့ နယ်မြေကတော့ အဆုံးမရှိဘူး... တုံးတိတိဓားတစ်လက်နဲ့ အသားကို ဖြည်းဖြည်းချင်း လှီးဖြတ်နေသလိုပဲ....တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ မှာတောင် ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အရာမျိုး မရှိဘူး..."

ချန်လန်၏ ရှင်းပြချက်ကို နားထောင်ရုံဖြင့် မည်သူမဆို ဤလုပ်ငန်းစဉ်တစ်ခုလုံးကို ဖြတ်ကျော်နိုင်မည်လား ဆိုသည်ကို သူမ စိတ်ကူးပင် မယဉ်နိုင်ကြချေ။

ပထမဆုံးအနေဖြင့်【အထက်တန်းနောက်ဆုံးနှစ်】.... နေ့မနားညဉ့်မနား စာကျက်ခြင်း၊ အနာဂတ်အတွက် စိတ်ကူးယဉ် အလွန်အကျွံ ယှဉ်ပြိုင်ခြင်း....

ထို့နောက် 【စက်ရုံထုတ်လုပ်မှုလိုင်း】ထဲ ဝင်ရောက်ခြင်း၊အလုပ်သမားတစ်ဦးကဲ့သို့ တန်ဖိုးများကို စုပ်ယူခံရခြင်း....

နောက်ဆုံးတွင် ကတိကဝတ် သို့မဟုတ် ချစ်ခြင်းမေတ္တာအတွက် 【ချေးငွေ】ဆိုသည့် ချောက်ကမ်းပါးထဲသို့ ခုန်ဆင်းခြင်း၊ အိမ်တစ်လုံးအတွက် အနှစ်သုံးဆယ် အကြွေးထမ်းခြင်း၊ တစ်သက်တာလုံး ပြန်ဆပ်ရခြင်း....

"ဒီအစီအစဉ်အတိုင်းဆိုရင်..."

ဆာရာသည် တီးတိုးရေရွတ်လိုက်ပြီး ဝမ်းနည်းမှု အရိပ်အယောင်တစ်ခုဖြင့် ပြောလိုက်၏။

"လူတစ်ယောက်ရဲ့ ဘဝက အဆုံးသတ်သွားပြီ မဟုတ်ဘူးလား... သူတို့က ပျော်ရွှင်မှု တစ်စက်လေးတောင် မရခဲ့ဘူး... အရာအားလုံးက ဆင်းရဲဒုက္ခတွေပဲ...ဒါက အနာတရတွေနဲ့ ပြည့်နှက်နေတဲ့ အလုပ်သမားကျေးကျွန်စနစ်တစ်ခုပဲ..."

သူမက ချန်လန်ကို ကြည့်ကာ မယုံကြည်နိုင်လောက်အောင် သေချာသည့် လေသံဖြင့် ပြောဆိုလိုက်သည်။

"တကယ်လို့ ဒီနယ်မြေသုံးခုကို အလှည့်ကျ ကစားရမယ်ဆိုရင် တစ္ဆေတွေတောင် အသက်ရှင်မှာ မဟုတ်ဘူး....လူသားတွေက ဘယ်လိုလုပ်ပြီးဟသည်းခံနိုင်မှာလဲ... ဒါက အရမ်းကြောက်စရာကောင်းတယ်... ဒါက သာမန် ထိတ်လန့်မှု မဟုတ်ဘူး... ဒါက အကြွင်းမဲ့ကြောက်ရွံ့မှုပဲ...."

ချန်လန်က ခါးသီးစွာ ပြုံးလိုက်၏။ အာထရာမန်းလာရင်ပင် ဤအစီအစဉ်အတိုင်း ပြီးဆုံးအောင် လုပ်ဆောင်ရပါက သူ၏မီးလုံးနီလေး လင်းလာပေမည်။ အခြေခံအားဖြင့် စိတ်ဓာတ်ခွန်အား အလွန်အမင်း ကြီးမားသူမှလွဲလျှင် ဤလုပ်ငန်းစဉ်ကို ပြီးဆုံးအောင် လုပ်နိုင်မည့်သူ အလွန်နည်းပါးလှ၏။

အထူးသဖြင့် ချေးငွေပင်။ ဤသည်က လူမည်မျှထိများများကို ပြိုလဲသွားစေခဲ့သည်အား မသိနိုင်ပေ။

ဤကိစ္စနှင့် ပတ်သက်၍ သင့်လျော်သော စကားပုံတစ်ခု ရှိနေသည်။

"ကားချေးငွေအတွက် အံ့ကြိတ်ဆပ်လိုက်ရင် ကြေသွားလိမ့်မယ်...အိမ်ရာချေးငွေအတွက် အံ့ကြိတ်ဆပ်လိုက်ရင် ဘဝတစ်ခုလုံး ကုန်ဆုံးသွားလိမ့်မယ်"

ထို့ပြင် အပြာရောင်ကြယ်တွင် ချေးငွေဟူသော အယူအဆ မရှိချေ။ နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်သောလူများ သေဆုံးနေကြပြီး အိမ်များမှာလည်း အလွန်များပြားသဖြင့် နေထိုင်၍ပင် မကုန်နိုင်ချေ။ ယွမ် သောင်းဂဏန်း သို့မဟုတ် သိန်းဂဏန်းမျှဖြင့် အလွန် သက်တောင့်သက်သာရှိပြီး ကြီးမားသော အိမ်တစ်လုံးကို ဝယ်ယူနိုင်သည်။

သူ၏ ကိုယ်ပိုင်စံအိမ်ကို ဥပမာပြရလျှင် ဤသည်မှာ တရုတ်ယွမ်သန်းတစ်ရာကျော် ကုန်ကျခဲ့သော်လည်း အမှန်အားဖြင့် စံအိမ်သက်သက်၏တန်ဖိုးမှာ ယွမ် ဆယ်သန်းခန့်သာ ရှိပေ၏။ ကုန်ကျစရိတ်များမှာ လက်နက်များနှင့် သတ္တုနံရံများတွင် ရှိနေသည်။ သူသည် စံအိမ်ကို ခိုင်ခံ့စေရန်နှင့် ကာကွယ်ရေးကို မြှင့်တင်ရန် စက်သေနတ်များ၊ ကျည်ဆန်များနှင့် သတ္တုနံရံ အမြောက်အများကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ထိုစံအိမ်သည် စတုရန်းမီတာ တစ်ထောင်ကျော် ကျယ်ဝန်းကြောင်း သိထားရပေမည်။ အကယ်၍ ကမ္ဘာမြေပေါ်တွင်သာဆိုပါက ထိုမျှထိ စည်ကားသော မြို့လယ်ခေါင်နေရာမျိုးတွင် စတုရန်းမီတာ တစ်ထောင်ကျယ်သော စံအိမ်တစ်လုံးကို ယွမ်ဆယ်သန်းဖြင့် ဝယ်ယူရန် အိပ်မက်ပင်မက်နိုင်မည် မဟုတ်ချေ။

ကမ္ဘာမြေရှိ ပထမတန်းစားမြို့ကြီးများတွင် ဤနေရာနှင့် ဤအကျယ်အဝန်းမျိုး ဆိုပါက သာမန်လူတစ်ယောက် နှစ်ရာနှင့်ချီပြီး အလုပ်လုပ်လျှင်ပသ် လက်လှမ်းမမီနိုင်သော အလွန်ကြီးမားသည့် ကိန်းဂဏန်းတစ်ခု ဖြစ်ပေလိမ့်မည်။ ဤသညိမှာ တောင်တမျှ ကြီးမားသော အကြွေးများဖြင့် သူတို့၏ ဘဝများကို ကုန်ဆုံးစေခဲ့သော မရေမတွက်နိုင်သည့်လူများအတွက် ထိတွေ့၍မရနိုင်သော အိပ်မက်တစ်ခုပင်။

"ကောင်းပြီ... နင့်ရဲ့ စွမ်းရည်ကို အသုံးပြုပြီး နင့်ရဲ့ တတိယမြောက် နယ်မြေကို မြန်မြန်ဖန်တီးပါ... နင့်ရဲ့ တတိယမြောက် SSSအဆင့် နယ်မြေကို ကြည့်ဖို့ ငါ အရမ်းစိတ်လှုပ်ရှားနေတယ်"

ဆာရာ အလွန်အံ့အားသင့်ကာ စိတ်လှုပ်ရှားနေသည်။

ချန်လန်သည် သူမကို အံ့အားသင့်အောင် အလွန်အမင်းလုပ်နိုင်ပေ၏။

"အိုး... ဟုတ်သားပဲ... နင့်တပည့်တွေရဲ့ နယ်မြေတွေ ဖန်တီးတာ ဘယ်လိုလဲ..."

"မကြာခင် ဖြစ်လာလိမ့်မယ်... အဲ့ဒီအရာအားလုံး ပြီးစီးဖို့ဆိုရင် တစ်လခွဲလောက် ကြာဦးမယ်..."

ချန်လန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် သူ၏တပည့်များကို သူတို့၏ စွမ်းအားကုန် ထုတ်သုံးကာ နယ်မြေသုံးခု ဖန်တီးခိုင်းထားသ​ည်။ သူတို့ အောင်မြင်လိမ့်မည်ဟု သူ ယုံကြည်လေ၏။

တစ်ချိန်တည်းတွင် သူသည် 'သေဆုံးမှု မရှိသော' ပုံစံဖြင့် နယ်မြေများကို ဆက်လက်၍ဖန်တီးပြီး ပို၍များပြားသောလူများကို မျှော်လင့်ချက်မဲ့သွားစေရန် ရည်ရွယ်ထားသည်။

...

တုန်လှုပ်ချောက်ချားနတ်ဘုရား၏ဟင်းလင်းပြင်၌...

"အရှင်... အဲ့ဒီချန်လန်က တပည့် ဆယ်ယောက်ကျော် လက်ခံထားပါတယ်... ကြည့်ရတာ ကြီးမားတဲ့ လှုပ်ရှားမှုတစ်ခု လာတော့မယ့်ပုံပဲ...."

ပလ္လင်ပေါ်တွင် ထိုင်နေသော တုန်လှုပ်ချောက်ချားနတ်ဘုရားသည် အဆုံးမရှိသော သွေးပင်လယ်များနှင့် ဖျက်ဆီးခြင်းများ ပါဝင်နေပုံရသည့် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ သူ၏လက်ညှိုးသည် အရိုးဖြင့် ထွင်းထုထားသော လက်ရန်းကို စည်းချက်ကျကျ ခေါက်နေပြီး ရင်တုန်ဖွယ်ရာ 'တဒုတ်ဒုတ်' အသံကို ထွက်ပေါ်စေသည်။

"ငါသိတယ်..."

တုန်လှုပ်ချောက်ချားနတ်ဘုရား၏ အသံသည် သံချေးတက်နေသော သတ္တုနှစ်ခု ပွတ်တိုက်နေသကဲ့သို့ နက်ရှိုင်းပြီး အက်ရှရှဖြစ်နေသည်။

"သူ ဖန်တီးခဲ့တဲ့ ဒုတိယမြောက် နယ်မြေဖြစ်တဲ့ စက်ရုံထုတ်လုပ်မှုလိုင်းကို အဲ့ဒီလူအိုကြီးသုံးယောက်က တော်တော်လေး စိတ်ကျေနပ်နေကြတယ်..."

သူသည် ထိုနောက်ဆုံး စကားလုံးအနည်းငယ်ကို အံ့ကြိတ်ကာ အတင်းအကျပ် ညှစ်ထုတ်လိုက်၏။

ထိုအဘိုးကြီးသုံးယောက်သည် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှ ယူဆောင်လာသော အနုတ်လက္ခဏာစွမ်းအင်များကို ခံစားရင်း ငြိမ်သက်စွာ ထိုင်နေကာ အကျိုးအမြတ်များကို ရယူနေကြသည်။ သို့သော် သူတို့သည် လှုပ်ရှားမှုများစွာ ပြုလုပ်လာသဖြင့် သူ့ကို အလွန်အမင်း ကြောက်ရွံ့သွားစေခဲ့သည်။

မူလက တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာသည် သူ၏ အာဏာအောက်တွင် ရှိပြီး ကမ္ဘာမြောက်မြားစွာမှ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများကို ရိတ်သိမ်းနိုင်ခဲ့လေ၏။ သူ၏အထက်တွင် အရာအားလုံးကို ကြီးကြပ်နေသော အမြင့်ဆုံးအရှင်သခင်သုံးပါး ရှိသော်လည်း ထိုရှေးဟောင်းတည်ရှိမှုသုံးပါးသည် လောကီရေးရာများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသည်မှာ ကြာမြင့်နေလေပြီ။ သူတို့သည် စည်းမျဉ်းများ၏လူဝင်စားများအလား အေးအေးဆေးဆေး ထိုင်နေပြီး တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှ အဆက်မပြတ် စီးဆင်းလာသော သန့်စင်သည့် အနုတ်လက္ခဏာစွမ်းအင်များကို ခံစားနေရုံသာ လိုအပ်သည်။

သို့သော် ချန်လန်ဟု အမည်ရသော ဤလူသား ဖန်တီးသူ ထွက်ပေါ်လာပြီးကတည်းက အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ပထမဆုံး 【အထက်တန်းနောက်ဆုံးနှစ်】နယ်မြေသည် ထိုအရာ၏ ထူးခြားသော 'စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု' ပုံစံဖြင့် ထိုလူသုံးဦး၏ အာရုံစိုက်မှုကို အနည်းငယ် ရရှိခဲ့လေ၏။

ထို့နောက် 【စက်ရုံထုတ်လုပ်မှုလိုင်း နယ်မြေက 'စက်မှုလုပ်ငန်းဆန်သော ခေါင်းပုံဖြတ်မှု' ကို အဆုံးစွန်အထိ တိုက်ရိုက်တွန်းပို့ခဲ့သည်။ ထုတ်လုပ်လိုက်သော စွမ်းအင်၏သန့်စင်မှုနှင့် နယ်မြေပုံစံ၏ ဆန်းသစ်မှုတို့က မရေမတွက်နိုင်သော ကပ်ကမ္ဘာများတစ်လျှောက် တိတ်ဆိတ်နေခဲ့သော အမြင့်ဆုံး အရှင်သခင်သုံးပါးကို ချီးကျူးမှုများ ပေးပို့လာစေခဲ့သည်။

ဤသည်မှာ ငြိမ်သက်နေသော ရေနက်ပိုင်းသို့ ဧရာမ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သည်နှင့် တူညီနေသည်။

ထိုရှေးဟောင်းတည်ရှိမှုသုံးပါးသည် ဤလူသားထံတွင် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာအတွက် ဖြစ်နိုင်ချေအသစ်များကို မြင်တွေ့လိုက်ရပုံ ပေါ်လေ၏။ ဤသည်မှာ ရိုးရှင်းသော သတ်ဖြတ်မှုနှင့် ခြောက်လှန့်မှုများ မဟုတ်တော့ဘဲ စိတ်ဝိညာဉ်၏အနှစ်သာရကို ထိတွေ့နိုင်သော ပို၍စနစ်ကျပြီး နက်ရှိုင်းသည့် 'ယဉ်ပါးအောင် ပြုလုပ်ခြင်း' နှင့် 'ရိတ်သိမ်းခြင်း' ပင်။

သူတို့၏ 'အကြည့်' များ ဤနေရာသို့ လှည့်လာသည့် အကြိမ်အရေအတွက် သိသိသာသာ တိုးလာခဲ့ပြီး တုန်လှုပ်ချောက်ချားနတ်ဘုရား ဖြစ်သော သူ့ကို ကျော်ဖြတ်ကာ ချန်လန်အား သွယ်ဝိုက်သော ထောက်ပံ့မှုတချို့ကို တိုက်ရိုက်ပေးအပ်ရန်ပင် စတင်လာခဲ့ကြသည်။

ဥပမာအားဖြင့် ဆာရာကို ရာထူးခန့်အပ်သည့်ကိစ္စပင်။ သူသည် သူမကို ခန့်အပ်လိုခြင်း မရှိခဲ့သော်လည်း ဤသည်မှာ အမြင့်ဆုံး အရှင်သခင်သုံးပါးထံမှ အမိန့်ဖြစ်သောကြောင့် သူ လိုက်နာခဲ့ရလေ၏။

သူ တွေးထင်သည့်အတိုင်းပင် ထိုအဘိုးကြီး သုံးယောက်သည် ချန်လန်ကို တိုက်ရိုက်အကူအညီများစွာ ပေးခဲ့သည်။

သူ၏ ပြန်လည်သုံးသပ်မှု သို့မဟုတ် အတည်ပြုချက် မလိုအပ်ဘဲ သူတို့သည် ချန်လန်ကို တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ၏ အကြီးမားဆုံးနေရာကို ပေးအပ်ခဲ့ကြသည်။

"သခင်ဟေးယွီကို ပြင်ဆင်ခိုင်းထား... အချိန်ကျလာရင် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ ပြိုလဲကျစေမယ့် ဖြစ်ရပ်တစ်ခုကို ငါ ဖန်တီးပြီးတော့ ချန်လန်ကို သူ့ကို သတ်ခွင့်ပေးမယ်... ဒီလူသား သေချာပေါက် သေရမယ်... ငါ့ကို အဟန့်အတားဖြစ်စေတဲ့ သူမှန်သမျှက ငါ့ရဲ့ အောင်မြင်မှု လမ်းကြောင်းပေါ်က ခြေနင်းတုံးတွေ ဖြစ်လာစေရမယ်"

တုန်လှုပ်ချောက်ချားနတ်ဘုရားက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

ယနေ့ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာကို အုပ်ချုပ်နေသော အမြင့်ဆုံးပလ္လင်ပေါ်တွင် တုန်လှုပ်ချောက်ချားနတ်ဘုရား ထိုင်နိုင်ခဲ့ခြင်းမှာ တုန်လှုပ်ချောက်ချားဖွယ်နယ်မြေများကို ဖန်တီးနိုင်စွမ်းကြောင့် သက်သက် မဟုတ်ဘဲ အမြစ်ပြတ် သုတ်သင်ရှင်းလင်းတတ်သော ဤပြတ်သားသည့် ရက်စက်မှုကြောင့် ပို၍ပင်ဖြစ်နေသည်။

သူ၏ တက်လမ်းတစ်လျှောက်တွင် ထူးချွန်ပြီး ပါရမီပါသော ဖန်တီးသူ မည်မျှထိများများသည် သူ့ကို ခြိမ်းခြောက်နိုင်သော အလားအလာများကို ပြသမိရုံဖြင့် တိတ်တဆိတ် 'ပျောက်ကွယ်' သွားခဲ့ရသည်ကို မည်သူမျှ မသိနိုင်ချေ။

မတည်ငြိမ်သော အကြောင်းအရင်း မည်သည့်အရာကိုမျှ တည်ရှိခွင့် ပြုမည်မဟုတ်သလို သူ၏ အာဏာကို စိန်ခေါ်ရန် သို့မဟုတ် သူ၏ အုပ်ချုပ်မှုကို လှုပ်ခတ်စေရန် မည်သူ့ကိုမျှ ခွင့်ပြုမည် မဟုတ်ပေ။

ခွင့်မပြုဘူး...လုံးဝ ခွင့်မပြုဘူး...

ထိုတစ္ဆေသည် တုန်လှုပ်ချောက်ချားနတ်ဘုရားထံမှ ထွက်ပေါ်လာသော အစိုင်အခဲဖြစ်လုမတတ် သတ်ဖြတ်လိုစိတ်နှင့် ကြီးကျယ်ခမ်းနားသည့် နတ်ဘုရားစွမ်းအားကို ခံစားလိုက်ရသည်။ သူ အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏ဝိညာဉ်ခန္ဓာကိုယ်ပင် လုံးလုံးလျားလျား ပျောက်ကွယ်သွားလုမတတ် ဖြစ်သွားပြီး ကပျာကယာ ဦးညွှတ်ကာ ခေါင်းနှင့်ကြမ်းပြင်ကို ထိပြီး တုန်ယင်နေသော အသံဖြင့် ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ပါ...ဟုတ်ကဲ့ပါ အရှင်...အခုချက်ချင်း သွားစီစဉ်လိုက်ပါ့မယ်"

စကားမဆုံးမီမှာပင် သူသည် မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် တွန်းထုတ်ခံလိုက်ရသကဲ့သို့ အလောတကြီးနှင့် အသက်လု၍ ထွက်ပြေးကာ အမြင့်ဆုံး နတ်ဘုရား ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားလေ၏။ ဤသည်မှာ အကယ်၍ ခြေတစ်လှမ်း နောက်ကျသွားပါက တုန်လှုပ်ချောက်ချားနတ်ဘုရား၏ မဖွင့်ထုတ်ရသေးသော ဒေါသက သူ့ကို အရေးမပါသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ချေမွပစ်မည်ကို သူ ကြောက်ရွံ့နေသောကြောင့်ပင်။

All Chapters