← Chapters

အခန်း (၅၉၁-၅၉၂)

Vol. 50 Ch. 591-592

အခန်း (၅၉၁-၅၉၂)

Vol. 50 Ch. 591-592

အပိုင်း (၅၉၁)

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကံကောင်းလို့ ရေကန် အောက်ခြေမှာ ခင်ဗျားအတွက် သေတ္တာ နှစ်ဆယ်ကျော် ချန်ထားပေးခဲ့သေးတယ်။”

စစ်သေနာပတိချုပ် လီဟွာမေက ပြန်ပြောလိုက်၏။ “အဲဒါတွေကို ယူသွားနိုင်ဖို့၊ ဒီနေရာကနေ ထွက်သွားနိုင်ဖို့လည်း လိုသေးတယ်လေ။”

ထို့နောက် လီဟွာမေသည် ယွင်ကျုံးဟဲ့ကို ကျောပိုးကာ လိုဏ်ဂူ အတွင်းမှ ထွက်ခွာလာပြီး ကျောက်ဆောင် ကျွန်း၏ ကျောက်တောင်ကမ်းပါးပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

“ခင်ဗျားရဲ့ ဒဏ်ရာ အဆင်ပြေရဲ့လား။ ယွင်ကျုံးဟဲ့က မေးလိုက်၏။

“အဆင်ပြေတယ်။ သေမှာ မဟုတ်ဘူး။”

လီဟွာမေက ပြန်ဖြေလိုက်သည်။ “ကျွန်မတို့ နုဧကရာဇ်ရဲ့မျိုးဆက်တွေဟာ ခန္ဓာကိုယ် အရမ်း သန်စွမ်းကြတယ်။ သာမန် ဒဏ်ရာတွေက အလိုအလျောက် သွေးတိတ်သွားနိုင်သလို၊ အဖျားကြီးပြီး သေသွားတာမျိုးလည်း မရှိဘူး။”

လီဟွာမေသည် စကားပြောနေရင်း ပင်လယ်ပြင်ကို လှမ်းကြည့်နေတော့၏။

ထင်သည့်အတိုင်းပင် သူမ၏ အထူး စစ်သင်္ဘောကြီး နှစ်စင်း ပျောက်ကွယ်သွားပြီဖြစ်ပြီး လုံးဝ ထွက်ခွာသွားပြီ ဖြစ်ကာ အခြေခံအားဖြင့် ပိုင်ဖေးဖေး၏ လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သူမသည် ကျောက်ဆောင်ကျွန်းကို ပတ်၍ ၃၆၀ ဒီဂရီ လှည့်ပတ် ပြေးလွှားပြီး ကြည့်ရှုလိုက်သော်လည်း ပင်လယ်ပြင်ပေါ်တွင် မြင်ကွင်း တစ်ဆုံးအထိ မည်သည့် သင်္ဘောမှ မတွေ့ရချေ။

“အောက်ယွီ... ကျွန်မတို့ ပြန်လို့ မရတော့ဘူး။”

လီဟွာမေက ပြောလိုက်၏။ “ဒီနေရာက ကျွန်မရဲ့ တာ့ရစ်ကျွန်းနဲ့ မိုင် ခြောက်ထောင်ကျော် ဝေးပြီး ရှင့်ရဲ့ တာ့ကျိုးအင်ပါယာ နဲ့ဆိုရင်တော့ မိုင်တစ်သောင်းကျော်တောင် ဝေးတယ်။ ကျွန်မတို့ ပြန်လို့ မရတော့ဘူး။”

ဟုတ်ပေသည်။ သူတို့ ပြန်လို့ မရတော့ပေ။ လီဟွာမေ၏ သိုင်းပညာ မည်မျှပင် မြင့်မားစေကာမူ ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ပြီး မိုင်ထောင်ချီ ကူးခတ်သွားရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။

တာ့ကျိုးအင်ပါယာဘက်တွင်မူ အသက်အန္တရာယ် ရှိနေပြီ ဖြစ်ပြီး ဒုတိယမင်းသား ကျိုးကျီ ပြောခဲ့သည့် အတိုင်း ကျိုးလီသည် ကျိန့်ဟိုင်မြို့စား စီးပြန်းနှင့် ပင်လယ်ပြင်တွင် ပြောက်ကျား စစ်ပွဲ ဆင်နွှဲနေရသည်။

ကျိန့်ဟိုင်မြို့စား၏ ပူးပေါင်း ရေတပ် တစ်သိန်းကျော်သည် လိုက်လံ ရှာဖွေ ဝိုင်းရံနေကြသည်။ ပင်လယ်ပြင်မှာ အနည်းငယ်သာ ကျယ်ဝန်းသောကြောင့် ပိုင်ယွင်မြို့၏ အကူအညီသာ ပါဝင်မည်ဆိုပါက စီးပြန်း၏ ပူးပေါင်း ရေတပ်သည် ကျိုးလီ၏ ရေတပ်ကို သေချာပေါက် ရှာတွေ့သွားမည်ဖြစ်ပြီး လုံးဝ ဝိုင်းရံ ချေမှုန်းပစ်ပေလိမ့်မည်။

ကျိုးကျီ ပြောသည်မှာ မှန်သည်။ ကျိုးလီကို ဖျက်ဆီးပစ်လိုက်သည်နှင့် ဤစစ်ပွဲကြီးသည် ကျရှုံးသွားပြီ ဖြစ်ပြီး ဧကရာဇ်ဟောင်းလည်း ပြီးဆုံးသွားမည် ဖြစ်ကာ ယွင်ကျုံးဟဲ့လည်း လုံးဝ ရှုံးနိမ့်သွားပြီ ဖြစ်သည်။

ထို့အပြင် နောက်ဆက်တွဲ အနေဖြင့် ပိုင်ယွင်မြို့သည် ဧကရာဇ် ဝမ်ယွင်နှင့် လုံးဝ ပူးပေါင်းသွားမှာဖြစ်ပြီး ပိုင်ယွင်မြို့၏ အင်အားစုများသည် တာ့ကျိုးအင်ပါယာ အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာကာ တာ့ရှန်း အင်ပါယာ၏ သေရာမှ ပြန်လည် အသက်ဝင်လာမှုကို အပြီးသတ် လုပ်ဆောင်သွားပေလိမ့်မည်။

ယွင်ကျုံးဟဲ့သည် ပိုင်ယွင်မြို့၏ အင်အား ကြီးမားမှုကို သိပ်ပြီး နားမလည်သေးသော်လည်း ယခုအခါ အရှေ့တိုင်း အင်ပါယာလေးခု ပူးပေါင်းပြီးမှသာ ပိုင်ယွင်မြို့ကို ပင်လယ်ရပ်ခြားတွင် ပိတ်ဆို့ထားနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ပိုင်ယွင်မြို့သည် အလွန်အမင်း အင်အား ကြီးမားကြောင်း သိရှိနိုင်သည်။ လူဦးရေ အရေအတွက် သိပ်မများပြားခြင်းသာ ဖြစ်သည်။

ဤလူများ အားလုံးသည် နုဧကရာဇ်၏မျိုးဆက်များ ဖြစ်ကြပြီး ပိုင်ယွင်မြို့ကို တာ့ကျိုးအင်ပါယာအပေါ် တွယ်ကပ် နေထိုင်ခွင့် ပြုလိုက်ပါက နောက်ဆက်တွဲ တာယင်အင်ပါယာနှင့် တာ့ကျိုးအင်ပါယာတို့၏ နိုင်ငံ တစ်ခုလုံး ပါဝင်မည့် စစ်ပွဲကြီး၏ ရလဒ်ကို ခန့်မှန်းရ ခက်ခဲသွားမှာဖြစ်၏။

ယွင်ကျုံးဟဲ့ အတွက် အချိန် သိပ်မကျန်တော့ချေ။

လီဟွာမေသည် သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်ပြီး ကျောက်တောင် ကမ်းပါးပေါ်တွင် ထိုင်ချလိုက်ကာ မိုးကုတ်စက်ဝိုင်းမှ နေဝင်ဆည်းဆာကို ကြည့်ရင်း ငေးမောနေတော့၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျား... ခင်ဗျားရဲ့ အဝတ်အစား..”

လီဟွာမေသည် တင်းကျပ်သော အဝတ်အစားကို ညင်သာစွာ ချည်နှောင်လိုက်ပြီးနောက် အနောက်ဘက်မှ နေဝင်ဆည်းဆာကို ဆက်လက် ကြည့်ရှုနေတော့၏။

“ဒီလောက် အေးအေးဆေးဆေး မနေရတာ တော်တော် ကြာပြီ။”

လီဟွာမေက ပြောလိုက်သည်။ “ကျွန်မမှတ်မိတည်းက နေ့တိုင်း အဆက်မပြတ် သိုင်းပညာ လေ့ကျင့်ရတယ်၊ ပြီးတော့ အဆက်မပြတ် စစ်တိုက်ရတယ်။ အမြဲတမ်း အလွန်အမင်း အလုပ်များနေတဲ့ အခြေအနေမျိုး ရောက်နေသလိုပဲ။ နေ့တိုင်း အသေအလဲ ပြေးလွှားနေရပြီး နေ့တိုင်း နိုင်ငံ ပြန်လည် ထူထောင်ရေး ဆိုတဲ့ ရည်မှန်းချက် အတွက် ရုန်းကန်နေရတယ်။ အခုလိုမျိုး အေးအေးဆေးဆေး နေရတဲ့ အချိန်မျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။”

ယွင်ကျုံးဟဲ့ ဘာမှ ပြန်မပြောဘဲ လှဲလျောင်းနေလိုက်၏။

လီဟွာမေက ဆက်ပြောလိုက်သည်။ “ပိုင်ဖေးဖေးက ငယ်ငယ်တုန်းက ကျွန်မကို အရမ်း ကပ်တာ။ ကောက်ကျစ်တဲ့ စိတ်ကူးလေးတွေ ရှိပေမယ့် အရမ်းလည်း ချစ်စရာ ကောင်းတယ်။ ကျွန်မက သူ့ကို သမီး တစ်ယောက်လို သဘောထားခဲ့တာပါ။ မိန်းကလေး တစ်ယောက်က ဒီလောက်တောင် ရက်စက်နိုင်မယ် ဆိုတာကို ရှင် စိတ်ကူးလို့တောင် ရမှာ မဟုတ်ဘူး။”

လီဟွာမေက စိတ်နှလုံး နာကျင်သွားသည်မှာ ထင်ရှား၏။ ‘သူမ အချစ်ဆုံး တူမက သူမရဲ့ ရေတပ်ကို လုယူဖို့အတွက် သူမကို သေအောင် သတ်ဖို့တောင် ဝန်မလေးခဲ့ဘူးလေ။’

လီဟွာမေက ပြောလိုက်သည်။ “သူက ဘာလို့ ဒီလောက်တောင် လောနေရတာလဲ။ ကျွန်မ အစောကြီးတည်းက အမိန့်ပေးထားပြီးသားပါ။ အကယ်၍ ကျွန်မ နုဧကရာဇ်ရဲ့ ဆေးကို ရှာမတွေ့ဘဲ သေသွားရင် ရေတပ်ကို ပိုင်ယွင်မြို့ကို ပြန်လွှဲပေးမယ်လို့လေ။ ကျွန်မနဲ့ ပိုင်ယွင်မြို့က လမ်းစဉ် မတူညီရုံ သက်သက်ပါ။ ကျွန်မတို့က ရန်သူတွေ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မရဲ့ ရေတပ်ဟာ မူလတည်းက သူတို့ကို ပေးဖို့ပါပဲ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “တခြားလူတွေ ပေးတာ စိတ်မဝင်စားဘူး၊ ကိုယ်တိုင် လုယူရတာကမှ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ သူ ပြောခဲ့တယ်လေ။”

‘တကယ်တမ်း ပြောရရင် ဒီလောက်တောင် ရက်စက်တဲ့ ကောင်မလေးမျိုးကို ယွင်ကျုံးဟဲ့ တစ်ခါမှ မမြင်ဖူးဘူး။ တွမ်ယင်းယင်း ကလည်း ရက်စက်တယ်။ ဒါပေမဲ့ သူမက ကိုယ့်ရဲ့ အကျိုးစီးပွား အတွက်၊ ကိုယ့်ရဲ့ ရပ်တည်ချက် အတွက်ပါ။ ဒီ ပိုင်ယွင်မြို့ မင်းသမီး ပိုင်ဖေးဖေး ကတော့ လုံးဝ မတူဘူး။ သူမက မွေးရာပါ ရက်စက်တဲ့သူ ဖြစ်ပြီး မကောင်းမှုတွေ လုပ်ရတာ၊ ဆိုးယုတ်တဲ့ အလုပ်တွေ လုပ်ရတာက သူမကို ပျော်ရွှင်စေနိုင်လို့ပါ။’

လီဟွာမေ၏ စိတ်နှလုံးများ ကြေကွဲသွားခဲ့ပြီ ဖြစ်ပြီး ရုတ်တရက် စိတ်အားထက်သန်မှုများ ပျောက်ကွယ် သွားတော့သည်။

“သူတို့က အရှေ့တိုင်း လောကကို ပြန်သွားပြီး ပြန်လည် အသက်ဝင်ချင်နေကြတယ်။ ကျွန်မ ကတော့ ကုန်းမြေသစ်တွေကို သွားရောက် သိမ်းပိုက်ပြီး တာ့ရှန်းအင်ပါယာ အသစ် တစ်ခုကို တည်ထောင်ချင် နေတာပါ။”

စစ်သေနာပတိချုပ် လီဟွာမေက ပြောလိုက်၏။ “တကယ်တော့ ကျွန်မနဲ့ သူတို့ရဲ့ ရည်မှန်းချက်က အတူတူပါပဲ။ အနာဂတ်မှာ အကယ်၍ သူတို့ အောင်မြင်သွားခဲ့ရင် သေချာပေါက် ပိုကောင်းတာပေါ့။ တာ့ရှန်း အင်ပါယာဟာ ပိုပြီး အင်အား ကြီးမားလာမှာပါ။ အကယ်၍ သူတို့ ကျရှုံးသွားခဲ့ရင်လည်း ကျွန်မဆီမှာ နောက်ဆုတ်စရာ လမ်းတစ်ခု ရှိနေသေးတာပေါ့။ ပိုင်ဖေးဖေးက ကျွန်မရဲ့ ရေတပ်ကို လိုချင်တယ် ဆိုရင်လည်း ယူသွားပါစေတော့။ ယူသွားပါစေတော့။”

စစ်သေနာပတိချုပ် လီဟွာမေ၏ အကြည့်များမှာ နေဝင်ဆည်းဆာကိုသာ ဆက်လက် ကြည့်ရှုနေပြီး ပြောလိုက်သည်။ “ကျွန်မ ဒီကျွန်းပေါ်မှာပဲ သေလိုက်ပါတော့မယ်။ သင်္ဘော နစ်မြုပ်သွားတဲ့ ဘိုးဘေးတွေ လိုပဲ ဒီနေရာမှာ သေရတာလည်း ကောင်းတယ်။ ရှင့်ကိုပဲ အားနာမိတယ် အောက်ယွီ... ရှင့်ရဲ့ တာဝန်တွေ မပြီးဆုံးသေးဘဲနဲ့ ကျွန်မနဲ့အတူ ဒီ ကျွန်းပေါ်မှာ လိုက်သေရတော့မယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “တကယ်တော့... ကျုပ်တို့ ဒီနေရာကနေ ထွက်သွားလို့ ရတယ်။”

လီဟွာမေက ပြန်ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး။ ဒီနေရာက ဘယ်ရေကြောင်းလိုင်းထဲမှာမှ မပါဝင်လို့ ဘယ်သင်္ဘောမှ ဖြတ်သွားမှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဟုတ်တယ်။ သင်္ဘော ဖြတ်သွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့က ဝေလငါးကို စီးပြီး ထွက်သွားလို့ ရတယ်။ အမြန်နှုန်းက သင်္ဘောကြီးတွေထက် မလျော့ဘူး။”

လီဟွာမေ အနည်းငယ် အံ့ဩသွားသည်။ ‘ဝေလငါး စီးမယ် ဟုတ်လား။’

ထို့နောက် သူမသည် ရေကန် အတွင်းရှိ လျှပ်စစ်ထုတ်လွှတ်သော ငါးများနှင့် အောက်ယွီ၏ ရင်းနှီးသော အနေအထားကို အလိုအလျောက် သတိရသွားမိ၏။

“ဒါပေမဲ့ ဝေလငါး စီးတယ် ဆိုတာကတော့ အရမ်းကို စိတ်ကူးယဉ် ဆန်လွန်းတယ်။ ဝေလငါး ဆိုတာ မြင်းမှ မဟုတ်တာ၊ လူတွေက ယဉ်ပါးအောင် ယဉ်ကျေးအောင် သင်ကြားထားတာမှ မဟုတ်တာ။ သူတို့က လူစကားမှ နားမလည်တာ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “စစ်သေနာပတိချုပ် လီဟွာမေ... ကျုပ်ကို ယုံကြည်ပါ။ ကျုပ်က ခင်ဗျားကို အံ့ဩစရာ ဆိုတာ ဘာလဲ ဆိုတာကို ပြသပေးပါ့မယ်။ ဒါပေမဲ့ ကျုပ်တို့က ဝေလငါး စီးရမှာဆိုတော့ ရေကန် အောက်ခြေက သေတ္တာတွေ အားလုံးကို သယ်သွားလို့ မရနိုင်ဘူး။ အများဆုံး တစ်လုံး ဒါမှမဟုတ် နှစ်လုံး လောက်ပဲ သယ်သွားလို့ ရပါမယ်။”

လီဟွာမေက ပြောလိုက်၏။ “ဒါဆိုရင် အားလုံးကို ဆယ်ယူပြီး ကျွန်းပေါ်မှာ ဖွက်ထားခဲ့ကြတာပေါ့။

ထို့နောက် လီဟွာမေသည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ လိုဏ်ဂူအတွင်းရှိ ရေကန် အောက်ခြေသို့ နောက်တစ်ကြိမ် ဆင်းသွားပြီး နုဧကရာဇ်၏ ရတနာ သေတ္တာ နှစ်ဆယ်ကျော်ကို ဆယ်ယူလိုက်ကာ ကျောက်ဆောင် ကျွန်းပေါ်ရှိ လျှို့ဝှက်သော နေရာတစ်ခုတွင် မြှုပ်နှံထားလိုက်သည်။

“တကယ်တော့ ဒီနေရာကို ဘယ်သူမှ ထပ်လာကြမှာ မဟုတ်တော့ဘူး။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

လီဟွာမေသည် ရတနာ သေတ္တာ နှစ်လုံးကို ယူကာ ယွင်ကျုံးဟဲ့ ထံသို့ လှည့်၍ ပြောလိုက်သည်။ “ရှင် တစ်လုံး ရွေးလိုက်ပါ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဒါတွေက ခင်ဗျားတို့ နုဧကရာဇ်မျိုးဆက်တွေ ပိုင်ဆိုင်တဲ့ အရာတွေပါ။ ကျုပ် ယူတာ သိပ်မသင့်တော်ဘူး။”

လီဟွာမေက ပြောလိုက်သည်။ “အကယ်၍ ရှင်သာ မရှိရင် ကျွန်မရဲ့ အသက်တောင် ဆုံးရှုံးသွားရမှာပါ။ ဒါက ရှင် ရသင့်တဲ့ အရာပါ။”

ယွင်ကျုံးဟဲ့သည် ရတနာ သေတ္တာ တစ်လုံးကို ကျပန်း ရွေးချယ်လိုက်သည်။ ဤရတနာသေတ္တာ အတွင်း၌ မည်ကဲ့သို့သော ရတနာများ ပါဝင်မည် ဆိုသည်ကို သူ လုံးဝ မသိရှိဘဲ ကျပန်း ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ အလွန် ကြီးမားသော အံ့ဩစရာများ ပါဝင်နေမည်ဟုလည်း ဆိုနိုင်၏။

သို့ပေမည့် ရတနာ သေတ္တာ နှစ်လုံးစလုံးကို လီဟွာမေ ကသာ ကျောပိုးထားရမှာဖြစ်ပြီး ထိုကြွေပုလင်း ဆယ်လုံးကျော်ခန့်ကိုတော့ စစ်သေနာပတိချုပ် လီဟွာမေက ကိုယ်တိုင် သယ်ဆောင်သွားမှာဖြစ်သည်။

အရာအားလုံး ပြင်ဆင်ပြီးသည့်နောက် လီဟွာမေသည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ ပင်လယ်ကမ်းစပ်သို့ သွားရောက်ပြီး ဝေလငါး လာမည့် အချိန်ကို စောင့်မျှော်နေကြတော့၏။

ဤနေရာသည် ပင်လယ်ပြင် ဖြစ်သော်လည်း ဝေလငါး ဖြတ်သွားမည့် အချိန်ကို စောင့်ဆိုင်းရန်မှာ မလွယ်ကူလှချေ။

ယွင်ကျုံးဟဲ့ နှင့် လီဟွာမေ တို့သည် တစ်ရက်၊ နှစ်ရက်၊ သုံးရက် တိုင်တိုင် စောင့်ဆိုင်းနေခဲ့ကြသည်။။

သူတို့ လိုဏ်ဂူ ထဲသို့ ယူဆောင်သွားခဲ့သော ရေချိုများလည်း အားလုံး ကုန်ဆုံးသွားပြီ ဖြစ်ရာ နောက်ပိုင်း၌ ရေဓာတ် ဖြည့်တင်းရန်အတွက် ငါးစိမ်းများကို စားသောက်ရတော့မှာဖြစ်၏။

“လာပြီ... လာပြီ... လာပြီ...”

လေးရက်မြောက်နေ့တွင် စစ်သေနာပတိချုပ် လီဟွာမေသည် ရုတ်တရက် ပင်လယ်ပြင်ကို လက်ညှိုး ထိုးပြလိုက်ရာ ယွင်ကျုံးဟဲ့လည်း တွေ့လိုက်၏။ အဝေးရှိ ပင်လယ်ပြင်ပေါ်တွင် ရေပန်း တစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ ဝေလငါး၏ ရေပန်းဖြစ်ပြီး ရက်အတော်ကြာ နေ့ရောညပါ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် ဝေလငါး ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

လီဟွာမေသည် စကားနှစ်ခွန်း မပြောတော့ဘဲ ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ ဝေလငါးရှိရာ အရပ်သို့ ကူးခတ်သွားတော့သည်။

ဤသည်မှာ အရွယ်ရောက်ပြီးသော ဝေလငါးပြာ တစ်ကောင်ဖြစ်ပြီး ခန္ဓာကိုယ် အရွယ်အစားမှာ မီတာ သုံးဆယ်ခန့် ရှိကာ အမှန်တကယ် ဧရာမ သတ္တဝါကြီး ဖြစ်၏။

ရေကူးလာသော ယွင်ကျုံးဟဲ့ နှင့် လီဟွာမေတို့ကို ဤဝေလငါးပြာကြီးက လုံးဝ ဂရုမစိုက်ဘဲ အေးအေးဆေးဆေး ဖြတ်သန်းသွားတော့သည်။

လီဟွာမေသည် ယွင်ကျုံးဟဲ့ကို ကြည့်နေမိသည်။ ဤကမ္ဘာလောကတွင် ဝေလငါးကို စီးနင်းနိုင်ပြီး ဝေလငါးနှင့် အပြန်အလှန် ဆက်သွယ်နိုင်သူ ရှိသည် ဆိုသည်ကို သူမ အမှန်တကယ်ပင် မယုံကြည်နိုင်ပေ။ တစ်ခါမှ မမြင်ဖူးသလို၊ တစ်ခါမှလည်း မကြားဖူးခဲ့ချေ။

အပိုင်း (၅၉၂)

ထိုအချိန်တွင် ယွင်ကျုံးဟဲ့ ဦးနှောက်ထဲသို့ အမှတ်(၂၅) စိတ်ကျန်းမာရေး လူနာ အစားထိုး ဝင်ရောက်လာသည်။ တစ်ခဏအတွင်းမှာပဲ ထိုဝေလငါးပြာကြီးသည် ယွင်ကျုံးဟဲ့ကို ချက်ချင်း သတိထားမိသွားပြီးနောက် ရင်းနှီးသော အော်သံများကို ချက်ချင်း ထုတ်လွှတ်လာတော့၏။

အမှတ်(၂၅) စိတ်ကျန်းမာရေး လူနာသည် တိရစ္ဆာန်များ၏ မိတ်ဆွေ၊ ပင်လယ်၏ သားတော် ပီသလှသည်။

“အပေါ် တက်မယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

လီဟွာမေသည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ အရွယ်ရောက်ပြီးသော ဝေလငါးပြာကြီး၏ ကျောပေါ်သို့ တက်သွားတော့၏။ တိတိကျကျ ပြောရလျှင် စီးနင်းခြင်း မဟုတ်ဘဲ အပေါ်တွင် မှောက်လျက် နေရခြင်း ဖြစ်သည်။

အရွယ်ရောက်ပြီးသော ဝေလငါးပြာကြီးသည် မည်သည့် ဒေါသမှ မထွက်သလို၊ မည်သည့် ခုခံမှုမှလည်း မရှိဘဲ ပင်လယ်ပြင်ပေါ်တွင် အလွန် ရင်းနှီးစွာဖြင့် လှည့်ပတ်နေတော့၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်ကို သွားမလဲ။ ခင်ဗျားရဲ့ တာ့ရစ်ကျွန်းကို သွားမလား။”

လီဟွာမေက ပြန်ဖြေလိုက်၏။ “ကျွန်မမှာ စခန်း နှစ်ခု ရှိတယ်။ တစ်ခုက တာ့ရစ်ကျွန်း၊ နောက်တစ်ခုက ရှောင်ယွဲ့ကျွန်းပဲ။ အဓိက ရေတပ်က တာ့ရစ်ကျွန်းမှာ ရှိတယ်။ အခု အဲဒီကို သွားရင် သေချာပေါက် အချိန် မမီတော့ဘူး။ ပိုင်ဖေးဖေးက ကျွန်မရဲ့ ရေတပ်ကို လက်ခံရယူဖို့ တာ့ရစ်ကျွန်းကို ရောက်နေလောက်ပြီ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အဓိက ရေတပ်ကြီးက ခင်ဗျားကို သစ္စာခံတာပဲလေ။ ခင်ဗျားပေါ်လာတာနဲ့ ပိုင်ဖေးဖေးက ရေတပ်ကို လုယူလို့ မရနိုင်တော့ဘူး။”

စစ်သေနာပတိချုပ် လီဟွာမေသည် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ “ရှောင်ယွဲ့ကျွန်းကို သွားမယ်။ အဲဒီမှာ ကျွန်မရဲ့ ရေတပ်ခွဲ တစ်ခု ရှိတယ်။ ကျွန်မ အသက်ရှင်နေသေးတယ် ဆိုတာကို ပိုင်ယွင်မြို့ကို လောလောဆယ် သိခွင့်ပေးလို့ မရသေးဘူး။ အဲဒီလိုမှသာ ကျွန်မတို့က ရေတပ်တွေကို ဦးဆောင်ပြီး တာ့ကျိုး ပင်လယ်ပြင်ကို ရုတ်တရက် ပြန်လည် တိုက်ခိုက်ကာ ရှင့်ရဲ့ ရန်သူတွေကို သေစေလောက်တဲ့ ထိုးနှက်ချက် ပေးနိုင်မှာ။”

ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားတော့သည်။ ‘ဒီ စစ်သေနာပတိချုပ် လီဟွာမေက အရမ်းကို သစ္စာစောင့်သိလွန်းနေပါလား။’

သူမ အခု အရင်ဆုံး လုပ်ရမှာက တာ့ရစ်ကျွန်းကို ချက်ချင်း ပြန်ပြီး အဓိက ရေတပ်ကြီးကို ပြန်လည် ရယူဖို့ ဖြစ်သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့၏ အောင်ပွဲ အတွက် သူမသည် ရှောင်ယွဲ့ကျွန်းသို့ သွားရန် ရွေးချယ်ခဲ့၏။

“ဘာမှ ထပ်မပြောနဲ့တော့။ ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။”

လီဟွာမေက ပြောလိုက်သည်။ “ကျိုးကျီက ရှင့်အတွက် အချိန် သိပ်မကျန်တော့ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီလေ။ အကယ်၍ ကျိုးလီသာ စစ်ရှုံးပြီး သေသွားရင် ထျန်းယန် ဧကရာဇ်လည်း သေရမှာ ဖြစ်ပြီး ရှင်တို့ လုံးဝ ရှုံးနိမ့်သွားလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါပေမဲ့ ဧကရာဇ်ဟောင်း သေသွားပြီး ကျုပ်တို့ ရှုံးနိမ့်သွားရင် ပိုင်ယွင်မြို့က အရှေ့တိုင်း လောကကို ပြန်လာနိုင်မှာ ဖြစ်ပြီး တာ့ကျိုးအင်ပါယာ အပေါ်မှာ တွယ်ကပ် နေထိုင်နိုင်မှာဆိုတော့ ဒါက ခင်ဗျားတို့အတွက် အကျိုးရှိတာလေ။”

စစ်သေနာပတိချုပ် လီဟွာမေက ပြန်ပြောလိုက်သည်။ “ကျွန်မ အဲဒီလောက် အဝေးကြီး မစဉ်းစားတတ်ဘူး။ သွားမယ်။ ရှောင်ယွဲ့ကျွန်းကို သွားမယ်။ ရှင် မြေပုံပေါ်မှာ တည်နေရာကို ကြည့်ဖူးတယ် မဟုတ်လား။

ရှောင်ယွဲ့ကျွန်းသည် တာ့ရစ်ကျွန်း၏ အရှေ့ဘက် မိုင်နှစ်ထောင့်သုံးရာ အကွာတွင် ရှိပြီး ဤနေရာမှဆိုလျှင် မိုင်ခုနစ်ထောင်ကျော်ခန့် ဝေးကွာ၏။

ယွင်ကျုံးဟဲ့သည် ဝေလငါးပြာကြီး၏ ခေါင်းပေါ်တွင် မှောက်လျက် အမှတ်(၂၅) စိတ်ကျန်းမာရေး လူနာ အစားထိုး ဝင်ရောက်ကာ ဝေလငါးပြာကြီးနှင့် အပြန်အလှန် ဆက်သွယ်နေတော့သည်။

ဤအချိန်တွင်မှ ယွင်ကျုံးဟဲ့ သိရှိလိုက်ရသည်မှာ တိရစ္ဆာန်များနှင့် အပြန်အလှန် ဆက်သွယ်မှု နည်းလမ်းမှာ အလွန် ရိုးရှင်းလှပြီး ညွှန်ကြားချက် အနည်းငယ်ခန့်သာ နားလည်နိုင်ကြောင်းပင်။

ဤသည်မှာ ယွင်ကျုံးဟဲ့ကို ခေတ်သစ် ကမ္ဘာမြေပေါ်ရှိ လင်းပိုင် သင်တန်း များကို အလိုအလျောက် သတိရသွားစေ၏။ လင်းပိုင်သည်လည်း ဝေလငါးမျိုးနွယ်စုတွင် ပါဝင်သော်လည်း ဝေလငါးပြာထက် ဉာဏ်ရည် အများကြီး ပိုမြင့်မားသည်။

အမှတ်(၂၅) စိတ်ကျန်းမာရေး လူနာ၏ ရင်းနှီးသော အပြန်အလှန် ဆက်သွယ်မှု အောက်တွင် ဝေလငါးပြာကြီးသည် ယွင်ကျုံးဟဲ့ ညွှန်ပြသော အရပ်ဆီသို့ ပျော်ရွှင်စွာ ကူးခတ်သွားတော့၏။

ဤဝေလငါးပြာမျိုးသည် တစ်နာရီလျှင် ကီလိုမီတာ သုံးဆယ်ခန့် အမြန်နှုန်းဖြင့် ကူးခတ်နိုင်ပြီး အစာ ရှာဖွေရန်အတွက် မိုင်ထောင်ချီ ကူးခတ်လေ့ ရှိသောကြောင့် မိုင်ခုနစ်ထောင်ကျော် ဆိုသည်မှာ ၎င်းအတွက် အလွန် ဝေးကွာသော ခရီးစဉ် မဟုတ်ချေ။

ဤသို့ဖြင့် ယွင်ကျုံးဟဲ့ နှင့် လီဟွာမေတို့သည် ဧရာမ ဝေလငါးပြာကြီးကို စီးနင်းကာ ပင်လယ်ပြင်တွင် ကူးလူးသွားလာရင်း ရှောင်ယွဲ့ကျွန်း ရှိရာ အရပ်သို့ ဦးတည်သွားကြတော့၏။

ကံကောင်းစွာဖြင့် စစ်သေနာပတိချုပ် လီဟွာမေ၏ သိုင်းပညာ မြင့်မားသောကြောင့် ဝေလငါးပြာကြီး၏ ကျောပေါ်တွင် တည်ငြိမ်စွာ မှောက်နေနိုင်ခြင်း ဖြစ်၏။ ထိုသို့မဟုတ်ပါက ယွင်ကျုံးဟဲ့မှာ အစောကြီးတည်းက ပြုတ်ကျသွားလောက်ပြီ ဖြစ်သည်။

ဤဝေလငါးပြာကြီးသည် လမ်းတစ်လျှောက်လုံး အစာရှာဖွေရင်း ကူးခတ်သွားရာ ၎င်းအတွက်မူ ဤသည်မှာ ခရီးသွားနေသကဲ့သို့ပင် ဖြစ်နေ၏။

လီဟွာမေ အလွန် အံ့ဩသွားတော့၏။ မျက်စိရှေ့ရှိ ဤ မြင်ကွင်းသည် အမှန်တကယ်ပင် အံ့ဩဖွယ်ရာ ကောင်းလွန်းလှသည်။ သူမသည် ပင်လယ်ပြင်တွင် အမြဲတမ်း နေထိုင်ခဲ့သူ ဖြစ်သော်လည်း ပင်လယ် သတ္တဝါများနှင့် ဤမျှလောက် ရင်းနှီးနိုင်သော သူကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

လူတိုင်းက သူမအား လီဟွာမေဟု ခေါ်ဆိုကာ ပင်လယ်ပြင်၏ ဘုရင်မအဖြစ် တင်စားကြသော်လည်း ယခု မျက်စိရှေ့တွင် မြင်တွေ့နေရသည့် အောက်ယွီမှာသာလျှင် စစ်မှန်သော ပင်လယ်၏သားတော် ဖြစ်သည်။

လီဟွာမေက ရုတ်တရက် မေးလိုက်၏။ “ဒီဝေလငါးကြီးက ဒီလောက် ကြီးမားနေတာ ရန်သူတွေရဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ဖို့ ထိန်းချုပ်လို့ မရဘူးလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “မရဘူး။ ဒါက သူတို့ရဲ့ ခံနိုင်ရည် အတိုင်းအတာကို ကျော်လွန်သွားပါပြီ။ သူတို့ဘာသာသူတို့ ဒေါသထွက်သွားတာမျိုး မဟုတ်ရင်ပေါ့။ သူတို့က ကျုပ်နဲ့ အရမ်း ရင်းနှီးပြီး ချစ်ခင်ပေမယ့် ကျုပ်ရဲ့ အမိန့်တိုင်းကို နာခံမယ်လို့ မဆိုလိုဘူး။ ပြီးတော့ ကျုပ် အတွက် စစ်တိုက်ပေးမယ်လို့လည်း မဆိုလိုဘူး။”

အမှတ်(၂၅) စိတ်ကျန်းမာရေး လူနာက ပင်လယ်၏ သားတော်ဖြစ်ပြီး ပင်လယ်ဘုရင် မဟုတ်ပေ။

ငါးရက် ခြောက်ည တိုင်တိုင် ကြာပြီးနောက်...

ဝေလငါးပြာကြီးသည် မိုင်ထောင်ချီ ကူးခတ်ခဲ့ပြီးနောက် နောက်ဆုံးတွင် ခရီးပန်းတိုင်သို့ ရောက်ရှိ သွားတော့၏။ မျက်စိရှေ့တွင် မြင်တွေ့နေရသည်မှာ စစ်သေနာပတိချုပ် လီဟွာမေ၏ အခြား ရေတပ်စခန်း တစ်ခု ဖြစ်သော ရှောင်ယွဲ့ကျွန်း ဖြစ်ပြီး သူမ၏ စစ်ရေး ရှေ့တန်း စခန်းလည်း ဖြစ်သည်။

ယခုအခါ ရှောင်ယွဲ့ကျွန်း စခန်းပေါ်တွင် အရာအားလုံး ပုံမှန် အတိုင်း ရှိနေပြီး ရေတပ်များ အပြည့်အနှက် ရပ်နားထား၏။

သို့ပေမည့် ပိုင်ယွင်မြို့၏ အင်အားစုများ ဤနေရာသို့ ရောက်ရှိလာခြင်း ရှိ၊ မရှိ နှင့် ပိုင်ဖေးဖေးက ဤနေရာရှိ ရေတပ်ကို လာရောက် လက်ခံရယူခြင်း ရှိ၊ မရှိ ဆိုသည်ကိုတော့ အသေအချာ မသိနိုင်သေးချေ။

ဖြစ်နိုင်ခြေ အများဆုံးမှာတော့ မရှိနိုင်သေးချေ။ အကြောင်းမူကား တာ့ရစ်ကျွန်းဘက်ရှိ ရေတပ်ကမှ အဓိက ရေတပ်ဖြစ်ပြီး သူမ အနေဖြင့် အပြည့်အဝ လက်ခံရယူရန် အချိန်အတိုင်းအတာ တစ်ခု လိုအပ်သောကြောင့် ဖြစ်သည်။

“ရှင် ဒီမှာ ခဏ စောင့်နေအုံး။ အကယ်၍ အရာအားလုံး အဆင်ပြေတယ် ဆိုရင် ကျွန်မက ရေတပ်တွေကို ဦးဆောင်ပြီး ဒီကနေ ဖြတ်သွားတဲ့ အချိန်ကျရင် ရှင့်ကို ခေါ်သွားမယ်။” စစ်သေနာပတိချုပ် လီဟွာမေက ပြောလိုက်၏။

“ကောင်းပြီ။”

စစ်သေနာပတိချုပ် လီဟွာမေသည် ဝေလငါးပေါ်မှ တိုက်ရိုက် ခုန်ချသွားပြီး ရှောင်ယွဲ့ကျွန်း၏ ရေတပ် စခန်း ဆီသို့ လျှို့ဝှက်စွာ ကူးခတ်သွားတော့၏။ ပိုင်ယွင်မြို့မှ လူများ ရှောင်ယွဲ့ကျွန်းသို့ မရောက်လာသေးကြောင်း နှင့် သူမ၏ ရေတပ်ကို မသိမ်းပိုက်သေးကြောင်း အရင်ဆုံး သေချာအောင် ပြုလုပ်ရမှာဖြစ်သည်။

ယွင်ကျုံးဟဲ့သည် ကျွန်းငယ်လေးပေါ်တွင် စောင့်ဆိုင်းနေပြီး အရာအားလုံး အဆင်ပြေချောမွေ့စေရန် မျှော်လင့်နေတော့သည်။ သူ အဆက်မပြတ် စောင့်ဆိုင်းနေခဲ့ပြီး၊ စောင့်ဆိုင်းနေခဲ့တော့၏။

နေ့တစ်ဝက် ကြာသွားခဲ့၏။ တစ်ရက် ကြာသွားခဲ့၏။ မိုးချုပ်သွားခဲ့၏။ ဤရက်ပိုင်းအတွင်း သူ အရမ်း ပင်ပန်းနေခဲ့ပြီ ဖြစ်ရာ ငါးစိမ်း တစ်ကောင် စားပြီးနောက် မျက်လုံးမှိတ်ကာ အိပ်မောကျသွားတော့သည်။

ထို့နောက် သူ အိပ်မက် တစ်ခု မက်လိုက်သည်။ ကျိုးလီ၏ ရေတပ်သည် စီးပြန်း၏ ရေတပ်၏ လိုက်လံ သတ်ဖြတ် ဝိုင်းရံမှုကို ခံနေရပြီး အသက်အန္တရာယ် ရှိနေပြီ ဖြစ်ကြောင်း အိပ်မက် မက်နေ၏။

မြို့တော်ရှိ ဧကရာဇ်ဟောင်းသည် အဆုံးစွန်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အိပ်မက် မက်နေသည်။

“နိုးတော့... နိုးတော့...” ထိုအချိန်တွင် လီဟွာမေသည် ယွင်ကျုံးဟဲ့၏ ပါးကို ညင်သာစွာ ပုတ်ကာ နှိုးလိုက်၏။

ယွင်ကျုံးဟဲ့ ရုတ်တရက် လန့်နိုးသွားပြီးနောက် ခေါင်းမော့ ကြည့်လိုက်သည်။ ပင်လယ်ပြင်ပေါ်တွင် ရေတပ်များ အပြည့်အနှက် ရှိနေပြီး အဆုံးအစ မရှိလောက်အောင် များပြားကာ လရောင်အောက်တွင် အစွန်းကိုပင် လုံးဝ မမြင်ရချေ။

ထို့အပြင် အထူး ဧရာမ သင်္ဘောကြီးများလည်း အများအပြား ရှိနေပြီး တောင်ကြီး တစ်တောင် ကဲ့သို့ ဧရာမ အထူး သင်္ဘောကြီးများ ဖြစ်သည်။

ဧရာမ သင်္ဘောကြီးတိုင်းတွင် ကုန်းပတ် သုံးထပ် ပါဝင်ပြီး ဧရာမ မြို့သိမ်းဒူးလေးကြီး အလက် သုံးဆယ် ခန့်နှင့် ဧရာမ ကျောက်ခဲပစ်စက် ခြောက်ခု၊ ခုနစ်ခုခန့် ပါဝင်၏။

‘အထူး ရေတပ်ကြီးပဲ။ အလွန် ခမ်းနားကြီးကျယ်တဲ့ အထူး ရေတပ်ကြီးပဲ။’

ရေတပ်ခွဲ တစ်ခုတည်းသာ ဖြစ်သော်လည်း ဤမျှလောက် အစွမ်းထက်နေသောကြောင့် ယွင်ကျုံးဟဲ့သည် ယခုအခါ ပိုင်ယွင်မြို့၏ အင်အား ကြီးမားမှုအပေါ် အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ လီဟွာမေ၏ ရေတပ်ခွဲသာ ဖြစ်ပြီး လီဟွာမေ၏ ရေတပ်များ အားလုံးမှာ ပိုင်ယွင်မြို့မှ ခွဲထွက်လာခဲ့ခြင်း ဖြစ်၏။

“ရှင့်ရဲ့ ဝေလငါးကို နှုတ်ဆက်လိုက်တော့။” လီဟွာမေက ပြောလိုက်သည်။

ယွင်ကျုံးဟဲ့သည် ဝေလငါးပြာကြီး၏ ခေါင်းပေါ်တွင် မှောက်လျက် နှုတ်ဆက်လိုက်ရာ ၎င်းသည်လည်း အလွန် ပျော်ရွှင်နေပုံ ရ၏။

၎င်းသည် ပင်လယ်ပြင်၏ အရှင်သခင် ဖြစ်သောကြောင့် မည်သည့်နေရာသို့ သွားသွား အတူတူပင် ဖြစ်သည်။

ဝေလငါးပြာကြီးကို နှုတ်ဆက်ပြီးနောက် လီဟွာမေသည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ အထူး စစ်သင်္ဘောကြီးပေါ်သို့ ခုန်တက်သွားတော့၏။

“ရှောင်ယွဲ့ကျွန်းပေါ်က လူတွေကို ကျွန်မ အသက်ရှင်နေသေးတယ် ဆိုတာ မသိစေခဲ့ဘူး။ ကျွန်မရဲ့ ဒု-စစ်သေနာပတိက ရေတပ်တွေကို ဦးဆောင်ပြီး ထွက်ခွာသွားတယ်လို့ လူတိုင်းက ထင်နေကြတာ။”

လီဟွာမေက ပြောလိုက်သည်။ “ဒါကြောင့် ကျွန်မတို့က တောင်ဘက်ကို ရွက်လွှင့်ပြီး အကွေ့ကြီး တစ်ခု ပတ်ကာ တာ့ကျိုး ပင်လယ်ပြင်ကို သွားရမယ်။”

“ကောင်းပြီ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားလည်း ကျုပ်နဲ့ အတူတူ လိုက်ခဲ့မှာလား။”

လီဟွာမေက ပြန်ပြောလိုက်သည်။ “ကျွန်မရဲ့ ရေတပ်တွေကို ရှင့်ဆီ ငှားလိုက်ရင် ရှင်အမိန့်ပေးတတ်လို့လား။ ကျွန်မက ရှင့်ကို အသက်တစ်ချောင်း အကြွေးတင်နေတော့ ကျွန်မရဲ့ ရေတပ်ကို ဦးဆောင်ပြီး ရှင့်ရဲ့ ဒီစစ်ပွဲကို အနိုင်ရအောင် ကူညီပေးမယ်။ ပြီးတော့မှ ပိုင်ဖေးဖေးနဲ့ ပြန်ပြီး စာရင်းရှင်းမယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို... ခင်ဗျားရဲ့ ဒဏ်ရာကို ကျုပ် ကြည့်ပေးမယ်လေ။ ကျုပ် ဆေးကုတတ်တယ်။”

လီဟွာမေက ပြန်ပြောလိုက်၏။ “မလိုတော့ဘူး။ ကျွန်မ ကုသပြီးသွားပါပြီ။ သွားကြစို့... ပုန်ကန်မှု နှိမ်နင်းဖို့ သွားကူညီပေးမယ်။ စီးပြန်းရဲ့ ရေတပ်ကို ဖျက်ဆီးပစ်မယ်။ အရာအားလုံး အချိန်မီဖို့ မျှော်လင့်တယ်။”

ထို့နောက် လီဟွာမေ၏ အမိန့်ပေးသံနှင့်အတူ ခမ်းနားကြီးကျယ်သော ရေတပ်ကြီးသည် အင်တိုက်အားတိုက် ထွက်ခွာသွားတော့သည်။

ယွင်ကျုံးဟဲ့၏ ရေတပ် ငှားရမ်းသည့် ခရီးစဉ်သည် အခက်အခဲ အချို့ ရှိခဲ့သော်လည်း နောက်ဆုံးတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

‘မင်းသား ကျိုးလီ... ခင်ဗျား သေချာပေါက် တောင့်ခံထားပါ။ ကျုပ် လာကယ်မယ့် အချိန်ကို စောင့်နေပါ။ ဧကရာဇ်ဟောင်း... အရှင်လည်း သေချာပေါက် တောင့်ခံထားပါနော်။ ကျုပ်ရဲ့ အောင်ပွဲ သတင်းကို စောင့်နေပါ။ ကျိန့်ဟိုင်မြို့စား စီးပြန်း... ကျုပ် လာပြီ။’

All Chapters