← Chapters

အခန်း (၅၃၉-၅၄၀)

Vol. 30 Ch. 539-540

အခန်း (၅၃၉-၅၄၀)

Vol. 30 Ch. 539-540

အပိုင်း (၅၃၉) အမတ်မင်းဖန် မြို့တော်သို့ ပြန်ကြွပါ။

“ချိုချဉ်က အသားရဲ့ အရသာကို ဖုံးလွှမ်းသွားတယ်၊ ကျရှုံးတယ်။ သာမန် ဆိုင်တွေမှာလည်း ဒီလို ချက်တဲ့သူတွေ ရှိတယ်၊ ဒါပေမဲ့ ခင်ဗျားက ဒီလို ဖြစ်သလို လုပ်လို့ ရတယ်လို့ မဆိုလိုဘူး။”

ဖန်ကျန်းရီ၏ အရှေ့တွင် စားပွဲငယ်လေး တစ်လုံး ရှိနေပြီး အပေါ်တွင် ဟင်းပွဲများ ပြည့်နှက်နေကာ သူက ရွေးချယ်ပြီး စားသောက်နေ၏။

သူ၏ ဘေးတွင် ကြောက်လန့်တကြား ရပ်နေသော စားဖိုမှူး တစ်ယောက် ရှိသည်။ သူက အဘယ့်ကြောင့် အကြောင်းမဲ့ ဆွဲခေါ်ခံရပြီး အပြစ်တင်ခံနေရသလဲ ဆိုသည်ကို မသိပေ။

ဖန်ကျန်းရီက စောင့်ရသည်ကို ပျင်းလာသဖြင့် သူ့ကို အပျင်းပြေ ခေါ်လာခြင်း ဖြစ်၏။ ချူအိမ်တော်က ဒီစားဖိုမှူး ချက်တဲ့ ဟင်းတွေက တကယ်ကို မကောင်းဘူး၊ သူ့ကို ဆူချင်နေတာ ကြာပြီ။ မီးဖိုချောင်ထဲက ကျန်တဲ့ ဟင်းတွေက ဘယ်ဟင်းမှ စားကောင်းတာ မရှိဘူး။

ပတ်ဝန်းကျင်မှ လူများက တိတ်ဆိတ်နေကြပြီး ဘဝအကြောင်းကို တွေးတောနေကြသည်။

လူသတ်သမား တစ်ယောက်က လူသတ်ပြီး ပြန်ပေးဆွဲထားတာတောင် ဘာလို့ ဒီအခြေအနေအထိ ရောက်သွားရတာလဲ။

ဘာလို့ သူက ဒီလောက် လွတ်လွတ်လပ်လပ် နေနိုင်ရတာလဲ။

ငါ နားမလည်ဘူး။ ငါ အိပ်မက် မက်နေတာလား။

လူတချို့က ကိုယ့်ပါးကိုယ် တိတ်တိတ်လေး ရိုက်ကြည့်ကြ၏။

“ခင်ဗျား ချက်တဲ့ ဟင်းက ဘာတွေလဲ။ အရမ်း ငန်တယ်။ ပြီးတော့ ဒီခေါက်ဆွဲက...”

“သခင်လေး .. ကျုပ် ဒါတွေပဲ တတ်တာပါ။” စားဖိုမှူးက ငိုချင်လာသည်။

“ဘာမှ အသုံးမကျဘူး။ ထွက်သွားတော့။”

စားဖိုမှူးက အသက်ရှူပေါက် ရသွားသကဲ့သို့ အလန့်တကြား ထွက်ပြေးသွား၏။

သခင်ကြီးလု၏ မျက်လုံးများ လုံးဝ နီရဲနေပြီ ဖြစ်ပြီး အသံသြသြဖြင့် မေးလိုက်သည်။ “ဖန်သခင်လေး .. အချိန်လည်း တော်တော် ဆွဲပြီးပြီ၊ ဘယ်လိုလုပ်မှ ခင်ဗျား လူကို လွှတ်ပေးမှာလဲ။”

“ခင်ဗျားတို့ ရှာနေတဲ့ အမတ်မင်းဖုန်းဆိုတာလေ၊ သူ လာတဲ့အထိ စောင့်ပြီးမှ ကျုပ် သူနဲ့ စကားပြောမယ်။”

“ကျုပ် ရောက်လာပြီ။ ခင်ဗျား ဘာပြောချင်လဲ ပြော။” လူအုပ်အနောက်မှ ဒေါသတကြီး အသံတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် ဖုန်းဟန်က ရဲမက် ဆယ်ယောက်ကျော်ကို ဦးဆောင်ကာ ဝင်ရောက်လာသည်။

ဘေးဘက်မှ လူများက အလျင်အမြန် ဖယ်ပေးလိုက်ကြ၏။

သခင်ကြီးလု၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပေါ်လာပြီး အလျင်အမြန် ရှေ့တိုးကာ ကြိုဆိုလိုက်သည်။

ဖုန်းဟန်ကလည်း ယဉ်ကျေးစွာဖြင့် ပြန်လည်နှုတ်ဆက်၏။

သူတို့ နှစ်ယောက်က အတော်လေး ရင်းနှီးသည့်ပုံ ပေါက်နေပြီး ရိုးရှင်းသော နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက် ဖုန်းဟန်က ဧည့်ခန်းမဆောင်ကို ကြည့်လိုက်သည်။

ကျိုးမိသားစု လူလေးယောက်ကို မြင်လိုက်သည်နှင့် ဖုန်းဟန်၏ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။ ဘေးနားရှိ လူကို တိုးညင်းစွာ ညွှန်ကြားလိုက်၏။ “ဒီလေးယောက်ကို အကျဉ်းထောင်ထဲ အရင် ခေါ်သွား၊ ပြီးမှ စစ်ဆေးမယ်။”

ပြောပြီးသည်နှင့် ဖန်ကျန်းရီကို ကြည့်ကာ မျက်မှောင်ကုတ်ပြီး ပြောလိုက်သည်။ “မာနကြီးလိုက်တာ။ လူကို အခု ချက်ချင်း မလွှတ်ပေးဘူးလား။”

“ခင်ဗျားက အမတ်မင်းဖုန်း လား၊ ကျုပ် လူလွှတ်ပေးလိုက်ရင် ခင်ဗျားတို့ ကျုပ်ကို မသတ်ဘူး မလား။”

“မသတ်ဘူး။ တရားမစီရင်ဘဲ ကျုပ်က ဘယ်လိုလုပ် လွယ်လွယ်နဲ့ လူသတ်လို့ ရမှာလဲ။” ဖုန်းဟန်က ပြန်ဖြေလိုက်၏။

ဖန်ကျန်းရီက နောက်လှည့်ကာ လူအုပ်ကို ကြည့်လိုက်ရာ လူအချို့က သူ့ကို ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ပြုံးလိုက်သည်။ “ကောင်းပြီ။ အမတ်မင်းဖုန်းက စကားကို ပြတ်ပြတ်သားသား ပြောတယ်၊ ဒီအထဲမှာ အရမ်း ကျပ်ပိတ်နေတယ်။ ကျုပ်တို့ အပြင်ထွက်ပြီး စကားပြောကြရအောင်။”

“အမတ်မင်းဖုန်း လေးသည်တော်တွေများ ခေါ်လာသေးလား။”

ဖုန်းဟန်က လှောင်ပြုံး ပြုံးလိုက်၏။ “ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား အရမ်း အထင်ကြီးနေတာပဲ၊ ခင်ဗျားလို လူနှစ်ယောက် သုံးယောက်လောက် အတွက် လေးသည်တော်တွေ သုံးဖို့ လိုလို့လား။ အပြင်ထွက်ပြီး စကားပြောချင်တယ် ဆိုရင်လည်း ကျုပ်က ခင်ဗျားနဲ့ အပြင်ထွက်ပြီး စကားပြောပေးမယ်။”

ခေါင်းလှည့်ကာ ဧည့်ခန်းမဆောင် အပြင်ဘက်သို့ ဦးစွာ ထွက်သွားလိုက်သည်။

အင်း … ဒီအခြေအနေကို ကြည့်ရတာ၊

တစ်ဖက်လူက သူ့ကို အထင်သေးထားတာ ဆိုတော့၊ လေးသည်တော်တွေ သုံးမှာ မဟုတ်လောက်ဘူး။

ဖန်ကျန်းရီက ထရပ်ကာ အနောက်မှ လိုက်သွားပြီး သူ၏ ဘေးတွင် လူငါးယောက်က ဝန်းရံထား၏။

ကျိုးထျဲ့ကတော့ လုရှို့ဝမ်ကို ဆွဲကာ ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်နေသည်။

အပြင်ဘက်တွင် လူများ ပြည့်နှက်နေပြီး၊ စက်ဝိုင်းပုံ တံခါးပေါက်မှ အပြင်ဘက်သို့ ကြည့်လိုက်ရာ အပြင်ဘက် တွင်လည်း လူအုပ်ကြီးက ပြည့်ကျပ်နေ၏။

ဝင်လာစဉ်က လူအချို့က ဖုန်းဟန်ကို အလိုအလျောက် လမ်းဖယ်ပေးခဲ့ပြီး သူလည်း စိတ်လောနေသဖြင့် သတိမထားမိခဲ့ပေ။

အခု အပြင်ထွက်လာမှ ဤပုံမှန်မဟုတ်သော မြင်ကွင်းကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကုတ်သွားကာ ဘေးနားရှိ သခင်ကြီးလုကို မေးလိုက်သည်။ “ဒါတွေ အကုန်လုံးက ခင်ဗျား ခေါ်လာတဲ့ လူတွေလား။”

သခင်ကြီးလုက အပြင်ထွက်လာပြီးနောက် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ “မဟုတ်ဘူးလေ၊ ဒီအထဲမှာ သူတောင်းစားတွေတောင် ပါနေသေးတယ်... ရှုပ်ယှက်ခတ်နေတဲ့အချိန်မှာ ပွဲလာကြည့်တဲ့ သူတွေ ဖြစ်လောက်တယ်။”

“အကုန်လုံး ဖယ်ခိုင်းလိုက်...”

“ခဏနေအုံး … အမတ်မင်းဖုန်း၊ ကျုပ်က လူလွှတ်ပေးလို့ ရတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ ကတိဖျက်မှာ စိုးလို့၊ ဒီလူတွေကို သက်သေအဖြစ် ဒီမှာ ထားခဲ့ပါ၊ မဟုတ်ရင် ကျုပ် လူမလွှတ်ပေးဘူး။”

ဤအခြေအနေကို မြင်သောအခါ အနောက်ဘက်ရှိ လူအုပ်ကြီးထဲမှ သူတောင်းစားဂိုဏ်းနှင့် ပြည့်တန်ဆာရုံမှ လူမိုက်တစ်ချို့က နောက်ဆုတ်ချင်စိတ် ပေါက်လာကြသည်။

အားဖြည့်ပေးဖို့ လာပါလို့ ခေါ်ထားပြီး ဘာလို့ အစိုးရရုံးက လူတွေနဲ့ သွားချနေရတာလဲ။

ဒါဆိုရင် ကျုပ် ခင်ဗျားနဲ့ ဆက်မကစားတော့ဘူး။

သို့သော်ငြား နောက်လှည့်ကြည့်လိုက်ရာ နေရာတိုင်းတွင် လူတွေချည်းပဲ ဖြစ်နေသဖြင့်၊ ပွဲကြည့်ချင်စိတ်က အန္တရာယ်ကို လျစ်လျူရှုသွားကာ အတင်း ရပ်နေမိကြ၏။

အနောက်ဘက်ရှိ အခြေအနေကို မသိသော ပွဲလာကြည့်သည့် ပြည်သူများကတော့ အဆက်မပြတ် ရှေ့သို့ တိုးလာနေကြသည်။

ဖုန်းဟန်က လူအုပ်ကြီးကို ကြည့်ကာ သာမန် ပြည်သူများ ဖြစ်ကြောင်း သေချာသွားသဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်၏။ “လုရှို့ဝမ်က သာမန် ပြည်သူ တစ်ယောက်ပဲ၊ ဒီနေ့ ခင်ဗျား သူ့ကို ဒီလောက်အထိ ညှဉ်းပန်းနှိပ်စက်ထားတာ၊ ကြီးမားတဲ့ ပြစ်မှု ကျူးလွန်ထားတာပဲ။

ဒါပေမဲ့ ခင်ဗျားတို့ နှစ်ယောက်ကြားမှာ မတရားခံရတာ တစ်ခုခု ရှိလို့လည်း ဖြစ်နိုင်တယ်။ လုရှို့ဝမ်က အာဏာပြပြီး အနိုင်ကျင့်တာများလား။ သူ့ကို လွှတ်ပေးလိုက်၊ ခင်ဗျား အမှန်အတိုင်း ပြောပြရင် ကျုပ် သေချာ စဉ်းစားပြီး သက်ညှာစွာ စီရင်ပေးမယ်၊ ခင်ဗျားအတွက် တရားမျှတမှု ရစေရမယ်။”

ဖန်ကျန်းရီက သူ့ကို သေချာ အကဲခတ်ကြည့်ပြီး မေးလိုက်၏။ “ခင်ဗျားက ဝူမင်းသားနဲ့ အဆက်အသွယ် ရှိလား။”

ဝူမင်းသား ဆိုသည့် စကားလုံး ထွက်လာသည်နှင့် ဖုန်းဟန်၏ ဝိညာဉ် သုံးပါးနှင့် စိတ်ဝိညာဉ်ခုနစ်ပါး အားလုံး လွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ကြက်သီးထသွားသည်။

မာနကြီးသော ဟန်ပန်များ ပျောက်ကွယ်သွားပြီး အလန့်တကြား အော်ဟစ်လိုက်၏။ “ခင်ဗျား ဘယ်သူလဲ။ ဘာလို့ ဝူမင်းသား အကြောင်း ပြောရတာလဲ။”

ဖန်ကျန်းရီက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

ဒီပုံစံကို ကြည့်ရတာ သေချာနေပြီပဲ။

အခု ဘာမှ ဖုံးကွယ်နေစရာ မလိုတော့ဘူး။

ဖန်ကျန်းရီက ဖြည်းညှင်းစွာ စကားစလိုက်သည်။ “ကျုပ်က ဘယ်သူလဲ။ ကျုပ်က ဖန်...”

ဖန် ဟူသော စကားလုံး မထွက်လာခင်မှာပင်၊ စက်ဝိုင်းပုံ တံခါးပေါက် အနောက်မှ အော်ဟစ်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

မိန်းမစိုးဝေ့က မြင်းစီးကာ လူတစ်စုကို အော်ဟစ်ဆဲဆိုလျက် အတင်း ဝင်လာပြီး ဧည့်ခန်းမဆောင် အပြင်ဘက်သို့ ရောက်မှသာ မြင်းကို ရပ်လိုက်နိုင်သည်။

မြင်းပေါ်မှ ခုန်ဆင်းကာ လူအုပ်ကြီး၏ အလယ်သို့ ကြီးမားသော ခြေလှမ်းများဖြင့် လျှောက်သွားရင်း အော်ပြောလိုက်၏။ “အမတ်မင်းဖုန်း။ သတင်းရတာ ကျုပ်ကို မပြောဘူး၊ ခင်ဗျားက တကယ်ကို မကောင်းတဲ့လူပဲ … ကျုပ် ကိုယ်တိုင် လာရအောင် လုပ်တယ်။”

ပြောရင်းဆိုရင်း လူအုပ်ကို တွန်းဖယ်ကာ အလယ်ဗဟိုသို့ ရောက်ရှိသွားပြီး မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ရာ ပစ်မှတ်ကို ချက်ချင်း ရှာတွေ့သွားသည်။

မိန်းမစိုးဝေ့၏ မျက်လုံးများက လခြမ်းကွေးလေးလို ဖြစ်သွားသည်။ ထို့နောက် အရှေ့သို့ ခုန်အုပ်ရန် ပြင်လိုက်ကာ ချွဲနွဲ့စွာ အော်ဟစ်လိုက်၏။ “ဦးလေးဖန်။ ကျုပ် နောက်ဆုံးတော့...”

စကားမဆုံးခင်မှာပင် ကြီးမားသော ပုံရိပ်တစ်ခုက သူ၏ အနောက်မှ ပေါ်လာပြီး မိန်းမစိုးဝေ့ကို အားကုန် ဝင်တိုက်လိုက်ရာ ဟန်ချက်ပျက်ကာ အဝေးသို့ လွင့်စင်သွားသည်။

ထို့နောက် ထိုလူက ဖန်ကျန်းရီ အရှေ့သို့ ဒူးထောက်ချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ကျုပ် ချီရွှေကျန့်စခန်းက တပ်မှူး ဝမ်ဖုန်း ပါ။ အမတ်မင်း ဖန် ကို အရိုအသေပေးပါတယ်။”

“အမတ်မင်းဖန်။ ကျုပ် နောက်ဆုံးတော့ အမတ်မင်း ကို ရှာတွေ့ပါပြီ။”

“ကျုပ်...”

သူ စကားပြောနေစဉ်မှာပင် နောက်ထပ် လူဆယ်ယောက်ကျော် ရောက်လာပြီး ဖန်ကျန်းရီ အရှေ့တွင် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ကာ ကျယ်လောင်စွာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြရာ ဖန်ကျန်းရီ မကြားရမည်ကို စိုးရိမ်နေကြသကဲ့သို့ပင် ဖြစ်နေသည်။

ဖန်ကျန်းရီ မှာ ကြောင်အမ်းသွားပြီး အရှေ့ရှိ လူအုပ်ကြီးကို စကားမပြောနိုင်ဘဲ ကြည့်နေမိ၏။ “စခန်း... ခင်ဗျားတို့။”

ဝမ်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။ “အမတ်မင်းဖန် … အရှင်မင်းမြတ်က အမတ်မင်း ပျောက်သွားတဲ့သတင်းကို ကြားတော့ ဒေသအသီးသီးက စခန်းတွေကို လူလွှတ်ပြီး ရှာခိုင်းထားတာပါ။ အမတ်မင်းကို မြို့တော်ကို ပြန်ခေါ်လာဖို့ ပြောထားပါတယ်၊ ကျုပ် အခု ချက်ချင်း အထက်ကို သတင်းပို့ လိုက်ပါ့မယ်။”

“အမတ်မင်းဖန် မြို့တော်သို့ ပြန်ကြွပါ။” လူအုပ်ကြီးက ညီညာစွာ အော်ဟစ်လိုက်ကြရာ အသံကြီးက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။

ဖုန်းဟန်မှာ မျက်နှာတစ်ခုလုံး ဖြူရော်သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။

သခင်ကြီးလုမှာ မိဘများ သေဆုံးသွားသကဲ့သို့ ငိုယိုနေပြီး ကြောက်လန့်တကြား ဖြစ်နေသည်။

ပွဲကြည့်နေသော ပြည်သူများမှာ အလွန် ဝမ်းသာနေကြပြီး အားဖြည့်ပေးရန် လာသော လူအုပ်ကြီးက ဖန်ကျန်းရီ၏ အဆင့်အတန်းက သာမန် မဟုတ်ကြောင်း သိလိုက်ရသဖြင့် သတ္တိများ ပိုမို ထွက်လာကာ ဉာဏ်ကောင်းသူ တစ်ယောက်က ရှေ့ထွက်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဂိုဏ်းချုပ်ကို ကယ်ကြ။”

“ဂိုဏ်းချုပ် အသက်ရာကျော်ရှည်ပါစေ။”

“ဥက္ကဋ္ဌကြီး လာပြီ။”

“အမတ်မင်းဖန်။”

“တပ်မှူးကြီး။”

“သခင်လေး။”

စိတ်လှုပ်ရှားမှုများ ကူးစက်လာပြီး ထူးဆန်းသော အော်ဟစ်သံ အမျိုးမျိုးက ချူအိမ်တော် ကောင်းကင်ယံ တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။ ဧည့်ခန်းမဆောင် အပြင်ဘက်မှသည် အပြင်ဘက် ဝင်းအထိ၊ ချူအိမ်တော် အပြင်ဘက်အထိ ပျံ့နှံ့သွား၏။

ဆူညံနေသော အော်ဟစ်သံများ ကြားတွင် ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်များက တဖြည်းဖြည်း တွန့်ကွေးလာသည်။

အကျိုးစီးပွားချင်း မပတ်သက်သောသူများက သဘာဝကျကျ အလွန် စိတ်လှုပ်ရှားနေကြသော်လည်း၊ အကျိုးစီးပွားချင်း ပတ်သက်နေသူများကတော့ မတူညီကြပေ။

ဖုန်းဟန်၊ သခင်ကြီးလနှင့် သူခေါ်လာသော အစောင့်များ၊ အစေခံများ အားလုံး၏ မျက်နှာများမှာ ဖြူရော်နေကြ၏။

ချူမိသားစုဝင် အားလုံး၏ မျက်နှာပေါ်တွင်လည်း မတူညီသော အမူအရာများ ရှိနေကြသည်။

ချူချင်ဟန်၏ မျက်လုံးများတွင် ဇဝေဇဝါ ဖြစ်မှုများ၊ ကြောင်အမ်းမှုများ ရှိနေပြီး ချူတယ်ယွင်ကတော့ အော်ဟစ်သံ တစ်ချက် ပြုကာ သတိလစ်သွား၏။

ချူယိုယီက ဖန်ကျန်းရီကို ငေးကြည့်ရင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။ “ဖန်... ဖန်ကျန်းရီလား။”

အခန်း (၅၄၀) ယူတိန့်မြို့ကို အုပ်စိုးခြင်း

ပတ်ဝန်းကျင်တွင် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ဖန်ကျန်းရီက ရပ်တန့်မည့် အရိပ်အယောင် မတွေ့ရသဖြင့် ညာဘက်လက်ကို မြှောက်ကာ လေထဲတွင် အနည်းငယ် ဖိချလိုက်၏။

အနီးအနားရှိ လူအုပ်ကြီး၏ အော်ဟစ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ချူအိမ်တော် ဝင်းအတွင်းရှိ အသံများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သို့ပေည့် လမ်းမပေါ်တွင်တော့ ဆူညံသံများ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ အဝေးမှ ကြားနေရသော်လည်း ဘာတွေ အော်နေမှန်းတော့ မသိပေ။

ဖန်ကျန်းရီက အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် အလွန် အံ့ဩနေမိ၏။

ခဏအကြာမှ သတိပြန်ဝင်လာပြီး ဖုန်းဟန်ကို ကြည့်ကာ ပြုံးလိုက်သည်။ “အမတ်မင်းဖုန်း … ဒီနေ့ ခင်ဗျား ကျုပ်ကို ဆက်စစ်အုံးမလား။”

ဖုန်းဟန်က ဖန်ကျန်းရီ၏ အကြည့်ကို ရင်ဆိုင်လိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ခေါင်းငုံ့ကာ စိုးရိမ်တကြီးဖြင့် ပြန်ဖြေလိုက်၏။ “ကျုပ်... ကျုပ် မဝံ့ရဲပါဘူး။”

မိန်းမစိုးဝေ့က အခြေအနေကို သတိထားမိသွားပြီး ဖန်ကျန်းရီ အနားသို့ အမြန် ကပ်လာကာ ဖုန်းဟန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ “ဦးလေးဖန် … သူ ဦးလေးကို ဒုက္ခပေးခဲ့တာလား။”

“ဟားဟား ..အဲဒီလိုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူ့ဘေးက လူကတော့ ကျုပ်ကို သိပ်ယဉ်ကျေးတဲ့ပုံ မပေါ်ဘူး။”

သခင်ကြီးလုမှာ အိပ်မက်ဆိုး တစ်ခု မက်နေသကဲ့သို့ ဖြစ်နေပြီး အိပ်မက်ထဲတွင်ပင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။

ဖန်ကျန်းရီက သူ့ကို ရည်ရွယ်ပြီး ပြောလိုက်သည်ကို ကြားသောအခါ ဒူးထောက်ချလိုက်သည်။

“အမတ်မင်းဖန် .. ကျုပ် မျက်စိကန်းပြီး သားကို သေချာ မဆုံးမခဲ့မိပါဘူး။ အမတ်မင်းဖန် အပြစ်ပေးပါ!! ကျုပ် ပြန်ရောက်ရင် ဒီသားမိုက်ကို သေချာ ဆုံးမပါ့မယ်။” လုသခင်ကြီးက အော်ဟစ်လိုက်၏။

သူ ဒူးထောက်လိုက်သဖြင့် သူနှင့် အတူ ပါလာသော လယ်သမားများနှင့် အစောင့်များလည်း အတူတူ ဒူးထောက်လိုက်ကြပြီး ပါးစပ်မှ အဆက်မပြတ် တောင်းပန်နေကြသည်။

“လာ .. ခင်ဗျား ဒီကို လာခဲ့။” ဖန်ကျန်းရီက လုသခင်ကြီးကို ပြုံးရွှင်သော မျက်နှာထားဖြင့် လက်ယပ်ခေါ်လိုက်၏။

လုသခင်ကြီးက ကြောက်လန့်တကြားဖြင့် လျှောက်သွားလိုက်ပြီး မျက်နှာတွင် ဖားယားသော အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။ “အမတ်မင်းဖန်... ကျုပ်ကို ခွင့်လွှတ်လိုက်ပြီလား။”

သူ အနားရောက်လာသောအခါ ဖန်ကျန်းရီက သူ၏ မုတ်ဆိတ်ကို ဖြည်းညှင်းစွာ ဆွဲကိုင်လိုက်ပြီး ညင်သာစွာ မေးလိုက်၏။ “မာန မကြီးတော့ဘူးလား။”

“မ... မကြီးတော့ပါဘူး။”

“အင်း … အရမ်းကောင်းတယ်။ ရှောင်ဝေ့ … ကျုပ်ကိုယ်စား သူ့ကို ပါးရိုက်လိုက်စမ်း။”

မိန်းမစိုးဝေ့က မကောင်းဆိုးဝါး အပြုံးဖြင့် လက်သီးကို ဆုပ်ကာ ရှေ့တိုးလာသည်။

ကျုပ်ရဲ့ ဦးလေးဖန် ကိုယ်တိုင် ခိုင်းတာဆိုတော့ သေချာပေါက် သေချာ ရိုက်ရမှာပေါ့၊ ဒီနေ့ ဒီအဘိုးကြီးကို အသေအလဲ ရိုက်ပစ်မယ်။

ပါးရိုက်စမ်း။

ဤစကားလုံး နှစ်လုံး ထွက်လာသည်နှင့် လုသခင်လေး၏ ခေါင်းထဲတွင် သွေးထွက်သံယို မြင်ကွင်းများ ချက်ချင်း ပေါ်လာပြီး မိန်းမစိုးဝေ့ တစ်လှမ်းချင်းစီ လျှောက်လာသည်ကို မြင်လိုက်ရ၏။

လုသခင်ကြီးက အံကြိတ်ကာ အလျင်အမြန် ပြောလိုက်သည်။ “အမတ်မင်းဖန် ကိုယ်တိုင် လုပ်စရာ မလိုပါဘူး။”

ပြောပြီးသည်နှင့် မတ်တပ်ရပ်ကာ တိုင်ဆီသို့ အလွန် မြန်ဆန်သော အရှိန်ဖြင့် ပြေးဝင်သွား၏။

ဒုန် ဆိုသည့် အသံကြီး ထွက်ပေါ်လာပြီး မျက်နှာတစ်ခုလုံး ပန်းပွင့်များ ပွင့်သွားသကဲ့သို့ ဖြစ်သွားကာ သွားအိုများလည်း အနည်းငယ် ကျွတ်ထွက်သွားပြီး သတိလစ်သွားတော့သည်။

ပတ်ဝန်းကျင်မှ လူများက ဤထူးဆန်းသော မြင်ကွင်းကို မျက်နှာရှုံ့မဲ့ကာ ကြည့်နေကြသည်။

အချိန်တိုလေး အတွင်းမှာ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေက အရမ်း များလွန်းတော့၊ ဦးနှောက်က အလုပ်မလုပ်နိုင်တော့ဘဲ စိတ်ထဲမှာ လုံးဝ လက်မခံနိုင်အောင် ဖြစ်နေကြ၏...

ဖန်ကျန်းရီ၏ အကြည့်များက ချူယိုယီထံသို့ ရောက်သွားပြီး အနည်းငယ် ပြုံးပြလိုက်သည်။

ချူယိုယီလည်း ကြောင်အမ်းသွား၏။

ဒါက... ငါ့အတွက် ဒေါသထွက်ပေးနေတာလား။

မိန်းမစိုးဝေ့မှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး နေရာတွင်ပင် ရပ်နေမိသည်။

ချီးတဲ့မှ … ကျုပ်ဦးလေးဖန် ကို ဒေါသထွက်အောင် လုပ်ရဲတာ မဆန်းပါဘူး၊ ဦးနှောက်က နည်းနည်းတော့ မမှန်ဘူးပဲ။

“ဦးလေးဖန် .. ဆက်ရိုက်ရအုံးမလား။ ဦးလေးဖန် ဘာပြဿနာ ရှိသေးလဲ၊ ကျုပ် အကုန်လုံး ဖြေရှင်းပေးပါ့မယ်။”

“အင်း .. ကောင်းတယ်။ အစ်ကိုကြီးကော် က သားကောင်း တစ်ယောက် ရထားတာပဲ။” ဖန်ကျန်းရီက ချီးကျူးလိုက်၏။

မိန်းမစိုးဝေ့၏ မျက်နှာပေါ်တွင် ချက်ချင်း အပြုံးများ ပွင့်လန်းလာသည်။

“ဒီနေ့ကစပြီး ခွင့်မပြုဘူး၊ ယူတိန့်မြို့မှာ ဒီလို မာနကြီးတဲ့သူတွေ ရှိနေတာကို လုံးဝ ခွင့်မပြုဘူး။ နားလည်လား။ အမတ်မင်းဖုန်း။” ဖန်ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်၏။

ဖုန်းဟန်က တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “နားလည်ပါပြီ အမတ်မင်း ဖန်၊ ကျုပ် အခု ချက်ချင်း သွားလုပ်လိုက်ပါ့မယ်... အမတ်မင်းဖန်၊ တကယ်တော့ ကျုပ် သူနဲ့ သိပ်မရင်းနှီးပါဘူး...”

သူ၏ ရှင်းပြချက်ကို နားမထောင်ဘဲ ဖန်ကျန်းရီ၏ အကြည့်များက ချူမိသားစုဝင်များထံသို့ ရောက်သွား၏။

အကြည့်ရောက်သွားသော နေရာတိုင်းတွင် လူများက ခေါင်းငုံ့သွားကြသည်။ ချူတယ်ယွင်က သတိလစ်နေရာမှ သတိပြန်လည်လာပြီး ဖန်ကျန်းရီ၏ တည်ငြိမ်သော အကြည့်နှင့် ဆုံလိုက်ရသောအခါ ထပ်မံ သတိလစ်သွားပြန်သည်။

ချူယိုယီ တစ်ယောက်သာ သူ့ကို တည့်တည့် ကြည့်နေပြီး မျက်လုံးများတွင် စပ်စုချင်စိတ်များနှင့် ဇဝေဇဝါ ဖြစ်မှုများ ရှိနေ၏။

တစ်ပတ်လည် ကြည့်ပြီးနောက် ဖန်ကျန်းရီက ပြောလိုက်သည်။ “ရှောင်ဝေ့ .. လမ်းဖယ်ခိုင်းလိုက်။ ကျန်တဲ့သူတွေ အကုန်လုံး လူစုခွဲလိုက်တော့ … ကျုပ်တို့ အစိုးရရုံးကို သွားမယ်။”

ပြောပြီးသည်နှင့် ခြုံလွှာကို လွှဲခါကာ သပ်ရပ်စွာ ထွက်ခွာသွား၏။

ကြည့်ရှုနေသူများထဲမှ ဉာဏ်ကောင်းသော ကောင်လေး တစ်ယောက်က အော်ဟစ်လိုက်သည်။ “ဥက္ကဋ္ဌကို ပို့ဆောင်ပါတယ်။”

ထိုအသံ ထွက်လာသည်နှင့် အခြားသူများကလည်း လိုက်လံ အော်ဟစ်ကြ၏။ “ဂိုဏ်းချုပ်ကို ပို့ဆောင်ပါတယ်။” “ဂိုဏ်းချုပ်...”

နှင်းဖြူရောင် ခြုံလွှာက အထက်အောက် လွင့်ဝဲနေပြီး ဖန်ကျန်းရီ၏ ကျောပြင်က အလွန် သပ်ရပ် ကျော့ရှင်းနေကာ မျက်နှာအမူအရာကလည်း တည်ကြည်လေးနက်နေသည်။

မိန်းမစိုးဝေ့က သူ၏ ကျောပြင်ကို ကြည့်ကာ သွားရည်ကျမတတ် ဖြစ်သွားသည်။ သို့နှင့် အလျင်အမြန် လိုက်သွားကာ ဖန်ကျန်းရီ၏ ဘေးတွင် လျှောက်သွားလိုက်၏။

တံခါးဝသို့ မရောက်ခင်မှာပင် မိန်းမစိုးဝေ့က အနည်းငယ် ဇဝေဇဝါဖြင့် တိုးညင်းစွာ မေးလိုက်သည်။ “ဦးလေးဖန် …. ဦးလေး ဘာသွားလုပ်မလို့လဲ။”

ဖန်ကျန်းရီက ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “လိုက်ခဲ့ပါ။”

“ဟုတ် … ”

...

အစိုးရရုံး အတွင်းတွင်၊ ဖန်ကျန်းရီက ပင်မ ထိုင်ခုံတွင် ထိုင်နေပြီး၊ အောက်ဘက်တွင် ဖုန်းဟန်နှင့် တောက်ယွမ်ခရိုင် မှ လူများ ထိုင်နေကြသည်။

မိန်းမစိုးဝေ့က လက်ဖက်ရည် လာချပေးပြီး ရင်ဘတ်ထဲမှ ပန်းချီကား တစ်ချပ်ကို သတိထား၍ ထုတ်ကာ ဖန်ကျန်းရီ အရှေ့ရှိ စားပွဲပေါ်တွင် ဖြန့်ပြလိုက်၏။ “ဦးလေးဖန် … ဒါက ကျုပ်ခေါင်းကိုင်အဖေက တောက်ယွမ်ခရိုင်ကနေ ယူလာတာပါ။ ကျုပ် ဒါကို အမှတ်တရ သိမ်းထားလို့ ရမလား။”

ဖန်ကျန်းရီက စားပွဲပေါ်ရှိ ပန်းချီကားကို ကြည့်ကာ မျက်နှာထား တင်းမာသွားသည်။

“ရတာပေါ့၊ ဒါပေမဲ့ ကျုပ် အကြိုက်ဆုံးကတော့ အကြီးအကဲ ဆယ့်နှစ်ယောက်နဲ့ ထမင်းစားတဲ့ ပုံပဲ။ ရှောင်ဝေ့ … ခင်ဗျား အရင် ထွက်သွားတော့။ ကျုပ် အမတ်မင်းဖုန်းနဲ့ သီးသန့် စကားပြောစရာ ရှိတယ်။ အပြင်က ညီအစ်ကိုတွေကို သေချာ နေရာချထားပေးလိုက်။ ပိုက်ဆံကို အမတ်မင်းဖုန်း ရှင်းပေးလိမ့်မယ်။”

(မှတ်ချက်။ ဂိုဏ်းချုပ်ဖန်နှင့် သူ၏ အကြီးအကဲ ဆယ့်နှစ်ယောက်တို့ ဘုရားကျောင်းပျက်တွင် ညစာစားနေသည့် ပုံ၊ နောင်ခေတ်တွင် နိုင်ငံခြားသားများက အတုခိုး ဆွဲကြသည်။)

“ကျေးဇူးတင်ပါတယ် ဦးလေးဖန်၊ ဦးလေးဖန် အလုပ်လုပ်ပ။” မိန်းမစိုးဝေ့က ဝမ်းသာအားရဖြင့် ပန်းချီကားကို သိမ်းဆည်းကာ ပေါ့ပါးသော ခြေလှမ်းများဖြင့် ရုံးခန်းထဲမှ ထွက်သွား၏။

ရုံးခန်း အတွင်းတွင် အပြင်လူ တစ်ယောက်မှ မရှိတော့ပေ။

မည်သူမှ စကားမစကြသဖြင့် အခန်းတွင်း လေထုက အနည်းငယ် မွန်းကျပ်နေပြီး ဖုန်းဟန်မှာ အပ်ထိပ်ဖျားပေါ် ထိုင်နေရသကဲ့သို့ ဖြစ်နေ၏။

ခဏအကြာတွင် ဖန်ကျန်းရီက မေးလိုက်သည်။ “အမတ်မင်းဖုန်း .. ကျုပ်က အခု ကျင်းယီဝေ တပ်ဖွဲ့ရဲ့ တပ်မှူးပဲ၊ ဝူမင်းသား ပုန်ကန်တဲ့အမှုကို ကျုပ် စစ်ဆေးပိုင်ခွင့် ရှိတယ်လို့ ခင်ဗျား ထင်လား။”

“ရှိတာပေါ့။ ရှိတာပေါ့။ လောကမှာ အမတ်မင်းဖန် ထက် ပိုပြီး အရည်အချင်းရှိတဲ့သူ မရှိပါဘူး။” ဖုန်းဟန်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး အလျင်အမြန် ပြန်ဖြေလိုက်၏။

“ဒါဆို ခင်ဗျားက ကျုပ် စစ်တာကို စောင့်နေမလား၊ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် ဝန်ခံမလား။”

ဖုန်းဟန်မှာ ခေါင်းတစ်ခုလုံး ထုံကျင်သွားပြီး တစ်ကိုယ်လုံး လျှပ်စစ်ဓာတ်လိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပြီးနောက် ထိုင်ခုံပေါ်တွင် မျက်နှာရှုံ့မဲ့စွာ ထိုင်နေမိသည်။

နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခုချကာ ထိုင်ခုံမှ ထလာပြီး ဖန်ကျန်းရီ အရှေ့တွင် ဒူးထောက်ကာ မျက်လုံးများကို နာကျင်စွာ မှိတ်ထားလိုက်၏။

အသက်ပြင်းပြင်း အကြိမ်ကြိမ် ရှူပြီးနောက် မျက်လုံးကို ဖွင့်ကာ မော့ကြည့်လိုက်သည်။ “ကျုပ်... ဝူမင်းသား ပုန်ကန်မှုနဲ့ ဘာမှ မပတ်သက်ပါဘူး။ အမတ်မင်းဖန် သေချာ စုံစမ်းပေးပါ။”

“ပြော။”

ဖန်ကျန်းရီက ရှဲ့ရှန်းကို မျက်ရိပ်ပြလိုက်ရာ ရှဲ့ရှန်းက ချက်ချင်း စုတ်တံကို ယူကာ မှင်တို့ပြီး ရေးရန် ပြင်လိုက်၏။

ဖုန်းဟန်၏ ဦးနှောက်က အလွန် မြန်ဆန်စွာ အလုပ်လုပ်နေပြီး အဆက်မပြတ် ဖန်တီးပြောဆိုနေတော့သည်။ “မြို့ထဲမှာ ကျိုးဆိုတဲ့ သူဌေးမိသားစု တစ်စု ရှိတယ်၊ သူတို့က သင်္ဘောတည်ဆောက်တဲ့ လုပ်ငန်းကို အဓိက လုပ်ကြတယ်။ ဝူမင်းသား ကိစ္စ ဖြစ်ပြီးနောက်မှာ ကျိုးမိသားစုကို မျိုးပြုတ် သတ်ပစ်ဖို့ ကြိုးစားခဲ့တယ်။

ကျုပ် လူလွှတ်ပြီး စုံစမ်းကြည့်တော့ ဝူမင်းသားက ပင်လယ်ရပ်ခြားကို ထွက်ပြေးသွားတယ်လို့ ကြားရတယ်။ ဒီနှစ်ခုကို ဆက်စပ်ကြည့်လိုက်တော့ ကျိုးမိသားစုက ဝူမင်းသားအတွက် လျှို့ဝှက် အလုပ်လုပ်ပေးနေတယ် ဆိုတာကို တွေ့ရတယ်။

သန်းခေါင်စာရင်းနဲ့ တိုက်စစ်ကြည့်တော့ ကျိုးမိသားစုက လူလေးယောက် အသက်ရှင်လွတ်မြောက်သွားတယ်၊ ဒါနဲ့ ကျုပ် အဲဒီလေးယောက်ကို ဖမ်းဖို့ ဝရမ်းထုတ်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့တာပါ၊ အကြမ်းဖျင်းကတော့ ဒါပါပဲ။”

“ရိုးရိုးသားသား နေပြီး ဘာအပြစ်မှ မလုပ်ထားဘူးဆိုရင် ခင်ဗျား ဘာလို့ ကြောက်နေတာလဲ၊ ဘာလို့ တုန်နေတာလဲ။” ဖန်ကျန်းရီက သရော်သည့်ဟန်ဖြင့် ဖုန်းဟန်ကို ကြည့်လိုက်၏။

“ကျုပ် အမတ်မင်း ဖန်ကို စော်ကားမိလို့... ကြောက်လန့်ပြီး တုန်နေတာပါ။”

ဖန်ကျန်းရီက လက်ခုပ်တီးကာ ရယ်မောလိုက်သည်။ “ကောင်းတယ်၊ ကောင်းတယ်၊ အမတ်မင်းဖုန်းပြောတာက အကြောင်းပြချက် ခိုင်လုံတယ်။ ဘာပြဿနာမှ မရှိတော့ဘူးလို့ ထင်ပါတယ်။ သူ့ကို လက်ဗွေနှိပ်ခိုင်းလိုက်။”

ရှဲ့ရှန်းက ထရပ်ကာ ရေးထားသော ထွက်ဆိုချက်ကို ဖုန်းဟန် အရှေ့တွင် ချပေးလိုက်၏။

ဒီလောက် လွယ်လွယ်နဲ့ ပြီးသွားတာလား။

ဖုန်းဟန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး စိုးရိမ်တကြီးဖြင့် ထွက်ဆိုချက်ကို ကြည့်လိုက်သည်။ မကြည့်လိုက်လျှင်မှ တော်သေးသည်၊ ကြည့်လိုက်တော့ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွား၏။

အပေါ်တွင် သူနှင့် ဝူမင်းသား ပူးပေါင်းကြံစည်သည့် အပြစ်များကို အပြည့်အစုံ ရေးသားထားပြီး အားလုံးက လျှောက်ရေးထားခြင်း ဖြစ်သည်။

သို့ပေမည့် ယုတ္တိဗေဒ အရတော့ အလွန် သဘာဝကျနေ၏။

ဖုန်းဟန်က ထွက်ဆိုချက်ကို အတင်း လုယူလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “အမတ်မင်းဖန် … ခင်ဗျား ဒါက အသရေဖျက်တာပဲ။”

All Chapters