← Chapters

အခန်း (၅၄၃-၅၄၄)

Vol. 30 Ch. 543-544

အခန်း (၅၄၃-၅၄၄)

Vol. 30 Ch. 543-544

အပိုင်း (၅၄၃) မိသားစုအတွက် စွန့်လွှတ်ခြင်း။

ချူသခင်လေးက ချူယိုယီ ပြေးထွက်သွားသော ကျောပြင်ကို ကြောင်တောင်တောင် ကြည့်နေပြီး ပါးစပ်မှ တိုးညင်းစွာ ရေရွတ်လိုက်၏။ “ရူးနေတာပဲ”

ထို့နောက် ချင်ဟန်ဘက်သို့ လှည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ချင်ဟန် .. အဖေပြောတာ မှန်တယ်လေ။ နင် ဘယ်သူ့ကို လက်ထပ်လက်ထပ် အတူတူပဲ မဟုတ်ဘူးလား။ ဖန်ကျန်းရီက သာမန် အမတ်မှ မဟုတ်တာ။ နင်သာ သူ့နောက် လိုက်သွားရင် ငါတို့တွေ အကုန်လုံး ချမ်းသာပြီ မဟုတ်ဘူးလား။”

ချူသခင်လေး၏ စိတ်ထဲတွင် အလွန် ဝမ်းသာနေသည်။ ထိုညက ခုနစ်ရက် မဟာနတ်ဆေးကို သောက်ပြီးတည်းက အရက်နတ်ဆိုးကို ပို၍ပင် လေးစားအားကျလာခဲ့၏။

ညီမဖြစ်သူသာ ထိုသူ့ကို လက်ထပ်လိုက်ရင်၊ နောက်ပိုင်း ငါ အရက်နတ်ဆိုးကြီးနဲ့ ပေါင်းပြီး သွားလည်လို့ ရပြီပေါ့။

ချူချင်ဟန်က တိတ်တဆိတ် မျက်ရည်ကျနေဆဲ ဖြစ်ပြီး မျက်လုံးများ နီရဲကာ ချူသခင်လေးကို ကြည့်ပြီး ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီး … အစ်ကိုကြီးက ကျွန်မကို ညီမ တစ်ယောက်လို့ သဘောထားသေးရဲ့လား။”

“နင် သူ့ကို လက်ထပ်ရင် ညီမ မဟုတ်ဘူး။ ငါ့ရဲ့ အဘွားတော်လို့တောင် သတ်မှတ်လို့ ရတယ်။” ချူသခင်လေးက မဆိုင်းမတွ ပြန်ဖြေလိုက်၏။

ချူချင်ဟန်၏ ရင်ထဲတွင် ပြင်းထန်စွာ နာကျင်သွားသည်။ အစ်ကိုဖြစ်သူက အသုံးမကျသူ တစ်ယောက် ဖြစ်မှန်း သိသော်လည်း ယခုလောက်အထိ ဦးနှောက်မဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“အဖေ .. ကျွန်မ မသွားဘူး။ အဖေက ကျွန်မကို သမီးလို့ သတ်မှတ်သေးတယ်ဆိုရင် ကျွန်မကို မဖိအားပေးပါနဲ့။” ချူချင်ဟန်က မျက်ရည်များကို သုတ်ကာ မျက်လုံးများတွင် ခိုင်မာသော အရိပ်အယောင်များ ပေါ်လာ၏။

“နင် သွားရမယ်။ နင် ငါ့ကိုအဖေလို့ သတ်မှတ်သေးတယ်ဆိုရင်၊ ချူမိသားစုဝင် တစ်ယောက်လို့ သတ်မှတ်သေးတယ် ဆိုရင်၊ သေချာပေါက် သွားရမယ်။” ချူတယ်ယွင်၏ သဘောထားကလည်း အလွန် ပြတ်သားနေသည်။

မည်သူကမှ အလျှော့မပေးသဖြင့် သားအဖ နှစ်ယောက် ဧည့်ခန်းမဆောင် အတွင်း အချိန်အတော်ကြာ အခြေအတင် ဖြစ်နေကြ၏။

သိပ်မကြာခင်မှာပင် ချူတယ်ယွင်က သမီးဖြစ်သူ၏ အကြည့်ကို မခံနိုင်တော့ချေ။

ချူမိသားစုက နာမည်ကြီး သူဌေးမိသားစု တစ်ခု ဖြစ်သော်လည်း သမီးကို ရောင်းစားပြီး ဂုဏ်သိက္ခာ ရှာရသည်မှာ တကယ်တော့ အရှက်ရစရာ ကောင်းလှသည်။

သို့ပေမည့် နောက်တစ်ဖန် တွေးကြည့်ပြန်တော့ … တကယ်လို့ တကယ် ရောင်းစားနိုင်ခဲ့လျှင် လူဘယ်နှစ်ယောက်က အားကျနေမလဲ မသိပေ။ ထို့အပြင် အရေးအကြီးဆုံးက မိသားစုကို ကယ်တင်ဖို့ပင် မဟုတ်ပါလား။

ထိုသို့ တွေးမိပြီး ချူတယ်ယွင်က စိတ်ပိုင်းဖြတ်ကာ ချူချင်ဟန်၏ အရှေ့တွင် ဒူးထောက်ချလိုက်ပြီး သွားကြားမှ အသံထွက်အောင် ပြောလိုက်၏။ “ချင်ဟန် …အဖေ နင့်ကို တောင်းပန်ပါတယ်။ နင် မသွားရင် ငါတို့ ချူမိသားစု လုံးဝ ပျက်စီးသွားလောက်တယ်။ နင်က ချူမိသားစု ပျက်စီးသွားတာကို ဒီအတိုင်း ကြည့်နေနိုင်လို့လား။”

ဤသို့ ဒူးထောက်လိုက်ခြင်းက ချူချင်ဟန်၏ နှလုံးသားကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။

ချူတယ်ယွင်၏ ဆံပင်ဖြူများကို ကြည့်ပြီး ချူချင်ဟန်က ခါးသီးစွာ ပြုံးလိုက်ကာ မျက်ရည်များက ပါးပြင်ပေါ်သို့ အဆက်မပြတ် စီးကျလာ၏။

“အဖေ … အဖေ ထပါ၊ ကျွန်မ သွားမယ်... ကျွန်မ သွားပါ့မယ်၊ အဖေတို့ သဘောကျသလိုသာ လုပ်ပါ။ ဒါပေမဲ့ ဒီနေ့ကစပြီး အိမ်ရဲ့ စီးပွားရေး ကိစ္စတွေက ကျွန်မနဲ့ ဘာမှ မပတ်သက်တော့ဘူး။”

ပြောပြီးသည်နှင့် ချူချင်ဟန်က မျက်နှာသေဖြင့် နောက်လှည့်ကာ ထွက်သွားတော့သည်။

သူမ သဘောတူလိုက်သည်ကို မြင်သောအခါ ချူသခင်လေးက အလွန် ဝမ်းသာသွားပြီး ချူတယ်ယွင်၏ အင်္ကျီလက်စကို ဆွဲကာ ပြောလိုက်၏။ “အဖေ … ချင်ဟန် သဘောတူလိုက်ပြီ။”

ချူတယ်ယွင်၏ မျက်နှာမှာ ပြာနှမ်းနေပြီး ချူသခင်လေး၏ ပါးကို အားကုန် ရိုက်ချလိုက်ကာ ဒေါသတကြီး ပြောလိုက်သည်။ “မင်း ပါးစပ်ပိတ်ထားစမ်း။ ငါ ဘာလို့ မင်းလို အသုံးမကျတဲ့ သားမျိုး မွေးမိတာလဲ။ မင်းက သားအကြီးဆုံး ဖြစ်ပြီးတော့ အိမ်က ကိစ္စ အကုန်လုံးကို မင်းညီမကပဲ တာဝန်ယူနေရတယ်။ မင်း မရှက်ဘူးလား။”

ချူသခင်လေးက ပါးကို အုပ်ကာ ဝမ်းနည်းစွာဖြင့် ပြန်ပြောလိုက်၏။ “တရားမျှတမှု မရှိဘူး၊ အဖေက ကျုပ်ကို ဝင်မပါနဲ့လို့ ပြောထားတာ မဟုတ်ဘူးလား။”

“မင်း ဝင်ပါလို့ ရမလား၊ ဆိုင်သုံးဆိုင်လောက် ဖျက်ဆီးထားပြီးတာတောင် ဒီလိုစကားပြောရဲသေးတယ်။ မင်းလို အဆင့်အတန်းနဲ့ ချူမိသားစုသာ မင်းလက်ထဲ ရောက်ရင် စောစောစီးစီး ပျက်စီးသွားမှာပဲ၊ နောက်ဆိုရင် မင်းညီလေးကိုပဲ အကုန် ပေးလိုက်တော့မယ်။ မင်း တစ်ပြားမှ ရမှာ မဟုတ်ဘူး။” ချူတယ်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ငွေမရတော့ဘူး ဆိုသည်ကို ကြားသောအခါ ချူသခင်လေး က မည်မျှတုံးအပါစေ ချက်ချင်း သတိဝင်လာသည်။ သို့နှင့် ဦးနှောက်က အလွန် မြန်ဆန်စွာ အလုပ်လုပ်သွားကာ အလျင်အမြန် ပြောလိုက်၏။ “အဖေ … ကျုပ်ကို နောက်ထပ် အခွင့်အရေး တစ်ခါ ပေးပါ၊ နောက်ထပ် အခွင့်အရေး တစ်ခါ ပေးပါ။”

“ချင်ဟန်ရဲ့ ပုံစံကို ကြည့်ရတာ၊ အရက်နတ်ဆိုး... အမတ်မင်းဖန် ရောက်လာရင်တောင် သေချာပေါက် ပြဿနာ ရှာအုံးမှာပဲ၊ ကျုပ်မှာ ဖြေရှင်းမယ့် နည်းလမ်း ရှိတယ်။”

ချူတယ်ယွင်က ချူသခင်လေးကို မယုံသင်္ကာ ကြည့်ကာ မေးလိုက်သည်။ “ဘာနည်းလမ်းလဲ။”

ချူသခင်လေးက နှုတ်ခမ်းကို သပ်လိုက်ပြီး မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာ၏။ “ကျုပ် မကြာသေးခင်က ပစ္စည်းကောင်း တစ်ခု ရထားတယ်။ အိမ်မှာလည်း ကျုပ် သေချာ သိမ်းထားတဲ့ အဝတ်အစား တစ်စုံ ရှိတယ်။ နောက်ကျရင် အမတ်မင်း ဖန်ကို ဖိတ်ခေါ်လာပြီး ချင်ဟန်ကို အခန်းထဲမှာ အရင် စောင့်ခိုင်းထားမယ်။ သူ အခန်းထဲ ဝင်လာတာနဲ့ ချက်ချင်းပဲ... အခြေအနေတွေ အားလုံး အဆင်ပြေသွားရင်... ကိစ္စက ပြီးသွားပြီ မဟုတ်ဘူးလား။”

ဖြန်း ဆိုသည့် အသံနှင့်အတူ ချူတယ်ယွင်က ချူသခင်လေး၏ ပါးကို ထပ်မံ ရိုက်ချလိုက်ပြီး အလွန် ဒေါသထွက်သွား၏။ “တိရစ္ဆာန် …. မင်း ဒီလို ယုတ်မာတဲ့ ကိစ္စတွေကိုပဲ သင်ယူထားတာလား။ ကိုယ့်ညီမကိုတောင် ဒုက္ခပေးချင်နေသေးတာလား။”

ချူသခင်လေးက လက်နှစ်ဖက်ဖြင့် ပါးကို အုပ်ကာ မျက်ရည်ဝဲလျက် ပြောလိုက်သည်။ “အဖေက ကျုပ်ကို ဘယ်လို လုပ်စေချင်တာလဲ။”

“ဘယ်လို လုပ်ရမလဲ။ မင်း သွားမစီစဉ်သေးဘူးလား။ ငါ အမတ်မင်း ဖန် ကို သွားပင့်ရအုံးမယ်။ မြန်မြန် ထွက်သွားစမ်း … မင်းကို မြင်ရင် မျက်စိနောက်တယ်။”

...

ဖန်ကျန်းရီ ဘက်တွင် အားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး အစောင့်များနှင့် ရဲမက်များကို ခေါ်ဆောင်ကာ ချူအိမ်တော်သို့ ထပ်မံ ထွက်ခွာလာခဲ့၏။

ချူအိမ်တော်ဘက်တွင် ထပ်မံ ရှင်းလင်းစရာများ ရှိသေးသဖြင့် ဤကိစ္စကို ဖြေရှင်းပြီးပါက နောက်ကြောင်းအေးပြီ ဖြစ်သည်။

ချူအိမ်တော်သို့ ပြန်ရောက်သောအခါ၊ တံခါးစောင့်က ဖားယားသော မျက်နှာထားဖြင့် အနားသို့ ကပ်လာရန် ကြိုးစားသော်လည်း ဒေါသထွက်နေသော ရဲမက်များကို မြင်သောအခါ အလျင်အမြန် နောက်ဆုတ်သွားပြီး အိမ်ထဲသို့ ပြေးဝင်ကာ သတင်းပို့တော့၏။

သို့ပေမည့် ဖန်ကျန်းရီ ထင်မှတ်မထားသည်မှာ သူ့ကို ထွက်ကြိုသူက ချူသခင်လေး ဖြစ်နေခြင်းပင်။

ချူသခင်လေးက စိတ်လှုပ်ရှားစွာ လက်ကို ပွတ်သပ်ရင်း ဝမ်းသာအားရ ပြောလိုက်၏။ “အမတ်မင်းဖန် ရောက်လာပြီလား။ အဖေက အပြင်သွားပြီး အမတ်မင်းကို ပင့်မလို့ လုပ်နေတာ။ အမတ်မင်း ရောက်လာတာ အချိန်ကိုက်ပဲ။ ချင်ဟန်က အမတ်မင်း ကို ပြောစရာ ရှိတယ်လို့ ပြောတယ်။”

ချူသခင်လေး၏ မြှောက်ပင့်နေသောမျက်နှာကို ကြည့်ပြီး ဖန်ကျန်းရီက အနည်းငယ် စကားမပြောနိုင် ဖြစ်သွားသည်။

ဒါကြောင့် ဒီကောင် ဦးနှောက် သိပ်မကောင်းဘူး ထင်တယ်။

ဟို ချူတယ်ယွင် ဆိုတဲ့ လူကလည်း သိပ်ပြီး အရည်အချင်းရှိတဲ့ပုံ မပေါ်ပါဘူး၊ ချူချင်ဟန် လို အရည်အချင်းရှိတဲ့ မိန်းမ တစ်ယောက်က အိမ်မှာ အုပ်ချုပ်နေလို့သာ တော်တော့တယ်။

“သူ ကျုပ်ကို ပြောစရာ ရှိတယ် ဆိုရင် ဘာလို့ ကိုယ်တိုင် မလာတာလဲ။” ဖန်ကျန်းရီက မေးလိုက်၏။

ချူသခင်လေး၏ ဦးနှောက်က အလွန် မြန်ဆန်စွာ အလုပ်လုပ်သွားပြီး ခဏမျှ စဉ်းစားကာ ဖြေလိုက်သည်။ “သူ နေမကောင်းလို့ အခန်းထဲမှာ အမတ်မင်းကို စောင့်နေပါတယ်။ ကျုပ် လိုက်ပြပေးပါ့မယ်။”

ပြောရင်းဆိုရင်း ဖန်ကျန်းရီ၏ လက်ကို ဆွဲရန် ပြင်လိုက်၏။

ဖန်ကျန်းရီက သတိထားပြီး ရှောင်ဖယ်လိုက်သည်။ “ကောင်းပြီ .. ခင်ဗျား လမ်းပြ။ တိုက်တိုက်ဆိုင်ဆိုင် ချူမိသားစုရဲ့ အသေးအဖွဲ ကိစ္စတွေကို သူပဲ တာဝန်ယူနိုင်တာ ဆိုတော့၊ ကျုပ် သူနဲ့ တိုက်ရိုက် စကားပြောလိုက်တာ ပိုကောင်းပါတယ်။”

“ဟားဟား … ကောင်းပါပြီ။ အေးဆေး စကားပြောပါ။”

သူတို့ နှစ်ယောက် အရှေ့အနောက် လမ်းလျှောက်သွားကြပြီး သိပ်မကြာခင်မှာပင် ချူချင်ဟန်၏ အခန်းရှေ့သို့ ရောက်သွား၏။

ချူသခင်လေးက ခါးကို ညွှတ်ကာ ရိုသေစွာ ပြောလိုက်သည်။ “အမတ်မင်းဖန်၊ သူ အခန်းထဲမှာ ရှိပါတယ်၊ အထဲဝင်ပါ၊ ကျုပ် မနှောင့်ယှက်တော့ပါဘူး။”

ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှေ့တိုးကာ တံခါးကို တွန်းဖွင့်၍ ဝင်သွားလိုက်၏။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် မွှေးကြိုင်သော ရနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာသည်၊ ချူချင်ဟန်၏ စာကြည့်ခန်းထဲတွင် အမြဲတမ်း နံ့သာပေါင်း ထွန်းထားလေ့ ရှိသော်လည်း ဤရနံ့က အနည်းငယ် ထူးခြားနေသကဲ့သို့ ခံစားရသည်။

ဖန်ကျန်းရီက အများကြီး မစဉ်းစားတော့ဘဲ ချက်ချင်း ဟိုဟိုဒီဒီ ကြည့်လိုက်၏။

အခန်းထဲတွင် လူမရှိဘဲ ခုတင်ပေါ်ရှိ ကုလားကာကို ချထားသည်ကို မြင်လိုက်ရသည်။

ဖန်ကျန်းရီက ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ခုတင် ရှိရာသို့ ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်၏။ “သခင်မလေး ရှိပါသလား။”

ချူချင်ဟန်က ခုတင်ပေါ်တွင် စောင်းလျက် ထိုင်နေပြီး ကိုယ်ပေါ်တွင် ပါးလွှာသော အစိမ်းဖျော့ရောင် ပိုးသားအင်္ကျီလေး တစ်ထည်သာ ဝတ်ဆင်ထားသည်။

ဤပိုးသားအင်္ကျီ၏ လက်ရာက ဖန်ကျန်းရီကို အလွန် အံ့ဩသွားစေ၏၊ လုံးဝကို အကြည်ရောင် ဖြစ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်။

သို့သော် သူမ၏ အခြေအနေကတော့ အားနည်းနေပြီး တိတ်တဆိတ် မျက်ရည်ကျနေ၏။

ဖန်ကျန်းရီ၏ အသံကို ကြားလိုက်ရသောအခါ ချူချင်ဟန်က မျက်လုံးများကို ပွတ်သပ်ကာ တိုးညင်းစွာ ပြောလိုက်သည်။ “အမတ်မင်း လာတာကို ကျွန်မ သေချာ မကြိုဆိုနိုင်ခဲ့ပါဘူး၊ ကျွန်မက ဧည့်ဝတ်မကျေတာပါ၊ အမတ်မင်း အရင် လက်ဖက်ရည် သောက်ပါအုံး … ကျွန်မ ခဏနေရင် လာခဲ့ပါ့မယ်။”

ပြောပြီးသည်နှင့် ခုတင်ပေါ်တွင် ထိုင်ကာ နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်ထားပြီး စိတ်ရှုပ်ထွေးနေ၏။

“အင်း .. အလောတကြီး မလိုပါဘူး။”

ဖန်ကျန်းရီက မေးစေ့ကို ပွတ်ကာ ဇဝေဇဝါ ဖြစ်နေသည်။ ဘာတွေလျှို့ဝှက်ချက် လုပ်နေတာလဲ ဆိုတာကို သူ နားမလည်နိုင်အောင် ဖြစ်နေသည်။

မနက်ကတော့ အကောင်းသား၊ အခု ဘာလို့ အိပ်ရာထဲ လဲနေရတာလဲ၊ ကြောက်သွားလို့များလား။ မိန်းကလေး တစ်ယောက်က တစ်နေ့တည်း ပြဿနာတွေ အများကြီး ကြုံရတော့ ကြောက်သွားတာလည်း ဖြစ်နိုင်ပါတယ်။

ထိုသို့ တွေးမိပြီး ဖန်ကျန်းရီက စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို ယူကာ တစ်ခွက် ငှဲ့လိုက်ရာ အရက်နံ့များ ပျံ့လွင့်လာ၏။

ဖန်ကျန်းရီက လက်ဖက်ရည်ခွက်ကို ကြည့်ကာ စဉ်းစားနေမိသည်။

ဒီသခင်မလေးက ဒီလိုမျိုး ကြိုက်တာကိုး၊ လက်ဖက်ရည်အိုးထဲမှာ အရက်ထည့်ထားတယ်၊ ပမာဏကလည်း မနည်းဘူး၊ တကယ်ကို ယောက်ျားဆန်တဲ့ မိန်းမပဲ။

ထို့နောက် လက်ဖက်ရည်ခွက်ကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။

အပိုင်း (၅၄၄) ဆန်းကြယ်သောမျှော်ခြုံလွှာ။

အရက်က ပါးစပ်ထဲ ရောက်သည်နှင့် ဖန်ကျန်းရီ၏ မျက်နှာက ချက်ချင်း ရှုံ့မဲ့သွားပြီး လက်ဖက်ရည်ခွက်ကို ရွံရှာစွာ ကြည့်လိုက်သည်။

သောက်ကျိုးနည်း၊ ဘာစောက်ရည်ကြီးလဲ၊ တကယ်ကို သောက်လို့ မကောင်းဘူး။

အရက်ချဉ်သွားရင်တောင် ဒီအရသာမျိုး မထွက်ဘူး။

ဆေးမြစ်တွေ ထည့်ထားတာများလား... ဘာများ ရှားပါးတဲ့ ဆေးအရက်တွေ သောက်ဖို့ ပြင်ထားတာလဲ။

အင်း .. အဲဒီလိုပဲ ဖြစ်ရမယ်။

သူက စူးစမ်းနေဆဲ ဖြစ်သော်လည်း ချူချင်ဟန်၏ စိတ်ထဲတွင်မူ ပို၍ စိုးရိမ်လာပြီး မျက်လုံးများ မှိတ်လိုက်လျှင်ပင် နှလုံးခုန်သံကို ကြားနေရသကဲ့သို့ ခံစားနေရ၏။

သို့သော်ငြား ဆက်ပြီး အချိန်ဆွဲနေ၍ မရတော့ကြောင်း သူမ သိနေသည်။ ဆက်ပြီး အချိန်ဆွဲနေလျှင် ဖန်ကျန်းရီ ဒေါသထွက်သွားနိုင်သည်။

ခဏမျှ ပြင်ဆင်ပြီးနောက် ချူချင်ဟန်က အံကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်၏။

ခြေထောက်လေး တစ်ဖက်က ကုလားကာ နောက်မှ ဖြည်းညှင်းစွာ ထွက်လာပြီး ဖြူဖွေးနုနယ်သော ခြေချောင်းလေးများက လေထုထဲတွင် ပေါ်လာကာ၊ လှပသော ခြေဖနောင့်နှင့် ချောမွေ့သော ခြေသလုံးလေးက ဖိနပ်ပေါ်သို့ နင်းချလိုက်သည်။

လက်နှစ်ဖက်ဖြင့် ပခုံးကို ဖက်ကာ အလွန် ကြောက်လန့်တကြားဖြင့် ဖန်ကျန်းရီ အနားသို့ လျှောက်သွားပြီး အေးဆေးစွာ ထိုင်လိုက်၏။

ဖန်ကျန်းရီက လက်ဖက်ရည်ခွက်ကို အနံ့ခံကြည့်၊ အကဲခတ်ကြည့် လုပ်နေပြီး ဘေးမှ မွှေးပျံ့သော ရနံ့တစ်ခု ရလာမှသာ ခေါင်းမော့ကြည့်လိုက်သည်။

ခေါင်းမော့လိုက်သည့် အခိုက်အတန့်တွင် လူတစ်ကိုယ်လုံး မှင်တက်သွား၏။

သူ့ရှေ့ရှိ လှပသော မိန်းကလေးက ရှက်သွေးဖြာလျက် ဘေးစောင်း ထိုင်နေပြီး ထိုပိုးသားအင်္ကျီ၏ လက်ရာက ဖန်ကျန်းရီကို စိတ်ထဲတွင် အလွန် အံ့ဩသွားစေသည်။

အချိုးအစား ကျနသော ခန္ဓာကိုယ်၊ သေးသွယ်မှုမှသည် ပြည့်ဖြိုးမှုဆီသို့ အချိုးကျကျ ပြောင်းလဲသွားပြီး ကျောပြင်ရှိ လိပ်ပြာရိုး နှစ်ခုကလည်း အလွန် လှပလွန်းလှ၏။

[Tifa - (တီဖာ လော့ခ်ဟတ်) Final Fantasy VII ထဲမှ အဓိက ဇာတ်ကောင်။ gamer နဲ့ Otaku တွေအတွက် Waifu။]

Tifa အင်္ကျီချွတ်ထားသလိုပဲ။

တစ်ချက်ကြည့်ရုံဖြင့် ဖန်ကျန်းရီ၏ သွေးပေါင်ချိန်များ တက်လာပြီး အလန့်တကြား မေးလိုက်သည်။ “ခင်ဗျား ဒါက ဘာသဘောလဲ။”

ချူချင်ဟန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ “ကျွန်မ... ကျွန်မ အမတ်မင်း ကို ပြုစုပေးပါ့မယ်၊ အမတ်မင်း က ချူမိသားစုကို သက်ညှာပေးပါ...”

ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီ ချက်ချင်း သဘောပေါက်သွားသည်။

နောက်တစ်စက္ကန့်တွင် ခြုံလွှာကို ဆွဲချွတ်ကာ ချူချင်ဟန်၏ ခေါင်းပေါ်သို့ ပစ်တင်လိုက်ပြီး လုံခြုံအောင် ဖုံးအုပ်ပေးလိုက်၏။

မထင်မှတ်ထားသော အခြေအနေကြောင့် ချူချင်ဟန်မှာ အလွန် ကြောက်လန့်သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေကာ ပြောလိုက်သည်။ “အမတ်မင်း ... ကျွန်မ...”

“ခင်ဗျားတို့ ချူမိသားစုက ကျုပ် ဒီလာပြီး လက်စားချေမှာကို ကြောက်နေတာလား။ ခင်ဗျားတို့ အများကြီး တွေးနေတာပါ။” ဖန်ကျန်းရီက ဟန်ဆောင် တည်ငြိမ်စွာဖြင့် အရက်သောက်နေပြီး စိတ်ထဲတွင်တော့ အလွန် နောင်တရနေမိ၏။

ချူချင်ဟန်လည်း ထိုစကားကို ကြားသောအခါ မှင်တက်သွားပြီး ခြုံလွှာကို ဖြည်းညှင်းစွာ ချွတ်ကာ ရင်ဘတ်တွင် ဖက်ထားပြီး ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ “အမတ်မင်းဖန် က ကျွန်မအတွက် လာတာ မဟုတ်ဘူးလား။”

“အာ... ဘယ်သူ ပြောတာလဲ။”

“ဟမ် … ကြားတာ...” ချူချင်ဟန်မှာ အလွန် ရှက်ရွံ့သွားသည်။

သူမက စိတ်လှုပ်ရှားမှုများကို ကြိုတင် ပြင်ဆင်ပြီးမှ ကိုယ့်ကိုယ်ကိုယ် ပေးအပ်ဖို့ ပြင်ဆင်ခဲ့တာ။ ဒါပေမဲ့ သူက အဲဒီလို လုံးဝ မတွေးထားဘူးတဲ့လား။

“အမတ်မင်းဖန်၊ ကျွန်မ ရိုင်းစိုင်းမိသွားပါတယ်။” ချူချင်ဟန်၏ မျက်နှာမှာ သွေးထွက်မတတ် နီရဲသွားပြီး ခြုံလွှာကို ဖက်ကာ အဝတ်အစားများ ထားရှိရာ နေရာသို့ အလောတကြီး ပြေးသွား၏။

ထိုသို့ ပြေးသွားခြင်းက ခေါင်းကိုသာ ဂရုစိုက်ပြီး ဖင်ကို ဂရုမစိုက်နိုင်တော့ချေ။

ဖန်ကျန်းရီ၏ မျက်လုံးများက ကျွတ်ထွက်မတတ် ဖြစ်သွားသော်လည်း ချက်ချင်း အတင်း ပြန်လှည့်လိုက်ပြီး စိတ်ထဲတွင် ထပ်မံ နောင်တရနေမိပြန်သည်။

ချူချင်ဟန်က စကတ်တစ်ထည် လဲဝတ်ပြီး မျက်နှာရဲရဲဖြင့် ပြန်လာသောအခါ ဖန်ကျန်းရီမှာ ပို၍ပင် နေရခက်လာ သကဲ့သို့ ခံစားရ၏။

စိတ်ထဲတွင် တွေးလိုက်သည်။ လှလိုက်တာ။

ချူချင်ဟန်က ခြုံလွှာကို ရှက်ရွံ့စွာ ကိုင်ထားပြီး တိုးညင်းစွာ ပြောလိုက်၏။ “အမတ်မင်း ဖန်၊ ဒီခြုံလွှာ ညစ်ပတ်သွားပြီ၊ ကျွန်မ လျှော်ပြီးမှ အမတ်မင်း ကို ပြန်ပေးပါ့မယ်။”

“မလိုပါဘူး၊ ကျုပ်ကို ပြန်ပေးပါ။” ဖန်ကျန်းရီက ခြုံလွှာကို ယူကာ ဒူးပေါ်တွင် မသိမသာ လွှမ်းထားလိုက်သည်။ လက်ရှိ သူ့ညီတော်မောင်က ဒုက္ခပေးနေလေသည်။

“ခင်ဗျား အရမ်း စိတ်လှုပ်ရှားမနေပါနဲ့။ အခုကိစ္စက နားလည်မှုလွဲတာ သတ်သတ်ပါ၊ ကျုပ် တခြားသူတွေကို ဘာမှ မပြောပါဘူး။”

“ကျုပ် လာတာက ချူမိသားစုကို ပြောစရာ ရှိလို့၊ တိုက်တိုက်ဆိုင်ဆိုင် မိသားစုထဲမှာ ခင်ဗျားကပဲ အုပ်ချုပ်နေတာ ဆိုတော့ ကျုပ် ခင်ဗျားကိုပဲ တိုက်ရိုက် ပြောလိုက်မယ်။

ဒီနေ့ ချူမိသားစုမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေ အားလုံးကို ခင်ဗျား ဘာမှ စိတ်ပူစရာ မလိုဘူး၊ ကျုပ် အကုန် ဖြေရှင်းပေးမယ်။ ခင်ဗျားတို့ ကျိုးမိသားစု လူတွေကို ခိုးဝှက်ထားတာ သင်္ဘော ဆက် တည်ဆောက်ချင်လို့လား။”

ဖန်ကျန်းရီက အတည်ပေါက် ပြောနေသည်ကို မြင်သောအခါ ချူချင်ဟန်၏ စိတ်ထဲတွင် အလွန် နေရခက်သွားပြီး ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်၏။ “အဖေက ဘိုးဘွားပိုင် လုပ်ငန်းကို ပြန်လုပ်ချင်လို့ အဲဒီ လေးယောက်ကို ခေါ်ထားတာပါ။”

စကားပြောနေစဉ် ဖန်ကျန်းရီ၏ လည်ပင်း တစ်ခုလုံး နီရဲလာပြီး အသက်ရှူသံများလည်း ပြင်းထန်လာသည်။

မသက်မသာ ဖြစ်နေမှုကို အတင်း မြိုသိပ်ကာ ဆက်ပြောလိုက်၏။ “အစိုးရက သင်္ဘောတည်ဆောက်ဖို့ ရည်ရွယ်ထားတယ်။ ဒီလုပ်ငန်းက ခင်ဗျားတို့ ခေါင်းပေါ် ရောက်လာပြီ။

ကျုပ် ဖုန်းဟန်ကို ငွေတုံး နှစ်သိန်း ခုနစ်သောင်း ချန်ထားခဲ့ဖို့ ပြောထားတယ်၊ ဒီငွေတွေက သင်္ဘောတည်ဆောက်ဖို့ သီးသန့်ပဲ။ ကျန်တာ လျှောက်မသုံးနဲ့။”

“တကယ်လား။” ချူချင်ဟန်၏ မျက်လုံးများတွင် အံ့ဩမှုများ ပြည့်နှက်သွားသည်။

ချူမိသားစုက ဘာပြဿနာမှ မရှိရုံသာမက ကြီးမားတဲ့ အကျိုးအမြတ်ကြီးကိုတောင် ရလိုက်သေးတယ်ပေါ့။

ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်သည်။ “ကျုပ်က ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်။ ဒါပေမဲ့ ဒီငွေက ခင်ဗျား ထင်သလောက် ရယူဖို့ မလွယ်ဘူး။ ကျုပ်က ချူမိသားစုရဲ့ တစ်ဝက်ကို လိုချင်တယ်၊ အဲဒီအခါကျရင် လူလွှတ်ပြီး စီမံခန့်ခွဲခိုင်းမယ်။

ဒါပေါ့ … ကျုပ်က ခင်ဗျားတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မက်မောတာ မဟုတ်ဘူး။ နှစ်သိန်း ခုနစ်သောင်း ဆိုတာ ကနဦး ရင်းနှီးမြှုပ်နှံမှုပဲ ရှိသေးတယ်၊ နောက်ပိုင်းမှာ အစိုးရက ငွေတွေ အများကြီး ထပ်ချပေးနိုင်သေးတယ်။ ဒီလောက် များပြားတဲ့ ငွေတွေကို လူတော်တော်များများက မျက်စိကျနေမှာ သေချာတယ်၊ ကျုပ်က အရှေ့ကနေ ခင်ဗျားတို့ကို ကာကွယ်ပေးထားမှ ခင်ဗျားတို့ အေးအေးဆေးဆေး အလုပ်လုပ်လို့ ရမှာ။

ကျုပ်က ခင်ဗျားတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်နေတယ်လို့ အထင်မလွဲပါနဲ့၊ တကယ်တော့ ကျုပ်က ခင်ဗျားတို့အတွက် တွေးပေးလို့ပါ။”

ဒါက တကယ်ပဲ ဟုတ်တယ်၊ သူပြောတာ အဓိပ္ပာယ် ရှိတယ်။ ငွေတုံး နှစ်သိန်း ခုနစ်သောင်း ဆိုတာ ချူမိသားစု တစ်ခုလုံးကို ဝယ်လို့ ရလောက်တဲ့ ပမာဏပဲ။ ချူချင်ဟန်က အလွန် စိတ်လှုပ်ရှားသွား၏။

အမတ်မင်းဖန် ဒီလောက်တောင် သေချာ စဉ်းစားပေးထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ချူချင်ဟန်က ကျေးဇူးတင်လွန်းသဖြင့် မတ်တပ်ရပ်ကာ ယဉ်ကျေးစွာ အရိုအသေပေးလိုက်သည်။ “အမတ်မင်း ဖန် ရဲ့ ကြီးမားတဲ့ ကျေးဇူးကို ကျွန်မ တစ်သက်လုံး မမေ့ပါဘူး။”

ခေါင်းငုံ့ကြည့်လိုက်သောအခါ အံ့ဖွယ် ခြုံလွှာကို ထပ်မံ မြင်တွေ့လိုက်ရသည်။ ၎င်းက အထက်အောက် အနည်းငယ် လှုပ်ရှားနေ၏။

ချူချင်ဟန်က ငေးကြည့်ကာ မေးလိုက်သည်။ “အမတ်မင်း ဖန်၊ ဒီအထဲမှာ တစ်ခုခု ရှိနေလို့လား။”

“ဒါက မှော်ခြုံလွှာလေ၊ ခင်ဗျား စိတ်မပူပါနဲ့၊ အများကြီး ပြောလည်း ခင်ဗျား နားလည်မှာ မဟုတ်ဘူး။” ချူချင်ဟန်၏ ဖြူစင်သော မျက်နှာထားကို ကြည့်ပြီး ဖန်ကျန်းရီက အရှက်ပြေ ရှင်းပြလိုက်ရ၏။

မှော်ခြုံလွှာ၊ မှော် ဆိုတာ ဘာလဲ။ ချူချင်ဟန်၏ မျက်လုံးများက ပို၍ပင် စပ်စုချင်စိတ်များ ပေါ်လာသည်။

ဖန်ကျန်းရီက အလျင်အမြန် ပြောလိုက်၏။ “အလုပ်ကိစ္စ ပြောရအောင်။ ဒီငွေတွေကို ခင်ဗျားတို့ ချူမိသားစုကို ပေးမယ်။ ကျုပ် တစ်ဝက် လိုချင်တယ်...”

စကားပြောနေစဉ် တစ်ဝက်မှာပင် ခြုံလွှာက အံ့ဖွယ်နည်းဖြင့် အပေါ်သို့ လွင့်တက်သွား၏...

ဖန်ကျန်းရီနှင့် ချူချင်ဟန်တို့ နှစ်ယောက်လုံးက ခြုံလွှာ ရှိရာသို့ ပြိုင်တူ ကြည့်လိုက်မိကြသည်။

ချူချင်ဟန်က ပါးစပ်ကို အုပ်ကာ ပြောလိုက်၏။ “အမတ်မင်း ဖန်၊ ဒီအထဲမှာ တစ်ခုခု ရှိနေတယ်နော်။”

“ဟားဟားဟား၊ သူက ပျံသန်းနေတာ... အဟမ်း။ ဒီအခန်းက ဘာလို့ ဒီလောက် ပူနေတာလဲ။” ဖန်ကျန်းရီမှာ ချွေးသံတရဲရဲဖြင့် စကားလမ်းကြောင်း အမြန် လွှဲလိုက်သည်။

“ပူတယ်။ ကျွန်မက နည်းနည်း အေးတယ်လို့တောင် ထင်နေတာ...” ချူချင်ဟန်က ဇဝေဇဝါဖြင့် ပြောလိုက်၏။

အေးတယ်။

ဖန်ကျန်းရီ၏ အကြည့်များက လက်ဖက်ရည်ခွက်ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။

“ခင်ဗျား ကျုပ်ကို ဘာတွေ တိုက်လိုက်တာလဲ။”

“ကျွန်မ မသိဘူးလေ။ စောစောက အစ်ကိုကြီး အခန်းထဲမှာ ပြင်ထားတာ၊ ဘာပြဿနာ ရှိလို့လဲ ရှင်။”

ယခုအချိန်တွင် ဖန်ကျန်းရီမှာ မျက်စိဖြင့် မြင်နိုင်လောက်အောင် မူမမှန် ဖြစ်နေပြီ ဖြစ်၏။

ချူချင်ဟန်လည်း အခြေအနေကို ရိပ်မိသွားပြီး မျက်နှာလေး ဖြူရော်သွားသည်။

အစ်ကိုကြီးက လက်ဖက်ရည်ထဲမှာ အဆိပ်ခတ်ထားတာများလား။

ချူသခင်လေး... မြင်းဆေး။။

ဖန်ကျန်းရီ၏ ရင်ထဲတွင် ကြီးမားသော တုန်လှုပ်မှု တစ်ခု ဖြစ်ပေါ်သွား၏။

တံတွေး အတင်း မြိုချလိုက်ပြီး ချူချင်ဟန်ကို ကြည့်ကာ အက်ကွဲသော အသံဖြင့် မေးလိုက်သည်။ “လက်သုတ်ပုဝါ ရှိလား။”

“ဟင် … ရှိပါတယ်။” ချူချင်ဟန်က လက်ညှိုးလေး တစ်ချောင်း ထောင်ပြလိုက်၏။ (လက်ညိုးနဲ့ အသံတူ)

သူမ၏ ဖြူဖွေးနုနယ်သော လက်ချောင်းလေးကို ကြည့်ပြီး ဖန်ကျန်းရီမှာ ခေါင်းမူးသွားသည်။

“မျက်နှာသုတ်ပုဝါ။ မျက်နှာသုတ်ပုဝါ ရှိလား။”

“မျက်... မျက်နှာသုတ်ပုဝါ။ လက်ကိုင်ပုဝါ ရမလား။” ဖန်ကျန်းရီ၏ အလောတကြီး ဖြစ်နေသော ပုံစံကို ကြည့်ပြီး ချူချင်ဟန်လည်း လိုက်လံ စိုးရိမ်လာကာ ရင်ဘတ်ထဲမှ ပန်းရောင် လက်ကိုင်ပုဝါလေး တစ်ထည်ကို အလျင်အမြန် ထုတ်ပေးလိုက်၏။

“ရတယ်။”

ဆေးအရှိန်က ပိုမို ပြင်းထန်လာပြီး ဖန်ကျန်းရီ၏ ဦးနှောက်ကလည်း ကောင်းကောင်း အလုပ်မလုပ်နိုင်တော့သဖြင့် လက်ကိုင်ပုဝါကို ယူကာ အလိုအလျောက် နမ်းကြည့်လိုက်မိသည်။

ဤသို့ နမ်းကြည့်လိုက်သည်ကို မြင်သောအခါ ချူချင်ဟန်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွား၏။

ဒါ... ဒါက ဘာသဘောလဲ။ ငါ့ကို အရိပ်အမြွက် ပြနေတာလား။

“ထွက်သွား။ ဘယ်သူမှ မဝင်လာခဲ့နဲ့ ကြားလား။ ကျုပ် ပင်ပန်းနေပြီ ခဏ နားချင်တယ်။” ဖန်ကျန်းရီက လက်ကာပြကာ နှင်ထုတ်လိုက်သည်။

သူမကို အခန်းထဲ ဆက်ထားရင် ပြဿနာ တက်တော့မယ်။

“အမတ်မင်း … ခုတင်ပေါ် သွားနားလိုက်ပါ ရှင်။” ချူချင်ဟန်က ထရပ်ပြီး သူ့ကို တွဲရန် ပြင်လိုက်၏။

ဖန်ကျန်းရီက သူမ၏ ပခုံးကို ကိုင်ကာ မတ်တပ် ထရပ်လိုက်ရာ မှော်ခြုံလွှာက ချက်ချင်း မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး... မှော်တောင်တန်းတစ်ခု ထွက်ပေါ်လာသည်။

“အို။”

ချူချင်ဟန်က တစ်ခုခုကို နားလည်သွားသကဲ့သို့ မျက်လုံးများကို အလျင်အမြန် အုပ်လိုက်ပြီး အလွန် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ “ကျွန်မ အခု ချက်ချင်း ထွက်သွားပါ့မယ်။”

သူမ၏ အလောတကြီး ထွက်ပြေးသွားသော ကျောပြင်ကို ကြည့်ရင်း ဖန်ကျန်းရီက ခါးကို ကုန်းကာ အလွန် ခက်ခဲစွာဖြင့် တံခါးကို ပိတ်လိုက်သည်။

All Chapters