← Chapters

ပိုးကောင်

Vol. 13 Ch. 1212

ပိုးကောင်

Vol. 13 Ch. 1212

သူတော်စင်ဧကရာဇ်မှာ တွေဝေနေပြီး မိစ္ဆာဧကရာဇ်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ အေးစက်နေသော မျက်ဝန်းများဖြင့် လက်ကိုဝှေ့ယမ်းလိုက်ပြီး ပျက်စီးနေသော အနီရောင်နေမင်းကြီးကို ဆင့်ခေါ်လိုက်တော့သည်။

ထို့အပြင် သူ၏ဘက်လက်ကိုလည်း မိစ္ဆာဧကရာဇ်မြို့တော်ရှိရာဘက်သို့ ဆန့်ထုတ်လိုက်သောအခါ မြို့တော်ကိုတည်ဆောက်ထားသည့် သုံးခွန်မှိန်းကြီးမှာ တုန်ရီစပြုလာပြီး မြေပြင်ထဲမှ အချိန်မရွေး ပျံထွက်လာတော့မည့်အလား ဖြစ်သွားတော့သည်။

တချိန်ထဲမှာပင် ထိုသုံးခံမှိန်းကြီးထံမှ သတ်ဖြတ်လိုသောအခိုးအငွေ့များ ထွက်ပေါ်လာသည်။ ထိုအခိုးအငွေ့များမှာ အလွန်စွမ်းအားကြီးလွန်းလှသဖြင့် အလွန်ဝေးကွာလွန်းလှသော ထာဝရပင်လယ်ပြင်ပေါ်မှပင် ၎င်းတို့ကို အာရုံလှမ်းခံ၍ ရနေသည်။

" သူတော်စင်ဧကရာဇ်။ ပိုင်ရှောင်ချန်း။ မင်းတို့နှစ်ယောက်ပေါင်းပြီး ငါ့ကိုသတ်ချင်တယ်ဆိုရင် မင်းတို့နှစ်ယောက်ထဲက တစ်ယောက်အသေမခံပဲနဲ့တော့ မဖြစ်နိုင်ဘူးကွ "

" အဲဒီလိုမျိုး မင်းတို့အသေခံဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ မင်းတို့ ငါ့ကိုအနိုင်ယူရင်ယူပြီး မိစ္ဆာမင်းဆက်ကိုပါ ငါ့ဆီက သိမ်းပိုက်ရင် သိမ်းပိုက်နိုင်လိမ့်မယ်။ ဒါပေမဲ့ ငါ့အတွက် ပူပန်နေစရာ မင်းဆက်တစ်ခုမရှိတော့ရင် ငါက အရင်ကထက်ပိုပြီး ကြောက်စရာကောင်းလာမှာ အမှန်ပဲနော် "

သူ၏စကားသံက အေးစက်လွန်းလှသဖြင့် လေထုကြီးပင် အေးခဲသွားပြီး ရေခဲများမှာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပြန့်ထွက်သွားတော့သည်။

မိစ္ဆာဧကရာဇ်၏ အထင်ကြီးဖွယ်ကောင်းလှသော စကားသံကြောင့် ပိုင်ရှောင်ချန်းမှာ အံ့သြသွားရတော့သည်။ သို့သော် သူသည် အတွေးထဲတွင် နစ်မျောနေသည့် အမူအရာဖြင့်သာ မျက်မှောင်ကြုတ်လိုက်ပြီး သူတော်စင်ဧကရာဇ်အား လှမ်းကြည့်လိုက်သည်။

သူတော်စင်ဧကရာဇ်မှာ ဤတိုက်ပွဲသည် သူအနိုင်ရနိုင်မည့် တိုက်ပွဲမဟုတ်ကြောင်း သိလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်တော့သည်။ ပထမအချက်အနေနှင့် သူသည် ပိုင်ရှောင်ချန်းထံတွင် လောကနတ်ဘုရားအလင်းတန်း တစ်ရာတိတိရှိနေသေးသည်ဆိုသည့်အချက်ကို လုံးဝမယုံပေ။ ဒုတိယအချက်အနေနှင့် သူသည် မိစ္ဆာဧကရာဇ်နှင့် ယခုချက်ချင်း မိတ်မပျက်လိုသေးပေ။

ပိုင်ဆိုင်ထားသော အာဏာများကို ချိန်ညှိလိုက်ပါက ယခုလက်ရှိတွင် သူတော်စင်ဧကရာဇ်သည် နယ်မြေအများဆုံးပိုင်ဆိုင်ထားသည်ဖြစ်ပြီး နှစ်ပေါင်းများစွာ ကုန်ဆုံးလာခဲ့ပြီးနောက် စွမ်းအားအနည်းဆုံး အဖွဲ့ မဟုတ်တော့ပေ။ သူတော်စင်ဧကရာဇ်က ယခုတွင် စိတ်ဆန္ဒစွမ်းအား ပို၍များပြားစွာ ရရှိနေပြီဖြစ်ပြီး မိစ္ဆာဧကရာဇ်မှာ နယ်မြေအမြောက်အမြား ဆုံးရှုံးခဲ့ရသဖြင့် အာဏာကိုလည်း အဘက်ဘက်မှ လက်လွှတ်ခဲ့ရပြီဖြစ်သည်။ သို့သော် ယခုတွင် အာဏာချုပ်ကိုင်ထားသည့်အဖွဲ့ သုံးဖွဲ့ရှိလာပြီဖြစ်ရာ ထိုအပြောင်းအလဲများမှာ ဆုံးဖြတ်ချက်ကြီးကြီးမားမား ချမှတ်ရာတွင် အကျိုးသက်ရောက်မှု သိပ်မရှိတော့ပေ။

ထို့ကြောင့် ယခုလောလောဆယ်တွင် ပိုနေမြဲကျားနေမြဲ အခြေအနေကို ဆက်လက်ထိန်းထားခြင်းသည်သာ သူတော်စင်ဧကရာဇ်အတွက် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် သူသည် ရယ်မော၍ ဆိုလိုက်တော့သည်။

" အမှတ်နှစ်ညီလေးရေ။ မင်းက အခုမှ မင်းရဲ့မင်းဆက်ကို စထောင်တာလေ။ အခုက စစ်မက်ဖြစ်ပွားနေရမဲ့ အချိန်မဟုတ်ဘူး။ မိစ္ဆာဧကရာဇ်မင်းဆက်ထဲမှာရှိတဲ့ ကောင်းကင်တံတားနယ်မြေက ကျင့်ကြံသူတွေက ဒီလိုအချိန်မျိုးရောက်လာအောင် အကြားကြီးစောင့်နေခဲ့ရတာလေ။ မင်အခုဘယ်လို တွေးနေသလဲဆိုတာ အစ်ကိုသိပါတယ်။ အဲဒီတော့ အစ်ကိုက မင်းကို အဲဒီလိုခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို လျှောက်ခိုင်းရက်ပါ့မလား။ ထားပါတော့။ ငါပြောတာနားထောင်။ ငါတို့သုံးယောက် အခုချက်ချင်း ဒီနေရာမှာပဲ သဘောတူညီချက်တစ်ခု လုပ်လိုက်ရင် မကောင်းဘူးလား "

" နောက် နှစ်ပေါင်းတစ်ထောင်အထိ ငါတို့တွေအားလုံး စစ်မက်မဖြစ်ပွားကြပါဘူးဆိုပြီး သဘောတူညီချက်ရယူရအောင်လေ "

" ခင်ဗျားရော ဘယ်လိုသဘောရလဲ မိစ္ဆာဧကရာဇ် " ထိုသို့ဆိုကာ သူတော်စင်ဧကရာဇ်က မိစ္ဆာဧကရာဇ်အား လှမ်း၍ ကြည့်လိုက်သည်။

မိစ္ဆာဧကရာဇ်မှာ သူတော်စင်ဧကရာဇ် ယခုကဲ့သို့ ပြုမူနေသည်မှာ သူ၏လက်ရှိနိုင်ငံရေးအခြေအနေကို တတ်နိုင်သလောက် အချိန်အကြာဆုံး ထိန်းထားလိုသောကြောင့်သာဖြစ်ကြောင်းသိ၍ စိတ်ထဲတွင် ကြိတ်၍ နှာမှုတ်နေတော့သည်။ မိစ္ဆာဧကရာဇ်မှာ လက်ခံချင်စိတ် မရှိပါသော်လည်း တခဏမျှတွေးတောလိုက်ပြီးနောက် မျက်လုံးများအရောင်လက်သွားပြီး ခေါင်းညိတ်လိုက်တော့သည်။ ထို့နောက် သူသည် ပိုင်ရှောင်ချန်းအား ပြန်၍ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ မျက်လုံးများမှေးသွားပါသော်လည်း သူသည် စိတ်သက်သာရာရသွားပြီဖြစ်၍ သက်ပြင်းများခိုး၍ ချနေတော့သည်။ သူသည်လည်း ယခုလို ပိုနေမြဲ ကျားနေမြဲအခြေအနေကို ဆက်လက်ထိန်းထားလိုသည်။ ထို့အပြင် သူ့ထံတွင် လောကနတ်ဘုရားအလင်းတန်းများ ကုန်ခမ်းနေပြီဖြစ်ပြီး နောက်နှစ်အထိ ပြန်၍ရဦးမည် မဟုတ်ပေ။ ယခုချက်ချင်းသာ တိုက်ပွဲဖြစ်သွားခဲ့မည်ဆိုပါက ထိုအချက်မှာ သိသာသွားမည်ဖြစ်သည်။

ယခုတွင် သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်တို့နှစ်ယောက်စလုံး သူ့အား ကြည့်နေကြပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဟန်ဆောင်ကာ နှာမှုတ်လိုက်ပြီး ကမ်းလှမ်းချက်ကို သဘောတူလိုက်တော့သည်။ ထိုသို့ဖြင့် သူတို့သုံးယောက်လုံး ထွက်ခွာသွားကြတော့သည်။ နောက်ပိုင်းမှ သူတို့၏ လက်အောက်ငယ်သားများကို ဤစစ်ပြေငြိမ်းရေးစာချုပ်၏ အသေးစိတ်များအားလုံးနှင့်ပတ်သတ်၍ တာဝန်ယူလိုက်စေမည်ဖြစ်သည်။

အခြားဧကရာဇ်နှစ်ပါး ထွက်ခွာသွားပြီးနောက် ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး အနာဂတ်တွင် ဤကဲ့သို့ အန္တရာယ်များသော ကိစ္စများကို ရှောင်တိမ်းရန် ဆုံးဖြတ်လိုက်တော့သည်။

" အန္တရာယ်များလွန်းတာမှန်ပေမဲ့ စိတ်လှုပ်ရှားစရာတော့ အကောင်းသား... "

တစ်ဖက်တွင် သူသည် သူ၏လက်ရှိလုပ်ရပ်များကို မေးခွန်းထုတ်နေမိသည်။ အခြားတစ်ဖက်တွင်မူ သူ၏ လောကနတ်ဘုရားအလင်းတန်းသုံးတန်းကို ထုတ်သုံး၍ မခြိမ်းခြောက်ခဲ့ပါက မိစ္ဆာဧကရာဇ်က သူ့အား အခြားနည်းလမ်းဖြင့် စမ်းသပ်ဦးမည်ဖြစ်ကြောင်း သိသည်။

အကယ်၍ မိစ္ဆာဧကရာဇ် မစမ်းသပ်ခဲ့လျှင်တောင် သူတော်စင်ဧကရာဇ်က စမ်းသပ်မည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် လက်ဦးမှုရယူကာ သူ၏ဟန်ဆောင်မှုကို ပို၍ပီပြင်စေခဲ့ပြီး သူ၏ ခြိမ်းခြောက်မှုကို ပို၍ထိတ်လန့်ဖွယ်ကောင်းအောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

" ဆယ်လ ... အဲဒီဆယ်လအတွင်း ငါဘာပြဿနာမှ ရှာလို့မဖြစ်ဘူး "

ထိုသို့တွေးကာ သူသည် လက်တစ်ဖက်နှင့် ကုန်းစွန်းဝမ်အာကိုပွေ့ချီ၍ သူ၏အင်မော်တယ်နယ်မြေဆီသို့ ပြန်သွားတော့သည်။

လမ်းခုလတ်တွင် သူသည် မနေနိုင်တော့ပဲ ကုန်းစွန်းဝမ်အာကို ငုံ့ကြည့်မိလိုက်တော့သည်။ ကုန်းစွန်းဝမ်အာသည် အလွန်ညှို့ယူအားပြင်းလွန်းပြီး လုံးဝန်းတင်းရင်းနေသော တင်ပါးလေးမှစ၍ နှစ်လိုဖွယ် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်က သူ၏အာရုံကို အလွန် ဖမ်းစားနေတော့သည်။ ထိုမြင်ကွင်းကြောင့် သူသည် တင်ပါးကို လက်ဖြင့်ရိုက်ခဲ့စဥ်က ထွက်ပေါ်လာခဲ့သည့် ခံစားချက်ကို ပြန်၍သတိရသွားတော့သည်။

" ငါ သူ့တင်ပါးကို တကယ်ထပ်ရိုက်ချင်လိုက်တာ... " သူသည် မျက်တောင်တဖျတ်ဖျတ်ခတ်၍ တွေးနေတော့သည်။

" နေပါဦး။ မဖြစ်သေးပါဘူး။ အခု ငါက မိစ္ဆာဧကရာဇ်၊ သူတော်စင်ဧကရာဇ်တို့နဲ့ အဆင့်တူတူပဲလေ။ ဒီလိုမျိုး အခြေအနေမှာ ဒါမျိုးလုပ်လိုက်တာကို လူတွေသာသိသွားရင် ရှက်စရာကြီးဖြစ်ကုန်မှာပေါ့ " သူသည် ခေါင်းကို အားပါပါ ယမ်းလိုက်တော့သည်။

" ဒါပေမဲ့ သူ့တင်ပါးကို အခု မရိုက်ဘူးဆိုရင်လည်း ငါ ငါ့အင်မော်တယ်နယ်မြေကိုပြန်ရောက်ရင် စုန့်ကျင်းဝမ်နဲ့ ကျိုးကျစ်မိုတို့ ရှိနေမှာ။ အဲဒါဆို ငါ အခွင့်အရေးရမှာ မဟုတ်တော့ဘူး။ တစ်ချက်လောက် မြန်မြန်လေးရိုက်လိုက်ရင် ကိစ္စမရှိလောက်ပါဘူး "

အနည်းငယ်ထပ်၍တွေးတောလိုက်ပြီးနောက် သူသည် ဖြစ်ချင်ရာဖြစ် စွန့်စားရန် ဆုံးဖြတ်လိုက်တော့သည်။ သူနှင့် ကုန်းစွန်းဝမ်အာအကြားရှိ ဆက်ဆံရေးကြောင့် တင်ပါးကို တစ်ချက်လောက် ခပ်မြန်မြန်ရိုက်လိုက်ခြင်းမှာ မည်သည့်အရာကိုမှ မထိခိုက်သွားစေနိုင်ပေ။

သူသည် ၎င်းမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကောက်ချက်ချလိုက်ပြီးနောက် သူ၏ဘက်လက်ကိုမြှောက်၍ အလျင်အမြန်ရိုက်ချလိုက်သောအခါ ဖြန်းခနဲအသံတစ်သံ ပေါ်ထွက်လာတော့သည်။ ထိုခံစားချက်မှာ ယခင်အကြိမ်ကအတိုင်း အံ့သြဖွယ်ရာကောင်းနေဆဲပင်။ သို့သော် သူ မထင်မှတ်ထားသော အချိန်တွင် ကုန်းစွန်းဝမ်အာမှာ မျက်လုံးများပွင့်လာပြီး သူ့အား အေးစက်စွာ မော့ကြည့်လာတော့သည်။

ထိုအခါ သူသည် အံ့အားသင့်သွားရပြီး အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပါသော်လည်း အမူအရာမပျက် ပြန်လည်တုံ့ပြန်လိုက်လေသည်။

" အာ ...မင်းခန္ဓာကိုယ်ပေါ် ပိုးကောင်တစ်ကောင် ရောက်နေလို့ "

ကုန်းစွန်းဝမ်အာကမူ အေးစက်စက်သာ နှာမှုတ်လိုက်တော့သည်။

" အဲဒါဆိုလည်း ဘာလို့ နင့်လက်က အခုထိ မဖယ်သေးတာတုန်း "

ထိုအခါမှသာ ပိုင်ရှောင်ချန်းသည် သူ၏လက်က ကုန်းစွန်းဝမ်အာ၏တင်ပါးပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း သိလိုက်တော့သည်။ ထို့ကြောင့် သူသည် ချောင်းဟန့်၍ လက်ကိုပြန်ရုတ်ကာ စကားစဖြတ်လိုက်တော့သည်။.

" တကယ်ပိုးကောင် အကြီးကြီး။ အဲဒီကောင် ကံကောင်းလို့ လွတ်သွားတာ "

ကုန်းစွန်းဝမ်အာက ထိုနောက်ဆုံးစကားများကို မကြားချင်ယောင်ဆောင်လိုက်ပြီး သူ့ဆီမှ ရုန်းထွက်ကာ ကိုယ်တိုင် ပျံသန်းလိုက်တော့သည်။ ထို့အပြင် ထည့်စရာအိတ်ကိုပုတ်လိုက်သောအခါ ဟိုရှောင်မေ့ ပျံထွက်လာတော့သည်။

ကုန်းစွန်းဝမ်အာမှာ ဟိုရှောင်မေ့အား နှစ်ပေါင်းများစွာတိုင်အောင် စောင့်ရှောက်ပေးခဲ့သည်။ ဝရမ်းပြေးတစ်ယောက်ဖြစ်သွားခဲ့စဥ်က ဟိုရှောင်မေ့အား ထည့်စရာအိတ်ထဲသို့ ထည့်သွင်းခဲ့သည်။ ယခုတွင် ဘေးကင်းသွားပြီဖြစ်၍ အရင်ဆုံး ဟိုရှောင်မေ့အား အပြင်သို့ထုတ်ပေးလိုက်တော့သည်။ ထိုအချင်းအရာကိုကြည့်၍ ကုန်းစွန်းဝမ်အာက တပည့်ဖြစ်သူကို မည်မျှအထိ ဂရုစိုက်ကြောင်း သိနိုင်သည်။

" အစ်ကိုကြီးရှောင်ချန်း "

ဟိုရှောင်မေ့က စိတ်လှုပ်တရှားဖြင့် နှုတ်ဆက်လိုက်ပြီး ဝမ်းသာမျက်ရည်များကြောင့် အရောင်လက်နေသည့်မျက်ဝန်းများဖြင့် ရှေ့သို့တိုးကာ သူ့အား ထွေးပွေ့လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာလည်း ဝမ်းမြောက်သွားပြီး နွဲ့နှောင်းသောခါးကျဥ်ကျဥ်လေးကို ပွေ့ဖက်လိုက်တော့သည်။ ထို့နောက် သူ၏လက်များမှာ တဖြည်းဖြည်းနှင့် အောက်သို့ရောက်သွားတော့သည်။ ထိုအချိန်တွင် ကုန်းစွန်းဝမ်အာက အေးစက်စက်နှာမှုတ်လိုက်၏။

" နောက်ထပ်ပိုးကောင်တစ်ကောင် တွေ့ပြန်ပြီလား "

ထိုအခါ ပိုင်ရှောင်ချန်း၏လက်မှာ ရပ်တန့်သွားတော့သည်။ ဟိုရှောင်မေ့မှာမူ နားမလည်နိုင်သည့် မျက်နှာအမူအရာဖြင့် နောက်သို့လှည့်၍ နောက်ကျောကို ကြည့်လိုက်သည်။

" ပိုးကောင်တစ်ကောင် ဟုတ်လား "

ပိုင်ရှောင်ချန်းမှာ ချောင်းဟန့်ကာ အလျင်အမြန်ပင် စကားလမ်းကြောင်းလွှဲလိုက်ပြီး ဟိုရှောင်မေ့နှင့် ကုန်းစွန်းဝမ်အာတို့အား သူ ပြန်ရောက်လာပြီးနောက် ဖြစ်ပျက်ခဲ့သည့်အရာများကို ရှင်းပြလိုက်တော့သည်။ ကုန်းစွန်းဝမ်အာမှာမူ ခံစားချက်များအား ဖုံးကွယ်ရန်ကြိုးစားမနေတော့ပေ။ ပိုင်ရှောင်ချန်းအား ကြည့်လိုက်တိုင်း ကုန်းစွန်းဝမ်အာ၏မျက်ဝန်းများ အရောင်လက်သွားသည်ကိုကြည့်၍ သူ့အပေါ်ထားရှိသော ခံစားချက်များမှာ ယခင်ကနှင့်မတူတော့ကြောင်း အထင်အရှားသိနိုင်ပေသည်။

ထိုသို့ဖြင့် သူတို့သုံးယောက်က သူတို့၏အိမ်ဖြစ်သော အင်မော်တယ်နယ်မြေအနားသို့ ပို၍ နီးကပ်လာတော့သည်။ ဟိုရှောင်မေ့က စကားများပြောကာ ရယ်မောနေပြီဖြစ်၍ ပိုင်ရှောင်ချန်းမှာ အစောပိုင်းကဖြစ်ရပ်မှ တင်းမာမှုများကိုလျှော့ချနိုင်ခဲ့ပြီး မကြာမီ ပြုံးရယ်လာနိုင်တော့သည်။ သူသည် ကောင်းကင်တံတားနယ်မြေထဲသို့ ပြန်ရောက်သွားသည့်အလားပင် ခံစားလိုက်ရသည်။

သို့သော် ထိုကြည်နူးဖွယ် ခံစားချက်ကြီးမှာ တခဏအကြာတွင် အဆုံးသတ်သွားရတော့သည်။ အင်မော်တယ်နယ်မြေထဲသို့ ပြန်ရောက်လာပြီးနောက် စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့က အေးစက်စွာတောက်ပနေသော မျက်ဝန်းများဖြင့် သူ့အားစောင့်ဆိုင်းနေကြသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် နှလုံးခုန်မြန်လာရတော့သည်။

" ရှောင်မေ့ပါလား "

စုန့်ကျင်းဝမ်ကာ ပြုံးလျက် ဆိုလိုက်သည်။ ဘေးတွင်ရှိသော ကျိုးကျစ်မိုမှာ မည်သည့်စကားမှ ဝင်မပြောပဲ မျက်မှောင်ကြုတ်၍ ဗိုက်ကိုသာ ပွတ်နေတော့သည်။

သူတို့နှစ်ယောက်စလုံး ပိုင်ရှောင်ချန်း ရုတ်တရက် အရေးတကြီးထွက်ခွာသွားခဲ့သောကြောင့် အလွန်စိုးထိတ်နေခဲ့ရသည်။ ယခုတွင်မူ သူသည် အမျိုးသမီးနှစ်ယောက်နှင့်အတူ ပြန်ရောက်လာခဲ့ပြီဖြစ်သည်။ တစ်ယောက်မှာ သူ၏ ငယ်ကျွမ်းဆွေဖြစ်ပြီး ကျန်တစ်ယောက်မှာ လျှို့ဝှက်ဆန်းကြယ်လွန်းလှသည့်ပုံစံ ပေါက်နေသည်။ သူတို့နှစ်ယောက်က ဆရာတပည့်ဖြစ်ကြောင်း သိသာလွန်းနေသဖြင့် စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့မှာ သူတို့အားပို၍ပင် သဘောမတွေ့ ဖြစ်သွားရတော့သည်။

ဟိုရှောင်မေ့မှာ အတော်အတန် အံ့အားသင့်သွားကာ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့၏ ဖောင်းကားနေသော ဗိုက်များကိုကြည့်လိုက်ပြီး အူကြောင်ကြောင်နှင့်ရပ်နေသော ပိုင်ရှောင်ချန်းအား ပြန်ကြည့်လိုက်သည်။ ထို့နောက် ဒေါသများ အလိပ်လိုက်ထွက်လာတော့သည်။

ထိုအမျိုးသမီးသုံးယောက်၏အကြည့်ကြောင့် ပိုင်ရှောင်ချန်းမှာ ကြက်သီးမွေးညင်းများ ထလာစဥ် သူတို့နှင့်အတူရှိနေသည့် မဟာကောင်းကင်သခင်က ချောင်းဟန့်လိုက်ပြီး ရှေ့သို့ထွက်လာသည်။ ထို့နောက် သူသည် လက်ယှက်ကာ ကုန်းစွန်းဝမ်အာအား ဦးညွှတ်၍ အရိုအသေပေးလိုက်တော့သည်။

" မင်္ဂလာပါ ကောင်းကင်ဧကရာဇ် " သူကဆိုလိုက်သည်။

" အသင့်ကို ကျွန်တော်တို့ တိုင်းပြည်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မြင်တွေ့ရတာ ဂုဏ်ယူစရာတစ်ခုပါပဲ။ အခုကစပြီး ကောင်းကင်တံတားနယ်မြေမှာ ဒုတိယမြောက် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူမရှိတော့ဘူးလို့ ဘယ်သူမှပြောရဲမှာ မဟုတ်တော့ပါဘူး "

မဟာကောင်းကင်ဧကရာဇ်၏ စကားလုံးများမှာ တိကျပြတ်သားလွန်းလှသည်ဖြစ်၍ ပိုင်ရှောင်ချန်းမှာ ကျေးဇူးအလွန်တင်သွားတော့သည်။ စကားလမ်းကြောင်းပြောင်းသွားပြီဖြစ်သဖြင့် သူသည် ထိုအခွင့်အရေးကိုအသုံးချလိုက်ပြီး လူတိုင်းအား ကုန်းစွန်းဝမ်အာနှင့် မိတ်ဆက်ပေးလိုက်တော့သည်။

ထို့နောက် သူသည် မကြာသေးမီက စိုက်ကြည့်ခံခဲ့ရသော အကြည့်များကြောင့် သူ၏ကျောရိုးမှာ အေးစက်ထုံကျဥ်နေဆဲဖြစ်၍ အကြောင်းပြချက်များပေးကာ ထွက်ခွာသွားတော့သည်။

"မင်းမေဘ … သူတို့ ငါ့ကို သတ်ဖြတ်လိုတဲ့ အကြည့်တွေနဲ့ ကြည့်နေတာ ငါ့ဖြင့်မယုံနိုင်ဘူး။ အခုငါ ဘာဆက်လုပ်ရတော့မှာတုန်း "

သူက ကိုယ်ပိုင်အခန်းထဲသို့ ပြန်ရောက်သွားသောအခါ တင်ပျဥ်ခွေ ထိုင်ချလိုက်ပြီး သက်ပြင်းချလိုက်တော့သည်။

" ဒါ ငါ့အပြစ်တွေချည်းပါပဲ။ အိမ်း ... ဘုရားသခင်ရာ ကျွန်တော်မျိုးကို ပြောပြတော်မူပါဦးဗျ။ ဘာလို့ကျွန်တော်မျိုးကို ဒီလောက် ထူးချွန်ထက်မြက်နေရလောက်အောင် ဖန်ဆင်းခဲ့တာတုန်း "

" အရှင်က ဒီလို အံ့သြဖွယ်ကောင်းလောက်အောင် ဖန်တီးပေးထားလို့ ကျွန်တော်မျိုးမှာဘယ်လောက်စိတ်ရှုပ်ရသလဲဆိုတာ အရှင်သိရဲ့လား "

သူသည် အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ပုံစံဖြင့် သူ၏ထည့်စရာအိတ်ကိုပုတ်လိုက်ပြီး သူတန်ဖိုးထားရသော ရည်းစားစာအပုံလိုက်ကြီးကို ထုတ်လိုက်တော့သည်။

" ဒီနေ့တွေမှာ ကျွန်တော်မျိုးက အကျဥ်းသားတစ်ယောက်လိုပါပဲဗျာ "

သူသည် သက်ပြင်းများချနေပါသော်လည်း သူ၏မျက်ဝန်းထဲတွင် ထင်ဟပ်နေသည့် ဂုဏ်ယူနေသောအကြည့်များကိုမူ မဖုံးကွယ်နိုင်ပေ။

All Chapters