← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း(၁၈၆)

သူမ၏ ခန္ဓာကိုယ်သည် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သူမ လဲကျသွားသည့်နေရာမှာ သေချင်ယောင်ဆောင်နေသည့် ရှောင်ရှန်း၏ ဘေးနားပင် ဖြစ်သည်။

သူမ ပြင်းထန်စွာ ဒဏ်ရာရသွားသည်နှင့် ၊ မီးလျှံဖီးနစ်မှာလည်း မှေးမှိန်သွားပြီး ရွှေရောင် အမှုန်အမွှားများအဖြစ် ပျောက်ကွယ်သွားသည်။

တစ်ခုတည်းသော အတားအဆီး ပျောက်ကွယ်သွားသဖြင့် "တစ္စေတစ်ရာအလံ" မှ ဖြစ်ပေါ်လာသော တစ္စေများသည် ဝမ်းမြောက်စွာ အော်ဟစ်ကာ ရှေ့သို့ တစ်ဖန် ပြေးဝင်လာပြီး မြေအောက်နန်းဆောင်ရှိ လူတိုင်းကို ဝါးမြိုရန်ဟန်ပြင်လေတော့သည်။

မြေပြင်ပေါ်တွင် မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး ကျောက်တုံးတစ်တုံးလို ငြိမ်သက်အောင် ကြိုးစားနေသည့် ရှောင်ရှန်းသည် ရှောင်နီရှန်း တိုက်ခိုက်ခံလိုက်ရသည်ကို ကြားလိုက်ရပြီး သွေးနံ့ကိုလည်း ရရှိလိုက်သည်။

သူသည် မျက်လုံးကို အသာလေး ဖွင့်ကြည့်လိုက်သည်။

သူ့ရှေ့တွင် စက္ကူကဲ့သို့ ဖြူဖျော့နေသော ရှောင်နီရှန်း၏ မျက်နှာနှင့် သူမ၏ နှုတ်ခမ်းထောင့်တွင် စွန်းထင်းနေသော သွေးစများကို မြင်လိုက်ရသည်။ သူမ၏ အသက်ရှူသံမှာ အားနည်းနေပြီး ၊ သူမ၏ မျက်ဝန်းထဲတွင် နာကျင်မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ရှိနေခဲ့သည်။

ရှောင်ရှန်း၏ နှလုံးသားမှာ တစ်စုံတစ်ခုက တင်းကျပ်စွာ ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။

မရင်းနှီးသော ခံစားချက်တစ်ခုက သူ၏ နှလုံးသားထဲမှ နှိုးထလာဟန်ရသည်။ ၎င်းမှာ ပြင်းထန်သော ဒေါသတရားပင် ဖြစ်သည်။

သူသည် ငပျင်းတစ်ကောင် ၊ ပျက်စီးနေသည့် လူ ၊ သေခြင်းတရားကို ကြောက်ရွံ့သည့် ငကြောက်တစ်ကောင် ဖြစ်နေနိုင်သည်။

သို့သော် ဤအစ်မတော်သည် ငယ်စဉ်ကတည်းကပင် သူ့အပေါ်တွင် ဗိုလ်ကျကာ အနိုင်ကျင့်တတ်သော်လည်း သူ့ အသက်ကို ဘယ်သောအခါမျှ အန္တရာယ်မပြုခဲ့ချေ။ သူ အနိုင်ကျင့်ခံရတိုင်း သူမက နောက်ကွယ်မှ ကူညီပေးခဲ့ဖူးသည်။

ဤသည်မှာ သူ၏ ကျန်ရှိနေသေးသော မိသားစုဝင် အနည်းငယ်ထဲမှ တစ်ဦးပင် ဖြစ်သည်။

ယခုမူ သူမသည် သူ၏ ရှေ့တွင် လဲလျောင်းနေပြီး မိသားစုဝင် ဟု ခေါ်ဆိုသော လူ၏ လက်ချက်ဖြင့် ဒဏ်ရာရရှိထားသည်။

ပျက်စီးလည်း ပျက်စီးပါစေတော့…

အဲ့လောက်ထိ ဂရုစိုက်မနေနိုင်တော့ဘူး..

ဤအခိုက်အတန့်တွင် ရှောင်ရှန်းသည် ပထမဆုံးအကြိမ်အဖြစ် အသုံးမဝင်သူတစ်ယောက်အဖြစ် မနေလိုတော့ပေ။

သူသည် မြေပြင်ပေါ်မှ လျင်မြန်စွာ ထရပ်လိုက်သည်။ ထို့နောက် သူသည် ရှောင်နီရှန်းထံသို့ သွားကာ သူမကို ကောက်ပွေ့လိုက်သည်။

"အစ်မတော်”

သူသည် အသံတုန်ရီစွာဖြင့် အော်ဟစ်လိုက်သည်။

ထို့နောက် သူ ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ အမြဲတမ်း ပျင်းရိနေတတ်သော မျက်လုံးများသည် ဤအခိုက်အတန့်တွင် တဟုန်းဟုန်း တောက်လောင်နေပြီး ရှောင်ကျင်းကို စိုက်ကြည့်လိုက်သည်။

"မင်းက လူရောဟုတ်သေးရဲ့လား”

ဤအော်ဟစ်သံမှာ ယခင်ကဲ့သို့ ဟန်ဆောင်မှုမျိုး မဟုတ်တော့ဘဲ နှလုံးသားထဲမှ ထွက်ပေါ်လာသော မေးခွန်းတစ်ခု ဖြစ်သည်။

ရှောင်ကျင်းမှာ အံ့အားသင့်သွားပြီးနောက် အထင်မြင်သေးစွာ ရယ်မောလိုက်သည်။

‘ဘာမှအသုံးမကျတဲ့ကောင်က သူ့ကို အော်ဟစ်ရဲတယ်ပေါ့….:

“ တစ္စေမျက်နှာ လူကြီးမင်း ၊ ဒီမောင်နှမ နှစ်ယောက်ကို အတူတူ ပို့ပေးလိုက်ပါ”

"ဟားဟားဟား..."

တစ္စေမျက်နှာက အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် လက်သင်္ကေတတစ်ခုကို ဖော်ဆောင်လိုက်ပြီး အလံကို ခိုင်းစေလိုက်သည်။

တစ္စေလှိုင်းလုံးကြီးသည် ပို၍ အားကောင်းလာပြီး ၊ ၎င်းတို့ထဲမှ အကြီးမားဆုံး နှင့် အငြိုးအတေး ပြင်းထန်သော တစ္စေတစ်ကောင်ကို ခွဲထုတ်လိုက်သည်။

စိမ်းဖန့်ဖန့် မျက်နှာ နှင့် အစွယ်များရှိသော ကြောက်မက်ဖွယ်ရာ တစ္စေဘုရင်သည် စိတ်ဝိညာဉ်ကိုပင် အေးခဲစေနိုင်သည့် အရှိန်အဝါနှင့်အတူ ရှောင်ရှန်းထံသို့ ပြေးဝင်လာသည်။

အပုပ်နံ့ နှင့် အအေးဓာတ်သည် ရှောင်ရှန်း၏ အာရုံခံစားမှုအပေါ် ဖိအားပေးလျက် ရှိသည်။သူ၏ ဦးနှောက်ထဲတွင် အသံများ ဆူညံနေပြီး ၊ သူ၏ ပျင်းရိမှု ၊ အတွေးများနှင့် အသက်ရှင်သန်လိုသော စိတ်ဆန္ဒတစ်စုံသည် ဤအခိုက်အတန့်တွင် "မိမိပွေ့ဖက်ထားသောသူကို ကာကွယ်ရမည်" ဟူသော စိတ်ဆန္ဒအဖြစ်သို့ ပြောင်းလဲသွားသည်။

သူသည် မိမိရင်ခွင်ထဲရှိ အသက်ရှုသံ အားနည်းနေပြီ ဖြစ်သော ရှောင်နီရှန်းကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး ၊ သူ၏ ပိန်ပါးသော ကျောပြင်ဖြင့် ဝါးမျိုရန် ပြေးဝင်လာသော ထိုတစ္စေဘုရင်ကြီးကို ကာကွယ်လိုက်သည်။

သူ ကြောက်ရွံ့ရန်ပင် အချိန်မရလိုက်ချေ။ အိပ်စက်ခြင်းအတွက်သာ ရည်ရွယ်ထားသည့် "အိပ်မက်မဟာကျမ်း" ကို အလိုအလျောက် အသက်သွင်းမိလိုက်သည်။

သို့သော် သူ၏ ဝိညာဉ်စွမ်းအားများသည် သမုဒ္ဒရာထဲမှ ရေတစ်စက်ကဲ့သို့ တစ္စေဘုရင်၏ ကြောက်ခမမ်းလိလိ စွမ်းအားများရှေ့တွင် ချက်ချင်းဆိုသလို ချေမှုန်းခံလိုက်ရသည်။

ဤသေရေးရှင်ရေး အစွန်းတစ်ဖက်သို့ ရောက်ရှိလာချိန်တွင် ၊

ရှောင်နီရှန်း၏ ဒဏ်ရာမှ စီးကျလာသော နွေးထွေးသော သွေးစက်တစ်စက်သည် ရှောင်ရှန်း၏ လက်ပေါ်သို့ ကျရောက်သွားသည်။

၎င်းမှာ သူမ၏ သွေးအနှစ်သာရပင် ဖြစ်သည်။

"ဝုန်း”

ရှောင်ရှန်းသည် ထိုအခိုက်အတန့်တွင် သူ၏ သွေးများမှာ မီးများလောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။

ပူနွေးသော စွမ်းအင်စီးကြောင်း တစ်ခုသည် သူ၏လက်ဖမိုးမှ စတင်ကာ ခန္ဓာကိုယ်အနှံ့ သွေးကြောများတစ်လျှောက် ပျံ့နှံ့စီးဆင်းသွားသည်။

ထိုအရာမှာ နာကျင်ခြင်းမဟုတ်ဘဲ သူ၏ သွေးမျိုးဆက်ရှိ အနက်ရှိုင်းဆုံး အပိုင်းမှ နိုးထလာခြင်း ဖြစ်သည်။ ၎င်းသည် ရှေးကျပြီး အင်အားကြီးမားကာ ဧကရာဇ်တစ်ပါး၏ ဘုန်းတန်ခိုးများဖြင့် ပြည့်နှက်နေသည်။

သူ၏ ကိုယ်ထဲရှိ နဂါးစောင့်ရှောက်သူ သွေးမျိုးဆက် နှင့် ရှောင်နီရှန်း၏ ဖီးနစ်အနှစ်သာရ သွေးသည် အံ့ဩစရာကောင်းလောက်အောင် ပဲ့တင်ထပ်နေသည်။

သူ၏ ပျင်းရိမှုများဖြင့် အမြဲတမ်း ဖိနှိပ်ထားခဲ့သော " မွေးရာပါ တာအိုသန္ဓေသားလောင်" မှာ နောက်ဆုံးတွင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

မြေအောက်နန်းဆောင်ရှိ လူတိုင်း နားမလည်နိုင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်လိုက်ရသည်။

အသုံးမကျသူအဖြစ် သတ်မှတ်ခံထားရသော အိမ်ရှေ့စံ မင်းသား၏ မျက်ခုံးနှစ်ခုကြား ရွှေရောင် သင်္ကေတတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုသင်္ကေတမှာ နဂါးနှင့် ဖီးနစ်ငှက်တို့ ရောနှောနေသကဲ့သို့ပင်။

သူ့ကို ဗဟိုပြု၍ သုံးပေအချင်းဝက်အတွင်းရှိ ဟင်းလင်းပြင်သည် ပြင်းထန်စွာ ပုံပျက်သွားပြီး မမြင်ရသော စွမ်းအင်စက်ကွင်း တစ်ခုကို ဖွဲ့စည်းခဲ့လေသည်။

အနီးသို့ ရောက်ရှိလာသော အငြိုးအတေးကြီးသော တစ္စေဘုရင်ကြီးသည် စူးရှစွာ အော်ဟစ်လိုက်သည်။

သို့သော် ထိုအသံမှာ ကြမ်းတမ်းသော ဟိန်းဟောက်သံ မဟုတ်ဘဲ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

၎င်းသည် ထိုစွမ်းအားများကို ထိမိသည်နှင့် နှင်းခဲပေါ်သို့ ဆူပွက်နေသော ဆီများ လောင်းချလိုက်သကဲ့သို့ ‘ရှဲ’ခနဲ့ ဟူသော အသံနှင့်အတူ မီးခိုးငွေ့များ အဖြစ် ပြောင်းလဲသွားသည်။

၎င်း၏ လက်သည်းများမှာလည်း တစ်စစီ အရည်ပျော်သွားခဲ့သည်။

တစ္စေဘုရင်ကြီးမှာ ကြောက်လန့်သွားပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း၊ ရွှေရောင်သင်္ကေတမှ ထွက်ပေါ်လာသော စုပ်ယူစွမ်းအား တစ်ခုသည် ၎င်းကို တုပ်နှောင်ထားခဲ့လေသည်။

"ဒါ... ဒါ ဘာလဲ”

ရှောင်ကျင်းတစ်ယောက် အဝေးကနေ အော်ဟစ်လိုက်သည်။ သူ၏ မာနထောင်လွှားမှု နှင့် အပျော်များသည် ချက်ချင်း အေးခဲသွားသည်။

ပို၍ ထူးဆန်းသည်မှာ ရှောင်ရှန်း၏ ခန္ဓာကိုယ်ထဲရှိ "အိပ်မက်မဟာကျမ်း" သည် မွေးရာပါ တာအိုသန္ဓေသားလောင်း၏ စွမ်းအားကြောင့် အံ့အားသင့်ဖွယ်ရာ ပြောင်းလဲသွားခြင်း ဖြစ်သည်။

၎င်းသည် ယခင်ကလို ငြိမ်သက်သော စွမ်းအားတစ်ခုအဖြစ် မဟုတ်တော့ဘဲ စွမ်းအားများကို စုပ်ယူသည့် ဝဲဂယက်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့လေသည်။

All Chapters