← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း(၁၈၇)

"အား"

တစ္စေဘုရင်ကြီးသည် နောက်ဆုံးအကြိမ်အဖြစ် နာကျင်စွာ အော်ဟစ်လိုက်ပြီး ဝဲဂယက်အတွင်း၌ ပျက်စီးကွယ်ပျောက်သွားသည်။

သူ၏ မကျေနပ်ချက်များ နှင့် ရက်စက်ကြမ်းကြုတ်သော မကောင်းသော စွမ်းအားများသည် အားလုံး သန့်စင်ခံလိုက်ရပြီး စင်ကြယ်သန့်စင်သော ဝိညာဉ်စွမ်းအားများအဖြစ် ရှောင်ရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကြသည်။

ရှောင်ရှန်းသည် တစ်ခါမျှ မခံစားဖူးသော ခံစားချက်ကို အပြည့်အဝ ခံစားလိုက်ရသည်။

သို့သော် ဤသည်မှာ အစပျိုးရုံသာ ရှိသေး၏။

လေထဲတွင် ပျံဝဲနေသော တစ္စေတစ်ရာအလံသည် တစ်စုံတစ်ခုကို ခံစားမိပုံရပြီး ၊ ၎င်းသည် ပြင်းထန်စွာ တုန်ခါနေသည်။

အလံအတွင်းရှိ အငြိုးအတေး ပြင်းထန်သော ဝိညာဉ်ပေါင်းများစွာသည် ၎င်းတို့၏ နောက်ဆုံးအနားယူရာ နေရာကို ရှာတွေ့သွားသကဲ့သို့ တစ္စေမျက်နှာ၏ ထိန်းချုပ်မှု မှ လွတ်မြောကိကာ ရှောင်ရှန်းထံသို့ အဆက်မပြတ် ပြေးဝင်လာကြသည်။

ချင်ချန်းနှင့် ရှောင်ယန်တို့မှာ ထိတိလန့်သွားကြပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း စူးဝမ်ချင်းက လှမ်း၍ တားဆီးလိုက်သည်။

"မသွားနဲ့"

စူးဝမ်ချင်း၏ မျက်လုံးများသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

"သူတို့က သူ့ကို တိုက်ခိုက်နေတာ မဟုတ်ဘူး၊ သူ့ကို ကိုးကွယ်နေကြသလိုပဲ "

တစ်နည်းအားဖြင့် ပူဇော်ပသနေခြင်းပင်။

ရှောင်ရှန်း၏ လက်ရှိခံစားချက်မှာ သိပ်နေလို့မကောင်းချေ။

ပထမ‌ဆုံး တစ္စေဘုရင် တစ်ကောင်၏ စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာချိန်တွင် သုံးရက်ကြာ ဆာလောင်နေသူ တစ်ဦး အငတ်ပြေအောင် ပူနွေးသော ပေါက်စီတစ်လုံးကို စားလိုက်ရသကဲ့သို့ အလွန်ပင် သက်သာရာ ရခဲ့ပြီး လူကို နွေးထွေးသွားစေသည်။

သို့သော် ချက်ချင်းဆိုသလို ဝိညာဉ်စွမ်းအား ရာပေါင်းများစွာ ၊ ထောင်ပေါင်းများစွာ တရဟော ဝင်ရောက်လာခဲ့သည်။ ၎င်းသည် လူတစ်ယောက်ကို ဝန်ပိအောင် အတင်းအကျပ် ထိုးကျွေးနေသကဲ့သို့ပင်။

"ဟေ့... ဟေ့... ဟေ့... ဒီကိုမလာနဲ့တော့၊ ဗိုက်ပြည့်နေပြီ…တော်ကြပါတော့”

ရှောင်ရှန်းသည် မိမိစိတ်ထဲမှ ရူးမတတ် အော်ဟစ်လိုက်သည်။

သူသည် ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသည်။ သူ၏ သွေးကြောများသည် ယခင်က တစ်ခါမျှမကြုံဖူးသော သန့်စင်သည့် စွမ်းအားများကြောင့် ကျယ်ပြန့်လာခြင်း ၊ ဆေးကြောခံလိုက်ရခြင်း၊ တစ်ဖန် စုတ်ပြဲသွားခြင်း နှင့် ပြန်လည် ကောင်းမွန်လာခြင်း တို့ကို တစ်ပြိုင်နက်တည်း ကြုံတွေ့နေရသည်။

သူ၏ ကျင့်ကြံမှုမှာလည်း ကြက်တစ်ကောင်ကိုပင် သတ်ရန်ပင် ခွန်အားမရှိသော သာမန်လူသား တစ်ဦးမှ စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် မြန်ဆန်စွာ တက်လှမ်းလာခဲ့သည်။

ချီသန့်စင်ခြင်း ၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း စသော အတားအဆီးများမှာ သူ့အတွက် လုံးဝ မရှိတော့သလိုပင်။ ထိုစွမ်းအားများသည် အတားအဆီးဟူသမျှကို ဖျက်ဆီးပစ်ကာ ရပ်တန့်ခြင်းမရှိ ရှေ့သို့ ချီတတ်နေလေ၏။

"မဖြစ်နိုင်တာ၊ ဒါ မဖြစ်နိုင်ဘူး”

အခြားတစ်ဖက်တွင်မူ တစ္စေမျက်နှာသည် အလန့်တကြား အော်ဟစ်လိုက်မိသည်။

သူ၏ မျက်နှာသည် သေမင်းကဲ့သို့ ဖြူဖျော့နေပြီး ၊ သူ့ကိုယ်ပိုင် မှော်လက်နက်ကို ပြန်လည်သိမ်းဆည်းရန် ကြိုးစားလိုက်သော်လည်း၊ အလံသည် သူ၏အမိန့်ကို နာခံခြင်း မရှိတော့ပေ။

သူနှင့် မှော်လက်နက်ကြားရှိ ဝိညာဉ်အမှတ်အသားသည် အတုမရှိသော အင်အားတစ်ခုက အတင်းအကျပ် ဖျက်ဆီးပစ်ခဲ့မှန်း သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သူ ဆယ်စုနှစ်ပေါင်းများစွာ အပင်ပန်းခံ ပြုလုပ်ထားခဲ့သော မှော်လက်နက်မှာ ယခုအခါ အသုံးမဝင်သော အဝတ်စုတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရချေပြီ။

"သွေးအန်သံ”

စိတ်ဝိညာဉ်ချင်း ဆက်နွှယ်မှုကို ဖြတ်တောက်ခံလိုက်ရသဖြင့် တစ္စေမျက်နှာမှာ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူ၏ အရှိန်အဝါမှာလည်း ချက်ချင်းပင် အားနည်းသွားခဲ့သည်။

သူသည် မြေပြင်ပေါ်တွင် ထိုင်လျက်သား ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားသော ရှောင်ရှန်းကို ကြည့်ရင်း၊ သူ့ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် "ကြောက်ရွံ့ခြင်း" ကို အသည်းခိုက်အောင် ခံစားလိုက်ရတော့သည်။

'ဒီကောင်က ဘယ်လိုတောင် မိစ္ဆာကောင်လဲ'

နောက်ဆုံးကျန်ရှိနေသော အငြိုးအတေးကြီးသော ဝိညာဉ်ကိုပါ စုပ်ယူပြီးနောက် ၊ တစ္စေတစ်ရာ အလံသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ထိုအခိုက်အတန့်တွင် ရှောင်ရှန်းမှာ မိမိ၏ စွမ်းအားများကို အစွမ်းကုန် ထိန်းချုပ်နေရသည်။

သူ၏ အရေပြားအောက်တွင် ရွှေရောင်အလင်းတန်းများ တဖျပ်ဖျပ် လင်းလက်နေပြီး ၊ ခန္ဓာကိုယ်အတွင်းရှိ ပေါက်ကွဲလုနီးပါး ဖြစ်နေသော စွမ်းအားများကို အပြင်သို့ ထုတ်လွှတ်ရန် အရေးတကြီး လိုအပ်နေချေပြီ။

ရှောင်ရှန်း ရုတ်တရက် ခေါင်းမော့လိုက်သည်။

သူ၏ အမြဲတမ်း ငိုက်နေတတ်သော မျက်ဝန်းများသည် ယခုအခါ တောက်ပသော ရွှေရောင် နေမင်းကြီးနှစ်စင်းအဖြစ် ပြောင်းလဲသွားဟန်ရသည်။

သူ၏ အကြည့်များက ရှုပ်ထွေးနေသော စစ်မြေပြင်ကို ဖြတ်ကျော်ပြီး ၊ ထိတ်လန့်နေသော ရှောင်ကျင်းနှင့် ဒဏ်ရာရရှိထားသော ချင်ချန်းကိုပင် လျစ်လျူရှူကာ ဤဒုက္ခများကို လှုံ့ဆော်ခဲ့သော တစ္စေမျက်နှာထံသို့ ကျရောက်သွားသည်။

တစ္စေမျက်နှာသည် ရှောင်ရှန်း၏ အကြည့်အောက်တွင် မိမိကိုယ်ကိုယ် သေးနုတ်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်မှာပင် ရှောင်ရှန်း လှုပ်ရှားလိုက်သည်။

မည်သို့ပြုလုပ်ရမည်ကို အသေအချာ မသိသော်လည်း၊ သူ့ ခန္ဓာကိုယ်၏ ပင်ကိုယ်အသိစိတ်အရ အလိုအလျောက် လှုပ်ရှားလိုက်ခြင်းသာ ဖြစ်သည်။

သူသည် ညာဘက်လက်ဝါးကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး တစ္စေမျက်နှာရှိရာ ဘက်သို့ ချိန်ရွယ်ကာ ရိုက်ချလိုက်သည်။

ထိုလက်ဝါးချက်သည် အသာလေး ရိုက်ထုတ်လိုက်ခြင်း ဖြစ်ပြီး ၊ စိတ်အနှောင့်အယှက်ပေးသော ယင်ကောင်တစ်ကောင်ကို မောင်းထုတ်နေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ဖြစ်သည်။

ကောင်းကင်ပြိုမတတ် ကျယ်လောင်သော ဝုန်းဒိုင်းဆူညံသံများလည်း မရှိသလို ၊ မြစ်ချောင်း တောင်တန်းတို့ကို ဖြိုဖျက်ပစ်နိုင်စွမ်းလည်း ရှိပုံမရချေ။

သို့သော်လည်း ရှောင်ရှန်းသည် သူ့လက်ဝါးသည် ရှေ့သို့ တွန်းထုတ်လိုက်သည်နှင့် မြေအောက်နန်းတော်တစ်ခုလုံး၏ ကြမ်းပြင်ပေါ်ရှိ ရှေးဟောင်းကျောက်ပြားများ ၊ မြေအောက်နက်ရှိုင်းစွာ မြုပ်နှံထားသော ကျောက်လွှာများအားလုံးသည် မြေကမ္ဘာ၏ နှလုံးခုန်သံကဲ့သို့ နက်ရှိုင်းသော ပဲ့တင်ထပ်သံတစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။

All Chapters