← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း(၁၈၈) လက်ဝါးတစ်ချက် နဲ့ ရန်သူကို ပြာအဖြစ် ပြောင်းလဲစေမယ်

ယဇ်ပလ္လင်ပေါ်တွင် တစ်ချိန်က ငြိမ်းသက်သွားခဲ့သော သွေးနီရောင် မီးတောက်များသည် ရွှေစင်ရောင် မီးလျှံတစ်ခုအဖြစ် ပြန်လည် တောက်လောင်လာခဲ့သည်။

သာမန်မျက်စိဖြင့် မမြင်နိုင်သော ရွှေရောင်စွမ်းအင်များသည် မြေအောက်နန်းတော်၏ အရပ်မျက်နှာအားလုံးမှ စုပြုံရောက်ရှိလာပြီး၊ ပင်လယ်ထဲသို့ စီးဆင်းနေသော မြစ်များကဲ့သို့ ရှောင်ရှန်းထံသို့ စီးဆင်းသွားသည်။

မှုန်ဝါးသော်လည်း ခန့်ညားထည်ဝါသော ရွှေရောင်နဂါးရိပ်တစ်ခုသည် မြေအောက် အနက်ရှိုင်းဆုံး နေရာမှ တိတ်တဆိတ် ထွက်ပေါ်လာ၏။

၎င်းသည် သူ ဆန့်ထုတ်ထားသော လက်မောင်းပေါ်တွင် ရစ်ပတ်ကာ လက်ဝါးရိုက်ချက်နှင့်အတူ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပြေးထွက်သွားလေ၏။

၎င်းမှာ သာရှတိုင်းပြည်၏ မြေအောက် အနက်ရှိုင်းဆုံး အပိုင်းတွင် အိပ်ပျော်နေသော နဂါးသွေးကြော စွမ်းအင်ဖြစ်ပြီး၊ "မွေးရာပါ တာအိုသန္ဓေသားလောင်း" ၏ ဆွဲဆောင်မှုကြောင့် နိုးထလာခြင်း ဖြစ်သည်။

"မလုပ်နဲ့..."

တစ္စေမျက်နှာသည် စူးရှစွာ အော်ဟစ်လိုက်ပြီး၊ သူ၏ ကြောက်မက်ဖွယ်ရာ မျက်နှာဖုံးပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် "ကြောက်ရွံ့မှု" ဟု ခေါ်သော ခံစားချက်တစ်ခု ထင်ဟပ်နေ၏။

ထိုအရာသည် သာမန်ကိုယ်ခံပညာ မဟုတ်သလို သာမန်မှော်အတတ်မှ ဆင်းသက်လာခြင်း မဟုတ်ဘဲ သက်ရှိလောက၏ အမြင့်ဆုံးအဆင့်မှ ဖြစ်တည်လာသော ငြင်းပယ်မရသည့် ဖိနှိပ်မှုတစ်ခု ဖြစ်သည်ကို သူ ခံစားလိုက်ရသည်။

သူသည် ရင်ဘတ်ထဲမှ မှော်လက်နက်မျိုးစုံကို အရူးအမူး ထုတ်ယူလိုက်သည်။

နက်မှောင်သော အရိုးဒိုင်း၊ သွေးနီရောင်ကျောက်စိမ်း ၊ စာလုံးများ ထွင်းထုထားသော လိပ်ခွံ...။

အေးစက်သော အငွေ့အသက်များ ဖြာထွက်နေသည့် မှော်လက်နက်များကို တစ်ခုပြီးတစ်ခု ထုတ်ယူလာပြီး ၊ သူ၏ ရှေ့တွင် အကာအကွယ်များကို အထပ်ထပ် ချထားလိုက်သည်။

သို့သော်လည်း အသုံးမဝင်ခဲ့ချေ။

နဂါးပုံရိပ် ရစ်ပတ်နေသော ထိုရွှေရောင်လက်ဝါးရိပ်ကြီးသည် ပထမဆုံး အရိုးဒိုင်းနှင့် ထိပ်တိုက် တွေ့ဆုံသွားချိန် ၊ မည်သည့် တိုက်ခိုက်သံမျှ မထွက်ပေါ်ခဲ့ပေ။

အရိုးဒိုင်းသည် ပူပြင်းသော နေရောင်ခြည်အောက်မှ နှင်းခဲသဖွယ် တိတ်တဆိတ် အရည်ပျော်ကာ အငွေ့ပျံသွားသည်။

ထို့နောက် သွေးရောင်ကျောက်စိမ်း၊ လိပ်ခွံ... သူ ဂုဏ်ယူဝင့်ကြွားရသည့် အသက်ကယ် မှော်လက်နက်အားလုံးသည် ထိုလက်ဝါး၏ ရှေ့မှောက်တွင် စက္ကူမီးအိမ်ကဲ့သို့ နုနယ်လှပေရာ ၊ အနည်းငယ်မျှပင် တားဆီးနိုင်ခြင်းမရှိဘဲ မှုန့်မှုန့်ညက်ညက် ခြေမွခံလိုက်ရ၏။

အဆိုပါ လက်ဝါးသည် အကာအကွယ် အားလုံးကို ထိုးဖောက်သွားပြီး နောက်ဆုံးတွင် တစ္စေမျက်နှာထံသို့ တည့်တည့်မတ်မတ် ပစ်ဝင်သွားသည်။

ဤအခိုက်အတန့်တွင် အချိန်များသည် နှေးကွေးသွားဟန်ရှိသည်။

တစ္စေမျက်နှာ၏ မျက်နှာပေါ်ရှိ အနက်ရောင် မျက်နှာဖုံးမှာ ထိုလက်ဝါးနှင့် ထိတွေ့မိလိုက်သည်နှင့် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

"ကလောက်... ကလောက်..."

အက်ကွဲကြောင်းများသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး မျက်နှာဖုံးတစ်ခုလုံး နှစ်ခြမ်း ခွဲထွက်သွားကာ ၊ လူနှင့်မတူတော့သော မျက်နှာတစ်ခု ထွက်ပေါ်လာလေ၏။

သူသည် ပါးစပ်ကို ဟလိုက်ပြီး နောက်ဆုံးအဖြစ် ကျိန်စာမန္တာန် သို့မဟုတ် မကျေနပ်မှုကို ထုတ်ဖော်ရန် ကြိုးစားလိုက်ပုံရသော်လည်း နောက်ဆုံးတွင် သူ၏ လည်ချောင်းထဲမှ တိုတောင်းသော 'အ..'ဟူသော အသံသာ ထွက်လာနိုင်ခဲ့သည်။

နောက်တစ်စက္ကန့်တွင် ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်။

သူ၏ ခန္ဓာကိုယ်သည် အတွင်းမှ အပြင်သို့ ထိုခမ်းနားထည်ဝါလှသော နဂါးစွမ်းအင်၏ သန့်စင်ခြင်းကို ခံလိုက်ရလေတော့သည်။

အသွေးမှ အရိုး ၊ ထိုမှတစ်ဆင့် ဝိညာဉ်အထိ အရာအားလုံးသည် အမှုန်အမွှားများအဖြစ်သို့ ပြိုကွဲသွားကာ ပြာမှုန်တစ်ဆုပ်အဖြစ် ပြောင်းလဲသွားသည်။

မြေအောက်နန်းတော်ကို ဖြတ်၍ ညင်သာစွာတိုက်ခတ်လာသော လေပြည်သည် ၎င်းတို့ကို သယ်ဆောင်သွားလေရာ ဤလူသည် လောကတွင် ဘယ်သောအခါမှ မရှိခဲ့သကဲ့သို့ပင်။

တစ္စေမျက်နှာ ပျောက်ကွယ်သွားသည်နှင့်အမျှ မြေပြင်ပေါ်သို့ ပြုတ်ကျနေပြီး ဝိညာဉ်စွမ်းအား ဆုံးရှုံးနေပြီဖြစ်သော တစ္စေတစ်ရာအလံသည်လည်း နောက်ဆုံးအနေဖြင့် ညည်းတွားလိုက်သည်။

အလံမျက်နှာပြင်ပေါ်မှ နောက်ဆုံး လက်ကျန် အနက်ရောင်စွမ်းအင်များသည်လည်း ခန်းခြောက်သွားကာ အဝတ်စုတ်တစ်ခုအဖြစ်သာ ကျန်ရှိတော့၏။

"သွားပြီ”

ဤအံ့ဖွယ်ဖြစ်ရပ်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသော မင်းသား(၃) ရှောင်ကျင်းသည် တစ်ကိုယ်လုံး အေးစက်သွားပြီး ၊ သူ၏ နောက်ဆုံးမျှော်လင့်ချက်နှင့် ရည်မှန်းချက်များလည်း ပျက်စီးသွားခဲ့လေပြီ။

သို့သော် သူသည် အနည်းငယ်မျှ တွန့်‌ဆုတ်ခြင်းမရှိဘဲ မျက်လုံးထဲတွင် ရက်စက်မှုများ ဖြတ်ပြေးသွားကာ အင်္ကျီလက်အတွင်း ဝှက်ထားသော ကျောက်စိမ်းအဆောင် တစ်ခုကို ရုတ်တရက် ခြေမွလိုက်သည်။

ကျောက်စိမ်းအဆောင်သည် ပေါက်ကွဲသွားပြီး ထူထပ်သော သွေးမြူခိုးများအဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်လုံးတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။

အလင်းတစ်ချက် ဖျက်ခနဲ့ လင်းလက်သွားပြီး ရှောင်ကျင်း၏ ပုံရိပ်သည် ထိုနေရာတွင်ပင် ပျောက်ကွယ်သွားကာ ပြင်းထန်သော သွေးညှီနံ့သာ ကျန်ရစ်ခဲ့သည်။ ၎င်းသည် သူ ဤနေရာတွင် ရှိနေခဲ့ကြောင်း သက်သေပြနေသည်။

သွေးအဆောင် သည် မိမိ၏ သွေးအနှစ်သာရကို ပေးဆပ်ရသော အသက်ကယ်ရတနာ ဖြစ်သည်။ သူသည် ပြတ်ပြတ်သားသားနှင့် အလန့်တကြား ထွက်ပြေးသွားခဲ့ချေပြီ။

မိမိတို့ ခေါင်းဆောင်၏သေဆုံးခြင်းနှင့် အားကိုးရမည့် လူသည် ထွက်ပြေးလွတ်မြောက်သွားပြီ ဖြစ်ရာ ဤတုန်လှုပ်ချောက်ချားဖွယ်ရာ မြေအောက်နန်းတော် တိုက်ပွဲကြီးသည် အဆုံးတွင် ပြီးဆုံးသွားခဲ့သည်။

ကျန်ရှိနေသော မိစ္ဆာကျင့်ကြံသူ အနည်းငယ်နှင့် ရှောင်ကျင်း၏ ကိုယ်ရံတော်များသည်လည်း ကြောက်လန့်စွာဖြင့် လက်နက်များချကာ ဒူးထောက် အရှုံးပေးခဲ့ကြသည်။

မြေအောက်နန်းတော်တစ်ခုလုံး တိတ်ဆိတ်နေ၏။

ချင်ချန်းသည် သူ၏ ဓားကို အားပြုလျက် မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ထားသည်။ လက်မောင်းပေါ်ရှိ ဒဏ်ရာမှ သွေးမည်းများ စီးကျနေဆဲ ဖြစ်သော်လည်း ၊ သူသည် ထိုအရာကို ဂရုမစိုက်သကဲ့သို့ ရှိနေပြီး ကွင်းပြင်အလယ်မှ ထိုပုံရိပ်ကိုသာ ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိသည်။

All Chapters