← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း(၁၈၉)

ရှောင်ယန်သည် မြေပြင်ပေါ်သို့ ပစ်ထိုင်ချလိုက်ပြီး လက်ထဲမှ ဓားရှည်သည်လည်း "ချွင်" ခနဲ မြည်ကာ ဘေးသို့ ပြုတ်ကျသွားသည်။

ရှောင်ရှန်းကို ကြည့်နေသော သူ၏ မျက်လုံးများက နားမလည်နိုင်မှု ၊ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။ ပုံမှန်အားဖြင့် ကြက်တိုက်ခြင်း နှင့် အပျော်အစားလိုက်စားဖို့ကိုသာ သိသော သူ၏ ညီတော်(၇)ကို ကြောင်ကြည့်နေမိသည်။

စူးဝမ်ချင်းသည် ထိုနေရာတွင်ပင် ရပ်နေပြီး ပုံမှန်အားဖြင့် တည်ငြိမ်သော သူမ၏မျက်ဝန်းများသည် ဤအခိုက်အတန့်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သူမသည် ဗဟုသုတ ကြွယ်ဝသော်လည်း အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့သော ကျိုးကြောင်းမဆီလျော်သော စွမ်းအားမျိုးကို တစ်ခါမှ မမြင်ဖူးချေ။

လူတိုင်း၏ အကြည့်များအောက်တွင် ၊ ရှောင်ရှန်းသည် သူ၏ ညာလက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်သည်။

သူသည် ကိုယ့်လက်ဝါးကို ငုံ့ကြည့်လိုက် ၊ တစ္စေမျက်နှာဖုံးရှင် ပျောက်ကွယ်သွားသည့် နေရာကို ပြန်ကြည့်လိုက်ဖြင့် ‌ဇဝေဇဝါဖြစ်လို့နေသည်။

' ခုနက... ဘာဖြစ်သွားတာလဲ'

'ငါ... အသာလေးပဲ တွန်းလိုက်တာ မဟုတ်ဘူးလား ၊ ဘာလို့ လူက ပျောက်သွားတာလဲ.. ပြာတောင် မကျန်လိုက်ဘူးလား'

' ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးက အားအင်တွေ ကုန်ခမ်းသွားသလိုပဲ... အရက်အတု ဆယ်ပိဿာလောက် သောက်ထားသလိုမျိုး တစ်ခေါင်းလုံး မူးဝေပြီး ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသလိုပဲ...'

သူ၏ ခန္ဓာကိုယ်အတွင်းရှိ "မွေးရာပါ တာအိုသန္ဓေသားလောင်း" သည် အားအဟုန်ဖြငိ့ ပေါက်ကွဲထွက်လာပြီးနောက် လျင်မြန်စွာ ငြိမ်သက်သွားသည်။

ထို့ကြောင့် အတင်းအကျပ် သွတ်သွင်းခံထားရသော ကြီးမားသော ဝိညာဉ်စွမ်းအင်များသည် ၎င်း၏လမ်းညွှန်မှုကို ဆုံးရှုံးသွားကာ သူ၏ သွေးကြောများအတွင်း ပြင်းထန်စွာ တိုးဝှေ့နေသည်။

တားဆီး၍မရသော မောပန်းနွမ်းနယ်မှုများသည် ဒီရေအလား တိုးဝင်လာပြီး သူ၏ နောက်ဆုံး အသိစိတ်ကို ဝါးမြိုသွားခဲ့သည်။

"အစ်မတော်..."

သူသည် ဖြူဖျော့နေသော ရှောင်နီရှန်းကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး ၊နောက်ဆုံး လက်ကျန်အားဖြင့် သူမကို တည်ငြိမ်စွာ ချပေးခဲ့သည်။

ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားပြီး နောက်သို့ လဲကျသွားလေတော့သည်။

ယခုတစ်ကြိမ်တွင်မူ ၊ သူ အမှန်တကယ် မူးလဲသွားခြင်း ဖြစ်သည်။

"ရှောင်ရှန်း"

"အရှင့်သား"

အော်ဟစ်သံများ တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့သည်။

အနီးဆုံးတွင် ရှိနေသော စူးဝမ်ချင်းသည် ချက်ချင်း ရှေ့သို့ တိုးလာပြီး ရှောင်ရှန်း၏ ဦးခေါင်းကို မာကျောသော ကြမ်းပြင်နှင့် နောက်တစ်ကြိမ် ထိမှန်မသွားစေရန် အလျင်အမြန် ဖမ်းထိန်းလိုက်ပြီး ဖြည်းညှင်းစွာ လှဲချပေးလိုက်သည်။

သူမသည် ရှောင်ရှန်း၏ လက်ကောက်ဝတ်ပေါ်က သွေးခုန်နှုန်းကို ချက်ချင်း စမ်းသပ်ကြည့်ရှူလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ စူးဝမ်ချင်း၏ မျက်နှာအရောင်မှာ သိသိသာသာ ပြောင်းလဲသွားသည်။

ထိုအမူအရာမှာ 'တစ္စေမျက်နှာ' ပြာအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသော အချိန်ကထက် ပို၍ တုန်လှုပ်နေပြီး လွန်စွာ လေးနက်မှုရှိလှသည်။

"ဘာဖြစ်လို့လဲ"

ချင်ချန်းသည် ဒဏ်ရာရထားသော ခန္ဓာကိုယ်ကို ဆွဲထူကာ အတင်း တိုးလာပြီး စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

စူးဝမ်ချင်းသည် ချက်ချင်း ပြန်မဖြေဘဲ မျက်လုံးများကို မှိတ်ကာ အာရုံခံနေပြီး ၊ နောက်အခိုက်အတန့်တွင် သူမ၏မျက်ခုံးများမှာ တွန့်ချိုးသွားသည်။

အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ၊ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေက... ရှုပ်ထွေးပြီး ပြင်းထန်လွန်းတယ် ၊ သွေးကြောတွေက အနည်းဆုံး ခုနစ်ပုံ ရှစ်ပုံလောက် ပြတ်တောက်နေပြီ..."

ချင်ချန်းသည် ထိုစကားကို ကြားလိုက်ရသည်နှင့် စိတ်နှလုံးတစ်ခုလုံး လေးလံသွားသည်။

"ဒါပေမဲ့..."

စူးဝမ်ချင်း၏ စကားသံသည် ပြောင်းလဲသွားပြီး တစ်စုံတစ်ခု နိုးထလာမည်ကို စိုးရိမ်နေသကဲ့သို့ တိုးတိုးလေး ရေရွတ်လိုက်သည်။

"သူ့ရဲ့ တန်ထျန်းအမှတ်မှာ တစ်စုံတစ်ခုက ပေါက်ကွဲထွက်တော့မယ့်ပုံပဲ..."

"သွေးကြောတွေက အနည်းဆုံး ခုနစ်ပုံ ရှစ်ပုံလောက် ပြတ်တောက်နေပြီ...ဟုတ်လား"

ချင်းချန်၏ အသံမှာ ခြောက်ကပ်ပြီး အက်ကွဲနေသည်။

"ဒါဆိုရင် သူက..."

'ဒုက္ခိတ ဖြစ်သွားပြီပေါ့...'

ကျင့်ကြံသူ တစ်ယောက်အတွက် သွေးကြောများ အားလုံး ပြတ်တောက်သွားခြင်းသည် လူကို သတ်ပစ်လိုက်ခြင်းထက်ပင် ပို၍ ခံရခက်သည်။

သို့သော် ဤအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် ချင်ချန်း တစ်ယောက် ဤသည်မှာ အဓိပ္ပာယ်မရှိကြောင်း ခံစားလိုက်ရသည်။

'ခုနက နတ်ဘုရားတစ်ပါးလို ပြောင်မြောက်လှတဲ့ လက်ဝါးချက်ကရော ဘယ်လိုဖြစ်တာလဲ...'

စူးဝမ်ချင်းသည် သေးငယ်သော ငွေအပ်အချို့ကို ရှောင်ရှန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အဓိက သွေးကြောမှတ်များပေါ်သို့ ထိုးစိုက်လိုက်သည်။

ထို့နောက် သူမ၏ ရင်ဘတ်ထဲမှ ကြွေပုလင်းငယ်လေးတစ်ခုကို ထုတ်ယူကာ လန်းဆန်းပြီး သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေသည့် ဆေးလုံးတစ်လုံးကို သူ၏ ပါးစပ်ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်သည်။

" ကျွန်မ အနေနဲ့ ဆေးဘုရင်ချိုင့်ဝှမ်းရဲ့ 'ကိုးကွေ့ ဝိညာဉ်ဆေးလုံး'ကို သုံးပြီး သူ့ရဲ့ နှလုံးသွေးကြောကို ယာယီ ကာကွယ်ပေးထားနိုင်ရုံပဲ ရှိတယ်"

"ပြီးတော့ ရွှေအပ်နဲ့ သွေးကြောတွေကို ထိုးဆွပြီး သူ့ခန္ဓာကိုယ်ထဲက ရှုပ်ယှက်ခက်နေတဲ့ စွမ်းအားတွေကို လမ်းညွှန်ပေးဖို့ ကြိုးစားရလိမ့်မယ်"

သူမသည် ရှောင်ရှန်း၏ မျက်နှာကို ကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည် ။

All Chapters