← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း(၁၉၀)

"ဒါပေမဲ့ ဒီစွမ်းအားက ပြင်းထန်လွန်းတယ်၊ မီးတောင်တစ်ခုလုံးကို အတင်းအကျပ် မျိုချလိုက်သလိုမျိုးပဲ...ဒါကို ကျော်ဖြတ်နိုင်မလား ဆိုတာကတော့ သူ့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တော့တယ်"

ရှောင်နီရှန်းသည် ရှောင်ရှန်း၏ ဘေးနားသို့ ရုန်းကန်ကာ တိုးကပ်လာသည်။ စက္ကူကဲ့သို့ ဖြူဖျော့နေသော သူ၏ မျက်နှာကို ကြည့်ရင်း သူမ၏ မျက်ဝန်းတစ်စုံ၌ ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

သူမသည် လက်ကို ဆန့်ထုတ်ကာ သူ့ကို တို့ထိရန်ဟန်ပြင်လိုက်သော်လညိး လေထုထဲမှာပင် ရပ်တန့်သွားခဲ့သည်။

သူမကို အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်စေပြီး အသုံးမဝင်သူတစ်ယောက် အဖြစ် မှတ်ယူထားခဲ့သော ဤမောင်ငယ်လေးသည် နောက်ဆုံးအချိန်တွင် သူမ နားမလည်နိုင်သော နည်းလမ်းဖြင့် လူတိုင်းကို ကယ်တင်ခဲ့သည်။

သူမသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆူပွက်နေသော ခံစားချက်များကို ဖိနှိပ်ကာ ၊ မိမိဘေးတွင် ကျန်ရှိနေသော ကိုယ်ရံတော်များကို အမိန့်ပေးလိုက်သည်။

"ဒီနေရာကို ရှင်းလင်းလိုက် ၊ သူတို့အားလုံးကို ထောင်ထဲခေါ်သွားလိုက်"

ချင်းချန်သည်လည်း ဓားကို အားပြုထောက်ကာ မတ်တတ်ထရပ်လိုက်ပြီး ကျားတစ်ကောင်အလား စူးထက်မြက်သော မျက်လုံးများဖြင့် ကွင်းပြင်တစ်ခုလုံးကို ဝေ့ကြည့်ကာ ၊ မိမိ၏ လက်အောက်ငယ်သားများကို တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်သည်။

" ရဲမတ်တွေ အမိန့်နာခံကြ၊ မြေအောက်နန်းတော်က ထွက်ပေါက်အားလုံးကို ပိတ်ဆို့လိုက်... ယင်ကောင်တစ်ကောင်တောင် အပြင်ကို ထွက်မသွားစေနဲ့"

စစ်မြေပြင်ကို မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ခဲ့ပြီး ဒဏ်ရာရသူများကို ကုသပေးကာ လက်နက်ချသူများအား ဖမ်း‌ဆီးခေါ်ဆောင်သွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲအပြီးတွင်၊ ဆူညံနေသော မြေအောက်နန်းတော်မှာ တိတ်ဆိတ်မှုထဲသို့ ပြန်လည် ကျရောက်သွားခဲ့သည်။

....

စူးဝမ်ချင်း၏ လက်ချောင်းများကြားမှ ရွှေအပ်သည် ဖယောင်းတိုင်မီးအောက်တွင် အနည်းငယ် တုန်ခါနေပုံရသည်။

ရှောင်ရှန်းမှာ အားနည်းနေသော်လည်း ၊ သူ၏ အသက်ရှူသံကို ကောင်းကောင်း ကြားရသေးသည်။

ဤအခိုက်အတန့်တွင် ရှောင်ရှန်းသည် ဆန်းပြားသော အိပ်မက်တစ်ခုကို မြင်မက်နေ၏။

သူ၏ အသိစိတ်သည် သန့်စင်သော စွမ်းအားများဖြင့် ဖွဲ့စည်းထားသော သမုဒ္ဒရာကြီးပေါ်တွင် မျောပါနေသည့် လှေငယ်လေးတစ်စင်းကဲ့သို့ပင်။

မည်းနက်သော နာကျည်းမှု စွမ်းအား ၊ သွေးနီရောင် သတ်ဖြတ်ခြင်း စွမ်းအား ၊ မီးခိုးရောင် သေဆုံးခြင်းစွမ်းအင် စသော အနုတ်လက္ခဏာဆောင်သည့် စွမ်းအင်များသည် လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲကာ သူ၏ လှေငယ်လေးကို တစ်လှိုင်းပြီးတစ်လှိုင်း တိုက်ခတ်ရင်း ဖျက်ဆီးရန် ကြိုးစားနေကြသည်။

'သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ.. သိပ်ဆူတာပဲ'

သူသည် ကောင်းကောင်းလေး အိပ်ချင်ရုံသာ ဖြစ်သည်။

ဤအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် "အိပ်မက်မဟာကျမ်း" သည် သူ့အလိုအလျောက် သက်ဝင်လှုပ်ရှားလာသည်။

သူကို အိပ်ပျော်စေရန် ကူညီပေးသော အဆောင်အယောင်အဖြစ် သဘောထားခဲ့သည့် ဤကျင့်စဉ်သည် သတိလစ်မေ့မျောနေသော အခြေအနေတွင် ၎င်း၏ စစ်မှန်သော အစွမ်းသတ္တိကို ထုတ်ဖော်ပြသလာခဲ့သည်။

သူ၏ အသိစိတ်သည် လေလှိုင်းနှင့်အတူ မျောပါနေသော လှေငယ်လေး မဟုတ်တော့ဘဲ နက်ရှိုင်းသော ဝဲဂယက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုကျင့်စဉ်သည် ရူးသွပ်စွာ တိုးဝှေ့နေသော စွမ်းအင်သမုဒ္ဒရာကြီးကို စနစ်တကျ ပြန်လည်ပြုပြင်ပေးခြင်းနှင့် လမ်းညွှန်ပေးခြင်းတို့ကို ပြုလုပ်ပေးနေသည်။

ဝဲဂယက်၏ ဗဟိုချက်တွင် ရှိနေသည်မှာ သူ၏ တန်ထျန်းအမှတ်၌ စောနလေးတင် ပုံသဏ္ဌာန် ဖြစ်ပေါ်လာသော "မွေးရာပါ တာအိုသန္ဓေသားလောင်း"ပင် ဖြစ်သည်။

၎င်းသည် အလိုရမ္မက်ကြီးသော တွင်းနက်ကြီးတစ်ခုကဲ့သို့ လာသမျှအရာအားလုံးကို ငြင်းပယ်ခြင်း မရှိ စုပ်ယူလေ၏။

မည်မျှပင် ရှုပ်ထွေးကာ ပြင်းထန်သော စွမ်းအင်ဖြစ်ပါစေ ၊ ၎င်းအတွင်းသို့ ဆွဲသွင်းခံလိုက်ရသည်နှင့်တစ်ပြိုင်နက် အနုတ်လက္ခဏာဆောင်သော စွမ်းအင်များသည် ထိုခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းကြောင့် ချက်ချင်း သန့်စင်ခံလိုက်ရသည်။

မူလက အက်ကွဲကာ ပြတ်တောက်လုနီးပါး ဖြစ်နေသော သွေးကြောများသည်လည်း ဤသန့်စင်သော စွမ်းအင်များ၏ ကောင်းချီးပေးမှုအောက်တွင် ၊ ပြန်လည်ကောင်းမွန်လာပြီး ပို၍ပင် အားကောင်းလာသည်။

အကယ်၍ သူ၏ ယခင်က သွေးကြောများကို ကျေးလက်တောရွာမှ လမ်းငယ်လေးများနှင့် နှိုင်းယှဉ်မည်ဆိုပါက ၊ ယခုအခါတွင် မြင်းရှစ်ကောင်ကို တစ်ပြိုင်နက်တည်း ပြေးဆွဲနိုင်သော မိန်းလမ်းမကြီးအဖြစ် အတင်းအကျပ် ပြောင်းလဲခံနေရသည်။

သူ၏ ကျင့်ကြံဆင့်မှာလည်း သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ အိပ်ပျော်နေစဉ်အတွင်း တည်ငြိမ်စွာဖြင့် မြင့်တက်နေခဲ့သည်။

ဤအခိုက်အတန့်တွင် နန်းတော်၏ မြေအောက်ကြမ်းပြင်သည် အနည်းငယ် တုန်ခါသွားခဲ့သည်။

တစ္စေတစ်ရာ ဝိညာဉ်စွမ်းအားထက် ပိုမို သန့်စင်ကာ နွေးထွေးမှုများ ပြည့်နှက်နေသည့် ရွှေရောင် စွမ်းအင်စီးကြောင်တစ်ခုသည် မြေအောက်ကြမ်းပြင်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

၎င်းမှာ ကယ်တင်ခြင်း ခံလိုက်ရသော သာရှတိုင်းပြည်၏ နဂါးသွေးကြောစွမ်းအင်ဖြစ်ပြီး၊ ၎င်းသည် ပျော်ရွှင်စွာဖြင့် ညည်းတွားလိုက်ခြင်း ဖြစ်သည်။

၎င်းသည် မိမိနှင့်တူညီသော အငွေ့အသက်ကို အာရုံခံမိသဖြင့် နဂါးစွမ်းအင် တစ်မျှင်ကို ခွဲထုတ်ကာ ကြင်နာတတ်သော လူကြီးမိဘတစ်ဦးသဖွယ် ရှောင်ရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ ညင်သာစွာ စီးဝင်လျက် ၊ သွေးကြောများကို ပြန်လည် ပြုပြင်ပေးနေသော စွမ်းအင်စီးကြောင်းနှင့် ပေါင်းစပ်ကာ အသစ်မွေးဖွားလာသော သန္ဓေသားလောင်းကို ပြုစုပျိုးထောင်ပေးခဲ့သည်။

ဤစွမ်းအားများ၏ ကောင်းချီးပေးမှုအောက်တွင် ၊ ရှောင်ရှန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဆင့်ကဲပြောင်းလဲမှု အရှိန်အဟုန်မှာ ပို၍ မြန်ဆန်လာခဲ့သည်။

အရာအားလုံးသည် ကောင်းမွန်သော လမ်းကြောင်းသို့ ဦးတည်နေ၏။

" ဗိုက်ပြည့်ပြီ... မစားနိုင်တော့ဘူး... အော့... နောက်ထပ်စားရင် အန်တော့မယ်..."

မပီမသ တီးတိုးသံတစ်ခုက မြေအောက်နန်းတော်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

အာရုံစိုက်ကာ အပ်စိုက်နေသော စူးဝမ်ချင်းမှာ လက်တစ်ချက် တုန်ယင်သွားပြီး ၊ အပ်စိုက်မှတ် လွဲချော်သွားလုနီးပါး ဖြစ်ခဲ့ရသည်။

ဘေးနားရှိ ချင်းချန်နှင့် ရှောင်နီရှန်းတို့သည်လည်း တပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။ မြေပြင်ပေါ်တွင် လှဲလျောင်းနေကာ အစားအစာများကို အတင်းအကျပ် ထိုးကျွေးခံနေရသဖြင့် စိတ်ပျက်နေဟန်ရသော အိမ်ရှေ့စံမင်းသားကို စိုက်ကြည့်နေမိသည်။

"တော်ပြီ... မကျွေးနဲ့တော့... ငါ့ကို အိပ်ခွင့်ပေး... ကမ္ဘာပျက်တဲ့အထိ ငါ့ကို အိပ်ခွင့်ပေး..."

ရှောင်ရှန်းတစ်ယောက် ညည်းညူလိုက်ရင်း တစ်ဖက်သို့ စောင်းကာ ပြန်အိပ်ပျော်သွားပြန်သည်။

ချင်းချန်၏ သွေးများ ပေကျံနေသော မျက်နှာပေါ်ရှိ ကြွက်သားများမှာ လှုပ်တုပ်တုပ် ဖြစ်သွားပြီး နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ခေါင်းလှည့်လိုက်တော့သည်။ သူ၏ ပခုံးများမှာ ပြင်းထန်စွာ တုန်ခါနေကာ ခိုးရယ်နေဟန်ရသည်။

ရှောင်နီရှန်းမှာမူ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ပြီး ၊ သူမ၏ မျက်ဝန်းများမှာ အနည်းငယ် နီမြန်းလျက် ရှိနေကာ တီးတိုးလေး ဆဲရေးလိုက်သည်။

" အရှက်ကိုမရှိတဲ့ ကောင်စုတ်လေး"

All Chapters