← Chapters

အခန်း ၅၂၆

Vol. 36 Ch. 526

အခန်း ၅၂၆

Vol. 36 Ch. 526

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၅၂၆) တူးယူခြင်း

ရှောက်ရွှမ်သည် ရွာသို့ ပြန်ရောက်သောအခါ၊ နတ်ဆေးဆရာများ၊ အကြီးအကဲများနှင့် အမဲလိုက်အဖွဲ့ခေါင်းဆောင်များကို ခေါ်လိုက်သည်။

နတ်ဆေးဆရာ၂ယောက်၊ အကြီးအကဲ၂ယောက်နှင့် အမဲလိုက်အဖွဲ့ခေါင်းဆောင်၃ယောက်တို့သည် အိမ်ထဲသို့ အမြန်ဝင်လာကြသည်။

ဆက်သားက ရှောက်ရွှမ်ပြောသည့်မှာလိုက်သူကို သူတို့အား ပြောပြခဲ့သည်။ ရှောက်ရွှမ်သည် အရေးမကြီးလျှင် သူတို့အား ထိုသို့ ခေါ်မည် မဟုတ်ကြောင်းကို သိသောကြောင့်၊ လုပ်လက်စများကို ချထားပြီး ရှောက်ရွှမ်ခေါ်ရာသို့ ထလာခြင်း ဖြစ်သည်။

ရှောက်ရွှမ်သည် ဓားပြ၂ယောက်နောက်သို့ လိုက်သွားပြီးနောက်၊ ဘေးကင်းစွာ ပြန်

ရောက်လာသည်ကို တွေ့ရမှ ၎င်းတို့သည် စိတ်အေးသွားကြသည်။ သို့သော် ရှောက်ရွှမ်သည် သူတို့အား ဘာကြောင့်ခေါ်လဲတော့ မသိသေးပါ။

အိမ်ထဲသို့ဝင်လိုက်သောအခါ ကြီးမားသောပစ္စည်းကြီးများကို တွေ့လိုက်ရသည်။

“ဒါက ဘာတွေလဲ” နတ်ဆေးဆရာက မေးလိုက်သည်။

ရှောက်ရွှမ်သည် အပေါ်တွင် ဖုံးထားသော သစ်ရွက်ကြီးများကို ဖယ်လိုက်သောအခါ၊ အစိမ်းရောင်ဂေါ်ဖီထုပ်ကြီးတစ်ထုပ်ထွက်ပေါ်လာသည်။

သူတို့ အစည်းအ‌ဝေးလုပ်သော အိမ်သည် ကြီးမားသော ကျောက်တံခါးကြီးတစ်ခုတပ်ဆင်ထား၏။ တံခါးပေါက်က ကျယ်သောကြောင့်၊ ရှောက်ရွှမ်သည် အသီးအရွက်များကို လွယ်ကူစွာ အထဲသို့ သယ်ဆောင်လာနိုင်ပါသည်။ ရှောက်ရွှမ်

သည် အသီးအရွက်များကို သတိနှင့် သယ်ဆောင်လာသောကြောင့်၊ ဂေါ်ဖီထုပ်ကြီးမှာ ပုံမပျက်ဘဲ ရှိနေပါသည်။

“ကျွန်တော်တို့အတွက် အသုံးတည့်မယ့် အရာတစ်ခုကို ရှာတွေ့ခဲ့တယ်” ရှောက်ရွှမ်က ပြောလိုက်သည်။

ရှောက်ရွှမ် စကားပြောနေသည့်အချိန်တွင်၊လူတစ်ယောက်က အိမ်ထဲသို့ ဝင်လာလိုက်သည်။ ထိုသူမှာကွမ်းယီဖြစ်သည်။

ရှောက်ရွှမ်သည် ကွမ်းယီကို အပြန်ခရီးတွင် သားရဲများပျော်စံရာမြေတွင် တွေ့ခဲ့ခြင်းဖြစ်သည်။ ရှောက်ရွှမ်သည် ကွမ်းယီကို ငှက်၂ကောင်ဖမ်းခဲ့ခိုင်းပြီး အိမ်ထဲသို့ ယူလာခိုင်းသည်။

ကွမ်းယီ အိမ်ထဲသို့ ဝင်လာချိန်တွင် ငှက်သားပေါက်လေး၂ကောင်ကို ခေါ်ဆောင်လာခဲ့သည်။ ထိုငှက်များမှာ လုမျိုးနွယ်စုမှ ငှက်ငတုံး

များ ဖြစ်သည်။

“ငှက်ငတုံး”များသည် လုမျိုးနွယ်စုဝင်များ၏ ငှက်အကြီးစားမျိုးများဖြစ်သည်။ ၎င်းတို့၏ ရှေ့ခြေထောက်များသည် ပုံမကျသည့်အပြင် ခန္ဓာကိုယ်ကြီးမှာလည်း ကြီးမားသောကြောင့်၊ မပျံသန်းနိုင်ပါ။ ၎င်းတို့၏ နောက်ခြေထောက်များကတော့ တုတ်ခိုင်ပြီး အသားများပါသည်။ လုမျိုးနွယ်စုသည် ထိုငှက်များကို အစာအတွက် မွေးမြူထားခြင်း ဖြစ်သည်။ ၎င်းတို့သည် လူများနှင့် နေသည်မှာ ကြာသောကြောင့်၊ အရိုင်းစိတ်များ ပျောက်ကွယ်နေပြီဖြစ်သည်။ ထိုငှက်များသည် တောထဲတွင် ဉာဏ်အနည်းဆုံးငှက်များ ဖြစ်သောကြောင့်၊ ၎င်းတို့ကို ငှက်ငတုံးများဟု ခေါ်ကြခြင်း ဖြစ်သည်။

နယ်မြေသစ်တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် လယ်ယာအသစ်များနှင့် မွေးမြူရေးခြံအသစ်များကို ဆောက်လုပ်ထားကြသည်။ ၎င်းတို့သည် ယခင်ထက် အစားအစာလိုအပ်မှု ပိုများလာသည် မဟုတ်ပါလား။ သူတို့သည် သားကောင်

အငယ်လေးများကိုလည်း မျိုးစပ်ရန် မွေးမြူထားပါသည်။

ငှက်ငတုံးများမှာ သူတို့ဆီသို့ရောက်လာသော ပထမအဖွဲ့ဖြစ်သည်။ ၎င်းတို့သည် အကောင်ပေါက်များဖြစ်သော်လည်း၊ သူတို့သည် ဘဲကြီးများထက် အကောင်ပိုကြီးလေသည်။

ကွမ်းယီသည် နောက်ငှက်ကြီးတစ်ကောင်ကို ခေါ်ဆောင်လာသော်လည်း၊ ထိုငှက်ကြီးသည် လှည်းနှင့်မဆန့်သောကြောင့်၊ အပြင်တွင် ထားခဲ့ရခြင်းဖြစ်သည်။

“အဲဒီငှက်တွေက ဘာလုပ်ဖို့လဲ” အော့ကမေးလိုက်သည်။

“စားလိုရမရ သိချင်လို့” ရှောက်ရွှမ်သည် ဂေါ်ဖီရွက်၂ရွက်ကို ခူးယူလိုက်ပြီး၊ တစ်ရွက်ကို ငှက်ပေါက်လေး၂ကောင်ရှေ့တွင် ချထားပေးလိုက်သည်။ နောက်တစ်ရွက်ကိုတော့ ငှက်ကြီးကို ခွံ့ကျွေးလိုက်သည်။

ရှဉ့်ပျံလေးက ထိုဂေါ်ဖီထုပ်ကို စားပြီး ဘာမှမဖြစ်သောကြောင့်၊ ထိုငှက်များကို လည်းကျွေး၍ရမည်ဟု ရှောက်ရွှမ်က ယူဆထားခြင်း ဖြစ်သည်။

ငှက်များက ဂေါ်ဖီထုပ်များကို ဒီအတိုင်းမစားချင်ပါက၊ ရှောက်ရွှမ်သည် ထောင်းကျွေးရန် စိတ်ကူးထားသည်။ သို့သော် ငှက်များက ပျော်ရွှင်စွာ စားသောက်နေကြသည်။

လှည်းပေါ်တွင် ပါလာသော ငှက်ကြီးသည် ထိုဂေါ်ဖီထုပ်များကို စားပြီးသွားသောအခါ၊ စွမ်းအင်များပြန်ပြည့်လာသည်။ ၎င်း၏စားသောက်နှုန်းသည် ငှက်ပေါက်လေးများထက် မြန်ဆန်နေပါသည်။

ငှက်များက ထိုဂေါ်ဖီထုပ်များကို ပျော်ရွှင်စွာ စားသောက်နေသည်ကို တွေ့သောအခါမှ၊ အိမ်ထဲမှ လူများသည် ရှောက်ရွှမ်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

“အဲဒါက စားလို့ရလား” ကျန်းလော်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

မျိုးနွယ်စုဝင်များသည် စား၍ရသော အပင်အသစ်တစ်မျိုးကိုတွေ့လျှင်၊ စိတ်ထဲမှ ပျော်ရွှင်ကျေနပ်နေကြသည်။ ၎င်းတို့မှာ အသားငါးများ ပေါများသော်လည်း၊ စား၍ရသော အပင်များကတော့ လက်ချိုးရေတွက်၍ ရပါသည်။

၎င်းတို့သည် စားစရာအသစ်တစ်မျိုးရလာသောကြောင့်၊ စိတ်လှုပ်ရှားနေကြသည်။ သူတို့ပင်လယ်တစ်ဖက်ကမ်းမှ ယူလာသောအပင်များသည် အသီးများမသီးပါ၊ သို့မဟုတ် ထိုအပင်များသည် အရွယ်ရောက်ပြီးသားဖြစ်နေသောကြောင့်၊ အသီးအပွင့်များသည် အကန့်အသတ်နှင့် သီးခြင်း ဖြစ်နိုင်ပါသည်။

၎င်းတို့မျိုးနွယ်စုဝင်များသည် စားစရာ ပြတ်လပ်သွားသည်ဟူ၍မရှိပါ။ အမဲလိုက်ခြင်းနှင့် တောအုပ်ထဲမှ စားစရာများကို စုဆောင်းရင်းဖြင့် ၎င်းတို့သည် စားစရာအလုံအလောက်ကို ရ

ကြပါသည်။ အပင်မျိုးစိတ်အသစ်တစ်ခုကို ရလာခြင်းက ၎င်းတို့အတွက် အထိမ်းအမှတ်တစ်ခုဖြစ်သည်။

သူတို့ရွာသို့ လာလည်သော မျိုးနွယ်စုများသည် ရွာထဲတွင် အစားအစာများပေါများနေကြောင်းကို တွေ့ရသောအခါ၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် တောင်သာနေကြောင်း သိသွားကြသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအတွက် လက်ဆောင်အနေနှင့် သူတို့ရွာမှ ထွက်သော ပစ္စည်းများကို သယ်ဆောင်လာကြသည်။

အခြေအနေများက အရင်လို မဟုတ်တော့ပါ၊ သီးနှံများစုံလင်စွာပိုင်ဆိုင်ထားသော မျိုးနွယ်စုဝင်များသည် အခြားသော မျိုးနွယ်စုဝင်များထက် သာလွန်နေပြီဖြစ်သည်။

သုန့်ကန်းက “ဒီလိုအပင်မျိုးကို စိုက်ထားရင်ကောင်းမယ်… အဲဒါဆိုရင် အခြားမျိုးနွယ်စုဝင်တွေ တုန်လှုပ်သွားမှာ သေချာတယ်” ဟုတွေးနေ

မိသည်။

ထိုအသီးအရွက်များကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ရွာတွင် စိုက်ပျိုးထားလျှင် ကောင်းမလား။

ထိုအကြံသည် မဆိုးလှပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အရည်အသွေးကောင်းသော အသီးအရွက်များကို မစိုက်ပျိုးနိုင်ဟု ဘယ်သူက ပြောသနည်း။ ထိုသို့ အပင်ကြီးမျိုးကို လူတိုင်း စိုက်ပျိုးနိုင်မည် မဟုတ်ပါ။

အိမ်ထဲမှ လူအားလုံးသည် အသီးအရွက်လုံးကြီးကိုကြည့်ပြီး၊ အတွေးများထဲတွင် နစ်မျောနေသည်။ ရှောက်ရွှမ်ကတော့ ၎င်းတို့ဘာတွေ တွေးနေလဲ မသိပါ။ သူသည် ငှက်၂ကောင်ကိုသာ ဆက်လေ့လာနေပါသည်။

အချိန်၁၀မိနစ်ကုန်ဆုံးသွားသည်။

အကောင်ပေါက်လေးတစ်ကောင်ကတော့

ပင်ပန်းနေဟန်ရှိပြီး၊ တစ်ကောင်ကတော့ အခြေအနေကောင်းပါသည်။ အပြင်တွင်ရှိသော အရွယ်ရောက်ပြီးသား ငှက်ကြီးကတော့ ခါတိုင်းထက်ပင် စွမ်းအင်များ ပိုပြည့်နေပါသည်။

ထိုငှက်များကိုကြည့်ရသည်မှာ လူများကို ရန်မူမည့်ဟန်လည်းမပေါ်ပါ။ သုန့်ကန်းက ထိုအသီးအရွက်များကို မြည်းကြည့်ချင်နေသည်။ “ ကျွန်တော်မြည်းကြည့်လို့ရမလား”

“နေပါဦး… အလျင်မလိုပါနဲ့ဦး” ရှောက်ရွှမ်က သူ့ကို တားထားလိုက်သည်။

“ဘာလို့လဲ… စားလို့ရတယ်ဆို စိုက်ထားလိုက်မယ်လေ… တခြားမျိုးနွယ်စုတွေ လက်ထဲ ရောက်သွားလို့ မဖြစ်ဘူး” သုန့်ကန်းက ထိုအပင်အကြောင်းကို အခြားမျိုးနွယ်စုဝင်များအား ကြွားချင်နေကြသည်။

“အခုကိစ္စက သိပ်အရေးမကြီးသေးပါဘူး” ရှောက်ရွှမ်သည် “ကောင်းကင်သွေးကြောပင်”ကို

ထုတ်ယူရန် သူ့အိတ်ကို လှမ်းယူလိုက်သည်။

ရှောက်ရွှမ်သည် အပင်ပေါ်မှ အညစ်အကြေးများကို ဖယ်ရှားလိုက်ပြီး၊ ကောင်းကင်သွေးကြောပင်လေးကို ထုတ်ယူလိုက်သည်။

ထာ့က ထိုအပင်၏ အမြစ်များကို ကြည့်လိုက်ပြီးနောက် “ ကျွန်တော်ကတော့ အဲဒီအပင်ကိုမြင်ဖူးတယ်ထင်ပေမယ့် သေချာပြန်စဉ်းစားကြည့်တော့ အဲဒီလိုအပင်မျိုးမမြင်ဖူးဘူးဗျ” ဟုပြောလိုက်သည်။

ထာ့က သူ့စကားနှင့် သူရှုပ်နေသော်လည်း၊ အားလုံးက သူဆိုလိုချင်သော အဓိပ္ပါယ်ကို နားလည်ပါသည်။ သူတို့စိတ်ထဲတွင် ထိုအပင်ကို ရင်းနှီးသလို ခံစားရသော်လည်း၊ တကယ်တမ်းတော့ ထိုအပင်မျိုးကို တစ်ခါမှ မမြင်ဖူးပါ။

ရှောက်ရွှမ်ကတော့ သူတို့အားလုံးကို နားလည်ပါသည်။ သူတို့အားလုံးသည် အမဲလိုက်အတွေ့အကြုံရင့်ကျက်သူများဖြစ်သောကြောင့်၊

ခန္ဓာဗေဒကို နားလည်ကြသော်လည်း၊ လူသားတစ်ဦး၏ သွေးလည်ပတ်မှုစနစ်ကိုတော့ ကောင်းမွန်စွာ မသိသေးပါ။ ၎င်းတို့သည် နတ်စွမ်းအင်များကို နှိုးထလိုက်သောအခါ၊ စွမ်းအင်များက သူတို့၏ သွေးကြောများထဲတွင် လှည့်ပတ်စီးဆင်းနေသည်ကို ခံစားရပါသည်။

ထို့ကြောင့် ကွေ့ဟယ်တို့က ထိုအပင်အကြောင်းကို ရင်းနှီးနေသည်ဟု ဆိုခြင်းဖြစ်သည်။

“အဲဒီအပင်ရဲ့ အမြစ်တွေက ကျွန်တော်တို့ရဲ့သွေးကြောတွေနဲ့တူလို့ ကောင်းကင်သွေးကြောအပင်”

“ကောင်းကင်သွေးကြောပင် ဟုတ်လား” ကျန်းလော်နှင့် နတ်ဆေးဆရာမကြီးက အော်ပြောလိုက်သည်။

သူတို့သည် ပင်လယ်တစ်ဖက်ခြမ်းတွင် နေခဲ့စဉ်က ထိုအပင်အကြောင်းကို ကြားဖူးကြသော်လည်း၊ တစ်ခါမှ မမြင်ဖူးခဲ့ကြပါ။

“ကောင်းကင်သွေးကြောပင်ဟုတ်လား… ပြတ်နေတဲ့ သွေးကြောတွေကို ပြန်ဆက်ပေးနိုင်တယ်ဆိုတဲ့ အပင်လား” နတ်ဆေးဆရာမသည် စိတ်လှုပ်ရှားနေသဖြင့် အသံများ တုန်ယင်နေပါသည်။

သုန့်ကန်းနှင့် ကျန်းလော်တို့၏ မျက်နှာကြီးများမှာလည်း နီရဲနေပါသည်။

“ဒါဆို ကောင်းကင်သွေးကြောပင်ဆိုတာ ဒီအပင်ပေါ့”

“ဒီအပင်ကို ဘယ်ကတွေ့လာတာလဲ ရှောက်ရွှမ်”

လူ၈ယောက်တို့သည် ရှောက်ရွှမ်အား စိတ်ဝင်စားစွာကြည့်နေကြသည်။

ရှောက်ရွှမ်က သူထိုအပင်ကို ဘယ်လိုရှာတွေ့ခဲ့ကြောင်း အကျဉ်းချုပ်ပြီး ပြောလိုက်သည်။

သူတို့သည် ရှောက်ရွှမ်ရှင်းပြသည်ကို နားထောင်ပြီးသွားသောအခါ၊ စိတ်ကျေနပ်သွားကြသည်။ လူကြီးများကတော့ နှစ်တစ်ထောင်လောက် သက်တမ်းရှိသော ကောင်းကင်သွေးကြောပင်ကြီးတစ်ပင်၏ အစွမ်းများကို တွေးနေမိသည်။

“တူးကြဟေ့…” နတ်ဆေးဆရာ၂ယောက်က ပြောလိုက်သည်။

အကြီးအကဲများနှင့် အမဲလိုက်ခေါင်းဆောင်များသည် ရသမျှကို တူးယူရန် အဆင်သင့် ပြင်နေကြသည်။

“ဂေါ်ဖီထုပ်တွေ အတွက်…” ရှောက်ရွှမ်က ပြောလိုက်သည်။

“အဲဒါလည်း ပါတာပေါ့…”

“တူးကြဟေ့…တူးကြ”

ဥာဏ်နည်းသူတစ်ယောက်ပင် ကောင်းကင်သွေးကြောပင်တစ်ပင်သည် မည်မျှ အဖိုးတန်ကြောင်းကို သိနိုင်ပါသည်။ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ဖြစ်သောကြောင့်၊ အခုလို ရှားပါးအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပါ။ ဂေါ်ဖီထုပ်ကြီးများကတော့ ထွေထွေထူးထူးဂရုစိုက်စရာ မလိုဘဲ၊ သန်စွမ်းစွာ ပေါက်လာကြသည်။

ဂေါ်ဖီထုပ်ပင်များကို စိုက်ပျိုးခြင်းဖြင့် သူတို့အတွက် အရှုံးမရှိပါ။

အထွက်နှုန်းမကောင်းလျှင်လည်း၊ သူတို့က ရသမျှကို ရိတ်သိမ်းကြမည် ဖြစ်သည်။ သူတို့သည် ထိုအပင်များကို အခုမှ စမ်းသပ်သည့်အနေနှင့် စိုက်ပျိုးကြည့်ခြင်းဖြစ်သည်။

သူတို့သည် ထိုအပင်၂ပင်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့လျှင်၊ မျိုးနွယ်စုဝင်များအားလုံး၏ စိတ်ဓာတ်များ တက်ကြွလာမည် ဖြစ်သည်။

ဘိုးဘေးများ၏ မှတ်တမ်းများအရ၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရွှေထီးဆောင်းခဲ့စဉ်အချိန်များတုန်းကဆိုလျှင်၊ ၎င်းတို့သည် စစ်တိုက်ရာတွင်သာ တော်ခြင်းမဟုတ်၊ လယ်ယာစိုက်ပျိုးခြင်းနှင့် အခြားသော လက်မှုပညာများတွင်လည်း ကျွမ်းကျင်သူများဖြစ်ကြသည်။ အခုအချိန်တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုစွမ်းရည်များကို ပြန်လည်အသက်သွင်းနေပြီး၊ မျိုးနွယ်စုများအလယ်တွင် ရင်ကော့ခေါင်းမော့နိုင်ရန် ကြိုးစားနေပါသည်။

ခေါင်းဆောင်များသည် စကားများပြောရင်း၊ ငှက်ပေါက်လေးများကို စစ်ဆေးကြည့်ရှုနေသည်။ ငှက်ကလေးများမှာ အခြေအနေကောင်းပါသည်။

ငှက်ကလေးများမှာ အခြေအနေကောင်းသောကြောင့်၊ ဂေါ်ဖီထုပ်များမှာ စား၍ရကြောင်းသေချာသွားပြီဖြစ်သည်။

သူတို့တွင် စမ်းသပ်မှုများလုပ်နေရန် အချိန်မရ

ပါ။ အခြားသော မျိုးနွယ်စုများက ထိုအပင်အကြောင်းကို သိသွားမည် စိုးရိမ်သောကြောင့်၊ ၎င်းတို့သည် စမ်းသပ်မှုများ မလုပ်ခင် ထိုအပင်များအားလုံးကို ရွာထဲသို့ ပြောင်းရွှေ့ပြီး စိုက်ပျိုးထားလိုက်သည်။

ရှောက်ရွှမ်သည် အကြီးအကဲ၁ယောက်၊ အမဲလိုက်အဖွဲ့ခေါင်းဆောင်၁ယောက်နှင့် အခြားအဖွဲ့ခေါင်းဆောင်များပါဝင်သော လူစုလူဝေးကြီးကို ဦးဆောင်ပြီး၊ တောအုပ်ထဲသို့ ဝင်လာပါသည်။ ၎င်းတို့၏အုပ်စုတွင် လူများလွန်းသောကြောင့်၊ အခြားသောမျိုးနွယ်စုဝင်များက သတိထားမိသွားကြသည်။ လာလည်သော ဧည့်သည်တစ်ယောက်စ ၂ယောက်စလောက်က သူတို့ကို ကြည့်နေသော်လည်း၊ ၎င်းတို့က ဂရုမစိုက်ပါ။ ထိုတောအုပ်သည် သူတို့၏ တောအုပ်ဖြစ်သည်။ ထို့ကြောင့် သူတို့ကို စိန်ခေါ်လာသူများရှိနေလျှင်၊ ၎င်းတို့သည် ရန်သူများအား သက်ညှာနေမည် မဟုတ်ပါ။

(ဆက်ရန်…)

All Chapters