← Chapters

အခန်း ၅၂၇

Vol. 36 Ch. 527

အခန်း ၅၂၇

Vol. 36 Ch. 527

ကမ္ဘာဦးစစ်ပွဲတို့ ရာဇဝင်

အခန်း (၅၂၇) သူခိုးများ

ရှောက်ရွှမ်နောက်သို့လိုက်သွားသူများထဲတွင် ကျန်းလော်၊သုန့်ကန်းနှင့် ကွေ့ဟယ်တို့လည်းပါဝင်ပါသည်။ သူတို့သည် ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် အိမ်နီးချင်းများဖြစ်သောကြောင့်၊ တူးယူခြင်းတွင် အတွေ့အကြုံရှိသော လူများ ဖြစ်ကြသည်။ ထို့ကြောင့် နတ်ဆေးဆရာများသည် သူတို့အတွက် စိုးရိမ်နေစရာမလိုပါ။

ထာ့အစား ကွေ့ဟယ်က လိုက်လာခြင်းမှာ၊ထာ့သည် သူမွေးထားသော စွန်ဖြူကြီးနှင့် အလုပ်ရှုပ်နေသောကြောင့် ဖြစ်သည်။

သူတို့သည် ရေရှည်ပုန်းအောင်းနေလို့မရမှန်းသိသော်လည်း၊ လိုအပ်သမျှကိုတော့ ကြိုတင်ပြင်ဆင်ထားကြလေသည်။

ထာ့ကတော့ အစီအစဉ်များကို စိတ်ပျက်

နေသည်။ သူသည် သူ့နောင်တော်များရောက်လာတုန်းက သွားမကြိုခဲ့ရသလို၊ အခုအခွင့်အရေးကိုလည်း လွဲပြန်ပြီဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် စကားပြောနေသော ဧည့်သည်များမှာ ရှည်လျားသော မျက်နှာများရှိကြသည်။

ရှောက်ရွှမ်သည် ဂူထဲမှ ပစ္စည်းများသည် သူထားခဲ့သည့်အတိုင်း ရှိနေသေးသည်ကို မြင်သောအခါမှ စိတ်သက်သာရာရသွားသည်။

“အဲဒါပဲလေ…” ရှောက်ရွှမ်က ကောင်းကင်သွေးကြောပင်တစ်ပင်ကို လက်ညှိုးထိုးပြလိုက်သည်။

သူတို့အဖွဲ့သည် ထိုအပင်ကို မြင်လိုက်ရသောအခါ၊ စိတ်လှုပ်ရှားသွားကြသည်။

“အဲဒါမင်းပြောတဲ့ ဂေါ်ဖီထုပ်ဆိုတာလား” ကျန်းလော်က ဘဲဥပုံအပင်တစ်ပင်ကို ညွှန်ပြလိုက်သည်။

“ဟုတ်တယ်… ကျွန်တော်ယူလာတာက အလယ်ပိုင်းတစ်ခုပဲရှိသေးတာ”

ကျန်းလော်က စိတ်ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ကျန်းလော်သည် အချိန်ဆွဲမနေတော့ဘဲ၊ သူ့လူများအား လုပ်စရာရှိသည်ကိုလုပ်ရန် နှိုးဆော်လိုက်သည်။

အားလုံးမှာ ဂူထဲတွင် အဖိုးတန်ရတနာများပြည့်နေကြောင်း သိနေသဖြင့်၊ သတိဝီရိယနှင့် ဆောင်ရွက်ကြသည်။ မတော်တဆ အပင်များကို နင်းမိမှာစိုးရိမ်သောကြောင့်၊ ခြေလှမ်းတိုင်းကိုလည်း သတိနှင့် လှမ်းနေကြသည်။

သူတို့အားလုံးသည် အပင်များကို နူးညံ့ငြင်သာစွာ ကိုင်တွယ်ကြပါသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအတွက် ထိုအပင်များသည် အသစ်အဆန်းဖြစ်နေပါသည်။

ရှောက်ရွှမ်က သူ့လူများသည် ကောင်းကင်သွေးကြောပင်များကို သိပ်မသိသေးကြောင်းကို သိထားသဖြင့်၊ အပင်များကို အမှတ်အသားများ ပြုလုပ်ပေးထားသည်။

ခါတိုင်းဆိုလျှင် လက်နက်ကြီးများကို ကိုင်စွဲပြီး ခွန်နှင့်အားနှင့်လုပ်ကိုင်လေ့ရှိသူများသည်၊ အခုတော့ လက်ဝါးလောက်သာ ရှိသော ဂေါ်ပြားလေးနှင့် အပင်များကို တူးယူနေကြသည်။

ခဏလောက် တူးပြီးသွားသောအခါ တစ်ယောက်က “အကိုကြီးရှောက်ရွှမ်… ကျွန်တော်တူးနေတာ မှန်ရဲ့လား” ဟုမေးလိုက်သည်။

နောက်ထပ်နည်းနည်းဆက်တူးပြီးသွားသောအခါ “အကြီးအကဲ ကျွန်တော်ဆက်တူးရမှာလား” ဟုမေးပြန်သည်။

“အေး…တူးရမှာပေါ့… မြန်မြန်သာ တူး… မင်းတို့တူးနေပုံနဲ့တော့ ငါတို့ ဒီတသက် ဒီနေရာက ထွက်ရမှာ မဟုတ်ဘူး”

ကျန်းလော်သည် စိတ်မရှည်တော့သောကြောင့် ဂေါ်ပြားလေးတစ်ချောင်းကို ယူပြီး သူကိုယ်တိုင် ဝင်တူးပါတော့သည်။ ကျန်းလော်သည် အားကြီးနှင့် တူးမည်ဟုဟန်ပြင်လိုက်သော်လည်း၊ ဂေါ်ပြားကို ကိုင်မိသည်နှင့် ကိုယ်ရှိန်သတ်သွားပြီး၊ ဖြေးညှင်းစွာသာတူးပါတော့သည်။

ရှောက်ရွှမ်ကတော့ ကျန်းလော်ကို ကြည့်ပြီး ဆွံ့အသွားသည။

ထိုလူသန်ကြီးများသည် သားရဲကြီးများကို အလွယ်တကူသတ်နိုင်ကြသော်လည်း၊ အခုတော့ အပင်များကို တူးယူရာတွင် ချွေးသီးချွေးပေါက်ကြီးများ ကျနေကြပြီဖြစ်သည်။

ရှောက်ရွှမ်ကတော့ အကြီးဆုံးအပင်ကြီးကို တူးယူရန် တာဝန်ယူထားသည်။ ကျန်းလော်ကလည်း အခုလိုအခွင့်အရေးကို လက်လွှတ်မခံနိုင်သောကြောင့်၊ သူတူးလက်စအပင်ကို ဆက်တူးနေပါသည်။

ကျန်းလော်၊သုန့်ကန်းနှင့် အမြဲလိုလို တည်ငြိမ်နေလေ့ရှိသော ကွေ့ဟယ်သည်ပင် အပင်များကို တူးယူရင်း စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် ရှောက်ရွှမ်၏ လှုပ်ရှားမှုများကို ကြည့်ပြီးရင်ထိတ်နေကြသည်။ ရှောက်ရွှမ်ကြောင်း အပင်ပျက်စီးသွားမှာကို စိုးရိမ်နေသည်။ နောက်ဆုံးတွင်တော့ သူတို့လည်း ဘာမှမပြောသာတော့ဘဲ၊ ရှောက်ရွှမ်တူးသည့်အတိုင်းသာ လိုက်တူးကြရသည််။

သူတို့၏ရည်ရွယ်ချက်မှာ ကောင်းကင်သွေးကြောအပင်ကို ရွာသို့ပြောင်းပြီးစိုက်ပျိုးရန်ဖြစ်သောကြောင့် အမြစ်များကို မထိခိုက်စေဘဲ တူးယူနေရသည်။

ရှောက်ရွှမ်သည် ဂေါ်ပြားနှင့် တူးယူနေသလို၊ ရံဖန်ရံခါတွင် စုတ်တံနှင့် ထွက်လာသော မြေကြီးအစအနများကို လှဲထုတ်သည်။

အမြစ်များမှာ သေးသွယ်သော်လည်း ခိုင်ခံ့ပါသည်။ ထိုအပင်၏ သက်တမ်းမှာ နှစ်

ပေါင်း၁၀၀၀လောက်ရှိပြီဖြစ်သည်။ သုန့်ကန်းသည် တူးရင်းနှင့် မတော်တဆ အမြစ်တစ်ချောင်းကို ထိမိသွားသည်။ သေချာကြည့်လိုက်မှ၊ အနည်းငယ်သာ ထိခိုက်မိကြောင်းသိသွားသဖြင့် သုန့်ကန်းစိတ်သက်သာရာရသွားသည်။

တဖြည်းဖြည်းနှင့် မျိုးနွယ်စုဝင်များသည် အပင်တူးယူခြင်းနှင့် အသားကျလာပြီး၊ တူးယူရသည်မှာ လွယ်ကူလာပါသည်။

ကောင်းကင်ပေါ်မှ စွန်ဖြူကြီးကတော့ သူတို့ကို သတိပေးနေပါသည်။ သူက အန္တရာယ်ရှိနေပြီဟု အချက်ပေးလျှင်၊ ရှောက်ရွှမ်တို့အားလုံး ထိုနေရာမှ ထွက်သွားကြမည် ဖြစ်သည်။

ရှောက်ရွှမ်က အစောင့်အရှောက်အနေနှင့် ဆီဇာကြီးကိုလည်း ခေါ်လာပါသည်။ ဝံပုလွေများသည် လူသားများထက် အနံ့ခံကောင်းသဖြင့်၊ လူသားများမသိနိုင်သော အန္တရာယ်အငွေ့အသက်များကို အာရုံခံနိုင်ပါသည်။

နေဝင်ချိန်နီးလာသောအခါ၊ အကြီးဆုံးသော ကောင်းကင်သွေးကြောပင်ကြီးကို တူးယူသွားပြီးပြီဖြစ်သည်။ အဝေးမှကြည့်လျှင် ထိုအပင်၏ အမြစ်များသည် ဘီလူးကြီးတစ်ကောင်၏ သွေးကြောများနှင့် တူနေပါသည်။

ရှောက်ရွှမ်သည် အမြစ်တွင် တွယ်ကပ်နေသော အညစ်အကြေးများကို အဝတ်စတစ်ခုနှင့် ဖယ်ရှားလိုက်သည်။

သူတို့သည် ထိုနေရာတွင် ကြာကြာမနေချင်သောကြောင့်၊ သူတို့၏ ရတနာများကို ယူပြီး ရွာသို့ပြန်ရန် ပြင်နေပါသည်။

“အားလုံးပြီးကြပြီလား” ရှောက်ရွှမ်ကမေးလိုက်သည်။

“ပြီးလုပြီဆိုပါတော့… ကောင်းကင်သွေးကြောပင်တွေကိုတော့ တူးပြီးသွားပြီ… ဂေါ်ဖီထုပ်လေးတွေတော့ ကျန်နေသေးတယ်” ကျန်းလော်က ပြောလိုက်သည်။

“အဲဒါတွေ ထားခဲ့လိုက်တော့… တူးပြီးသားတွေကို သိမ်းလိုက်ကြရအောင်… ကျန်တာတွေကိုတော့ နောက်မှ တခေါက်လာတူးမယ်…”

ရှောက်ရွှမ်က ရွှံ့အိုးကြီးတစ်လုံးကို သယ်လာပြီး၊ ကျောက်ပြားကြီးကို မလိုက်သည်။ ထို့နောက် ရှောက်ရွှမ်သည် အောက်ကို ခုန်ချသွားပါသည်။

ထိုနေရာတွင် အရိုးစုသုံးခုက အရင်အတိုင်းရှိနေပါသည်။ သူတို့သည် ထိုနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်း၁၀၀၀လောက်ရှိနေပြီဖြစ်လောက်သည်။

ရှောက်ရွှမ်သည် သူ့ဘေးနားတွင် အိုးလေးတစ်လုံးချထားလိုက်ပြီး၊ ထိုအိုးထဲသို့ အသီးအနှံများကို ထည့်လိုက်ပါသည်။

မျိုးနွယ်စုဝင်များ၏ စည်းကမ်းမှာ…တွေ့သူယူကြေးပင် ဖြစ်သည်။ ထို့ကြောင့် ထိုဂူထဲတွင် ရှိ

သောပစ္စည်းများကို ယူလိုက်ခြင်းအတွက် ရှောက်ရွှမ်သည် မည်သို့မှ မခံစားရပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဘုရင့်မြို့တော်မှ ကျိမိသားစုဝင်များနှင့် သိပ်အဆင်မပြေလှပါ။ ဘုရင့်မြို့တော်မှလူများသည် သူတို့ကို သတ်ရန်ပင် အားထုတ်ခဲ့သူများ ဖြစ်သည်။

ရှောက်ရွှမ်သည် ထိုအရိုးစုသုံးခုသည် ဘယ်သူဖြစ်မှန်းလဲ မသိသလို၊ ဤနေရာတွင် ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း မသိပါ။ သို့သော် ရှောက်ရွှမ်က ထိုနေရာသို့လာပြီး အိုးလေးထဲသို့ သီးနှံများထည့်ထားခြင်းမှာ ကျိကျွီက မှာလိုက်သောကြောင့်ဖြစ်သည်။

ကျိကျွီသည် ကျိမိသားစုဝင်များအနက် မီးတောက်ဦးချိုမျိုးမျိုးနွယ်စုဝင်များကို ကောင်းမွန်စွာ ဆက်ဆံသူတစ်ဦးဖြစ်သည်။ သူတို့ရလာသော မျိုးစေ့များနှင့် အပင်စိုက်ပျိုးသည့် နည်းလမ်းများမှာ ကျိကျွီဆီက ရလာခြင်းဖြစ်သောကြောင့်၊ ရှောက်ရွှမ်က သူပေးထားသော ကတိကို တည်အောင် ထိန်းသိမ်းခြင်းဖြစ်သည်။

ရှောက်ရွှမ်သည် ဂူထဲမှ ထွက်လာပြီး၊ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် ရှောက်ရွှမ်သည် အဖွဲ့ဆီသို့ ပြန်လာပြီး၊ တူးယူထားသော အပင်များကို ဝိုင်းသယ်ကာ မမှောင်ခင်တွင် ရွာသို့ ပြန်ရောက်အောင် သွားပါတော့သည်။

ကောင်းကင်ကြီးတစ်ခုလုံးမည်းမှောင်လာသောအခါ၊ အနားတွင်ရှိသော အရာများကို ကောင်းစွာမမြင်ရတော့ပါ။သူတို့အဖွဲ့နောက်မှ နောက်ယောင်ခံလိုက်လာသော လူများသည် စစ်သည်တော်များက ပစ္စည်းများကို သယ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။

တချို့လူများက စစ်သည်တော်များထွက်သွားပြီးနောက်၊ ရှောက်ရွှမ်တို့ အပင်များကို တူးယူခဲ့သော ဂူကို ရှာရန် ကြိုးစားခဲ့သော်လည်း၊ မအောင်မြင်ခဲ့ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုဂူအား အခြားလူများ မမြင်တွေ့အောင် ဖွက်သွားခဲ့ခြင်းဖြစ်သည်။

နောက်ယောင်ခံလိုက်လာသူများသည် မျိုးနွယ်စုဝင်များက ထိုဂူထဲတွင် တစ်ခုခုကို တူးယူလာခဲ့သည်ကို သိသော်လည်း၊ ဘာကို တူးယူသလဲဆိုတာကိုတော့ မသိပါ။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သာမန်ဆိုလျှင်တော့ ထိုဂူကို အခြားလူများမတွေ့အောင် လုပ်သွားမည် မဟုတ်ပါ။ ရှောက်ရွှမ်က အစားအစာအသစ်တစ်မျိုးကို တွေ့ခဲ့သောကြောင့်၊ သူ့လူများကို ခေါ်လာပြီး လာတူးခြင်းဖြစ်ကြောင်းကို တချို့လူများက သိထားပါသည်။ သို့သော် ကောင်းကင်သွေးကြောပင်အကြောင်းကို မျိုးနွယ်စု၏ အတွင်းစည်းထဲမှ လူများပင် မသိကြပါ။

ဧည့်သည်များသည် သို့လော၊သို့လော စိတ်များနှင့် အိပ်ရာဝင်သွားကြသည်။ နောက်တစ်နေ့တွင်တော့ သူတို့သည် တစ်ခုခုထူးခြားလာမည်ဟု မျှော်လင့်ထားကြသည်။

အသစ်ဖော်ဆောင်ထားသော စိုက်ခင်းများတွင်၊ ရွာသားများသည် စိုက်ခင်းတစ်ခုလုံးကို သစ်သားပြားများနှင့် ကာရံထားသလို၊ အပြင်လူများ ဝင်မလာနိုင်အောင် အစောင့်များကိုလည်း ထူထပ်စွာ ချထားပါသည်။

တိရှန်းမျိုးနွယ်စုဝင်များသည် သိချင်စိတ်ကို မအောင့်ထားနိုင်တော့သဖြင့်၊ သိမ်းငှက်ကြီးစီးပြီး စိုက်ခင်းနားသို့ ရောက်လာကြသည်။ သို့သော် အစောင့်များက ၎င်းတို့ကို တားထားလိုက်သည်။

အစောင့်များက အပြင်လူဧည့်သည်များကို ဝင်ခွင့်မပြုပါ။ ယခုမြေသည် သူတို့၏ မြေဖြစ်သည်။ သူတို့၏ စည်းကမ်းချက်များကို မလိုက်နာနိုင်သူများသည် စိုက်ခင်းများထဲသို့ ဝင်ခွင့်ရမည် မဟုတ်ပါ။ နောက်တခါ ထိုကဲ့သို့ ငှက်များစီးပြီး ပျံသန်းလာပါက၊ သူတို့သည် မြားများဖြင့် ပစ်ချကြမည် ဖြစ်သည်။

တိရှန်းမျိုးနွယ်စုဝင်များသည် ဘာစောဒကမှ မတက်တော့သော်လည်း၊ သိချင်စိတ်ကတော

ပြင်းထန်နေဆဲဖြစ်သည်။ “မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ ဘာကို အဲဒီလောက် စောင့်ကြည့်နေကြတာလဲ”

အခြားသောမျိုးနွယ်စုဝင်များသည်လည်း ဘာမှမတတ်သာဘဲ၊ အစောင့်များက ရှင်းပြသည်ကိုသာ စောင့်နေရသည်။

အစောင့်များကရှင်းပြသည်ကို နားထောင်ပြီးသောအခါ၊ ၎င်းတို့၏ စိတ်လှုပ်ရှားမှုများသည် ရုတ်ခြည်းပျောက်ကွယ်သွားပါသည်။

အသီးအရွက်အသစ်တစ်မျိုးလား… ဟုတ်ပါ့မလား။ ထိုနေရာတွင် နေသော မျိုးနွယ်စုဝင်များအားလုံးသည် အစာရေစာပေါများသော မျိုးနွယ်စုများဖြစ်ကြသည်။ တိရှန်းမျိုးနွယ်စုနှင့် ဟွေမျိုးနွယ်စုတို့သည် စိုက်ပျိုးရေးအပေါ်တွင် အားထားသော မျိုးနွယ်စုများမဟုတ်ကြပါ။

သူတို့အနေနှင့် အပင်မျိုးစိတ်အသစ်တစ်ခုကို ရှာတွေ့ခြင်းမှာ စိတ်လှုပ်ရှားစရာတစ်ခု မဟုတ်ပ။

“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက ဘာလို့ အဲဒီအပင်ကို အရမ်းဂရုစိုက်နေကြတာလဲ”

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဘာမဟုတ်သည့်ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်နေကြခြင်းဖြစ်သည်။

ထိုအချိန်တွင်၊ ကောင်းကင်သွေးကြောပင်များအားလုံးကို ရွာထဲသို့ ရွှေ့ပြောင်းပြီး စိုက်ပျိုးပြီးသွားပြီ ဖြစ်သည်။ ရက်အနည်းငယ်ကြာသောအခါ၊ အပင်များသည် ကြံ့ခိုင်သန်စွမ်းစွာ ပေါက်ရောက်လာကြတော့သည်။။

နတ်ဆေးဆရာ၂ယောက်သည် ကောင်းကင်သွေးကြောမြို့တော်ကိုကြည့်ရင်း ပြုံးပြုံးကြီး ဖြစ်နေကြသည်။ အားလုံးက ဂေါ်ဖီထုပ်ကြီးများကို အာရုံစိုက်နေကြသောကြောင့်၊ ကောင်းကင်သွေးကြောပင်များကို လူများက သိပ်သတိမထားမိကြပါ။

“အကူအညီတွေလိုသေးတယ်”

“သေချာတာပေါ့”

“ဂေါ်ဖီစိုက်ခင်းတွေမှာလ်း အစောင့်တွေ ဆက်ချထားနော်”

“နားလည်ပါပြီ”

နတ်ဆေးဆရာများနှင့် အကြီးအကဲများ စကားများပြောနေကြချိန်တွင်၊ ရှောက်ရွှမ်က အရပ်မျက်နှာတစ်ဖက်သို့ ကြည့်နေပါသည်။

“ဘာဖြစ်တာလဲ၊ ရှောက်ရွှမ်” ကျန်းလော်က မေးလိုက်သည်။

“ဒီရက်ပိုင်း သူခိုးတွေ တော်တော်များနေတယ်”

(ဆက်ရန်…)

All Chapters