အခန်း ၅၂၈
Vol. 36 Ch. 528
ကမ္ဘာဦးစစ်ပွဲတို့ ရာဇဝင်
အခန်း (၅၂၈) မှန်းဆချက်
အားလုံးသည် ရှောက်ရွှမ်၏ စကားကို ကြားလိုက်ရသောအခါ၊ မျက်နှာများ ဖြူဖျော့သွားသည်။
“နောက်ထက် သူခိုးရောက်လာလို့လား” အော့ကမေးလိုက်သည်။
“ဟုတ်တယ်” ရှောက်ရွှမ်က ခေါင်းငြိမ့်ပြလိုက်သည်။ “အခုတော့ သွားကြပါပြီ”
ရှောက်ရွှမ်သည် လေလွင့်သူများ၏ နယ်မြေတွင် ခံစားခဲ့ရသော အငွေ့အသက်များအကြောင်းကို ပြန်ပြောပြနေသည်။ အခုဖြစ်ပေါ်နေသော အငွေ့အသက်များမှာ ထိုစဉ်တုန်းက အငွေ့အသက်များနှင့် တူမယောင်နှင့် ကွဲပြားနေသည်။
“ အဲဒီတုန်းက မင်းမှာတဲ့အတိုင်း ငါလုပ်ခဲ့တာပဲ… ဒီနေရာမှာ ပုန်းနေတာ တစ်ယောက်တော့ မကဘူး ထင်တယ်” အော့က မေးလိုက်သည်။
ရှောက်ရွှမ်သည် ဓားပြ၁၁ကို ဖမ်းပြီးနောက်တွင်၊ ဓားပြ၁၂၏ လှုပ်ရှားမှုများကို ကန့်သတ်ထားလိုက်သည်။ ထို့နောက် ရှောက်ရွှမ်သည် ဆက်သားများစေလွှတ်ပြီး ကျန်းလော်နှင့် အော့တို့အား အကြောင်းကြားခိုင်းလိုက်သည်။
ရှောက်ရွှမ်သည် ဓားပြ၁၁နှင့် ဓားပြ၁၂တို့ကို ပြန်လွှတ်ပေးလိုက်ပြီးနောက်၊ သူတို့၏ ကိုယ်များပေါ်တွင် တစ်စုံတရာကို သုတ်လိမ်းပေးလိုက်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဆေးဘက်ဝင်သည့် သတ္တိရှိသော သားရဲများကိုတွေ့လျှင် အမှုန့်တစ်မျိုးကို သုတ်လိမ်းပေးလေ့ရှိသည်။ ထွက်ပြေးနိုင်ချေရှိသော သားရဲများကိုဆိုလျှင်လည်း၊ ထိုအမှုန့်များကို သုတ်လိမ်းပေးလေ့ရှိ
သည်။
ထိုအမှုန့်များမှာ ကမ်းခြေတွင်တွေ့ခဲ့သော သူခိုးများနှင့် ရင်ဆိုင်ခဲ့ရစဉ်တုန်းက သုံးခဲ့သော အမှုန့်များလို အနံ့ ပြင်းထန်ပါသည်။ သူခိုးများ၏ ကိုယ်မှ ထိုအနံ့များထွက်နေသောအခါ၊ သူခိုးများသည် ပုန်းအောင်းနေ၍မရတော့ပေ။
ခြေရာခံလိုက်ရန်အတွက် အသုံးပြုသော အမှုန့်များမှာ အနံ့သိပ်မပြင်းသောကြောင့်၊ သားရဲများသာ ထိုအနံ့များကို ရကြသည်။ လူသားများက ထိုအနံ့ကို မရကြပါ။
ရှောက်ရွှမ်သည် ထိုဓားပြ၂ယောက်ပေါ်တွင် အမှုန့်များကို ပက်ဖြန်းပေးလိုက်သည်။
ရှောက်ရွှမ် လွှတ်လိုက်သော ဆက်သားများက အကြီးအကဲ၂ယောက်တို့သည် ထိုအမှုန့်များကို အနံ့ခံကောင်းသော သားရဲကြီးများနှင့် တွေ့ဆုံပါက အသုံးပြုရန်ဖြစ်သည်။
ရှောက်ရွှမ်သည် ဓားပြ၂ယောက်ကို ကြားခံအဖြစ်သုံးပြီး ထိုအနံ့များကို လူများကြားပျံ့နှံ့သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သူသည် ဖမ်းရခက်သော ဓားပြ၇ ကိုဖမ်းရန် ထိုအမှုန့်များကို သုံးလိုက်ခြင်းဖြစ်သည်။
အော့၏ အဆိုအရတော့၊ ဓားပြ၁၁နှင့် ဓားပြ၁၂တို့သည် လွတ်မြောက်လာပြီးနောက် သူတို့၏ မျိုးနွယ်စုဆီသို့ ပြန်သွားကြသည်။ သို့သော် ၎င်းတို့သည် ရွာပြင်တွင်သာ နေကြခြင်းဖြစ်သည်။
သူတို့ကို ရွာကို ချောင်းမြောင်းနေသော အခြားလူများလည်း ရှိမည်ဟု အော့က စိတ်ထဲတွင် သိနေပါသည်။ ထိုလူများထဲတွင် ရှောက်ရွှမ်ပြောသော ဓားပြများလည်း ပါဝင်နေနိုင်ပါသည်။
“ဓားပြ၁၁၊ ဓားပြ၁၂၊ ဓားပြ၇တို့အပြင် တခြားဓားပြတွေလည်း ပါဦးမယ်ထင်တယ်… ဒါပေမဲ့ အဖွဲ့လိုက်ရောက်နေတာတော့ မဟုတ်လောက်ဘူး” ကျန်းလော်သည် သူတို့မျိုးနွယ်စုကို နာမည်
ကျော်ဓားပြများက ပစ်မှတ်ထားနေသောကြောင့် စိတ်ပူနေပါသည်။
“ဒီလူတွေ ဘယ်လိုလုပ်ပြီးရောက်လာတာလဲ သိချင်လိုက်တာ… တိုက်ပွဲလည်း ပြီးရော ဓားပြတွေက ပျောက်သွားတာလည်း မြန်လိုက်တာ” ရှောက်ရွှမ်က တွေးနေမိသည်။ သူနေသော နေရာဒေသသည် သတင်းများ မြန်မြန်ပြန့်သော နေရာဒေသမဟုတ်ပါ။ အခြားမျိုးနွယ်စုဝင်များ ဤကဲ့သို့လှုပ်ရှားနိုင်ကြခြင်းမှာ သူတို့ကို နဂိုကတည်းက စောင့်ကြည့်နေခြင်းကြောင်သာ ဖြစ်ပေလိမ့်မည်။ သို့သော် ကမ္ဘာအနှံ့ကို လှည့်လည်သွားလာနေသော ဓားပြများက ဘာကြောင့် သူတို့မျိုးနွယ်စုဝင်များကို လာစောင့်ကြည့်နေရသနည်း။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များတွင် သူတို့ စိတ်ဝင်စားစရာ ဘာများရှိလို့လဲ။
ဝမ်ရှစ်မျိုးနွယ်စုကို အနိုင်ယူလိုက်ခြင်းကြောင့်တော့ ဆရာကြီးများစွာ ရောက်လာမည် မဟုတ်
ပါ။ ထိုဓားပြများမှာ အခြားဓားပြများလို ဓားပြတိုက်ရန်လာခြင်းမဟုတ်၊ အခြေအနေကို အကဲခတ်ရန်လာခြင်းသာဖြစ်သည်။
နတ်ဆေးဆရာက “ဟုတ်တယ်… ဒီဓားပြတွေက ငါတို့မျိုးနွယ်စုထဲက တစ်ခုခုကို စိတ်ဝင်စားနေတာဖြစ်ရမယ်”
“ငါတို့ရဲ့မီးမျိုးစေ့ကို များလိုချင်နေတာလား… ဒါမှမဟုတ် ပင်မမျိုးစေ့ကို လိုချင်နေတာလား” နတ်ဆေးဆရာမကြီးက ပြောလိုက်သည်။
သူတို့သည် ထိုအကြောင်းများကို ပြောဆိုနေကြသော်လည်း၊ လိုချင်သည့် အဖြေတစ်ခုကိုတော့ မရခဲ့ပါ။ သူတို့အားလုံးသည် သတိဝီရိယနှင့် နေသင့်ကြောင်းကိုတော့ သိထားကြပါသည်။ သူတို့သည် မီးမျိုးစေ့နှင့် ပတ်သက်၍တော့ စိတ်မပူပါ၊ သို့သော် သူတို့သည် ပင်မမျိုးစေ့ကိုတော့ သတိနှင့် စောင့်ရှောက်ရမည် ဖြစ်သည်။
ရှောက်ရွှမ်ကလည်း သူတို့နောက်သို့ ဓားပြများ
လိုက်နေသည့်အကြောင်းအရင်းကို စဉ်းစားကြည့်မိသည်။ တွေးကြည့်လေလေ၊ ထိုဓားပြ၂ယောက်သည် သက်ရှည်ပင်ကို လိုချင်သောကြောင့် လာခြင်းမဟုတ်ကြောင်းမှာ ပိုထင်ရှားလာလေဖြစ်သည်။ ထိုအပင်ကို လိုချင်သည်ဆိုပါက သူတို့သည် လွန်ခဲ့သော ၂နှစ်ကတည်းက ယူသွား၍ရပါသည်။
လေလွင့်သူများ၏ နေရာကို ကျူးကျော်ဝင်လာခဲ့သူမှာ ဓားပြ၁၁ပြောသလို၊ ဓားပြ၇ဖြစ်နေပါက၊ ထိုဓားပြများသည် ဤနေရာသို့ အခြားမျိုးနွယ်စုဝင်များထက် စောစီးစွာ ရောက်လာခြင်း ဖြစ်ပေလိမ့်မည်။
သူတို့သည် ဝမ်ရှစ်တိုက်ပွဲမစတင်ခင်ကတည်းက၊ ဤနေရာသို့ ရောက်နေခြင်း ဖြစ်ပေလိမ့်မည်။
“ကျွန်တော်တို့ မသိလိုက်ဘဲ တစ်ခုခုဖြစ်သွားတယ်ထင်တယ်” ရှောက်ရွှမ်က သက်ပြင်းချရင်းပြောလိုက်သည်။သူ့လက်ထဲတွင် ကြိုးတစ်ခွေရှိ
သော်လည်း၊ ထိုကိစ္စအတွက် ကြိုးထုံးဗေဒင်မေးနေ၍လည်း အပိုပင် ဖြစ်သည်။ သို့သော် သူ့အတွင်းစိတ်ထဲမှတော့ ထိုသူများရောက်လာခြင်းမှာ၊ ဝမ်ရှစ်မျိုးနွယ်စုဝင်များကြောင့် မဟုတ်ကြောင်းကိုတော့ သိထားပါသည်။
“ကျွန်တော်တို့ ရွာကို ရောက်နေတဲ့ ဧည့်သည်တွေမှာ ကျွန်တော်တို့ မသိတဲ့ လျှို့ဝှက်ချက်တစ်ခုခုများရှိနေမလား” ရှောက်ရွှမ်ကမေးလိုက်သည်။
“ဖြစ်နိုင်တယ်… သူတို့အခုလိုလုပ်တာ တစ်ခါလည်း မဟုတ်ဘူး…၂ခါလည်းမဟုတ်ဘူး” အော့က မခံချင် ဖြစ်နေသည်။
သူတို့သည် ပူးပေါင်းဆောင်ရွက်ခြင်းသည် အဓိပ္ပါယ်မရှိကြောင်း ပြောဆိုနေကြသည်။
အော့သည် ထိုလူများကို ပုဆိန်နှင့် ခုတ်ချင်နေပါသည်။ သူသည် ထိုလူများအား သဘောမကျပါ။ သို့သော် အခုအချိန်သည် ရန်ဖြစ်၍
ကောင်းသောအခြေအနေမဟုတ်သောကြောင့်၊ သူသည် ဒေါသများကို မျိုသိပ်ထားလိုက်ရခြင်းဖြစ်သည်။
သူတို့ စကားပြောနေစဉ်၊ ဟွေမျိုးနွယ်စုမှ လူတစ်ယောက်က ရှောက်ရွှမ်နှင့် တွေ့ဆုံရန် ရောက်လာသည်။
ထိုသူသည် အကြီးအကဲများ၊ နတ်ဆေးဆရာများနှင့် လာတွေ့ခြင်းမဟုတ်၊ ရှောက်ရွှမ်နှင့် လာတွေ့ခြင်း ဖြစ်သည်။
“ကျွန်တော်နဲ့ တွေ့ချင်တာ ဘယ်သူလဲ” ရှောက်ရွှမ်က ဆက်သားကို မေးလိုက်သည်။
“ဟွေမျိုးနွယ်စုက ကူလာ့ပါ”
“သူတစ်ယောက်တည်းလား”
“ဟုတ်ပါတယ်”
နတ်ဆေးဆရာက ရှောက်ရွှမ်အား “သူဘာပြောလဲဆိုတာ သွားနားထောင်ကြည့်လိုက်” ဟုပြောလိုက်သည်။
“ဟုတ်ကဲ့” ရှောက်ရွှမ်က ကူလအား အိမ်ထဲသို့ ခေါ်လာလိုက်သည်။
မီးတောက်ဦးချိုမျိုးနွယ်စု၏ မီးမျိုးစေ့မရှိတော့သောကြောင့်၊ မီးကန်ကြီးနားမှ ဖြတ်သွားသောသူများသည် မီးမျိုးစေ့မှ ထွက်ပေါ်နေသော စွမ်းအင်များကို မခံစားရတော့ပါ။ ထို့ကြောင့် ကူလသည် ရွာထဲဝင်လာသောအခါ၊ ဖိအားဒဏ်များကို မခံစားရတော့ပါ။
သို့သော် သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ မီးမျိုးစေ့သည် တစ်ခုခုဖြစ်နေပြီဆိုတာကိုတော့ သံသယဝင်သွားပါသည်။ သို့သော် ဘာဖြစ်သလဲတော့ သူလည်း သေချာမသိပါ။ သူ့အနေနှင့် မီးမျိုးစေ့အကြောင်းကို မမေးသင့်မှန်းတော့သူလည်း သိထားပါသည်။ သူသည် အခုလာခြင်းမှာ အခြားအကြောင်းကိစ္စတစ်ခုအတွက် လာခြင်း
ဖြစ်သည်။
ရှောက်ရွှမ်၏ အိမ်ထဲတွင်၊ လောင်ခဲ့သည် ကျောက်သားကိရိယာလေးများကို အရောင်တင်နေပြီး၊ ဆီဆာကတော့ အိမ်ဝတွင် စောင့်နေပါသည်။
“ခင်ဗျားကျွန်တော်နဲ့ တွေ့ချင်တာ ဘာကိစ္စရှိလို့လဲ” ရှောက်ရွှမ်က ကူလာ့အား ရေနွေးခွက်တစ်လုံးကို လှမ်းပေးလိုက်သည်။
ကူလာ့သည် စိတ်မပါ့တပါဖြင့် ရေနွေးကိုမော့ချလိုက်သည်။ ရေနွေးက ခါးသက်နေသောကြောင့် ကူလာ့မျက်မှောင်ကြုံ့သွားသည်။ ရေနွေးတခွက်လုံးကုန်အောင် သောက်ပြီးသွားသောအခါ၊ ခဏလောက်စဉ်းစားလိုက်ပြီး “ခင်ဗျားတို့ ရွာထဲမှာ သံသယဖြစ်စရာလူတွေ ရှိနေတာ သတိထားမိလား” ဟုမေးလိုက်သည်။
“ကျွန်တော်ဟိုတစ်နေ့က လိုက်ဖမ်းတဲ့၂ယောက်ကို သတိထားမိလား” ရှောက်ရွှမ်က ကူလာ့၏
မျက်လုံးများကို စိုက်ကြည့်ပြီး မေးလိုက်သည်။
ကူလာ့ မျက်နှာကတည်ငြိမ်နေသော်လည်း၊ ရှောက်ရွှမ်ကို တည့်တည့်မကြည့်ရဲပါ။ စိတ်လှုပ်ရှားနေသောကြောင့် လက်ချောင်းလေးများက ဒူးခေါင်းကို တတောက်တောက် ခေါက်နေရင်း သူ့ကိုကြည့်ရသည်မှာ ဆုံးဖြတ်ရခက်နေဟန်တူပါသည်။
ထို့နောက် လေးနက်သော လေသံဖြင့် “ မဟုတ်ဘူး…သူတို့မဟုတ်ဘူး… တခြားလူတွေ ရှိလိမ့်ဦးမယ်” ဟုပြောလိုက်သည်။
ရှောက်ရွှမ်တစ်ယောက် ရင်ထိတ်သွားသည်။ သူတို့မျိုးနွယ်စုထဲတွင် အတွင်းသူလျှိုများ ရှိနေဦးမလား။
“ခင်ဗျားဘာကို ဆိုလိုတာလဲ”
ကူလာ့က တိုက်ရိုက်မဖြေဆိုသော်လည်း၊ “ခင်ဗျားသိတဲ့အတိုင်းပဲ… ကျွန်တော်တို့ မျိုုးနွယ်စုတွေက လွန်ခဲ့တဲ့၂နှစ်အတွင်း ကန္တာရထဲက ကိစ္စ
တွေနဲ့ အလုပ်ရှုပ်နေတာ… အဲဒီမှာ ဖြစ်ခဲ့သမျှအရာရာကို ကျွန်တော်တို့ သိပါတယ်” ကူလာ့သည် စိတ်မသက်မသာနှင့်ပြုံးလိုက်ပြီး ဆက်ပြောသည် “ဒါပေမဲ့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေကိုတော့ သတိမထားမိဘူး”။
ကူလာ့က မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ လူသစ်များနှင့် ပြန်လာသည့်အကြောင်းကို သိချင်နေသည်။ သူတို့သည် ထိုကိစ္စနှင့် ပတ်သက်ပြီး ရေရေရာရာ မသိသေးပါ။
ရှောက်ရွှမ်ကို ကြည့်လိုက်သောအခါ၊ ထိုကိစ္စကို ပြောချင်သည့်ပုံမပေါ်သဖြင့် ကူလာ့သည်ချောင်းဟန့်လိုက်ပြီး “ခင်ဗျားတို့ ကန္တာရထဲကထွက်သွားတော့၊ အခြားအဖွဲ့တစ်ဖွဲ့ကလည်း ထွက်သွားတော့တာပဲ… ဘယ်အဖွဲ့လဲဆိုတော့ ကျောက်ကုန်းမြို့တော်က… ကွှန်တော်တို့ကတော့ ကန္တာရဘုရင်ကြီးကို ကျွန်ပိုင်ရှင်တွေကို လိုက်ဖမ်းဖို့ လူတွေ လွှတ်လိုက်တယ်ထင်တာပေါ့… သူတို့ကလည်း ကျွန်ပိုင်ရှင်တွေ သွားတဲ့လမ်းအတိုင်းထွက်သွားကြတာကိုး”
“ဒါပေမဲ့ အခုအချိန်ထိတော့ ကျောက်ကုန်းမြို့တော်က လူတစ်ယောက်မှ မတွေ့သေးဘူး” ရှောက်ရွှမ်က ပြောလိုက်သည်။
“ဟုတ်တယ်လေ… ဘယ်တွေ့မလဲ… သူတို့က သားရဲတို့ပျော်စံရာမြေကို ရှောင်ပြီး သွားတာကိုး”
သားရဲတို့ပျော်စံရာမြေသည် အကျယ်ကြီးဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ နေထိုင်သော နေရာက နေရာလေးတစ်ခုသာဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသတိမပြုမိသောအချိန်များတွင် အခြားလူများသည် ထိုနေရာသို့ ဝင်လာနိုင်ပါသည်။ သူတို့သည် နေရာဟောင်းကို ပြန်ရောက်လာကတည်းက၊ သတ်မှတ်ထားသော အမဲလိုက်လမ်းကြောင်းတစ်ခုတွင်သာ အမဲလိုက်ကြပါသည်။
သူတို့သည် ထိုထက်ပိုပြီးတောနက်သော နေရာများကို မသွားသောကြောင့်၊ တောအုပ်ထဲတွင်
ဘာတွေ ဖြစ်နေမှန်းလဲ မသိကြပါ။
“ကျောက်တောင်ကုန်းမြို့တော်က လူတွေက တောအုပ်ကို အပိုင်စီးချင်နေတာလို့ ဆိုလိုချင်တာလား” ရှောက်ရွှမ်က မေးလိုက်သည်။ သူတို့က ဝမ်ရှိမျိုးနွယ်စုနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို စိတ်မဝင်စားဘဲ၊ တောအုပ်ကို စိတ်ဝင်စားနေတာများလား။
“သူတို့တွေ တစ်ခုခုကိုလိုက်ရှာနေတာတော့ သေချာတယ်… ဘာကိုရှာနေလဲသာ မသိတာ…ခင်ဗျားတို့က ရှာဖွေတွေ့ရှိမှုအသစ်တစ်ခုကို တွေ့တယ်ဆိုတုန်းက ကျုပ်က ခင်ဗျားတို့တွေ ကျောက်ကုန်းမြို့တော်က လူတွေရဲ့ လျှို့ဝှက်ချက်တွေကို သိသွားတယ် ထင်နေတာ” ကူလာ့က ခါးသက်စွာပြုံးလိုက်သည်။ အဆုံးသတ်မှာတော့၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ရှာဖွေတွေ့ရှိမှုအသစ်ဆိုသည်မှာ အပင်တစ်မျိုးဖြစ်ကြောင်းကို သိသောအခါ၊ ၎င်းတို့သည် စိတ်ပျက်သွားကြသည်။
ရှောက်ရွှမ်ကတော့ စဉ်းစားခန်းဝင်နေပြီဖြစ်သည်။ ရှီမိသားစုသည် ထိုမျှ ဝေးလံခေါင်ဖျားသော တောအုပ်ထဲကို ဘာကြောင့် လူများစေလွှတ်လိုက်သနည်း။
ကူလာ့ ပြောသောစကားများမှ သဲလွန်စတချို့ကို ရခဲ့သော်လည်း၊ အရေးအကြီးဆုံးအချက်မှာ ထိုလူများ၏ ပစ်မှတ်သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ မဟုတ်ဘဲ၊ တောအုပ်ထဲတွင် ရှိသော တစ်စုံတရာသာဖြစ်နေသော အချက်ဖြစ်သည်။
ထိုအချိန်တွင်ပင်၊ ကူလာ့သည် ဟွေမျိုးနွယ်စုက မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ပူးပေါင်းချင်နေကြောင်းကို ပြောလိုက်သည်။
ကူလာ့သည် ပြောစရာရှိသည်များကို ပြောပြီးသွားသောအခါ၊ ထွက်ခွာသွားပါတော့သည်။
ရှောက်ရွှမ်သည် ကူလာ့ပြောသွားသည်များကို နတ်ဆေးဆရာနှင့် အကြီးအကဲများကို ပြန်ပြောပြလိုက်ပြီး၊ ဖြစ်ပေါ်လာမည့် အခြေအနေများ
အတွက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နေပါတော့သည်။
(ဆက်ရန်…)