← Chapters

အခန်း ၅၂၉

Vol. 36 Ch. 529

အခန်း ၅၂၉

Vol. 36 Ch. 529

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၅၂၉) ဂေါ်ဖီထုပ်သူခိုး

နှစ်ကုန်ခါနီးရောက်နေပြီဖြစ်သောကြောင့်၊ ဆေင်းဝင်တော့မည်ဖြစ်သည်။ တစ်နေ့ထက်တစ်နေ့လည်း အအေးက ပိုလာသင့်သည်။ သို့သော် သားရဲများပျော်စံရာမြေတွင် အပူချိန်က မြင့်သထက် မြင့်လာနေသည်။

“အခြေအနေကတော့ မနှစ်ကအတိုင်းပဲ” နတ်ဆေးဆရာအိုကြီးသည် ကျောက်တုံးကြီးတစ်တုံးပေါ်ထိုင်ပြီး၊ တောအုပ်ထဲကို ငေးကြည့်ကာ သက်ပြင်းချလိုက်သည်။ “မဟုတ်သေးဘူးကွ…ဒီနှစ်က အရင်နှစ်တွေထက် ပိုပူတယ်"

ရာသီဥတုအခြေအနေမှာ မှန်းဆ၍ မရသောကြောင့်၊ လူများမှာ စိတ်လှုပ်ရှားနေကြသည်။

သို့သော် အခုနှစ်တွင်တော့ ကွဲကွာနေသည့် မျိုး

နွယ်စု၂ခု ပြန်လည်ပေါင်းဆုံမိနေပြီဖြစ်သောကြောင့်၊ သူတို့သည် ယခင်ထက် စိတ်ခွန်အားများ ပိုရှိနေပြီဖြစ်သည်။

ပင်လယ်တစ်ဖက်ကမ်းမှ အေးမြသော ရာသီဥတုနှင့်နေလာသူများဖြစ်သောကြောင့်၊ ကျန်းလောတို့သည် အခုလို နွေရာသီမျိုးနှင့် အသားမကျသေးပါ။ သို့သော် နွေးထွေးမှုက အေးစက်မှုထက်တော့ ပိုကောင်းသေးသည် မဟုတ်ပါလား။

အနွေးဓာတ်ကြောင့် နေရထိုင်ရကောင်းသော်လည်း၊ အကျိုးဆက်အဖြစ် ၎င်းတို့အတွက် ပြဿနာလေးများပေါ်လာပါသည်။ အအေးဒဏ်ကြောင့် ကာလကြာရှည် အိပ်စက်နေသော သားရဲကြီးများသည်လည်း အနွေးဓာတ်ကြောင့် နိုးထလာပြီဖြစ်သည်။ ထို့အတူပိုးမွှားများလည်း ပေါများလာသောကြောင့်၊ ၎င်းတို့သည် တောအုပ်ထဲဝင်သည့်အခါတိုင်း၊ စိတ်အနှောင့်အယှက်ဖြစ်ရသည်။ အဆိပ်ပြင်းသော မြွေများကလည်း မုဆိုး

များအတွက် အနှောင့်အယှက်ပင် ဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ” နတ်ဆေးဆရာမအိုကြီးက တောအုပ်ထဲမှ ပြေးထွက်လာသော စစ်သည်တော်များကို သတိထားမိလိုက်သည်။

“ကောင်လေး… ဘာတွေဖြစ်နေတာလဲ” နတ်ဆေးဆရာမအိုကြီးက အပြေးသွားနေသော ခဲ့ခဲ့ကိုလှမ်းဆွဲထားလိုက်သည်။

နတ်ဆေးဆရာမက ခဲ့ခဲ့ကိုလှမ်းခေါ်လိုက်သည်ကို ကြားသောအခါ၊ “နတ်ဆေးဆရာမကြီးခင်ဗျား…ဂေါ်ဖီခင်းတွေမှာ ပိုးတွေကျနေလို့… အကြီးအကဲက အဲဒီမှာ ပိုးတွေသွားရှင်းခိုင်းထားလို့…”ဟုပြောလိုက်သည်။

“ပိုးမွှားတွေဟုတ်လား” နတ်ဆေးဆရာ၂ယောက်လုံးတုန်လှုပ်သွားကြသည်။ သူတို့သည် ကောင်းကင်သွေးကြောပင်ကို သတိရသွားကြပြီး၊ ထိုစိုက်ခင်းသို့ သွားကြည့်ကြလေသည်။

နတ်ဆေးဆရာ၂ယောက်သည် စိတ်ပြေလက်ပျောက် ပိုးမွှားများကို ကူညီပြီးနှိမ်နင်းပေးခဲ့သည်။ ၎င်းတို့သည် တချို့အစေ့များကို အညှောင့်မဖောက်ဘဲ၊ ဒီအတိုင်း စိုက်ထားခဲ့သည်။ ဂေါ်ဖီခင်းများပိုးကျမည်ကိုလည်း စိုးရိမ်နေကြသည်။

“အရင်နှစ်တွေတုန်းက ပိုးမွှားတွေ အဲဒီလောက် မကျပါဘူး” နတ်ဆေးဆရာကြီးသည် စိုးရိမ်နေပါသည်။

အရင်နှစ်တုန်းက ပိုးမကျသော်လည်း၊ အခုတော့ ပိုးကျနေပြီဖြစ်သည်။ ရာသီဥတုမပြင်းထန်သည့်အချိန်တွင် ၎င်းတို့မှာ ပိုးမွှားများ အန္တရာယ်နှင့်တွေ့ဆုံရခြင်း မရှိပါ။ ရာသီဥတုပြင်းထန်ဆိုးရွားခြင်းကြောင့်၊ ပိုးမွှားများ ကျလာခြင်း ဖြစ်သည်။

ထို့ပြင် စိုက်ခင်းများသည် တောအုပ်များနှင့် နီးနေသောကြောင့်၊ ပိုးမွှားများကို ဆွဲဆောင်သလို ဖြစ်နေသည်။

သူတို့သည် ပိုးမွှားအုပ်များနှင့် ရင်ဆိုင်ရသည့်အခါ ရင်ဆိုင်ရလေ့ရှိသော်လည်း၊ လယ်သမားများက ပိုးမွှားများ ပြဿနာကို ဖြေရှင်းနိုင်ပါသည်။

ရှောက်ရွှမ်သည် စိုက်ခင်းများဆီသို့ ရောက်လာသည်။

စိုက်ခင်းထဲတွင်၊ ဓားရှည်များ၊ ဓားမြောင်များ၊ ရိုက်တံများ တူများ ပြန့်ကျဲနေပါသည်။

ရှောက်ရွှမ်သည် ပိုးမွှားတစ်ကောင်ကို စစ်ဆေးကြည့်လိုက်မိသည်။ ထိုပိုးမွှားလေးသည် ၂၀စင်တီမီတာလောက်သာရှိသည်။

အရောင်မှာ အဝါစိမ်းရောင်ရှိပြီး၊ မျက်လုံးများက ပြူးထွက်နေသည်။ လည်မျိုသည် ဝမ်းဗိုက်နှင့် တဆက်တည်းဖြစ်နေသည်။ ကျောပေါ်တွင်တော့ အတောင်ပံလေး၂ချောင်း ပေါက်နေပါသည်။ ခြေထောက်ကလေး၅စုံတွင်၊ ခြေသည်း

များရှိပါသည်။ ရှေ့ဆုံးလက်၂ဖက်ကတော့ အရွက်များကို ဆုပ်ယူစားသုံးရန် အသုံးပြုသည်။

ထိုပိုးမွှားများသည် ဘာကိုမဆိုစားနိုင်စွမ်းရှိကြသည်။ အထူးသဖြင့် သစ်ရွက်များကိုတော့ ကြိုက်နှစ်သက်ကြသည်။

ထိုပိုးမွှားလေးများသည် သားရဲကြီးများကို တိုက်ခိုက်နိုင်သော စစ်သည်တော်များအတွက်တော့ အနှောင့်အယှက်ပင်ဖြစ်သည်၊ ထိုပိုးမွှားများအုပ်လိုက်ကြီးကျရောက်လာသောအခါ၊ ထိုပိုးမွှားများကို နှိမ်နင်းရမလွယ်ကူတော့ပါ။ မြားများနှင့် ပစ်ပြီးနှိမ်နင်းလျှင်လည်း၊ မရပါ။

ထိုပိုးမွှားများသည် လေထဲတွင်လည်း ပျံသန်းနိုင်သောကြောင့်၊ စစ်သည်တော်များအတွက် နှိမ်နင်းရခက်စေပါသည်။

စစ်သည်တော်များသည် အမြင့်ကို ခုန်နိုင်သည်ထားဦး၊ သူတို့သည် ထိုမျှ အပင်ပန်းမခံချင်ကြပါ။ စစ်သည်တော်၂ယောက်သည် အမြင့်သို ခုန်

တက်သွားပြီးနောက်၊ လေထဲတွင် အချင်းချင်း တိုက်မိကြလေသည်။

စစ်သည်တော်များအားသွန်ခွန်စိုက်ရှင်းလင်းပြီးသွားမှသာ၊ ပိုးမွှားများ အန္တရာယ်ကျရောက်မှု ကင်းစင်သွားပါသည်။

“တချို့လူတွေက ဒီစိုက်ခင်းတွေကို ပိုက်ကွန်တွေနဲ့ ကာထားချင်တယ်… ဒါပေမဲ့ အဲဒီလိုလုပ်လည်း ပိုးမွှားပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားမှာ မဟုတ်ဘူး” မိုင်က သစ်ရွက်ပေါ်မှ အပေါက်များကို ကြည့်ပြီး ပြောလိုက်သည်။

ရှောက်ရွှမ်ကလည်း ထိုပြဿနာကို ဖြေရှင်းရန် စဉ်းစားနေပါသည်။

သူတို့လက်ရှိသုံးနေသော ပိုက်ကွန်မှာ အပေါက်လေးများရှိနေပြီး၊ နေရောင်ခြည်ကို ကာကွယ်ထားသလို ဖြစ်နေသည်။ ပိုးမွှားများကို ကာကွယ်နိုင်သော်လည်း၊ ယာယီသာ ကာကွယ်နိုင်ခြင်းဖြစ်သည်။

ပိုးသတ်ဆေးများ သုံးလျှင် ကောင်းမလား။

သို့သော် ၎င်းတို့သည် ထိုအပင်များမှာ စား၍ရမရ မသေချာသေးပါ။ သူတို့သည် အပင်များအကြောင်းကို သေချာလေ့လာရန်လိုအပ်မည် ဖြစ်သော်လည်း၊ သူတို့မျိုးနွယ်စုသည် လေ့လာမှုကို သေချာမလုပ်နိုင်သေးပါ။

တချို့က ထိုပိုးမွှားများကို ပျဉ်ပြားနှင့်ရိုက်ချင်သော်လည်း၊ သူတို့သည် ထိုသို့ လုပ်၍မရသေးပါ။

“ပျဉ်ပြားပေါ်မှာ အပေါက်လေးတွေ ဖောက်ထားလိုက်… ပြီးရင် ပျဉ်ပြားအောက်ခြေကို ဓားနဲ့ နည်းနည်းခြစ်လိုက်…အဲဒါဆို ကိုင်ရလွယ်သွားလိမ့်မယ်” ရှောက်ရွှမ်က ပြောလိုက်သည်။

ပျဉ်ပြားများကို ကိုင်ထားသော စစ်သည်တော်များအားလုံး မျက်နှာများ ဝင်းလက်သွားကြသည်။ ထို့နောက် ၎င်းတို့သည် ပျဉ်ပြားများကို

ဆောက်နှင့် ထွင်းလေတော့သည်။

တချို့က ပိုးမွှားအသေကောင်များကို တစ်နေရာတွင် စုံပုံနေကြသည်။ ငှက်ငတုံးများက ထိုကဲ့သို့ ပိုးမွှားများကို မစားကြပါ၊ အခြားသောသားရဲကြီးများမှာလည်း အသီးအရွက်စားသော သတ္တဝါ မဟုတ်ပါ။

ရှောက်ရွှမ်သည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက်၊ ပန်းပဲခန်းထဲသို့ ဝင်သွားပါသည်။

လယ်ကွင်းထဲမှာ ဂေါ်ဖီထုပ်များကတော့ လျှို့ဝှက်ချက်မဟုတ်တော့ပါ။ ထို့ကြောင့် ထိုနားတွင် အစောင့်အကြပ်များတင်းကျပ်စွာ ချမထားတော့ပါ။ နေ့လယ်တုန်းက ရန်ဖြစ်ထားသောကြောင့်၊ အစောင့်များက ညရောက်သောအခါ ပင်ပန်းနေကြပြီဖြစ်သည်။

ထိုအချိန်တွင် လူရိပ်သဏ္ဍာန်တစ်ခုသည် လေထဲတွင် မျောလာပါသည်။ သူသည် မြေပြင်ပေါ်

သို့ အသံမထွက်ဘဲ ခုန်ဆင်းလာသည်။

ထိုပုံရိပ်က ပတ်ဝန်းကျင်ကို လေ့လာနာစွင့်နေပြီး၊ သူ့ကို သတိထားမိသူ ရှိမရှိ အကဲခတ်နေပါသည်။ ထို့နောက်သူသည် လေထဲတွင် ပေါလောမျောသွားပြန်သည်။ ၎င်းကို ကြည့်ရသည်မှာ ပန်းပွင့်ပေါ်တွင် နားနေသော လိပ်ပြာလေးတစ်ကောင်နှင့် တူနေပါသည်။ ထိုအရိပ်သည် ဂေါ်ဖီထုပ်တစ်ခုပေါ်တွင် နားလိုက်ပါသည်။

ဘယ်သူကမှ ထိုပုံရိပ်ကို သတိမထားမိပါ။

သူသည် လူတစ်ယောက်ထက် ပိုကြီးမားသော ဂေါ်ဖီထုပ်ကြီးနောက်တွင် ပုန်းကွယ်နေပါသည်။ ဂေါ်ဖီထုပ်တစ်ထုပ်လုံးတွင် အတွင်းသားက အချိုဆုံးဖြစ်ကြောင်းကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ပြောထားသဖြင့်၊ ၎င်းက သိနေပါသည်။ သူသည် အပင်များကို ရက်အတန်ကြာစောင့်ကြည့်နေပြီး၊ သူသည်နောက်ဆုံးတွင်တော့ ထိုအပင်များကို စားသုံးခွင့်ရသွားပြီဖြစ်သည်။

ထိုလူသည် အသားထက် အသီးအရွက်ကို ပိုကြိုက်ပါသည်။ သစ်ရွက်များသည် ၎င်းအတွက် အလွန်အရသောရှိသော အစားအစာများ ဖြစ်သည်။

စိတ်ရှည်စွာစောင့်ဆိုင်းခဲ့သည့်အတွက် အခုတော့ သူသည် အသီးအပွင့်များကို ခံစားနေရပြီဖြစ်သည်။

ထိုညက ကောင်းကင်တွင် လနှစ်စင်းထွက်သော်လည်း၊ အလင်းရောင်ကတော့ သိပ်မလင်းပါ။ ရာသီဥတုမှာ တိမ်များထူထပ်နေသောကြောင့် အစောင့်များက ၎င်းကို ကောင်းစွာမမြင်ရပါ၊

သူသည် အပင်များကို အနည်းငယ်စမ်းသပ်ကြည့်ပြီးသောအခါ၊ ထိုလူသည် စိတ်ကျေနပ်သွားပါသည်။ သူသည် ထိုနားတွင် ဂေါ်ဖီထုပ်ကြီးတစ်ထုပ်ရှိကြောင်းကို မှတ်မိသွားပါသည်။ အနည်းငယ်လောက် ခုန်လိုက်သည်နှင့် သူသည်

ထိုဂေါ်ဖီထုပ်ကြီးနား ရောက်သွား၏။

ရွာသားများသည် ဂေါ်ဖီထုပ်ကြီးပျောက်ဆုံးနေကြောင်းကိုသာ သိသွားလျှင်၊ တုန်လှုပ်သွားကြမည် ဖြစ်သည်။ ထိုလူသည် ထိုအကြောင်းကို စဉ်းစားမိသွားသောအခါ၊ စိတ်ထဲမှ ကြိတ်ပျော်သွားလေသည်။

(ဆက်ရန်…)

All Chapters