အခန်း ၅၃၀
Vol. 36 Ch. 530
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၅၃၀) လေပေါ်ပျံနေသော သူခိုးများ
အစကတည်းက သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဆီမှ လာခြင်း မဟုတ်ပါ။ သူသည် ထိုတားမြစ်ထားသော တောင်တန်းဒေသတစ်ခုသို့ မျိုးနွယ်စုတစ်ခုက ဝင်ရောက်လာကြောင်းကိုတော့ သိထားသည်။ သို့သော် သူရောက်လာသောအခါ၊ မီးတောက်ဦးချိုမျိုးနွယ်စုက ဝမ်ရှစ်မျိုးနွယ်စုကို ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းကို သိလိုက်ရသည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် ကန္တာရထဲမှ ထွက်ပြေးလွတ်မြောက်လာသော ကျွန်ပိုင်ရှင်များကိုလည်း မောင်းထုတ်လိုက်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို စိတ်ဝင်စားလာခြင်း ဖြစ်သည်။
အခုအချိန်သည် သူ့ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရမည့် အချိန်မဟုတ်သေးပါ။ အခုအချိန်တွင် အကောင်အထည်ဖော်ပါ
က လူမိသွားမည် ဖြစ်သည်။ ထို့ကြောင့် သူသည် အရင်စောင့်ကြည့်နေခြင်း ဖြစ်သည်။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ရွာထဲတွင် ခဏနေဦးမည် ဖြစ်သည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူမျှော်မှန်းထားသည်ထက် ပိုပြီး ရင်ဆိုင်ရခက်သော သူများဖြစ်နေကြသည်။ သူ့ကို မိသွားတော့မလို ဖြစ်သွားခဲ့သော်လည်း၊ သူက အပြေးမြန်သဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။ ဖမ်းမိခါနီးအခြေအနေတိုင်းတွင် သူသည် လွတ်မြောက်အောင် ထွက်ပြေးလာနိုင်သည်ချည်းသာ ဖြစ်သည်။ ထို့ကြောင့်သာ ၎င်းသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ရွာတွင် ဆက်နေနိုင်ခြင်းဖြစ်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူ့ကို လက်ရမဖမ်းနိုင်ကြသေးပါ။
သို့သော် တောအုပ်ထဲတွင် ချထားသောမီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အစောင့်များ
က ထူထပ်လွန်းလှသည်။ သူသည် အချိန်အကြာကြီးစောင့်ဆိုင်းခဲ့သော်လည်း၊ အခုအချိန်ထိ ခိုးဝင်၍မရသေးပါ။ နောက်ဆုံးတစ်ခေါက်တုံးကဆိုလျှင် သူသည် လေလွင့်သူများ၏ နေရာတွင် နေပြီး၊ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သော်လည်း၊ လူများက သူ့အား သတိထားမိသွားကြသည်။
ဓားပြ၁၁နှင့် ဓားပြ၁၂တို့ဖမ်းခံရသည့်အကြောင်းများကို စဉ်းစားမိသောအခါ၊ သူသည် ချောင်းတဟွတ်ဟွတ်ဆိုးမိသည်။ သူတို့သည် ထိပ်တန်းဓားပြစာရင်းတွင် မဝင်သော သာမန်ဓားပြများသာဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဓားပြ၁ယောက်၂ယောက်လောက်ကို ဖမ်းမိသော်လည်း၊ နောက်ထပ် ဓားပြများအား ဖမ်းမိပါဦးမလား။
ထူးတော့ထူးဆန်းသည်။
သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအား သင်ခန်းစာပေးသည့်အနေဖြင့်၊ ၎င်းတို့၏ အကြီးဆုံးဂေါ်ဖီထုပ်ကြီးအား ခိုးယူရန် ဆုံးဖြတ်
ထားသည်။ ထိုအကြောင်းကိုတွေးမိသောအခါ၊ သူသည် စိတ်သက်သာရာရသွားသည်။
ထိုနေရာတွင် အစောင့်များ ထူထပ်စွာချထားသည့်အတွက်ကြောင့်၊ ထိုနေရာသည် ၎င်းတို့အတွက် အရေးကြီးသော နေရာဖြစ်ကြောင်း သိနိုင်ပါသည်။ စိုက်ခင်းထဲမှ သီးနှံများခိုးခံရပါက၊ အစောင့်များကို ယခင်ထက်ပိုပြီးထူထပ်စွာ ချထားမည် ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဂေါ်ဖီစိုက်ခင်းများကို အာရုံစိုက်နေချိန်တွင် သူသည် တောအုပ်ထဲသို့ ခိုးဝင်မည် ဖြစ်သည်။
“တယ်ဟုတ်တဲ့ ငါပါလား” သူက တွေးလိုက်မိသည်။
ညရောက်သောအခါ၊ အရိပ်မည်းတစ်ခုသည် ဂေါ်ဖီစိုက်ခင်းထဲသို့ ဝင်လာပါသည်။ ၎င်းအရိပ်သည် မြက်လျောမြွေများထက် ပိုလျင်မြန်ပြီး၊ သိမ်မွေ့မှုရှိပါသည်။
သူသည် အကြီးဆုံးဂေါ်ဖီထုပ်ကြီးနားသို့ ရောက်သောအခါ၊ ဒူးထောက်ပြီးထိုင်ချလိုက်သည်။ သူသည် လက်ထဲတွင် ဓားပါးလေးတစ်ချောင်းကို ကိုင်ထားပြီး လေထဲမှ ပျံလာပါသည်။ ထို့နောက်သူသည် ဂေါ်ဖီထုပ်စိုက်ခင်း အလယ်မှ အကြီးဆုံးဂေါ်ဖီထုပ်ကြီးနားသို့ ချဉ်းကပ်သွားပါသည်။
သို့သော် သူသည် ဂေါ်ဖီထုပ်ကြီးကို ကိုင်လိုက်မိသည်နှင့် သူ့လက်များသည် ထုံကျင်သွားသည်။ သူသည် အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရသည်။ ထို့နောက် အမှောင်ယံအလယ်တွင် မျက်လုံးတစ်စုံထွက်ပေါ်လာပါသည်။
မျက်လုံးမှာ တစ်စုံမဟုတ်၊ ၂စုံဖြစ်သည်။
သူ့ကို လူ၂ယောက်က ရှာတွေ့သွားခြင်း ဖြစ်သည်။
လှံတံတစ်ချောင်းက သူ့ဆီပြေးဝင်လာပြီး၊ လေကို ဝီခနဲ ထိုးခွဲသွားသည်။ လှံတံသည် အမှောင်ထဲ
တွင် စောင့်ဆိုင်းနေသော မြွေပွေးတစ်ကောင်နှင့်တူပါသည်။
လှံတံက မြန်ဆန်လွန်းသောကြောင့် သူ့နားသို့ ရုတ်ခြည်းပင် ရောက်လာပါသည်။ သူ့တွင် ထိုလှံတံကို လေပေါ်သို့ ခုန်တက်ပြီး ရှောင်လိုက်သည်။ လေထဲတွင် ရောက်နေသော သူများသည် မြေပေါ်မှ လူများလို စိတ်ထင်သလို လှုပ်ရှား၍မရတော့ပါ။
သို့သော် လှံတံက သူ့ဆီရောက်မလာမီ၊ ထိုလူသည် လေထဲသို့ သစ်ရွက်ကလေးတစ်ခုပမာ ပေါ့ပါးစွာ ခုန်တက်သွားပြီးလှံတံကို ရှောင်တိမ်းလိုက်သည်။
အော့က ထိုလူသည် လေထဲတွင် ဦးတည်ရာကို ပြောင်းလိုက်မည်ဟု ထင်မထားပါ။
အော့က ဓားပြများသည် ရင်ဆိုင်ရခက်ခဲမည် ဖြစ်ကြောင်းကိုတော့ သိထားလေသည်။ အော့သည် ဓားပြအား ရင်ဆိုင်ရန် နည်းလမ်းပေါင်းစုံ
ကို စဉ်းစားမိသော်လည်း၊ သူသည် တစ်နေရာတည်းတွင် စောင့်နေရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။ အော့သည် ပစ်မှတ်ကို ရှာမတွေ့သေးခင်၊ အသက်ကိုအောင့်ထားပြီး၊ အတွင်းအားကိုလည်း မထုတ်သေးပါ။ အသက်ကိုလည်း မှေး၍ရှူနေပြီး၊နှလုံးခုန်နှုန်းကို နှေးကွေးအောင် ကြိုးစားနေပါသည်။ သူသည် ဂေါ်ဖီစိုက်ခင်းထဲသို့ ခိုးဝင်လာသော သူခိုးကို အပြည့်အဝအာရုံစိုက်မထားပါ။ ရှောက်ရွှမ်က ထိုသူခိုးများသည် အမြင်အာရုံအလွန်စူးရှကြောင်းကို သူ့ကို မှာထားသည် မဟုတ်ပါလား။ ထိုသူခိုးအား တိုက်ခိုက်ရန် နည်းလမ်းမှာ ထိုသူခိုးကို အာရုံစိုက်ပြီး ကြည့်မနေခြင်းသာ ဖြစ်သည်။ သူ့ကို သွားကြည့်မိလျှင် သူက တည်နေရာကို သိသွားမည် ဖြစ်ပြီး၊ ချက်ခြင်း ထွက်ပြေးသွားမည်သာ ဖြစ်သည်။
ထို့ကြောင့် အော့က ရှောက်ရွှမ်ပြောသည့်အတိုင်းလှုပ်ရှားနေခြင်း ဖြစ်သည်။ အော့သည် သူခိုးက သူ့အား သတိထားမိမသွားစေရန် သတိထားနေပါသည်။
“ဒီတစ်ခေါက်တော့ မင်းကို အမိဖမ်းပြမယ်” အော့ သည် စိုက်ခင်းထဲသို့ ကျွမ်းပစ်ပြီး ခုန်ဝင်သွားသည်။ ထို့နောက်သည် သူသည် ရှေ့မှလူကို လက်ထဲမှ ပုဆိန်ဖြင့် ဒေါသတကြီး ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင် သူ့ကိုယ်မှ ထွက်ပေါ်နေသော အတွင်းအားလှိုင်းကြီးများမှာ စိုက်ခင်းတစ်ခုလုံး ပြန့်နှံ့သွားပါသည်။
အော့သည် အကြီးအကဲတစ်ယောက်ဖြစ်သောကြောင့်၊ သူ့အတွင်းအားကို သူဘယ်တုန်းကမှ သံသယမဖြစ်ပါ။
အခြားရန်သူများဆိုလျှင် အော့နှင့်ရင်ဆိုင်ရသည့်အချိန်တိုင်း နောက်သို့ ဆုတ်သွားရသည်သာ ဖြစ်သည်။ ထို့ကြောင့် အခုသူခိုးသည်လည်း အော့လက်က ပြေးလွတ်မည် မဟုတ်ပါ။
ထိုအချိန်တွင် ထူးခြားသော စွမ်းအင်များဖြစ်ပေါ်လာသည်။ ထိုအရာသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ စွမ်းအားမျိုးမဟုတ်ပါ။ ထိုအတွင်းအားလှိုင်းများကြောင့် ညအမှောင်ယံတွင်
လေပြင်းတစ်ချက်တိုက်ခတ်သလို မျိုး ဖြစ်ပေါ်သွားပါသည်။ ထိုအတွင်းအားလှိုင်းသည် အနားတွင် ရှိသောလူများအား အာရုံများကို ထွေပြားသွားစေသည်။
သူခိုးက ညအမှောင်ယံတွင် အေးစက်သော လေလှိုင်းတစ်ခုလို လှုပ်ရှားပြီး အော့ဆီမှ ထွက်ပေါ်လာသော အတွင်းအားလှိုင်းများကို ခုခံနေသည်။
ထိုအဖြစ်အပျက်များသည် လက်ဖျစ်တတွတ်အချိန်အတွင်း ဖြစ်ပေါ်သွားခြင်းဖြစ်သည်။ သူခိုးသည် အော့၏ တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်တိမ်းသွားပါသည်။
အော့သည် ထိုကောက်ကျစ်သော သူခိုးအကြောင်းကို သူ့လူများ သိသွားမည်စိုးသောကြောင့်၊ ဂေါ်ဖီထုပ်စိုက်သော စိုက်ခင်းများကို စောင့်သော အစောင့်များကို အသိမပေးထားပါ။ သို့သော် အော့တို့၏ တိုက်ခိုက်သံများအကြောင်းကို ကြားလိုက်ရသောအခါ၊ အစောင့်
များက သိသွားကြပြီး သူခိုးအားဝိုင်းဖမ်းရန် ကြိုးစားကြပါသည်။
လက်နက်မျိုးစုံကိုင်ဆောင်ထားသော စစ်သားများသည် ဂေါ်ဖီထုပ်စိုက်ခင်းထဲသို့ ခုန်ဝင်လာကြသည်။ ထိုလူများသည် သူခိုးထွက်ပြေးနိုင်မည့် လမ်းကြောင်းများအား ပိတ်ထားလိုက်သည်။
အော့ကတော့ သူ့ကိုယ်သူ စိတ်ချမှုရှိပါသည်။ သူခိုးသည် ဘယ်ကိုမှ ပြေးနိုင်တော့မည် မဟုတ်ပါ။ ကောင်းကင်ပေါ်မှ တိမ်များကင်းစင်သွားသောအခါ၊ လကြီး၂စင်းထွက်ပေါ်လာသည်။
သူခိုးသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ ခံစစ်ကြောင်းနှင့် ရင်ဆိုင်နေရသလို၊ အော့တို့အဖွဲ့က နောက်မှ လိုက်နေသော်လည်း၊ စိုးရိမ်ပူပန်မှုမရှိပါ။သူသည် အေးဆေးစွာ ဂေါ်ဖီထုပ်တစ်ထုပ်ကို ဝါးစားနေသည်။ သူ့မျက်လုံးများကတော့ ညအမှောင်တွင် တဖျပ်ဖျပ်တောက်ပနေသည်။
“ဝှစ်”
မြားတစ်စင်းက လေထဲတွင် ပျံသန်းလာသလို အသံမျိုးထွက်ပေါ်လာသည်။ ထို့နောက် မြားပေါင်းများစွာ ပျံသန်းနေသောအသံများဖြစ်ပေါ်လာသည်။
တကယ်တော့ ထိုအသံများမှာ သူခိုးစီမှ ထွက်ပေါ်နေသော အသံဖြစ်သည်။ နတ်စွမ်းအင်များသည် ရုတ်တရက် အစွမ်းကုန်ထွက်ပေါ်လာသည်။ ထို့နောက် သူ့ကိုယ်နားတဝိုက်တွင် လေမုန်တိုင်းတိုက်သလို လေပြင်းများ တိုက်ခတ်လာပါတော့သည်။
ထို့နောက် ထိုလူသည် အောက်သို့ ခြေထောက်ကို ကွေးညွှတ်လိုက်ပြီး၊ လေထဲသို့ ခုန်တက်သွားပါသည်။ ၎င်းကို ကြည့်ရသည်မှာ အမြောက်မှ ထွက်သွားသော အမြောက်ဆံတစ်ခုနှင့်တူနေသည်။ တဝီဝီမြည်သံနှင့်အတူ ထိုသူသည် အော့တို့ကို နောက်တွင် ထားခဲ့ပြီးထွက်ပြေးပါတော့သည်။
ထိုသူခိုးသည် လွတ်မြောက်ရန်လမ်းတော့ မရှိပါ။ သူသည် စိုက်ခင်းကို ကာရံထားသော ခြံစည်းရိုးဆီသို့ ပြေးသွားသည်။ ထိုလမ်းသည် စိုက်ခင်းထဲမှ လွတ်မြောက်ရန် အတွက် အမြန်ဆုံးသော လမ်းဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ပိတ်ဆို့ကာရံထားသော်လည်း၊ ထိုသူခိုးကတော့ ဂရုမစိုက်ပါ။
သူသည် ထွက်ပြေးရန် မကြိုးစားဘဲ၊ တိုက်ခိုက်ရန် စဉ်းစားနေခြင်းများလား။
သူတို့ဆီသို့ ပြေးလာသော သူကို မြင်သောအခါ၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင် စစ်သည်တော်များသည် အနည်းငယ် တုန်လှုပ်သွားပါသည်။ သို့သော် ၎င်းတို့သည် လက်နက်များကို တင်းကျပ်စွာ ကိုင်ထားပြီး၊ ထိုသူခိုးအား တားဆီးရန် ကြိုးစားနေကြသည်။ ထို့နောက် ၎င်းတို့သည် လေချွန်သံတစ်ချက်ကို ကြားလိုက်ရသည်။
သူခိုးသည် သစ်သားခြံစည်းရိုးနားသို့ ချဉ်းကပ်
သွားပြီး၊ လေထဲသို့ ခုန်တက်သွားပြီး စိုက်ခင်းထဲမှ ထွက်ပြေးသွားပါသည်။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ တားဆီးထားသော အကာအကွယ်များကို ဖြတ်ကျော်သွားပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင် စစ်သည်တော်များသည် ထိုသူခိုးမှာ ထိုသို့ ထွက်ပြေးလွတ်မြောက်သွားမည် မဟုတ်ဟု မျှော်လင့်မထားပါ။ သူတို့သည် အခုမှ နောက်က လိုက်မည်ဆိုလျှင်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထွက်ပြေးလွတ်မြောက်သွားသော သူခိုးကို ဒီအတိုင်းသာ ကြည့်နေရသည်။
အကြီးအကဲကိုယ်တိုင်ပင် ထိုသို့ ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားပါ။ သူတို့တွင် လူပေါင်းများစွာ ရှိနေသော်လည်း၊ ဘာမှမဟုတ်သည့် သူခိုးတစ်ယောက်ကိုပင် မတားဆီးနိုင်ပါ။
အော့က တဖြည်းဖြည်းနှင့် ဝေးကွာသွားသော လူရိပ်လေးကို လှမ်းကြည့်နေမိသည်။ အော့သည်
ဒေါသလည်းထွက်နေသလို စိတ်ဓာတ်လည်း ကျသွားပါသည်။ သူသည် ရှောက်ရွှမ်ပြောသည့် စကားကို ပြန်အမှတ်ရသွားသည်။
ထိုဓားပြများသည် ကောက်ကျစ်သလို၊ ၎င်းတို့၏ လှုပ်ရှားမှုများကို ခန့်မှန်း၍မရပါ၊ ထို့ပြင် ထင်မထားသော နည်းစနစ်များကိုလည်း အသုံးပြုတတ်ကြသေးသည်။
လရောင်အောက်တွင်။ ထွက်ပြေးလွတ်မြောက်သွားသော သူခိုးကတော့ ပြုံးပြုံးကြီးဖြစ်နေလေသည်။
“ငါ့ကို ဖမ်းလို့ မိမယ်များထင်နေလား… ငါက ဓားပြ၁၁နဲ့၁၂လို ခပ်ညံ့ညံ့ကောင်မဟုတ်ဘူးကွ…”
“မင်းတို့ကောင်တွေ ငါ့ကို မြင်ရလည်း ငါလွတ်အောင် ပြေးနိုင်တယ်ကွ”
“မင်းတို့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက ဟာသပဲ”
သူသည် ထိုအကြောင်းများကို တွေးမိပြီးနောက် မျက်မှောင်ကြုံ့သွားပါသည်။ ထို့နောက် သူ့ဆံပင်များထောင်ထသွားမတတ် ကြောက်စိတ်ဝင်လာပါသည်။
“ဘယ်သူပါလိမ့်”
သူသည် စူးရှပြင်းထန်သော လေချွန်သံကို ကြားလိုက်ရသည်။ ထိုအသံမှာ မြန်လွန်းသောကြောင့်၊ သူသည် လေချွန်သံထွက်ပေါ်လာရာကို မခန့်မှန်းနိုင်ပါ။
သူသည် သူ့ဆီသို့ ကျရောက်လာသည့်အရာကို မျက်မှောင်ကြုံ့ပြီး ကြည့်လိုက်မိသည်။
“အဲဒါဘာများလဲ”
“ပိုက်ကွန်ကြီးလားဟ”
“မဟုတ်ဘူး…ပိုက်ကွန်မဟုတ်ဘူး”
“ဘာပဲဖြစ်ဖြစ် လွတ်အောင်တော့ ရှောင်ရမှာပဲ”
သို့သော် ပိုက်ကွန်က သူခိုးနောက်မှ လိုက်ပါသွားသည်။ ထို့နောက် ပိုက်ကွန်နှင့် ထိုသူခိုးထိမိသံများထွက်ပေါ်လာသည်။
“ဝုန်း…”
အမှောင်ထဲတွင် ဆူညံစွာပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာသည်။ အားလံဒးကသည် ထိုအသံကြီးကို ကြားလိုက်ရသောအခါ တုန်လှုပ်သွားသည်။
ထို့နောက် ခံလိုက်ရသူမှာ တစစီဖြစ်သွားလောက်ပြီဟု တွေးလိုက်မိသည်။
သူခိုးကလည်း ပိုက်ကွန်ကျလာသည်နှင့် တပြိုင်နက် ပျံထွက်သွားသည်။ သူ့ကိုယ်မှ ထွက်နေသော လေတိုးသံများ ပျောက်ကွယ်သွား
သည်။ ထို့နောက် သူခိုးသည် ကြက်တစ်ကောင်ကို ကုပ်မှ ဆွဲကိုင်လိုက်သလို၊ ငြိမ်သက်သွားပါတော့သည်။
ထို့နောက် သူခိုးသည် မြေပေါ်သို့ ၂ပတ်၊၃ပတ်လောက်လိမ့်သွားပြီး၊ ပြုတ်ကျသွားသည်။
အော့ကတော့ စိုက်ခင်းထဲမှ ခုန်ထွက်လာပြီး၊ မြေပြင်ပေါ်တွင် ကျနေသော မီးအိမ်ကို ကြည့်လိုက်မိသည်။ သူသည် သူ့လူများအား သူခိုးကို ကြိုးတုပ်ထားရန် အချက်ပြလိုက်သည်။
ညွှန်ကြားစရာရှိသည်များကို ညွှန်ကြားပြီးသွားသောအခါ၊ အော့က ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်သည်။
ရှောက်ရွှမ်ကတော့ လက်ထဲတွင် ထူးဆန်းသည့် ပစ္စည်းတစ်မျိုးကို ကိုင်ထားပြီး တည်ငြိမ်စွာရပ်နေလိုက်သည်။ ထိုပစ္စည်း၏ အောက်ခြေပိုင်းမှာ လှံတံတစ်ချောင်း၏ လက်ကိုင်ရိုးနှင့် တူနေပြီး၊ အပေါ်ပိုင်းကတော့ လူနှစ်ရပ်စာလောက်ရှိ
သော ပိုက်ကွန်၁ခုနှင့် တူပါသည်။ အသေချာ အနီးကပ်ကြည့်မည်ဆိုလျှင်၊ ထိုပိုက်ကွန်မှာ မာကြောကျစ်လျစ်ကြောင်းတွေ့ရပါသည်။ ထိုပိုက်ကွန်သည် သာမာန်ကောက်ရိုးနှင့် ယက်လုပ်ထားသော ပိုက်ကွန်များလို ပျော့ပြောင်းမှုမရှိချေ။
အော့သည် ရှောက်ရွှမ်က ထိုပစ္စည်းကို ပန်းပဲခန်းထဲတွင် လုပ်နေတုန်းက၊ နားမလည်နိုင်ဖြစ်နေသည်။
ရှောက်ရွှမ်က အော့တို့သူ့ကို ကြည့်နေကြောင်း သိသွားသောအခါ၊ ရှောက်ရွှမ်သည် လက်ကိုင်ရိုးတပ်ထားသော ပိုက်ကွန်ကို ပြလိုက်သည်။
“ပျံနေတဲ့ ပိုးမွှားတွေကို ဖမ်းဖို့ လုပ်ထားတဲ့ပိုက်ကွန်လေဗျာ…ဒါပေမဲ့ ပထမဆုံးဖမ်းမိတာက သူခိုးပျံတစ်ယောက်ဖြစ်နေတာတော့ အံ့ဩစရာပဲ” ရှောက်ရွှမ်က ရယ်မောရင်း ပြောလိုက်သည်။
(ဆက်ရန်…)