← Chapters

အခန်း ၅၃၁

Vol. 36 Ch. 531

အခန်း ၅၃၁

Vol. 36 Ch. 531

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း( ၅၃၁)

ဂေါ်ဖီစိုက်ခင်းများထဲတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို ကျန်သူများက မသိလိုက်သော်လည်း၊ အသံများ ကြားလိုက်ကြသည်။ နောက်တစ်နေ့ရောက်ချိန်ကျမှ ကင်းအဖွဲ့က ဂေါ်ဖီထုပ်သူခိုးတစ်ယောက်ကို ဖမ်းမိကြောင်း သိသွားကြသည်။

ဒီလိုအချိန်မှာတောင် သူခိုးက ဂေါ်ဖီထုပ်ကို ခိုးသတဲ့လား။

လေလွင့်သူများက နားမလည်နိုင်ဖြစ်နေကြသည်။ လွယ်လွယ်ရယူနိုင်သော သီးနှံစိုက်ခင်းများရှိပါလျက်နှင့် ဘာကြောင့်၊ အစောင့်အရှောက်တင်းကျပ်သော ဂေါ်ဖီစိုက်ခင်းများကို ဝင်ခိုးရသနည်း။

တော်တော်ထူးဆန်းသည့် သူခိုးပင်။

တချို့လေလွင့်သူများက ထိုအကြောင်းများကို သိချင်နေကြသည်။ သို့သော် သူခိုးဝင်သွားသည့်အချိန်မှာ ကင်းအဖွဲ့စစ်သည်တော်များမှ လွဲပြီး ကျန်သူများအားလုံး အိပ်မောကျနေသည့် အချိန်ဖြစ်နေသည်။ သူတို့သည် အသံများကြားနေသော်လည်း၊ စစ်သည်တော်များရှိနေသောကြောင့် အပြင်ထွက်မကြည့်ဖြစ်ပါ။ သူတို့သည် ခွန်အားနည်းသူများဖြစ်သောကြောင့်၊ ၎င်းတို့ အပြင်ရောက်နေပြီး တစ်ခုခု မှားယွင်းသွားပါက၊ သူတို့သည် အသတ်ခံရမည် ဖြစ်သည်။

ထို့ကြောင့်၊ သူတို့သည် သိချင်စိတ်များကို မျိုသိပ်ထားပြီး အိမ်ထဲသို့သာ ပြန်ဝင်လာကြရသည်။

အစောင့်များထွက်ခွာသွားသောအခါ၊ အချို့သော လူများက ထိုနေရာသို့ပြန်ရောက်လာကြသည်။ လေလွင့်သူများကလည်း ထိုသူများကို သတိမထားမိကြပေ။

“မနေ့ညက ငါတို့တွေ ဘယ်သူတွေကို ဖမ်းမိလဲ မင်းတို့ သိရဲ့လား” တစ်ယောက်က မေးလိုက်သည်။

“မနေ့ညက ကြားတဲ့အသံတွေအရဆိုရင်တော့၊ ငါထငထ်တာ ဓားပြ၇ဖြစ်မယ်ထင်တယ်… ငါသိသလောက်ဆိုရင်တော့ အဲဒီသူခိုးက ဂေါ်ဖီစိုက်ခင်းတွေကို ချောင်းနေတာ ကြာလှပြီ” နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။ သူ့အသံမှာ လည်ချောင်းနာနေသော အသံမျိုးဖြစ်သည်။သူ့အသံကို ကြားရသူများမှာ စိတ်မချမ်းမသာ ဖြစ်သွားကြသည်။

“ဓားပြ၇လား… မဖြစ်နိုင်ဘူး” ရှောက်ရွှမ်သည် ရှိပါက၊ ထိုအသံသည် မည်သူ့အသံဖြစ်ကြောင်းကို သိနိင်မည် ဖြစ်သည်။ ထိုစကားကို ပြောလိုက်သူသည် ရှောက်ရွှမ်ဖမ်းမိခဲ့သော ဓားပြ၁၁ဖြစ်သည်။

“ငါတို့အားလုံးထဲမှာ၊ ဓားပြ၇က

ကိုယ်ယောင်ဖျောက်တာအတော်ဆုံးပဲ… သူ့ကို လူတွေ တွေ့သွားရင်တောင်၊ ဒီကောင်က လွတ်အောင် ပြေးနိုင်မှာပဲ… အဲဒီတော့ ညကသူခိုးက ဓားပြ၇မဖြစ်နိုင်ဘူး” ဓားပြ၁၂က ကောက်ချက်ချလိုက်သည်။

ပထမလူမှာ ခဏတိတ်ဆိတ်သွားသည်။ သူသည် မတ်တပ်ထရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ “ဒါပေမဲ့ ဓားပြ၇ က အခုထိပေါ်မလာသေးဘူး…. သူက ငါတို့နဲ့ တစ်ဖွဲ့တည်းအဖြစ်ပေါင်းဖို့ ငြင်းဆိုထားတယ်…သူမလာချင်ဘူးဆိုရင်လည်း အကြောင်းတော့ကြားသင့်တာပေါ့”

ထိုစကားများကို ကြားသောအခါ၊ ကျန်သူများမှာ တိတ်ဆိတ်သွားသည်။

သူတို့သည် ထိုအကြောင်းများကို သိပ်မယုံချင်ကြသလို၊ ညက ဝင်လာသော သူခိုးမှာလည်း ဓားပြ၇သာဖြစ်သည်။

ဓားပြ၇သာ တကယ်ဖမ်းမိသည်ဆိုပါက၊ သူတို့ဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပါ။

အခြေအနေတော်တော်ဆိုးပါသည်။

နောက်နာရီဝက်လောက်ကုန်ဆုံးသွားသောအခါ၊ သူတို့သည် ဓားပြ၇ကို မမြင်လိုက်ကြရတော့ပါ။

“သူပဲ ဖြစ်ရမယ်” အက်ကွဲသော အသံကြီးက ဖြည်းညှင်းစွာ ပြောလိုက်သည်။ သူ့အသံကိုကြားလိုက်ရသောသူများသည် ကြက်သီးများပင် ထသွားတော့သည်။

အားလုံးမှာ ကိုယ့်အတွေးနှင့်ကိုယ် စိတ်များရှုပ်ထွေးနေကြသည်။

“ငါတို့တွေ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရဲ့ ရွာထဲမှာ ကြာကြာဆက်နေလို့ မရတော့ဘူး…တခြားနေရာတစ်ခုကို ရှာမှ သင့်တော်မယ်” ပထမလူက ပြောလိုက်သည်။

သူတို့အားလုံးသည် ဓားပြ၇ကို ကယ်တင်ရန် စိတ်ကူးမရှိကြသေးပါ။

“ရဲဘော်ရဲဘက်များလား”

မဖြစ်နိုင်ပါ၊ ဓားပြများဆိုသည်မှာ ကိုယ်လွတ်ရုန်းလေ့ရှိကြသူများသာ ဖြစ်ကြသည်။

ညက ဖမ်းမိသော သူခိုးကတော့ အရည်အချင်းမပြည့်သောကြောင့်လား၊ ကံမကောင်းသောကြောင့်လား သူတို့လည်း မသိပါ။ အဖွဲ့ထဲတွင်၊ အပျော်ဆုံးလူမှာ ဓားပြ၁၁ပင် ဖြစ်သည်။ ဓားပြ၇သာ မရှိတော့ဘူးဆိုလျှင်၊ ဓားပြ၁၁မှ အဖွဲ့ထဲမှ ထိပ်ဆုံးလူဖြစ်တော့မည် ဖြစ်သည်။

ထိုသို့ဖြစ်လာလျှင်တော့ သူ့အတွက် အကောင်းဆုံးပင် ဖြစ်သည်။

အခြားသူယောက်ကတော့ ဓားပြ၇အကြောင်း

ကို စိတ်ပင်မဝင်စားပါ။ ဓားပြ၁၁နှင့် ဓားပြ၁၂တို့သည် ထိုအကြောင်းများကို တွေးလည်းမတွေးချင်ပါ။ သူတို့ပင် ပြီးခဲ့သောအခေါက်က ကံကောင်းသောကြောင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များလက်မှ လွတ်မြောက်လာခြင်းဖြစ်သည်။ သူတို့ကို ရှောက်ရွှမ်က ခံဝန်ကတိများတောင်းပြီး ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

နောက်တစ်ခါသာ ပြန်ဖမ်းမိမည်ဆိုပါက၊ လွတ်မြောက်ရန်မှာ လွယ်တော့မည် မဟုတ်ပါ။

အခုအချိန်သည်တွန့်ဆုတ်နေရန် အချိန်မဟုတ်ပါ။ သူတို့လမ်းခွဲပြီးသောအခါ၊ အားလုံးသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ရွာမှ စွန့်ခွာလာကြပြီး သားရဲများပျော်စံရာမြေသို့ ဝင်သွားကြသည်။

ထိုအချိန်တွင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် တောအုပ်ထဲက ၎င်းတို့ပိုင်နက်ထဲမှ အိမ်တစ်လုံးတွင်တွင်စုဝေးနေကြသည်။

ခြေလက်လေးဖက်စလုံးကို ကြိုးနှင့်တုပ်ထားသောသူကတော့ လွတ်သွားပြီဖြစ်သည်။

ဓားပြ၇နိုးလာသောအခါ၊ သူ့အရိုးများမှ ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာသည်။ လှုပ်ရှားလိုက်သည့်အချိန်တိုင်း၊ သူ့တကိုယ်လုံးနာကျင်နေပါသည်။ သူ့ပါးစပ်ထဲမှ သွေးများယိုစီးကျနေဆဲဖြစ်ပြီး၊ သူ့မျက်နှာတစ်ခုလုံးမှာ ယောင်ကိုင်းနေပါသည်။ သူသည် အနည်းငယ်မူးဝေနေသလို၊ အမြင်များလည်း ဝေဝါးနေသည်။ သူသည် ပတ်ဝန်းကျင်ကို ကောင်းစွာမမြင်ရသေးပါ။

ပါးစပ်ထဲတွင် သွေးအရသာများစွဲနေပြီး၊ ခါးသက်သော ဆေးအရသာများလည်း စွဲနေသေးပါသည်။ သူသည် ထိုဆေးမြစ်မှာ ဘာဆေးမြစ်ဖြစ်လဲသိပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက သူ့ကို အခုချက်ချင်းတော့ မသေစေချင်သေးပါ။ သူတို့သည် သူ့ဆီမှ လိုချင်သော အရာရှိနေသေးသောကြောင့်၊ သူ့ကို မသေအောင်

ဆေးများ တိုက်လိုက်ခြင်း ဖြစ်သည်။

ဓားပြ၇သည် ဘေးပတ်ဝန်းကျင်ကို သေချာစစ်ဆေးကြည့်လိုက်ပြီး၊ လွတ်လမ်းကို ရှာဖွေနေသည်။ အခြားသူ့အဖော်များက သူ့ကို လာကယ်မည် မဟုတ်ကြောင်းကို သူသိထားပါသည်။ ထို့ကြောင့် သူသည် အသက်ရှင်ချင်ပါက၊ ကိုယ့်အားကိုယ်ကိုးရန်သာ ရှိသည်။

သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအား မည်ကဲ့သို့ လှည့်စားလျှင် ကောင်းမလဲစဉ်းစားနေပါသည်။

အမှန်တော့ သူသည် အတွက်အချက်လွဲသွားခြင်း ဖြစ်သည်။ သူသည် သူ့ကိုယ်သူ အထင်ကြီးစိတ်များသွားသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူ့ကို ထိုကဲ့သို့ အလဲထိုးနိုင်မည် မဟုတ်ဟုထင်ထားခြင်း ဖြစ်သည်။ ထို့ပြင် သူ့ကို တိုက်ခိုက်လာသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်သည် မြန်ဆန်လွန်းလှသည်။ သူသည် ရှောင်ရန် အချိန်မရလိုက်ပဲ၊ အတိုက်ခိုက်ခံလိုက်ရခြင်း

ဖြစ်သည်။

အခုတော့ သူ့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေပြီဖြစ်သည်။

သူသည် ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာရထားသလို၊ မျက်နှာပေါ်တွင်လည်း ဒဏ်ရာများရထားသည်။ သူသည် လျင်မြန်သော်လည်း၊ ခွန်အားပိုင်းတွင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို မယှဉ်နိုင်ပါ။ သူသည် ငှက်လေးတစ်ကောင်လို ပေါ့ပါးသွက်လက်သော်လည်း၊ အထိမခံနိုင်သောသူဖြစ်သည်။

“ ဂေါ်ဖီထုပ်လေးတစ်ခါသွားခိုးမိပါတယ်… ဒီလောက်ခံရမယ်လို့ ငါထင်မထားဘူး” သူခိုးက သက်ပြင်းချလိုက်သည်။

သူသည် ကျောက်တုံးအိမ်ကြီးကို လှည့်ပတ်ကြည့်လိုက်သည်။ အိမ်ထဲတွင်တော့ အခြားလူများလူတချို့ရှိနေပါသည်။ ဓားပြ၇ပင်လျှင် သူတို့ကို မမြင်ရပါ။ သူသည် အသက်ရှူသံများကို

နားထောင်ပြီး အိမ်ထဲမှ လူများမှာ ဘယ်သူဖြစ်ကြောင်းကို ခွဲခြားနိုင်ပါသည်။သူသည် အမှောင်ထဲတွင် လှုပ်ရှားနေကျသူခိုးတစ်ယောက်ဖြစ်သောကြောင့်၊ သူသည် အသက်ရှူသံများကို နားထောင်ပြီး၊ လူများကို ခွဲခြားနိုင်ပါသည်။

ကျောက်သားအိမ်တော်ထဲမှ လူများထဲတွင်၊ တစ်ယောက်မှာ ညကလှံတံကို ပစ်လိုက်သောသူဖြစ်သည်၊ အခြားတစ်ယောက်မှာ သူ့ကိုယ်အန္တရာယ်ရှိကြောင်း သတိပေးသွားသူဖြစ်သည်။

“မင်းသတိရလာပြီလား” ထိုအချိန်တွင် ထူးဆန်းသော အသံတစ်ခုက ထွက်ပေါ်လာသည်။

ကျန်းလော်သည် သတိကောင်းစွာမရသေးသော လူဆီသို့ လျှောက်သွားလိုက်သည်။ သူသည် မျက်နှာကြီးယောင်ကိုင်းနေသော သူခိုးကို လှမ်းကြည့်လိုက်သည်။ သူ၏ မူလမျက်နှာကို ပုံဖမ်း၍မရလောက်အောင် မျက်နှာမှာ ယောင်ကိုင်းနေပါသည်။

“မင်းက ဓားပြ၇လား” ကျန်းလော်က မေးလိုက်သည်။

သူခိုးမှာ ခဏလောက်ကြောင်တောင်တောင်ဖြစ်နေသည်။ သူသည် ရန်သူများက သူ့ကို သိမည်ဟုထင်မထားပါ။ သူ့အကြောင်းကို သိသူများမှာ သူနှင့် ရင်းနှီးသူများသာ ရှိပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ရွာသို့ ခိုးဝင်လာချိန်တွင်၊ အသုံးမကျသော သူ၂ယောက်ကတော့ အဖမ်းခံလိုက်ရသည်။ ထိုသူများမှာ ဓားပြ၁၁နှင့် ဓားပြ၁၂တို့ဖြစ်ကြသည်။

ဓားပြ၇သည် သူ့ကို ချောက်တွန်းသွားသော ဓားပြ၂ယောက်အကြောင်းကို သတိထားမိသွားသည်။ သူသည် အခုအခြေအနေမှ လွတ်မြောက်ရန်လည်း မလွယ်ကူတော့ပါ။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ခန့်မှန်း၍မရသောသူများဖြစ်သည်။ ထိုသူများသည် လူသားစားသူများဖြစ်နေမလား၊ သူ့ကိုပဲ

ချက်စားတော့မလား တွေးပြီး ကြောက်နေပါသည်။ ဂေါ်ဖီထုပ်နဲ့ရောပြီး စားလိုက်ရင်တော့ ဒုက္ခပါပဲ…။

နေဦး…အခုအချိန်က ဂေါ်ဖီထုပ်အကြောင်း စဉ်းစားရမယ့်အချိန်မဟုတ်သေးဘူး။

“ကျွန်တော့် နံပါတ်က ၇ပါ…” သူခိုး ကျန်းလော်ကို မငြင်းတော့ပါ။

အမှန်တော့ သာမန်အခြေအနေမျိုးဆိုလျှင်၊ ထိုလူများသည် ဓားပြနံပါတ်ကို ဂုဏ်ယူဝံ့ကြွားစွာပြောလေ့ရှိသည်။ သို့သော် ၎င်းတို့သည် အောင်မြင်စွာ ခိုးယူနိုင်မှသာ ဂုဏ်ယူကြခြင်းဖြစ်သည်။ လူများက သူတို့နာမည်များကို ထုတ်ဖော်ပြောသောအခါ၊ အပြစ်မရှိသော မျက်နှာထားများ လုပ်ပြလေ့ရှိကြသည်။ သို့သော် အခုအခြေအနေက အရင်နှင့်မတူတော့ပါ၊ သူသည် ခိုးယူမှုမအောင်မြင်သည့်အပြင် သေလုမျောပါးဖြစ်သည်အထိ ရိုက်နှက်ခံထားရသည်။

ဓားပြ၇သည် ကျန်းလော်ကို ကြည့်နေရာမှ သူ့နောက်မှ လူများကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်မိသည်။

“အဲဒီကောင်စုတ်လေးက ငါ့ကို အလဲထိုးသွားတဲ့ကောင်လား”

ဓားပြ၇က စိတ်ထဲမှ မှတ်ထားလိုက်သည်။

“ငါတို့ ပိုင်နက်ထဲကို ခိုးဝင်လာတာ မင်းမှာ ဘာရည်ရွယ်ချက်ရှိလဲ” ကျန်းလော်က လှမ်းမေးလိုက်သည်။

“ရည်ရွယ်ချက်လား”

ဓားပြ၇ဟင်းသီးဟင်းရွက်များကို ခိုးယူရန်ဟု ဖြေလိုက်ချင်သော်လည်း၊ ထိုလူများက သူ့ကို ယုံကြည်မည် မဟုတ်ကြောင်းကို သိထားသည်။ ထိုသို့ ဖြေဆိုလိုက်ခြင်းကြောင့်လည်း သူသည် လွတ်မြောက်မည် မဟုတ်ပေ။

ဓားပြ၇က အကြည့်များကို လွှဲဖယ်လိုက်ပြီး၊ “ကျူပ်ရည်ရွယ်ချက်က ခင်ဗျားတို့ ရွာမှာလာနေတဲ့ လေလွင့်သူတွေလိုပါပဲ…ခင်ဗျားတို့ကို အားကိုးချင်လို့ပါ”

ကျန်းလော်နှင့် အော့တို့က ရှောက်ရွှမ်ကိုလှမ်းကြည့်လိုက်သည်။ ထိုသူ၏ အဖြေသည် ဟွေမျိုးနွယ်စုဝင်များပေးသော အဖြေနှင့် တူနေသည်။

ကျန်းလော်သည် သူ့လက်ထဲမှ ဓားဖြင့်၊ ဓားပြ၇လည်ပင်းကို ထောက်ထားလိုက်ပြီး “မင်းဘာကို လာရှာတာလဲ ပြောစမ်း”ဟုမေးလိုက်သည်။

အေးစက်နေသော ဓားသွားကို ကြည့်ပြီး သူခိုးက တုန်လှုပ်သွားသည်။ သို့သော် သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်ပြီး၊ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် “အကိုကြီးမှားမယ်နော်… ခင်ဗျားတို့က ကျုပ်ကို ခြိမ်းခြောက်ရင် ကျုပ်က ဘာမှဖြေမှာ မဟုတ်တော့ဘူး… ခင်ဗျားတို့ရွာထဲမှာ ရှိတဲ့လူ

တွေဆီကနေလည်း ခင်ဗျားတို့လိုချင်တဲ့ အဖြေကို ရမယ်မထင်နဲ့… သူတို့က ဘာမှသိတာ မဟုတ်ဘူး”

“ကျောက်ကုန်းမြို့တော်က ဘာကိုလာရှာနေတာလဲ” ရှောက်ရွှမ်က လှမ်းမေးလိုက်သည်။

ဓားပြ၇သည် ရှောက်ရွှမ်အား အံ့ဩစွာ ကြည့်လိုက်သည်။သူသည် အမှန်ကို ပြောလိုက်ရန် စိတ်ကူးမိသွားပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ကျောက်ကုန်းမြို့တော်အကြောင်းကို သိချင်နေမည်ဆိုလျှင်၊ သူတို့နှင့် ညှိနှိုင်းရမည်မှာ လွယ်သွားမည် ဖြစ်သည်။ သို့သော် ရှောက်ရွှမ်က ထိုကဲ့သို့ တည့်ကြီးပြန်ပြောလိမ့်မည်ဟုတော့ မျှော်လင့်မထားပါ။ သူသည် ရှောက်ရွမ်က ဘာကြောင့် ကျောက်ကုန်းမြို့တော်ဟု အတိအကျပြောနေကြောင်းကို သိချင်နေသည်။ ကြည့်ရသည်မှာ ထိုချာတိတ်စုတ်လေးသည် ပြင်ပမျိုးနွယ်စုဝင်များဆီမှ သိလာခြင်းဖြစ်ပေလိမ့်မည်။

သူတို့အခုလိုလုပ်နေခြင်းမှာ ကျောက်ကုန်း

မြို့တော်မှ လူများက တစ်ခုခုပြောလိုက်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

“ပြောပြရင် ကျွန်တော့်ကို လွှတ်ပေးမှာလား” ဓားပြ၇က မေးလိုက်သည်။

ကျန်းလော်က မျက်မှောင်ကြုတ်သွားသည်။ “ဒီကောင်က ဒီလိုအခြေအနေမှာတောင် ငါတို့နဲ့ အပေးအယူလုပ်ချင်နေသေးတယ်” သို့သော် ကျန်းလော်က “အေး…လွှတ်ပေးမယ်”ဟုပြောလိုက်သည်။

“ခင်ဗျားကတိပေးတာက မြန်လွန်းတယ်… ကျုပ်တော့ ခင်ဗျားကို မယုံဘူး” သူခိုးသည် ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ရှောက်ရွှမ်မှာလည်း သိပ်စိတ်မချရဟု သဘောရသောကြောင့်၊ နတ်ဆေးဆရာ၂ယောက်ကို လှမ်းကြည့်လိုက်သည်။

“လွှတ်ပေးမှာပါ” နတ်ဆေဆးဆရာ အိုကြီးက ခေါင်းညိတ်ပြလိုက်သည်။

“အရှင်နတ်ဆေးဆရာ…” အော့က သဘောမတူပါ၊ သူကတော့ ထိုကဲ့သို့ သူခိုးမျိုးကို ရှင်းပစ်သင့်သည်ဟု ယူဆထားသည်။ သူ့ကို လွှတ်ပေးလိုက်လျှင်၊ နောက်တခါလာခိုးဦးမည်သာဖြစ်သည်။

နတ်ဆေးဆရာက အော့အား ခဏရပ်နေရန် အချက်ပြလိုက်သည်။ သူသည် သူ့နားတွင်ထိုင်နေသော နတ်ဆေးဆရာမကြီးအားလှမ်းကြည့်လိုက်ပြီး “ခင်ဗျားဘယ်လိုသဘောရလဲ” ဟုမေးလိုက်သည်။

“လွှတ်ပေးလိုက်ပါ” နတ်ဆေးဆရာမကြီးက သဘောတူလိုက်သည်။

သူတို့သည် သူခိုးကို လွှတ်ပေးလိုက်လျှင် နောက်တကြိမ်လာခိုးဦးမည်ဆိုသည်ကို သိသော်လည်း၊ သူတို့ သိချင်နေသောသတင်းကို ရမည်ဖြစ်သောကြောင့် လွှတ်ပေးလိုက်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူတို့သည် ကျောက်ကုန်းမြို့တော်နှင့် ကန္တာရဘုရင်တို့ ဘာတွေကြံစည်နေ

သလဲဆိုတာကို သိချင်နေသည်။ ထိုသူများသည် သားရဲများပျော်စံရာမြေကို သိမ်းပိုက်ရန် ကြံစည်နေခြင်းများလား။

ဓားပြ ၇သည် နတ်ဆေးဆရာဟူသော စကားကို ကြားလိုက်ရသောအခါ၊ မျက်လုံးများ အရောင်တောက်သွားသည်။

အခြားလူများဆိုလျှင် သိပ်စိတ်မချရသော်လည်း၊ နတ်ဆေးဆရာတစ်ယောက်၏ စကားကတော့ ယုံကြည်စိတ်ချရပါသည်။

လွတ်မြောက်မည်အခွင့်အရေးပေါ်လာသောအခါ၊ ဓားပြ၇သည် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာသည်။ သူသည်လည်ချောင်းကို ရှင်းလိုက်ပြီး “ ကျောက်ကုန်းမြို့တော်က လူတွေက သတ္တဝါတစ်ကောင်ကို ရှာနေတာ… သူတို့ရှာချင်နေတဲ့သတ္တဝါက သားရဲများပျော်စံရာမြေမှာ ရှိနေတယ်” ဟုပြောလိုက်သည်။

“သူတို့က ဘာကောင်ကို ရှာနေတာလဲ” ကျန်း

လော်က မေးလိုက်သည်။

“မျက်နှာစိမ်းသားရဲကြီး”

(ဆက်ရန်…)

All Chapters