အခန်း ၅၃၂
Vol. 36 Ch. 532
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၅၃၂) မယုံကြည်နိုင်ခြင်း
ထိုနာမည်ကို ကြားသောအခါ၊ နတ်ဆေးဆရာ၂ယောက်သည်စိတ်များလှုပ်ရှား သွားကြသည်။ ကျန်းလော်ဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့ပါ။
ဓားပြ၇က ထိုသားရဲအကြောင်းကို ပြောသောအခါ၊ ကျန်းလော်သည် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်တော့ပါ။
ထိုအချိန်တွင် ထိုအကြောင်းကိုပြောနေသော ဓားပြ၇ကတော့ တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။
ဓားပြ၇က မျှော်လင့်ထားသည်မှာ ကျန်းလော်တို့သည် စိတ်ရှုပ်ထွေးသွားမည်ဟူ၍ ဖြစ်သည်။ အံ့ဩသွားမည်ဟုတော့ ထင်မထားပါ။ သို့သော် ၎င်းတို့ကိုကြည့်ရသည်မှာ ထိုအကြောင်းကို သိနှင့်
ပြီးသားနှင့် တူနေပါသည်။
ထိုအကြောင်းအရာများကို ကျောက်ကုန်းမြို့တော်မှ လူများမှလွဲပြီး အခြားလူများ မသိထားကြပါ။
နှစ်ပေါင်းများစွာ မောက်မာလာကြသော ကျွန်ပိုင်ရှင်များပင်လျှင် ထိုအကြောင်းများကို မသိကြသေးပါ။ ကျောက်ကုန်းမြို့တော်မှ ရှီမိသားစုမှ လွဲပြီး၊ ထိုအကြောင်းများကို အခြားသူများက မသိထားပါ။ ကန္တာရအပြင်ဘက်မှ မျိုးနွယ်စုဝင်များသည်လည်း သိမထားပါ။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ထိုအကြောင်းများကို ဘယ်လိုလုပ်ပြီး သိသွားကြသနည်း။
ဓားပြ၇က အနည်းငယ် စိတ်ပူသွားသည်။
ရှောက်ရွှမ်သည် ဓားပြ၇အနေနှင့် ၎င်းတို့ကို ထို
ကဲ့သို့ အဖြေမျိုးပေးလိမ့်မည်ဟု မျှော်လင့်မထားပါ။
သူသာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအား လုံးဝယုံကြည်ထားခြင်းမရှိလျှင်၊ ရှောက်ရွှမ်သည် သူတို့ထဲတွင် သူလျှိုတစ်ယောက်ရှိနေမည်ဟု ထင်မိမည်ဖြစ်သည်။
ရှောက်ရွှမ်သည် မျက်နှာစိမ်းသားရဲကြီးအကြောင်းကို ကုန်းကျားဟုန်ဆီမှ ကြားဖူးထားခြင်း ဖြစ်သည်။ ကျောက်ကုန်းမြို့တော်မှ ရှီမိသားစုဝင်များက ထိုအကြောင်းများကို ဘယ်လိုလုပ်ပြီး သိသွားသနည်း။
သူတို့သည် ထိုအကြောင်းများကို သိထားသည်မှာ ကြာပြီဆိုလျှင်၊ ဘာကြောင့် ထိုသားရဲကြီးအား လိုက်မရှာကြသနည်း။
“ရှီမိသားစုက မျက်နှာစိမ်းသားရဲကြီးကို ရှာမတွေ့သေးဘူး”
ဓားပြ၇သည် ထိုအချိန်မှ သတိပြန်ဝင်လာသည်။ ဓားပြ၇သည် သူ့အနေနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအား တပတ်ရိုက်၍ မရကြောင်း သိသွားပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူထင်ထားသည်ထက် ပိုသိနေသည် မဟုတ်ပါလား။ အခုတော့ သူ့အနေနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် ညှိနှိုင်းကြည့်ရန်သာရှိတော့သည်။
“တကယ်ဆိုရင် ရှီမိသားစုဝင်တွေက မျက်နှာစိမ်းသားရဲကြီးကို လူလွှတ်ပြီးရှာခိုင်းနေတာ ကြာလှပြီ ဒါပေမဲ့ အခုထိတော့ မတွေ့ကြသေးဘူး… ကန္တာရထဲက မြို့တော်တွေထဲမှာ ကျောက်ကုန်းမြို့တော်က ကျွန်တွေအများကြီးလွှတ်ပြီး အဲဒီသားရဲကြီးကို လိုက်ရှာနေကြတယ်…ဒါပေမဲ့ ကျောက်ကုန်းမြို့တော်က လူတွေက အဲဒီအကြောင်းကို တခြားလူတွေကို သိမသွားစေချင်ကြဘူး”
ရှောက်ရွှမ်သည် တစ်စုံတရာကို ပြန်မှတ်မိသွားသည်။ လွန်ခဲ့သော အချိန်တစ်ခုက၊ သူသည် ကျွန်
များစုဆောင်းသောနေရာတစ်ခုတွင် ရှီရှူနှင့် တွေ့ဆုံခဲ့ပါသည်။ သို့သော် ကျောက်ကုန်းမြို့တော်တွင် ကျွန်များစုဆောင်းသော နေရာများစွာရှိပါသည်။ ၎င်းတို့သည် ကျွန်များကို နေရာအနှံ့တွင် ဖြန့်ကျက်ထားလေ့ရှိသည်။ သို့သော် သူတို့သည် မျက်နှာစိမ်းသားရဲကိုတော့ စက္ကန့်မလပ် လိုက်ရှာနေကြခြင်းဖြစ်သည်။
သားရဲများပျော်စံရာမြေသို့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရောက်လာခါစတုန်းကဆိုလျှင်၊ လူသူသိပ်မရှိသေးပါ။ တောအုပ်ထဲသို့ ဝင်ထွက်သွားလာသည့်သူများကိုလည်း ဘယ်သူကမှ မသိကြပါ။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရောက်လာကြသောအခါ၊ ကျောက်ကုန်းမြို့တော်သည် ကန္တာရတစ်ခုလုံးကို သိမ်းပိုက်ရန် ခြေလှမ်းပြင်လာကြသည်။ သို့သော် ၎င်းတို့သည် တောအုပ်ကို သိမ်းပိုက်ရန်တော့ အချိန်မရသေးပါ။ ထို့ပြင် သားရဲများပျော်စံရာမြေသည် ကျယ်ပြန့်လှသောကြောင့်၊၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ အမဲလိုက်သည်ဆိုလျှင်တောင် တတောလုံးနှံ့အောင် လိုက်နိုင်မည် မဟုတ်ပါ။
သို့သော် အခုတော့ အခြေအနေများက ပြောင်းလဲသွားပြီဖြစ်သည်။ ၎င်းတို့သည် ယခင်ကလို စိတ်ရှိတိုင်း ပြုမူ၍မရတောပါ။
သို့သော် ရှောက်ရွှမ်သည် ကျောက်ကုန်းမြို့တော်မှလူများသည် စိတ်ဖိစီးမှုများကို ခံစားနေရမည်ဆိုတာကို သိနေပါသည်။
“မျက်နှာစိမ်းသားရဲကြီးကို ဘာလိ့ အဲဒီလိုပုံပေါက်နေတာလဲ” ကျန်းလော်နှင့် အော့တို့ သက်ပြင်းကိုယ်စီချလိုက်သည်။ ထိုသားရဲကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှ အရည်အသွေးကောင်းသော လက်နက်များ ပြုလုပ်နိုင်သည်ကို သိထားသောကြောင့်၊ ၎င်းတို့သည် ထိုသားရဲကြီးကို စိတ်ထဲမှ လိုချင်တပ်မက်နေကြသည်။ သို့သော် ကံမကောင်းသောကြောင့်၊ ၎င်းတို့သည် ထိုသားရဲကြီးကို ရှာမတွေ့ကြသေးပါ။ သူတို့သည် ထိုသားရဲကြီး၏ အကျင့်လက္ခဏာများကို သိထားမည်ဆိုလျှင်တော့၊ ရှာတွေ့ကောင်းတွေ့နိုင်မည် ဖြစ်သည်။
ဓားပြ၇သည် မျက်နှာက ဟန်ဆောင်ထားသော်လည်း၊ စိတ်ထဲကတော့ တွက်ချက်မှုများ ပြုလုပ်နေပါသည်။
“ငါကိုယ်တိုင် အပင်ပန်းခံပြီးလိုက်ရှာမယ့်အစား သူတို့တွေလိုက်ရှာတာကို စောင့်နေလိုက်မယ်…သူတို့ရှာတွေ့ပြီဆိုမှ သူတို့ဆီကနေ ပြန်ခိုးလိုက်မယ်” ဓားပြ၇က တွေးနေသည်။
ဒဏ်ရာကျက်သွားလျှင် အနာကို မေ့သွားတတ်သည်ဟု ဆိုကြပါသည်။ အခုတော့ သူသည် ကြိုးဖြင်တုပ်ခံထားရသော်လည်း၊ နောက်တစ်ကြိမ်ခိုးယူရန်အတွက် စဉ်းစားနေပြီ ဖြစ်သည်။
“ကျွန်တော် မြင်ဖူးထားတဲ့ မျက်နှာစိမ်းသားရဲကြီးပုံရှိတယ်… ဒါပေမဲ့ လက်တွေကို ကြိုးနဲ့တုပ်ထားတော့ ကျွန်တော်ဘယ်လိုလုပ်ပြီးဆွဲပြလို့ရမှာလဲ” ဓားပြ၇က သူ့ကိတုပ်နှောင်ထားသော ကြိုးများကို ဖြေပေးအောင် ပရိယာယ်ဆင်လိုက်သည်။ ကြိုးမှာ ခိုင်ခံ့လွန်းသောကြောင့်၊ ရုန်းလေ
ပိုတင်းကျပ်လေဖြစ်နေသည်။ သူသည် စိတ်ထင်တိုင်းလှုပ်ရှား၍မရသောကြောင့်၊ စိတ်မသက်မသာဖြစ်နေလေသည်။
ကျန်းလော်က နတ်ဆေးဆရာ၂ယောက်ကို ကြည့်လိုက်သောအခါ၊ ၂ယောက်လုံးက ခေါင်းငြိမ့်ပြလိုက်သည်။ ထို့ကြောင့် ကျန်းလော်သည် ဓားပြ၇ကို တုပ်နှောင်ထားသော ကြိုးများကို ဖြေပေးလိုက်သည်။
ရှောက်ရွှမ်သည် ဓားပြ၇အား လက်တစ်ဝါးစာလောက်ရှိမည်ဖြစ်သော သစ်ရွက်တစ်ရွက်နှင့် စုတ်တံတစ်ချောင်းကို ပေးလိုက်သည်။ ထိုအရာများသည် ရှောက်ရွှမ်ကိုယ်တိုင် ပြုလုပ်ထားသော အရာများဖြစ်သည်။ ရှောက်ရွှမ်သည် ဓားပြ၇ဆီမှ သတင်းများကို ရယူရန် ကြိုတင်စီမံထားခြင်းဖြစ်သည်။သို့သော် ဓားပြ၇က သူသိထားသော သတင်းများအကြောင်းကို လွယ်ကူစွာ ပြောပြမည်ဟုတော့ မျှော်လင့်မထားပါ။ ဓားပြ၇ကတော့ ဘာမှ ထိန်ချမ်မထားဘဲ၊ သူသိထားသမျှကို ပြောပြတော့မည် ဖြစ်သည်။
လက်မှ ကြိုးများကို ဖြေပေးပြီးသွားသောအခါ၊ ဓားပြ၇က သူ့ခြေထောက်မှ ကြိုးများကို ဖြေပေးရန် ကျန်းလော်ကို လက်ဟန်ခြေဟန်နှင့်ပြလိုက်သည်။
သူသည် မလွတ်မလပ်ဖြစ်နေလျှင် ပုံကို ကောင်းစွာ ဆွဲပြနိုင်မည် မဟုတ်ပါ။
ခဏလောက်တွေးပြီးနောက်တွင်၊ ကျန်းလော်သည် ၎င်း၏ ခြေထောက်တွင် ချည်ထားသော ကြိုးများကို ဖြေပေးလိုက်သည်။ ထို့နောက် ကျန်းလော်သည် ၎င်းအား မြေကြီးပေါ်တွင် ထိုင်ခိုင်းလိုက်သည်။
“သေချာဆွဲနော်” အော့က သိပ်စိတ်မရှည်တော့ပါ။ သူသည် ဓားပြ၇မှာ ကောက်ကျစ်သူတစ်ယောက်ဖြစ်သည်ဟု ခံစားနေရသောကြောင့် သိပ်မယုံချင်ပါ။ နတ်ဆေးဆရာကသာ တားထားခြင်းမဟုတ်လျှင်၊ သူသည် ဓားပြ၇ကို သတ်ပစ်လိုက်သည်မှာ ကြာပြီဖြစ်သည်။ အခုတောင် ထို
ဓားပြ၇သည် သူတို့လက်ထဲရောက်နေသော်လည်း၊ စကားပြောပုံမှာ အချိုးသိပ်မပြေပါ။
ဓားပြ၇သည် သူ့ကို သတ်ချင်နေသော အော့အား လျစ်လျူပြုထားလိုက်သည်။ သူသည် နတ်ဆေးဆရာ၂ယောက်က အဓိက အရေးပါသူများဖြစ်ကြောင်းကို သိထားပါသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဘာကြောင့် နတ်ဆေးဆရာ၂ယောက် ရှိနေလဲဆိုတာကိုတော့ သူလည်း မသိပါ။ သို့သော် နတ်ဆေးဆရာ၂ယောက်က သူ့ကို လွှတ်ပေးရန် ကတိပေးထားသောကြောင့်၊ သူသာ ၎င်းတို့အတွက် အသုံးဝင်မည့် သတင်းအချက်အလက်များကို ပေးနိုင်မည်ဆိုလျှင် သူ့အနေနှင့် အသက်ချမ်းသာရာရမည် ဖြစ်သည်။
ဓားပြ၇သည် အချုပ်အနှောင်မှ လွတ်လာသောအခါ၊ ခံစားနေရသော ဝေဒနာများကြောင့် မျက်နှာမှာရှုံ့မဲ့နေပါသည်။ သူ့အရိုးများဆီမှ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်နေသံများကိုလည်း ကြားနေရ
သည်။
သူ့လက်တစ်ဖက်သည် ကျိုးနေသောကြောင့်၊ အကောင်းအတိုင်းကျန်နေသာ လက်တစ်ဖက်ဖြင့်သာ ပန်းချီပုံကို ဆွဲနိုင်ပါသည်။
ဝေဒနာကို ကြိတ်မှိတ်ခံရင်း၊ ဓားပြ၇သည် သူမြင်ဖူးထားသော မျက်နှာစိမ်းသားရဲပုံကို ပြန်စဉ်းစားနေမိသည်။ ထို့နောက်တွင်တော့ သူသည် အကောင်းဆုံးကြိုးစား၍ စတင်ရေးဆွဲပါတော့သည်။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ လက်မှ လွတ်မြောက်ချင်သည်ဖြစ်သည့်အပြင်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက မျက်နှာစိမ်းသားရဲကို ရှာတွေ့သွားလျှင်၊ သူ့အတွက်လည်း အကျိုးရှိမည် ဖြစ်သောကြောင့်၊ သူသည် ၎င်းတို့အား လှည့်စားရန် စိတ်ကူးမရှိပါ။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက မျက်နှာစိမ်းသားရဲကို ရှာတွေ့သွားပါက၊ ၎င်းတို့ဆီမှ ပြန်ခိုးယူပြီး ကျောက်ကုန်းမြို့တော်မှ လူများကို ပြန်ရောင်းစားရန် စိတ်ကူးထားပါသည်။
သို့သော် သူဆွဲနေရင်းနှင့် အကြီးအကဲ၂ယောက်၏ မျက်နှာမှာ တင်းမာလာပါသည်။
“ပြီးပြီ ဒါပဲ” ဓားပြ၇က သူ၏အပြောင်မြောက်ဆုံးလက်ရာကို ကြည့်လိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ သို့သော် ခေါင်းကိုမော့လိုက်သောအခါ၊ အကြီးအကဲ၂ယောက်က သူ့ကို တင်းမာသော မျက်နှာများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဝှစ်…”
အကြီးအကဲ၂ယောက်က တစ်ယောက်က ဓား၊ တစ်ယောက်က ပုဆိန်ကို ကိုင်ပြီး သူ့ကို သတ်ရန် အသင့်ပြင်နေကြလေသည်။
“နေပါဦး” ဓားပြက လျင်မြန်စွာအော်လိုက်သည်။ သူသည် အခုအချိန်တွင် ဒဏ်ရာပြင်းထန်စွာရထားသောကြောင့်၊ အကြီးအကဲ၂ယောက်၏ တိုက်ခိုက်မှုကို လွတ်အောင် ရှောင်တိမ်းနိုင်မည်
မဟုတ်ပါ။ သို့သော် အကြီးအကဲ၂ယောက်က ဘာကြောင့် ထိုသို့ စိတ်ဆိုးနေကြသလဲ သူနားမလည်ပါ။
ဓားသွားနှင့် ပုဆိန်ဖျားက သူ့လည်ပင်းနားတွင် ဝဲနေပါသည်။ အမြဲလိုလိုတည်ငြိမ်နေလေ့ရှိသော ဓားပြ၇သည် အခုအချိန်တွင်တော့ တည်ငြိမ်မနေနိုင်တော့ပါ။ “ခင်ဗျားတိုတွေ ကိုယ့်ကတိကိုတည်အောင် ထိန်းလေဗျာ… ကတိဖောက်ဖျက်ရင် ခင်ဗျားတို့ရဲ့ ရိုးရာနတ်ကို စော်ကားသလို ဖြစ်နေမှာပေါ့ဗျ”
“ငါတို့က ကတိမတည်ဘူးဟုတ်လား… မင်းလျှောက်ဆွဲထားတဲ့ပုံကို မင်းပြန်ကြည့်ဦး… မင်းကငါတို့ကို အရူးလုပ်ရဲတယ်ပေါ့လေ” အော့သည် အသက်ကိုပြင်းထန်စွာရှူနေသည်။ သူအသက်ရှူနေပုံမှာ ဒေါသထွက်နေသော ကျွဲရိုင်းကြီးတစ်ကောင်နှင့်တူနေပါသည်။
“ကျွန်တော် ခင်ဗျားတို့ကို ဘာအရူးလုပ်လို့လဲ” ဓားပြ၇သည် စိတ်တိုလာပါသည်။ သူသည် သူ
မှတ်မိသည့်အတိုင်း ပြန်ဆွဲပြထားခြင်းဖြစ်သည်။
“ကျွန်တော်မြင်ဖူးခဲ့တဲ့ပုံက အဲဒီအတိုင်းပါပဲ…ကျိန်ပြောဆို ကျိန်ပြပါ့မယ်”
ဓားပြ၇သည် အကြီးအကဲ၂ယောက်က သူ့ကို ထိုကဲ့သို့ ဆက်ဆံသည်ကို မကျေနပ်ပါ။ “ငါဒီလောက် ကောင်းအောင် ဆွဲပေးထားတာကို ငါကပဲ သူတို့ကို အရူးလုပ်တယ် ဖြစ်ရသေးတယ်…တော်တော်ကျေးဇူးကန်းတဲ့လူတွေ… အဲဒါကြောင့် လူတွေက မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေကို အရိုင်းအစိုင်းတွေလို့ ပြောကြတာကိုး”
အကြီးအကဲ၂ယောက်လုံးကတော့ ဒေါသများထွက်နေသောကြောင့်၊ မျက်နှာကြီးများ နီရဲနေကြသည်။ နတ်ဆေးဆရာကြီးကတော့ အကြီးအကဲ၂ယောက်အား လက်နက်များချထားရန် အချက်ပြသည့်အနေနှင့် ချောင်းဟန့်လိုက်သည်။ ထို့နောက် သူသည် ရှောက်ရွှမ်ယူလာသော ပန်းချီကို ကြည့်နေပါသည်။
အော့သည် တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း၊ နတ်ဆေးဆရာ၏ စူးရှသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ၊ သူသည် အခြေအနေကို နားလည်သွားပါသည်။ ထို့ကြောင့် သူသည် မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း၊သူ၏ဒေါသများကို ပြန်မျိုသိပ်ထားလိုက်ရသည်။
ရှောက်ရွှမ်သည် အော့၏ အမူအကျင့်ကို သိနေပါသည်။ အော့သည် တစ်ခုခုအမှားလုပ်မိပါက မျက်တောင်များကို ပုတ်ခတ် ပုတ်ခတ်လုပ်လေ့ရှိသည်။
ရှောက်ရွှမ်သည် နတ်ဆေးဆရာ ဆိုလိုချင်သည်ကို နားလည်ပါသည်။ တကယ်တော့ ဓားပြ၇သည် ၎င်းတို့အား လှည့်စားနေခြင်း မဟုတ်ပါ။ ဓားပြ၇ဆွဲထားသော ပန်းချီပုံမှာ စုတ်ချက်အနည်းငယ်သာပါသော်လည်း၊ သူ့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆွဲထားခြင်းဖြစ်သည်ဆိုတာကို ရှောက်ရွှမ်က သိပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဓားပြများသည် ကျွမ်းကျင်
သော ပန်းချီဆရာများမဟုတ်သည့်အပြင်၊ သူမြင်ဖူးထားသော ပုံမှာလည်း လွန်ခဲ့သော နှစ်၁၀၀၀လောက်က ပုံဖြစ်နေသောကြောင့် ဖြစ်ပါသည်။
ကျောက်ကုန်းမြို့တော်အနေနှင့် မျက်နှာစိမ်းသားရဲအကြောင်းကို သိနိုင်ရန် နည်းလမ်းနတစ်ခုသာရှိသည်။ ထိုမျက်နှာစိမ်းသားရဲအကြောင်းကို သိထားသူများက ထိုသားရဲအကြောင်းကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ထိုသားရဲကြီး၏ ပုံမှာလည်း သက်တမ်းနှစ်ထောင်ချီနေလောက်ပြီ ဖြစ်သည်။ ထိုအကြောင်းအရာများကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုလျှင်၊ ဓားပြ၇က သူတို့ကို လိမ်နေသည်မဟုတ်ကြောင်း သိနိုင်ပါသည်။
အော့နှင့် ကျန်းလော်တို့ကလည်း ထိုအချက်ကို နားလည်လိုက်ပါသည်။ သူတို့လည်း ဓားပြ၇ ၏နေရာတွင်ဆိုလျှင်၊ ထိုထက်ဆိုးဝါးသော ပုံကိုပင်ဆွဲမိမည်ဖြစ်သည်။ ရှောက်ရွှမ်ကတော့ ၎င်းတို့ကို ပန်းချီဆွဲနည်းများ သင်ပေးထားပါသည်။
ထို့ကြောင့် ၎င်းတို့သည် ပန်းချီဆွဲနည်းကို အနည်းငယ်ကျွမ်းကျင်လာသောအခါ၊ အခြားသူများ၏ ပန်းချီများအား သိပ်အထင်မကြီးတော့ပါ။
ထို့ကြောင့် ၎င်းတို့သည် ဓားပြ၇၏ ရိုးစင်းလှသော ပန်းချီပုံကို မြင်ရသောအခါ၊ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ ဖြစ်သွားပါသည်။ ထို့ကြောင့် ၎င်းတို့သည် ဒေါသထွက်သွားခြင်း ဖြစ်သည်။
သို့သော် စိတ်များတည်ငြိမ်သွားသည့်အချိန် ဓားပြ၇၏ ပုံကိုကြည့်လိုက်မိသောအခါ၊ ထိုပုံသည် ဒရယ်တစ်ကောင် သို့မဟုတ် ဆိတ်တစ်ကောင်နှင့်တူနေပါသည်။ ထိုသတ္တဝါသည်ပင် မျက်နှာစိမ်းသားရဲကြီးဖြစ်ပါသည်။
အော့သည် ပန်းချီပုံကို စိတ်ပျက်လက်ပျက်နှင့် ကြည့်ရင်း ဓားပြ၇ကို ပြောလိုက်သည် “မင်းသိထားတာတွေ ထပ်ပြောပြဦး…မင်းပန်းချီတစ်ခုတည်းနဲ့ ငါတို့ မျက်နှာစိမ်းသားရဲနောက်ကို လိုက်လို့မရဘူး”
ဓားပြ၇သည် ထိုအခါ ဒေါသထွက်လာပြီး၊ မျက်လုံးများ ပြူးကျယ်လာပါသည်။
“ငါဆွဲထားတဲ့ ပန်းချီကိုများ မကောင်းဘူးလေး ဘာလေးနဲ့…”
သို့သော် ဓားပြ၇သည် ဒေါသများကို မျိုသိပ်ထားပြီး၊ ခေါင်းကို ငိုက်စိုက်ချထားပါသည်။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ လက်မှ လွတ်မြောက်ချင်နေသေးသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် ခံစားချက်များကို မျိုသိပ်ထားလိုက်ပြီး၊ သူသိထားသမျှကို ပြောပြရန် ဆုံးဖြတ်လိုက်ပါသည်။
သို့သော် ရှောက်ရွှမ်နှင့် အခြားသူများက ဓားပြ၇ပြောပြမည့် အရာများကို သိထားပြီးသား ဖြစ်နေပါသည်။ မျက်နှာစိမ်းသားရဲသည် အကောင်သေးငယ်ပြီး၊ စိမ်းသောမျက်နှာနှင့် ထူသော အရေခွံတို့ရှိပါသည်။ ခွာများရှိသော်လည်း ချိုတော့မရှိပါ။ ပါးစပ်တွင်တော့ ချွန်မြသော
အစွယ်များရှိပြီး အပေါ်ကိုကော့တက်နေပါသည်။ ၎င်းသည် ကြမ်းကြုတ်သော ဗီဇရှိသော်လည်း အသီးအရွက်စားသတ္တဝါတစ်ကောင်ဖြစ်သည်။ ထိုအကြောင်းများသည် မျက်နှာစိမ်းသားရဲ၏ အကြောင်းအကုန်ပင်ဖြစ်သည်။
“မင်းသိထားတာ အဲဒါအကုန်ပဲလား” အော့က ဓားပြ၇ကို ကြည့်လိုက်သည်။
“အဲဒါပါပဲ…” ဓားပြ၇သည် ၎င်းတို့ဆီမှ သတ်ဖြတ်လိုသော အငွေ့အသက်များထွက်နေသည်ကို သိသောကြောင့်၊ ၎င်းတို့သည် သူ့ကို မကျေနပ်ကြောင်း သိနေပါသည်။ ထို့ကြောင့် သူသည် “ ကျွန်တော်တို့ကို ပြောသွားတဲ့လူက အဲဒီလောက်ပဲ ပြောသွားတာ… ဒါပေမဲ့ သူပြောသွားတာ တစ်ခုတော့ ရှိသေးတယ်… မျက်နှာစိမ်းသားရဲနဲ့ ရင်ဆိုင်တွေ့ရမယ်ဆိုရင် သဘာဝအတိုင်းပဲ ရင်ဆိုင်ပါတဲ့”
“ကျောက်ကုန်းမြို့တော်က ရှီမိသားစုဝင်တွေက မင်းကို ဒီပန်းချီပုံကို ပြလိုက်တာလား” ရှောက်
ရွှမ်က မေးလိုက်သည်။
“မဟုတ်ဘူး” ဓားပြ၇သည် ထိုအကြောင်းကို ပြောချင်ပုံမပေါ်ပါ။ထိုအချက်သည် ၎င်းတို့လို ဓားပြများစောင့်ထိန်းရသော လျှို့ဝှက်ချက်များ ဖြစ်သည်။ သာမန်သူခိုးတစ်ယောက်ပင်လျှင် ထိုစည်းကမ်းများကို လိုက်နာပါသည်။ တချို့ အကြောင်းအရာများကို ပြောပြ၍ရသော်လည်း၊ တချို့အကြောင်းအရာများကတော့ ၎င်းတို့သည် သေလျှင်တောင် ပြောပြမည်မဟုတ်ပါ။
“ကျောက်ကုန်းမြို့တော်ကလူတွေက မင်းကို ဘာကတိတွေပေးလိုက်လဲ” ရှောက်ရွှမ်က ထပ်မေးလိုက်ပြန်သည်။
“ကျွန်တော်တို့တွေ မျက်နှာစိမ်းသားရဲကို ရှာတွေ့မယ်ဆိုရင် သူတို့ဆီကို အချိန်မရွေးလာရောင်းလို့ရပါတယ်တဲ့” ဓားပြ၇က ပြောလိုက်သည်။
“မင်းတို့ ဓားပြအဖွဲ့က ကျောက်ကုန်းမြို့တော်
က လူတွေနဲ့ တော်တော်ရင်းနှီးပုံရတယ်…မဟုတ်ရင် မင်းတို့လို ဓားပြတွေကို အစုလိုက်အပြုံလိုက် လွှတ်နိုင်မှာ မဟုတ်ဘူး” ရှောက်ရွှမ်က ပြောလိုက်သည်။
ဓားပြ၇က နှုတ်ဆိတ်သွားပါသည်။
နောက်တစ်ကြိမ်မေးမြန်းပြီးသွားသောအခါ၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင် အနည်းငယ်သည် ဓားပြ၇၏ စကားများကို ယုံကြည်သွားကြပြီး၊ ပေးထားသည့် ကတိအတိုင်း ဓားပြ၇ကိုလွှတ်ပေးလိုက်ကြသည်။ သို့သော် ၎င်းတို့သည် ဓားပြ၏ မျက်လုံးများကို အဝတ်နှင့် စည်း၍ တောအုပ်အပြင်ဘက်ရောက်သည်အထိ ခေါ်သွားပြီး၊ တောအုပ်အပြင်ဘက်ရောက်သောအခါမှသာ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
၎င်းတို့က ဓားပြ၇သည် ဒဏ်ရာများရထားသောကြောင့်၊ လမ်းလျှောက်နိုင်လိမ့်ဦးမည်ဟု ထင်မထားသော်လည်း၊ သူ့ကို လွှတ်ပေးလိုက်
သည်နှင့် တပြိုင်နက်၊ ဓားပြ၇သည် ငှက်တစ်ကောင်အလား ထွက်ပြေးသွားပြီး သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားပါတော့သည်။
“ဒီကောင် ဟန်ဆောင်နေတာလို့ ငါပြောသားပဲ” အော့က ဒေါသတကြီးနှင့် ထအော်ပါသည်။
“ရှောင်ရွှမ်…”
“ဘာလဲ…”
“နောက်တစ်ခါ ဒီကောင်ကိုတွေ့ရင် သေအောင်သာ ရိုက်…”
“အိုကေလေ…”
(ဆက်ရန်…)