အခန်း ၅၃၃
Vol. 36 Ch. 533
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၅၃၃) မျက်နှာစိမ်းသားရဲကြီးအား ရှာဖွေခြင်း
ကျောက်ကုန်းမြို့တော်မှ လူများသည် မျက်နှာစိမ်းသားရဲကြီးကို လိုက်ရှာနေကြောင်းကို သိရသောအခါ၊ အော့နှင့် ကျန်းလော်တို့သည် ဆက်လက်ပြီး စောင့်မနေနိုင်တော့ပေ။
သူတို့အတွက်တော့ အစွယ်စိမ်းသားရဲဆိုသည်မှာ အရည်အသွေးကောင်းမွန်သော လက်နက်တစ်မျိုးဖြစ်သည်။ ထိုသို့ လက်နက်မျိုးကို ပိုင်ဆိုင်လိုက်ရမည်ဆိုလျှင်၊ သူတို့မျိုးနွယ်စု၏ ယခင်ကထက်ပို၍ စွမ်းအင်များမြင့်မားလာမည် ဖြစ်သည်။ ထို့ကြောင့် အားလုံးက ထိုကဲ့သို့ လက်နက်မျိုးကို ပိုင်ဆိုင်ချင်နေကြခြင်း ဖြစ်သည်။
ကျောက်ကုန်းမြို့တော်မှလူများသည် သားရဲများပျော်စံရာမြေတွင် မျက်နှာစိမ်းသားရဲကြီးကို
လိုက်ရှာနေခြင်းဖြစ်သည်။ သားရဲများပျော်စံရာမြေတွင် မျက်နှာစိမ်းသားရဲကြီးများ တကယ်ရှိနေမည်လား။
ဖြစ်တော့ဖြစ်နိုင်ပါသည်။ မျက်နှာစိမ်းသားရဲကြီးသာ အမှန်တကယ်ရှိမည်ဆိုပါက၊ သားရဲများပျော်စံရာမြေမှ လွဲပြီး တခြားနေရာတွင် ရှိနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသားရဲကြီးသည် အခြားသော နေရာများတွင် နေနိုင်မည် မဟုတ်ပါ။
မျက်နှာစိမ်းသားရဲကြီးမှာ လိုက်ရှာရန်လွယ်ကူသော သားရဲမဟုတ်ပါ။ လိုက်ရှာရန်သာလွယ်ကူနေမည်ဆိုပါက၊ ကျောက်ကုန်းမြို့တော်မှ လူများသည် လူများစွာကို စေလွှတ်ပြီးလိုက်ရှာနေမည် မဟုတ်သလို၊ ကျွမ်းကျင်သူခိုးများကိုလည်း ငှားနေမည် မဟုတ်ပါ။
“မျက်နှာစိမ်းသားရဲကြီးက သားရဲများပျော်စံရာမြေမှာ တကယ်ရှိလောက်လား…အဲဒါဆိုရင်
ဘာလို့ ကျောက်ကုန်းမြို့တော်ကလူတွေက ရှာမတွေ့သေးတာလဲ” ထာ့ကပြောလိုက်သည်။
“အဲဒီလိုတော့ မဟုတ်လောက်သေးဘူး…သူတို့တွေ့ရင်လည်း တွေ့မှာပေါ့…ဘယ်သူ့ကိုမှ မပြောဘဲ လျှို့ဝှက်ထားတာ ဖြစ်မယ်ထင်တယ်” အော့က သူ့အမြင်ကို ထုတ်ဖော်ပြောလိုက်သည်။ “ဒါပေမဲ့ သူတို့သာ မျက်နှာစိမ်းသားရဲကို ရှာတွေ့ပြီးပြီဆိုရင်၊ ဘာလို့ သားရဲများပျော်စံရာမြေကို ပဟ်မှတ်ထားနေကြတာလဲ… နောက်ပြီးတော့ ကျောက်ကုန်းမြို့တော်ရဲ့သက်တမ်းကလည်း နှစ်ပေါင်းထောင်ချီနေပြီလေ”
ကျောက်ကုန်းမြို့တော်မှ အုပ်ချုပ်သူ အစဉ်အဆက်သည် မျက်နှာစိမ်းသားရဲကြီးကို ရှာဖွေနေကြခြင်း ဖြစ်သည်။ထိုအချက်ကို ကြည့်လျှင် သူတို့သည် အခုအချိန်ထိ လက်မလျှော့သေးကြောင်း သိနိုင်သည်။ ထိုအရာသာ တကယ်မရှိဘူးဆိုရင် သူတို့သည် ထိုမျှ ဇွဲနဘဲနှင့်လိုက်ရှာနေမည် မဟုတ်ပါ။ လွန်ခဲ့သော ၂နှစ်အတွင်းတိုက်ပွဲများစွာ ဖြစ်ပေါ်ခဲ့သလို၊ သူတို့သည်ဘာ
တွေကြံစည်နေသလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါ။ သူတို့၏ အင်အားအစစ်အမှန်ကိုလည်း ဘယ်သူမှ သိနိုင်မည် မဟုတ်ပါ။ သူတို့တွင် လူများမသိအောင် လျှို့ဝှက်ထားသည့် ဝှက်ဖဲများလည်း ရှိနိုင်နေသေးပါသည်။
“အဲဒါလည်း မှန်တယ်…အဲဒါဆိုရင် ငါတို့ဘာကို စောင့်နေဦးမှာလဲ…မျက်နှာစိမ်းသားရဲကြီးကို လိုက်ရှာကြမယ်လေ… အဲဒီကောင်ကို လိုက်ရှာမယ်ဆိုရင် ငါရှေ့ဆုံးက လိုက်ခဲ့မယ်” သုန့်ကန်းက စိတ်လှုပ်ရှားနေပါသည်။
“ငါတို့မှာ အချိန်တွေရှိပါသေးတယ်” ရှောက်ရွှမ်သည် တောအုပ်အပြင်ဘက်တွင် အခြားမျိုးနွယ်စုဝင်များ အခြေချနေထိုင်သွားသောနေရာများကို လှမ်းကြည့်နေသည်။ “အဲဒီလူတွေက အခုထိမပြီးသေးဘူး”
ဟွေမျိုးနွယ်စုဝင်တွေကတော့ မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ပူးပေါင်းချင်နေသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကလည်း ဝမ်းမြောက်
ဝမ်းသာလက်ခံပါသည်။ သူတို့သည် မည်မျှပင် မာနကြီးသည်ဆိုဆို၊ သူတို့သည် အခြားမျိုးနွယ်စုဝင်ပေါင်းများစွာကိုတော့ တချိန်တည်းတွင်စိန်ခေါ်၍ရနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မဟာမိတ်ဖွဲ့ခြင်းက အသင့်တော်ဆုံးဖြစ်သည်။
“ကူလာ့ကို အသင့်ပြင်ထားဖို့ပြောလိုက်… တောအုပ်ထဲကို မကြာခင် ဝင်ကြမယ်” ရှောက်ရွှမ်က ပြောလိုက်သည်။
“တခြားမျိုးနွယ်စုဝင်တွေပါ လိုက်ချင်နေတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ” ကွေ့ဟယ်က မေးလိုက်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များဆီသို့ ရောက်လာသောလူများအနက်၊ အဖွဲ့၂ဖွဲ့ကွဲနေပါသည်။ တစ်ဖွဲ့က အခြားမျိုးနွယ်စုဝင်များကို စွန့်ပစ်ပြီး၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် ပူးပေါင်းရန်ဖြစ်သည်။ နောက်တစ်ဖွဲ့ကတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် သိပ်မပူးပေါင်းချင်သောအဖွဲ့ဖြစ်သည်။ သူတို့ကတော့
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ခွန်အားဗလမှလွဲပြီး အခြားသောအရည်အချင်းများမရှိဟု ယူဆထားကြသည်။ ထို့ပြင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အခြားသော မျိုးနွယ်စုဝင်များထက် ခေတ်နောက်ကျနေသည်ဟုလည်း ယူဆထားကြသည်။
သို့သော် နောက်ဆုံးတွင်တော့ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် ပူးပေါင်းရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။ သူတို့သည် မီတောက်ဦးချိုမိုးနွယ်စုဝင်များနှင့် ပူးပေါင်းခြင်းမှာ အခြားသော မျိုးနွယ်စုဝင်များနှင့် မပူးပေါင်းချင်သောကြောင့်ဖြစ်သည်။ သို့သော် သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် သိပ်အဆင်ပြေလှသည် မဟုတ်ပါ။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့်၊ မဟာမိတ်ဖွဲ့ထားသည်ဆိုသော်လည်း၊ သတင်းအချက်အလက်များလိုအပ်သည်ဆိုပါက၊ သူတို့ဟာသူတို့ပင် ရှာဖွေနေရခြင်းဖြစ်ပါသည်။ ဒုတိယအချက်အနေနှင့်၊ သူတို့သည် အခြားလူများအား သတိဝီရိယကြီးစွာနှင့် ဆက်ဆံနေရသည့်
အခြေအနေမျိုးကို မလိုလားပါ။
လွန်ခဲ့သော နှစ်များကဆိုလျှင်၊ ဟွေမျိုးနွယ်စုဝင်များသည် အရေးကြီးသော ကိစ္စတစ်ခုခုဖြစ်ပေါ်တော့မည်ဟု ခန့်မှန်းထားကြသည်။ ဟွေမျိုးနွယ်စုနတ်ဆေးဆရာက ရိုးရာအခမ်းအနားပွဲတွင် ခန့်မှန်းချက်တစ်ခုကို ထုတ်ထားပါသည်။ ဟွေမျိုးနွယ်စုနတ်ဆေးဆရာက မကြာခင်တွင် ကြီးမားသော အပြောင်းအလဲကြီးတစ်ခုဖြစ်ပေါ်တော့မည်ဟု ဟောကိန်းထုတ်ထားပါသည်။ သို့သော် ဘယ်အချိန်တွင် ဖြစ်ပေါ်လာမလဲဆိုတာကိုတော့ သူတို့လည်း မသိသော်လည်း၊ သိပ်မကြာခင်အချိန်အတွင်းဖြစ်ပေါ်လာမည်ဆိုတာကိုတော့ သိထားကြသည်။ ထိုအကြောင်းများကြောင့် ဟွေမျိုးနွယ်စုဝင်များသည် စိတ်လက်အေးချမ်းစွာမနေရဘဲ ဖြစ်ကုန်ပါသည်။ သူတို့သည် ဖြစ်ပေါ်လာမည့်အပြောင်းအလဲကို လျှော့မတွက်ရဲကြပါ။ ကံကလည်းဆိုးချင်တော့ သူတို့သည် စိတ်ပျက်နေရုံမှတစ်ပါး၊ အခြားဘာကိုမှ မလုပ်နိုင်ကြပါ။ သူတို့သည် ထပ်မံ၍လည်း စောင့်မနေနိုင်တော့ပါ။
ထိုနေ့တွင် ဟွေမျိုးနွယ်စုဝင်များသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် မဟာမိတ်ဖွဲ့သင့်မဖွဲ့သင့် ငြင်းခုန်နေကြပါသည်။ ကူလာ့သည် ရှောက်ရွှမ်အားမေးမြန်းကြည့်သော်လည်း၊ စိတ်ကျေနပ်လောက်စရာ အဖြေမျိုးရမလာပါ။ ရက်ပေါင်းများစွာ ကုန်ဆုံးသွားသော်လည်း၊ အခုထိဘာသတင်းမှ ထူးမလာသေးပါ။ တချို့လူများဆိုလျှင် စတင် စိတ်ပူလာကြပြီဖြစ်သည်။ အခြားမျိုးနွယ်စုမှ လူများဆိုလျှင် ၎င်းတို့ကို လှောင်ပြောင်နေကြပြီပင် ဖြစ်သည်။သူတို့ ရွာပြင်သို့ထွက်တိုင်း၊ အခြားလူများက သူတို့အားလှောင်ပြောင်လိုသော မျက်နှာများဖြင့်သာ ကြည့်နေကြပါသည်။
သူတို့ငြင်းခုန်နေကြသည့်အချိန်တွင်၊ ကွေ့ဟယ်ရောက်လာပါသည်။
“သန့်ရှင်းရေလုပ်လိုက်ကြရအောင်… ခဏနေရင် တောထဲဝင်ကြရမယ်”
“တောထဲဝင်မှာလား” ကူလာ့က ပြောရွှင်သွား
သည်။ ကွေ့ဟယ်သည် တောအုပ်ထဲဝင်မည်ဟုပြောနေသော်လည်း၊ ၎င်းတို့သည် အမဲလိုက်ထွက်ရန် တောထဲသို့ ဝင်ခြင်းမဟုတ်ပါ။ တစ်စုံတရာကို ရှာဖွေရန်အတွက်တောအုပ်ထဲဝင်မည် ဖြစ်သည်။
“ငါတို့တွေဘာကိုလိုက်ရှာမယ်ဆိုတာ မင်းတို့သိပြီးကြပြီလား” ဟယ့်ရှီက မေးလိုက်သည်။
ကွေ့ဟယ်သည် ဘာမှမပြောဘဲ၊ ပြုံးရုံသာ ပြုံးနေပါတော့သည်။
ကွေ့ဟယ်ထွက်ခွာသွားသောအခါ၊ အခြားမျိုးနွယ်စုမှ လူများသည် ဟွေမျိုးနွယ်စု၏ ဌာနချုပ်သို့ ရောက်လာကြသည်။ သူတို့သည်လည်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနောက်သို့ လိုက်ချင်နေကြပါသည်။ သူတို့သည် အဖြစ်မှန်ကို သိပြီးသွားသောအခါ၊ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင် အကြီးအကဲများကို လိုက်ရှာပါတော့သည်။
မီးတောက်ဦးချိုမျိုုးနွယ်စုဝင်များက
ကျောက်ကုန်းမြို့တော်မှလူများလိုက်ရှာနေသည့် အရာကို သိထားမည်ဆိုတာကို ၎င်းတို့က မယုံကြည်နိုင်ဖြစ်နေသည်။ သူတို့က မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို သူတို့အား ဦးဆောင်စေချင်နေပြီး၊ သူတို့က မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဦးဆောင်ရာနောက်သို့ လိုက်မည် ဖြစ်သည်။ သူတို့သည် တောနက်ထဲသို့ မဝင်သည်မှာ ကြာပြီဖြစ်သောကြောင့်၊ ၎င်းတို့သည် တောသဘာဝကို မေ့တေ့တေ့ဖြစ်နေပြီဖြစ်သည်။ သားရဲများပျော်စံရာမြေလို တောကြီးထဲသို့ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဝင်သွားပါက၊ ကိုယ့်သေတွင်း ကိုယ်တူးသလိုသာ ဖြစ်သွားမည်ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဦးဆောင်မှုကိုလိုချင်သည်ဆိုပါက၊ အဖိုးအခတစ်ခုခုတော့ ပေးရမည်ဆိုသည်ကို ၎င်းတို့က နားလည်ထားပါသည်။
ထိ့ကြောင့်၊ သူတို့သည် တိုင်ပင်ဆွေးနွေးပြီးသွားသောအခါ၊ ခေါင်းဆောင်၃ယောက်တို့သည် ရှောက်ရွှမ်နှင့် သွားတွေ့ဆုံကြပါသည်။
“လုံကျိုးမျိုးနွယ်စုက လှေကြီးတစ်စင်းရယ်… မုန့်မျိုးနွယ်စုက ကျောက်စိမ်းတုံးတွေရယ်… ခြေလက်ရှစ်ဖက်မျိုးနွယ်စုက အကောင်းစား လေးတစ်လက်ရယ်…”
သူတို့ပြောပြီးသွားသောအခါ၊ ရှောက်ရွှမ်သည် မျက်ခုံးကို ပင့်လိုက်ပြီး “ ဒီလောက်နဲ့မရဘူး…နောက်၂ဆတိုးပေးလို့ ပြောလိုက်” ဟုပြောလိုက်သည်။
“ဘာရယ်…”
ခေါင်းဆောင်၃ယောက်လုံးသည် တုန်လှုပ်သွားပါသည်။ နားထောင်နေသော အကြီးအကဲ၂ယောက်ပင်လျှင် ရှောက်ရွှမ်၏ တောင်းဆိုမှုများမှာ များပြားလှသည်ဟု ယူဆမိသည်။
“အဲဒီလူတွေက သဘောတူမှာ မဟုတ်ဘူး” ကျန်းလော်က ပြောလိုက်သည်။
“သဘောမတူဘူးဟုတ်လား…အဲဒါဆိုရင် ထွက်သွားကြလို့ ပြောလိုက်…သူတို့ကို အချိန်၂ရက်ပေးမယ်…၂ရက်အတွင်း ကျွန်တော်တောင်းဆိုတာတွေကို လာပေးပါလို့… မဟုတ်ရင် သူတို့ထိုက်နဲ့ သူတို့ကံပဲ လို့သာပြောလိုက်” ရှောက်ရွှမ်က တည်ငြိမ်စွာပြောလိုက်သည်။
ခဏလောက်စဉ်းစားပြီးသွဦးသောအခါ၊ အော့က ခေါင်းငြိမ့်ပြပြီး “ကောင်းပြီ” ဟုပြောလိုက်သည်။ ထိုလူများသည် သူတို့ကို အားကိုးနေသည်မှာ ကြာပြီဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ထိုအဖြစ်ကို ဆက်လက်ပြီး သည်းခံနေတော့မည် မဟုတ်ပါ။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို အသုံးချ၍ရမည်ဟု ထင်လျှင် မှားသွားမည် ဖြစ်သည်။
နှစ်ရက်ကြာသောအခါ…၊
ခေါင်းဆောင်၃ယောက်သည် ထပ်မံပြီးဆွေးနွေးကြပြန်သည်။
“အခြားမျိုးနွယ်စုဝင်တွေကတော့ သဘောတူတယ်… ထျန်းရှန်မျိုးနွယ်စုကတော့ သဘောမတူဘူး... တောအုပ်ထဲကို သူတို့ဟာသူတို့ပဲ ဝင်သွားမယ်လို့ပြောနေကြတယ်” မျိုးနွယ်စုဝင်သုံးခုလုံး၏ ခေါင်းဆောင်များသည် မျက်နှာကြီးများညိုမဲနေသည်ကိုတွေ့ရသောအခါ၊ သောခန်သည် စိတ်ကျေနပ်သွားသည်။ “မင်းတို့ကောင်တွေ တောအုပ်ထဲကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရဲ့ အကူအညီမပါဘဲ ဝင်လို့ရမယ်များ မှတ်နေလား…အခုတော့ ဒီကောင်တွေ နားလည်သွားကြပြီ”
“ဒါနဲ့ စကားမစပ် ဟွေမျိုးနွယ်စုဝင်တွေက ဒီကိစ္စပြီးသွားရင် မြင်းသည်တော်တစ်ဖွဲ့ကို လွှတ်လိုက်မယ်လို့ ပြောတယ်…”
“မဆိုးဘူး…တော်သားပဲ” ကွေ့ဟယ်က ပြုံးပြီး ပြောလိုက်သည်။
ကျန်သော မျိုးနွယ်စုဝင်များအားလံဒးသည် သူတို့လူများအား အသင့်ပြင်ထားရန် ဆက်သားများ
စေလွှတ်လိုက်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် တောအုပ်ထဲသို့ဝင်ချင်သည့်သူများသည် သူတို့ ကတိအတိုင်း ရိုးသားမှုရှိရမည် ဖြစ်သည်။
“ငါတို့တွေ ဘယ်တော့ စထွက်ကြမှာလဲ” နတ်ဆေးဆရာက ရှောက်ရွှမ်ကို မေးလိုက်သည်။
“နောက်၂ရက်နေရင်”
“ရာသီဥတုက အခုတလော ထူးဆန်းနေတယ်” ရှောင်ရွှမ်သည် အနားမှ ပန်းပင်တစ်ပင်ကို ကြည့်ပြီး ပြောလိုက်သည်။
ထိုအပင်မှရသော အသီးကို ၎င်းတို့သည် ရောင်ခြယ်ပစ္စည်းတစ်မျိုးထုတ်လုပ်ရန် သုံးကြခြင်း ဖြစ်သည်။ ထို့ပြင် အိမ်များဆောက်လုပ်ရာတွင်လည်း၊ ထိုအပင်များကို အသုံးပြုကြပါသည်။ ထိုအပင်သည် နွေရာသီရောက်ခါနီးပြီဆိုလျှင်၊ အသီးအပွင့်များ ပွင့်လေ့ရှိသည်။
အခုအချိန်သည်ဆောင်းဝင်တော့မည့်အချိန်ဖြစ်သည်။
သို့သော် ဆောင်းတွင်းဆိုသော်လည်း ရာသီဥတုက နွေရာသီနှင့် တူနေပါသည်။
ထိုကြောင့်၊တောအုပ်သည် သာမန်အချိန်များထက် ပိုအန္တရာယ်ရှိနေပါသည်။ စိတ်အနှောင့်အယှက်ဖြစ်နေသော သားရဲများကလည်း ထိုအချိန်တွင် ဒေါသများထွက်နေကြမည် ဖြစ်သည်။ အခုလိုအချိန်တွင်၊ ၎င်းတို့သည် တစ်ခါမှ မကြုံဖူးသော အန္တရာယ်များနှင့်လည်း ကြုံတွေ့ရမည် ဖြစ်သည်။
သူတို့သည် တောအုပ်ထဲဝင်လာခြင်းမှာ မျက်နှာစိမ်းသားရဲကို ရှာဖွေရန် ဝင်လာခြင်းဖြစ်သောကြောင့်၊ အမဲလိုက်သည်နှင့်မတူပါ။ သူတို့အဖွဲ့တွင် လူများစွာမလိုအပ်သောကြောင့်၊ ရှောက်ရွှမ်က လူငါးယောက်လောက်သာ ခေါ်လာချင်ပါသည်။ သို့သော် အခြားမျိုးနွယ်စုဝင်များမှ လူများကလည်း လိုက်ချင်နေသောကြောင့်၊ သူတို့လူ
အုပ်သည် လိုအပ်သည်ထက် ပိုများနေရပါသည်။
တောအုပ်အပြင်ဘက်မှ ဂေါ်ဖီစိုက်ခင်းထဲတွင်…၊
ရွက်သစ်များဝေဆာနေသလို၊ ဂေါ်ဖီပင်လေးများကလည်း ဝေဆာနေပါသည်။ ဂေါ်ဖီထုပ်များထိုသို့ ကြံ့ခိုင်သန်စွမ်းစွာ ပေါက်နေခြင်းမှာ စိုက်ပျိုးမြေကျယ်ပြန့်သောကြောင့်လား၊ သို့မဟုတ် မြေဩဇာကောင်းမွန်သောကြောင့်လား သူတို့မသိပေ။
ထူးဆန်းသော ရာသီဥတုအခြေအနေများအပြင်၊ မနှစ်က ဖြစ်ပျက်ခဲ့သော အခြေအနေများကြောင့်၊ ၎င်းတို့သည် ဆောင်းတွင်းတွင် ပေါက်လေ့မရှိသော အပင်များကိုစိုက်နေကြပါသည်။
စိုက်ခင်းများကို စောင့်ကျပ်နေကြသော အစောင့်များက ရှောက်ရွှမ်လုပ်ပေးထားသော ယင်ဖမ်းတံကို သုံးနေကြသည်။ သို့သော် ၎င်းတို့တွင် သတ္တုက ရှားပါးသောကြောင့်၊ သူတို့သည်
ယင်ဖမ်းတံကို တစ်ခုတည်းသာ လုပ်နိုင်ကြသည်။ အခြားသူများသုံးသော ယင်ဖမ်းတံများမှာ သတ္တုနှင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ၊ သစ်သားနှင့် ပြုလုပ်ထားခြင်းဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ယင်ဖမ်းတံများကို အားကြီးနှင့် သုံးလေ့ရှိသောကြောင့်၊ ၎င်းတို့၏ ယင်ဖမ်းတံများမှာ မကြာခဏ ကျိုးသွားလေ့ရှိသည်။ ထို့ကြောင့် စိုက်ခင်းထဲသို့ ပိုးမွှားများ ကျရောက်လာချိန်တိုင်း၊ အစောင့်များသည် သတ္တုယင်ဖမ်းတံများကိုသာ သုံးကြပါသည်။ သူတို့သည် ထိုယင်ဖမ်းတံ၏ အကူအညီကြောင့် ပိုးမွှားများကို လွယ်ကူစွာ ရှင်းပစ်နိုင်ပါသည်။ ၎င်းတို့အတွက်တော့ ထိုယင်ဖမ်းတံများသည် စိတ်ကျေနပ်ဖွယ်ရာပင် ဖြစ်သည်။
မျိုးနွယ်စုထဲတွင်တော့၊ အရာအားလုံးမှာ သာမန်သာဖြစ်ပါသည်။သို့သော် ရာသီဥတုအခြေအနေများကြောင့် လူများသည် စိတ်လက်မချမ်းမသာဖြစ်နေကြသည်။ ရာသီဥတုမှာ နွေရောက်ပြီဖြစ်သောကြောင့်၊ နည်းနည်းလေးလှုပ်ရှားလိုက်သည်နှင့် လူများသည် ချွေးများ ပြန်
ထွက်လာကြသည်။
ရှောက်ရွှမ်သည် သူပြင်ဆင်ထားသော အရာများကို ထုပ်ပိုးနေပါသည်။ ထိုပစ္စည်းများထဲတွင် ဆေးဝါးများပါသလို၊ အခြားသော အရာဝတ္ထုများစွာလည်း ပါပါသည်။ အခုတစ်ခေါက်တွင်တော့ ရှောက်ရွှမ်သည် သောခန်၊ထွော်၊မိုင်နှင့် ရွှင်ချန်းတို့ကို ခေါ်ပြီးတောထဲသို့ ဝင်မည် ဖြစ်သည်။
သူတို့သည် မျက်နှာစိမ်းသားရဲကြီးကို ရှာဖွေရန် တောအုပ်ထဲသို့ ဝင်ကြမည်ဖြစ်သည်။ သို့သော် သူတို့သည် အခြားသော ကျွန်များ၏ ခြေရာလက်ရာများကိုသာ တွေ့ရပါသည်။ သူတို့သည် ထိုကျွန်များဆီမှ သတင်းအချက်အလက်များရလေမလား စုံစမ်းကြည့်နေပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် နှိုင်းယှဉ်မည်ဆိုလျှင်၊ အခြားသော မျိုးနွယ်စုဝင်များသည် တောအုပ်ထဲသို့ လွယ်ကူစွာ မဝင်နိုင်ကြပါ။
တောထဲတွင် တောတိရစ္ဆာန်များ၏ အသံများဆူညံနေပြီး၊ လေထဲတွင်လည်း အန္တရာယ်အငွေ့အသက်များရနေပါသည်။ သို့သော် မည်သို့အန္တရာယ်ဖြစ်ပေါ်လာမလဲ မခန့်မှန်းနိုင်သောကြောင့်၊ သူတို့သည် ကြက်သီးများထလာသည်အထိ တုန်လှုပ်နေကြသည်။
သို့သော် သူတို့သည် ကျောက်ကုန်းမြို့တော်မှလူများ၏ ရည်ရွယ်ချက်ကို သိချင်သည်ဆိုပါက၊ စွန့်စားရမည်ဖြစ်သည်။
ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာတော့မည်ဆိုသည့်အချက်ကို ဟွေမျိုးနွယ်စုဝင်များသာ သိခြင်းမဟုတ်၊ အခြားသော မျိုးနွယ်စုဝင်များကလည်း သိထားကြပါသည်။ သို့သော် ပြဿနာက သူတို့သည် ထိုအပြောင်းအလဲမှာ ဘာအပြောင်းအလဲမှန်းတော့ သူတို့လည်း သေချာမသိသေးပါ။ ထို့ကြောင့် ၎င်းတို့သည် သံသယများကို ဖျောက်ပစ်ပြီး၊ ကိုယ့်ကိုကိုယ် ကာကွယ်မည့်နည်းလမ်းများကို ရှာဖွေနေကြခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်
စုဝင်များက စောင့်ရှောက်ခအဖြစ် ၂ဆတိုးတောင်းခြင်းကို လက်ခံလိုက်ခြင်းဖြစ်သည်။
နေလုံးကြီးမှာ ကောင်းကင်ကြီးပေါ်တွင် ခြစ်ခြစ်တောက်အောင် ပူပြင်းနေသလို၊ သစ်ပင်ကြီးများမှာ အရွက်များသည်လည်း ညှိုးနွမ်းနေပါသည်။ သဘာဝသည် ပုံမှန်အခြေအနေမဟုတ်တော့ပါ။ ဆောင်းဝင်တော့မည်ဆိုသော်လည်း၊ သစ်ပင်များသည် လျင်မြန်စွာ ကြီးထွားလာနေကြသည်။
သစ်ရွက်များကြားထဲတွင် ပိုးကောင်မျိုးစုံပျံသန်းနေကြသလို၊ သွေးဆာနေသော မျက်လုံးများကလည်း အမှောင်ထဲမှ ချောင်းမြောင်းနေကြသည်။
မန်မျိုးနွယ်စုမှ လူ၇ယောက်နှင့် အတူလိုက်ပါလာသော ချွီဆဲ့သည် ဟွမ်ယဲ့နှားသို့ ကပ်နေပါသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဦးဆောင်မှုနောက်မှ လိုက်နေကြသည်။ သူတို့အနောက်မှ ကြည့်နေသော မျက်လုံးများသည် စူးရှနေသော်လည်း၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကတော့ မသိချင်ယောင်ဆောင်နေကြသည်။
သူတို့သာ အရေးမလုပ်ဘူးဆိုပါက၊ သူတို့သည် တိုက်ခိုက်ရန် လိုဦးမည် မဟုတ်ပါ။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုကဲ့သို့ အခြေအနေမျိုုးနှင့် နေသားကျနေပြီဖြစ်သော်လည်း၊ အခြားလူများကတော့ ထိုသို့အခြေအနေမျိုးနှင့် အသားမကျသေးပါ။ ချွီဆဲ့သည် လုံးပတ်၁၀မီတာလောက်ရှိမည်ဖြစ်သော သစ်ပင်ကြီးတစ်ပင်ကို လှမ်းကြည့်မိလိုက်သည်။
သစ်ကိုင်းပေါ်တွင် လူရိပ်တစ်ခုက လဲလျောင်းနေပါသည်။ သို့သော် ထိုလူရိပ်မှာ ဘယ်သူဖြစ်မလဲ ကောင်းစွာ မသိသေးပါ၊ ၎င်း၏ အသားရောင်မှာ သစ်ခေါက်အရောင်နှင့် တူနေပါသည်။ ချီဆဲ့ကသာ အမြင်အာရုံ မစူးရှပါက၊ သူသည် ထိုလူရိပ်ကို မြင်လိုက်မည် မဟုတ်ပါ။ ၎င်းသည် သတ်ဖြတ်လိုသော မျက်လုံးများနှင့် ၎င်းတို့ကို ကြည့်နေပါသည်။ ၎င်းသည် အစွယ်များကိုဖြဲပြပြီး၊ ၎င်းတို့ကို အချိန်မရွေးတိုက်ခိုက်တော့မည့် ပုံပြင်နေ၏။
ချွီဆဲ့သည် သူ့အကြည့်များကို ထိုလူရိပ်ဆီမှ လွှဲဖယ်လိုက်ပါသည်။ ထိုအရာကို ကြည့်မနေတော့သောအခါ၊ ထိုအရာဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုသို့သော အရာမျိုးနှင့် ပတ်သက်ပြီး၊ အတွေ့အကြုံရှိသူများ ဖြစ်ကြသည်။ ထို့ကြောင့် အခြားမျိုးနွယ်စုဝင်များမှ မျိုးနွယ်စုအကြီးအကဲများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ထိုခရီးအား ဦးဆောင်စေခြင်း ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ဦးဆောင်လိုက်စေခြင်းဖြင့် မလိုအပ်သော အန္တရာယ်များကို ရှောင်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။
(ဆက်ရန်…)