← Chapters

အခန်း ၅၃၅

Vol. 36 Ch. 535

အခန်း ၅၃၅

Vol. 36 Ch. 535

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၅၃၅) ငါမှန်တယ်လို့ပြောသားပဲ

ရှောက်ရွှမ်တို့အဖွဲ့က ထိုသို့ တိုက်ပြခြင်းမှာ၊ ၎င်းတို့သည် ကျန်သော အဖွဲ့ဝင်များကို အံ့ဩသွားစေလိုသောကြောင့် ဖြစ်သည်။

“ဒီကောင်တွေက ငါတို့မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေကို အရိုင်းအစိုင်းတွေများ ထင်နေတာလား… ငါတို့အစွမ်းကို ဒီကောင်တွေ သိစေရမယ်… ဒါမှ သူတို့တွေ ငါတို့ညွှန်ကြားချက်တွေကို ကောင်းကောင်းလိုက်နာမှာ”

သူတို့သည် တောအုပ်ထဲသို့ဝင်လာသည်မှာ ငါးရက်ရှိသွားပြီ ဖြစ်သည်။

လူအယောက်၆၀တို့သည် တန်းစီပြီး လမ်းလျှောက်နေကြပါသည်။ ၎င်းတို့သည် အခုဆိုလျှင် တောအုပ်နှင့် အသားကျနေပြီ ဖြစ်သည်။ မြေပြန့်လွင်ပြင်မှ လာသောသူများသည်ပင်

တောအုပ်ထဲတွင် ရှင်သန်ရန် လိုအပ်သည့်အရည်အချင်းများကို သိသွားကြပြီဖြစ်သည်။

နွယ်ပင်များနှင့် ယက်လုပ်ထားသော ပိုက်ကွန်တစ်ခုထဲတွင်၊ နှစ်မီတာလောက် ကျယ်ဝန်းမည် ဖြစ်သော မျက်နှာကြီးတစ်ခု ပေါ်ထွက်လာသည်။ ၎င်း၏ မျက်လုံးနက်နက်များက သူတို့ကို လှမ်းကြည့်နေပါသည်။ သူ၏ မျက်နှာကြီးသည် တွန့်လိမ်နေပြီး၊ မျက်နှာပေါ်တွင် ရှိသော အစင်းကြောင်းများက ၎င်းကို ပိုကြောက်စရာကောင်းနေပါသည်။

သူတို့သည် ထိုမျက်နှာကြီးကို မြင်သောအခါ၊ အဖွဲ့ဝင်များအားလုံးမှာ ထိတ်လန့်သွားကြပြီး ထွက်ပြေးတော့မလို ပြင်လိုက်ကြသည်။ ကံကောင်းချင်တော့ ရှောက်ရွှမ်နှင့် သူ့လူများက သူတို့အား တားထားလိုက်ကြသည်။ မဟုတ်လျှင် သူတို့အားလုံး ဒုက္ခရောက်ကုန်မည် ဖြစ်သည်။

အခုတော့ ၎င်းတို့သည် ထိုကဲ့သို့ မျက်နှာကြီး

နှင့် ရင်ဆိုင်ရသော်လည်း၊ သူတို့သည် စိတ်များကို တည်ငြိမ်အောင် ထိန်းသိမ်းထားလိုက်နိုင်ပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ပြောသည်မှာ မှန်ပါသည်။ တစ်ခါတရံတွင် ထိုသတ္တဝါများသည် သိပ်ကြောက်စရာ မကောင်းဘူးဟု ထင်ရသည်။ သို့သော် အမှန်တော့ ထိုသတ္တဝါများသည် လျစ်လျူပြုထား၍ မရသော သတ္တဝါများ ဖြစ်ကြသည်။

သူတို့အဖွဲ့သည် ထိုနေရာကို ဖြတ်ကျော်လာပြီးနောက်တွင်၊ ထိုသတ္တဝါကြီး၏ မျက်နှာမှာ အရောင်ဖျော့တော့သွားပါသည်။ ပြောင်စင်အောင် ဆေးချလိုက်သော ကင်းဗတ်စ တစ်ခုနှင့်တူသွားပါသည်။

ခဏကြာသောအခါ၊ ထူးဆန်းလှပသည့် လိပ်ပြာတစ်ကောင်သည် နွယ်ပင်များကြားမှ ထွက်ပေါ်လာပြီး၊ ပိုရှုပ်ထွေးသော နွယ်ပင်များဆီသို့ ဦးတည်ပြီး ပျံသန်းသွားပြီး အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပါတော့သည်။

ထိုလိပ်ပြာလေးသည် သားရဲများပျော်စံရာမြေတွင် တွေ့နေကျ ပိုးမွှားတစ်ကောင် ဖြစ်ပြီး၊ ၎င်းသည် နွယ်ပင်များကြောင့် ဖြစ်ပေါ်နေသော သဘာဝကွန်ယက်များတွင် နားရခြင်းကို နှစ်သက်ပါသည်။ သူတို့သည် အနားယူနေသောအခါတွင် အတောင်ပံများကို သိမ်းထားတတ်ကြပါသည်။ သို့သော် အန္တရာယ်တစ်စုံတရာနှင့် တွေ့ကြုံရပါမူ အတောင်ပံများကို ဖြန့်ပြီး၊ အတောင်ပံပေါ်မှ ထူးဆန်းသော ပုံစံများကို ထုတ်ပြကာ၊ သူတို့အနားကပ်လာသော လူသားများနှင့် သားရဲကြီးများကို မောင်းထုတ်ရန် ကြိုးစားတတ်ကြသည်။

တစ်ယောက်ယောက် တိုက်ခိုက်မည်ဆိုပါက၊ ၎င်းသည် အတောင်ပံများကို ခါလိုက်ပြီး၊ ရန်သူများကို နှာချေစေမည့် အမှုန်တစ်မျိုးကို ထုပ်လွှတ်လိုက်ပါသည်။ သားရဲကြီးများပင် ထိုအမှုန့်များကို ရှူမိပါက၊ တစ်နာရီလောက် မရပ်မနား နှာချေနေလေ့ရှိပါသည်

ရှောက်ရွှမ်တို့ အဖွဲ့သည် ခဏလောက် လမ်းလျှောက်ပြီးသွားသောအခါ၊ အနားယူရန်

နေရာတစ်ခုကို ရှာဖွေနေကြသည်။

ခရီးလမ်းတလျှောက်တွင် သူတို့သည် အတွေ့အကြုံများ စုံလင်စွာ ရရှိခဲ့ပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များပေါ်ဖြစ်ပေါ်နေသော မကျေနပ်စိတ်များလည်း ပျောက်ကွယ်သွားပြီဖြစ်ပါသည်။ သူတို့သည် ထျန်းရှန်မျိုးနွယ်စုလို တောထဲသို့ ကိုယ့်ဟာကိုယ်မဝင်ဘဲ၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဦးဆောင်မှုနောက်ကို လိုက်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါသည်။

ထျန်းရှန်မျိုးနွယ်စုဝင်များ အခုအချိန်တွင် ဘာတွေ ဖြစ်နေပြီလဲ သူတို့ သိချင်နေပါသည်။ သူတို့သည် အခြေအနေကောင်းနိုင်မည်တော့ မဟုတ်ပါ။

သူတို့နားတွင် ပိုးမွှားလေးများက ပျံသန်းနေပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင် များကတော့ ထိုပိုးမွှားလေးများကို ဂရုစိုက်မနေရန် မှာထားပါသည်။ထို့ကြောင့် သူတို့သည် ထိုပိုးမွှား

များအား ဂရုမစိုက်တော့ဘဲ၊ ပတ်ဝန်းကျင်ကိုသာ လေ့လာအကဲခတ်နေပါတော့သည်။

လွန်ခဲ့သော ၂ရက်၃ရက်လောက်တုန်းကဆိုလျှင် သူတို့ဝတ်ဆင်ထားသော ပိုးထည်အင်္ကျီများ၊ ဖျင်ကြမ်းအင်္ကျီများမှာ သွေးများ၊ ချွေးများပေကျံနေပါသည်။ သူတို့သည် ထိုပေရေနေသော အဝတ်အစားများကို လျှော်ရန်လည်း အချိန်မရသောကြောင့်၊ သူတို့ကိုယ်မှ ဆိုးဝါးသော အနံ့အသက်များသည် တောအုပ်တခွင် ပျံ့နှံ့နေပါသည်။

တောအုပ်ထဲမှ သားရဲများသည် ၎င်းတို့နှင့်မရင်းနှီးသောအနံ့များ၊ ချွေးနံ့များ၊ အညှီနံ့များကို ဆိုလျှင် ချက်ချင်းသိကြပါသည်။ သို့သော် ထိုအနံ့များ ထွက်နေခြင်းက တစ်မျိုးကောင်းသွားသည်။ ထိုအနံ့များက ထွက်နေခြင်းကြောင့် ၎င်းတို့ကို သားရဲကြီးများက ဝေးဝေးမှ ရှောင်ခွာသွားကြသည်။

သူတို့နားတွင် နှမ်းစေ့အရွယ်ပိုးမွှားလေးများ

ပျံသန်းနေကြပါသည်။ ထိုပိုးမွှားလေးများသည် သူတို့ကိုယ်မှ ထွက်နေသော အနံ့များကြောင့်၊ သူတို့နားကို လိုက်လာနေခြင်းဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုးမွှားလေးများသည် တဖြည်းဖြည်း ပိုပိုများလာပါသည်။

“ဒီနေရာက ခင်ဗျားတို့ ခါတိုင်းအမဲလိုက်နေကျနေရာလား” ချွီဆဲ့က ပျံသန်းနေသော ပိုးမွှားလေးများကို မောင်းထုတ်ရင်း လှမ်းမေးလိုက်သည်။

“အင်း…” ရှောက်ရွှမ်က မနေ့ညက ကျန်သော အသားဖတ်ကို ဝါးရင်း ဖြေလိုက်သည်။

ဟွေမျိုးနွယ်စုကတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအကြောင်းကို နားလည်ပါသည်။ သို့သော် မုန့်မျိုးနွယ်စုနှင့် ခြေလက်၈ဖက်မျိုးနွယ်စုတို့မှာတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အကြောင်းများကို သိပ်နားမလည်ပါ။ သူတို့သည် ဘာကြောင့် တောထဲမှ အန္တရာယ်များသော နေရာများတွင် အမဲလိုက်ချင်နေမှန်း သူတို့မသိပါ။ ထို့ပြင် သူတို့သည် အမဲလိုက်ထွက်သည့်

အခါတိုင်း၊ တောနက်နက်ထဲသို့ ဝင်လေ့ရှိသည်။ သူတို့သည် တောအုပ်ထဲတွင် လျှောက်နေသည်မှာ တော်တော်ကြာနေပြီဖြစ်သည်။ သို့သော် အခုအချိန်ထိ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အမဲလိုက်လမ်းကြောင်းပေါ်တွင် သာရှိနေပါသေးသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အမိမြေသို့ ပြန်ရောက်လာသောအခါ၊ သူတို့သည် အမဲလိုက်လမ်းကြောင်း၂ခုကို ရှောင်ရှားခဲ့ကြပါသည်။ ထိုနေရာသည် တစ်ခုအပါအဝင်ဖြစ်သည်။

ရှောက်ရွှမ်သည် အသားကိုစားပြီးသွားသောအခါ၊ မတ်တပ်ရပ်လိုက်ပြီး အဝေးသို့ မျှော်ကြည့်လိုက်သည်။

သူကြည့်လိုက်သော နေရာသည် သိပ်မမြင့်လှပါ၊ ကံကောင်းချင်တော့ ထိုနေရာသည် သစ်ပင်ကြီးများ ထူထပ်စွာ ပေါက်နေခြင်း မရှိသောကြောင့်၊ ၎င်းတို့သည် အဝေးသို့ ကောင်းစွာ

မြင်ရပါသည်။

သူတို့နှင့် သိပ်မဝေးလှသော နေရာတွင် စမ်းပေါက်တစ်ခုဖြစ်ပေါ်နေပါသည်။ ၎င်းတို့သည် ထိုစမ်းပေါက်မှ သောက်ရေများကို ရယူကြပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအတွက်တော့ ကျိုချက်ထားသောရေများကို သောက်ရသည်မှာ အဆင်ပြေပါသည်။ သူတို့သည် ထိုအလေ့အကျင့်နှင့် ရင်းနှီးနေပြီဖြစ်သည်။ အခြားသော မျိုးနွယ်စုဝင်များကတော့ ထိုစမ်းပေါက်မှ ရေများကို သောက်နေမကျသောကြောင့်၊ ဝမ်းပျက်ဝမ်းလျောရောဂါများဖြစ်ကြပါသည်။ ထို့ကြောင့် ရှောက်ရွှမ်က ၎င်းတို့ကို ရေကို ကျိုချက်ပြီးသောက်စေခြင်း ဖြစ်သည်။

ရှောက်ရွှမ်သည် နောက်အစီအစဉ်များအကြောင်းကို သောခန်၊မိုင်တို့နှင့် ဆွေးနွေးနေပါသည်။ သို့သော် ရုတ်တရက် သူသည် အသံတစ်ခုကို ကြားလိုက်ရပြီး၊ မျက်လုံးများက အရောင်များဖြတ်ခနဲ တောက်ပသွားပါသည်။ ရှောက်ရွှမ်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး၊

ညာဘက်လက်နှင့် ရှေ့ကို ထိုးချလိုက်သည်။

“ဖောက်”

ချွီဆဲ့နှင့် အခြားသူများကလည်း လှမ်းကြည့်လိုက်သောအခါ၊ လျှပ်ပြက်သလို လျင်မြန်သော လက်သီးချက်ကို တွေ့လိုက်ရသည်။ နောက်တကြိမ်ကြည့်လိုက်သောအခါတွင်၊ ရှောက်ရွှမ်သည် တစ်စုံတရာကို လက်နှင့် ဖမ်းဆုတ်ထားသည်ကို တွေ့မြင်လိုက်ရသည်။

“အဲဒါက…” ရှောက်ရွှမ်နားသို့ လူများဝိုင်းအုံလာကြသည်။

သူတို့သည် အခုတောအုပ်ထဲသို့ အခုမှ ရောက်လာဖူးခြင်း ဖြစ်သည်၊သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များဆီမှ သင်ယူစရာများစွာ ရှိနေပါသေးသည်။ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအကြောင်းကို ကောင်းစွာ မသိသေးသော်လည်း၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များမှာ ၎င်းတို့ထက်

အတွေ့အကြုံရင့်ကျက်သည်ဆိုတာကိုတော့ လက်ခံရမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် တစ်ခုခုအကြောင်းကို သိချင်သောအခါ၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို မေးမြန်းကြရသည်။ သူတို့သည် ထိုတောအုပ်အကြောင်းကို သေချာနားလည်ထားမှသာ၊ ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်များအား၊ ရှောင်ရှားနိုင်မည် ဖြစ်သည်။

“ခြင်တွေ…အဲဒီကောင်တွေက ခင်ဗျားတို့ကို သွေးစုပ်လိမ့်မယ်” ရှောက်ရွှမ်သည် လက်သီးဆုပ်ထဲမှ အကောင်လေးကို ထိုသူများအား ပြလိုက်သည်။

ထိုအကောင်လေးသည် ရှောက်ရွှမ်လက်ထဲတွင် ရုန်းကန်နေဆဲဖြစ်သည်။ ၎င်း၏ နှုတ်သီးသည် ရှောက်ရွှမ်၏လက်မတစ်ချောင်းစာလောက်ရှည်လျားပါသည်။ ရှောက်ရွှမ်က ထိုအပ်ချွန်လိုဖြစ်နေသော နှုတ်သီးလေးကို ဆွဲနှုတ်လိုက်သည်။

ထို့နောက် “ဂျွတ်ခနဲ” မြည်သံတစ်ချက်ထွက်

ပေါ်လာပြီး၊ နှုတ်သီးချွန်လေးမှာ ထက်ပိုင်းကျိုးသွားပါသည်။

တောအုပ်ထဲတွင် အခြားသော ကျေးငှက်များ၏ အသံများဆူညံနေသော်လည်း၊ အားလုံးမှာ အကြားအာရုံထက်မြက်သူများ ဖြစ်သောကြောင့်၊ ထိုအသံကို ကြားလိုက်ကြရသည်။

ထိုအရာကို မြင်သောအခါ၊ ချွီဆဲ့နှင့် အခြားသူများသည် မျက်နှာများ ရှုံ့မဲ့သွားကြသည်။

“အဲဒါဘာသံလဲ…ခြင်ရဲ့ပါးစပ်လား… ဘယ်လိုလုပ်ပြီး အပ်လိုချွန်နေတာလဲ”

“အဲဒီကောင်က သွေးစုပ်သတ္တဝါလား”

“ရှောက်ရွှမ်နောက်နေတာ ဖြစ်မှာပါ… ဒီကောင်က ဘယ်လိုလုပ်ပြီး ငါတို့ကို ဒုက္ခပေးနိုင်မှာလဲ”

ရှောက်ရွှမ်သည် လက်သီးဆုပ်ကို ဖြေလွှတ်လိုက်ပြီး၊ ခြင်အသေကောင်ကို ချွီဆဲ့အား လှမ်း

ပေးလိုက်သည်။ ရှောက်ရွှမ်သည် ခြင်၏ ဆေးထိုးအပ်နှင့်တူသော နှာမောင်းကို ချိုးပစ်လိုက်ပြီဖြစ်သည်။ ထိုအရာသည် ခြင်က သွေးစုပ်ရန် အသုံးပြုသော အရာလေးတစ်ခု ဖြစ်သည်။

ရှောက်ရွှမ်က ထိုအပ်ကို ချိုးလိုက်ပြီး၊ ခြင်ကို လက်ထဲတွင် လုံးချေပစ်လိုက်သောကြောင့်၊ ခြင်သည် မလှုပ်ရှားနိုင်တော့ပါ။ ရှောက်ရွှမ်သည် ခြင်အသေကောင်ကို ချွီဆဲ့နှင့် အခြားသူများအား လှမ်းပေးလိုက်သည်။ ချွီဆဲ့တို့သည် ထိုအကောင်ငယ်လေးကို သေချာကြည့်နေကြပါသည်။ ထိုအကောင်လေးသည် အကောင်သေးသော်လည်း အဆိပ်ပြင်းသည် မဟုတ်ပါလား။

ချွီဆဲ့သည် ခြင်အသေကောင်လေးကို သေချာကြည့်နေသည်။ ခြင်များမှာ လူသားများအတွက် အန္တရာယ်များလွန်းသောအကောင်ဖြစ်သည်။ ၎င်းတို့သည် အရွယ်ရောက်ပြီးသူတစ်ယောက်၏ သွေးများကို ကုန်အောင် စုပ်ယူနိုင်သော အကောင်များဖြစ်သည်။

ခြင်အသေကောင်ကို လေ့လာနေကြသော သူများအား အရေးမလုပ်တော့ဘဲ၊ ရှောက်ရွှမ်သည် မိုင်တို့အား “တစ်ခုခုတော့ လွဲနေပြီ” ဟုပြောလိုက်သည်။

အခြားသောသူများမှာ ခြင်အသေကောင်နှင့် အလုပ်ရှုပ်နေကြသော်လည်း၊ ရှောက်ရွှမ်ပြောလိုက်သော စကားကို နားစွန်နားဖျားကြားလိုက်ကြသဖြင့် “ဘာလွဲနေတာလဲ” ဟုလှမ်းမေးလိုက်သည်။

“ခြင်ဆိုတာ ဒီလိုအချိန်မျိုးမှာ ရှိလေ့မရှိဘူး”ရှောက်ရွှမ်သည် နဖူးပေါ်မှ စီးကျနေသော ချွေးများကို သုတ်လိုက်သည်။

“အခုရာသီဥတုက ဆောင်းတွင်းနဲ့တူလို့လား”

ရှောက်ရွှမ်က နွေရာသီနှင့် တူသည်ဟုပြောလျှင်လည်း၊ ဘယ်သူကမှ သဘောတူမည် မဟုတ်ပါ။

တော်တော်ထူးဆန်းသည့်အဖြစ်ပင်ဖြစ်သည်။ အခြေအနေမှာ မနှစ်ကထက်ပင် ပိုဆိုးသောကြောင့်၊ အားလုံးမှာ နေရထိုင်ရခက်နေကြသည်။ နတ်ဆေးဆရာများက ကြီးမားသောအပြောင်းအလဲများ ဖြစ်ပေါ်လာတော့မည်ဟု ၎င်းတို့အား သတိပေးထားပြီးသားဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် စိတ်ပူနေကြခြင်း ဖြစ်သည်။

“အခုလို ရာသီဥတုမျိုးမှာဆိုရင်၊ ခြင်တွေက အုပ်လိုက်လာလေ့ရှိကြတယ်” ရှောက်ရွှမ်က ပြောလိုက်သည်။

“အုပ်လိုက်လာတယ် ဟုတ်လား”

ခြင်အသေကောင်ကို ကြည့်လိုက်ပြီးနောက်၊ သူတို့အဖွဲ့သည် ကြက်သီးမွှေးညှင်းများထသွားကြသည်။

“ခြင်တွေက နေ့ခင်းအချိန်မှာ ပေါ်လေ့ရှိလို့

လား” တစ်ယောက်ကမေးလိုက်သည်။

“ခင်ဗျားက ဘယ်လိုသဘောရလဲ” ရှောက်ရွှမ်က ခြင်ကို လှမ်းကြည့်လိုက်ပြီး၊မှောင်နေပြီဖြစ်သော တောအုပ်ကို အကဲခတ်လိုက်သည်။

“အဲဒါဆိုရင် ကျုပ်တို့တွေ ဘယ်လိုလုပ်ကြမလဲ” တစ်ယောက်က လှမ်းမေးလိုက်သည်။

“နည်းလမ်းတစ်ခုတော့ ရှိတယ်… ခြင်တွေ ကြောက်တဲ့ အဆီတစ်မျိုးကို လိမ်းရမယ်… အစမှာ တစ်မျိုးတော့ဖြစ်နေလိမ့်မယ်…နောက်ပိုင်းကျရင်တော့ အသားကျသွားမှာပါ…အဲဒီအဆီကို လိမ်းထားလိုက်ရင် ခြင်တွေ ခင်ဗျားတို့နားကို လာတော့မှာ မဟုတ်ဘူး” ရှောက်ရွှမ်က ထွော်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

ထွော်ကခေါင်းညိတ်ပြလိုက်ပြီး မိုင်နှင့်အတူ ထွက်ခွာသွားသည်။ ထို့နောက် ၎င်းတို့သည် အရောင်ရင့်နေသော ရွှံ့များကို သစ်ရွက်ကြီးများနှင့် ထုပ်ပြီး ယူဆောင်လာကြသည်။ ထိုရွှံ့များဆီ

မှ ထူးဆန်းသော အနံ့များ ထွက်ပေါ်နေပါသည်။

မီးတောက်ဦးချိုမျိုးနွဘ်စုဝင်များ ယူလာသော ရွှံ့များကို ကြည့်လိုက်သောအခါ၊ အခြားမျိုးနွယ်စုဝင်များသည် စိတ်ညစ်သွားကြသည်။

“ဒီရွှံ့တွေကို သူတို့ဘယ်က တူးလာကြတာလဲ”

“အဲဒါဘာတွေလဲ… ခင်ဗျားတို့တွေ အဲဒါတွေကို ဘယ်ကတူးလာတာလဲ…အဲဒီ ရွှံ့တွေ လိမ်းစရာတကယ်လိုလို့လား” ဟွမ်ယဲ့၏ အသံက အေးစက်မာကြောနေသည်။ “ခင်ဗျားတို့တွေ နောက်နေတာတော့ မဟုတ်ပါဘူးနော်”

“ယုံတာ မယုံတာကတော့ ခင်ဗျားတို့ ကိစ္စပဲ… အခုအချိန်မှာ ကျုပ်တို့က ခင်ဗျားတို့ကို ဘေးကင်းအောင် လုပ်ပေးနေတာ” ရှောက်ရွှမ်က ခံစားချက်မရှိသလို ပြောလိုက်သည်။

“အဲဒါဆိုရင် ခင်ဗျားတို့ကကော ဘာလို့ မလိမ်းတာလဲ” တစ်ယောက်က မေးလိုက်သည်။

ရှောက်ရွှမ်တို့ ငါးယောက်သည် အင်္ကျီလက်များကို ပင့်တင်လိုက်ပြီး၊ လက်များ၊ ပုခုံးများတွင် သုတ်လိမ်းထားသော ဆေးများကို ပြလိုက်သည်။ “ ကျုပ်တို့က ဒီတောထဲကို မဝင်ခင်ကတည်းက လိမ်းလာတာ…အဲဒါကို ဆေးပင်တစ်မျိုးကနေ ဖော်စပ်ထားတာပါ… အဲဒီဆေးပင်က ကျုပ်တို့ရွာနားမှာ ရှိတယ်ဆိုပါတော့… ဒါပေမဲ့ အခုတောအုပ်ထဲမှာ ခြင်အုပ်တွေနဲ့ မတွေ့ရလောက်ဘူးထင်လို့ ကျုပ်တို့က အဲဒီဆေးကို အပိုဆောင်မလာမိဘူး… ခင်ဗျားတို့အနေနဲ့ အဲဒီဆေးတွေကို လိမ်းထားမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ”

ဟွမ်ယဲ့တို့သည် စိတ်ညစ်သွားကြသည်။ သို့သော် ၎င်းတို့သည် ခြင်ကိုက်မခံချင်သောကြောင့်၊ ရွှံ့စေးများကို သုတ်လိမ်းထားလိုက်ကြသည်။ ရွှံ့စေးများမှ ထွက်နေသော အနံ့များမှာ မွှန်ထွန်နေသောကြောင့် ၎င်းတို့သည် မျက်ရည်များပင် ကျလာကြသည်။

သို့သော် ညမှောင်လာသောအခါ၊ ရှောက်ရွှမ်က ၎င်းတို့ကို လိမ်နေခြင်း မဟုတ်ကြောင်း သိသွားကြသည်။

တောအုပ်ထဲမှ တဝီဝီမြည်သံများ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ထိုနေရာသို့ မရောက်သေးသော်လည်း၊ ထိုအသံများသည် ဘာအသံများဖြစ်သည်ဆိုတာကိုတော့ သိနေကြသည်။

၎င်းတို့သည် အသံကိုနားထောင်ရုံနှင့် ခြင်များမှာ အရေအတွက် အလွန်များမည် ဖြစ်ကြောင်းကို သိနေကြပါသည်။

“ဆက်သွားကြမယ်… နားမယ့်နေရာရောက်ဖို့ နည်းနည်းလိုနေသေးတယ်” မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ၎င်းတို့အား အနားယူခွင့်မ‌ေပေးသေးပါ။ ထို့ကြောင့် ကျန်သူများမှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များမှ နောက်သို့သာ လိုက်လာရသည်။

သူတို့နားတွင် တဝီဝီမြည်နေသံများ ထွက်ပေါ်

နေပါသည်။ ခြင်များသည် သူတို့၏ နားနားတွင် တဝီဝီပျံသန်းနေကြသည်။

၎င်းတို့သည် ကြောက်လန့်သွားသောကြောင့် ဦးရေပြားများမှာ ကျိန်းသွားကြသည်။ အချိန်မှာ မှောင်ရီဖျိုးဖျဖြစ်နေသော်လည်း၊ အလင်းရောင်အနည်းငယ်တော့ ရှိနေပါသေးသည်။ သူတို့သည် ခြင်များ၏ ချွန်ထက်သော နှုတ်သီးချွန်များကို တွေ့နေရပါသေးသည်။

ခြင်များမှာ အကောင်ရေများလွန်းလှသည်။

“တောထဲမှာတော့ ခြင်တွေက အများကြီးရှိနေမှာပဲ… မြေပြင်နားမှာလည်း ခြင်တွေရှိတယ်… အပင်အမြင့်ကြီးတွေ အပေါ်မှာလည်း ခြင်တွေ ရှိတယ်… တစ်တောလုံး ခြင်တွေနဲ့ ပြည့်နေလိမ့်မယ်” ခြင်များမှာ များပြားလွန်းသောကြောင့် သူတို၏ မြင်ကွင်းကို ပင် ပိတ်ဆို့ထားသလို ဖြစ်နေပါသည်။

သို့သော် ခြင်များသည် ၎င်းတို့အား မကိုက်ဘဲ

၊ သူတို့နားမှ ဖြတ်သန်းပြီး ပျံသန်းသွားကြသည်။

ခြင်များက သူတို့အားမကိုက်ကြောင်းကို သိသွားသောအခါမှ၊ ၎င်းတို့သည် စိတ်အေးသွားကြပြီး၊ အသက်ကို ဝအောင် ရှူနိုင်ကြလေသည်။

“ကျုပ်ပြောတာမှန်တယ်ဆိုတာ တွေ့ကြပြီလား” ရှောက်ရွှမ်က ရှေ့မှ ဦးဆောင်သွားရင် ပြောလိုက်တော့သည်။

(ဆက်ရန်…)

All Chapters