အခန်း ၅၃၆
Vol. 36 Ch. 536
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၅၃၆) ကျွန်များ၏ ခြေရာလက်ရာများ
သူတို့အဖွဲ့သည် ဂူတစ်ဂူတွင် အနားယူကြရန် စီစဉ်ထားကြပါသည်။ သူတို့သည် ထိုဂူကို အမဲလိုက်ထွက်တုန်းက ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုဂူမှာ သေးငယ်လွန်းသောကြောင့် သားကောင်များကို သိုမှီးထား၍ မရပါ။ အခြားသော ဂူများနှင့် နှိုင်းယှဉ်မှုများ ပြုလုပ်ပြီးသွားသောအခါ၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုဂူကို သူတို့အနားယူရန် နေရာအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ရှောက်ရွှမ်တို့သည် အခြားသူများအား သူတို့၏ စပါယ်ရှယ်နေရာများသို့ ခေါ်မသွားဘဲ၊ ဤနေရာသို့သာခေါ်ဆောင်လာပါသည်။ ၎င်းတို့သည် ထိုနေရာတွင်သာ စခန်းချရန် ဆုံးဖြတ်ချက်ချလိုက်ကြသည်။ အရူးများသာ သူတို့၏ လျှို့ဝှက်စခန်းများကို ပြသမည် ဖြစ်သည်။ ရှောက်ရွှမ်က ထိုလူများအား မယုံကြည်ပါ။
၎င်းတို့သည် ထင်းများနှင့် မီးများမွှေးပြီး၊ အိုးတစ်လုံးနှင့် ရေနွေးတည်လိုက်သည်။ ထို့နောက် စွပ်ပြုတ်များပြုတ်ပြီး၊ အသားများကို မီးကင်လိုက်သည်။
ဂူအပြင်တွင်တော့ တကျွီကျွီမြည်သံများ ပဲ့တင်ထပ်နေ၏။ ထိုအသံမှာ ဘာသတ္တဝါ၏ အသံလဲ သူတို့လည်း မသိကြပါ။ သို့သော် သူတို့သည် ထိုအသံကို ကြားသောအခါ ကြက်သီးမွှေးညှင်းများပင် ထသွားကြတော့သည်။
သူတို့ကိုယ်တွင် လိမ်းထားသော ရွှံ့များမှာ ခြောက်ပြီး၊ အဖတ်များဖြစ်ကုန်ကြသည်။ သူတို့သည် နောက်ထပ် ခြင်အုပ်ကြီးများနှင့် တွေ့ဆုံမည် စိုးသောကြောင့်၊ ထိုရွှံ့စေးများကို မဖယ်ရှားပစ်ရဲသေးပါ။ ရွှံစေးများ ခြောက်သွားသောအခါ၊ အနံ့အသက်များ သိပ်မပြင်းထန်သောကြောင့်၊ နည်းနည်းခံသာသွားပေသည်။
အချိန်ကြာလာတော့လည်း ၎င်းတို့သည် နေသားကျသွားကြသည်။။
အစပိုင်းတွင်တော့ တချို့လူများသည် ရှောက်ရွှမ်က ၎င်းတို့ကို လှည့်စားနေသည်ဟု ထင်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းမှသာ ထိုရွှံ့စေးများသည် ထိုနားမှ စမ်းပေါက်နားက တွင်းကြီးတစ်တွင်းထဲမှ ရလာကြောင်းကို သိသွားကြသည်။ တွင်းထဲတွင်တော့ ခြင်များကို စားသော သားရဲတစ်ကောင်နေထိုင်ပါသည်။ ခြင်များသည် ထိုသားရဲကိုတော့ ကြောက်ကြပါသည်။ ထိုသားရဲ၏ အနံ့ကို ရသည်နှင့် ခြင်များသည် ဝေးဝေးမှ ရှောင်သွားလေ့ရှိပေသည်။
ထိုအကြောင်းများကို သိသွားသောအခါ၊ သူတို့သည် အနည်းငယ် စိတ်အေးသွားပါသည်။
သူတို့မသိသေးသည်မှာ စမ်းပေါက်တွင် ရေလာသောက်သော သားရဲများသည် ထိုတွင်းကြီးထဲသို့ မစင်စွန့်လေ့ရှိသည်ဆိုသော အချက်ပင် ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်
များသည် ရုပ်တည်ကြီးတွေနှင့် နေနေကြသော်လည်း၊ စိတ်ထဲကတော ကြိတ်ရယ်နေပါသည်။
“အဲဒါဘာလဲ” ချွီဆဲ့က တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
ရှောက်ရွှမ်သည် တောင်အောက်ကို ငုံ့ကြည့်လိုက်သည်။ ညအမှောင်ထဲတွင်၊ အလင်းရောင်များက ဖြာထွက်နေပါသည်။
တောင်အောက်တွင် မြစ်ကလေးတစ်ခုက စီးဆင်းနေပြီး၊ ထိုအရောင်တောက်နေသော အလင်းများမှာ မြစ်ထဲတွင် နေသော သတ္တဝါများဆီမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ ထိုသတ္တဝါလေးများသည် ညအခါတွင် မြစ်ရေပြင်ပေါ်သို့ တက်လာလေ့ရှိသည်။ ထို့နောက် အလင်းများကို ထုတ်လွှတ်ပြီး၊ သားရဲများကို ဆွဲဆောင်လေ့ရှိပါသည်။ သားရဲများသည် ထိုအလင်းထဲသို့ တိုးဝင်လာပါက၊ ၎င်းတို့သည် စေးကပ်သော ကော်များပေါ်တွင် ကပ်ငြိသွားမည် ဖြစ်သည်။ ထိုအခါ ထို
သားရဲသည် လွတ်မြောက်အောင် ရုန်းနိုင်တော့မည် မဟုတ်ပါ။ ထိုအခါ ထိုသတ္တဝါလေးများက ၎င်းတို့၏ ထောင်ခြောက်တွင် မိနေသော သားရဲကို မြစ်ရေပြင်အောက်သို့ ဆွဲခေါ်သွားမည် ဖြစ်သည်။
“အဲဒီနေရာကို မသွားနဲ့…အဲဒီကောင်တွေက လူသားစားတယ်” ရှောက်ရွှမ်က ပြောလိုက်သည်။
အရောင်များတောက်ပနေသည်ဆိုတိုင်း ထိုနေရာတွင် ကျောက်မျက်ရတနာများ ရှိနေမည်မဟုတ်ပေ။တောအုပ်ထဲမှ တချို့နေရာများသည် အလွန်အန္တရာယ်များသော နေရာများ ဖြစ်ကြသည်။
တောအုပ်ထဲသို့ဝင်ပြီး ၁၅ရက်ကြာသောအခါ၊ သူတို့အဖွဲ့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အမဲလိုက်ပိုင်နက်အပြင်သို့ ရောက်လာပြီဖြစ်သည်။ ၎င်းတို့သည် တောအုပ်၏ အလယ်သို့ရောက်လာသောအခါ၊ ၎င်းတို့သည် ယခင်က
ထက် သတိဝီရိယပိုထားရပါတော့သည်။ အဘယ်ကြောင့်ဆိုသော် မီးတောက်ဦးချိုမျိုးနွယ်စုဝင် များပင် ရှေ့ခရီးလမ်းတွင် ဘာတွေရှိနေမလဲ သူတို့ မသိတော့ပါ။
သူတို့၏ ခြေလှမ်းများသည် နှေးကွေးသွားပါသည်။
ရှောက်ရွှမ်၊သုန့်ကန်းနှင့် မိုင်တို့အပြင် အခြား၂ယောက်တို့သည် ရှေ့ခရီးလမ်းအတွက် တိုင်ပင်ဆွေးနွေးနေကြသည်ဟု ထင်ရသည်။ အမှန်တော့ ကျန်လေးယောက်သည် ရှောက်ရွှမ်ခိုင်းစေသည်များကိုသာ လိုက်လုပ်နေကြခြင်း ဖြစ်သည်။
အဖွဲ့ငါးဖွဲ့အတူပေါင်းဆုံသည့် အခြေအနေသည် သူတို့အတွက်တော့ ရိုးနေပြီ ဖြစ်သည်၊ထို့ကြောင့် အခြားလူများကလည်း အအသားကျနေပြီဖြစ်သည်။ အခြား မျိုးနွယ်စု၆ခုမှ လူများက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို သိပ်အရေးလုပ်မနေဘဲ၊ ကိုယ့်အဖွဲ့နှင့် ကိုယ်တိုင်ပင်
ဆွေးနွေးနေကြသည်။
အခြားသူများမမြင်နိုင်သည်မှာ၊ ရှောက်ရွှမ်သည် မြက်လျောကြိုးခွေတစ်ခွေနှင့် ကြိုးထုံးများ ထုံးနေခြင်းပင် ဖြစ်သည်။
ရှောက်ရွှမ်က မျက်လုံးများကို ဖွင့်လိုက်ပြီး၊ သူပြုလုပ်ထားသော ကြိုးထုံးများကို ကြည့်လိုက်ပြီး၊ ကြိုးထုံးများမှ ပေးသော သဲလွန်စများကို ဘာသာပြန်ကြည့်နေပါသည်။ ထို့နောက် သူသည် နေရာတစ်နေရာကို လှမ်းညွှန်ပြလိုက်ပြီး “အဲဒီနေရာပဲ”ဟု ပြောလိုက်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက သူတို့ဆက်သွားရမည့် လမ်းကို ရွေးပြီးသွားသောအခါ၊ မောက်မာသော လေသံတစ်ခုက “ကျုပ်ကောင်းကင်ကို ကြည့်ပြီးပြီ၊ မနက်ဖြန်မိုးရွာလိမ့်မယ်… မနက်ဖြန်မရွာရင်တောင် သန်ဘက်ခါတော့ ရွာလိမ့်မယ်… မိုးကနည်းနည်းပါးပါး ရွာမှာ မဟုတ်ဘူး… ၂ရက်၃ရက်လောက် ဆက်နေအောင် ရွာလိမ့်မယ်…ခင်ဗျားတို့က ဘာလုပ်မယ်
စဉ်းစားထားလဲ” ဟုပြောလိုက်သည်။
ရှောက်ရွှမ်သည် ထိုစကားကို ပြောသည့်လူကို လှမ်းကြည့်လိုက်သည်။ ထိုသူမှာ လုံကျိုးမျိုးနွယ်စုမှ ဝါစဉ်ကြီးပုဂ္ဂိုလ် မုရိုဖြစ်သည်။ လမ်းတလျှောက်တွင် သူသည် ကောင်းကင်ပြင်ကိုကြည့်ပြီး ရာသီဥတုနှင့် ပတ်သက်သော ခန့်မှန်းချက်များကို ပြုလုပ်ခဲ့ပါသည်။ လွန်ခဲ့သောရက်အနည်းငယ်ကလည်း သူသည် ထိုအကြောင်းများကို ပြောခဲ့သည်။ နောက်၃ရက်အတွင်း မိုးရွာမည်မဟုတ်ဟုလည်း ပြောခဲ့သည်။
အမှန်တကယ်တော၊ သူတို့တောထဲသို့ ဝင်လာသည့်အချိန်မှစတင်ပြီး၊ မိုးလုံးဝ မရွာသေးပါ။ ရွာသည်ဆိုလျှင်တောင် အနည်းငယ်လောက်သာ ရွာခြင်း ဖြစ်သည်။ အများအားဖြင့်တော့ နေသာနေပြီး၊ အပူချိန်က မြင့်တက်နေပါသည်။
အခြားသော မျိုးနွယ်စုဝင်များကို ကြည့်လိုက်သောအခါ၊ သူတို့က မုရို၏ စကားများကို ယုံကြည်ဟန်ပြနေကြသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင် လေးယောက်သည် ကောင်းကင်ကြီးကို စိုက်ကြည့်နေသော အဖိုးအိုကို လှမ်းကြည့်လိုက်ပြီးနောက်၊ ရှောက်ရွှမ်ကို ကြည့်လိုက်ကြသည်။ ၎င်းတို့ကတော့ ရှောက်ရွှမ်က လွဲပြီး ဘယ်သူ့ကိုမှ မယုံကြပါ။
ရှောက်ရွှမ်က ခေါင်းခါပြလိုက်သည်။
မုရို၏မျက်နှာထားသည် ယခင်ကထက် ပိုတင်းမာသွားသည်။သူသည် သဘာဝလွန်ဖြစ်ရပ်များအကြောင်းကို သူတစ်ယောက်တည်းသာ သိသည်ဟု ယူဆထားခြင်း ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စု၏ နတ်ဆေးဆရာသည် ထိုကဲ့သို့ အစွမ်းမျိုးရှိချင်ရှိမည် ဖြစ်သော်လည်း၊သူ့လောက်တော့ အစွမ်းထက်မည် မဟုတ်ဟု သူက ယူဆထားသည်။ နတ်ဆေးဆရာသည် မှော်ပညာများကို အသုံးပြုလေ့ရှိသည်။ သူကတော့ ကိုယ်ပိုင်အတွေ့အကြုံကိုသာ အခြေခံပြီး ခန့်မှန်းချက်များ ပြုလုပ်ခြင်းဖြစ်သည်။ ထို့ပြင် အခုခရီးစဉ်တွင် နတ်ဆေးဆရာတစ်ယောက်မှ ပါမ
လာပါ။
လုံကျိုးမျိုးနွယ်စုဝင်များသည် လှေတစ်စီးနှင့် မြစ်ရေစီးအတိုင်း ၁နှစ် တိတိ လိုက်ပါစီးမျောဖူးသည်။ ထို့ကြောင့် ၎င်းတို့သည် အခြားသူများထက် ပို၍ အတွေ့အကြုံရှိပါသည်။ လုံကျိုးမျိုးနွယ်စုဝင်တစ်ယောက်သည် သဘာဝလွန်ဖြစ်ရပ်များအကြောင်းနှင့် ပတ်သက်သော ပညာရပ်များကို အနည်းငယ် တတ်ကျွမ်းထားကြပါသည်။ ထို့ကြောင့် ၎င်းတို့သည် ရာသီဥတုကို ကြိုတင်ခန့်မှန်းနိုင်ပြီး၊ သဘာဝဘေးအန္တရာယ်များကို ရှောင်ရှားနိုင်ကြပါသည်။
သူတို့သည် သူတို့၏ ပညာစွမ်းကို ထုတ်ပြခွင့်ရသောကြောင့်၊ လုံကျိုးမျိုးနွယ်စုဝင်များသည် ဂုဏ်ယူဝမ်းမြောက်နေကြပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် တောဘယ်လောက် ကျွမ်းကျွမ်း၊ သူတို့သည် လုံကျိုးမျိုးနွယ်စုဝင်များလိုတော့ ရာသီဥတုကို ခန့်မှန်းနိုင်မည် မဟုတ်ပါ။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ယခင်နေ့များက ရာသီဥတုခန့်မှန်းမှု
များ ပြုလုပ်ခဲ့သည်ဟု သူတို့ကြားထားပါသည်။ သူတို့သည် ယခင်ညနေခင်းက အခြေအနေများကို ကြည့်ပြီး၊ နောက်တစ်ရက်အတွက် ရာသီဥတုကို ခန့်မှန်းခြင်း ဖြစ်ပေလိမ့်မည်။
ရှောက်ရွှမ်က ခေါင်းခါပြလိုက်ခြင်းမှာ သူသည် ရာသီဥတုကို ခန့်မှန်းနိုင်စွမ်းမရှိဟု ဖြေဆိုလိုက်သည်ဟု ၎င်းတို့က ထင်နေကြသည်။
အခြားသော မျိုးနွယ်စုဝင်များကတော့ မိုးအကြောင်းကို လျှို့ဝှက်နေရာတစ်ခုတွင် ဆွေးနွေးနေကြပြီး၊ နောက် ၂ရက်၊၃ရက်တွင် ဖြစ်ပေါ်လာမည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြပါသည်။ သူတို့သည် မိုးရေထဲတွင်တော့ ခရီးမဆက်ချင်ကြပါ။
မီးတောက်ဦးချိုမျိုးနွယ်စုဝင် လေးယောက်ကတော့ ရှောက်ရွှမ် ဘာကြောင့် ခေါင်းခါပြသလဲဆိုတာကို နားလည်ကြသည်။ ရှောက်ရွှမ်ဆိုလိုသည်မှာ “အဲဒီအရူးကို မယုံကြနဲ့… ဘာတွေလျှောက်ပြောနေတာလဲ မသိဘူး… ဘာမိုးမှ ရွာမှာ
မဟုတ်ဘူး… ကြိုးထုံးဗေဒင်က ညွှန်ပြတဲ့နေရာကို အမြန်ဆုံးသွားဖို့လိုတယ်”ဟု ဆိုလိုခြင်း ဖြစ်သည်။
တောအုပ်ထဲသို့ ဝင်လာပြီးနောက်တွင်၊ အခုတစ်ခေါက်တွင်တော့ သဘောထား ကွဲလွဲမှု စတင်ဖြစ်ပေါ်လာပြီ ဖြစ်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ကြိုးထုံးများက ညွှန်ပြသောအရပ်သို့ ဆက်သွားရန် ဆုံးဖြတ်ထားကြသည်။ အခြားသော မျိုးနွယ်စု၆ခုကတော့ လုံကျိုးမျိုးနွယ်စုဝင်များ၏ အစီအစဉ်အတိုင်း လှုပ်ရှားကြမည် ဖြစ်သည်။ ၎င်းတို့၏ အစီအစဉ်မှာ မိုးခိုရန် နေရာတစ်ခုကို ရှာဖွေမည် ဖြစ်သည်။
“ကောင်းပြီလေ” ရှောက်ရွှမ်က စိတ်မဆိုးဘဲ လေးစားစွာ ပြောလိုက်သည်။ “ ဒီနေရာက ကျွန်တော်တို့ သိပ်မကျွမ်းတဲ့နေရာဆိုတော့၊ ခရီးစဉ်ကို ဆက်ပြီး ဦးဆောင်နိုင်တော့မှာ မဟုတ်ဘူး…ခင်ဗျားတို့မှာ ကိုယ်ပိုင် အစီအစဉ်ရှိနေတယ်
ဆိုရင် ကျွန်တော်တို့က မကန့်ကွက်တော့ပါဘူး… ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကိုယ့်အစီအစဉ်အတိုင်း ကိုယ်လှုပ်ရှားသွားမှာပါ”
“နေဦး…ငါတို့မင်းတို့နဲ့လိုက်မယ်” ကူလာ့က ပြောလိုက်သည်။ ဟွေမျိုးနွယ်စုဝင်များသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် ပူးပေါင်းရန် ဆုံးဖြတ်ထားသောကြောင့်၊သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနောက်သို့ လိုက်ပါရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် ကူလာ့၏ အတွင်းစိတ်ကလည်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနောက်သို့ လိုက်ရန် နှိုးဆော်နေပါသည်။ မိုးလေးနည်းနည်းလောက် ရွာတော့ကော ဘာဖြစ်လဲ၊ ရေအနည်းငယ် စိုရုံပေါ့။ သူတို့နှင့် ပါလာသော သိမ်းငှက်များကတော့ မိုးရွာလျှင် ပျံသန်းနိုင်တော့မည် မဟုတ်ပါ။
မန်မျိုးနွယ်စုဝင်များသည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီးနောက်၊ ချွီဆဲ့က “ကျုပ်တို့လည်း ခင်ဗျားတို့နဲ့ လိုက်မယ်… ကျုပ်တို့မျိုးနွယ်စုက ဒီတောကို သိပ်ကျွမ်းတာ မဟုတ်ဘူး…
မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက ကျုပ်တို့ကို ညီအကို လိုသဘောထားပြီးကူညီမယ်လို မျှော်လင့်ပါတယ်”
မုန့်မျိုးနွယ်စုမှ ဟွမ်ယဲ့ကတော့ နှုတ်ဆိတ်နေသည်။ သူ့လူများက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့်သာ၊ သူက သဘောတူလိုက်ရခြင်း ဖြစ်သည်။ သူသည် မုရိုနှင့် သဘောထားခြင်း တူညီသော်လည်း၊ သူသည် ဆယ်ရက်ခန့်မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် အတူနေခဲ့ရသောကြောင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အစွမ်းထက်ပုံအကြောင်းကိုသိနေပြီ ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သားရဲကြီးများလို ကြောက်မက်ဖွယ်ကောင်းသော်လည်း၊ သူတို့ဆီမှ သင်ယူလေ့လာစရာများစွာ ရှိနေပါသေးသည်။ ချွီဆဲ့ကလည်း သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ လှုပ်ရှားသည့်အတိုင်း လိုက်ပြီး လှုပ်ရှားရန် သဘောရပါသည်။
ခြေလက်ရှစ်ဖက်မျိုးနွယ်စုဝင်များကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့၏ မိတ်ဆွေ မုန့်မျိုးနွယ်စုဝင်များ၏များက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ဘက်မှ ရပ်တည်နေပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် လုံကျိုးမျိုးနွယ်စုဝင်များနောက်သို့ လိုက်လျှင် သူတို့အတွက် သိပ်အကျိုးရှိမည် မဟုတ်ပါ။ ၎င်းတို့သည် မုန့်မျိုးနွယ်စုဝင်များနှင့်သာ ဆက်လက်ပြီး လက်တွဲချင်နေပါသည်။
ထောင်ချီမျက်နှာဖုံးမျိုးနွယ်စုဝင်များကတော့ အခုအချိန်ထိ ဘာစကားမှ မပြောသေးပါ။ သို့သော် ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဘေးသို့ ဝင်ရပ်လိုက်သည်။ ထိုအဖြစ်ကို မြင်သောအခါ၊ မုရိုသည် မျက်လုံးပြူးသွားပါသည်။
ငှက်မွှေးမျိုးနွယ်စုဝင်များကတော့ သူတို့၏ မူလဆုံးဖြတ်ချက်ဖြစ်သော လုံကျိုးမျိုးနွယ်စုဝင်များနောက်သို့ လိုက်မည်ဆိုသော ဆုံးဖြတ်ချက်ကို သံသယဝင်နေကြပြီ ဖြစ်သည်။ သူတို့
ဆုံးဖြတ်ချက်သည် အခြေအနေဟန်မည့် ပုံမပေါ်ပါ။ ကျန်သော မျိုးနွယ်စုများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များဘက်သို့ ပါကုန်ပြီဖြစ်သည်။ သူတို့လူအနည်းငယ်လောက်နှင့် တောအုပ်ကို ဖြတ်သန်းဖို့က မဖြစ်နိုင်ပါ။ ထို့ကြောင့် ငှက်မွှေးမျိုးနွယ်စုကို ဦးဆောင်လာသော ကူကျိက သက်ပြင်းတစ်ချက်ချလိုက်ပြီး၊ မုရိုကို ပြုံးပြလိုက်ကာ၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များဘေးသို့ လျှောက်သွားပါတော့သည်။
လုံကျိုးမျိုးနွယ်စုဝင်များသည် ဘာစကားမှ မပြောနိုင် ဖြစ်သွားပါသည်။ ၎င်းတို့သည် အခုတော့ ရွေးချယ်ရန် မရှိတော့ပါ။ သူတို့သည် တောအုပ်ကို သူတို့မျိုးနွယ်စုတစ်ခုတည်း ဖြတ်သန်းရန် မဖြစ်နိုင်ပါ။
ထို့ကြောင့် မုရိုသည် သုန်မှုန်နေသော မျက်နှာထားဖြင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များဆီသို့ လျှောက်သွားရပါတော့သည်။
“ခင်ဗျားတို့က အဲဒီဘက်ကို သွားမယ်လို့ ဘာ
လို့ ဆုံးဖြတ်လိုက်တာလဲ” ဟွမ်ယဲ့က ရှောက်ရွှမ်ကို မေးလိုက်သည်။
“အဲဒီလမ်းအတိုင်းသွားမယ်ဆိုရင် ကျောက်ကုန်းမြို့တော်က ကျွန်တွေနဲ့ တွေ့မယ် ထင်လို့ပါ” ရှောက်ရွှမ်က ပြောလိုက်သည်။
မုရိုသည် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ နှာခေါင်းရှုံ့သံမှာ သိပ်မကျယ်လှသော်လည်း၊ အားလုံးကကြားလိုက်ရပေသည်။
ရှောက်ရွှမ်ကတော့ နောက်နေခြင်းမဟုတ်ဘဲ၊ မျက်နှာထားက တည်ငြိမ်နေပါသည်။ သူသည် သူရွေးချယ်ထားသော လမ်းအတိုင်း ဆက်သွားရန် ဆုံးဖြတ်ထာပါသည်။
နောက်တစ်နေ့တွင်တော့ ကောင်းကင်ပြင်ကြီးသည် ပြာလဲ့နေပါသည်။ အဖြူရောင်တိမ်တိုက်များက ကောင်းကင်တခွင်တွင် လွင့်မျောနေပါသည်။ မိုးရွာမည့် အရိပ်အယောင် နည်းနည်းမျှပင် မတွေ့ရပေ။
မုရို စိတ်မသက်မသာဖြစ်သွားလေသည်။
တတိယမြောက်နေ့ရောက်သောအခါတွင်လည်း၊ နေက ဆက်လက်ပူနေပါသည်။
မုရိုသည် ပို၍ပင် နေမထိထိုင်မသာ ဖြစ်လာပါသည်။ သူသည် ခေါင်းကြီး ငုံ့ထားပြီး၊ ဘယ်သူ့ကိုမှ မကြည့်ရဲတောပါ။ လုံကျိုးမျိုးနွယ်စုဝင်များအားလုံးသည် ဆွံ့အနေသူများပမာ နှုတ်ဆိတ်နေကြပါသည်။
လေးရက်မြောက်နေ့တွင်လည်း မိုးမရွာပါ။ သို့သော် ဘယ်သူကမှ မုရိုကို မလှောင်ပြောင်ကြပါ။ သူတို့သည် တောအုပ်၏ အန္တရာယ်အများဆုံးသော နေရာသို့ ရောက်နေပြီ ဖြစ်သောကြောင့်၊ ၎င်းတို့တွင် လှောင်ပြောင်နေရန် အချိန်မရှိပါ။ သူတို့သည် အန္တရာယ်အငွေ့အသက်များကို ရနေသောကြောင့်၊ နောက်ပြောင်ချင်စိတ်များ ပျောက်ကွယ်နေပါသည်။
သားရဲများပျော်စံရာမြေ၏ ရာသီဥတုအခြေအနေသည် အပြောင်းအလဲမြန်ကြောင်းကို ရှောက်ရွှမ်က သူတို့အားမရှင်းပြထားပါ။ ထို့ကြောင့် တောနက်ထဲသို့ရောက်လေလေ၊ ရာသီဥတုအခြေအနေကို ခန့်မှန်းဥ ခက်လေဖြစ်သည်။ မိုးမျိုးနွယ်စုမှ ယန်ဆွေ့ပါလာလျှင် ကောင်းမည်ဟု ရှောက်ရွှမ်တွေးလိုက်မိသည်။ သူသည် ရာသီဥတုနှင့် ပတ်သက်ပြီး တိကျသော ခန့်မှန်းချက်များပြုလုပ်နိုင်ပါသည်။ လုံကျိုးမျိုးနွယ်စုဝင်များ၏ ခန့်မှန်းချက်ကိုတော့ သူတို့ ဘယ်တော့မှ ယုံတော့မည် မဟုတ်ပါ။ သူတို့၏ ခန့်မှန်းချက်များသည် ဤနေရာတွင်တော့ အသုံးမဝင်ပါ။
အဆမတန်မြင့်တက်လာသော အပူချိန်များက အခြေအနေများသည် ပုံမှန်မဟုတ်ကြောင်း ပြသနေသည်ကို ရှောက်ရွှမ်က ခံစားမိပါသည်။ ရှောက်ရွှမ်သည်လည်း ကြိုးထုံးဗေဒင်ပညာနှင့် ကံကြမ္မာဟောကိန်း ပညာတို့ကိုသာ မတတ်မြောက်ထားလျှင်၊ သူသည်လည်း ရာသီဥတုကို တိကျစွာ ခန့်မှန်းနိုင်မည် မဟုတ်ပါ။
ရှောက်ရွှမ်သည် ထိုအကြောင်းများကို သူတို့အား ရှင်းပြမနေတော့ပါ။ ရှင်းပြလိုက်မည်ဆိုပါက အားလုံးသည် မုရိုကို နောက်အခေါက်များတွင် လုံးဝယုံကြည်ကြတော့မည် မဟုတ်ပါ။
ထိုအချိန်တွင် သစ်ရွက်များကြားတွင် ပုန်းအောင်းနေသော ပိုးမွှားများမှာ၊ အသံများထွက်နေကြသည်။
“ရွှမ်…” မိုင်က တစ်နေရာတွင် ရှိသော သစ်ပင်ကြီးတစ်ပင်ကို ညွှန်ပြလိုက်သည်။ သူ့မျက်နှာထားမှာ တည်ငြိမ်လေးနက်နေပါသည်။
ရှောက်ရွှမ်သည် သစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြီး၊ မိုင်ညွှန်ပြသည့်နေရာကို လှမ်းကြည့်လိုက်သည်။
သူတို့နှင့် မလှမ်းမကမ်းတစ်နေရာတွင် ၊ မီးခိုးရောင် အရိပ်လေးများ ပျံသန်းနေကြသည်။
“သွားကြည့်ကြရအောင်”
ထိုမီးခိုးရောင်အရိပ်များသည် အသေကောင်စားသတ္တဝါများ ဖြစ်ကြသည်။
ရှောက်ရွှမ် ရောက်လာသောအခါ၊ မြေပြင်သည် မီးခိုးရောင်အလွှာများဖြင့် ဖုံးလွှမ်းနေပါသည်။
ထိုငှက်များသည် လူသားများ၏ အသံများကို ကြားသောအခါ၊ ကျယ်လောင်စွာ အော်ဟစ်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားပါသည်။
မြေပြင်ပေါ်တွင်တော့ သားရဲတစ်ကောင်၏ အရိုးများနှင့် လူအရိုးများကို တွေ့လိုက်ရပါသည်။
ထိုအရိုးများသည် လူအရိုးဖြစ်ဖြစ်၊ သားရဲများ၏ အရိုးပဲ ဖြစ်ဖြစ် အခုအချိန်တွင်တော့ အရေးမပါတော့ပါ။ သူတို့၏ မူလသွင်ပြင်ကို အခု
အချိန်တွင်ခန့်မှန်း၍ ရတော့မည် မဟုတ်ပါ။
သားရဲ၏ အရိုးတစ်ချောင်းတွင်တော့ လှံတံအကျိုးတစ်ချောင်းက စိုက်ဝင်နေသည်။ ထိုလှံတံမှာ ကျောက်သားဖြင့်လုပ်ထားခြင်း မဟုတ်ဘဲ၊ ရွှေနှင့် လုပ်ထားခြင်း ဖြစ်သည်။
“ဒါကျွန်တွေရဲ့ အရိုးတွေလား”
သူတို့အားလုံးသည် ထိုအရာကို မြင်သောအခါ ပျော်ရွှင်သွားကြပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ပြောသည်မှာ မှန်ကန်နေပါသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ဦးဆောင်သည့်နောက်သို့ လိုက်လာခြင်းကြောင့်သာ ကျောက်ကုန်းမြို့တော်က လွှတ်လိုက်သော ကျွန်များနှင့် တွေ့ရခြင်း ဖြစ်သည်။
(ဆက်ရန်…)