← Chapters

အခန်း ၅၃၇

Vol. 36 Ch. 537

အခန်း ၅၃၇

Vol. 36 Ch. 537

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၅၃၇) ပျော့ပြောင်းသော အစိမ်းရောင်မြေပြင်များ

အနားတွင် ကျိုးကျနေသော သစ်ကိုင်းများစွာရှိနေပေသည်။ ငှက်များသည်လည်း သစ်ပင်များပေါ်မှ ပြုတ်ကျလာသလို၊ သစ်ရွက်များ ကြွေကျလာပြီး၊ သစ်ကိုင်းများ ကျိုးကျကုန်ပါသည်။ အပေါ်တွင်တော့ အပြာရောင်ကောင်းကင်ကြီးကို အတိုင်းသား မြင်နေရပါသည်။ နေရောင်ကလည်း မြေပြင်ပေါ်သို ဖြာကျနေပါသည်။

ပူပြင်းသော ရာသီဥတုကြောင့်၊ အသေကောင်ပုပ်များ၏ အနံ့များမှာ လေထဲတွင် ပျံ့နှံ့နေပါသည်။ ထိုအနံ့များကြောင့် အသေကောင်စားသတ္တဝါများစွာ ရောက်လာကြသည်။ သို့သော် ထိုနေရာသို့ ကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်များ ရောက်လာခဲ့လား၊ ရောက်မလာခဲ့ဘူးလား ဆိုတာကိုတော့ သူတို့လည်း သေချာမသိပါ။ လက်ရှိအခြေအနေတွင်တော့ မီးခိုးရောင်ငှက်မွှေး

များ၊ အသေကောင်စားသတ္တဝါများနှင့် ပျံသန်းနေသော ပိုးမွှားများမှ လွဲပြီး အခြားသော သားကောင်ကြီးများကို ထိုနားတွင် မတွေ့ရပါ။

သူတို့သည် ကျွန်များ၏ ခြေရာလက်ရာများကို ရှာကြည့်ပြီးနောက်၊ သူတို့အဖွဲ့သည် ဆက်၍ ခရီးဆက်ပါသည်။

အခုတော့ ၎င်းတို့သည် ကျောက်ကုန်းမြို့တော်မှ လွှတ်ထားသော ကျွန်များ၏ ခြေရာလက်ရာများကို ရှာတွေ့ပြီ ဖြစ်သောကြောင့်၊ သူတို့၏ ရှာဖွေမှုသည် အောင်မြင်ခြင်း လမ်းမပေါ်သို့ ရောက်စပြုပြီဟု ဆိုရမည် ဖြစ်သည်။ ထို့ပြင် သူတို့အဖွဲ့သည် အင်အားတောင့်တင်းသည် မဟုတ်ပါလား။

ကောလဟာလများအရတော့ ကျောက်ကုန်းမြို့တော်သည် လူ၅၀၀လောက်ကို စေလွှတ်ထားသည်ဟု ဆိုကြသည်။ သို့သော် ကျောက်ကုန်းမြို့တော်တစ်ခုလုံးနှင့် နှိုင်းယှဉ်မည်

ဆိုပါက၊ ထိုလူအရေအတွက်သည် သိပ်မများလှပါ။ သို့သော် ၎င်းတို့သည် လူ၅၀၀လောက်ကို တောထဲသို့ စေလွှတ်သည်ဆိုခြင်းမှာ ကြီးမားသော ရင်းနှီးမြုပ်နှံမှုတစ်ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရှောက်ရွှမ်တို့အဖွဲ့တွင်တော့ လူ၅၀၊၆၀လောက်သာ ရှိပါသည်။

၎င်းတို့သည် ကျွန်များ၏ ခြေရာလက်ရာများကို ရှာတွေ့သောအခါ၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအပေါ် ဖြစ်ပေါ်နေသော သံသယများပျောက်ကွယ်သွားပါသည်။ အမှန်တကယ်တော့ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဦးဆောင်မှုနောက်သို့ လိုက်လာမိခြင်းမှာ ကံကောင်းခြင်း ဖြစ်သည်။ သူတို့ဟာသူတို့ သွားနေမည်ဆိုလျှင် အချိန်တွေသာ ကုန်သွားမည်၊ ကျောက်ကုန်းမြို့တော်မှလူများကိုတော့ ရှာတွေ့မည် မဟုတ်ပါ။ တောအုပ်သည် သူတို့ထင်ထားသည်ထက် မြန်ဆန်စွာ ပြောင်းလဲနေသည် မဟုတ်ပါလား။ ခုနက သူတို့မြင်ခဲ့သော အလောင်းကောင်များသည် နောက်ရက်ဆိုလျှင် ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ အရိုး

လေးတစ်ချောင်းပင် ကျန်တော့မည် မဟုတ်ပါ။

သူတို့အဖွဲ့သည် တောအုပ်ထဲသို့ ကျွန်အဖွဲ့များနောက်မှ ဝင်လာခြင်း ဖြစ်သောကြောင့်၊ ကျွန်အဖွဲ့များ၏ ခြေရာလက်ရာများမှာ တော၏ အပြောင်းအလဲအောက်တွင် ပျောက်ကွယ် ကုန်ပါသည်။ ထို့ကြောင့် ၎င်းတို့သည် ကျွန်များက ဘယ်နေရာကို ဦးတည်သွားနေကြလဲ ခန့်မှန်း၍ မရခြင်း ဖြစ်သည်။

အခုတော့ ထိုအကြောင်းများကို စဉ်းစားမိသောအခါ၊ အားလုံးသည် သူတို့ အနေနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအား ပေးခဲ့ရသော စောင့်ရှောက်ခမှာ တန်သွားသည်ဟု ယူဆမိကြသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အကူအညီကိုသာမယူခဲ့ပါက၊ သူတို့သည် အနားယူရန် နေရာကိုပင် ရှာတတ်မည် မဟုတ်ပါ။ တောအုပ်ထဲတွင် သူတို့မျှော်လင့်မထားသော အန္တရာယ်ပေါင်းစုံရှိနေသည် မဟုတ်ပါလား။

၎င်းတို့သည် ကျွန်များ သွားခဲ့သော လမ်းကြောင်းအတိုင်း ၄ရက်လောက် လိုက်ပြီးသွားသောအခါ၊ သူတို့အဖွဲ့မှ လူ၃ယောက် ဆုံးပါးသွားခဲ့သည်။ ထို့ကြောင့် ၎င်းတို့တွင် လူ၆၃ယောက်မှ လူ၆၀သာ ကျန်တော့ခြင်း ဖြစ်ပါသည်။ ထိုသူများသည် အကြောင်းရင်းမျိုးစုံကြောင့် သေဆုံးကုန်ခြင်း ဖြစ်သည်။

အခုမနက်တွင်တော့၊ လုံကျိုးမျိုးနွယ်စုဝင်တစ်ယောက်သည် မြွေပေါက်ခံရပြီး သေဆုံးသွားပါသည်။ ကယ်ဆယ်ရေးအဖွဲ့က အရောက်နောက်ကျသွားသောကြောင့်၊ ထိုသူမှာ အသက်သေဆုံးသွားရခြင်းဖြစ်သည်။ ၎င်း၏ အရည်ပြားများသည် အဆိပ်ကြောင့် ပုပ်သိုးဆွေးမြေ့ကုန်ပါသည်။ ဒါတောင် ထိုသူသည် အဆိပ်အတော်များများကို ခံနိုင်ရည်ရှိသော အလတ်တန်းအဆင့် မျိုးနွယ်စုစစ်သည်တော်တစ်ယောက် ဖြစ်ပါသည်။ ထိုကဲ့သို့ သူမျိုးပင်လျှင် မြွေပေါက်ခံရပြီးနောက်၊ ဘာစကားတစ်ခွန်းမှ မပြောလိုက်နိင်ဘဲ သေဆုံးသွားရခြင်း ဖြစ်သည်။

သူ့ကို ပေါက်သော မြွေကတော့ သစ်ပင်ပေါ်တွင် ပုန်းနေသည်မှာ မသိလျှင် အသေကောင်တစ်ကောင်နှင့် တူနေပေသည်။ ၎င်းသည် အပုန်းကောင်းလွန်းသောကြောင့် သစ်ပင်နှင့် တသားတည်း ဖြစ်နေ၏။

လုံကျိုးမျိုးနွယ်စုဝင်များက မြွေကြီးများ၏ အဆိပ်များမှာ သိပ်မပြင်းထန်ဟု ယူဆထားကြသည်။ သို့သော် အခုအခြေအနေက သူတို့အထင် နှင့် တက်တက်စင်အောင် လွဲသွားပြီဖြစ်သည်။ ဤတောအုပ်ထဲတွင် အသက်သေစေလောက်သည်အထိ အဆိပ်ပြင်းသော မြွေကြီးများစွာရှိပါသည်။ ထိုမြွေကြီးများသည် ခေါင်းပြတ်သွားလျှင်တောင်၊ နောက်လူတစ်ယောက်ကို ဆက်ကိုက်နိုင်စွမ်းရှိနေပါသေးသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသာ ခြေမြန်လက်မြန်နှင့် မရှင်းလိုက်ဘူးဆိုပါက၊ လုံကျိုးမျိုးနွယ်စုဝင်နောက်၂ယောက်လောက်ထပ်မံသေဆုံးသွားကြမည် ဖြစ်သည်။

“ဒီကောင်တွေက ခေါင်းဖြတ်လိုက်လည်း ချက်ချင်းမသေကြဘူး… ဆက်ပြီးကိုက်နိုင်သေးတယ်… ပေါ့ဆလို့ မရဘူး…ပေါ့လိုက်တာနဲ့ ဒူးနဲ့ မျက်ရည်သုတ်သွားရမယ်” ရှောက်ရွှမ်က သူ့လူများကို ပြောလိုက်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုသို့ အန္တရာယ်ထူပြောလှသော တောအုပ်များအကြောင်းကို နောကျေနေပြီ ဖြစ်သည်။ သူတို့အမဲလိုက်နေကျတောအုပ်မှာ ယခုတောအုပ်နှင့် ဆင်တူနေပါသည်။ သို့သော် သူတို့သည် အဖွဲ့ကို ဦးဆောင်နေရသူများဖြစ်သောကြောင့်၊ အခက်အခဲများကို ပိုရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် မိုင်နှင့် ထွော်တို့သည် ထိုတောအုပ်နှင့် လျင်မြန်စွာ အသားကျသွားခြင်း ဖြစ်သည်။

သူတို့ထိုတောအုပ်ထဲသို့ ရောက်ခါစတုန်းကဆိုလျှင်၊ တောအကြောင်းကို သိပ်အထာမနပ်သေးသောကြောင့်၊ အနားယူရန် နေရာပင် ရှာမတွေ့ကြချေ။ သူတို့သည် လဟာပြင်ထဲတွင် အိပ်ခဲ့ရသော ညပေါင်းများစွာ ရှိခဲ့ပေသည်။ လွန်ခဲ့သော ၂ရက်

ကတော့၊ သူတို့သည် တောင်ထိပ်တစ်ခုပေါ်တွင် ယာယီစခန်းချခဲ့ပါသည်။ အနားယူရန် ဂူတစ်လုံးကို ရှာမတွေ့ကြသောကြောင့်၊ သူတို့သည် တောင်ပေါ်ရှိ လေအောက်တစ်နေရာတွင်သာ စခန်းချခဲ့ရပါသည်။

ထိုနေရာတွင် တွေ့ခဲ့ရသော ခြေရာလက်ရာများမှာ၊ သူတို့ ရှေ့မှ သွားခဲ့သော ကျွန်များ၏ ခြေရာလက်ရာများဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ ကျွန်များသည်လည်း ထိုနေရာတွင် စခန်းချသွားခြင်း ဖြစ်ပေလိမ့်မည်။

တောင်နံရံများပေါ်တွင် ပန်းချီပုံများကို ရေးဆွဲထားကြသည်။

ရှောက်ရွှမ်၏ ကျောက်တုံးများကို အကဲခတ်သည့်ပညာအရဆိုလျှင်၊ တောင်နံရံများပေါ်တွင် ရေးဆွဲသွားသော ပန်းချီများမှာ အချိန်ကြာလှပြီ ဖြစ်သည်။ ထိုပန်းချီများကို ကြည့်ခြင်းဖြင့် ထိုနေရာသို့ ယခင်ကလည်း ကျွန်အဖွဲ့များ ရောက်လာဖူးသည်မှာ ထင်ရှားပါသည်။

ကျွန်များ၏ ခြေရာလက်ရာများက ရှောက်ရွှမ်၏ ခန့်မှန်းချက်ကို ပိုခိုင်မာစေပါသည်။ ကျောက်ကုန်းမြို့တော်သည် တချိန်တုန်းက မျက်နှာစိမ်းသားရဲကြီးတစ်ကောင်ကို ဖမ်းမိခဲ့ဖူးပါသည်။

တစ်ခါတရံတွင် ၎င်းတို့သည် ကျွန်များ၏ အလောင်းများကို တွေ့ရပါသည်။ အလောင်းများမှာ သားရဲကြီးများက ကိုက်ထားသောကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြသည်။ တချို့ လူများကတော့ အင်္ဂါအစိတ်အပိုင်းများပင် မပါတော့ပါ။ ထိုကဲ့သို့သော တောအုပ်ထဲတွင်၊ လူသားများသည် သားရဲကြီးများ၏ သားကောင် ဖြစ်နေပါတော့သည်။

နေမွန်းတည့်ချိန်ရောက်သောအခါ၊ ခြေလက်၈ဖက်မျိုးနွယ်စုဝင်များက သောက်ရေခပ်ရန် မြစ်ဆီသို့ ထွက်သွားကြပါသည်။ သူတို့သည် မြစ်နားသို့ အရမ်းမကပ်သင့်ကြောင်းကို သိထားကြပါသည်။ လွန်ခဲ့သော ရက်များကဆိုလျှင်၊ လူ

တစ်ယောက်သည် မြစ်နားသို့ အကပ်လွန်သွားသောကြောင့်၊ မြစ်ထဲပြုတ်ကျပြီး ရေစီးကြောင်းအတိုင်း မျောပါသွားလေသည်။

ရာသီဥတုကလည်း ပူသထက် ပိုပူလာပါသည်။ ထို့ကြောင့် ၎င်းတို့သည် ခရီးသွားရသည်မှာ ယခင်ကလောက် မလွယ်ကူတော့ပါ။အားလုံးမှာ ချွေးများရွှဲစိုနေကြပြီ ဖြစ်သည်။ သစ်ရွက်များနှင့် သစ်ကိုင်းများကြောင့် နေရောင်ဒဏ်ကို တိုက်ရိုက်မခံရသော်လည်း၊ အပူရှိန်ကတော့ လျှော့ကျသွားခြင်း မရှိပါ။ သူတို့သည် ခရီးဆက်ရင်းဆက်ရင်းဖြင့် ရေငတ်သည်ထက် ငတ်လာ၏။

ပါးလျသော ကြိုးလေးတစ်ချောင်းကို အုန်းသီးနှင့် တူသော အခွံမာသီးတစ်ခုနှင့် ပူးပြီးချည်ထားပါသည်။ ထို့နောက် အခွံမာသီးပေါ်တွင် လက်သီးဆုပ်အရွယ်လောက်ရှိသော အပေါက်လေးတစ်ခုကို ဖောက်လိုက်ပါသည်။ ထို့နောက် ထိုအခွံမာသီးနှင့် ပူးပြီး ကျောက်တုံးတစ်တုံးကို တွဲချည်လိုက်ပြီး မြစ်ထဲသို့ ပစ်လွှတ်လိုက်

ပါသည်။

ပလုံခနဲ မြည်သံနှင့်အတူ၊ ကျောက်တုံးသည် ရေအောက်သို့ နစ်မြုပ်သွားပါသည်။ ထိုအခါ ရေများက အခွံမာသီးထဲသို့ ဝင်သွားပါသည်။ အခွံမာသီးထဲတွင် ရေများပြည့်လောက်သောအခါ၊ ခြေလက်၈ဖက်မျိုးနွယ်စုဝင်၂ယောက်က အခွံမာသီးကို ဆွဲတင်လိုက်ပါသည်။

သို့သော် အခွံမာသီးသည် ရေပြင်ပေါ်သို့ရောက်လာသောအခါ၊ နှစ်မီတာလောက် မြင့်မည် ဖြစ်သော အရိပ်တစ်ခုက အခွံမာသီးကို ကိုက်ပြီး လိုက်ပါလာပါသည်။ ထို့နောက် ထိုသတ္တဝါသည် အခွံမာသီးကို မြစ်ထဲသို့ ပြန်ဆွဲချသွားပါသည်။ ထိုသားရဲ ရေအောက်သို့ ပြန်ငုပ်သွားသောအခါ၊ ရေများက လေပေါ်သို့ လွင့်စင်တက်သွားပါသည်။

ရေလာခတ်သော စစ်သည်တော်၂ယောက်သည် အခွံမာသီးကို ထိုသားရဲက ဝါးစားလိုက်သံ

ကိုပင် ကြားလိုက်ရလေသည်။

သို့သော် ၎င်းတို့သည် ထိုမြင်ကွင်းမျိုးနှင့် အသားကျနေပြီဖြစ်သည်။ ၎င်းတို့သည် အနည်းငယ်တုန်လှုပ်သွားသော်လည်း၊ ရေကို နောက်တစ်ကြိမ်ခတ်ရန် ကြိုးစားရပြန်ပါသည်။ အခုတစ်ခေါက်တွင်တော့ အောင်မြင်သွားပြီ ဖြစ်သည်။ အခုတစ်ခေါက်တွင်တော့ ရေခပ်သော အခွံမာသီးကို မည်သည့်သားရဲကမှ မကိုက်တော့ပါ။

“နောက်တစ်ခါဆိုရင်၊ ဒီထက် ခိုင်တဲ့ ကြိုးကို သုံးရမယ်… ကြိုးသာခိုင်မယ်ဆိုရင် ငါးမျှားလို့ပါရတယ်” ရှောက်ရွှမ်သည် မြစ်ရေမျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်သွားသော လှိုင်းကြက်ခွပ်လေးများကို ကြည့်ရင်းပြောလိုက်သည်။ ခုနကထွက်ပေါ်လာသော အကောင်မှာ ခြေလက်များမပါသော အိမ်မြောင်တစ်ကောင်နှင့်တူနေပါသည်။ ၎င်းသည် မြစ်ထဲမှ ငါးတစ်မျိုးသာ ဖြစ်ပါသည်။

ရှောက်ရွှမ်ပြောသည်မှာ သဘာဝကျပါသည်။

သူတို့သုံးသော ကြိုးမှာသာ ခိုင်ခံ့သည်ဆိုပါက ထိုငါးကို ဆွဲလိုက်နိုင်မည် ဖြစ်သည်။ ထိုသို့ဆွဲလိုက်နိုင်ပါက ထိုငါးကို ညစာအဖြစ်စား၍ရမည်ပင် ဖြစ်သည်။ သူတို့၂ယောက်တည်းဆွဲ၍ မနိုင်ဘူးဆိုလျှင်တောင်၊ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အကူအညီကို တောင်းခံ၍ရမည် ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ခွန်အားဗလသန်စွမ်းသူများ ဖြစ်ကြသည် မဟုတ်ပါလား။

ခြေလက်၈ဖက်မျိုးနွယ်စုဝင်များသည် ပင့်ကူမျှင်မှ ထုတ်လုပ်သော ပိုးချည်မျှင်များစွာကို ပိုင်ဆိုင်ထားပါသည်။ အနည်းငယ်လောက် ပြုပြင်လိုက်မည်ဆိုလျှင်၊ ထိုပိုးချည်မျှင်များကို အဝတ်အစားများ ချုပ်၍ရနိုင်ပါသည်။ ခိုင်ခံ့သော ပိုးချည်မျှင်များကိုတော့၊ သားကောင်များကို ဖမ်းရန် ပိုက်ကွန်များယက်လုပ်နိုင်မည် ဖြစ်သည်။

အဖွဲ့ထဲမှ လူငယ်များအတွက်တော့ ထိုအရာသည် ရှားပါးအတွေ့အကြုံတစ်ခုပင် ဖြစ်သည်။

၎င်းတို့သည် ထိုအဖြစ်ကို တသက်တာမေ့နိုင်တော့မည် မဟုတ်ပါ။

၎င်းတို့သည် ကျွန်များ သွားလာခဲ့သော လမ်းကြောင်းအတိုင်းလိုက်နေရသလို၊ အစာရေစာကိုလည်း ရှာဖွေရပါသေးသည်။ တခါတရံတွင် စခန်းချရာ ဂူတစ်လုံးရရန် ဂူထဲမှ ဝက်ဝံကြီးများနှင့် တိုက်ခိုက်ရသည့်အခါလည်း တိုက်ခိုက်ရလေ့ရှိပါသည်။ ဂူထဲတွင် အိပ်စက်ခြင်းက၊ အပြင်တွင် အိပ်စက်ခြင်းထက် ပိုပြီး ဘေးကင်းသည် မဟုတ်ပါလား။

၎င်းတို့သည် တောအုပ်ထဲတွင် နားစရာနေရာရှာရင်းနှင့် ဝက်ဝံကြီးတစ်ကောင်နှင့် ရင်ဆိုင်ရပါသည်။ ဝက်ဝံကြီးမှာ ဉာဏ်များလွန်းသောကြောင့် ၎င်းတို့သည် အနိင်မရခဲ့ပါ။ သူတို့ ဘယ်လိုပဲ မောင်းထုတ် မောင်းထုတ်၊ ဝက်ဝံကြီးကတော့ ဂူထဲတွင်သာ ပေကပ်နေပါသည်။

ဝက်ဝံကြီးသာ အပြင်ထွက်လာမည်ဆိုပါက၊ ၎င်းတို့သည် အနိုင်ရကောင်း ရနိုင်မည်

ဖြစ်သည်။ ဝက်ဝံကြီးအား သတ်ပြီး ညစာအဖြစ်ပင်စား၍ ရနိုင်လောက်သည် ဖြစ်သည်။ သို့သော် ဝက်ဝံကြီးက ဂူထဲက ထွက်မလာသောကြောင့် သူတို့လည်း ဘာမှမတတ်နိုင်တော့ပါ။ လူများကလည်း အထဲသို့ ဝင်မလာနိုင်သောကြောင့်၊ ဝက်ဝံကြီးက ထိုအခွင့်အရေးကို အမိအရအသုံးချပါတော့သည်။ အခုတော့ သူတို့အားလုံးစုပေါင်းပြီး ဝက်ဝံကြီးအား မောင်းထုတ်မည်ဆိုလျှင်တောင်၊ ဝက်ဝံကြီးက ဂူထဲမှ ထွက်တော့မည် မဟုတ်ပါ။

ဝက်ဝံကြီးသည် ကျယ်လောင်စွာ ဟိန်းလိုက်ပါသည်။ ထိုအခါ ၎င်း၏ ခံတွင်းထဲမှာ ညှီစို့သော ငါးရနံ့များထွက်လာပါသည်။ ထိုအနံ့များသည် ချီဆဲ့တို့ ကိုယ်တွင် ကပ်ပါလာပါသည်။

သို့သော် ထိုအနံ့မှာ ဝက်ဝံကြီး၏ တံတွေးနံ့လား၊ ဘာလား သေချာမကွဲပြားမပါ။ သို့သော် ချွီဆဲ့တို့ဆီမှာ ထိုအနံ့များ ထွက်န‌ေသောကြောင့်၊ ဝက်ဝံကြီးသည် ၎င်းတို့အားမတိုက်ခိုက်တော့ပါ။ ၎င်းတို့ ကံကောင်းသွားခြင်းဖြစ်သည်။

နောက်နေ့ဝက်လောက်ကုန်သွားသောအခါ၊ သူတို့အဖွဲ့သည် နောက်တောင်တစ်လုံးကို ဖြတ်ကျော်ပြီးသွားကြပါသည်။ ထိုအခါ ၎င်းတို့သည် အနားယူရန် ဆုံးဖြတ်လိုက်ပါသည်။

“ဘာဖြစ်တာလဲ” ရှောက်ွရှမ်သည် ကျောက်တုံးတစ်တုံးပေါ်တွင် ရပ်ပြီး အဝေးကို မျှော်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ၊ သုန့်ကန်းတို့က ရှောက်ရွှမ်အားမေးလိုက်ပါသည်။

ရှောက်ရွှမ်သည် ရှေ့ကို လက်ညှိုးထိုးပြပြီး “ကွာခြားချက်ကို သတိထားမိလား”ဟုမေးလိုက်သည်။

“ကွာခြားချက် ဟုတ်လား”

သုန့်ကန်းတို့သည် ရှောက်ရွှမ် ညွှန်ပြသော နေရာကို ကြည့်လိုက်ပြီး “တောင်တွေ အများကြီးရှိတယ်လေ” ဟုပြောလိုက်သည်။

“အဲဒါတင်မကဘူး… ကျွန်တော်တို့ ရှေ့မှာ ရှိတဲ့

သစ်ရွက်တွေကလည်း အရင်နဲ့မတူတော့ဘူး” ရှောက်ရွှမ်က ပြောလိုက်သည်။

“မင်းပြောမှ ငါသတိထားမိတယ်… သစ်ရွက်တွေက စိမ်းစိုနေတာပဲ” သုန့်ကန်းက အနားတွင်ရှိသော ခြုံပုတ်တစ်ခုမှ သစ်ရွက်တစ်ရွက်ကို ခူးယူလိုက်ပြီး သစ်ရွက်ကို သေချာကြည့်နေလိုက်သည်။

ဖြစ်နိုင်သည်မှာ ရာသီဥတုမှာ ပူလောင်လွန်းသဖြင့်၊ သစ်ရွက်များသည် ညှိုးခြောက်နေကြခြင်း ဖြစ်သည်။

သို့သော် ရှောက်ရွှမ်ညွှန်ပြသော နေရာသို့ ကြည့်မိသောအခါ၊ အပင်များမှာ စိမ်းစိုလန်းဆန်းနေကြောင်းကို တွေ့လိုက်ရသည်။ ထိုအပင်များသည် ဘာအပင်များဖြစ်လဲသူတို့ မသိသော်လည်း၊ ကြည့်၍ကောင်းသည်ကတော့ အမှန်ပင် ဖြစ်သည်။သစ်ပင်များပေါ်သို့ နေရောင်ဖြာကျနေသောကြောင့်၊ သစ်ရွက်များမှာ အရောင်များတောက်ပနေပါသည်။ အခုလို ပူပြင်းလှသော

နေ့တစ်နေ့တွင် စိမ်းလန်းစိုပြေသော မြင်ကွင်းများကို မြင်ရသည်မှာ ၎င်းတို့၏ စိတ်များအား လန်းဆန်းသွားစေပါသည်။ ၎င်းတို့မှာ ရာသီဥတုပူပြင်းလွန်းသောကြောင့်၊ ရေဓာတ်ခမ်းခြောက်ပြီး သေတော့မလို ဖြစ်နေ၏။

“ကြည့်ကြစမ်း… ဟိုနားမှာ မီးခိုးတွေ တွေ့တယ်” မိုင်ကပြောလိုက်သည်။

မိုင်၏ အသံကို ကြားရသောအခါ၊ အားလုံးသည် ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။

တောင်များ၏အလယ်၊ စိမ်းစိုနေသော တောအုပ်ဆီမှ မီးခိုးငွေ့များ ထွက်ပေါ်နေပါသည်။ သို့သော် လေများတိုက်ခတ်နေသောကြောင့်၊ မီးခိုးများမှာ လေနှင်ရာသို့ လွင့်ပါသွားကြလေသည်။

“အဲဒါကျွန်တွေရဲ့ အဖွဲ့ပဲ ဖြစ်မယ်… “

“နောက်ဆုံးတော့ တွေ့ရပြီပေါ့လေ” အဖွဲ့ထဲမှလူ

များက ပြောလိုက်သည်။

ရှောက်ရွှမ်သည် ထိုတောင်တန်းကို လှမ်းကြည့်လိုက်ပြီး “ဒီကောင်တွေလိုက်ရှာနေတဲ့ သားရဲက ရှေ့ကတောအုပ်ထဲမှာ ရှိမယ်ထင်တယ်” ဟုပြောလိုက်သည်။

သူတို့အဖွဲ့သည် ရုတ်တရက်တိတ်ဆိတ်သွားပြီး၊ အားလုံးက ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်ကြသည်။

“အကိုကြီးရှောက်ရွှမ် ပြောချင်တာက မျက်နှာစိမ်းသားရဲက အဲဒီတောအုပ်ထဲမှာ ရှိတယ်လို့ ပြောချင်တာလား” ဟွမ်ယဲ့က မေးလိုက်သည်။

ခရီးစဉ်တလျှောက်တွင် သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အစွမ်းများကို မြင်ခဲ့ရသည် ဖြစ်သောကြောင့်၊ သူသည် ရှောက်ရွှမ်အားလေးစားသွားပြီဖြစ်သလို သဘောထားလည်း ပြောင်းလဲသွားပြီဖြစ်သည်။ ရှောက်ရွှမ်နှင့်

စကားပြောသည့်အခါ လေးစားမှုကို ပြသည့်အနေဖြင့် ရှေ့က အကိုကြီးတပ်၍ခေါ်ပါသည်။

သို့သော် ရှောက်ရွှမ်ကတော့ ထိုအရာများကို ဂရုမစိုက်ပါ။ အခြားလူများက သူ့ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူ့အတွက် ဘာမှအရေးမကြီးပါ။

ထိုအချိန်တွင် ရှောက်ရွှမ်သည် တောအုပ်ထဲသို့ ကြည့်လိုက်ပြီး၊မျက်နှာစိမ်းသားရဲ အကြောင်းများကို တွေးနေမိသည်။

ရှေ့တွင်တောင်တန်းများစွာရှိနေသောကြောင့် ရေများလည်း ရှိရမည် ဖြစ်သည်။ ထိုတောအုပ်ကို ကြည့်လိုက်ရသူအပေါင်းတို့၏ ရင်ထဲတွင် ငြိမ်သက်အေးချမ်းသွားကြသည်။ ထိုနေရာသည် သားရဲများပျော်စံရာမြေ၏ အထွတ်အမြတ်နေရာတစ်ခုဖြစ်ပြီး၊ မျက်နှာစိမ်းသားရဲကြီးသည် ထိုနေရာတွင် ရှိနေနိုင်မည် ဖြစ်ပေသည်။

(ဆက်ရန်…)

All Chapters