← Chapters

အခန်း ၅၃၈

Vol. 36 Ch. 538

အခန်း ၅၃၈

Vol. 36 Ch. 538

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၅၃၈) တောင်ကြားမှ လျှို့ဝှက်ရွာ

တောင်ကြားများဝန်းရံထားသောနေရာတွင် လူသားများသည် အိမ်အသစ်များကို ဆောက်လုပ်နေကြလေသည်။

ထိုသစ်သားအိမ်ကြီးများကို ဆောက်လုပ်ထားသည်မှာ သိပ်မကြာသေးပေ။ တောအုပ်ထဲတွင် ခုတ်ထားသော သစ်ပင်များမှာလည်း လတ်လတ်ဆတ်ဆတ်သာရှိနေပါသေးသည်။ သစ်သားအိမ်လေးများကို တန်းစီပြီးဆောက်လုပ်ထားသည်မှာ၊ တောင်ကြားထဲတွင် လျှို့ဝှက်သော ရွာလေးတစ်ရွာကို တည်ထားသည်နှင့်တူနေလေသည်။

ရွာပတ်ပတ်လည်တွင် ဆယ်မီတာလောက် အမြင့်ရှိမည် ဖြစ်သော သစ်သားတိုင်များကို စိုက်ထူထားပါသည်။ ထိုခြံစည်းရိုးမှာ အပြင်မှာ သားရဲများ ရွာထဲဝင်မလာအောင် ကာထားခြင်း

ဖြစ်သည်။ မျှော်စင်ပေါ်တွင် ကျွန်၃ယောက်က မတ်တပ်ရပ်ပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေလေသည်။

ဟင်းလင်းပြင်တစ်ခုထဲတွင်တော့ သားရဲကြီးတစ်ကောင်ပိုင်ဆိုင်ထားသော အရိုးများကို လွှတ်ပစ်ထားပါသည်။ အသားပင်မရှိတော့သော အရိုးများမှာ ဘာကောင်၏ အရိုးများဖြစ်မလဲပြော၍ပင် မရနိုင်တော့ပါ။ သို့သော် ဦးခေါင်ခွံအရိုးကို ကြည့်ပြီးနောက်တွင်တော့၊ ထိုအရိုးမှာ သားရဲကြီးတစ်ကောင်၏ အရိုးများဖြစ်မှန်းသိနိုင်ပေသည်။

လက်နက်ပြုလုပ်၍ ရနိုင်မည် ဖြစ်သော သားရဲကြီးများ၏ အရိုးများ၊ ဦးချိုများနှင့် သွားများကို ဖြတ်တောက်ယူထားကြပါသည်။ ထို့နောက် အရိုးများကို ဖြတ်တောက်သံများအား နေရာအနှံ့တွင် ကြားနေရသည်။ ထိုကျွန်များတွင် ကြေးလက်နက်များ ပါရှိသော်လည်း၊ ၎င်းတို့တွင်ပါလာသော ပစ္စည်းများမှာ ကုန်သလောက် ဖြစ်နေပြီ

ဖြစ်သည်။ အခုလိုမျိုးအခြေအနေတွင်တော့၊ သူတို့သည် ပြင်၍ ရလောက်မည်ဖြစ်သော လက်နက်များကို ပြင်ဆင်ပြီး သုံးကြသည်။ ပြင်၍မရတော့လျှင်တော့ လွှတ်ပစ်လိုက်ကြမည် ဖြစ်သည်။ လက်နက်များ မရှိပါက။ ၎င်းတို့သည် သားရဲကြီးများ ပြည့်နှက်နေသော တောအုပ်ထဲတွင် အသက်ရှင်နိုင်မည် မဟုတ်ပါ။ သားရဲကြီးများ၏ အရိုးများ၊ ဦးချိုများနှင့် သွားများသည် လက်နက်လုပ်ရန် သင့်တော်သော ပစ္စည်းများဖြစ်ကြသည်။ ကျွန်များအားလုံးသည် အရိုးများကို ဖြတ်တောက်ခြင်း၊ အရောင်တင်ခြင်းများနှင့် အလုပ်ရှုပ်နေကြသည်။

သစ်သားအိမ်များ၏ အလယ်တွင်တော့ မြေကွက်လပ်တစ်ခုကို တွေ့နိုင်ပါသည်။ ထိုနားမှ ဖြတ်သွားသောလူများသည် သတိနှင့် ဖြတ်သန်းသွားကြရပြီး၊ စကားကိုပင် ကျယ်လောင်စွာ မပြောရဲကြပါ။

ထိုကွက်လပ်ထဲတွင် တောက်လောက်နေသော မီးပုံကြီးတစ်ပုံရှိပြီး၊ မီးပုံပေါ်တွင်တော့ အသား

များကို ကင်ထားပါသည်။ အသားကင်မှ အဆီများက မီးပုံပေါ်သို့ ကျနေသဖြင့် တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာနေပါသည်။

အသားအနည်းငယ်ဖြူသော လူလတ်ပိုင်းတစ်ယောက်သည် မီးပုံနားတွင် ထိုင်နေပါသည်။ အခြားသော ကျွန်များကတော့ ဖျင်ကြမ်းအင်္ကျီများကို ဝတ်ဆင်ထားကြပြီး၊ ထိုသတ်လတ်ပိုင်းလူကတော့ သန့်ရှင်းသော အင်္ကျီများကို ဝတ်ဆင်ထားပါသည်။ ၎င်း၏အဝတ်အစားများမှာ ဖျင်ကြမ်းနှင့် ချုပ်လုပ်ထားခြင်းသာ ဖြစ်သော်လည်း၊ ၎င်း၏အဝတ်အစားများမှာ အဆင့်မြင့်စွာချုပ်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူအဝတ်အစားများ၏ အရည်အသွေးမှာ အခြားသူများ၏ အဝတ်အစားများ ထက် ပိုမိုကောင်းမွန်ပါသည်။ အင်္ကျီထောင့်နားလေးတွင် အစင်းကြောင်းလေးများ ဖြစ်နေသော်လည်း၊ ၎င်း၏ အင်္ကျီများသည် အပေါက်အပြဲမရှိပါ။

လူရွယ်သည် မျက်မှောင်ကြီးကြုတ်ပြီး၊ သားရေချပ်တစ်ခုပေါ်တွင် ဆွဲထားသော ပန်းချီပုံ

တစ်ခုကို ကြည့်နေ၏။

သားရေချပ်ပေါ်တွင် သာမန်ပန်းချီပုံများကို ရေးဆွဲထားပါသည်။ အစိမ်းရင့်ရောင် တြိဂံများက တောင်တန်းများကို ကိုယ်စားပြုပြီး၊ အစိမ်းရောင်ခြယ်ထားသော နေရာများကတော့ တောအုပ်များကို ကိုယ်စားပြုသည်။ အစိမ်းများကြားထဲတွင်တော့၊ အဝါရောင်သဲလိုင်းကြောင်းလေးသည် နေရာတစ်ခုတွင်သွား၍ အဆုံးသတ်သွားသည်။

ထိုအရာမှာ သာမာန် မြေပုံတစ်ခုသာ ဖြစ်သည်။ မြေပုံပေါ်တွင် ဆွဲထားသော မျဉ်းကြောင်းများမှာ သူတို့သွားရမည့် လမ်းကြောင်း ဖြစ်သည်။ ထိုမျဉ်းကြောင်း၏ အဆုံးတစ်ဖက်တွင်တော့ တောအုပ်တစ်ခုရှိပြီး၊ အခြားသော အဆုံးတစ်ဖက်ကတော့ သူတို့ အခုရောက်နေသော နေရာသာဖြစ်သည်။

လူရွယ်သည် လမ်းမှားပြီစိုးသောကြောင့်၊ မျက်မှောင်ကြီးကို ယခင်ကထက် ပိုကြုံ့ပြီး

စဉ်းစားနေပါသည်။

အကြီးတန်ကျွန်များကတော့ ထိုသူနားတွင် ကျိုးနွံ့စွာ ရပ်နေကြသည်။ သူတို့သည် လူရွယ်မသိအောင် တိတ်တဆိတ်သာ ခိုးကြည့်ရဲကြသည်။ ကျွန်များက ထိုလူသည် စိတ်တိုနေကြောင်းကို သိသောကြောင့်၊ ဘာစကားတစ်ခွန်းမှ မပြောရဲကြပါ။ သူတို့ စကားမှားသွားပါက ထိုလူ၏ ဒေါသအိုးသည် ပေါက်ကွဲတော့မည် ဖြစ်သည်။

“ဒီနေရာမှာပဲ ရှိရမယ်… မမှားနိုင်ဘူး” လူရွယ်သည် ကျောက်တုံးပေါ်တွင် ထိုင်ရင်း ရေရွတ်လိုက်မိသည်။ သူသည် ခြေထောက်နှင့် မြက်ပင်များကို ဖိနင်းထားသောကြောင့် သူ့ခြေထောက်အောက်မှ မြက်ပင်များသည် ပြားကပ်နေပြီ ဖြစ်သည်။

သူ့နားတွင် ရပ်နေသော ကျွန်များကတော့ ခေါင်းများကို ငုံ့ထားကြသည်။

အသားကင်အနံ့က တစ်ရွာလုံးပျံ့နှံ့နေပြီ

ဖြစ်သည်။ ရွာထဲတွင် ကင်းလှည့်နေသော ကျွန်များသည် အသားကင်အနံ့ကြောင့် သွားရည်များကျနေကြသည်။ သို့သော် ၎င်းတို့သည် ကင်းတာဝန်ကျနေသောကြောင့် အသားကင်ရှိရာနေရာသို့ မကြည့်ရဲကြပါ။

ထိုအချိန်တွင် လူအယောက်၂၀လောက်ရှိမည် ဖြစ်သော မုဆိုးများသည် သူတို့ရလာသော သားကောင်များကို ယူပြီး ရွာထဲသို့ ဝင်လာကြသည်။

မြေပုံကို ကြည့်နေသော လူရွယ်သည် ပြန်ရောက်လာသော မုဆိုးအဖွဲ့ကို လှမ်းကြည့်လိုက်သည်။ ထိုအခါ မုဆိုးများသည် ထိုသူကို ပြန်မကြည့်ဝံ့ကြဘဲ၊ မျက်နှာလွှဲလိုက်ကြသည်။

လက်ထဲတွင် သားရေချပ်ကို ကိုင်ထားသော လူရွယ်သည် မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားနေပါသည်။ မုဆိုးများတွင် သူလိုချင်သောအရာပါမလာကြောင်းကို သိသောအခါ၊ သူ့မျက်လုံးများသည် အရောင်ပြန်ဖျော့သွားကြသည်။

ထို့နောက် သူသည် စိတ်လည်း အနည်းငယ်တိုသွားသည်။

“မင်းတို့တွေ အဲဒါကို အခုထိမတွေ့ကြသေးဘူးလား… မဖြစ်နိုင်တာကွာ… ဘာလို့ ရှာမတွေ့ရတာလဲ”

လူရွယ်၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲနေပါသည်။

သူသည် လက်ထဲတွင်ကိုင်ထားသော သားရေချပ်ကို အောက်သို့ပစ်ချလိုက်သည်။ သို့သော် သူသည် ပစ်မချတော့ဘဲ၊ ရပ်တန့်လိုက်ပါသည်။ ထိုအစား၊ သူသည် မြေကြီးကို ဖနောင့်နှင့် ပေါက်နေပါတော့သည်။

ထိုသားရေချပ်သည် လွှတ်ပစ်သင့်သော ပစ္စည်းမဟုတ်ပါ။ ထိုအရာသည် သူတို့အတွက် လမ်းညွှန်ပေးမည့်အရာဖြစ်သည်။ သူသည် စိတ်ဆိုးနေသည်ဆိုသော်လည်း၊ သားရေချပ်ကိုတော့ လွှင့်မပစ်တော့ဘဲ၊ မြေကြီးအောက်မှ မြက်ပင်များကို

သာ ခြေထောက်နှင့် ကန်နေပါတော့သည်။

ထိုအခါ မြေကြီးပေါ်မှ မြက်ပင်များသည် အဝေးသို့ လွင့်စင်ထွက်သွားပါသည်။

“မျက်နှာစိမ်းသားရဲကိုမတွေ့တာနဲ့ ဘာလို့၊ မြက်ပင်တွေကို ဒေါသတကြီး လျှောက် ကန်နေတာလဲ” ပျင်းရိလေးတွဲသော အသံတစ်ခုက ပြောလိုက်သည်။

သားရေချပ်လေးကို ကိုင်ထားသော လူရွယ်ကတော့ ထိုအသံကို ကြားသောအခါ၊ ထိုလူကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် သူ့နားတွင်ရပ်နေသော ကျွန်များကို “ မတွေ့မချင်းဆက်ရှာကြဟေ့…ရှာမတွေ့မချင်း မင်းတို့ ပြန်မလာကြနဲ့” ဟုပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ၊ ကျွန်များသည် စိတ်ညစ်သွားကြသော်လည်း၊ အမိန့်ကိုတော့ မပယ်ရှားဝံ့ကြပါ။ အခုလေးတင် ပြန်ရောက်လာသူများသည် စားစရာရှိသည်များကို စားသောက်

ပြီးနောက်၊ ပြန်လည်ထွက်ခွာသွားကြရသည်။ ဦးချိုများနှင့် အရိုးများကို အရောင်တင်နေကြသော ကျွန်များသည်လည်း ၎င်းတို့အလုပ်များကိုသာ သဲသဲမဲမဲ ဆက်လက်လုပ်ဆောင်နေကြပါသည်။

လူအများစုအတွက်တော့ ကန္တာရဆိုသည်မှာ၊ အသက်အန္တရာယ်နှင့် နီးသော နေရာဖြစ်သည်။ ရာသီဥတုက ပူလောင် ခြောက်သွေ့နေလေ့ရှိပြီး၊ သစ်ပင်များလည်း သိပ်မရှိပါ။ ထိုသို့ ပူပြင်းခြောက်သွေ့လှသော ကန္တာရမျိုးကို လူများသည် ဝေးဝေးမှ ရှောင်ချင်လှသည်။

သို့သော် ထိုကျွန်များအတွက်တော့ ထိုကန္တာရသည် အဆန်းမဟုတ်တော့ပါ။ ထိုအဖွဲ့ထဲမှလူများသည် မျိုးရိုးစဉ်ဆက်အလိုက် ကျွန်များအဖြစ် တာဝန်ထမ်းဆောင်လာကြသူများဖြစ်ကြပြီး၊ ၎င်းတို့သည် စိတ်ထဲတွင် ကျွန် စိတ်ဓာတ်က အရိုးစွဲနေပြီဖြစ်သည်။ သူတို့စိတ်ထဲတွင်တော့ ကျောက်ကုန်းမြို့တော်သည် သူတို့၏ အိမ်ဖြစ်သလို၊ သူတို့ကိုးကွယ်ရာ ဆရာသခင်များနေရာ

ဒေသလည်း ဖြစ်သည်။ သူတို့သည် ထိုနေရာသို့သာ ပြန်မလာနိုင်ခဲ့ပါက သူတို့အတွက် သေသည်နှင့် မခြားတော့ပါ။

အခုတော့ ကျောက်ကုန်းမြို့တော်သည် ကန္တာရထဲတွင် ဘုရင်တစ်ဆူဖြစ်လာသောကြောင့်၊ ကျွန်များသည် ဂုဏ်ယူဝမ်းမြောက်မိကြပြီး၊ ယခင်ကထက် ပိုမို သစ္စာရှိလာကြသည်။ အခုထွက်လာသော ကျွန်များသည် ကျောက်ကုန်းမြို့တော်အတွက် အသေခံရဲလောက်သည်အထိ သစ္စာရှိသောသူများ ဖြစ်ကြသည်။

ကျောက်ကုန်းမြို့တော်မှ စေလွှတ်လိုက်သော လူ၅၀၀တို့သည် တောအုပ်ထဲတွင် အန္တရာယ်များစွာကို ရင်ဆိုင်လာရသောကြောင့်၊ ဒဏ်ရာရသူများမှာ လူ၁၀၀လောက်ရှိနေပြီဖြစ်သည်။ သေဆုံးသောလူများလည်း ရှိသည်။ သို့သော် ကံကောင်းချင်တော့ ၎င်းတို့သည် သူတို့၏ ခရီးဆုံးကို ရှာတွေ့ခဲ့ပြီဖြစ်သည်။ သို့သော် အခုအချိန်ထိတော့ ၎င်းတို့၏ ပစ်မှတ်ကို ရှာမတွေ့သေးခြင်းမှာ ကံမကောင်းခြင်းပင် ဖြစ်သည်။

လူရွယ်သည် မီးပုံနားမှ ကျောက်တုံးကြီးပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ စိတ်ညစ်နေဟန်ပေါ်နေပါသည်။ သူသည် မျက်နှာစိမ်းသားရဲကို မတွေ့သေးဘဲနှင့် ပြန်ချင်စိတ်မရှိသေးပါ။ ဖြစ်နိုင်လျှင်သူသည် တစ်တောလုံးကို မြေလှန်ပြီး ရှာချင်နေပါသည်။

အသက်ကိုဝအောင် ရှူလိုက်ပြီးနောက်၊ ထိုလူရွယ်သည် “ဓားပြ၄၊မင်းတို့ဘက်မှာကောအခြေအနေဘယ်လိုရှိလဲ” ဟုမေးလိုက်သည်။

“ရှာမတွေ့သေးပါဘူး…”ထိုသူသည် ပြောလိုက်သော စကားသည် ထိုသူ၏ သဘောထားကို ဖော်ပြလိုက်သကဲ့သို့ ဖြစ်နေပါသည်။ သူ့ကိုကြည့်ရသည်မှာတော့ အေးဆေးပင် ဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ ကစားပွဲတစ်ခုကို ကစားနေသည်နှင့်ပင် တူနေပါသေးသည်။ သူက ထိုသို့ ကစားရသည်ကိုပင် ပျော်ရွှင်နေဟန်တူပါသည်။

“အဲဒါဆို မင်းတို့ ဘာလို့ဆက်မရှာလဲ” လူရွယ်

က အံ့ကို ကြိတ်ပြီးမေးလိုက်သည်။ သူသည် ရှီရှုက ဘာကြောင့် ဓားပြများအား အကူအညီတောင်းထားသလဲဆိုတာကို နားမလည်ပါ။ ထိုဓားပြများသည် ပစ္စည်းခိုးယူတတ်ရုံအပြင် ဘာမှမတတ်မြောက်ပါ။

ဓားပြ၄သည် မီးပုံနားသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး၊ ထိုင်ချလိုက်သည်။ သူသည် မီးပုံပေါ်တွင် ကင်ထာသော နံရိုးများကို လှမ်းယူလိုက်ပြီး အသားကင်များကို ပူတုန်းစားသောက်လိုက်သည်။ အသားများကို ဝါးနေရင်းနှင့်၊ သူသည် “ အဲဒီလောက် လွယ်မယ်ဆိုရင် ကျောက်ကုန်းမြို့တော်က လူတွေက ဘာလို့ နှစ်တွေရာချီပြီး ကြာသွားတာတောင် မျက်နှာစိမ်းသားရဲ၃ကောင်ပဲ ရှာတွေ့ခဲ့တာလဲ” ဟုမေးလိုက်သည်။

“အဲဒါတော့ ဟုတ်တယ်…ရှီရှီ” ဓားပြ၄က ရုတ်တရက် တစ်စုံတရာကို ပြန်မှတ်မိသွားသည်။ ထို့နောက် သူက “ ကျုပ်တို့နောက်က လိုက်နေတဲ့ တိုင်းရင်းသားတွေ ရှိတယ်” ဟုပြောလိုက်သည်။

ဓားပြ၄အတွက်တော့၊ သူတို့၏ ဓားပြအမှတ်စဉ်များသည် အခြားသူများနှင့် ခွဲခြား၍ ရအောင် အမှတ်အသားလုပ်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် ကျွန်များလည်း မဟုတ်သလို၊ တိုင်းရင်းသားများလည်း မဟုတ်ပါ။ သူသည် ထိုကဲ့သို့ ဓားပြလုပ်နေရခြင်းကိုပင် ကျေနပ်နေခြင်း ဖြစ်သည်။ သူသည် သူ့ကိုယ်သူ သာမန်တိုင်းရင်းသားများထက် အဆင့်မြင့်သည်ဟု ထင်နေသောသူဖြစ်သည်။ ထို့ကြောင့် သူသည် တိုင်းရင်းသားများအကြောင်းကို ပြောလျှင် အနည်းငယ် နှိမ်ပြီးပြောလေ့ရှိသည်။

“မျိုးနွယ်စုဝင်တွေလား…မကြာခင် ရောက်တော့မယ် ဟုတ်လား” ရှီရှီက တိုင်းရင်းသားများသည် သူတို့နောက်မှ ထိုမျှ မြန်ဆန်စွာ လိုက်လာမည်ဟု ထင်မထားပါ။ “ သူတို့တွေကလည်း မျက်နှာစိမ်းသားရဲကို လိုက်ရှာနေတာလား”

ရှီရှီသည် လူသတ်ချင်စိတ်ပေါက်နေကြောင်းကို သိသော်လည်း၊ ဓားပြ၄သည် ခပ်ဖြည်းဖြည်း

ပြောလိုက်သည် “တကယ်တော့ ခင်ဗျားအနေနဲ့ သူတို့ကို အရေးလုပ်နေစရာမလိုပါဘူး… ကံကောင်းရင် သူတို့ကြောင့် ကျုပ်တို့က မျက်နှာစိမ်းသားရဲကို ရှာတွေ့ချင် ရှာတွေ့မှာပါ”

ထိုစကားကို ကြားလိုက်သောအခါ၊ ရှီရှီ၏ မျက်လုံးများ တောက်ပသွားသည်။ သို့သော် သူသည် ဘာမှတော့မပြောပါ။ ဆိတ်ဆိတ်နေခြင်းသည် ဓားပြ၄နှင့် သဘောတူသည့် သဘောပင် မဟုတ်ပါလား။ သူတို့သည် ရက်ပေါင်းများစွာ ရှာနေသော်လည်း၊ အခုအချိန်ထိ ဘာတိုးတက်မှုမှမရှိသေးပါ။ မျိုးနွယ်စုဝင်တိုင်းရင်းသားများကတော့ သဲလွန်စများကို ရှာတွေ့နေပြီလားပင် မပြောတတ်ပါ။

အသားကင်များကို စားသောက်ပြီးသွားသောအခါ၊ ဓားပြသည် ထိုနေရာတွင် ဆက်မနေတော့ပါ။ သူသည် ရွာထဲမှ ထွက်ခွာပြီးနောက်၊ တောအုပ်ထဲသို့ဝင်သွားပါသည်။ အစောင့်များသည် ဓားပြ၄ထွက်ခွာသွားသည်ကို မမြင်ချင်ဟန်ဆောင်နေပါသည်။

တောအုပ်ထဲတွင်တော့ ၊ ရာသီဥတုသည် ပူလောင်နေပြီး၊ လေထဲတွင် စိုထိုင်းဆများ မြင့်တက်နေပါသည်။ သစ်ပင်များအောက်မှ အရိပ်များထဲတွင်တော့ လေပြည်ညှင်းများတိုက်ခတ်နေပြီး၊ ထိုလေပြည်ညှင်းများက အမောအပန်းများကို ပြေပျောက်သွားစေနိုင်ပါသည်။

ဓားပြ၄သည် တောအုပ်ထဲသို့ ဝင်လာပါသည်။ ထိုနေရာတွင် ပေါက်နေသော မြက်ပင်များမှာ ၎င်း၏ ခါးလောက် မြင့်ပါသည်။ ထိုနေရာကို ကြည့်ရသည်မှာ အစိမ်းရောင် သမုဒ္ဒရာကြီးတစ်ခုနှင့် တူနေပါသည်။

ထိုနေရာတွင် ဘာကျွန်မှ မရှိပါ။

“ကဲ…” ဓားပြလေးက အော်လိုက်သည်။

သူနှင့် ခြေလှမ်းငါးလှမ်းလောက် ကွာသောနေရာမှ၊သစ်ပင်ကြီးတစ်ပင်ပေါ်မှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။

“ငါတော့ ဘာသံမှ မကြားရပါဘူး” သစ်ပင်ပေါ်မှလူသည် သံသယဖြစ်နေသော အသံဖြင့် လှမ်းပြောလိုက်သည်။ “ အဲဒီကျွန်တွေက သူတို့ ရှာချင်တာလောက်ပဲ သိတာ… ကျန်တာ ဘာမှ သိတာ မဟုတ်ဘူး… ဒါပေမဲ့ သေချာတာတစ်ခုကတော့ ရှီရှီက စိတ်မရှည်တော့ဘူး… သူက မျက်နှာစိမ်းသားရဲကိုတွေ့ရင် ဘာလုပ်မလို့လဲ”

“ရှီရှီက မပြောဘဲနဲ့ ငါတို့လည်း သိမှာ မဟုတ်ဘူး…အခုတော့ ငါတို့အနေနဲ့ ဘာမှ လှုပ်ရှားလို့ မရသေးဘူး… ကျွန်တွေနဲ့ မျိုးနွယ်စုဝင်တွေက ရှာတွေ့သွားမယ်ဆိုရင်လည်း ငါတို့ သက်သာတာပေါ့”

“နားလည်ပြီ…”

ထိုသို့ပြောပြီးနောက်တွင်တော့ ထိုလူသည် သစ်ပင်ပေါ်သို့ ပြန်ခုန်တက်သွားပြီး မျက်စိတမှိတ်အတွင်း ပြန်လည် ပျောက်ကွယ်သွားသည်။

အစိမ်းရင့်ရောင် ကင်းခြေများတစ်ကောင်သည် မြင်ခင်းထဲမှ ထွက်ပေါ်လာသည်။ ၎င်း၏ ပါးစပ်ထဲတွင်တော့ ချွန်ထက်သော သွားများက ပလာယာတစ်ချောင်းနှင့် တူနေပါသည်။ ၎င်းသည် ဓားပြ၄ရှိရာ ခြုံပုတ်ဆီသို့ ပြေးဝင်လာပါသည်။ သို့သော် ခဏကြာသောအခါ ဓားပြလေးသည် လေထဲသို့ တိုးဝင် ပျောက်ကွယ်သွားပါသည်။

ထိုအခါ သားကောင်ကိုတွေ့ပြီဆိုပြီး ပျော်နေသော ကင်းခြေများမှာ ကြောင်သွားပါသည်။

ကင်းခြေမျာသည် ခေါင်းပေါ်မှ မှင်တံ၂ချောင်းနှင် ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေပြီး သားကောင်ကို လိုက်ရှာနေပါသည်။ ခဏကြာသောအခါ၊ ဘာကောင်ကိုမှ မတွေ့သောကြောင့်၊ သူသည် လက်လျှော့သွားပြီး နောက်သားကောင်တစ်ကောင်ကို ဆက်ရှာပါတော့သည်။ ထို့နောက် ၎င်းသည် မြေကြီးအောက်သို့ တိုးဝင်ပျောက်ကွယ်သွားပါတော့သည်။

လေများတိုက်ခတ်နေသောကြောင့် မြက်ပင်များမှာ ဘယ်ညာယိမ်းထိုးနေပါသည်။ ယိမ်းနွဲ့နေသော မြက်ခင်းပြင်ကြီးကို ကြည့်ရသည်မှာ၊ လှိုင်းတံပိုးများထနေသော ရေကန်တစ်ခု၏ မျက်နှာပြင်နှင့်တူနေပါသည်။ ထို့နောက်တွင်တော့ လှိုင်းများတဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ အရာရာသည် ငြိမ်သက်သွားပါတော့သည်။

မကြာခင်တွင်တောအုပ်သည် မူလအခြေအနေအတိုင်း ပြန်လည် တိတ်ဆိတ်သွားပါတော့သည်။

(ဆက်ရန်…)

All Chapters