← Chapters

အခန်း ၅၃၉

Vol. 36 Ch. 539

အခန်း ၅၃၉

Vol. 36 Ch. 539

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၅၃၉) ရှာဖွေခြင်း

သစ်ရွက်များ သစ်ကိုင်းများမရှိသော သစ်ပင်ကြီးတစ်ပင်သည် တစ်ပင်တည်း ထူးခြားစွာပေါက်နေပါသည်။ ထိုသစ်ပင်ကြီး၏ ထူးခြားချက်မှာ လက်သီးဆုပ်အရွယ်လောက်ရှိသော အပေါက်များ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“ဒုတ်…”

ရုတ်တရက် လေထဲတွင် ပုဆိန်တစ်ချောင်းက လွင့်ပျံလာပြီး၊ သစ်ပင်ကြီးတွင် စိုက်ဝင်သွားပါသည်။

“ဒါနောက်ဆုံးတစ်ချက်ပဲ” ချွီဆဲ့က နဖူးပေါ်မှ စီးကျလာသော ချွေးများကို သုတ်လိုက်သည်။ ထို့နောက်သူသည် သစ်ပင်ကြီးကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ဖြတ်လိုက်သည်။ တစ်ချက်ခုတ်လိုက်တိုင်း၊ သစ်ပင်ကြီး၏ အပေါက်များထဲမှ

ထူးဆန်းသော ပန်းဖူးများ ထွက်လာကြသည်။ ထိုအရာကို ကြည့်ရသည်မှာ သစ်ရွက်၂ရွက်ပူးထားသည်နှင့် တူနေပြီး၊ ထိုအရာသည် ရှေ့ကို ရောက်လာသောအရာကို ကိုက်လွှတ်တော့မည်ပုံပေါက်နေသည်။

ယနေ့မနက်အစောပိုင်းတွင် ထိုသို့အပင်တစ်ပင်သည် မုန့်မျိုးနွယ်စုမှ စစ်သည်တော်တစ်ယောက်အား ကိုက်လွှတ်လိုက်သည်။ ကိုက်ချက်မှာ အဆိပ်ပျင်းသော်လည်း၊ အဆိပ်ဖြေဆေးများအစွမ်းကြောင့် သွေးခဲခြင်း မဖြစ်ပေါ်အောင် ကာကွယ်ပေးပါသည်။ ထိုဒဏ်ရာကို မကုသဘဲ ဒီအတိုင်းသာထားမည်ဆိုလျှင်၊ သွေးများက တိတ်မည်မဟုတ်ဘဲ ဆက်ထွက်နေဦးမည်သာ ဖြစ်သည်။

သူတို့သည် သစ်ပင်ကြီးကို အပိုင်းအစငယ်များအဖြစ် ဖြတ်တောက်ပြီးသွားသောအခါ၊ ထိုပန်းပင်များသည် အားနည်းသွားပြီး ညှိုးနွမ်းသွားကြသည်။ ချွီဆဲ့သည် သစ်ပင်ကို ဖြတ်တောက်

ရင်းမှ ရလာသော သစ်စသစ်နများကို ကောက်ယူရင်း၊ သူတို့ ယက်လုပ်ထားသော ပိုက်ကွန်ထဲသို့ တိုးဝင်သွားပါသည်။ သူသည် ထိုသစ်တိုသစ်စများကို ထင်းအဖြစ် သိမ်းထားခြင်း ဖြစ်သည်။ ပန်းပင်များမှ အဖူးများကို ခူးယူလိုက်သလို၊ ထိုသစ်ပင်မှ သစ်သားများသည် မီးတောက်လွယ်ပါသည်။ ထိုအရာသည် မီးမွှေး၍ အကောင်းဆုံးသော သစ်သားများ ဖြစ်ကြသည်။

သူတို့သည် ရှောက်ရွှမ်တို့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ဦးဆောင်သည့် အတိုင်းလိုက်လာရင်း၊ တောင်ကုန်းတစ်ခုပေါ်သို့ ရောက်လာကြသည်။ ထို့နောက် ၎င်းတို့သည် ကျောက်ကုန်းမြို့တော်မှ လူများအနားယူသွားသော နေရာနားမှ တောင်ကုန်းတစ်ခုပေါ်တွင် အနားယူလိုက်ကြသည်။

တောင်အောက်တွင်တော့၊ ကျောက်သားလှိုဏ်ဂူတစ်ခုဖြစ်ပေါ်နေပြီး သူတို့အားလုံးသည် ထိုနေရာတွင် အနားယူနေကြသည်။ သူတို့ ရောက်နေသော နေရာသည် အခြားသော တောင်တန်းများ

ကို ကောင်းမွန်စွာလှမ်းမြင်နေရသော နေရာများ ဖြစ်သည်။ ကျောက်ကုန်းမြို့တော်မှ လူများသည် မီးမွှေးမည်ဆိုပါက၊ သူတို့သည် အပေါ်စီးမှနေ၍ မီးခိုးငွေ့များကို လှမ်းမြင်နေရမည် ဖြစ်သည်။

ချွီဆဲ့သည် ထင်းများအပြည့်ထည့်ထားသော ပိုက်ကွန်တစ်လုံးကို အနားယူသော နေရာသို့ ဆွဲယူလာခဲ့သည်။ ကျောက်တုံးကြီးတစ်တုံးအောက်တွင် အပေါက်ကြီးတစ်ပေါက်ဖောက်ထားပြီး၊ ထိုအပေါက်ကြီးအတိုင်း အောက်ဆင်းသွားမည်ဆိုပါက ဂူထဲသို့ ရောက်သွားမည် ဖြစ်သည်။ ချွီဆဲ့သည် အထဲဝင်သွားသောအခါ၊ ဒူးကိုညွတ်လိုက်ပြီးနောက် ခေါင်းကိုငုံ့လိုက်ရသည်။

အပြင်ကကြည့်လျှင်တော့ ထိုဂူသည် ကျဉ်းမြောင်းမည်ဟု ထင်ရသော်လည်း၊ အထဲဝင်လိုက်သောအခါတွင်တော့ ထင်ထားသည်ထက် ပိုကျယ်နေပါသည်။

ထိုနေရာတွင် လူပေါင်း၅၀လောက်နေထိုင်၍ရမည် ဖြစ်သည်။ ထို့ပြင် အသားကင်များ၊ သစ်သီး

များ ထား၍လည်း ရပါသေးသည်။ သူတို့သည် ဂူထဲတွင် နေနေရသော်လည်း ကျဉ်းမြောင်းသည်ဟု စိတ်ထဲက ထင်မထားမိပါ။

သို့သော် ထိုနေရာသည် မြေအောက် လှိုဏ်ဂူဖြစ်သောကြောင့်၊ အလင်းရောင်တော့ သိပ်မရပါ။ ထို့ကြောင့်သူတို့သည် ရှောက်ရွှမ်၏ အလင်းကျောက်များမှ ထွက်ပေါ်လာသော အလင်းရောင်လေးများကိုသာ အားကိုးနေရသည်။

“အထဲမှာ အိုက်လိုက်တာကွာ… ငါတော့ တော်တော်ပင်ပန်းနေပြီ” ချွီဆဲ့သည် ထင်းများထည့်ထားသော အိတ်ကြီးကို အောက်ပစ်ချလိုက်ပြီး၊ မြေပြင်ပေါ်တွင် ထိုင်၍ အနားယူလိုက်သည်။

ချွီဆဲ့သည် ကျောက်ဂူထဲမှ အေးမြနေသော ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ပြီးမှသာ၊ သက်ပြင်းကိုသာချလိုက်နိုင်ပါတော့သည်။ သူသည်တမနက်လုံး အလုပ်များကို ကြိုးစားပမ်းစားလုပ်ခဲ့ရသဖြင့်၊ ပင်ပန်းနေပြီဖြစ်သည်။ ဂူထဲသို့ ရောက်သောအခါမှသာ အနားယူနိုင်ပါတော့သည်။

အပြင်တွင် ဖြစ်ပေါ်နေသော အပူရှိန်များနှင့် နှိုင်းယှဉ်မည်ဆိုလျှင်၊ ဂူထဲတွင် နေရသည်မှာ အများကြီး ပိုအေးမြပါသည်။ ရာသီဥတုက ပူပြင်းလှသောကြောင့်၊ လူများသည် ဆောင်းရာသီရောက်နေသည်ဆိုတာကိုပင် မေ့နေကြသည်။

ဂူထဲမှ လူများကတော့ ရှောက်ရွှမ်နားတွင်သာ ဝိုင်းထိုင်နေကြပြီး၊ ချွီဆဲ့ကိုတော့ အရေးပင်မလုပ်ကြပါ။ ၎င်းတို့မျက်လုံးများသည် ရှောက်ရွှမ်၏ လက်များလှုပ်ရှားနေသည်ကို လိုက်ကြည့်နေကြသည်။ အဖွဲ့ထဲမှ အဆင့်နိမ့်သော လူငယ်စစ်သည်တော်များကတော့ ရှောက်ရွှမ်နားသို့ ကပ်ခွင့်ပင်မရပါ။ ၎င်းတို့သည် သူတို့ဘာတွေပြောနေကြသလဲ သိရအောင် နားကို အစွမ်းကုန်စွင့်ထားရသည်။ သူတို့သည် အတွင်းစည်းထဲမှ လူများပြောဆိုနေသည်များကို ကြားချင်နေသော်လည်း၊ အခွင့်အရေးမရသောကြောင့်၊ အသာနေလိုက်ကြရသည်။

“မပြီးသေးဘူးလား” ချွီဆဲ့က သူ့ဘေးမှ လူတစ်ယောက်ကို မေးလိုက်သည်။ ထိုလူမှာ ခြေလက်၈ဖက်မျိုးနွယ်စုမှ လူငယ်စစ်သည်တော်တစ်ယောက်ဖြစ်သည်။

“မကြာခင်မှာ ပြီးတော့မှာပါ” ထိုလူက ပြောလိုက်သည်။

ချွီဆဲ့သည် အပြင်ထွက်ပြီး ထင်းများသွားရှာနေချိန်တွင်၊ တစ်ယောက်က ကျောက်ကုန်းမြို့တော်မှ ကျွန်တစ်ယောက်ထောင်သွားသော ထောင်ခြောက်တစ်ခုကို ယူလာခဲ့သည်။ ထောင်ခြောက်ကို ဖြုတ်ယူလာသော်လည်း၊ ထောင်ခြောက်မှာ အကောင်းအတိုင်းသာရှိနေပါသေးသည်။ သူတို့ရင်ဆိုင်နေရသော အခြားသော ပြဿနာများမှာ ရှုပ်ထွေးသော ကြိုးထုံးများပင် ဖြစ်သည်။ တချို့သောလူများသည် ထောင်ခြောက်များကို တစစီဖြုတ်ပြီး၊ သေချာလေ့လာစစ်ဆေးကြည့်ချင်နေကြသည်။ သို့သော် သူတို့သည် ထောင်ခြောက်ကိုဘယ်နေရာက စပြီး ဖြုတ်ရမည်ဆိုတာကို မသိပါ။နောက်ဆုံးတွင်တော့ ရှောက်ရွှမ်သည် ထို

ပြဿနာကို တာဝန်ယူဖြေရှင်းလိုက်ရသည်။

တစ်ချက်ကြည့်လိုက်သောအခါ၊ ထိုထောင်ခြောက်မှာ မြက်ပင်များထူထပ်သော နေရာတစ်ခုမှ ယူလာကြောင်း ရှောက်ရွှမ်သိလိုက်ပါသည်။ ထိုအရာသည် သားကောင်ဖမ်းရန် ပြုလုပ်ထားသော ကြိုးကွင်းတစ်ကွင်း ဖြစ်သည်။ ထိုကျော့ကွင်းနှင့်အတူ ရွှေနှင့်လုပ်ထားသော ကိရိယာတချို့ကို ပူးပြီးချည်နှောင်ထားပါသည်။ ထိုကျော့ကွင်းကိုကြည့်ရသည်မှာ သူတို့အလိုရှိနေသာ သားကောင်တစ်မျိုးတည်းအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားသည်နှင့် တူနေပါသည်။

ကျောက်ကုန်းမြို့တော်မှ လူများသည် ဘာကို အလိုရှိနေကြသနည်း။ မျက်နှာစိမ်းသားရဲကြီးများလား။

ရှောက်ရွှမ်သည် ကျောက်ကုန်းမြို့တော်မှ လူများသည် မျက်နှာစိမ်းသားရဲကြီးကို လိုက်ရှာနေကြခြင်းဖြစ်ကြောင်းကို အားလုံးသိအောင် ပြောပြထားပြီးသားဖြစ်သည်။ သို့သော် တောအုပ်ထဲ

တွင် ထူးဆန်းသော သတ္တဝါများ မျိုးစုံအောင် ရှိနေသဖြင့်၊ ဘယ်အကောင်က မျက်နှာစိမ်းသားရဲဖြစ်နေမလဲ သူတို့လည်း မသိပါ။ အခုအချိန်ထိတော့ ၎င်းတို့သည် မျက်နှာစိမ်းသားရဲကြီးကို ရှာမတွေ့သေးပါ။

သူတို့သည် ထိုနေရာသို့ ရောက်နေသည်မှာ ၂ရက်လောက် ရှိပြီဖြစ်သော်လည်း၊ သူတို့သည် ကျောက်ကုန်းမြို့တော်မှ ကျွန်များနှင့် အခုထိ မတွေ့ရသေးပါ။ မျက်နှာစိမ်းသားရဲကိုလည်း မတွေ့ရသေးသလို၊ အခြားသော သားရဲကြီးများကိုလည်း မတွ့သေးပါ။ သူတို့သည် ကျောက်ကုန်းမြို့တော်မှလူများကို မတွေ့ရသေးလျှင်၊ ရှောက်ရွှမ်ပြောခဲ့သည်များကို ယုံကြည်မည် မဟုတ်ပါ။ ၎င်းတို့မြင်ခဲ့ရသည့်အချက်များပေါ်မူတည်ပြီး စဉ်းစားရမည်ဆိုလျှင်၊ ကျောက်ကုန်းမြို့တော်မှလူများသည် ထိုတောအုပ်ထဲတွင် အချိန်ကြာကြာနေမည်ဟု ထင်ရပါသည်။

ရှောက်ရွှမ်သည် အခြားသူများအား မျက်နှာစိမ်းသားရဲကြီးအကြောင်းကို ပြောပြထား

သော်လည်း၊ သူသည် ဓားပြများဆီမှ ရထားသော သတင်းများလောက်ကိုသာ ပြောပြထားခြင်း ဖြစ်သည်။

အခြားသော မျိုးနွဘ်စုဝင်များသည် မီးတောက်ဦးချိုမျိုးနွယ်စုက ဓားပြများကို ဖမ်းဆီးရမိဖူးကြောင်းကို သိထားပါသည်။

အခြားသောမျိုးနွယ်စုဝင်များကလည်း ထိုအကြောင်းများကို သိထားကြပါသည်။ ထို့ကြောင့် ၎င်းတို့သည် ရှောက်ရွှမ်ပြောသော စကားများကို ယုံကြခြင်းဖြစ်သည်။ သို့သော် ရှောက်ရွှမ်သည် ကျောက်ကုန်းမြို့တော်က မျက်နှာစိမ်းသားရဲကို ဖမ်းမိမည်ဆိုလျှင် ဘာလုပ်မလဲဆိုတာကိုတော့ သူတို့အားမပြောပြထားပါ။ အခြားသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်လေးယောက်ကလည်း ထိုအကြောင်းများကို လုံးဝမပြောဘဲ နှုတ်ပိတ်ထားကြသည်။

အမှန်က ဘာပဲဖြစ်ဖြစ်၊ ၎င်းတို့သည် ကျောက်ကုန်းမြို့တော်မှ ကျွန်ပိုင်ရှင်များ၏

ရည်ရွယ်ချက်ကို သိချင်နေကြသည်။ မျိုးနွယ်စုဝင်များသည် ကန္တာရထဲမှ ကျွန်ပိုင်ရှင်များသည် သူတို့အတွက် အဆိုးဆုံးသော ခြိမ်းခြောက်မှုများဟု ယူဆကြသည်။ ၎င်းတို့သည် ကျောက်ကုန်းမြို့တော်မှ လူများ လှုပ်ရှားမှုတစ်ခုခုကို ပြုလုပ်တိုင်း သူတို့ကို ထိခိုက်သလို ခံစားရသည်။

အခုတော့၊ ရှောက်ရွှမ်သည် ထောင်ခြောက်များကို တစစီဖြုတ်ပြနေသောကြောင့်၊ အခြားသော မျိုးနွယ်စုဝင်များက သူ့နားတွင် ဝိုင်းနေကြပါသည်။ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ထောင်ခြောက်များအကြောင်းကို ကျွမ်းကျင်နှံ့စပ်သူများ ဖြစ်ကြောင်းကို သိထားကြသည် ထို့ကြောင့် ၎င်းတို့သည် ရှောက်ရွှမ်ရှင်းပြမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ရှောက်ရွှမ်သည် တစစီဖြုတ်ထားသော ထောင်ခြောက်ကို ကြည့်လိုက်ပြီး၊ အသက်ကို ဝအောင် ရှူလိုက်ကာ “ ပြီးပြီ”ဟု ပြောလိုက်သည်။

“ဘယ်လိုလုပ်လိုက်တာလဲ” ကျန်သူများက သိ

ချင်နေကြသည်။

ရှောက်ရွှမ်သည် ထိုထောင်ခြောက်နှင့် ကွက်တိလောက် ဖြစ်သော မြက်ပင်များကို နှုတ်ယူလိုက်သည်။ “ဒါက မျက်နှာစိမ်းသားရဲကြီးရဲ့ အကြိုက်ဆုံး အစားအစာတွေဖြစ်မယ်… အဲဒါကြောင့် ကျောက်ကုန်းမြို့တော်က လူတွေက အစာအဖြစ် သုံးတာပေါ့…”

ထို့နောက် ရှောက်ရွှမ်သည် မတ်တပ်ရပ်လိုက်ပြီး၊ “မျက်နှာစိမ်းသားရဲရဲ့အရပ်က ဒီလောက်လောက်ရှိလိမ့်မယ်” ဟုပြောပြီး လက်ဟန်ခြေဟန်နှင့် မျက်နှာစိမ်းသားရဲ၏ အရွယ်အစားကို လုပ်ပြလိုက်သည်။

ရှောက်ရွှမ်၏ ခန့်မှန်းချက်အရဆိုလျှင်၊ မျက်နှာစိမ်းသားရဲကြီး၏ အရပ်သည် ၎င်းတို့၏ ရင်ဘတ်လောက်သာ ရှိမည် ဖြစ်သည်။ သို့သော် ထိုထက်လည်း မြင့်ချင်မြင့်နိုင်ပါသည်။ ထိုမှန်းဆချက်မှာ ထောင်ခြောက်ကို ကြည့်ပြီး ပြုလုပ်ခဲ့ရသော မှန်းဆချက်တစ်ခုသာ ဖြစ်ပါသည်။

“ဒီနေရာလောက်မှာ ဦးချိုတွေ ရှိမယ်ထင်တယ်” ရှောက်ရွှမ်က မီးလောင်ထားသော သစ်ကိုင်းတစ်ခုကို ယူပြီး၊ မြေပြင်ပေါ်တွင် ပုံဆွဲပြလိုက်သည်။

ဓားပြ၇ဆွဲပြသွားသော ပုံမှာ စိတ္တဇဆန်ပြီး၊ အနည်းငယ်နားလည်ရခက်ပါသည်။ ထိုပုံသည် မူလပန်းချီပုံနှင့် တူချင်တူမည် ဖြစ်သော်လည်း၊ သူတို့သည် ပန်းချီပုံကို ကြည့်ပြီးနောက် မျက်နှာစိမ်းသားရဲကြီး၏ ပုံပန်းသဏ္ဍာန်ကို ခန့်မှန်း၍ ရနိုင်မည် မဟုတ်ပါ။ ရှောက်ရွှမ်သည် သားရဲကြီးများနှင့် ပတ်သက်ပြီး သူသိထားသမျှသော ဗဟုသုတများကို အသုံးပြုပြီး၊ မျက်နှာစိမ်းသားရဲကြီးပုံကို အကောင်းဆုံးဖြစ်အောင် ရေးဆွဲနေပါသည်။

ရှောက်ရွှမ်နားတွင် ရပ်နေသောလူများသည် လည်ပင်းများကို ဆန့်ပြီး၊ ရှောက်ရွှမ်ရေးဆွဲနေသော ပုံကို ကြည့်နေကြသည်။ သူတို့အားလုံးကို ကြည့်ရသည်မှာ၊ ၎င်းတို့သည် ထိုပန်းချီပုံကို စိတ်

ထဲမှ မှတ်သားနေခြင်း ဖြစ်သည်။

“ထောင်ခြောက်တစ်ခုကို ကြည့်ပြီး မျက်နှာစိမ်းသားရဲအကြောင်းကို ခန့်မှန်းတာ ဖြစ်ကော ဖြစ်နိုင်ပါ့မလား… တခြားထောင်ခြောက်တွေ သွားထပ်ယူရဦးမလား” ဟွမ်ယဲ့က ပြောလိုက်သည်။

“တခြားထောင်ခြောက်တွေ ဟုတ်လား… အလုပ်ဖြစ်မှာ မဟုတ်ပါဘူး…ကျောက်ကုန်းမြို့တော်က လူတွေ သတိထားမိသွားလိမ့်မယ်” တစ်ယောက် တွန့်ဆုတ်စွာ ပြောလိုက်သည်။

“ငါတို့တွေ ဒီကို ရောက်နေတာ သူတို့ မသိလောက်ဘူးထင်လို့လား” ရှောက်ရွှမ်သည် သူ့လက်ထဲမှ သစ်ကိုင်းခြောက်ကို အဝေးသို့ လွှတ်ပစ်လိုက်သည်။ “ ဒီကောင်တွေ ဒီထောင်ခြောက်ကို တမင်တကာ ထားခဲ့တာ ဖြစ်လိမ့်မယ်”

“တမင်တကာထားခဲ့တာ ဟုတ်လား… ဘာလို့ အဲဒီလို တမင်ထားခဲ့တာလဲ… သူတို့တွေ ငါတို့ကို အရူးလုပ်ဖို့ ထားခဲ့တာလား” ဟွမ်ယဲ့ကမေးလိုက်

သည်။

“အဲဒီလိုတော့ မဟုတ်ဘူး… ကြည့်ရတာ သူတို့က ကျွန်တော်တို့တွေ မျက်နှာစိမ်းသားရဲကို ရှာတွေ့စေချင်နေတဲ့ပုံပဲ”

“ဘာလို့ အဲဒီလို ထင်ရတာလဲ”

“သူတို့ ရှာတာ မတွေ့လို့ပေါ့”

ရှောက်ရွှမ်ကတော့ ထိုသို့ ပြောလိုက်ပါသည်။

မျက်နှာစိမ်းသားရဲကြီးသည် တကယ်တော့ ရှာဖွေရန် လွယ်လှသည် မဟုတ်ပါ။ မဟုတ်လျှင် မီးတောက်ဦးချိုမျိုးနွယ်အမဲလိုက်အဖွဲ့မှ လူများသည် မျက်နှာစိမ်းသားရဲကြီးကို ရှာတွေ့သွားမည် ဖြစ်သည်။ ကျောက်ကုန်းမြို့တော်မှ စေလွှတ်ထားသော ကျွန်များမှာ ထိုရည်ရွယ်ချက်နှင့် စေလွှတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။ သူတို့နှင့်အတူ ဓားပြများပါပါလာကြသေးသည်။ ကျွန်များကသာ သတိမထားမိဘူးဆိုလျှင်လည်း၊ ထို

ဓားပြများက သူတို့အကြောင်းများကို သိနေကြမည် ဖြစ်သည်။

သို့သော် ၎င်းတို့သည် ရှောက်ရွှမ်တို့အကြောင်းကို သိနေကြသော်လည်း၊ မသိချင်ယောင်ဆောင်ထားကြသည်။ အဖွဲ့၂ဖွဲ့တို့သည် အခုအချိန်ထိတော့ ထိပ်တိုက်ရင်မဆိုင်မိကြသေးပါ။ သို့သော် သူတို့နားတွင် ထောင်ခြောက်များကိုတော့ ထောင်ထားလေသည်။ ၎င်းတို့သည် အခြားသော ရည်ရွယ်ချက်မရှိဟု ပြောလျှင်တော့ ရှောက်ရွှမ်သည် ၎င်းတို့ကို ယုံမှာ မဟုတ်ပါ။

“အဲဒါဆိုရင်၊ ကျောက်ကုန်းမြို့တော်က လူတွေက ကျုပ်တို့တွေ ရောက်နေတာ သိရင် ကျုပ်တို့ဆီကို ရောက်လာမှာပေါ့” ကူကျိက ရေရွတ်လိုက်မိသည်။ “ကောင်းတာပေါ့…အဲဒါဆိုရင် ကျန်တဲ့လူတွေအားလုံး ကိုယ့်အလုပ်ကို အာရုံစိုက်လို့ရတာပေါ့”

“အဲဒါဆိုရင် အကိုကြီးရှောက်ရွှမ်ဆွဲပြထားပုံကို ကြည့်ပြီး၊ မျက်နှာစိမ်းသားရဲကြီးကို ရှာလို့ ရ

သွားတာပေါ့” ဟွမ်ယဲ့က ရှောက်ရွှမ်ရေးဆွဲထားသော ပန်းချီပုံကို ကြည့်ပြီး ပြောလိုက်သည်။ “အကိုကြီးရှောက်ရွှမ်…ကျွန်တော်တို့ကို ပြောစရာဘာရှိသေးလဲ”

“ဘာမှတော့ သိပ်ပြောစရာမရှိပါဘူး… စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်စရာရှိတာတွေကိုတော့ ပြင်ဆင်ထားကြပါ” ရှောက်ရွှမ်က ပြောလိုက်သည်။

“ဘာတွေ ပြင်ဆင်ထားရမှာလဲ” ဂူထဲမှ လူများက ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်သည်။

“ကူလာ့ တွေ့ခဲ့တဲ့ အခြေအနေအရဆိုရင်တော့၊ ကျောက်ကုန်းမြို့တော်က လူတွေ အိမ်အသစ်တွေ ဆောက်ပြီး၊ ရွာတစ်ရွာတည်နေတယ်လို့ သိရတယ်…ကြည့်ရတာတော့ သူတို့တွေ အဲဒီနေရာမှာ အချိန်အကြာကြီး နေမယ်လို့ ကြံနေကြတာ ထင်တယ်”

ထိုစကားကို ကြားသောအခါ၊ အားလုံးသည်

တိတ်ဆိတ်သွားကြသည်။

ကျောက်ကုန်းမြို့တော်မှ လူများသည် သစ်သားအိမ်များထဲတွင် နေနိုင်ကြသော်လည်း၊ ၎င်းတို့တွင် နေစရာ ဂူတစ်လုံးများ ရှိနေသေးလား။

“ငါတို့တွေလည်း အိမ်တွေ ဆောက်ပြီးနေရင် မကောင်းဘူးလား” ဟွမ်ယဲ့က ပြောလိုက်သည်။

ငှက်မွှေးမျိုးနွယ်စဒဝင်များသည် တစ်စုံတရာကို ပြောရန် ပြင်လိုက်သည်။ သူတို့သည် အခုလို စကားပြောခွင့်ရရန် ရှားပါးသော အခွင့်အရေးကို ရခဲသည် မဟုတ်ပါလား။ “ငါတို့တွေ မြေပြင်ပေါ်မှ အိမ်ဆောက်ခွင့်ရမယ်ဆိုရင် သိပ်ထင်ရှားမှာ မဟုတ်ဘူး… တောထဲက သစ်ပင်တွေပေါ်က တောအုပ်ထဲမှာ ဆောက်လိုက်တာက မကောင်းဘူးလား…အဲဒါဆိုရင် အခြားလူတွေ သိပ်မမြင်တော့ဘူးပေါ့”

“အဲဒါဆိုရင်လည်း အိမ်ဆောက်ကြတာပေါ့..

ပြီးမှ သားရဲကြီးကို ဆက်ရှာကြမယ်… အဲဒီလို မြက်မျိုးကို ဘယ်မှာ ရှာလို့ ရမလဲ” ဟွမ်ယဲ့သည် ရှောက်ရွှမ်သူ့ကို ပေးလိုက်သော မြက်ပင်များအား ကျန်သူများအား ဝေမျှပေးလိုက်သည်။ မျက်နှာစိမ်းသားရဲကြီးသည် ထိုမြက်ပင်များကို ကြိုက်နှစ်သက်သည်ဆိုခြင်းကြောင့်၊ သူတို့သည် ထိုမြက်ပင်များကို ရနိုင်သော နေရာကို ရှာရတော့မည် ဖြစ်သည်။

သူတို့သည် လူစုခွဲလိုက်ပြီး၊ လုပ်စရာရှိသည်များကို ဆက်၍ လုပ်ကိုင်ကြပါတော့သည်။ ဂူထဲတွင်တော့ ဒဏ်ရာရထားသော သူများသာ ကျန်ခဲ့ပါသည်။ ဘေးအန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရသည်ဆိုပါက၊ ၎င်းတို့သည် ဝီစီကို မှုတ်လိုက်ပြီး အချက်ပေးလိုက်ရုံသာဖြစ်သည်။

ရှောက်ရွှမ်တို့ ငါးယောက်သည် အတူတကွ တောထဲသို့ ဝင်လာကြသည်။ အခြားသော မျိုးနွယ်စုဝင်များ ပါမလာသောကြောင့်၊ သူတို့သည် လွတ်လပ်စွာ စကားပြောနိုင်ကြလေသည်။

“ရှောက်ရွှမ်… ငါတို့တွေ မျက်နှာစိမ်းသားရဲကို ဖမ်းလို့ကော မိပါ့မလား” သုန့်ကန်းသည် အခြားမျိုးနွယ်စုဝင်များနှင့် ပူးပေါင်းရခြင်းကို မနှစ်သက်ပါ။

“ကြည့်ရသေးတာပေါ့” တောထဲသို့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်ငါးယောက်သာ ဝင်လာကြခြင်းဖြစ်သည်။ ကျန်သူများက မျက်နှာစိမ်းသားရဲကို လိုက်ရှာနေသောကြောင့်၊ သူတို့ချည်းသာ ရှိသည်ဖြစ်သောကြောင့်၊ ဘာကိုမှ ထိန်ချမ်ထားနေစရာမလိုတော့ပါ။ သို့သော် အရေးအကြီးဆုံးအချက်မှာ ၎င်းတို့အနေနှင့် သားရဲကြီးဘယ်နေရာတွင် ရှိမလဲကို သိရရန် ဖြစ်သည်။ မျက်နှာစိမ်းသားရဲကြီးသာ ထိုတောအုပ်ထဲတွင် ရှိမည်ဆိုပါက၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် တချိန်မဟုတ် တချိန်တွင်တော့ ထိုသားရဲကြီးကို ရှာတွေ့မည်သာ ဖြစ်သည်။ ထိုတောအုပ်သည် ၎င်းတို့၏ အိမ်ပင် မဟုတ်ပါလား။

သုန့်ကန်း ခဏလောက် စဉ်းစားလိုက်ပြီးနောက်၊ ဘာမှမပြောတော့ပါ။

အမှတ်တမဲ့ ကြည့်လိုက်မည်ဆိုလျှင်တော့၊ ထောင်ခြောက်မှ ဖြုတ်ယူထားသော မြက်ပင်များသည် ဘာမှ ထူးခြားသည်ဟု မထင်ရပါ၊ သို့သော် အနီးကပ်ကြည့်လိုက်မည်ဆိုလျှင်တော့၊ ၎င်းတို့သည် သာမန်မြက်များနှင့် မတူကြောင်းကို တွေ့ရမည် ဖြစ်သည်။ အကြီးမားဆုံးသော ကွာခြားချက်မှာ ထိုမြက်သည် သင်းရနံ့လေး ထွက်နေခြင်းပင် ဖြစ်သည်။

သို့သော် ထိုသို့ မြက်မျိုးကို တောအုပ်ထဲတွင် ရှာတွေ့ရန် မလွယ်လှပါ။ သူတို့သည် မြက်ပင်တိုင်းကိုလည်း အနံ့လိုက်ပြီးခံမနေချင်ပါ။ တချို့မြက်ပင်များသည် အဆိပ်များ ရှိနေနိုင်သည် မဟုတ်ပါလား။

အတွေ့အကြုံရှိသော မုဆိုးများဖြစ်ကြသောကြောင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အမြင်အာရုံကောင်းမွန်ကြပါသည်။ ၎င်းတို့၏ အမြင်အာရုံသည် အခြားလူများထက်

ပို၍ စူးရှထက်မြက်ပါသည်။ ဒါတောင် သူတို့သည် မြက်ပင်၅ပင်ကိုသာ ရှာတွေ့ခဲ့ကြလေသည်။ သူတို့သည် တောအုပ်တစ်ခွင် နှံ့အောင် ရှာခဲ့ခြင်းဖြစ်သော်လည်း၊ ငါးပင်သာ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုမြက်ပင်မျိုးသည် ရှားပါးလွန်းသောကြောင့်၊ မျက်နှာစိမ်းသားရဲကြီးသည် ထိုနားတဝိုက်တွင် နေထိုင်သည်ဆိုခြင်းမှာ မဖြစ်နိုင်လှပါ။

“လောစရာ မလိုပါဘူး… မနက်ဖြန်ကျတော့ ဆက်ရှာကြတာပေါ့” ရှောက်ရွှမ်က သူတို့အား နှစ်သိမ့်လိုက်သည်။

အပြင်တွင်တော့ ငှက်မွှေးမျိုးနွယ်စုဝင်များသည် အလုပ်များကို ကြိုးစားနေကြပါသည်။ သူတို့သည် သစ်ပင်များပေါ်တွင် တဲလေးများကိုပင်ဆောက်ထားကြသည်။ တဲတစ်လုံးကို ဆယ်မီတာလောက် မြင့်မည်ဖြစ်ပြီး တဲများကို နွယ်ပင်များ၊ သစ်ကိုင်းများနှင့် ကာရံထားသည်။ ထို့ကြောင့် အဝေးမှ ကြည့်လိုက်မည်ဆိုလျှင်၊ ထိုတဲလေးများကို မြင်ရမည် မဟုတ်ပါ။

သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ထိုတဲများထဲတွင်နေမည့်အစား ဂူထဲတွင် နေထိုင်ရခြင်းကိုသာ ပိုနှစ်သက်ကြသည်။

ယနေ့ညတွင်တော့ သူတို့လူတဝက်လောက်သည် ဂူအပြင်တွင် နေကြပြီး၊ တစ်ဝက်လောက်ကတော့ ဂူထဲတွင် နေကြသည်။

အခြားသူများသည် ကောင်းမွန်စွာ အိပ်မပျော်ကြသော်လည်း၊ ရှောက်ရွှမ်ကတော့ အိပ်မက်များပင် မက်နေပါသေးသည်။

(ဆက်ရန်…)

All Chapters