← Chapters

အခန်း ၅၄၀

Vol. 36 Ch. 540

အခန်း ၅၄၀

Vol. 36 Ch. 540

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၅၄၀) အိပ်မက်ထဲကတောအုပ်

သာမန်အခြေအနေများတွင်၊ ရှောက်ရွှမ်သည် အိပ်မက် မက်လေ့မက်ထ မရှိပါ။ သို့သော် သူအိပ်မက်သည့်အချိန်တိုင်း၊ အကြောင်းရင်းတစ်ခုခုတော့ ရှိရမည်ဖြစ်ပြီး၊ တစ်ခါတရံတွင် အပြင်တွင် သူအိပ်မက်မက်သည့်အတိုင်းများ ဖြစ်ပေါ်လာလေ့ရှိသည်။

သူအရင်မက်ဖူးသော အိပ်မက်များအကြောင်းကို ပြန်စဉ်းစားကြည့်မိသောအခါ၊ ထိုအိပ်မက်များသည် သူ့ကို သတိပေးသော အိပ်မက်များဖြစ်နေကြောင်းကို သတိထားလိုက်မိသည်။

တစ်ခါတရံတွင်တော့ ရှောက်ရွှမ်သည် ထိုသို့ အိပ်မက်များကို ထပ်မက်ချင်နေပါသည်။ သို့သော် သူသည် ထိုအိပ်မက်များကို ထိန်းချုပ်၍မရပါ။ အိပ်မက်များသည် သူ့အလိုလိုဖြစ်ပေါ်လာခြင်း ဖြစ်ပြီး၊ အတင်းလုပ်ယူ၍ မရ

ပါ။

သို့သော် ထိုညတွင်တော့ ရှောက်ရွှမ်သည် သူတစ်ခါမှ မမက်ဖူးသော အိပ်မက်များကို မက်နေပါသည်။

အိပ်မက်ထဲတွင် ရှောက်ရွှမ်သည် တောအုပ်တစ်ခုထဲရောက်နေပါသည်။ မြက်ခင်းပြင်ကြီးကို ဖြတ်သန်းပြီး တိုက်ခတ်နေသော လေပြည်လေညှင်းလေးများ၏ အသံများကို သူကြားနေရပါသည်။ သစ်ရွက်များနှင့် မြက်ပင်များဆီမှ ထွက်ပေါ်နေသော အသံများမှာ လှိုင်းလုံးများ နိမ့်လိုက်မြင့်လိုက် ဖြစ်နေသော အသံနှင့် တူနေလေသည်။

ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ၊ လသည် တဖြည်းဖြည်း သေးငယ်သွားသည်ကို တွေ့လိုက်ရသည်။ အခုအချိန်သည် နှစ်ကုန်ခါနီးအချိန်ဖြစ်နေသောကြောင့်၊ လနှစ်စင်းသည် ၁စင်းနှင့် ၁စင်း ကွာခြားနေပြီ ဖြစ်သည်။ ထို့ပြင် လများမှာ ကမ္ဘာနှင့် အလှမ်းကွာသွားသောကြောင့်၊

အလင်းရောင်ကို ကောင်းစွာ မပေးနိုင်တော့ပါ။

ကောင်းကင်ပြင်တွင် ကြယ်များပင် မရှိသောကြောင့်၊ မှောင်မည်းနေပါသည်။

ရှောက်ရွှမ်သည် ပတ်ဝန်းကျင်ကို သူ၏အထူးအမြင်အာရုံဖြင့် စစ်ဆေးကြည့်သော်လည်း၊ဘာထူးခြားချက်မှ မတွေ့ရပါ။ ရှောက်ရွှမ်သည် အာရုံခံနိုင်စွမ်း အလွန်မြင့်မားသူဖြစ်ပြီး၊ အငြင်သာဆုံးလှုပ်ရှားမှုများကိုပင် အာရုံခံနိုင်စွမ်းရှိသူ ဖြစ်သည်။ သူသည် အိပ်မက်မက်နေခြင်းဖြစ်သော်လည်း၊ အိပ်မက်မှာ တကယ်နှင့် တူလှပါသည်။

သူ့ဘေးပတ်ဝန်းကျင်သည် မှောင်မည်းနေသော်လည်း၊ ရှောက်ရွှမ်သည် ဘေးပတ်ဝန်းကျင်တွင်ရှိသော သစ်ပင်များ၊ ကျောက်တုံးများနှင့် တောင်တန်းများကို ကောင်းစွာ မြင်ရပါသည်။ သို့သော် အသေးစိတ်မြင်နေရခြင်းတော့ မဟုတ်ပါ။

“ရှူး…ရှူး…”

လေပြည်ညှင်းလေးက မြက်ခင်းပြင်ကို ဖြတ်သန်းပြီး တိုက်ခတ်သွားသည်။ သစ်ရွက်များနှင့် မြက်ပင်များ၏ လှုပ်ရှားသံများအပြင်၊ သာမန်လူတို့၏ နားနှင့် မကြားနိုင်သော အသံလေးတစ်ခုလည်း ထွက်ပေါ်နေပါသည်။သာမန်လူများဆိုလျှင် ထိုအသံကို အခြားအသံများနှင့် ခွဲခြားနိုင်မည် မဟုတ်ပါ။

မြက်တောထဲတွင် တစ်စုံတရာသည် လျင်မြန်စွာလှုပ်ရှားနေပါသည်။ ထိုအရာသည် ရှောက်ရွှမ်နှင့် မလှမ်းမကမ်းတွင် ရှိနေပါသည်။ ရှောက်ရွှမ်သည် အရိပ်မည်းတစ်ခုသည် လေကဲ့သို့ လျင်မြန်လှသော အရှိန်ဖြင့် တောထဲသို့ ပြေးဝင်သွားသည်ကိုတွေ့လိုက်ရသည်။ ထိုအရိပ်မည်း ဖြတ်ပြေးသွားသောကြောင့် လေတိုးသံများ တဟူးဟူးထွက်ပေါ်လာပါသည်။

ရှောက်ရွှမ်သည် သိပ်စဉ်းစားမနေတော့ဘဲ၊ ထိုအသံနောက်သို့ ပြေးလိုက်သွားပါသည်။ သူ့ဗီဇ

အသိအရ ထိုအရိပ်သည် သူတို့လိုက်ရှာနေသော ပစ်မှတ်ဖြစ်ကြောင်းကို ရှောက်ရွှမ်ခံစားလိုက်ရပါသည်။

အရိပ်မည်းသည် လျင်မြန်စွာပြေးသွားနေသည်။ တောအုပ်ထဲတွင် သစ်ပင်များ ရှုပ်ထွေးနေသော်လည်း၊ ၎င်းသည် လျင်မြန်လှသော အရှိန်အဟုန်ဖြင့် ပြေးလွှားနေပါသည်

၎င်းသည် မြက်တောထဲမှ ထွက်လာသောအခါ၊ ကျောက်တုံးများထူထပ်သော ကွင်းပြင်တစ်ခုထဲသို့ ရောက်လာပါသည်။ ထိုအရာသည် စမ်းချောင်းတစ်ခုကို ဖြတ်ကျော်သွားပြီးနောက် တောအုပ်ထဲသို့ ဝင်သွားပါသည်။ ထိုတောအုပ်ထဲမှ သစ်ပင်များသည် ထူးခြားလှပါသည်။ထိုသစ်ပင်များသည် ၊ ပြင်းထန်သော လေစီးကြောင်းများကြောင့်၊ တစ်ပင်နှင် တစ်ပင် ယှက်ထွေးလိမ်နေသော မိုးမခပင်များနှင့် တူနေပါသည်။ ထိုအပင်များသည် အားနှင့် အနည်းငယ်တွန်းလိုက်ရုံနှင့် လဲကျသွားတော့မည် ဖြစ်သည်။

ဘေးပတ်ဝန်းကျင်သည် မှောင်မည်းနေသောကြောင့် ရှောက်ရွှမ်သည် ကောင်းစွာမမြင်ရပါ။

ရှောက်ရွှမ်သည် ထိုအသံနောက်သို့ လိုက်သွားသောအခါ၊ ရုတ်တရက် “ရှူး”ဆိုသော အသံတစ်ခုထွက်ပေါ်လာပါသည်။ ထိုအသံမှာ ထိုအရိပ်သည် တစ်စုံတရာကို ဝါးစားနေသော အသံနှင့် တူနေပါသည်။ တခါတရံတွင်တော့ မြက်ပင်များကို ဆွဲနှုတ်နေသော အသံများ၊ သစ်ရွက်များကို ခူးနေသော အသံများ ထွက်ပေါ်လာပါသည်။

ရှောက်ရွှမ်သည် အနီးကပ်သေချာကြည့်ချင်သော်လည်း၊ ထိုအရာသည် လျင်မြန်စွာ တောအုပ်ထဲသို့ ပြေးဝင်ပျောက်ကွယ်သွားပြန်သည်။ ထိုအရာသည် သွားလိုက်နားလိုက်လုပ်နေပါသည်။ သူနားနေသောအချိန်တွင် တစ်စုံတရာကို ဝါးစားနေသော အသံများ ထွက်ပေါ်လာပြန်သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အန္တရာယ်အငွေ့အသက်များကြောင့် ရှောက်ရွှမ်တကိုယ်လုံး

တောင့်တင်းသွားသည်။ သူ့ရှေ့မှ အရိပ်မည်းကြီးသည် တောက်ပ‌သော အစိမ်းရောင်မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေပါသည်။

ရှောက်ရွှမ်သည် ထိုမျက်လုံးများသည် ဘာနှင့် တူသလဲမပြောတတ်သော်လည်း၊ ထိုမျက်လုံးများဆီမှ သတ်ဖြတ်လိုသော အရိပ်အငွေ့များ ဖြစ်ပေါ်နေသည်ကို ခံစားလိုက်ရသည်။ ရှောက်ရွှမ်စဉ်းစား၍ မပြီးသေးခင်၊ ထိုမျက်လုံးများသည် အောက်သို့ စိုက်ကျသွားသော်လည်း၊ လူသတ်လိုသော အငွေ့အသက်များကတော့ ပိုပြင်းထန်လာပါသည်။

ထိုအရိပ်မည်းသည် သူ့ဆီပြေးဝင်လာသော်လည်း ရှောက်ရွှမ်သည် လှုပ်ရှား၍မရနိုင် ဖြစ်နေပါသည်။

မှောင်မိုက်သော ညလယ်ခေါင်တွင်၊ ထက်မြက်သော ဓားတစ်ချောင်းက သူ့ဆီသို့ ပြေးဝင်လာသလို ရှောက်ရွှမ်ခံစားလိုက်ရသည်။ တစ်ခဏဆိုသောအချိန်လေးအတွင်းတွင် ထိုဓား

သည် ရှောက်ရွှမ်၏ကိုယ်ထဲသို့ တိုးဝင်တော့မလို ပျံဝဲလာပါသည်။

“ဝှစ်…”

ထိုအချိန်တွင် ရှောက်ရွှမ်သည် အိပ်မက်မှ နိုးလာပြီး ငုတ်တုပ်ထထိုင်လိုက်ပါသည်။ အိပ်မက်ထဲမှ ထက်မြက်သော ဓားသွားသည် သူ့ကိုယ်ထဲသို့ စိုက်ဝင်လာသလို ခံစားလိုက်ရသည်။ အိပ်မက်သည် တကယ်နှင့်တူနေပြီး၊ ရှောက်ရွှမ်၏ အကြောအချဉ်များပင် တောင့်တင်းနေလေသည်။

“ဘာဖြစ်တာလဲ ရှောက်ရွှမ်” မိုင်နှင့်သုန့်ကန်းတို့က ရှောက်ရွှမ်ကို မေးလိုက်သည်။

ထိုနေ့တွင် ရှောက်ရွှမ်က သူတို့အားရှင်းပြထားသော ထောင်ခြောက်နှင့် ပတ်သက်သည့် အသေးစိတ်များကို ပြန်စဉ်းစားနေကြသဖြင့် ၎င်းတို့သည် ကောင်းစွာ အိပ်မပျော်ပါ။ သူတို့ခေါင်းထဲတွင် အတွေးများ ပလုံစီနေပါသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင် လေးယောက်သည်လည်း အိပ်၍မရပါ။

ရှောက်ရွှမ်၏ လှုပ်ရှားသံမှာ အနည်းငယ်ကျယ်သွားသောကြောင့်၊ ကျန်လူများက သတိထားမိသွားကြခြင်း ဖြစ်သည်။ ထိုလှုပ်ရှားသံကိုကြားသောအခါ သူတို့သည် ချောင်းမြောင်းတိုက်ခံရပြီဟု ထင်သွားကြသည်။

“ဘာမှမဖြစ်ပါဘူး” ရှောက်ရွှမ်က လက်ကို မြှောက်လိုက်ပြီးနောက်၊ နဖူးပေါ်မှ ချွေးစက်များကို သုတ်လိုက်ပါသည်။ ရှောက်ရွှမ်၏ အသက်ရှုသံများသည် အနည်းငယ် မြန်ဆန်နေပါသည်။

“မဟုတ်သေးပါဘူး…မင်းကို ကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုပဲ” ဂူထဲမှ အသံတစ်သံထွက်ပေါ်လာသည်။ ထိုသူမှာ မုန့်မျိုုးနွယ်စုမှ လူတစ်ယောက် ဖြစ်သည်။

ရှောက်ရွှမ်သည် ထိုသူအား အရေးမလုပ်ဘဲ သုန့်ကန်းအား “ အိပ်မက်မက်တာပါ” ဟုပြောလိုက်

သည်။

ဂူထဲမှ လူအားလုံးသည် ရှောက်ရွှမ်၏ စကားသံကို ကြားလိုက်ရပြီးနောက်၊ရှောက်ရွှမ်သည် အတွေးလွန်နေပြီဟု ထင်သွားကြသည်။ အတွေးလွန်နေပါက အိပ်မက်များ မက်တတ်သည် မဟုတ်ပါလား။ ရှောက်ရွှမ်သည် အိပ်မက်ဆိုးများမက်ပြီး လန့်နေခြင်း ဖြစ်ပေလိမ့်မည်။ သူတို့သည် ရှောက်ရွှမ်ကို သူရဲဘောကြောင်သူအဖြစ်ထင်သွားကြသည်။

ရှောက်ရွှမ်တစ်ယောက် ပြန်အိပ်သွားသည်ကို တွေ့လိုက်ရသောကြောင့်၊ ကျန်သူများက ဘာမှ မေးမနေကြတော့ပါ။ လူတိုင်းသည် တစ်ခါတရံတွင် အိပ်မက်ဆိုးများ မက်တတ်ကြသည် မဟုတ်ပါလား။ သူတို့သည် သားရဲများပျော်စံရာမြေသို့ ရောက်လာကတည်းက အိပ်မက်ဆိုးများကို မက်လေ့ရှိကြသည်။ တချို့ဆိုလျှင် သားရဲကြီးများကိုက်စားခံရသည်၊ ထူးဆန်းသောသစ်ပင်ကြီးများက သူတို့ကို ဝါးမျိုသွားကြသည်ဟူသော အိပ်မက်များကို မက်တတ်ကြသည်။ သို့သော် ကြာတော့

လည်း ၎င်းတို့သည် တောနှင့် အသားကျသွားပြီး၊ ထိုသို့ အိပ်မက်မျိုးမမက်ကြတော့ပါ။ ထို့ပြင် အခုခရီးကို ထွက်လာကြသူများအားလုံးမှာ၊ မျိုးနွယ်စုအသီးသီးမှ အစွမ်းထက်သော လူများဖြစ်ကြသဖြင့်၊ ၎င်းတို့၏ စိတ်ဓာတ်များမှာ ကြံ့ခိုင်ကြပါသည်။

ရှောက်ရွှမ်သည် အိပ်မက်ဆိုးများမက်နေကြောင်းကို သိသောအခါ၊ အခြားသော လူငယ်စစ်သည်တော်များသည် စိတ်သက်သာရာရသွားကြသည်။ ရှောက်ရွှမ်ပင် ထိုကဲ့သို့ အိပ်မက်မျိုးမက်သေးသည်ဟု တွေးပြီး ဖြေသာသွားကြသည်။

သို့သော်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်၄ယောက်ကတော့ စိတ်ပူနေကြပြီ ဖြစ်သည်။

သူတို့သည် ရှောက်ရွှမ်၏ အိပ်မက်များမှာ သာမန်မဟုတ်ကြောင်းကို သိနေကြသောကြောင့်ဖြစ်သည်။

တခါတုန်းက ၎င်းတို့သည် အမဲလိုက်ထွက်ရင်း၊ ရှောက်ရွှမ်သည် အစိမ်းရောင် သူခိုးတစ်ယောက်အကြောင်းကို အိပ်မက် မက်ဖူးကြသည်။ သူတို့သည် ပင်လယ်ပြင်သို့ ထွက်သွားသောအခါ၊ ရှောက်ရွှမ်သည် ဘိုးဘေးများအကြောင်းကို အိပ်မက်မက်ခဲ့သည်။ သူသည် အိပ်မက်ထဲတွင် ပင်လယ်ကို ဖြတ်ကူးရမည့်နေရာကို မြင်ခဲ့သည်။ရှောက်ရွှမ်၏ အိပ်မက်များသည် ၎င်းတို့အတွက် လမ်းညွှန်မှုများကို ပေးသလို၊ အန္တာရာယ်ကိုရှောင်လွှားနိုင်ရန် သဲလွန်စများလည်း ပေးသေးသည် မဟုတ်ပါလား။

အခုတော့၊‌ ရှောက်ရွှမ်က အိပ်မက်မက်နေသည်ဟု ပြောသောအခါ သူတို့သည် ရှောက်ရွှမ်ကို အိပ်မက်အကြောင်းမေးလိုသော်လည်း၊ ဂူထဲတွင် အခြားလူများ ရှိနေသောကြောင့် အသာနေလိုက်ရသည်။

ထို့ကြောင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်၄ယောက်တို့သည် ထိုတစ်ညလုံးအိပ်မပျော်ဘဲဖြစ်ကုန်ကြပါတော့သည်။ အခြားသူများသည်

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် စိတ်မသက်မသာဖြစ်နေကြကြောင်းကို ခံစားသိရှိနေကြပါသည်။

ဂူကြမ်းပြင်အောက်ခြေတွင် အမျိုးအမည်မသိသော သတ္တဝါတစ်ကောင်က စတင်လှုပ်ရှားနေပါတော့သည်။ ထိုအသံသည် ဂူအောက်မှ ကျောက်တုံးများကို ဖြတ်ကျော်လာပြီး၊ သူတို့နားထဲသို့ တိုးဝင်လာပါသည်။ ထိုသတ္တဝါများသည် သူတို့နားသို့ ရောက်မလာသေးသလို၊ သူတို့ကို ရန်ပြုမည့်ပုံလည်း မပေါ်ပါ။ ၎င်းတို့သည် စိတ်လှုပ်ရှားနေခြင်းသာ ဖြစ်သည်။

ဂူအပြင်မှ တောအုပ်ထဲတွင်တော့၊ သားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာပါသည်။ အချိန်သည် ညလယ်ခေါင်ဖြစ်သော်လည်း၊ သားရဲကြီးများသည် အမဲလိုက်နေဆဲဖြစ်သည်။

ရှောက်ရွှမ်သည် မျက်လုံးဖွင့်လိုက်ပြီး၊ အမှောင်ထုထဲသို့ စိုက်ကြည့်လိုက်သည်။ ညသည် အေးမြ

နေဆဲ ဖြစ်သော်လည်း၊ ကျောက်ဂူထဲတွင် နွေးထွေးနေဆဲ ဖြစ်သောကြောင့် ရှောက်ရွှမ်သည် စိတ်သက်သာရာရသွားပါသည်။ ရှောက်ရွှမ်သည် အိပ်မက်ထဲတွင် မြင်ခဲ့ရသော အရာများကို မေ့မသွားအောင် စိတ်ထဲမှ မှတ်သားနေပါသည်။

မျက်နှာစိမ်းသားရဲကြီးများလား… သူအိပ်မက်ထဲတွင် မြင်လိုက်ရသည်မှာ မျက်နှာစိမ်းသားရဲကြီးများလား။

အိပ်မက်ထဲတွင် ရှောက်ရွှမ်သည် ထိုသတ္တဝါကို ကောင်းစွာမမြင်လိုက်ရခြင်းမှာ စိတ်ပျက်ဖွယ်ပင် ဖြစ်သည်။ သို့သော် အိပ်မက်ထဲတွင် မြူများထူထပ်နေသောကြောင့်၊ ရှောက်ရွှမ်သည် ဘယ်လိုအမြင်အာရုံကိုပဲ သုံးသုံး၊ သူသည် အသေးစိတ်မြင်ရမည် မဟုတ်ပါ။ ရှောက်ရွှမ်သည် ထိုသတ္တဝါကြီးကို အရိပ်လောက်သာ မြင်လိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

ထိုနေရာသည် သူရောက်ဖူးနေကြနေရာများနှင့် မတူပါ။

ညရောက်သောအခါတွင်လည်း၊ ရှောက်ရွှမ်သည် သူ့အိပ်မက်ထဲတွင် မြင်ခဲ့ရသည်များကို ပြန်စဉ်းစားကြည့်နေမိသည်။ ရှောက်ရွှမ်သည် အိပ်မက်ထဲမှ သတ္တဝါဆီမှ ထွက်ပေါ်လာနေသော လူသတ်ဖြတ်လိုသည့် အငွေ့အသက်များကို ပြန်လည် မှတ်မိပေသည်။

သူ့အိပ်မက်ထဲတွင် မြင်လိုက်ရသော သတ္တဝါမှာ အစွယ်စိမ်းသားရဲကြီးသာ ဖြစ်နေမည်ဆိုလျှင်၊ ထိုသားရဲကြီးကို ဖမ်းရန်မှာ လွယ်ကူမည် မဟုတ်ပါ။ ထိုသားရဲသည် အလွန်လျင်မြန်သော၊ တိုက်ခိုက်မှုများမှာလည်း ပြင်းထန်လှသည်။ သူတို့သည် သတိလည်း အလွန်ကောင်းကြသည်။ ထို့ကြောင့် မျက်နှာစိမ်းသားရဲများကို ဖမ်းရန် မလွယ်ခြင်း ဖြစ်သည်။

ရှောက်ရွှမ်သည် သူတို့နားနေသော တောင်တခွင် နှံ့စပ်အောင် ရှာဖွေပြီးသား ဖြစ်သည်။ သူမှတ်မိသလောက်ဆိုလျှင်တော့၊ အိပ်မက်ထဲတွင် မြင်လိုက်ရသော တောအုပ်မှာ သူတို့အခုရောက်

နေသော တောအုပ် မဟုတ်ပါ။

ထိုနေရာသည် မည်သည့်နေရာဖြစ်မည်နည်း။

နောက်တစ်နေ့ရောက်သောအခါ၊ မနက်စာစားသောက်ကြပြီးနောက်၊ မျိုးနွယ်စုဝင် အသီးသီးတို့သည် ကိုယ်လုပ်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်ကြပါတော့သည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်၅ယောက်တို့သည် စကားသိပ်မပြောတော့ဘဲ၊ ရှောက်ရွှမ်နောက်ကို လိုက်လာကြသည်။ရှောက်ရွှမ်သည် တစ်စုံတရာကို သိရှိထားကြောင်းကို သူတို့ သိထားကြပေသည်။

(ဆက်ရန်…)

All Chapters