← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း (၉၄) စက်ရုံထုတ်လုပ်မှုလိုင်း နယ်မြေ ပြီးဆုံးပြီ

"ဧည့်သည်... ပြည်ကြီးငါးကင်နဲ့ ခေါက်ဆွဲကြော် ရပါပြီဗျို့... ဟင်... သူ ဘယ်ရောက်သွားတာလဲ..."

စားသောက်ဆိုင်ပိုင်ရှင်သည် အစားအသောက်များကို ကိုင်ဆောင်ကာ အပြင်သို့ ထွက်လာသော်လည်း ချန်လန်၏ အရိပ်အယောင်ကိုမျှ မတွေ့ရတော့ချေ။ သူသည် စားပွဲပေါ်တွင် ကျန်ရစ်ခဲ့သော ယွမ်တစ်ရာတန် တစ်ရွက်နှင့် ထိုင်ခုံပေါ်တွင် ခွေကျနေသော လီပင်းကိုသာ တွေ့လိုက်ရသည်။

"အစ်မ... ခုဏက ရုပ်ချောချော အစ်ကိုကြီး ဘယ်ရောက်သွားတာလဲ..."

စားသောက်ဆိုင်ပိုင်ရှင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"နတ်ဆိုးပဲ... သူက နတ်ဆိုးတစ်ကောင်ပဲ...." လီပင်းသည် ရုတ်တရက် ခေါင်းမော့ပြီး ဆိုင်ရှင်ကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူမသည် ဆိုင်ရှင်၏ လက်များကို ရုတ်တရက် ဖမ်းဆွဲလိုက်ပြီး သူမ၏ လက်မောင်းပေါ်ရှိ ဦးခေါင်းခွံ အမှတ်အသားကို ပြသကာ အသံကုန် အော်ဟစ်လိုက်သည်။

"နတ်ဆိုး... သူက နတ်ဆိုးတစ်ကောင်ပဲ...."

လီပင်း၏လက်မောင်းပေါ်ရှိ ဦးခေါင်းခွံ အမှတ်အသားကို မြင်သောအခါ စားသောက်ဆိုင်ပိုင်ရှင်၏ နှလုံးသားထဲတွင် ဖြစ်ပေါ်လာသော ဒေါသနှင့် ကြောက်ရွံ့မှုတို့သည် သနားကြင်နာမှုများအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။

သနားစရာကောင်းတဲ့ ကလေးမလေး..တုန်လှုပ်ချောက်ချားဖွယ်နယ်မြေရဲ့ ရွေးချယ်ခံရတဲ့ နောက်ထပ် သနားစရာ ဝိညာဉ်တစ်ခုပဲ... သူက နယ်မြေထဲ မဝင်ရသေးခင်မှာတင် ရူးသွားပြီပဲ...

"ငါ့ကို အထဲကို ဆွဲသွင်းခဲ့တာ သူပဲ..."

လီပင်းက သူမ၏ရှေ့ရှိ ဆိုင်ရှင်ကို ကြည့်ကာ မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်သည်။

【သင်သည် စက်ရုံထုတ်လုပ်မှုလိုင်း နယ်မြေသို့ ဝင်ရောက်ရန် ရွေးချယ်ခံရပါသည်... ကျေးဇူးပြု၍ ပြင်ဆင်ထားပါ... နောက်ပြန်ရေတွက်ခြင်း... တစ်မိနစ်...】

【၁၀...၉...၈...】

နောက်ပြန်ရေတွက်နေသည်ကို ကြည့်ရင်း လီပင်းသည် စားပွဲပေါ်ရှိ အစားအသောက်များ၊ ပန်းကန်များနှင့် ခက်ရင်းများကို ဖမ်းဆွဲကာ ထိုအရာအားလုံးကို ရိုက်ခွဲလိုက်၏။ စားသောက်ဆိုင်ပိုင်ရှင်က အလျင်အမြန် အဝေးသို့ ရှောင်သွားသည်။ ဤကဲ့သို့ သနားစရာကောင်းသော သူတစ်ဦးအတွက် သူ ဒေါသမထွက်နိုင်ဘဲ သနားစိတ်သာ ဖြစ်မိသည်။

မည်သို့ပင်ဆိုစေကာမူ ယနေ့ပြီးသွားလျှင် သူ လီပင်းကို နောက်တစ်ကြိမ် ပြန်တွေ့ရချင်မှ တွေ့ရတော့မည် မဟုတ်လော...

သူမကို ကြိုက်သလောက် ပေါက်ကွဲခွင့် ပေးလိုက်သာ်မှာ ပြဿနာမရှိနိုင်ချေ။ မည်သို့ပင်ဆိုစေကာမူ ပန်းကန်လုံးနှစ်လုံးလောက်က သိပ်တန်ဖိုးမရှိပေ။ ထို့ပြင် ထိုရုပ်ချောချော အစ်ကိုကြီး ထားခဲ့သော ယွမ်တစ်ရာက ထိုအရာများ၏တန်ဖိုးကို ကာမိရန် လုံလောက်သည်ဟု သူ တွေးတောမိသည်။

နောက်ဆုံးသုံးစက္ကန့် ရောက်ရှိလာချိန်၌ လီပင်းသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး စားသောက်ဆိုင်ပိုင်ရှင်ကို ကြည့်လိုက်သည်။

"ဖန်တီးသူက ချန်လန်ပဲ... အဲ့ဒါက သူပဲ..."

သူမ၏စကားမဆုံးမီမှာပင် လီပင်းသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ စားသောက်ဆိုင်ပိုင်ရှင်သည် သူမ ယခုလေးတင် ပြောသွားသော စကားတစ်ခွန်းကိုမျှ မကြားလိုက်ရချေ။ သူသည် သက်ပြင်းချပြီး ရှုပ်ပွနေသည်များကို တိတ်ဆိတ်စွာ ရှင်းလင်းရန် လျှောက်လှမ်းသွားလေ၏။

...

စက်ရုံထုတ်လုပ်မှုလိုင်းနယ်မြေ....

ယနေ့သည် နောက်ဆုံးနေ့ပင်။

အလုပ်ရုံအတွင်းရှိ အခြေအနေမှာ အလွန်အမင်း ထူးဆန်းနေသည်။

အဆုံးစွန်သော ပင်ပန်းနွမ်းနယ်မှုသည် ပန်းတိုင်သို့ နီးကပ်လာခြင်း၏ ပျက်ယွင်းနေသော စိတ်လှုပ်ရှားမှုတစ်ခုနှင့် ရောယှက်နေလေ၏။

ကစားသမားများ၏ လှုပ်ရှားမှုများသည် ရိုးရှင်းသော စက်ရုပ်ဆန်ဆန် ထပ်တလဲလဲ လုပ်ဆောင်မှုများ မဟုတ်တော့ဘဲ နောက်ဆုံး ရူးသွပ်မှုတစ်မျိုးကို ယူဆောင်လာခဲ့သည်။

သူတို့၏မျက်လုံးများ မှိုင်းရီနေပြီး သွေးကြောများထောင်ထနေကာ သူတို့၏ ခန္ဓာကိုယ်များကို စိတ်ဓာတ်ခွန်အားသက်သက်နှင့် စွမ်းအင်ဖြည့်အချိုရည် အမြောက်အမြားဖြင့် အတင်းအကြပ် တောင့်ခံထားရသည်။ ထိုသို့ဆိုသည့်တိုင် သူတို့၏လှုပ်ရှားမှုတိုင်းသည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိကျနေလေ၏။

သူတို့၏ အလုပ်သမားကတ်များပေါ်ရှိ တစ္ဆေဒင်္ဂါးပြား ကိန်းဂဏန်းများသည် လွန်ခဲ့သည့် အိပ်ရေးပျက် ညအနည်းငယ်၏ အသက်ကိုလောင်ကျွမ်းသော ပြိုင်ပွဲအပြီးတွင် နောက်ဆုံး၌ ရပ်တန့်သွားတော့သည်။

လူတချို့သည် နောက်ဆုံးတွင် စံသတ်မှတ်ချက်သို့ ရောက်ရှိသွားသော သို့မဟုတ် များစွာကျော်လွန်သွားသော ကိန်းဂဏန်းများကို ကြည့်ရင်း ပူနွေးသော မျက်ရည်များ စီးကျလာသည်။ ထိုမျက်ရည်များတွင် စိတ်သက်သာရာရမှု၊ နာကျင်မှုနှင့် ဝမ်းသာပျော်ရွှင်မှုတို့ ရောနှောနေလေ၏။

လူတချို့သည် အနည်းငယ် လိုအပ်နေသေးသော ကိန်းဂဏန်းများကို ကြည့်ရင်း သူတို့၏ မျက်နှာများ ပြာနှမ်းသွားကြသည်။ အလင်းရောင်များအားလုံးသည် သူတို့၏မျက်လုံးများမှ ချက်ချင်းပျောက်ကွယ်သွားပြီး သူတို့၏လှုပ်ရှားမှုများသည် အပြစ်ပေးခံရပြီးသားသူများကဲ့သို့ နှေးကွေးကာ မျှော်လင့်ချက်မဲ့သွားသည်။

ထို့ထက်ပို၍များပြားသော လူများသည် သူတို့၏ အလုပ်သမားကတ်များကို တိတ်တဆိတ် စူးစိုက်ကြည့်နေကြပြီး နောက်ဆုံးတရားစီရင်မှု ကျရောက်လာမည်ကို စောင့်ဆိုင်းရင်း ထိုဂဏန်းတန်းကို သူတို့၏ စိတ်ဝိညာဉ်ထဲတွင် ထွင်းထုထားရန် ကြိုးစားနေသည့်အလားပင်။

ကျိုးထျန်ချန်သည် သူ၏အလုပ်နေရာကို မှီထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားနေရကာ သူ၏အသက်ရှူခြင်းသည်ပင် သံချေးအရသာ ပေါက်နေလေ၏။

နောက်ဆုံးအချိန်အခိုက်အတန့်တွင် သူနှင့် ဟန်ထျန်ယွီတို့၏စွမ်းဆောင်ရည်အမှတ်များသည် ထိုမမြင်နိုင်သောမျဉ်းကို ပွတ်ကာသီကာ ကျော်လွန်သွားခဲ့သည်။

သူ့ထံ၌ ဝမ်းသာပျော်ရွှင်မှု မရှိဘဲ ဘေးအန္တရာယ်တစ်ခု ပြီးဆုံးသွားသကဲ့သို့ ပင်ပန်းနွမ်းနယ်မှုနှင့် အရိုးထဲထိ စိမ့်ဝင်နေသော မောပန်းမှုတို့သာ ရှိနေလေ၏။

သူ လုံးလုံးလျားလျား မောပန်းသွားခဲ့ပြီ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း တခြားသူများကဲ့သို့ မအိပ်ဘဲ အသေအလဲ အလုပ်လုပ်ခဲ့သောကြောင့် သူ၏အမှားအယွင်းဖြစ်မှုနှုန်းကို ပို၍ပို၍လျှော့ချနိုင်ခဲ့သည်။ နောက်ဆုံးနှစ်ရက်၌ သူ အမှား လုံးဝမရှိသည်အထိပင် စွမ်းဆောင်နိုင်ခဲ့သည်။

ဒါပေမဲ့ ငါက တခြားသူတွေကို မကျော်ဖြတ်နိုင်သေးဘူး ထင်တယ်...

ထိုအချိန်၌....

ဝီ...

စက်ရုံထုတ်လုပ်မှုလိုင်းတိုင်းသည် အချိန်အတိအကျ တွင် ရုတ်တရက် ရပ်တန့်သွားလေ၏။

ငါးလနီးပါး ကြာမြင့်ခဲ့ပြီး ထာဝရကဲ့သို့ ထင်ရသော တုန်ခါသံ နောက်ဆုံး၌ ရပ်တန့်သွားတော့သည်။

ဤရုတ်တရက် တိတ်ဆိတ်မှုသည် မည်သည့် ဆူညံသံထက်မဆို ပို၍နားကွဲလုမတတ် ဖြစ်နေသည်။

ကစားသမားများအားလုံး မသိစိတ်မှ ခေါင်းမော့လိုက်ကြသည်။

အလုပ်ရုံမှူး၏ပုံရိပ်သည် စင်မြင့်ပေါ်တွင် ထွက်ပေါ်လာလေ၏။ သူ၏ လက်ထဲတွင် မည်သည့်ဖိုင်များမျှ မရှိဘဲ သင်္ချိုင်းများထဲမှ တွားသွား ထွက်လာသူများနှင့် တူသော အောက်ဘက်ရှိ ပိန်ချုံးနေသည့် လူအုပ်ကြီးကို သူ၏အေးစက်သော မျက်လုံးများဖြင့် ဝေ့ကြည့်နေသည်။

"အချိန်ပြည့်ပြီ..."

သူ၏ အသံသည် အသံချဲ့စက်မှတဆင့် ထွက်ပေါ်လာပြီး မည်သည့် စိတ်ခံစားမှုမျှ မပါဝင်ချေ။

"နယ်မြေ ပြီးဆုံးတော့မယ်..."

"အခု နောက်ဆုံး စာရင်းရှင်းလင်းမှု စတင်တော့မယ်..."

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အလုပ်သမားကတ်များပေါ်ရှိ ကိန်းဂဏန်းများသည်လုံးလုံးလျားလျား ရပ်တန့်သွားလေ၏။

ဤစကားများကို ကြားသောအခါ ကစားသမားများ၏ မျက်လုံးများတွင် အချိန်အတော်ကြာကတည်းက ငြိမ်းသတ်သွားခဲ့သော အလင်းရောင်သည် ရူးသွပ်သော အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုဖြင့် တစ်ဖန်ပြန်၍ ပေါက်ကွဲထွက်လာသည်။

ပြီးဆုံးသွားပြီ....

ငါးလကြာ ညှဉ်းပန်းနှိပ်စက်မှုက နောက်ဆုံးတော့ ပြီးဆုံးသွားပြီ....

ဤအချိန်အခိုက်အတန့်တွင် အလွန်ကြီးမားသော စိတ်ခံစားမှု ဒီရေလှိုင်းကြီးသည် ရေကာတာများအားလုံးကို ရိုက်ချိုးလိုက်၏။

"အား... ပြီးသွားပြီဟေ့..."

ကစားသမားတစ်ဦးက သူ၏ လက်ထဲရှိ အေးစက်သော စက်အစိတ်အပိုင်းများကို ပစ်ချလိုက်ပြီး ကောင်းကင်သို့မော့ကြည့်ပြီး အော်ဟစ်လိုက်သည်။ သူ၏အသံမှာ အက်ရှရှဖြစ်နေသော်လည်း ဖော်ပြ၍မရနိုင်သော ရူးသွပ်သည့် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

"ဟူး... နောက်ဆုံးတော့ ပြီးသွားပြီပဲ... ငါ အိမ်ပြန်လို့ရပြီ... ငါ အိမ်ပြန်တော့မယ်...."

တခြားကစားသမားတစ်ဦးသည် ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး သူ၏မျက်နှာကို လက်များဖြင့် ဖုံးအုပ်ထားကာ မျက်ရည်များသည် သူ၏ လက်ချောင်းများကြားမှ စီးကျလာလေ၏။ ဤသည်မှာ သူ ငါးလတိုင်တိုင် ဖိနှိပ်ထားခဲ့ရသော ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှု မျက်ရည်များအပြင် ယခုချိန်၌ ပေါက်ကွဲထွက်လာသော မျှော်လင့်ချက်များပင်။

လူတချို့က ပတ်ဝန်းကျင်ရှိ လူများကို တင်းကြပ်စွာ ပွေ့ဖက်ထားကြသည်။ ယခင်င်က သိကျွမ်းခဲ့သည်ဖြစ်စေ မသိကျွမ်းခဲ့သည်ဖြစ်စေ ဤအချိန်အခိုက်အတန့်တွင် ဘေးအန္တရာယ်တစ်ခုမှ အသက်ရှင်လွတ်မြောက်လာခဲ့ခြင်း၏ တူညီသော တုန်လှုပ်မှုနှင့် ဝမ်းသာပျော်ရွှင်မှုကို သူတို့ မျှဝေခံစားနေကြ၏။

လူအများစုကမူ ငိုရမလို ရယ်ရမလို ဖြစ်နေသော မျက်နှာများဖြင့် နေရာတွင် ငေးငိုင်စွာ မတ်တတ်ရပ်နေကြပြီး ဤရှည်လျားလှသော အိပ်မက်ဆိုးကြီး အမှန်တကယ် ပြီးဆုံးသွားပြီကို မယုံကြည်နိုင်ကြသကဲ့သို့ ဖြစ်နေသည်။

သို့သော် လူတိုင်း ဝမ်းသာပျော်ရွှင်နေခြင်း မဟုတ်ချေ။ ကိုယ်ပိုင်အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးငါးယောက်စာရင်းသို့ တစ်ကြိမ်တစ်ခါမျှ မဝင်ခဲ့ဖူးသူများ၊ စွမ်းဆောင်ရည် တစ်ကြိမ်တစ်ခါမျှ မကောင်းခဲ့ဖူးသူများနှင့် အမြဲတစေ အဆိုးရွားဆုံး စွမ်းဆောင်ရည်ရှိသူများသည် အလွန်အမင်း ဆင်းရဲဒုက္ခရောက်ကာ မျှော်လင့်ချက်မဲ့ပြီး ထိတ်လန့်နေကြသည်။

"ငါ ပြန်လို့ မရဘူး... ငါ့ရဲ့ အမှားအယွင်းနှုန်းက အရမ်းများတယ်... ငါက အမြဲတမ်း ကိုးရိုးကားယား နိုင်ခဲ့ပြီးတော့ ထိပ်ဆုံးငါးယောက်စာရင်းကို တစ်ခါမှ မဝင်ခဲ့ဘူး... ငါ ဒီနေရာမှာ ပိတ်မိနေတော့မှာပဲ"

အမျိုးသား ကစားသမားတစ်ဦးသည် လုံးလုံးလျားလျား နာကျင်စွာ အော်ဟစ်ပြီး သူ၏ခေါင်းကို ဆုပ်ကိုင်ထားလေသည်။

"ငါလည်း အတူတူပဲ... ငါ ဒီနေရာမှာ မနေချင်ဘူး... ငါ အိမ်ပြန်ချင်တယ်..."

အမျိုးသမီး ကစားသမားတစ်ဦးသည် သူမ၏ခေါင်းကို လက်မောင်းများကြားတွင် ဝှက်ထားပြီး ရွေ့လျားစက်ခါးပတ်ပေါ်တွင်မှီကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးနေလေ၏။

လူတချို့သည် ဝမ်းနည်းပူဆွေးမှုများဖြင့် ဖုံးလွှမ်းခံရပြီး ရွှံ့များကဲ့သို့ ခွေကျသွားကြသည်။

လူတချို့ကမူ ဝမ်းသာပျော်ရွှင်မှုကြောင့် ငိုကြွေးကြပြီး အောင်ပွဲခံသည့်အနေဖြင့် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြသည်။

သို့သော် အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုကြောင့် မျက်ရည်ကျသည်ဖြစ်စေ မျှော်လင့်ချက်မဲ့မှုကြောင့် ငိုကြွေးသည်ဖြစ်စေ အရာအားလုံး အဆုံးသတ်ရန်အတွက် အလုပ်ရုံမှူး လိုအပ်နေဆဲပင်။

မျှော်လင့်ချက်များ ပြည့်နှက်နေသည်ဖြစ်စေ၊ လုံးလုံးလျားလျား သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေသည်ဖြစ်စေ သူတို့မျက်လုံးများအားလုံးသည် စင်မြင့်ပေါ်သို သူတို့၏ နောက်ဆုံးကံကြမ္မာကို အာဏာပိုင်စိုးထားသော ပုံရိပ်ဆီသို့ တဖန်ပြန်၍ အာရုံစိုက်သွားကြသည်။

အလုပ်ရုံမှူးသည် အောက်ဘက်ရှိ ရုတ်ရုတ်သဲသဲဖြစ်မှု၊ ဝမ်းသာပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ကို အေးစက်စွာ ငုံ့ကြည့်နေပြီး သူ၏မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိသေးချေ။

သူသည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။ ဤသည်မှာ ရိုးရှင်းသော လှုပ်ရှားမှုလေး တစ်ခုသာ ဖြစ်သော်လည်း ပေါင်တစ်ထောင် အလေးချိန်ကို သယ်ဆောင်ထားသကဲ့သို့ ခံစားရပြီး အသံအားလုံးကို ချက်ချင်းတိတ်ဆိတ်သွားစေကာ ဖိနှိပ်ထားသော ရှိုက်ငိုသံများနှင့် လေးလံသော အသက်ရှူသံများသာ ကျန်ရစ်တော့သည်။

"စာရင်းရှင်းလင်းမှု ပြီးဆုံးပြီ... နောက်ထပ် စံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ သူတွေကို ငါ ကြေညာမယ်..."

အလုပ်ရုံမှူး၏ အေးစက်သော အသံသည် လူတိုင်း၏ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော နောက်ဆုံး တရားစီရင်ရေး သံတူတစ်လက်အလား ဖြစ်နေပေ၏။

ဤစကားကို ကြားသောအခါ လူတိုင်း မျှော်လင့်ချက်များဖြင့် မော့ကြည့်လိုက်ကြပြီး သူတို့၏ လည်ပင်းများကို ဆန့်တန်းကာ သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် စင်မြင့်ပေါ်ရှိ ထိုပါးစပ်ဆီသို့ အပြင်းအထန် စိုက်ကြည့်နေကြသည်။

ပတ်ဝန်းကျင်အခြေအနေသည် အဆုံးစွန်သော ခိုင်မာသိပ်သည်းလုနီးပါး ဖြစ်နေသော တင်းမာမှုများဖြင့် ပြည့်နှက်နေသည်။

ကစားသမား အများအပြားသည် ဆုတောင်းရန် သူတို့၏လက်များကို မသိစိတ်မှ ပူးကပ်လိုက်ကြပြီး သူတို့၏ လက်သည်းများသည် သူတို့ လက်ခုံများထဲသို့ စိုက်ဝင်နေသည်ကိုပင် သတိမထားမိကြချေ။ သူတို့သည် သူတို့၏စိတ်နှလုံးသားထဲတွင် ရူးသွပ်စွာ ဆုတောင်းနေကြ၏။

ငါ ဖြစ်ရမယ်...

ငါ့နာမည် ခေါ်ရမယ်..

ဒီငရဲတွင်းကနေ ငါ့ကို ထွက်သွားခွင့်ပြုပါ...

သူတို့အားလုံး တွေးတောနေကြသည်။

ဤအချိန်အခိုက်အတန့်တွင် အဆင့်သတ်မှတ်ချက်များနှင့် တစ္ဆေဒင်္ဂါးပြားများသည် အရေးမကြီးတော့ချေ။

သူတို့သည် သူတို့၏ နာမည်များကို ကြားလိုကြပြီး ထိုတစ်ခုတည်းသော အသက်ကယ်ကြိုးလေးကို ဆုပ်ကိုင်လိုကြသည်။

အလုပ်ရုံမှူးသည် ဤကဲ့သို့ အကြွင်းမဲ့ ထိန်းချုပ်ထားနိုင်သည့် ခံစားချက်ကို နှစ်သက်ပုံရရသည်။ သူသည် သူ၏စကားပြောဆိုမှုကို တမင်သက်သက် နှေးကွေးလိုက်ပြီး သူ၏ အကြည့်များသည် လိုလားတောင့်တမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော အောက်ဘက်ရှိ မျက်နှာတိုင်းကို ဖြည်းညင်းစွာ ဝေ့ကြည့်သွားလေ၏။

"နောက်ထပ်... ငါ နာမည်ခေါ်တဲ့သူတွေက မင်းတို့ရဲ့ ဆုလာဘ်တွေကိုယူပြီး နယ်မြေကနေ ထွက်သွားလို့ ရပြီ..."

All Chapters