← Chapters

အခန်း ၄၆၁

Vol. 47 Ch. 461

အခန်း ၄၆၁

Vol. 47 Ch. 461

အခန်း (၄၆၁) - နဂါးအသွင်ပြောင်းရေကန်တွင် ဆိုင်းအင်ဝင်ခြင်း၊ ကစဉ်ကလျားနဂါးအရိုး(၁)

အမှောင်သခင်သည် ကမ္ဘာသစ်ပင်၏ သစ်မြစ်များကို အလွန်အမင်း စိတ်ဝင်စားနေလေသည်။ ၎င်းတို့သည် သူမ၏ အမှောင်နယ်မြေအတွင်းသို့ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ရုံသာမက ထိုကမ္ဘာခြားနတ်ဆိုး မိစ္ဆာကောင်များ၏ တိုက်ခိုက်မှုများကိုလည်း အနည်းငယ်မျှပင် မမှုကြပေ။

ထို့အပြင် ကမ္ဘာသစ်ပင်၏ သစ်မြစ်များသည် ကမ္ဘာခြားနတ်ဆိုးများကို နှိမ်နင်းနိုင်သည့် စွမ်းအားတစ်မျိုးကိုပါ ထုတ်လွှတ်နေလေသည်။

“ဒါက ဝူယွမ်ရဲ့ ရတနာပဲ”

ယန်က အမှောင်သခင်ကို ကမ္ဘာသစ်ပင်၏ အံ့မခန်းစွမ်းရည်များအကြောင်း ချက်ချင်းရှင်းပြလိုက်သည်။

၎င်းတို့ကဲ့သို့ နတ်ဘုရားရတနာ ဝိညာဉ်များ ဤမျှမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာရခြင်းမှာ ကမ္ဘာသစ်ပင်၏ အာဟာရဖြည့်တင်းပေးမှုကြောင့်ပင်ဖြစ်သည်။

ဤတစ်ကြိမ်တွင် ဝူယွမ်နှင့် ယန်တို့သည် အမှောင်သခင်နှင့် သူမ ဖိနှိပ်ထားသော နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ကို ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းမည့်အကြောင်း ဆွေးနွေးထားခဲ့ကြသည်။

ဤလုပ်ငန်းစဉ်အတွက် အမှောင်သခင်၏ အကူအညီကို အသေအချာပင် လိုအပ်ပေလိမ့်မည်။

ယခုအခါ ရှေးဟောင်းကျောက်တိုင်ကမ္ဘာသည် ကမ္ဘာတစ်ခု၏ကနဦးပုံစံကို ရရှိနေပြီဖြစ်ပြီး နယ်ပယ်စည်းမျဉ်းများ၏ စွမ်းအားကိုပါ ပိုင်ဆိုင်ထားပြီဖြစ်ရာ ကမ္ဘာခြားနတ်ဆိုးများကို ချိပ်ပိတ်ဖိနှိပ်ရန်မှာ ပြဿနာကြီးတစ်ခု မဟုတ်တော့ပေ။

ထို့အပြင် ယန်၊ ဟွမ်၊ ဟွမ်ယွင်၊ ထျန်းရွှမ်နန်းတော်တို့အပြင် ဝါးမျိုခြင်း၊ မိုးကြိုး၊ ရေခဲ၊ အသက်နှင့်သေခြင်း ဘိုးဘေးအဆောင်များကလည်း ကူညီပေးရန် အဆင်သင့် ရှိနေကြသေးသည်။

ဤစွမ်းအားများအားလုံး ပေါင်းစပ်လိုက်မည်ဆိုပါက နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်တစ်ခုကို ဖိနှိပ်ရန်အတွက် လုံလောက်ရုံသာမက ပို၍ပင် အစွမ်းထက်နေသေးသည်။

ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ကမ္ဘာသစ်ပင်သည် နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်အတွင်းရှိ နတ်ဆိုးစွမ်းအင်များကို ဖြည်းညင်းစွာ ထုတ်ယူသန့်စင်ပြီး ၎င်းအတွက် အာဟာရအဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။

တစ်ခုက ကြီးထွားလာပြီး နောက်တစ်ခုက အားနည်းသွားသည်နှင့်အမျှ ကမ္ဘာသစ်ပင်သည် ပိုမိုအစွမ်းထက်လာမည်ဖြစ်ပြီး နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်သည်လည်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတော့မည်မဟုတ်ပေ။

“မင်းတို့ပြောတဲ့ ကမ္ဘာသစ်ပင်ကို ငါ့ကိုပြပါဦး”

၎င်းတို့၏ အစီအစဉ်ကို နားထောင်ပြီးနောက် ၎င်းတို့သည် ကမ္ဘာခြားနတ်ဆိုးများစွာကို သန့်စင်ခဲ့ပြီး ရှေးဟောင်းပုဂ္ဂိုလ်များနှင့် နတ်ဘုရားရတနာများစွာကို ကယ်တင်ခဲ့ပြီးဖြစ်ကြောင်း သိရှိလိုက်ရသောအခါ အမှောင်သခင်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားလေသည်။

ဤနတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ကို ဖိနှိပ်ထားရသဖြင့် ဤမြေအောက်ကမ္ဘာတွင် သူမ အိပ်စက်နေခဲ့ရသည်မှာ ကြာမြင့်လွန်းနေခဲ့ပြီ ဖြစ်သည်။

သူမ၏ ပင်မခန္ဓာကိုယ်မှာ အိပ်စက်နေဆဲဖြစ်ပြီး စွမ်းအားများကို မခွဲဖြာနိုင်ပေ။ ယခု ပေါ်ထွက်လာသည်မှာ ဝိညာဉ်စွမ်းအင် ကိုယ်ပွားလေးတစ်ခုမျှသာ ဖြစ်သည်။

အမှောင်သခင်တစ်ဦးအနေဖြင့် သူမသည် အမှောင်ထုဖုံးလွှမ်းနေသော ပတ်ဝန်းကျင်ကို နှစ်သက်သော်လည်း ဤကမ္ဘာခြားနတ်ဆိုးများနှင့်အတူ နေထိုင်ရခြင်းက သူမကို အလွန်အမင်း သက်သောင့်သက်သာမရှိဖြစ်စေသည်။

ကမ္ဘာခြားနတ်ဆိုးများ၏ အငွေ့အသက်က အလွန် ရွံရှာဖွယ်ကောင်းလှသည်။

ဝူယွမ်က ပြန်ဖြေလိုက်သည်။

“ပြဿနာမရှိပါဘူး... ခင်ဗျားရဲ့ ဝိညာဉ်စွမ်းအင်ကို ကမ္ဘာသစ်ပင်ရဲ့ သစ်မြစ်တွေထဲ ပေါင်းစပ်လိုက်ရုံနဲ့ ဝင်လို့ရပါပြီ”

ချက်ချင်းပင် ယန်က ကမ္ဘာသစ်ပင်၏ သစ်မြစ်များကို ထိန်းချုပ်ကာ အမှောင်သခင်ကို လမ်းပြရန်အတွက် နူးညံ့သော မြစိမ်းရောင်အလင်းတန်းလေးတစ်ခု ထုတ်လွှတ်လိုက်သည်။

အမှောင်သခင်၏ ဝိညာဉ်စွမ်းအင်သည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူမနှင့် ရင်းနှီးကျွမ်းဝင်နေသော အငွေ့အသက်များကို ချက်ချင်း ကြုံတွေ့လိုက်ရသည်။

ဝါးမျိုခြင်းဘိုးဘေးအဆောင်၊ အသက်နှင့်သေခြင်းဘိုးဘေးအဆောင်၊ ဟွမ်၊ ထျန်းရွှမ်နန်းတော်...

“ညီမလေး”

အမှောင်သခင်က ယင်းဟွမ်ဟွမ်ကို အာရုံခံမိသွားပြီး အံ့သြတကြီး ရေရွတ်လိုက်သည်။

သူမ၏ ဝိညာဉ်စွမ်းအင်က တာအိုဂိုဏ်းအထက်သို့ ပျံ့နှံ့သွားပြီး ထိုနေရာတွင် ယင်းဟွမ်ဟွမ် ကျင့်ကြံနေသည်ကို မြင်တွေ့လိုက်ရသည်။

“ဒါက ညီမလေးရဲ့ ပြန်လည်ဝင်စားတဲ့ခန္ဓာကိုယ်လား”

ယင်းဟွမ်ဟွမ်ကလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရသည်။ သူမ၏ လှပသော မျက်လုံးလေးများ လှုပ်ရှားသွားပြီး မျက်ဝန်းနက်များထဲမှ ရေခဲပြာရောင်အလင်းတန်းတစ်ခု ဖြာထွက်လာသည်။

မကြာမီမှာပင် သူမ၏ မျက်ဝန်းတစ်စုံလုံး အပြာရောင်သို့ ပြောင်းလဲသွားပြီး သူမ၏ အငွေ့အသက်ကလည်း ရေခဲတမျှ အေးစက်သွားလေသည်။

အမှောင်သခင်၏ ရင်းနှီးကျွမ်းဝင်နေသော အငွေ့အသက်က ယင်းဟွမ်ဟွမ်၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာတွင် ပုန်းကွယ်နေသော ရေခဲသခင်၏ဝိညာဉ်ကို နိုးထလာစေခဲ့သည်။

ထိုစဉ် ဝူယွမ်က ချက်ချင်း ပေါ်လာပြီး သူ၏ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာကာ အမှောင်သခင်ကို ယင်းဟွမ်ဟွမ်အား ဆက်လက်စူးစမ်းခြင်းမှ တားဆီးလိုက်သည်။

“ရေခဲသခင် မနိုးသေးပါဘူး... အခု ခင်ဗျား မြင်နေရတာက ယင်းဟွမ်ဟွမ်ပါ။ သူမကို မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်။ ဟွမ်ဟွမ်က ကျွန်တော့်ရဲ့ မိန်းမပဲ... ရေခဲသခင်နဲ့ ပတ်သက်လို့ကတော့ သူမ နိုးလာမှပဲ ကျွန်တော်တို့ ဆက်ပြောကြတာပေါ့”

“မင်းရဲ့ မိန်းမ... ဟုတ်လား”

အမှောင်သခင်က ဝူယွမ်ကို စိုက်ကြည့်လိုက်သည်။

သူမ၏ ညီမလေးသည် ရေခဲပမာ အေးစက်လှပသည့် မိန်းမချောလေး တစ်ဦးဖြစ်သည်။ ထိုအချိန်က သခင်ကြီးရှစ်ပါးထဲမှ မီးတောက်သခင်အပါအဝင် လူအများအပြားက သူမကို သဘောကျ နှစ်သက်ခဲ့ကြသော်လည်း မည်သူကမျှ သူမ၏နှလုံးသားကို မသိမ်းပိုက်နိုင်ခဲ့ကြပေ။

အမှောင်သခင်နှင့် ရေခဲသခင်တို့သည် အရင်းနှီးဆုံး ဆက်ဆံရေး ရှိခဲ့ကြပြီး ရေခဲသခင်၏ မာနကြီး၍ ခပ်တန်းတန်းနေတတ်သော အကျင့်ကို သူမ ကောင်းစွာသိရှိထားသည်။

သူမ၏ ညီမလေး၏ နှလုံးသားကို ဖမ်းစားနိုင်သည့် အမျိုးသားဆိုသည်မှာ မည်သို့သောလူမျိုး ဖြစ်မည်ကို သူမ စိတ်ကူးပင်မယဉ်နိုင်ခဲ့ပေ။

ယခုမူ ဝူယွမ်သည် ရေခဲသခင်၏ ပြန်လည်ဝင်စားသော ခန္ဓာကိုယ်နှင့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားနိုင်ခဲ့လေပြီ။ ဤအချက်က အမှောင်သခင်ကို များစွာ အံ့အားသင့်သွားစေသည်။

ရေခဲသခင် နိုးလာချိန်တွင် မည်သို့တုံ့ပြန်မည်ကို သူမ စဉ်းစားခန်းဝင်နေမိသည်။

စောစောက ယန်နှင့် ဆွေးနွေးမှုမှတစ်ဆင့် အမှောင်သခင်သည် ဝူယွမ်နှင့် ပတ်သက်၍ အကြမ်းဖျင်းနားလည်ထားပြီးဖြစ်သည်။ သူမ ဝူယွမ်ကို အပြည့်အဝ အသိအမှတ်မပြုသေးသော်လည်း သူ့ကို ငြင်းပယ်ခြင်းလည်းမရှိပေ။

ရှေးဟောင်း နတ်ဘုရားရတနာများစွာ၏ အသိအမှတ်ပြုမှုကို ရရှိခြင်း၊ ဘိုးဘေးအဆောင်များစွာကို စုဆောင်းနိုင်ခြင်းနှင့် ရှေးဟောင်းပုဂ္ဂိုလ်များစွာကို ကယ်တင်နိုင်ခဲ့ခြင်းစသည့် ဝူယွမ်၏ စွမ်းဆောင်ရည်များသည် သမိုင်းတစ်လျှောက်တွင် အမှန်တကယ်ပင် ယှဉ်ပြိုင်နိုင်သူမရှိအောင် ပြောင်မြောက်လွန်းလှပေသည်။

ထို့အပြင် သူသည် သူ့ဆရာဖြစ်သူ ဖန်တီးခဲ့သော မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို လက်ရှိအခြေအနေသို့ ရောက်အောင် ပြောင်းလဲပေးနိုင်ခဲ့သည်။ ဤသည်မှာ သူ၏ဆရာပင် မလုပ်နိုင်ခဲ့သော အရာတစ်ခုဖြစ်၏။

“ကောင်းပါပြီ... သူမကို ငါ မဆက်သွယ်တော့ပါဘူး။ ဒါပေမဲ့ ညီမလေးက အနှေးနဲ့အမြန် နိုးလာမှာပဲ၊ အဲဒီအချိန်ကျရင် မင်းတို့ရဲ့ ဆက်ဆံရေးကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ သေချာစဉ်းစားထားတာ ကောင်းမယ်”

အမှောင်သခင်သည် ဤကိစ္စကို ဆက်လက် အာရုံမစိုက်နေတော့ပေ။ ထို့ထက် ရေခဲသခင်နိုးလာပြီးနောက် မည်သို့ဖြစ်လာမည်ကို သူမ အနည်းငယ်မျှ စိတ်ဝင်တစား စောင့်ကြည့်ချင်နေမိသည်။

မာနကြီးပြီး ခပ်တန်းတန်းနေတတ်သော ညီမလေးသည် အမျိုးသားတစ်ဦးကို လက်ခံနိုင်မည်လော။

အကဲခတ်စစ်ဆေးပြီးနောက်တွင် ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ စွမ်းရည်များကို သူမ သံသယမရှိတော့ပေ။

သူမကို အံ့အားအသင့်စေဆုံးနှင့် သူမ၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသော အရာနှစ်ခုမှာ ကမ္ဘာသစ်ပင်နှင့် ရွှေကျီးကန်းတို့ပင်။

ဤအရာနှစ်ခုကသာ နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ကို ကူညီဖိနှိပ်ပေးမည်ဆိုပါက ဤရှေးဟောင်းပုဂ္ဂိုလ်များ၊ ဘိုးဘေးအဆောင်များနှင့် နတ်ဘုရားရတနာများအားလုံး အရန်အင်အားများမျှသာ ဖြစ်သွားလိမ့်မည်။

အမှောင်သခင်သည် ဝူယွမ်နှင့် ယန်၏ အဆိုပြုချက်ကို သဘောတူလိုက်ပြီး နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ကို ပြောင်းရွှေ့ရာတွင် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ချက်ချင်း ပြင်ဆင်လိုက်သည်။

ဤလုပ်ငန်းစဉ်သည် ထင်သလောက်တော့မလွယ်ကူလှပေ။

နဂါးမျိုးနွယ်စုအနေဖြင့် နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ကို ဖိနှိပ်ထားနိုင်ခဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ နဂါးသွေးကြောများ၏ စွမ်းအားကြောင့်ပင်။

၎င်းတို့အနေဖြင့် ပြောင်းရွှေ့မှု မစတင်မီ နဂါးသွေးကြောများ၏ နေရာတွင် ကမ္ဘာသစ်ပင်ကို အစားထိုးရန် ဦးစွာလိုအပ်ပေသည်။

ဤစီမံကိန်းမျိုးအတွက် ဝူယွမ်အနေဖြင့် များစွာ ကြိုးပမ်းအားထုတ်စရာမလိုပေ။

အမှောင်သခင်၊ ယန်၊ ဟွမ်နှင့် ဟွမ်ယွင်တို့ ရှိနေခြင်းကပင် လုံလောက်နေပြီဖြစ်သည်။

ထို့ကြောင့် ဝူယွမ်သည် နဂါးနယ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

“ဘယ်လိုလဲ... မိတ်ဆွေလေးဝူယွမ်”

ဝူယွမ် ထွက်လာသည်ကို မြင်သည်နှင့် ယွမ်ချန်က စိတ်မရှည်စွာဖြင့် ချက်ချင်း မေးလိုက်သည်။

ဝူယွမ်က ပြန်ဖြေလိုက်သည်။ “အောက်က စီနီယာကြီးနဲ့ အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ပါပြီ၊ နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ရဲ့ ပြဿနာကိုလည်း ဖြေရှင်းနိုင်ပါလိမ့်မယ်”

“အရာအားလုံးသာ အဆင်ပြေပြေ ပြီးသွားရင် နဂါးမျိုးနွယ်စုအနေနဲ့ နောင်အနာဂတ်မှာ နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်အတွက် စိုးရိမ်ပူပန်နေစရာ မလိုတော့ဘူးပေါ့”

“မိတ်ဆွေလေးဝူယွမ်... အဲဒါက ဘာကို ဆိုလိုတာလဲ”

ယွမ်ချန်၏ မျက်လုံးများ အရောင်လက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်မိသည်။

ဝူယွမ်က တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်သည်။

“ဘာလို့လဲဆိုတော့ နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင် တစ်ခုလုံးကို ရှေးဟောင်းကျောက်တိုင်ထဲ ကျွန်တော် ပြောင်းရွှေ့သွားမှာမို့လို့ပါ။ ဒါဆိုရင်တော့ နဂါးမျိုးနွယ်စုမှာ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ လျှို့ဝှက်အန္တရာယ်ကြီး ရှိနေတော့မှာ မဟုတ်ပါဘူး”

သူ၏ တည်ငြိမ်လှသောလေသံမှာ အရေးမပါသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင်။

သို့သော် ဤစကားများကို နဂါးမျိုးနွယ်စုဝင်များ ကြားလိုက်ရသောအခါ ၎င်းတို့အတွက်မူ နားကွဲမတတ် ဆူညံသော မိုးကြိုးသံကြီးတစ်ခုကဲ့သို့ပင်။ ၎င်းတို့တစ်ဦးစီတိုင်းမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး အကြားအာရုံ ချို့ယွင်းသွားသည်ဟုပင် ထင်မှတ်လိုက်မိကြသည်။

နတ်ဆိုးအကျဉ်းထောင်ဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် နဂါးမျိုးနွယ်စုအတွက် ရှေးခေတ်ကာလမှစ၍ ယနေ့တိုင်အောင် တည်ရှိနေခဲ့သော လျှို့ဝှက်အန္တရာယ်ကြီးတစ်ခု ဖြစ်ပြီး အဓိက စိုးရိမ်ပူပန်စရာကြီးတစ်ခုလည်းဖြစ်သည်။

နဂါးမျိုးနွယ်စုသည် ၎င်းကြောင့် အိပ်ရေးမဝနိုင်လောက်အောင် ဖြစ်ခဲ့ရပြီး နတ်ဆိုးအကျဉ်းထောင်ပတ်လည်တွင် ကင်းလှည့်ရန် အကြီးအကဲများကို အဆက်မပြတ်စေလွှတ်နေခဲ့ရသည်။

ယခုမူ ဝူယွမ်က နဂါးမျိုးနွယ်စု၏ အောက်တွင်ရှိသော နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ကို သူ ပြောင်းရွှေ့ပေးနိုင်သည်ဟု ပြောနေလေသည်။

All Chapters