အခန်း ၄၆၃
Vol. 47 Ch. 463
အခန်း (၄၆၃) - နဂါးအသွင်ပြောင်းရေကန်တွင် ဆိုင်းအင်ဝင်ခြင်း၊ ကစဉ်ကလျားနဂါးအရိုး(၃)
ထို့အပြင် ဝူယွမ်တွင် အာဏာရှင်သွေးမျိုးဆက်၏ ထောက်ပံ့မှုလည်း ရှိနေသေးသည်။
အာဏာရှင်သွေးမျိုးဆက်၏ စွမ်းအင်မှာ နဂါးအသွင်ပြောင်းရေကန်၏ စွမ်းအင်နှင့် ကွာခြားလွန်းလှပေသည်။
နဂါးမျိုးနွယ်စု၏ အကြံ့ခိုင်ဆုံး ရုပ်ခန္ဓာပင်လျှင် အာဏာရှင်သွေးမျိုးဆက်၏ ရှေ့မှောက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ကင်းမဲ့နေမည်သာ။
နဂါးအသွင်ပြောင်းရေကန်ထဲတွင် အေးအေးလူလူ ရေကူးနေကြသော ဝူယွမ်နှင့် လင်းတုန်တို့ကို ကြည့်ရင်း မျိုးနွယ်စုခေါင်းဆောင်၏သမီး ယွမ်ရှင်းမှာ သူတို့နှစ်ယောက် မည်မျှ ပုံမှန်မဟုတ်ကြောင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
‘ဘယ်သူက နဂါးမျိုးနွယ်စုဝင် အစစ်လဲ’
ယွမ်ရှင်း သူမကိုယ်သူမပင် သံသယဝင်လာမိသည်။ သူမသည် နဂါးမျိုးနွယ်စု၏ မျက်မှောက်ခေတ် ပါရမီရှင်တစ်ဦးဖြစ်ပြီး ရွယ်တူများကြားတွင် ထင်ပေါ်ကျော်ကြားကာ နဂါးအသွင်ပြောင်းရေကန်သို့ ဝင်ရောက်ခွင့်ရရှိခဲ့သူဖြစ်သည်။
သဘာဝကျကျပင် သူမသည် အားနည်းသူတစ်ဦးမဟုတ်ပေ။ သို့သော် သူမသည် နဂါးအသွင်ပြောင်းရေကန်ထဲတွင် လှုပ်ရှားရန်ပင် ခက်ခဲနေချိန်တွင် သူတို့နှစ်ဦးမှာမူ မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ သက်သောင့်သက်သာ ရှိနေခြင်းက နဂါးအသွင်ပြောင်းရေကန်ကို အမှန်တကယ် စော်ကားလိုက်ခြင်းပင်။
ယွမ်ရှင်း၏ စိတ်ပြောင်းလဲမှုကို လျစ်လျူရှုကာ ဝူယွမ်နှင့် လင်းတုန်တို့သည် နဂါးအသွင်ပြောင်းရေကန်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ တိုက်ရိုက်ဦးတည်သွားကြသည်။
အပေါ်ပိုင်းရှိ စွမ်းအင်များမှာ သာမန်မျှသာဖြစ်ပြီး ၎င်းတို့ ရုပ်ခန္ဓာ၏ ကြီးမားသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းမရှိပေ။
ဤအမည်းရောင်ကန်ရေများသည် ရုပ်ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ပေးနိုင်ပြီး အရိုးများကို ကြံ့ခိုင်စေနိုင်သည်။ ယေဘုယျအားဖြင့် နဂါးအရိုးများ၏အရည်အသွေးကို အထက်တန်း၊ အလယ်အလတ်နှင့် အနိမ့်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။
သို့သော် အထက်တန်းနဂါးအရိုးသည် အကောင်းဆုံး မဟုတ်ကြောင်းကို ဝူယွမ် သိထားသည်။
နဂါးအသွင်ပြောင်းရေကန်၏ အနက်ရှိုင်းဆုံးနေရာတွင် ပို၍ကြီးမားသော ရတနာတစ်ခု ပုန်းကွယ်နေလေသည်။ ထိုအရာက နဂါးမျိုးနွယ်စု၏ အရိုးမြှုပ်နှံရာနယ်မြေပင် ဖြစ်သည်။
အတွင်းပိုင်းတွင် ပိုမိုအစွမ်းထက်သော မူလနဂါးအရိုးများနှင့် နဂါးမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး မူလနဂါးအရိုးများ ရှိနေပေသည်။
ဝူယွမ်တွင် မူလနဂါးအရိုးထက် ပိုမိုကောင်းမွန်သည့် ကစဉ်ကလျားနဂါးအရိုး ရှိပြီးဖြစ်ရာ ဤမူလနဂါးအရိုးအတွက် ဝင်ရောက်လုယူမည် မဟုတ်သည်မှာ သေချာပေသည်။
၎င်းကို သူ၏ညီ လင်းတုန်အတွက်သာ ချန်ထားပေးသင့်သည်။
မူလဇာတ်လမ်းအရ ဘိုးဘေးကျောက်တုံး၏ အကူအညီဖြင့် လင်းတုန်သည် ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို အသုံးပြုကာ ဝါးမျိုခြင်းသခင်၏အလိုဆန္ဒကို ခေါ်ယူပြီး လက်ခြောက်ချောင်းနတ်နဂါးဧကရာဇ်၏ အလိုဆန္ဒကို အနိုင်ယူကာ မူလနဂါးအရိုးကို ရယူနိုင်ခဲ့သည်။
ယခုမူ ဘိုးဘေးကျောက်တုံးသည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်း၌ အမှောင်သခင်ကို နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင် ပြောင်းရွှေ့ရာတွင် ကူညီပေးနေသည်။
ထို့ကြောင့် လင်းတုန်ကို ကူညီပေးရန်တာဝန်မှာ ဝူယွမ်အပေါ်သို့သာ ကျရောက်လာတော့သည်။
ဤအချိန်တွင် လင်းတုန်သည် ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို အသုံးပြု၍ နဂါးအသွင်ပြောင်းရေကန်၏ စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေပြီး သူ၏ အရိုးများအား အဆက်မပြတ် ပြန်လည်ပုံဖော်နေလေသည်။
ကိုယ်ခန္ဓာကို ပိုမိုကြံ့ခိုင်လာစေမည့် ဤကဲ့သို့ ရှားပါးသော အခွင့်အရေးကို သူတို့ အလဟဿ အဖြစ်ခံမည်မဟုတ်ပေ။
ဝူယွမ်ကလည်း ကစဉ်ကလျားသန္ဓေသားကို လှုပ်ရှားစေလိုက်ပြီး ဝါးမျိုခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ နဂါးအသွင်ပြောင်းရေကန်၏ စွမ်းအင်များအား စုပ်ယူ၍ ကိုယ့်ကိုယ်ကို အားဖြည့်လိုက်သည်။
နတ်ဆင် ငရဲနှိမ်နင်းရေးစွမ်းအား၊ ခန္ဓာကိုယ်ကျမ်းနှင့် ကောင်းကင်ပြာ နဂါးပြောင်းလဲခြင်းကျင့်စဉ်တို့ အားလုံးကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော ဝဲကတော့ငယ်များ ပေါ်ထွက်လာသည်။
နဂါးအသွင်ပြောင်းရေကန်၏ စွမ်းအင်များသည် မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ စီးဝင်သွားကြသည်။
သုံးရက်တာ အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
နဂါးအသွင်ပြောင်းရေကန်၏ စွမ်းအင်များသည် သူတို့နှစ်ဦးအပေါ် များစွာအကျိုးသက်ရောက်မှုမရှိတော့ပေ။ ဤစွမ်းအင်၏ အကြီးမားဆုံးသော လုပ်ဆောင်ချက်မှာ အရိုးများကို သန့်စင်ပေးရန်ဖြစ်သည်။ အရိုးများ အတိုင်းအတာတစ်ခုအထိ သန့်စင်သွားပါက ဆက်လက်စုပ်ယူနေခြင်းမှာ အချည်းနှီးသာဖြစ်ပေလိမ့်မည်။
ယွမ်ရှင်းသည် ဟူတို့၏ ရူးသွပ်စွာ စွမ်းအင်စုပ်ယူနေမှုကို အာရုံခံမိပြီး စိတ်ထဲတွင် အကြောင်းပြချက်မရှိ ထိတ်လန့်သွားမိသည်။
“ကြောက်စရာကောင်းလိုက်တဲ့ စုပ်ယူနိုင်စွမ်းပါလား... ဒီလူနှစ်ယောက်က နဂါးအသွင်ပြောင်းရေကန်ကို ခန်းခြောက်သွားအောင် စုပ်ပစ်ချင်နေတာများလား”
သူမ၏ စုပ်ယူမှုနှုန်းမှာ သူတို့၏ တစ်ရာခိုင်နှုန်းပင် မပြည့်ပေ။
“ဒီစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ လူနှစ်ယောက်က အထက်တန်းနဂါးအရိုးတွေနဲ့ ကျေနပ်မှာ မဟုတ်လောက်ဘူး။ ဒီတစ်ခါများ မူလနဂါးအရိုးနှစ်ခု ထွက်ပေါ်လာနိုင်မလား”
ယွမ်ရှင်းစိတ်ထဲတွင် သူတို့နှစ်ဦးအတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုကို တားဆီးမရနိုင်အောင် ထွက်ပေါ်လာသည်။
ရှေးခေတ်ကာလမှစ၍ နဂါးအသွင်ပြောင်းရေကန်မှ မူလနဂါးအရိုးကို ရရှိခဲ့သော နဂါးမျိုးနွယ်စုဝင်အရေအတွက်မှာ အလွန်နည်းပါးလှပြီး ရရှိခဲ့သူတိုင်းသည် ဤလောကတွင် ထိပ်တန်းအဆင့်ကျင့်ကြံသူများ ဖြစ်လာခဲ့ကြသည်။
ယွမ်ရှင်း ကိုယ်တိုင်လည်း မူလနဂါးအရိုးကို ရရှိချင်သော်ငြား ၎င်းအား ရယူနိုင်မည့်နည်းလမ်းကို မသိခဲ့ပေ။ သူမ၏ မျိုးနွယ်စုအတွင်းမှ အောင်မြင်စွာ ရရှိခဲ့သူများ၏ အဆိုအရ ၎င်းတို့သည် နဂါးအရိုးကို ရရှိလိုက်သည့် အခိုက်အတန့်တွင် မည်သို့ဖြစ်ပျက်သွားခဲ့သည်ကိုပင် ရေရေရာရာမသိခဲ့ကြပေ။
ထင်ရှားသည်မှာ မူလနဂါးအရိုးအတွက် အခွင့်အရေးသည် ထိုမျှ လွယ်လွယ်ကူကူ ရရှိနိုင်မည်မဟုတ်ပေ။
လင်းတုန်က အနည်းငယ် စိတ်ပျက်သွားသည့်ဟန်ဖြင့် ညည်းတွားလိုက်သည်။
“အစ်ကိုကြီး... ကျွန်တော် အကန့်အသတ်ကို ရောက်သွားပြီ။ ဒီနဂါးအသွင်ပြောင်းရေကန်ရဲ့ စွမ်းအားက ဒီလောက်ပဲလား”
သူ၏ အရိုးများသည် အတော်အသင့် ကြံ့ခိုင်လာခဲ့သော်လည်း သူ့ခန္ဓာကိုယ်က အစကတည်းက ဆိုးရွားမနေခဲ့ပေ။
ထို့ကြောင့် ဤအနည်းငယ်မျှသော တိုးတက်မှုက နဂါးအသွင်ပြောင်းရေကန်အပေါ် ထားရှိသော သူ၏မျှော်လင့်ချက်များကို ပြည့်မီခြင်းမရှိခဲ့ပေ။
ဝူယွမ်က လင်းတုန်ထံသို့ လျှို့ဝှက်စွာ သတင်းစကား ပါးလိုက်သည်။
“မင်းကို အစ်ကိုကြီး နေရာတစ်ခု ခေါ်သွားမယ်။ မင်းရဲ့ နီဝမ်နယ်ပယ်ကို ဖွင့်ပြီး ဝိညာဉ်စွမ်းအင်တွေကို ထုတ်လွှတ်လိုက်စမ်းပါ”
လင်းတုန်သည် သူ့အစ်ကိုကြီး၏ စကားကို အနည်းငယ်မျှ သံသယမဝင်ဘဲ မဆိုင်းမတွ လိုက်နာကာ သူ၏ ဝိညာဉ်စွမ်းအင်များကို နဂါးအသွင်ပြောင်းရေကန်ထဲသို့ ထုတ်လွှတ်လိုက်လေသည်။
ယွမ်ရှင်း အံ့အားသင့်သွားရသည်။
“ဟင်... ဒီလူနှစ်ယောက် ဘာလို့ ရပ်သွားတာလဲ”
ရူးသွပ်စွာ စုပ်ယူနေခဲ့သော လူနှစ်ဦးသည် ရုတ်တရက် ရပ်တန့်သွားကြပြီး နဂါးအသွင်ပြောင်းရေကန်မှာလည်း ခဏတာ ငြိမ်သက်သွားပြန်သည်။
သို့သော် သူတို့နှစ်ဦး မည်သည့်အရာများ လုပ်နေသည်ကို သူမ မသိခဲ့ပေ။ အကြောင်းမှာ သူမကိုယ်တိုင်က ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ရန် မဝံ့ရဲသောကြောင့်ပင်။
နဂါးအသွင်ပြောင်းရေကန်၏ စွမ်းအားသည် ဝိညာဉ်စွမ်းအင်အပေါ်တွင်လည်း ပြင်းထန်သော သန့်စင်သည့် အကျိုးသက်ရောက်မှု ရှိသည်။ သာမန်လူများအနေဖြင့် လုံးဝ ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ အနည်းငယ် အမှားလုပ်မိသည်နှင့် နီဝမ်နယ်ပယ်ပင် ပျက်စီးသွားနိုင်သည်။
လင်းတုန် သူ၏ ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်မှာပင် ဝူယွမ်ကလည်း သူ့စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အမည်းရောင်ကန်ရေများက ရူးသွပ်စွာ ဆူပွက်လာပြီး အမည်းရောင်စွမ်းအင်ကြိုးမျှင်လေးများက ၎င်းတို့အပေါ် ကပ်တွယ်လာကာ နားကွဲမတတ် စူးရှသောအသံများ ထွက်ပေါ်လာသည်။
ကျီ... ကျီ...
ထိုအသံများက သူတို့၏ စိတ်အာရုံထဲသို့ တိုက်ရိုက်ရောက်ရှိလာသည်။ ၎င်းမှာ သူတို့၏ ဝိညာဉ်စွမ်းအင်များကို နဂါးအသွင်ပြောင်းရေကန်က ရိုက်ခတ်နေခြင်းပင်။
သူတို့၏ အစွမ်းထက်သော ဝိညာဉ်စွမ်းအင်များနှင့်ပင် ဤကြမ်းတမ်းရက်စက်သော စွမ်းအင်များကို ရင်ဆိုင်ရသည်မှာ အတော်လေး သက်သောင့်သက်သာမရှိလှပေ။
မကြာမီမှာပင် အံ့သြဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
သူတို့၏ ဝိညာဉ်စွမ်းအင်များသည် အမှောင်ထု၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး သူတို့၏ အသိစိတ်မှာလညါး တစ်စုံတစ်ရာ၏ဆွဲငင်ခြင်းကို ခံလိုက်ရသကဲ့သို့ နဂါးအသွင်ပြောင်းရေကန်၏ ပိုမိုနက်ရှိုင်းသောနေရာထဲသို့ အဆက်မပြတ် နစ်မြုပ်သွားလေသည်။
အချိန်မည်မျှကြာသွားသည်မသိ၊ သူတို့၏ ဝိညာဉ်များ ရီဝေသွားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း ကန်ရေထဲမှ ပျောက်ကွယ်သွားကြသည်။
မျက်လုံး ပြန်ပွင့်လာချိန်တွင်မူ ၎င်းတို့သည် ခမ်းနားကြီးကျယ်သော ခန်းမကြီးတစ်ခုအတွင်းသို့ ရောက်ရှိနေကြလေပြီ။
ခန်းမကြီးကို အကဲခတ်ကြည့်လိုက်ရာ လင်းတုန်၏ မျက်လုံးများထဲတွင် ထိတ်လန့်အံ့သြမှုများ ပြည့်နှက်သွားသည်။ အတွင်းတွင် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်များကို တစ်ခုပြီးတစ်ခု တွေ့မြင်လိုက်ရသည်။
ဤပုံရိပ်များ၏ အသားနှင့် သွေးများမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး မလှုပ်မယှက် ကျောက်တုံးများသဖွယ်ထိုင်နေကြသည့် အမည်းရောင်အရိုးစုများသာ ကျန်ရှိတော့သည်။
သို့တိုင်အောင် ၎င်းတို့ထံမှ ကြီးမားကျယ်ပြန့်ပြီး တည်ငြိမ်သော စွမ်းအားတစ်ခုက သိမ်မွေ့စွာ ဖြာထွက်နေဆဲပင်။
ဝူယွမ်က ပတ်ဝန်းကျင်ကိုဝေ့ကြည့်ရင်း ရှင်းပြလိုက်သည်။ “ဒါက နဂါးမျိုးနွယ်စုရဲ့ အရိုးမြှုပ်နှံရာနယ်မြေလို့ခေါ်တဲ့ နေရာပဲ၊ တကယ်ကို သေချာပုန်းကွယ်နေတာပဲ”
ဤနေရာရှိ အရိုးစုများကို စစ်ဆေးကြည့်ရင်း လင်းတုန်က အံ့သြတကြီး အာမေဍိတ်သံ ပြုလိုက်သည်။ “ဒါတွေအားလုံးက အထက်တန်း နဂါးအရိုးတွေပဲ”
၎င်းတို့အတွင်းရှိ ကြီးမားလှသော စွမ်းအင်များကို သူ အာရုံခံနိုင်သည်။
အပြင်ဘက်တွင် သူ အပင်ပန်းခံကာ သန့်စင်ခဲ့ရသော နဂါးအရိုးများထက် များစွာ ပိုမိုအစွမ်းထက်နေလေသည်။
ဝူယွမ်က ဆက်လက်ရှင်းပြသည်။
“ဒီနေရာက နဂါးမျိုးနွယ်စုရဲ့ အရိုးမြှုပ်နှံရာန
အရိုးမြှုပ်နှံရာနယ်မြေလေ။ အရိုးစုတိုင်းက အရင်ခေတ်က နဂါးမျိုးနွယ်စုရဲ့ အစွမ်းထက်ကျင့်ကြံသူတွေချည်းပဲ”
လင်းတုန်က သူ့ကို လေးစားအားကျသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
‘အစ်ကိုကြီးက အရာအားလုံးကို သိနေတာပါလား'
ထို့နောက် ဝူယွမ်က ခန်းမကြီး၏ အတွင်းပိုင်းဆီသို့ လျှောက်သွားရင်း လှမ်းခေါ်လိုက်သည်။
“လာ သွားကြစို့။ မင်းကို ပိုကောင်းတဲ့အရာတွေ ရှာတွေ့ဖို့ ငါ ခေါ်သွားမယ်။ အထက်တန်း နဂါးအရိုးတွေက ကောင်းပေမဲ့ ငါတို့ကို ကျေနပ်အောင်မလုပ်ပေးနိုင်သေးဘူး”
သူတို့ ရှေ့ဆက်သွားသည်နှင့်အမျှ အတွင်းပိုင်းရှိ နဂါးအရိုးများမှာ အရောင်ပို၍ မည်းနက်လာသည်။ မကြာမီမှာပင် သူတို့သည် ပင်မခန်းမကြီးကို ဖြတ်ကျော်သွားပြီး သူတို့ရှေ့တွင် ကြေးဝါစင်မြင့်ရှစ်ခု ပေါ်ထွက်လာသည်။
ဤကြေးဝါစင်မြင့် တစ်ခုစီတိုင်းပေါ်တွင် အရိုးစုတစ်ခုစီ ထိုင်နေကြသည်။ သို့သော် ဤအရိုးစုရှစ်ခုသည် အမည်းရောင်မဟုတ်ဘဲ ရွှေရောင်ရင့်ရင့် သမ်းနေသည်။