← Chapters

အခန်း ၄၆၅

Vol. 47 Ch. 465

အခန်း ၄၆၅

Vol. 47 Ch. 465

အခန်း (၄၆၅) - ၀င်စားခြင်းအဆင့်သို့တက်လှမ်းခြင်း၊ ဝင်စားခြက်းအဆင့် အထွတ်အထိပ်(၂)

တစ်ချိန်က မထိတွေ့ဝံ့စရာဟု ထင်ခဲ့ရသော လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်သည် ယခုအခါ ထင်သလောက် မချဉ်းကပ်ဝံ့စရာမဟုတ်တော့ပေ။

သူ့အစ်ကိုကြီးကပင် မျက်စိကျခြင်းမရှိခဲ့ချေ။

ထိုသို့ဆိုလျှင် သူ့အစ်ကိုကြီး၏ခြေရာကို လိုက်နေသော သူကကော ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်ကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။

လင်းတုန်သည် ကျန်းတစ်ထောင်မြင့်သော တိုင်ကြီးဆီသို့ ပြတ်သားစွာ လျှောက်လှမ်းသွားပြီး ၎င်းကို ထိတွေ့ရန် လက်ကို ဆန့်ထုတ်လိုက်ကာ တိုင်ပေါ်ရှိ လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်၏ မျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။

နောက်တစ်စက္ကန့်တွင် လင်းတုန်သည် အသိစိတ်နယ်ပယ်တစ်ခုအတွင်းသို့ ဆွဲခေါ်ခြင်း ခံလိုက်ရလေသည်။

“ညီလေးလင်းတုန်... မင်းအပေါ်မှာပဲ မူတည်တော့တယ်”

ဝူယွမ်က သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကစဉ်ကလျားနဂါးအရိုးပေါ်သို့ သူ၏ လက်နှစ်ဖက်ကို တင်လိုက်သည်။

သူကိုယ်တိုင်လည်း ကစဉ်ကလျားနဂါးအရိုးကို စုပ်ယူပြီး ၀င်စားခြင်းအဆင့်ဆီသို့ စတင်ချီတက်တော့မည်ဖြစ်သည်။

ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် ရှိနေစဉ်ကတည်းက ဝူယွမ်သည် ဆန်းကြယ်သေခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်ရာ သူ၏ခန္ဓာကိုယ်အတွင်းရှိ အသက်နှင့် သေခြင်းစွမ်းအားများသည် လျှံထွက်လုမတတ် ကြီးမားလှပေသည်။

သူသာ ဆန္ဒရှိလျှင် ၀င်စားခြင်းအဆင့်သို့ လွန်ခဲ့သောအချိန်ကတည်းက တက်လှမ်းနိုင်ခဲ့သော်လည်း ဝူယွမ်က ထိုသို့မလုပ်ဆောင်ခဲ့ပေ။

အစွမ်းထက်လှသော ကျင့်စဉ်မျိုးစုံကို ကျင့်ကြံထားသည့် သူ့အတွက် ဤနယ်ပယ်၏ အဆင့်သတ်မှတ်ချက် စနစ်သည်ကား သူ့အတွက် လုံးဝ ကိုက်ညီမှုမရှိတော့ပေ။

၀င်စားခြင်းအဆင့်သို့ မတက်လှမ်းရသေးလျှင်ပင် သူ၏ စွမ်းအားက အဆက်မပြတ် တိုးတက်နေခဲ့ခြင်းဖြစ်သည်။ အနည်းဆုံးတော့ သာမန် သံသရာအဆင့် ကျင့်ကြံသူများသည် သူ၏ ပြိုင်ဘက် မဟုတ်ကြပေ။

သူက သိုင်းပညာရပ်၏ အကန့်အသတ်ကို ဆက်လက် ရှာဖွေနေပြီး ဤနယ်ပယ်၏ ကျင့်ကြံခြင်းစနစ်ကို ဖောက်ထွင်းရန် ကြိုးပမ်းနေခြင်းမှာ ဤနယ်ပယ်၏စွမ်းအားကို ပိုမို ကောင်းမွန်စွာ အသုံးချနိုင်ရန်အတွက်သာ ဖြစ်သည်။

ယခုမူ ကြီးမားလှသော ကစဉ်ကလျားစွမ်းအားများ ပါဝင်နေသည့် ကစဉ်ကလျားနဂါးအရိုးက သူ့အား ၀င်စားခြင်းအဆင့်သို့ အလွယ်တကူ ဖောက်ထွင်းဝင်ရောက်နိုင်စေမည် ဖြစ်သည်။

ဤကဲ့သို့ ခိုင်မာလှသော အခြေခံအုတ်မြစ်နှင့်ဆိုလျှင် သူသည် ၀င်စားခြင်းအဆင့်၏ အထွတ်အထိပ်သို့ပင် တိုက်ရိုက် ရောက်ရှိသွားနိုင်ပေသည်။

ဝူယွမ်သည် ကစဉ်ကလျားနဂါးအရိုးအတွင်း တင်ပျဉ်ခွေထိုင်လိုက်ပြီး ပြည့်ဝလှသော ကစဉ်ကလျားစွမ်းအားများ သူ့အား လွှမ်းခြုံသွားစေလိုက်သည်။

ကစဉ်ကလျားသန္ဓေသားမှာ လှည့်ပတ်သွားသည်။ ၎င်းပေါ်ရှိ ရူန်းစာလုံးများအားလုံး တောက်ပလာသည်။

ရှင်သန်ခြင်းနှင့် သေခြင်း ရူန်းစာလုံးများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဝါးမျိုခြင်းရူန်းစာလုံးများ၏ ဝဲကတော့ကြီးကလည်း အပြည့်အဝ ပွင့်လာပြီး... ငရဲနှိမ်နင်းရေး နတ်ဘုရားခန္ဓာမှာလည်း တောက်လောင်လာသည်။

နတ်ဆင်ဖိနှိပ်ခြင်းအကျဉ်းထောင် စွမ်းအား၏ ဘီလီယံနှင့်ချီသော အမှုန်အမွှားလေးများ အသက်ဝင်လာသည်။

အာဏာရှင်သွေးမျိုးဆက်မှာ ဆူပွက်လာပြီး ခရမ်းရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ အပြာရောင်နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်က သူ့ပတ်လည်တွင် ရစ်ခွေသွားလေသည်။

ကျင့်စဉ်များနှင့် ရူန်းစာလုံးများ၏ လွှမ်းခြုံမှုအောက်တွင် ဝူယွမ်သည် ကစဉ်ကလျားနဂါးအရိုး၏ ကြီးမားပြည့်ဝလှသော စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူသန့်စင်နေတော့သည်။

အချိန်ကာလများ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ဝူယွမ်သည် ကျင့်ကြံခြင်းအာရုံထဲတွင် နစ်မြုပ်နေခဲ့သည်။

တစ်ဖက်တွင်မူ လင်းတုန်သည် လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်ကို စိုက်ကြည့်နေဆဲဖြစ်ပြီး အသိစိတ်နယ်ပယ်အတွင်း ဆက်သွယ်ပြောဆိုနေသည်။

သူနှင့် လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်အကြားတွင် နဂါးမျိုးနွယ်စု၏ နဂါးအရှိန်အဝါနှင့် ဟိန်းဟောက်သံများ၊ ဝါးမျိုခြင်းဘိုးဘေးအဆောင်၏ ဝါးမျိုခြင်းစွမ်းအားများ အပါအဝင် ထူးဆန်းသော စွမ်းအားလှိုင်းဂယက်များ စဉ်ဆက်မပြတ် ထွက်ပေါ်နေသည်။

လင်းတုန်သည် လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်၏ စမ်းသပ်မှုကို ခံယူနေခြင်းဖြစ်သည်။

ဤလှိုင်းဂယက်များသည် နဂါးအသွင်ပြောင်းရေကန်၏ အပြင်ဘက်သို့အထိ ပြန့်နှံ့သွားခဲ့သည်။ ယွမ်ချန်နှင့် အခြားသော နဂါးမျိုးနွယ်စု အဆင့်မြင့်အရာရှိများက ၎င်းကို ချက်ချင်း အာရုံခံမိသွားကြသည်။

အကြီးအကဲတစ်ဦးက အံ့သြတကြီး အော်ပြောလိုက်သည်။ “တစ်ယောက်ယောက်က ဘိုးဘေးကြီးကို စိန်ခေါ်နေတယ်”

၎င်းတို့အားလုံးသည် သက်တမ်းရင့်သူများဖြစ်ကြပြီး နဂါးအသွင်ပြောင်းရေကန် ဖွင့်လှစ်မှုကို အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးကာ အလားတူအခြေအနေမျိုးနှင့်လည်း ကြုံတွေ့ဖူးကြသည်။

ဘိုးဘေးကြီးကို စိန်ခေါ်ခြင်းက တစ်စုံတစ်ဦးသည် နဂါးအသွင်ပြောင်းရေကန်၏ ဗဟိုချက်ဖြစ်သော အရိုးမြှုပ်ရာ ခန်းမအတွင်းသို့ ဝင်ရောက်သွားနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်

ထိုနေရာမှ ပြန်ထွက်လာသူတိုင်းသည် အနည်းဆုံးတော့ အထက်တန်း နဂါးအရိုးကို ရရှိနိုင်ကြသည်။

ဘိုးဘေးကြီး၏ ရှေ့မှောက်သို့ ရောက်ရှိနိုင်ပြီး ဘိုးဘေးကြီးကို စိန်ခေါ်ဝံ့ခြင်းက ဤသူတွင် ကြီးမားသော ရည်မှန်းချက် ရှိကြောင်း သက်သေပြနေလေသည်။

စိန်ခေါ်မှု မအောင်မြင်ဘဲ ဘိုးဘေးကြီး၏ အရိုးကို မရရှိနိုင်လျှင်ပင် ၎င်းတို့သည် အနည်းဆုံးတော့ မူလနဂါးအရိုးကို ရရှိနိုင်ပေလိမ့်မည်။

“ဒီအဆင့်အထိ ဘယ်သူက ရောက်အောင်သွားနိုင်တာလဲ”

“အဟက်... ရှင်းအာတော့ မဖြစ်နိုင်ဘူး။ သူမက မဆိုးဘူးဆိုပေမဲ့ ဒီလောက်အထိတော့ မစွမ်းသေးဘူး... အထူးသဖြင့် ချင်းကျီတောင် မအောင်မြင်ခဲ့တဲ့ ကိစ္စလေ”

“ဒါ သေချာပေါက် သခင်လေးဝူယွမ်ပဲ ဖြစ်ရမယ်”

“သူက ဘိုးဘေးကြီး၏ အရိုးတွေကို တကယ်ကြီး ယူသွားနိုင်မလားမသိဘူး”

“ဒါကတော့ မဖြစ်နိုင်လောက်ပါဘူး။ ချင်းကျီလို ထူးချွန်တဲ့သူတောင် မူလနဂါးအရိုးကိုပဲ ရခဲ့တာလေ”

“မူလနဂါးအရိုးဆိုရင်တော့ လက်ခံနိုင်ပါတယ်... ဒါပေမဲ့ ဘိုးဘေးကြီးရဲ့ အရိုးတွေသာ အယူခံလိုက်ရရင်တော့ ငါတို့ နဂါးမျိုးနွယ်စုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မယ်”

နဂါးမျိုးနွယ်စု အကြီးအကဲများအားလုံး စိုးရိမ်ပူပန်နေကြပြီး စိတ်လှုပ်ရှားမှုနှင့်အတူ ပူပန်မှုများလည်း ရောယှက်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ ဘိုးဘေးကြီး၏ အရိုးများသည် အရိုးမြှုပ်ရာ ခန်းမအတွင်း၌ အမြဲ ရှိနေခဲ့ခြင်းဖြစ်ပြီး နဂါးမျိုးနွယ်စုမှ မည်သူကမျှ အပြင်သို့ မယူထုတ်နိုင်ခဲ့ကြပေ။

၎င်းတို့ကိုယ်တိုင်လည်း တစ်စုံတစ်ဦးက ယူထုတ်နိုင်မည့်အချိန်ကို မျှော်လင့်နေခဲ့ကြခြင်းဖြစ်သည်။ သို့သော် ထိုသူကို ပြင်ပလူတစ်ယောက် မဖြစ်စေချင်ကြခြင်းသာ။

တစ်လခန့် အချိန် ကုန်ဆုံးသွားခဲ့သည်။ ယွမ်ရှင်းသည် နဂါးအသွင်ပြောင်းရေကန်အတွင်းမှ ထွက်လာခဲ့သည်။

သူမက ညည်းတွားလိုက်သည်။

“အထက်တန်း နဂါးအရိုးပဲလား၊ ဟူး... မဆိုးပါဘူးလေ”

ယွမ်ရှင်း ထွက်လာသည်ကို မြင်သောအခါ နဂါးမျိုးနွယ်စု အကြီးအကဲများမှာ စိတ်အခြေအနေ အမျိုးမျိုး ဖြစ်သွားကြသည်။ ယခုမူ ဘိုးဘေးကြီးကို စိန်ခေါ်နေသူမှာ ဝူယွမ် သို့မဟုတ် လင်းတုန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။

လင်းတုန်နှင့် ပတ်သက်၍ ၎င်းတို့ ကောင်းစွာမသိကြသော်လည်း သူသည် ဝူယွမ်လောက် မစွမ်းဟု ထင်မှတ်ထားကြသည်။

ပြင်ပမှ နဂါးမျိုးနွယ်စုဝင်များ စိတ်ရှုပ်ထွေးနေကြသော်လည်း အတွင်းပိုင်းရှိ ဝူယွမ်နှင့် လင်းတုန်တို့ကမူ ကြီးမားသော ဆုလာဘ်များကို ရရှိနေကြပြီဖြစ်သည်။

ဝူယွမ်၏ ကစဉ်ကလျားနဂါးအရိုးမှာ လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်၏ အရိုးထက် ပိုမိုအစွမ်းထက်သော်လည်း ၎င်းသည် စနစ်၏ဆုလာဘ်ဖြစ်ပြီး ဝူယွမ်ထံသို့ တိုက်ရိုက်ရောက်ရှိလာခြင်းဖြစ်၍ မည်သည့် စွမ်းအားလှိုင်းဂယက်မျှ ထွက်ပေါ်ခြင်းမရှိသဖြင့် နဂါးမျိုးနွယ်စုဝင်များ သတိမပြုမိကြပေ။

လင်းတုန်ကမူ ဝါးမျိုခြင်းသခင်၏ အလိုဆန္ဒကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ရာ လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်၏ အရိုးများကို ရရှိရန် သေချာသလောက် ရှိနေခဲ့ပြီဖြစ်သည်။

လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်သည် အသက်ရှင်စဉ်ကတည်းက ဝါးမျိုခြင်းသခင်ကို အနိုင်မယူနိုင်ခဲ့သကဲ့သို့ ကွယ်လွန်ချိန်တွင်လည်း ထိုနည်းတူပင်။

ယခုအခါ ၎င်းတို့နှစ်ဦးလုံးသည် အရိုးမြှုပ်နှံရာ ခန်းမအတွင်းရှိ အရိုးများ၏ စွမ်းအားကို စုပ်ယူနေကြသည်။ လင်းတုန်သည်လည်း ၀င်စားခြင်းအဆင့်ဆီသို့ စတင်ချီတက်နေခဲ့ပြီ ဖြစ်သည်။

နောက်ထပ် တစ်လတာအချိန် ကုန်ဆုံးသွားပြန်သည်။ နဂါးမျိုးနွယ်စုဝင်များမှာ စိတ်မရှည် ဖြစ်လာကြပြီ ဖြစ်သည်။ နဂါးအသွင်ပြောင်းရေကန်ကို အကန့်အသတ်မရှိ ဖွင့်လှစ်ထား၍ မရနိုင်ပေ။

ထိုသို့ဆိုလျှင် စွမ်းအင်များ ပျံ့လွင့် ကုန်ဆုံးသွားနိုင်သောကြောင့်ပင်။

“ဒီနှစ်ယောက် ဘာလို့ အခုထိ ထွက်မလာသေးတာလဲ။ တစ်ခုခု ဖြစ်သွားလို့လားမသိဘူး”

နဂါးမျိုးနွယ်စုဝင်များ မည်သို့မျှမကူညီနိုင်ဘဲ စိုးရိမ်ပူပန်လာကြသည်။

၎င်းတို့နှစ်ဦးလုံးသည် ချင်းကျီ၏ မိတ်ဆက်ပေးမှုဖြင့် ရောက်လာသူများ ဖြစ်ကြပြီး ဝူယွမ်၏ ရှေးဟောင်းကျောက်တိုင်ကလည်း နဂါးမျိုးနွယ်စုအတွက် နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင် ပြဿနာကို ကူညီဖြေရှင်းပေးနေဆဲ ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ဦးလုံးအား တစ်စုံတစ်ခု ဖြစ်သွားမည်ကို လုံးဝ မလိုလားကြပေ။

အကြီးအကဲတစ်ဦးက အကြံပြုသည်။

“မျိုးနွယ်စုခေါင်းဆောင်... နဂါးအသွင်ပြောင်းရေကန်ကို ပိတ်လိုက်ရမလား”

ယွမ်ချန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“နောက်ထပ်ခဏလောက် ထပ်စောင့်ကြည့်ရအောင်”

မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် သုံးရက်တာ အချိန် ကုန်ဆုံးသွားခဲ့ပြီး နဂါးမျိုးနွယ်စု အကြီးအကဲများမှာ နဂါးအသွင်ပြောင်းရေကန်ကို ပိတ်ရမလား၊ မပိတ်ရဘူးလားဟူ၍ ပြင်းထန်စွာ ငြင်းခုံနေကြပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယခင်က မည်သူကမျှ နဂါးအသွင်ပြောင်းရေကန်အတွင်း ဤမျှကြာအောင် မနေခဲ့ဖူးကြချေ။

ဝီ...

ရုတ်တရက် မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့ရသည်။ ဤအခိုက်အတန့်တွင် ဆူပွက်နေသော လှိုင်းတံပိုးများ တစ်ဖန် ပြန်လည် မြင့်တက်လာခဲ့ပြီး မရေမတွက်နိုင်သော အကြည့်များက ချက်ချင်းပင် ရေကန်ဆီသို့ ရောက်ရှိသွားကြသည်။

ထိုအခါ ရေကန်အတွင်း၌ ဧရာမဝဲကတော့ကြီးနှစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်ကို ၎င်းတို့ မြင်တွေ့လိုက်ရသည်။

ဝဲကတော့ကြီးများ ဖြစ်ပေါ်လာသည့် အခိုက်အတန့်မှာပင် ၎င်းတို့အတွင်းမှ အလင်းတိုင် နှစ်ခု ရုတ်တရက် ပစ်ထွက်လာပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။

ဤအလင်းတိုင် နှစ်ခု ပေါ်ထွက်လာခြင်းနှင့်အတူ ထူးဆန်းပြီး စွမ်းအားကြီးမားလှသော ဖိအားတစ်ခုကလည်း ဤအခိုက်အတန့်တွင် တဖြည်းဖြည်း ပြန့်နှံ့လာခဲ့လေသည်။

အလင်းတိုင်များသည် နဂါးအသွင်ပြောင်းရေကန် အတွင်းပိုင်းမှ မြင့်တက်လာခြင်းဖြစ်ပြီး ထိုအလင်းတိုင်များအတွင်း၌ ပုံရိပ်နှစ်ခုကို ဝိုးတဝါး မြင်တွေ့နေရသည်။

ဂျိန်း...

ကောင်းကင်ထက်တွင် မည်းမှောင်သော တိမ်တိုက်များ ရုတ်တရက် စုစည်းလာခဲ့သည်။

ပေပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ ရှည်လျားသော မရေမတွက်နိုင်သည့် အမည်းရောင်နှင့် အဖြူရောင် မိုးကြိုးတန်းကြီးများသည် နဂါးအကောင်တစ်သောင်း ပြိုင်တူပြေးလွှားနေသကဲ့သို့ ဟိန်းဟောက်ကာ ကျဆင်းလာပြီး အလင်းတိုင်အတွင်းရှိ ပုံရိပ်နှစ်ခုဆီသို့ တားဆီးမရနိုင်အောင် ရိုက်ချလိုက်လေသည်။

“ရှင်သန်ခြင်းနဲ့သေခြင်း ကပ်ဘေး”

“ဒါ ၀င်စားခြင်းအဆင့်ကို တက်လှမ်းတော့မှာပဲ”

“ဒါက ရှင်သန်ခြင်းနဲ့ သေခြင်းစွမ်းအားတွေပဲ... အရမ်းကို ကျယ်ပြန့်လွန်းလှတယ်”

“ဘုရားရေ... သူတို့ရဲ့ ရှင်သန်ခြင်းနဲ့ သေခြင်းစွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ မိုးကြိုးကပ်ဘေးက တကယ်ကြီး ဒီလောက်တောင် ကြောက်စရာကောင်းတာလား”

“ဒီလို အရှိန်အဝါမျိုးကိုတော့ ၀င်စားခြင်းအဆင့်ရဲ့ အထွတ်အထိပ် ရောက်နေတဲ့သူတောင် တောင့်ခံနိုင်မှာမဟုတ်ဘူး”

All Chapters