← Chapters

အခန်း ၄၆၆

Vol. 47 Ch. 466

အခန်း ၄၆၆

Vol. 47 Ch. 466

အခန်း (၄၆၆) - ကောင်းကင်ဂူတွင် ဆိုင်းအင်ဝင်ရောက်ခြင်း၊ အသက်နှင့်သေခြင်း သံသရာစက်ဝန်းပန်းချီကား(၁)

“ဝူယွမ်က ဘယ်လိုကျင့်စဉ်မျိုးကို ကျင့်ကြံနေတာလဲ၊ ဘာလို့ သူဖြစ်ပေါ်စေတဲ့ ရှင်သန်ခြင်းနဲ့သေခြင်း ကပ်ဘေးက ဒီလောက်တောင် ထူးခြားနေရတာလဲ”

နဂါးမျိုးနွယ်စု အကြီးအကဲများသည် ဝူယွမ် ဖြစ်ပေါ်စေခဲ့သည့် ရှင်သခန်ခြင်းနှင့်သေခြင်း ကပ်ဘေးကို ကြည့်ကာ ထိတ်လန့်တကြား ရေရွတ်လိုက်မိကြသည်။

၎င်းတို့အားလုံးသည် ၀င်စားခြင်းအဆင့်ထက် ကျော်လွန်သော အစွမ်းထက် ကျင့်ကြံသူများဖြစ်ကြပြီး ရှင်သန်ခြင်းနှင့်သေခြင်း ကပ်ဘေးကို တစ်ကြိမ်စီ ခံယူခဲ့ဖူးကြသူများဖြစ်ရာ ၎င်းနှင့် ပတ်သက်၍ စိမ်းသက်မနေကြပေ။

သို့သော် ၎င်းတို့ ကြုံတွေ့ခဲ့ရသောကပ်ဘေးသည် ဝူယွမ် ဖြစ်ပေါ်စေခဲ့သည့် အရာနှင့် နှိုင်းယှဉ်လျှင် အရေးမပါလောက်အောင် သေးငယ်လွန်းလှပေသည်။ နှိုင်းယှဉ်၍ပင် မရနိုင်ချေ။

အကယ်၍ ၎င်းတို့သာ ဤအရာကို တောင့်ခံရမည်ဆိုပါက မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားလောက်ပေသည်။

ယခုအခါ ၀င်စားခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သံသရာဘေးဒုက္ခကို ထိတွေ့လုနီးပါး ဖြစ်နေသော အကြီးအကဲများပင်လျှင် ဝူယွမ် ယခု ဖြစ်ပေါ်စေခဲ့သည့် ရှင်သန်ခြင်းနှင့်သေခြင်း ဘေးဒုက္ခကို ရင်ဆိုင်ရန် မဝံ့ရဲကြပေ။

“ဒီကလေးက တကယ့်ကို မိစ္ဆာကောင်ပဲ၊ ဆန်းကြယ်သေခြင်းအဆင့်မှာတင် ချင်းကျီ ချီးကျူးရလောက်တဲ့ စွမ်းအားမျိုးကို သူ ပြသနိုင်ခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး”

“အခု သူ ၀င်စားခြင်းအဆင့်ကို ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပြီဆိုတော့... သံသရာဘေးဒုက္ခ သုံးကြိမ်တိုင်တိုင် ဖြတ်ကျော်ပြီးသား အစွမ်းထက် ကျင့်ကြံသူတွေနဲ့တောင် ယှဉ်နိုင်လောက်ပြီ”

“သခင်လေး ဝူယွမ်က ရှေးဟောင်း သခင်ကြီးရှစ်ပါးနဲ့ယှဉ်နိုင်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နေခဲ့ပြီပဲ”

ယွမ်ချန်နှင့် အခြားသော နဂါးမျိုးနွယ်စု အဆင့်မြင့်အကြီးအကဲအားလုံး ဝူယွမ်ကို ထိတ်လန့်တကြား ကြည့်နေမိကြသည်။

၎င်းတို့သည် ကြီးမြတ်လှသော တည်ရှိမှုတစ်ခု၏ မွေးဖွားလာမှုကို ကိုယ်တိုင် မြင်တွေ့ခွင့်ရခဲ့ကြချေပြီ။

……..

နာရီဝက်ခန့် ကြာပြီးနောက်။

ဝူယွမ်သည် ရှင်ခြင်းနှင့်သေခြင်း ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ပြီး ဝင်စားခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ ကြီးမားလှသော အသွင်ပြောင်းလဲမှုတစ်ခုဖြစ်ပြီး ဝင်စားခြင်းအဆင့်သို့ တက်လှမ်းသွားသည့် အခြားသူများနှင့် လုံးဝကွာခြားလှပေသည်။

ဝူယွမ်သည် အဆင့်တက်သွားပြီးနောက် ဝင်စားခြင်းအဆင့်၏ အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ အသက်နှင့် သေခြင်းစွမ်းအားများသည်လည်း ကစဉ်ကလျားစွမ်းအားများအဖြစ် တိုက်ရိုက်ပြောင်းလဲခြင်း ခံလိုက်ရသည်။

တူညီသော စွမ်းအားအဆင့်တွင်ပင် ကစဉ်ကလျားစွမ်းအားသည် အသက်နှင့် သေခြင်းစွမ်းအားကို အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိပေသည်။

“ဂုဏ်ယူပါတယ် မိတ်ဆွေလေး ဝူယွမ်”

“ဂုဏ်ယူပါတယ် သခင်လေး ဝူယွမ်”

ယွမ်ချန်နှင့် နဂါးမျိုးနွယ်စု အကြီးအကဲများက သူ့အား လာရောက် ဂုဏ်ပြုစကား ဆိုကြသည်။

အစောပိုင်း ကပ်ဘေးဖြတ်ကျော်စဉ်က ပြသခဲ့သော ဝူယွမ်၏ စွမ်းအားက ၎င်းတို့ကို များစွာ ထိတ်လန့်သွားစေခဲ့ပြီး သူ့အပေါ် ပိုမို ရိုသေလေးစားလာစေခဲ့သည်။

နဂါးမျိုးနွယ်စု အကြီးအကဲတစ်ဦးက မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

“သခင်လေး ဝူယွမ်... ကျွန်တော်တို့ နဂါးမျိုးနွယ်စု ဘိုးဘေးကြီးရဲ့ အရိုးတွေကိုများ ရခဲ့ပါသလား”

ဝူယွမ်က ရယ်မောရင်း ပြန်ဖြေလိုက်သည်။

“မူလနဂါးအရိုးက အရမ်းကို အစွမ်းထက်ပါတယ်၊ ဒါပေမဲ့ အဲဒါက ကျွန်တော့်ဆီမှာ မဟုတ်ဘူး... ကျွန်တော့်ညီလေးဆီမှာပါ”

ဤနဂါးမျိုးနွယ်စု အဆင့်မြင့်အရာရှိများမှာ ရင်ကွဲလုမတတ် ဖြစ်သွားလောက်ပေသည်။

“သူ့ဆီမှာ ဟုတ်လား...”

ယွမ်ချန်နှင့် အခြားသူများအားလုံး ဆွံ့အသွားကြသည်။ ဝူယွမ်က မူလနဂါးအရိုးကို စုပ်ယူလိုက်သောကြောင့် ဤအခွင့်အရေးကို အသုံးချကာ သံသရာအဆင့်သို့ တက်လှမ်းသွားခြင်းဖြစ်မည်ဟု ၎င်းတို့ ထင်မှတ်ထားခဲ့ကြသည်။

၎င်းတို့ ဘိုးဘေးကြီး၏ နဂါးအရိုးကို ရရှိသွားသူမှာ အမြဲတမ်း တိတ်ဆိတ်နေတတ်သော လင်းတုန် ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

“ဒါဆို သခင်လေး ဝူယွမ်က ဘယ်နဂါးအရိုးနဲ့ ပေါင်းစပ်ခဲ့တာလဲ”

ဝူယွမ်က အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။

“ကျွန်တော် ဘယ်နဂါးအရိုးကိုမှ မရွေးချယ်ခဲ့ပါဘူး။ စူးစမ်းချင်စိတ်ဖြစ်လို့ ခင်ဗျားတို့ရဲ့ နဂါးအသွင်ပြောင်းရေကန်ထဲ ဝင်ကြည့်ရင်း လမ်းကြုံလို့ စွမ်းအင်တချို့ကို စုပ်ယူခဲ့ရုံပါပဲ”

ဤစကားကို ကြားသောအခါမှ ၎င်းတို့အားလုံး သက်ပြင်းချနိုင်သွားကြသည်။ တော်သေးသည်... သူသာ တစ်ခုခု တစ်ခုခုယူသွားခဲ့မည်ဆိုလျှင် ၎င်းတို့၏ ရှေးဟောင်းအရိုး တစ်ခုတော့ ထပ်မံ ဆုံးရှုံးရဦးမည် ဖြစ်သည်။

သို့သော် ယွမ်ချန်က မျက်မှောင်ကျုံ့လိုက်ပြီး နှမြောတသစွာဖြင့် ပြောလိုက်သည်။

“စွမ်းအင်တွေတော့ တော်တော်လေး ကုန်သွားတာပဲ”

နဂါးအသွင်ပြောင်းရေကန်ကို သူ စစ်ဆေးကြည့်လိုက်သည်နှင့် ၎င်း၏ စွမ်းအင်များမှာ ယခင်ကထက် အဆဆယ်ဆကျော်မျှ အားနည်းသွားသည်ကို တွေ့ရှိလိုက်ရသည်။

အခြားသော အကြီးအကဲများမှာမူ တုံ့ပြန်နိုင်ခြင်း မရှိကြသေးပေ။

အကြီးအကဲတစ်ဦးက အနည်းငယ် တွေဝေစွာဖြင့် စကားစလာသည်။

“ငါတို့ ဘိုးဘေးကြီးရဲ့ နဂါးအရိုးက နဂါးမျိုးနွယ်စုရဲ့ အကြီးမားဆုံးရတနာပဲ၊ မိတ်ဆွေလေး လင်းတုန်... ငါတို့ကို...”

သူ၏ အဓိပ္ပာယ်မှာ ရှင်းလင်းနေလေသည်... မူလနဂါးအရိုးကို သူ ပြန်လိုချင်နေခြင်းပင်။

“ဟမ့်”

ဝူယွမ်က အေးစက်စွာ အသံပြုလိုက်ပြီး သူ၏ ချက်ချင်း မျက်မှောင်ကျုံ့သွားသည်။

“ခင်ဗျား ဘာကိုဆိုလိုတာလဲ။ အဲဒါကို ပြန်ယူချင်သေးတာလား။ ကျွန်တော့်ညီက မူလနဂါးအရိုးနဲ့ ပေါင်းစပ်ပြီးသွားပြီ။ အဲဒါကို ဖယ်ထုတ်လိုက်မယ်ဆိုရင် သူ့အပေါ် ဘယ်လောက်တောင် ထိခိုက်နစ်နာသွားမလဲဆိုတာ ခင်ဗျားတို့ မသိတာမှ မဟုတ်တာ”

အကြီးအကဲက ဆက်ပြောသည်။

“ငါတို့ မိတ်ဆွေလေး လင်းတုန်ကို နှစ်ဆ ပြန်လျော်ပေးပါ့မယ်”

အခြားသော အကြီးအကဲများမှာလည်း တိတ်ဆိတ်နေကြပြီး ဤသဘောထားကို သဘောတူနေကြောင်း ထင်ရှားလှပေသည်။

လင်းတုန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ ၎င်းကို သူ ပြန်မပေးချင်ပေ။

လျော်ကြေးလော။

နဂါးမျိုးနွယ်စု၏ အကောင်းဆုံး နဂါးအရိုးက သူ့ဆီတွင် ရှိနေပြီဖြစ်ရာ ၎င်းတို့က သူ့ကို မည်သည့်အရာနှင့် ပြန်လျော်ပေးမည်နည်း။

“အစ်ကိုကြီး”

လင်းတုန်က ဝူယွမ်ကို လှမ်းကြည့်လိုက်သည်။

‘အစ်ကိုကြီး... ကျွန်တော့်အတွက် ရပ်တည်ပေးပါဦး’

ဝူယွမ်က ယွမ်ချန်ကို တိုက်ရိုက်စိုက်ကြည့်လိုက်သည်။

“ဂုဏ်သိက္ခာကြီးမားလှတဲ့ နဂါးမျိုးနွယ်စုကြီးက ဒီလောက်လေးတောင် သတ္တိမရှိဘူးလား”

“အဟွတ်... အဟွတ်... မိတ်ဆွေလေးဝူယွမ်က ငါတို့ နဂါးမျိုးနွယ်စုအပေါ် ကြီးမားတဲ့ ကျေးဇူးရှိပါတယ်။ ငါတို့က မင်းတို့ကို နဂါးအသွင်ပြောင်းရေကန်ထဲ ဝင်ခွင့်ပြုခဲ့ကတည်းက မင်းတို့ ဘာပဲရရ မင်းတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကြောင့်ပါပဲ”

ယွမ်ချန်က အကြီးအကဲများကို အေးစက်စွာ ဟန့်တားလိုက်သည်။

“တော်တော့... ဘာမှဆက်မပြောကြနဲ့တော့။ ငါတို့နဂါးမျိုးနွယ်စု အရှက်ကွဲခံလို့မဖြစ်ဘူး”

ဝူယွမ်က ဆက်ပြောသည်။

“မျိုးနွယ်စုခေါင်းဆောင် ယွမ်ချန်နဲ့ အကြီးအကဲကြီးများ... ခင်ဗျားတို့ ဒီလောက်အထိ စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။ လင်းတုန်နဲ့ ကျွန်တော်က နဂါးမျိုးနွယ်စုရဲ့ ကျင့်စဉ်တွေကို ကျင့်ကြံထားပြီး နဂါးမျိုးနွယ်စုရဲ့ နဂါးအသွင်ပြောင်းရေကန် အကူအညီနဲ့ နဂါးအရိုးတွေကို ပေါင်းစပ်ထားပါတယ်။

ကျွန်တော်တို့က နဂါးမျိုးနွယ်စုဝင် တစ်ဝက်လို့ ဆိုလို့ရနေပါပြီ။ နောင်တစ်ချိန် နဂါးမျိုးနွယ်စုမှာ ပြဿနာတစ်စုံတစ်ရာ ပေါ်လာရင် ကျွန်တော်တို့က လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး”

“ကောင်းလိုက်တဲ့ စကားပဲ”

ရုတ်တရက် အိုမင်းသော်လည်း ဟိန်းထွက်နေသောအသံတစ်သံ ထွက်ပေါ်လာသည်။

“အကြီးအကဲချုပ်”

ယွမ်ချန်နှင့် အခြားသူများ၏ မျက်နှာများ ပြောင်းလဲသွားပြီး အသစ်ရောက်လာသူကို လေးစားစွာ အရိုအသေပေးလိုက်ကြသည်။

အကြီးအကဲချုပ်က ဝူယွမ်ကို ချီးကျူးလိုက်သည်။

“ဒီမိတ်ဆွေလေး ဝူယွမ်က သူများနဲ့မတူတဲ့ အမြင်ရှိတယ်။ သူက နှစ်ပေါင်းရာနဲ့ချီ အသက်ရှင်လာတဲ့ ဒီအဘိုးကြီးတွေထက်တောင် ပိုပြီး အမြော်အမြင် ကြီးသေးတယ်”

“မင်းတို့နှစ်ယောက်ကလည်း နဂါးမျိုးနွယ်စုဝင်တစ်ဝက် ဖြစ်နေပြီဆိုတော့... ငါတို့ နဂါးမျိုးနွယ်စုရဲ့ အကြီးအကဲတွေ ဖြစ်လာဖို့ စိတ်ဝင်စားလား”

အကြီးအကဲချုပ်က ပြုံးရွှင်စွာ ဖိတ်ခေါ်လိုက်သည်။

ဝူယွမ်က ပြန်ဖြေလိုက်သည်။

“ပြဿနာမရှိပါဘူး”

လင်းတုန်ကလည်း သဘောတူလိုက်သည်။

“ကျွန်တော်လည်း ဆန္ဒရှိပါတယ်”

“ကောင်းပြီ... အခုကစပြီး မင်းတို့နှစ်ယောက်က ငါတို့ နဂါးမျိုးနွယ်စုရဲ့ ပြစ်ဒဏ်ပေးအကြီးအကဲတွေ ဖြစ်သွားပြီ”

“ဒါက အကြီးအကဲတံဆိပ်ပြားတွေပဲ”

အကြီးအကဲချုပ်က တံဆိပ်ပြားနှစ်ခုကို ထုတ်ယူကာ သူတို့အား ပေးအပ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲချုပ်”

သူတို့နှစ်ဦးက တံဆိပ်ပြားများကို လက်ခံလိုက်ကြသည်။

ထိုနည်းအားဖြင့် နဂါးအသွင်ပြောင်းရေကန်နှင့်ပတ်သက်သော ကိစ္စရပ်မှာ ယာယီအားဖြင့် ပြီးဆုံးသွားခဲ့လေသည်။

လင်းတုန်က မူလနဂါးအရိုးကို ရရှိသွားသည့် သတင်းသည် နဂါးမျိုးနွယ်စုတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး လင်းတုန်မှာလည်း နာမည်ကြီးသွားခဲ့သည်။

ဝူယွမ်ကမူ နဂါးမျိုးနွယ်စုအတွက် နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင် ပြဿနာကို ဆက်လက် ကူညီဖြေရှင်းပေးနေသည်။

ဝင်စားခြင်းအဆင့်သို့ ဖောက်ထွင်းဝင်ရောက်ပြီးနောက် ဝူယွမ်၏ စွမ်းအားသည် အလွန်အမင်း အစွမ်းထက်သော တိုးတက်မှုတစ်ခုကို မြင်တွေ့ခဲ့ရပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သံသရာကပ်ဘေးသုံးကြိမ် ဖြတ်ကျော်ထားသော ကျင့်ကြံသူတစ်ဦးကိုပင် တိုက်ရိုက် ယှဉ်ပြိုင်နိုင်နေပြီဖြစ်သည်။

သူနှင့် အမှောင်သခင်တို့၏ ပေါင်းစပ်အားထုတ်မှုကြောင့် အရာအားလုံး ချောမွေ့စွာ တိုးတက်လာခဲ့သည်။

အမှောင်သခင်သည်လည်း ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ အောင်မြင်စွာ ပြောင်းရွှေ့နိုင်ခဲ့ပြီ းဖြစ်သည်။

ဤအချိန်တွင် ဝူယွမ်၏ ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်း၌ သခင်ကြီးရှစ်ပါးထဲမှ သုံးပါးကို စုဆောင်းထားနိုင်ခဲ့ပြီ ဖြစ်သည်။

“အစ်ကိုကြီး၊ ဒုတိယအစ်ကို... မြန်မြန်လာပြီး ကျွန်တော့်ကို ကူညီကြပါဦး”

ထိုနေ့တွင် ဝူယွမ်သည် ရှောင်တျောင်းထံမှ ဝိညာဉ်သတင်းစကားတစ်ခုကို ရုတ်တရက် လက်ခံရရှိခဲ့သည်။

‘ဒီကောင်... ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုမှာ ပြဿနာတက်နေပြီပဲ’

ဝူယွမ်က ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စု၏ အခြေအနေကို သိရှိထားသည်။

ထိုနေရာသို့ တစ်ခေါက်သွားရန် သူ ဆုံးဖြတ်လိုက်သည်။ တိုက်ဆိုင်စွာပင် ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စု၏ တားမြစ်နယ်မြေဖြစ်သော ကောင်းကင်ဂူတွင်လည်း သူ ဆိုင်းအင်ဝင်ရန် လိုအပ်နေသေးသည်။

သုံးရက်ကြာပြီးနောက်။

နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ကို ပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းကို ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ အပြည့်အဝ ပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာသစ်ပင်၏ အောက်တွင် ဖိနှိပ်ထားလိုက်သည်။

အမှောင်သခင်သည်လည်း နောက်ဆုံးတွင် လွတ်လပ်သွားပြီး ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်း လွတ်လပ်စွာ သွားလာခွင့်ရရှိသွားခဲ့လေပြီ။

ဝူယွမ်သည် ဆက်လက် အချိန်ဆွဲမနေတော့ပေ။ သူသည် လင်းတုန်နှင့်အတူ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုဆီသို့ ချက်ချင်း ခရီးထွက်ခဲ့သည်။

All Chapters