← Chapters

အခန်း ၄၇၂

Vol. 48 Ch. 472

အခန်း ၄၇၂

Vol. 48 Ch. 472

အခန်း (၄၇၂) - မဟာအဆောင်သခင်၊ ဝါးမျိုခြင်း နတ်ဘုရားကျောင်းတော် ပေါ်ထွက်လာခြင်း(၁)

ယခင်က ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် ဝူယွမ်သည် မိုလော့၊ ချင်းကျီတို့နှင့် ပူးပေါင်းကာ ကောင်းကင်မြေအောက် ဘုရင်နှင့် မြေကြီးမြေအောက် ဘုရင် ဟူသော ကမ္ဘာခြားနတ်ဆိုးဘုရင် နှစ်ပါးကို သတ်ဖြတ်ခဲ့ဖူးသည်။

ဤကမ္ဘာခြားနတ်ဆိုးဘုရင်များသည် အမြဲတမ်း စုံတွဲလိုက် သွားလာလေ့ရှိကြသည်။

ယခု ကောင်းကင်စိတ်ကူးယဉ် ဘုရင်နှင့် မြေကမ္ဘာစိတ်ကူးယဉ် ဘုရင်တို့၏ လက်ရှိစွမ်းအားသည် ယခင်က ဘုရင်နှစ်ပါးနှင့် ဆင်တူလေသည်။

သို့သော် ယခု ဝူယွမ်သည် ယခင်ကဝူယွမ် မဟုတ်တော့ပေ။ သူ၏ စွမ်းအားသည် ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

၀င်စားခြက်ူအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ နည်းစနစ်အများအပြားသည် ပို၍ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ သူ၏ လက်ရှိ အသင်းဖော်များကလည်း ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ အမှောင်သခင်နှင့် မဟာတောရိုင်းသခင်တို့သည် လောကရှိ အမြင့်မြတ်ဆုံးသော အစွမ်းထက် ကျင့်ကြံသူများထဲတွင် ပါဝင်ကြပြီး မိုလော့၊ ချင်းကျီတို့ထက် များစွာ ပိုမိုအစွမ်းထက်ကြသည်။

သူတို့သုံးယောက် ပူးပေါင်း၍ ကမ္ဘာခြားနတ်ဆိုးဘုရင်နှစ်ပါးကို လိုက်လံဖမ်းဆီးရခြင်းမှာ သိမ်းငှက်တစ်ကောင်က ကြက်ပေါက်လေးများကို ဖမ်းသကဲ့သို့ လွယ်ကူလှပေသည်။

မဟာတောရိုင်းသခင်၏ ရုပ်ခန္ဓာမှာ မယုံနိုင်လောက်အောင် ကြံ့ခိုင်လှသည်။

သူ၏ တောင်ကြီးတစ်လုံးကဲ့သို့သော ခန္ဓာကိုယ်က မြေကမ္ဘာစိတ်ကူးယဉ် ဘုရင်ကို တားဆီးထားပြီး ခရမ်းရောင်လက်ဝါးပုံရိပ် အများအပြားဖြင့် ဖိနှိပ်လိုက်ရာ မြေကမ္ဘာစိတ်ကူးယဉ် ဘုရင်မှာ လုံးဝ မျက်စိလည်လမ်းမှား ဖြစ်သွားရသည်။

အမှောင်သခင်မှာ ပို၍ပင် လျှို့ဝှက်နက်နဲလှသည်။ သူမသည် အမှောင်တာအိုကို ပြီးပြည့်စုံစွာ ကျွမ်းကျင်ပိုင်နိုင်ထားသည်။

ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှု တစ်ချက်ဖြင့် အမှောင်အကျဉ်းထောင်တစ်ခုကို ဖန်တီးကာ ကောင်းကင်စိတ်ကူးယဉ် ဘုရင်ကို ဖမ်းဆီးလိုက်ပြီး တစ်ဖက်လူ၏ စိတ်ကူးယဉ်ကမ္ဘာကို အမှောင်ထုထဲသို့ ဆွဲသွင်းသွားလေသည်။

ထိုနှစ်ယောက်က အစွမ်းကုန် ဖိနှိပ်နေချိန်တွင် ဝူယွမ်ကလည်း လှုပ်ရှားလိုက်သည်။ ပထမဦးစွာ စွမ်းအားအမျိုးမျိုး ပေါင်းစပ်ထားသော ကောင်းကင်နှင့်မြေကြီး အစီအရင်မြေပုံက ကမ္ဘာခြားနတ်ဆိုးဘုရင် နှစ်ပါးကို ပြင်းထန်စွာ ဒဏ်ရာရသွားစေသည်။

ထို့နောက် အာကာသ ဘိုးဘေးအဆောင်နှင့် ဟွမ်ယွင်ကို အသုံးပြု၍ လေဟာနယ်ကို ကျုံ့ဝင်စေကာ ထို စွမ်းအင်ဘက်ထရီနှစ်ခုကို ဖမ်းဆီးလိုက်လေသည်။

“ပြီးသွားပြီ၊ စီနီယာနှစ်ယောက် ရှေးဟောင်းကျောက်တိုင်ကမ္ဘာထဲကို အရင် ပြန်ဝင်သွားလို့ရပါပြီ။ ဒီကမ္ဘာခြားနတ်ဆိုးဘုရင် နှစ်ပါးကိုတော့ ယန်နဲ့ တခြားသူတွေကို ကမ္ဘာသစ်ပင်အောက်မှာ ဖိနှိပ်ခိုင်းထားလိုက်မယ်။

မကြာခင်မှာပဲ သူတို့တွေက ကမ္ဘာသစ်ပင်ကြီးထွားဖို့ အကူအညီပေးမယ့် အာဟာရတွေအဖြစ် ပြောင်းလဲသွားလောက်ပါတယ်”

ဝူယွမ်က ရယ်မောရင်း ပြောလိုက်ပြီး ဟွမ်နှင့် ယန်တို့ကို ခေါ်ထုတ်လိုက်သည်။ ၎င်းတို့က ကမ္ဘာသစ်ပင်၏ သစ်ကိုင်းများကို ဆန့်ထုတ်ကာ အာကာသ ဘိုးဘေးအဆောင်နှင့် ဟွမ်ယွင်တို့ကို ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ အတူတကွ ယူဆောင်သွားကြသည်။

ထိုနည်းအားဖြင့် ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စု တစ်ခုလုံး၏ ကမ္ဘာခြားနတ်ဆိုး ကစဉ်ကလျားမှုကြီးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့လေသည်။

ဤလုပ်ငန်းစဉ်သည် ချောမွေ့ပြီး တိုတောင်းလှသဖြင့် ကောင်းကင်မိစ္ဆာမြွေပါအများအပြားမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ကြချေ။

ရှောင်တျောင်းက တံတွေးတစ်ချက် မျိုချလိုက်ပြီး စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

“အစ်ကိုကြီး... စောစောကနှစ်ယောက်က ဘယ်သူတွေလဲ”

ဝူယွမ်က ပြုံးကာဖြေလိုက်သည်။

“ရှေးဟောင်းသခင်ကြီးရှစ်ပါးကို မင်းကြားဖူးမှာပေါ့။ သူတို့က မဟာတောရိုင်းသခင်နဲ့ အမှောင်သခင်လေ”

“ရှေးဟောင်းသခင်ကြီးရှစ်ပါး ဟုတ်လား”

ဤစကားကို ကြားသောအခါ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်၊ အကြီးအကဲချုပ်နှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။

နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာခဲ့ကြသူများဖြစ်ရာ ၎င်းတို့သည် ရှေးဟောင်းသခင်ကြီးရှစ်ပါးအကြောင်းကို သဘာဝကျကျပင် ကြားဖူးထားကြသည်။

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်သည်။

“မိတ်ဆွေးလေး ဝူယွမ်က တကယ်ကို အံ့မခန်းပဲ။ ရှေးဟောင်း သခင်ကြီးရှစ်ပါးထဲက နှစ်ပါးက သူ့နောက်ကို လိုက်နေတာပါလား”

ဝူယွမ်က ပြန်ဖြေလိုက်သည်။

“ဒါက တိုက်ဆိုင်မှုတစ်ခုပါ။ ဒါတွေအားလုံးကလည်း ကမ္ဘာခြားနတ်ဆိုးတွေကြောင့်ပါပဲ။ ကျွန်တော်က ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ဘေးဆိုးကြီး ဖြစ်နေလို့လားမသိဘူး... သူတို့နဲ့ တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ရပြီး သူတို့ရဲ့ အိပ်စက်ခြင်းအခြေအနေကနေ နိုးထလာအောင် ကူညီပေးနိုင်ခဲ့တယ်”

“ခင်ဗျားတို့ကို ကူညီပေးခဲ့သလိုမျိုးပေါ့”

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်က ကျောချမ်းစရာအဖြစ်ကို ပြန်တွေးရင်း ပြောလိုက်သည်။

“ဒီတစ်ကြိမ်တော့ ငါတို့ တကယ်ပဲ မင်းကို အကြွေးတင်သွားပြီ။ မင်းလို အစ်ကိုကြီးတစ်ယောက် ရထားတာက ရှောင်တျောင်း ကံကောင်းတာပဲ”

အကယ်၍ ဝူယွမ်သာ မရှိခဲ့လျှင် ၎င်းတို့၏ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုသည် ဤတစ်ကြိမ်တွင် ကမ္ဘာခြားနတ်ဆိုးမျိုးနွယ်စု၏လက်ချက်ဖြင့် တကယ်ပင် ပျက်စီးသွားလောက်ပေသည်။

ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လျှင်ပင် အကြီးအကျယ် ဆုံးရှုံးမှုများ ကြုံတွေ့ရမည်သာ ဖြစ်သည်။

ရှောင်တျောင်းက ယုံကြည်ချက်ရှိရှိဖြင့် ထောက်ခံလိုက်သည်။

“သေချာတာပေါ့... အစ်ကိုကြီးက အမြဲတမ်း ကျွန်တော့်ရဲ့ ကံကောင်းခြင်းကြယ်ပွင့်ပဲ။ ဒီနေ့ ကျွန်တော် ပိုင်ဆိုင်ထားတဲ့ အရာအားလုံးက အစ်ကိုကြီးကြောင့်ပါပဲ”

သူ၏ အခြေအနေအရ ဝူယွမ်သာ မကူညီခဲ့ပါက ယခင်က ရင်ဆိုင်ခဲ့ရစဉ်အတွင်း ဟောက်ကျိုယိုးကိုပင် သူ အနိုင်ယူနိုင်ခဲ့မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူသည် နှစ်တစ်ရာတိုင်တိုင် မိစ္ဆာဝိညာဉ်အခြေအနေဖြင့်သာ နေခဲ့ရသည်မဟုတ်လော။

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်က ဖိတ်ခေါ်လိုက်သည်။

“မိတ်ဆွေလေး ဝူယွမ်... မင်းတို့က ငါတို့ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုရဲ့ ကျေးဇူးရှင်တွေပဲ။ ကျေးဇူးပြုပြီး ဒီတစ်ခေါက်တော့ ငါတို့ မျိုးနွယ်စုထဲမှာ ခဏလောက်နေပြီး ငါတို့ကို အိမ်ရှင်ဝတ္တရား ကျေပွန်ခွင့်ပေးပါ”

“ဟားဟား... ဒါဆိုလည်း ကျွန်တော်လက်ခံရမှာပေါ့”

ဝူယွမ်က လက်ယှက်ကာ သဘောတူလိုက်သည်။ တိုက်ဆိုင်စွာပင် သူလည်း အချိန်ကာလတစ်ခုအထိ တံခါးပိတ်ကျင့်ကြံရန် လိုအပ်နေသေးသည်။

[စနစ်အသိပေးချက်]။ ။ ဆိုင်းအင်ဝင်ရမည့်နေရာကို အသစ်ပြောင်းလဲသတ်မှတ်လိုက်ပါသည်။ ကမ္ဘခြားနတ်ဆိုးဧကရာဇ်၏ ရှေ့မှောက်တွင် ဆိုင်းအင်ဝင်ရောက်ပါ။

ဤအချိန်တွင် စနစ်၏ ဆိုင်းအင်တာဝန်က အသစ်ပြောင်းလဲသွားလေသည်။

ကမ္ဘာခြားနတ်ဆိုးဧကရာဇ်၏ ရှေ့မှောက်တွင် ဆိုင်းအင်ဝင်ရောက်ရမည်...

ဝူယွမ်သည် တာဝန်ကို မြင်လိုက်ရသောအခါ ခေတ္တမျှ ဆွံ့အသွားမိသည်။

‘နောက်ထပ် ဆိုင်းအင်က နောက်ဆုံးဘော့စ်နဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့ရမယ်လို့ ဆိုလိုတာလား’

“မဖြစ်ဘူး... ငါ မြန်မြန်ကျင့်ကြံမှရမယ်”

ဝူယွမ်သည် အလျင်လိုနေသည့် ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

သူ၏ လက်ရှိစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သော်လည်း သာမန် ကမ္ဘာခြားနတ်ဆိုးဘုရင်များကိုသာ အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိသေးသည်။

ဘုရင်နန်းတော်အဆင့်ကိုမူ ထိုသို့ မလုပ်နိုင်သေးပေ...

ကမ္ဘခြားနတ်ဆိုးဧကရာဇ်ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပေ။ သူသည် လက်ရှိတွင် ကမ္ဘခြားနတ်ဆိုးဧကရာဇ်၏ ပြိုင်ဘက် မဟုတ်သေးသည်မှာ သေချာလှပေသည်။

သူ အမြန်ကျင့်ကြံရပေမည်။

“အရင်ဆုံး မဟာအဆောင်သခင်အဆင့်ကို ဖောက်ထွင်းဝင်ရောက်ရမယ်”

ဝူယွမ်သည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားပြီး ရွှမ်စုနှင့် ဟွမ်ယွင်တို့ကို ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်းများ စိုက်ပျိုးရန် အထူးနယ်မြေတစ်ခု ဖန်တီးရန် ညွှန်ကြားလိုက်သည်။

ဤအရာသည် ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံရန်အတွက် အလွန်အသုံးဝင်ပေသည်။

လက်ဖဝါးကောင်းကင်ပုလင်းနှင့် ကမ္ဘာသစ်ပင်တို့ ရှိနေသဖြင့် သူသည် နှစ်ထောင်ပေါင်း၊ သောင်းပေါင်းများစွာ သက်တမ်းရှိသော ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်းများကို အလွယ်တကူ စိုက်ပျိုးနိုင်သင့်ပြီး နတ်ဘုရားနန်းတော်နယ်ပယ်ကို ဖွင့်လှစ်ရန်ပင် ၎င်းက ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။

လဝက်ကြာပြီးနောက်။

ယန်၏ အကူအညီဖြင့် ဝူယွမ်သည် ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်း အမြောက်အမြားကို စုပ်ယူနိုင်ခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအင်များ မြင့်တက်လာပြီး ခြေလှမ်း၀က်မဟာအဆောင်သခင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဝူယွမ်သည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်း၌ အဆင့်တက်ခဲ့ခြင်းဖြစ်ရာ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုအတွင်း မည်သည့်ဆူညံမှုမျှမဖြစ်ပေါ်ခဲ့ဘဲ ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းရှိ လူအများအပြားကိုသာ အံ့အားသင့်သွားစေခဲ့သည်။

“အင်း... ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်း အတော်များများကို စိုက်ပျိုးပြီးသွားပြီပဲ။ မဟာအဆောင်သခင်အဆင့်ကို ဆက်ပြီးကြိုးစားလို့ရပြီ”

အဆင့်တက်ပြီးပြီးချင်းမှာပင် ဟွမ်ယွင် ဖန်တီးထားသော နယ်မြေအတွင်း၌ ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်း တစ်ရာကျော်ကို စိုက်ပျိုးထားပြီးဖြစ်ကာ အားလုံးမှာ သက်တမ်း တစ်ရာကျော် ရှိနေပြီဖြစ်ကြောင်း ဝူယွမ် တွေ့ရှိလိုက်ရသည်။

“ဆက်ပြီး ကျင့်ကြံမယ်”

ဝူယွမ်သည် တက်ကြွလာပြီး ကစဉ်ကလျားနတ်ဘုရားကြိတ်ဆုံ ကျင့်စဉ်အတွင်းသို့ နစ်မြုပ်သွားလေသည်။

တစ်ဖက်တွင်လည်း လင်းတုန်သည် ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်းများကို အသုံးပြု၍ ကျင့်ကြံနေလေသည်။

လက်ရှိ စိုက်ပျိုးထားသော ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်းများသည် ၎င်းတို့နှစ်ဦး တစ်ပြိုင်နက် ကျင့်ကြံရန်အတွက် လုံလောက်မှုရှိသော်လည်း ၎င်းတို့နှစ်ဦးအတွက်သာ ထောက်ပံ့ပေးနိုင်ပေသည်။

မဟာတောရိုင်းသခင်နှင့် အမှောင်သခင်တို့အပါအဝင် အခြားလူများသည် ဤပန်းနှင့် အချိန်ကြာမြင့်စွာထိတွေ့ရန် မဝံ့ရဲကြပေ။

အကြောင်းမှာ ၎င်းက လူတစ်ဦးကို စိတ်ကူးယဉ်ကမ္ဘာအတွင်း အလွယ်တကူ ကျရောက်သွားစေနိုင်ပြီး လွတ်မြောက်ရန် မဖြစ်နိုင်တော့သောကြောင့်ပင်။

နောက်ထပ် လဝက်ခန့် ကုန်ဆုံးသွားပြန်သည်။

ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်း အဆီအနှစ် အမြောက်အမြားကို ယန်က ထုတ်ယူကာ ဝူယွမ်၏ ကျင့်ကြံရေးအခန်းအတွင်း ထည့်ထားပေးခဲ့သည်။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်သည် စိတ်ကူးယဉ်ကမ္ဘာများအတွင်း နစ်မြုပ်နေပြီး စိတ်ကူးယဉ်ကမ္ဘာများနှင့် စမ်းသပ်မှု အမျိုးမျိုးကို ကြုံတွေ့ခံစားနေရကာ မတူညီသော ဘဝများစွာကို ဖြတ်သန်းနေရသကဲ့သို့ ဖြစ်နေသည်။

သို့သော် သူသည် ကစဉ်ကလျားနတ်ဘုရားကြိတ်ဆုံ ကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် ဝူယွမ်၏ ဝိညာဉ်စွမ်းအင်မှာ မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိပြီး စိတ်ကူးယဉ်ကမ္ဘာများအတွင်းသို့ အလွယ်တကူ နစ်မြုပ်သွားမည် မဟုတ်ပေ။

ထို့အပြင် ကစဉ်ကလျားသန္ဓေသား ရှိနေခြင်းကြောင့် သူ၏ ဝိညာဉ်စွမ်းအင်သည် အမြဲတမ်း ရှင်းလင်းမှု တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားနိုင်ပြီး ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်းကို မည်သည့်စိုးရိမ်မှုမျှမရှိဘဲ အမြောက်အမြား စုပ်ယူနိုင်လေသည်။

သူ၏ နီဝမ်နယ်ပယ်အတွင်း၌ ကစဉ်ကလျား နတ်ဘုရားကြိတ်ဆုံသည် ကစဉ်ကလျားသန္ဓေသား၏ ဘေးတွင် အစစ်အမှန် နတ်ဘုရားရတနာတစ်ခုကဲ့သို့ လည်ပတ်နေသည်။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်မှာ အကြိမ်ကြိမ် ကြိတ်ချေသန့်စင်ခြင်းကို ခံနေရသည်။ ၎င်း မည်မျှမြန်မြန် ကြီးထွားလာပါစေ ဖောင်းပွလာသည့်ခံစားချက်မျိုး လုံးဝ မရှိခဲ့ချေ။ သူ၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ အဆက်မပြတ် တိုးတက်နေလေသည်။

All Chapters