← Chapters

အခန်း ၄၇၄

Vol. 48 Ch. 474

အခန်း ၄၇၄

Vol. 48 Ch. 474

အခန်း (၄၇၄) - မဟာအဆောင်သခင်၊ ဝါးမျိုခြင်း နတ်ဘုရားကျောင်းတော် ပေါ်ထွက်လာခြင်း(၃)

အက်ကွဲကြောင်းက ဖြည်းညင်းစွာ ပွင့်လာပြီး မိုးကြိုးနှင့် အမည်းရောင်အလင်းတန်းများ လင်းလက်နေသော ထိုလျှို့ဝှက်နက်နဲသည့်မျက်လုံးက အမှန်တကယ် ပေါ်ထွက်လာလေသည်။

ဖော်ပြ၍မရနိုင်သော ဝိညာဉ်စွမ်းအင် မုန်တိုင်းတစ်ခုက လင်းတုန်၏ ခန္ဓာကိုယ်မှ ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာသည်။ သူ၏ ဘိုးဘေးအဆောင် မျက်လုံးတွင် အလွန်အမင်း အစွမ်းထက်သော စွမ်းအင်များ ပါဝင်နေပြီး ဘိုးဘေးအဆောင် နှစ်ခုကို ပေါင်းစပ်နိုင်စွမ်း ရှိပေသည်။

ယန်ကလည်း အံ့သြတကြီး ပြောလိုက်သည်။

“လင်းတုန်က ဒီဘိုးဘေးအဆောင် မျက်လုံးကို ကျင့်ကြံနိုင်ခဲ့တယ်၊ တကယ်ကို ရှားပါးတာပဲ။ ဒီလို ဘိုးဘေးအဆောင် မျက်လုံးမျိုးက ဘိုးဘေးအဆောင် ပိုင်ရှင်တစ်ယောက်ဟာ ဘိုးဘေးအဆောင်နဲ့ လိုက်ဖက်ညီမှု အံ့မခန်းအဆင့်တစ်ခုကို ရောက်သွားမှသာ ပေါ်လာတာမျိုး။

ရှေးခေတ်ကာလကနေ အခုအချိန်အထိ ဘိုးဘေးအဆောင်မျက်လုံးကို ဖွင့်နိုင်တဲ့ ဘိုးဘေးအဆောင်ပိုင်ရှင်တွေဆိုတာ အရမ်းကို ရှားပါးလွန်းတယ်။ ဒီလိုအချိန်မျိုးမှာ လင်းတုန်က ဒီအဆင့်အထိ ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

လင်းတုန်က ရုတ်တရက် သတိရသွားပြီး ပြောလိုက်သည်။

“အော် ဒါနဲ့ အစ်ကိုကြီး... ဘိုးဘေးအဆောင်မျက်လုံးကတစ်ဆင့် ဝါးမျိုခြင်းနတ်ဘုရားကျောင်းတော်ကို ကျွန်တော် မြင်လိုက်ရတယ်။ မကြာခင်မှာ ဝါးမျိုခြင်းနတ်ဘုရားကျောင်းတော် ပေါ်လာတော့မယ်ထင်တယ်”

ဝါးမျိုခြင်းနတ်ဘုရားကျောင်းတော်သည် ဝါးမျိုခြင်းသခင်၏ ဂူနန်းဆောင်ပင်။

အမြီးကိုးချောင်းဝိညာဉ်မြေခွေးကို ကယ်တင်ပြီး လက်ခြောက်ချောင်းနတ်နဂါးဧကရာဇ်ကို တိုက်ခိုက်ကာ ဝါးမျိုခြင်းသခင်၏အလိုဆန္ဒကို ခေါ်ယူခဲ့စဉ်ကတည်းက လင်းတုန်သည် ဝါးမျိုခြင်းနတ်ဘုရားကျောင်းတော်၏ တည်ရှိမှုကို သိရှိခဲ့ပြီး ဤအကြောင်းကို ဝူယွမ်အား ပြောပြခဲ့ဖူးသည်။

ဝူယွမ်က စဉ်းစားခန်းဝင်လိုက်သည်။

“ပွင့်တော့မှာလား။ ဝါးမျိုခြင်း ဘိုးဘေးအဆောင်ရဲ့ လက်ရှိ ပိုင်ရှင်တစ်ယောက်အနေနဲ့ မင်း ဒီအခွင့်အရေးကို သေချာပေါက် လက်လွတ်ခံလို့မရဘူး”

သူ့အနေဖြင့် ဝါးမျိုခြင်းနတ်ဘုရားကျောင်းတော်အပေါ် မည်သည့်ဆန္ဒမျှ မရှိတော့ပေ... ဤသည်က လင်းတုန်၏အခွင့်အရေးသာ ဖြစ်သည်။

လင်းတုန်က ဝူယွမ်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

“အစ်ကိုကြီး... ဒါဆို ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးမလား”

ဝူယွမ်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလျက် ငြင်းပယ်လိုက်သည်။

“ငါ သွားစရာမလိုပါဘူး၊ ဝါးမျိုခြင်း နတ်ဘုရားကျောင်းတော်က ငါ့အတွက် ဆွဲဆောင်မှု ဘာမှမရှိတော့ဘူး။

ပြီးတော့ မင်းရဲ့ လက်ရှိစွမ်းအားကလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ လုံလောက်နေပြီ။ မင်းကိုယ်တိုင် စွန့်စားရမယ့် အချိန်ရောက်ပါပြီ”

သူ၏ နောက်ထပ် ဆိုင်းအင်တာဝန်မှာ ကမ္ဘာခြားနတ်ဆိုးဧကရာဇ်၏ ရှေ့မှောက်တွင်ဖြစ်ရာ ကမ္ဘာခြားနတ်ဆိုးများနှင့် နောက်ဆုံးတိုက်ပွဲကို မကြာမီ ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း ဆိုလိုနေလေသည်။

သူ၏ စွမ်းအားများကို အလျင်အမြန် မြှင့်တင်ရန် လိုအပ်နေပေသည်။ လင်းတုန်အတွက်လည်း ထိုနည်းတူပင်။ ဝါးမျိုခြင်း နတ်ဘုရားကျောင်းတော်၏ အခွင့်အရေးနှင့်ဆိုလျှင် လင်းတုန်သည် ပိုမိုမြန်ဆန်စွာ တိုးတက်လာပေလိမ့်မည်။

သူကိုယ်တိုင်မှာမူ ဘိုးဘေးအဆောင်များကို ပေါင်းစပ်သည့် လမ်းစဉ်ကို မလိုက်သဖြင့် ၎င်းကို မလိုအပ်ပေ။ ထို့အပြင် ဆိုင်းအင်ဝင်ခြင်းမှ ရရှိထားသော ဆုလာဘ်များစွာကိုလည်း နားလည်သဘောပေါက်ပြီး ခိုင်မာအောင် လုပ်ဆောင်ရန် အချိန်ယူရဦးမည်ဖြစ်သည်။

သူသာ တစ်ခုခုကို အောင်မြင်နိုင်မည်ဆိုပါက ကမ္ဘာခြားနတ်ဆိုးများကို ချေမှုန်းရန်မှာ ပြဿနာမဟုတ်တော့ပေ။

နောက်ထပ်အနေဖြင့် ဝူယွမ်သည် အသက်နှင့်သေခြင်း သံသရာစက်ဝန်း ပန်းချီကားကို လေ့လာပြီး သံသရာအဆင့်သို့ ဦးစွာ ဖောက်ထွင်းဝင်ရောက်ရန် စီစဉ်ထားလေသည်။

ဝူယွမ်သည် တံခါးပိတ်ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး အသက်နှင့်သေခြင်း သံသရာစက်ဝန်း ပန်းချီကားအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ကာ ကျင့်ကြံလေသည်။

“အသက်နဲ့ သေခြင်း သံသရာစက်ဝန်း... အပြင်ဘက်က တစ်ရက်တာဟာ ပန်းချီကားထဲမှာတော့ ဘဝတစ်သက်တာပဲ၊ ပန်းချီကားကမ္ဘာထဲမှာ လူသားလောကရဲ့ အတွေ့အကြုံတွေကို ခံစားရမယ်...”

လဝက်တာ အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ဝူယွမ်သည် အသက်နှင့်သေခြင်း သံသရာစက်ဝန်း ပန်းချီကားထဲတွင် နစ်မြုပ်နေဆဲပင်။

ထိုနေ့တွင် မိစ္ဆာနယ်မြေ၏ အစွန်ဆုံး မြောက်ဘက်ပိုင်းရှိ ရှေးဟောင်း တောရိုင်းမြေပြင်တစ်ခုပေါ်တွင် လေဟာနယ်သည် ပြင်းထန်စွာ လိမ်ကောက်သွားပြီး ပေထောင်ချီကျယ်ဝန်းသော အမည်းရောင်အက်ကွဲကြောင်းကြီးတစ်ခု ပွင့်ဟလာခဲ့သည်။

ဒိုင်း...

ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှသော စွမ်းအင်လှိုင်းဂယက်တစ်ခုက အက်ကွဲကြောင်းအတွင်းမှ ရိုက်ခတ်ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားလေသည်။

ထိုလှိုင်းဂယက်သည် အံ့မခန်း အမြန်နှုန်းဖြင့် ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ကောင်းကင်ဘုံကိုးခုဆီသို့ ထိုးတက်သွားသော အလင်းတိုင်များအဖြစ် ပြောင်းလဲသွားကြသည်

ထိုအလင်းတိုင်များကို မိုင်သောင်းချီ အဝေးမှပင် ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ၎င်းတို့ထံမှ ဖြာထွက်နေသော စွမ်းအင်လှိုင်းဂယက်များက မရေမတွက်နိုင်သော လူများကို ပို၍ပင် ထိတ်လန့်သွားစေခဲ့သည်။

ဤအလင်းတိုင်များသည် ကောင်းကင်သို့ ထိုးတက်သွားကာ မိစ္ဆာနယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့ပြီး အစွမ်းထက် ကျင့်ကြံသူ အမျိုးမျိုး၏ အာရုံစိုက်မှုကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။

ကောင်းကင်မိစ္ဆာနယ်မြေရှိ တောင်ထိပ်တစ်ခုပေါ်တွင် လင်းတုန် ရုတ်တရက် ဘိုးဘေးအဆောင်မျက်လုံးကို ဖွင့်လိုက်သည်။ သူက ဝမ်းသာအားရဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“နောက်ဆုံးတော့... ဝါးမျိုခြင်းနတ်ဘုရားကျောင်းတော် ပေါ်လာပြီပဲ”

……….

မိစ္ဆာနယ်မြေ၏ အစွန်ဆုံး မြောက်ဘက်ပိုင်းရှိ ရှေးဟောင်းတောရိုင်းမြေပြင်တစ်ခုတွင် စူးရှအေးစက်သော လေပြင်းများက ဓားသွားများသဖွယ်တိုက်ခတ်နေပြီး မြေပြင်တစ်ခုလုံးကို အပေါက်ငယ်ပေါင်း မြောက်မြားစွာအဖြစ် ဖြတ်တောက်နေလေသည်။

ဤသည်မှာ မိစ္ဆာနယ်မြေ၏ အလွန် ဝေးကွာခေါင်ဖျားလှသော နေရာတစ်ခု ဖြစ်သည်။ ဤအချိန်တွင် ကောင်းကင်ထက်၌ အံ့မခန်းမြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။

ထိုနေရာရှိ လေဟာနယ်သည် ပြင်းထန်စွာ လိမ်ကောက်သွားပြီး ပေထောင်ချီရှည်လျားသော ဧရာမ အမည်းရောင်အက်ကွဲကြောင်းကြီးတစ်ခု ပွင့်ဟလာခဲ့သည်။

ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှသော စွမ်းအင်လှိုင်းဂယက်တစ်ခုက အက်ကွဲကြောင်းအတွင်းမှ ရိုက်ခတ်ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားလေသည်။

မိစ္ဆာနယ်မြေတစ်ခုလုံးရှိ အထွတ်အထိပ် အစွမ်းထက်ကျင့်ကြံသူများ အားလုံးသည် ဤနေရာမှ ပြောင်းလဲမှုများကို အာရုံခံမိသွားကြသည်။

ကြီးမြတ်လှသော အရှင်သခင်မျိုးနွယ်စုကြီးလေးခုဖြစ်သည့် နဂါးမျိုးနွယ်စု၊ ကောင်းကင်မိစ္ဆာမြွေပါ မျိုးနွယ်စု၊ ခွန်ဖန် မျိုးနွယ်စုနှင့် ငှက်ဘီလူး မျိုးနွယ်စုတို့မှ ဤပြောင်းလဲမှုကို သတိပြုမိသွားသူများမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။

ထို့အပြင် ကြီးမြတ်လှသော တော်ဝင်မျိုးနွယ်စုကြီးရှစ်ခုလည်း ရှိနေသေးသည်။

ဝါးမျိုခြင်းနတ်ဘုရားကျောင်းတော် ပေါ်ထွက်လာခြင်းက မိစ္ဆာနယ်မြေတစ်ခုလုံးရှိ အစွမ်းထက် ကျင့်ကြံသူများကို ဆွဲဆောင်သွားသည်ဟု ဆိုနိုင်ပေသည်။

လင်းတုန်က ဝူယွမ်ကို ရှာတွေ့သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“အစ်ကိုကြီး... ဝါးမျိုခြင်း နတ်ဘုရားကျောင်းတော် ပေါ်လာပြီ”

ဝါးမျိုခြင်း ဘိုးဘေးအဆောင်၏ ပိုင်ရှင်တစ်ဦးအနေဖြင့် ဝါးမျိုခြင်းသခင်၏ အမွေအနှစ်ကို ရယူရန် သူ ပြတ်သားစွာ ဆုံးဖြတ်ထားလေသည်။

ဝူယွမ်က တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။

“အင်း... ဒီတစ်ကြိမ်တော့ မင်းတို့ပဲ သွားကြပါ။ ငါက ရှေးဟောင်းကျောက်တိုင်ထဲမှာ တံခါးပိတ်ကျင့်ကြံဖို့ လိုသေးတယ်။ ရှေးဟောင်းကျောက်တိုင်ကို ယူသွားပြီး ရှောင်တျောင်းနဲ့အတူ သွားလိုက်။

ပြီးတော့ ရှောင်ယန်ကိုပါ ခေါ်သွား။ ဒီလောက်ကြီးတဲ့ ဆူညံမှုဆိုတော့ မိစ္ဆာနယ်မြေ နေရာအနှံ့က အစွမ်းထက် ကျင့်ကြံသူတွေ သတိထားမိလောက်ပြီ။ လွယ်မှာ မဟုတ်ဘူး...

နတ်ဆိုးအကျဉ်းထောင်ကလည်း သေချာပေါက်သိပြီး ပြဿနာရှာဖို့ ကမ္ဘာခြားနတ်ဆိုးဘုရင်တွေကို စေလွှတ်လောက်တယ်။

တကယ်လို့ အန္တရာယ် တစ်ခုခုကြုံလာရင် အမှောင်သခင်နဲ့ မဟာတောရိုင်းသခင်တို့ကို ခေါ်ပြီး အကူအညီတောင်းလိုက်”

သူသည် အသက်နှင့်သေခြင်း သံသရာစက်ဝန်း ပန်းချီကားထဲသို့ ဝင်ရောက်ကာ သံသရာကို ဖြတ်သန်းရမည်ဖြစ်ရာ ပြင်ပအခြေအနေကို အချိန်မီ အာရုံစိုက်နိုင်မည်မဟုတ်ပေ။

“ဟုတ်ကဲ့ပါ အစ်ကိုကြီး”

လင်းတုန်က ရှေးဟောင်းကျောက်တိုင်ကို ယူကာ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုမှ ချက်ချင်း ထွက်ခွာခဲ့ပြီး သားရဲတိုက်ပွဲနယ်မြေဆီသို့ ဦးတည်သွားလေသည်။

ဝူယွမ်ကမူ တံခါးပိတ်ကျင့်ကြံမှုကို ဆက်လက် ပြုလုပ်နေခဲ့သည်။

အသက်နှင့်သေခြင်း သံသရာစက်ဝန်း ပန်းချီကားထဲတွင် ပြင်ပမှ တစ်ရက်တာသည် အတွင်းပိုင်း၌ ဘဝတစ်သက်တာနှင့် ညီမျှလေသည်။

ဝူယွမ်သည် အတွင်းပိုင်း၌ ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ သူ၏ ဝိညာဉ်ရေးရာ စိတ်ဆန္ဒကို ခိုင်မာစေရန်၊ သူ၏ စိတ်အခြေအနေကို မြှင့်တင်ရန်နှင့် ဝိညာဉ်ကို အသွင်ပြောင်းလဲရန်ပင် ဖြစ်သည်။

၀င်စားခြင်းအဆင့်ကို ကျင့်ကြံပြီးနောက် သူ၏ စွမ်းအားများသည် ဤလောက၏ အကန့်အသတ်များကို ထိတွေ့နေခဲ့ပြီ ဖြစ်သည်။

ဤအဆင့်မှဤအဆင့်မှ ဆက်လက်တိုးတက်ရန်အတွက် သူသည် အသက်နှင့်သေခြင်း သံသရာစက်ဝန်းကို နားလည်သဘောပေါက်ရန်၊ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို နားလည်ရန်နှင့် ထိုစည်းမျဉ်းများကို ကျော်လွန်ရန် လိုအပ်ပေသည်။

“အရမ်းကောင်းတယ်... ငါ ဆိုင်းအင်ဝင်လို့ရထားတဲ့ ဒီအစွမ်းထက်ကျင့်စဉ်တွေနဲ့ နတ်ဘုရားစွမ်းရည်တွေကို ကျင့်ကြံဖို့ ပန်းချီကားထဲကသံသရာကို အသုံးပြုလို့ရတာပဲ”

သူ ဆိုင်းအင်ဝင်၍ ရရှိထားသော ကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည် အများစုမှာ ဤသိုင်းလောက၏ အဆင့်များထက် ကျော်လွန်နေပြီး အလွန် ရှုပ်ထွေးနက်နဲလှကြောင်း ဝူယွမ် ရုတ်တရက် တွေးမိလိုက်သည်။

၎င်းတို့ကို အောင်မြင်စွာ အပြည့်အဝ ကျင့်ကြံနိုင်ရန်အတွက် ယေဘုယျအားဖြင့် ရာစုနှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

ဤကျင့်စဉ်များသည် နားလည်သဘောပေါက်ရုံဖြင့် မလုံလောက်ပေ... စုဆောင်းရန်နှင့် အခြေတည်ရန် အချိန်လိုအပ်လေသည်။

ဝူယွမ်သည် ကစဉ်ကလျားနတ်ဘုရားကြိတ်ဆုံ ကျင့်စဉ်နှင့် မူလရူန်းစာလုံး ရှင်းလင်းချက်တို့ကို နားလည်သဘောပေါက်ခြင်းနှင့် ကျင့်ကြံခြင်းတွင် နစ်မြုပ်သွားလေသည်။

၎င်းတို့ နှစ်ခုလုံးမှာ ဆင်တူသော အခြေခံသဘောတရားများ ရှိပြီး တစ်ချိန်တည်းတွင် လေ့လာ၍ အတည်ပြုနိုင်ကာ တစ်ခုနှင့်တစ်ခု တိုးတက်မှုကို အပြန်အလှန် အထောက်အကူပြုနိုင်ပေသည်။

ဘဝတစ်ခုပြီးတစ်ခု ကုန်ဆုံးသွားခဲ့သည်။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်မှာ ပိုမိုအစွမ်းထက်လာပြီး ပိုမို ခိုင်မာလာခဲ့သည်။ သူ၏ ရူန်းစာလုံးများအပေါ် နားလည်သဘောပေါက်မှုကလည်း တိုးတက်လာခဲ့သည်။

ဘဝခုနစ်ခု ဖြတ်သန်းပြီးနောက်တွင် သူသည် နောက်ဆုံး၌ ရူန်းစာလုံးမြောက်မြားစွာကို တစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာ၍ ဖော်ထုတ်နိုင်ခဲ့ပြီး ပြည့်စုံသော မူလရူန်းစာလုံးများကို တစ်ခုပြီးတစ်ခု နားလည်သဘောပေါက်လာခဲ့သည်။

ဘိုးဘေးအဆောင်ရှစ်ခု၏ ပြည့်စုံသော ရူန်းစာလုံးများ အားလုံးကို ကျင့်ကြံနိုင်ခဲ့ပြီး တစ်ခုစီတိုင်းတွင် ဘိုးဘေးအဆောင်တစ်ခု၏ ထက်ဝက်မျှသော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ဘိုးဘေးအဆောင်ကြီးရှစ်ခုအပြင် နယ်နိမိတ်ပိုင်းခြားခြင်း၊ ဝိညာဉ်စုစည်းခြင်းနှင့် တားမြစ်ခြင်းတို့ကဲ့သို့သော အခြား မူလရူန်းစာလုံးများစွာကိုလည်း ကျင့်ကြံနိုင်ခဲ့သည်။

All Chapters