အခန်း ၄၇၇
Vol. 48 Ch. 477
အခန်း (၄၇၇) - အုပ်စိုးသူမျက်လုံး၊ မိစ္ဆာဧကရာဇ်၏လက်နှင့် မူလစွမ်းအား(၃)
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားသည် အပြင်ဘက်ရှိ မိစ္ဆာမျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူများကို ထိတ်လန့်သွားစေရုံသာမက အမှောင်သခင်နှင့် မဟာတောရိုင်းသခင်တို့ကဲ့သို့သော ရှေးဟောင်း အစွမ်းထက်ကျင့်ကြံသူများကိုပါ နက်နက်ရှိုင်းရှိုင်း အံ့အားသင့်သွားစေခဲ့သည်။
သူတို့နှစ်ဦးလုံးက ဝူယွမ်ကို လေးလေးနက်နက် ကြည့်လိုက်ကြသည်။
ဝူယွမ်ထံမှ ၎င်းတို့၏ ဆရာဖြစ်သော အဆောင်ဘိုးဘေးနှင့် ဆင်တူသည့် စွမ်းအားတစ်ခုကို ၎င်းတို့ ခံစားလိုက်ရသည်။
ထိုကဲ့သို့သော ကြီးမားလှသည့် စွမ်းအားသည် ဤလောက၏ စည်းမျဉ်းများနှင့် ကန့်သတ်ချက်များကို ကျော်လွန်နေခဲ့ပြီဖြစ်ပြီး ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေသည်။
ရှေးဟောင်းကျောက်တိုင်အတွင်းသို့ ဝင်ရောက်ပြီးနောက် ဝူယွမ်သည် ဘုရင့်နန်းတော်တစ်ပါးနှင့် ကမ္ဘာခြားနတ်ဆိုးဘုရင်လေးပါးကို ချေမှုန်းပစ်လိုက်ပြီး ကမ္ဘာသစ်ပင်ကို ဝါးမျိုစေလိုက်သည်။
ယခင်က အမှောင်သခင် ဖိနှိပ်ထားသော နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ကို ဝါးမျိုထားခဲ့သဖြင့် ကမ္ဘာသစ်ပင်သည် အတော်လေး ကြီးထွားလာခဲ့ပြီဖြစ်သည်။
ယခု အထွတ်အထိပ် ကမ္ဘာခြားနတ်ဆိုးဘုရင် ငါးပါး၏ စွမ်းအင်များကို စုပ်ယူလိုက်ခြင်းက နောက်ဆုံးတွင် ကမ္ဘာသစ်ပင်ကို အသွင်ပြောင်းလဲသွားစေခဲ့သည်။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာသည် အဆပေါင်းများစွာ ထပ်မံကျယ်ပြန့်သွားပြီး နောက်ဆုံးတွင် သံသရာအဆင့်နှင့် အဆောင်သခင်အဆင့်ရှိ အစွမ်းထက်ကျင့်ကြံသူများကို မွေးထုတ်ပေးနိုင်စွမ်း ရှိလာခဲ့လေပြီ။
ဝါးမျိုခြင်းနတ်ဘုရားကျောင်းတော်အတွင်း၌ လင်းတုန်နှင့် ခွန်လင်းတို့ နှစ်ဦးလုံး ဝါးမျိုခြင်းသခင်၏ အမွေအနှစ်ကို လက်ခံရရှိခဲ့ကြသည်။
လုပ်ငန်းစဉ် တစ်ခုလုံးမှာ စိတ်လှုပ်ရှားဖွယ် ကောင်းသော်လည်း အန္တရာယ်ကင်းခဲ့သည်။ လင်းတုန်၏ စွမ်းအားမှာ ယခင်ကထက် ပိုမိုကြီးမားနေသဖြင့် အလွန်ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး လင်းတုန်နှင့် ခွန်လင်းတို့အတွက် ချိုမြိန်သော စွန့်စားခန်းတစ်ခုနှင့် ပိုတူနေလေသည်။
ဝူယွမ်သည် ရှေးဟောင်းကျောက်တိုင်အတွင်းရှိ သူတို့နှစ်ဦးကို ကြည့်ရင်း ခွေးစာ တစ်ဝကြီးစားလိုက်ရသလို ခံစားလိုက်ရသည်။
အမွေအနှစ်ကို လက်ခံရရှိပြီးနောက် လင်းတုန်သည် ၀င်စားခြင်းအဆင့်၏ အထွတ်အထိပ်သို့ ချက်ချင်းရောက်ရှိသွားပြီး သံသရာအဆင့်ကို ဖောက်ထွင်းဝင်ရောက်ရန် စွမ်းဆောင်နိုင်နေပြီ ဖြစ်သည်။
ဝူယွမ်က ဝါးမျိုခြင်းနတ်ဘုရားကျောင်းတော်ကို အချိန်နှင့် လေဟာနယ် လျှို့ဝှက်နယ်မြေအတွင်းသို့ တိုက်ရိုက် ဆွဲသွင်းလိုက်ပြီး ၎င်းအတွင်းရှိ အချိန်စီးဆင်းမှုကို နှေးကွေးစေလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးကို သံသရာအဆင့်သို့ ဖောက်ထွင်းဝင်ရောက်ရန် ဆက်လက်ကျင့်ကြံပြီး အောင်မြင်ပြီးမှသာ ထွက်လာရန် ညွှန်ကြားလိုက်သည်။
ခွန်လင်းသည် ဝါးမျိုခြင်းသခင်၏ မျိုးဆက်ဖြစ်ပြီး လင်းတုန်မှာမူ သူ၏အမွေဆက်ခံသူ ဖြစ်သည်။ သူတို့နှစ်ဦးသည် အမှန်တကယ်ပင် မယုံနိုင်လောက်အောင် လိုက်ဖက်ညီသော စုံတွဲတစ်တွဲဖြစ်ပြီး နှစ်ဦးလုံးက ဝါးမျိုခြင်းသခင်၏ အမွေအနှစ်ကို လက်ခံရရှိထားသဖြင့် ၎င်းကို ကောင်းကောင်း ပေါင်းစပ်နိုင်ကြပေလိမ့်မည်။
ဤအမွေအနှစ်ကို သူတို့ လုံးဝ ချေဖျက်ပြီးသွားသည်နှင့်တစ်ပြိုင်နက် နှစ်ဦးလုံး သံသရာအဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
“ချင်းတန်ကို သွားတွေ့ရမယ့် အချိန်ရောက်ပြီ”
ဝါးမျိုခြင်းနတ်ဘုရားကျောင်းတော် ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ဝူယွမ်သည် ချင်းတန်ကို ရှာဖွေဖို့ရာ မြောက်ပိုင်းရွှမ်ဒေသသို့ သွားရန် ပြင်ဆင်လိုက်သည်။
သူသည် ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စု၊ နဂါးမျိုးနွယ်စုနှင့် သားရဲတိုက်ပွဲနယ်မြေတို့တွင် နေရာကူးပြောင်းခြင်း အစီအရင်များကို တပ်ဆင်ထားခဲ့ပြီးဖြစ်ရာ မည်သည့်အချိန်တွင်မဆို ပြန်လာနိုင်လေသည်။
ယခုအခါ ဝူယွမ်သည် ရူန်းစွမ်းအား မြောက်မြားစွာကို ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်ရာ သူအလိုရှိရာ မည်သည့်နေရာကိုမဆို ရောက်ရှိရန်အတွက် လေဟာနယ်ကို အလွယ်တကူ ဆုတ်ဖြဲသွားနိုင်ပြီ ဖြစ်သည်။
မြောက်ပိုင်းရွှမ်ဒေသ၊ အမှောင်နန်းတော်။
ဝူယွမ် အမှောင်မြို့တော်သို့ ရောက်ရှိလာချိန်တွင် အမှောင်နန်းတော်သခင် အသစ်ကို ကြိုဆိုရန် အမှောင်မြို့တော်၌ ကျင်းပနေသော ကြီးကျယ်ခမ်းနားသည့် ပွဲတော်တစ်ခုနှင့် အချိန်ကိုက် ကြုံတွေ့လိုက်ရသည်။
ဝူယွမ်က စုံစမ်းကြည့်လိုက်သည်နှင့် ချင်းတန်သည် အမှောင်တရားရုံးမှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့ပြီး အမှောင်နန်းတော်သခင်နေရာကို ဆက်ခံခဲ့ကြောင်း သိရှိလိုက်ရသည်။
သို့သော် ဤဆက်ခံမှုမှာ အနည်းငယ် ခက်ခဲခဲ့သည်။ အကြောင်းမှာ အမှောင်နန်းတော်၏ အကြီးအကဲကောင်စီက ချင်းတန်ကို အပြည့်အဝ မထောက်ခံသောကြောင့်ပင်။
ဝူယွမ်သည် အချိန်ဆွဲမနေတော့ဘဲ အမှောင်နန်းတော်သို့ တိုက်ရိုက်သွားလိုက်သည်။ ချင်းတန်က အမှောင်နန်းတော်မှ အကြီးအကဲများကို ရင်ဆိုင်၍ အကျိုးအကြောင်း ရှင်းပြနေချိန်တွင် သူက ချင်းတန်၏အနောက်၌ ရုတ်တရက် ပေါ်လာခဲ့သည်။
အမှောင်နန်းတော်အတွင်း တိတ်ဆိတ်စွာ ပေါ်လာသော အမျိုးသားက ခန်းမထဲရှိ လူတိုင်းကို လန့်ဖြန့်သွားစေသည်။
“မင်းက ဘယ်သူလဲ။ ငါတို့ အမှောင်နန်းတော်ရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ချင်နေတာလား”
အမှောင်နန်းတော်၏ အကြီးအကဲချုပ်က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“အစ်ကိုဝူယွမ်”
သို့သော် ချင်းတန်က ဝူယွမ်၏ ရင်ခွင်ထဲသို့ ပြေးဝင်လာခဲ့လေပြီ။
“သူတို့က မင်းကို အတင်း ဖိအားပေးပြီး ထွက်သွားခိုင်းနေတာလား
ဝူယွမ်က ချင်းတန်ကို ဖိအားပေးနေသော အကြီးအကဲများအား ကြည့်ကာ မေးလိုက်သည်။
“အင်း”
ချင်းတန်က လိမ္မာစွာ ခေါင်းညိတ်ပြလိုက်သည်။
ဝူယွမ်က ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး ၎င်းတို့ကို စိုက်ကြည့်ကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
“မင်းတို့ ပြောစရာရှိရင်... ဒူးထောက်ပြီးမှပြောကြ”
သူ၏ စကားလုံးများ ဆုံးသွားသည်နှင့် မျက်စိဖြင့်မမြင်နိုင်သော ဖိအားတစ်ခုက ရိုက်ခတ်ထွက်ပေါ်လာပြီး လူတိုင်းကို လွှမ်းခြုံသွားလေသည်။
အမှောင်နန်းတော်ထဲရှိ လူများအားလုံး ဒူးများ ပျော့ခွေသွားသည်ကို ခံစားလိုက်ရပြီး သူနှင့် ချင်းတန်တို့၏အရှေ့တွင် ဒူးထောက်ကျသွားကြသည်။
ဝူယွမ်က ကြေညာလိုက်သည်။
“ဒီနေ့ကစပြီး ချင်းတန်ဟာ အမှောင်နန်းတော်ရဲ့ နန်းတော်သခင်ပဲ။ ဘယ်သူ သဘောတူလဲ။ ဘယ်သူ ကန့်ကွက်မလဲ”
ဝူယွမ်၏ အသံ ပြန့်နှံ့သွားသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းမှာ အကြောက်တရားကြောင့် တုန်ယင်နေကြသည်။
‘အရမ်း အစွမ်းထက်လွန်းတယ်’
သံသရာအဆင့် အကြီးအကဲများပင်လျှင် သူ၏ ဖိအားကို မခုခံနိုင်ကြဘဲ ဒူးထောက်၍သာ စကားပြောနိုင်ကြသည်။ ဤသူက မည်သည့်အဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူ ဖြစ်နေမည်နည်း။
“ခင်ဗျားက ကျွန်တော်တို့ကို အတင်းအကျပ်နာခံခိုင်းနေတာလား...”
အမည်းရောင် ဝတ်ရုံနှင့် အကြီးအကဲတစ်ဦးက ဖိအားကို ကြံ့ကြံ့ခံကာ ငြင်းခုံရန် ကြိုးစားလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ ခေါင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ပြာကျသွားကာ သူ၏အသံမှာလည်း ရုတ်တရက် ရပ်တန့်သွားလေသည်။ ဝူယွမ်သည် မည်သည့် သနားညှာတာမှုမျှ မပြသခဲ့ပေ။
မူလဇာတ်လမ်းကို သိထားသဖြင့် အမှောင်နန်းတော်၏ အမှန်တရားကို သူ ပြီးပြည့်စုံစွာ နားလည်ထားပေသည်။
ဤခေါင်းမာပြီး မောက်မာသော အကြီးအကဲများသည် ချင်းတန်၏ ဆရာ သေဆုံးသွားရုံမျှဖြင့် သူမကို အနိုင်ကျင့်ပြီး နန်းတော်သခင်နေရာကို စွန့်လွှတ်ရန် အတင်းအကျပ် ဖိအားပေးချင်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ ရိုင်းပျစွာ ပြုမူရဲပါက သူက ၎င်းတို့ကို တိုက်ရိုက် ဖိနှိပ်ပြီး သတ်ဖြတ်ပစ်မည် ဖြစ်သည်။
“မင်းဆီမှာ နတ်ဘုရားရတနာရဲ့ ဝိညာဉ် ရှိနေတာပဲ”
ဝူယွမ်က တိုက်ရိုက် လက်လှမ်းလိုက်ရာ အမည်းရောင်ဝတ်ရုံနှင့် အကြီးအကဲတစ်ဦးထံမှ အမည်းရောင်အလင်းရိပ်တစ်ခု ပျံသန်းထွက်လာသည်။
အမည်းရောင် အလင်းရိပ် ပေါ်လာသောအခါ ချင်းတန်၏ ခန္ဓာကိုယ်အတွင်းရှိ အမှောင်တံစဉ်က ရုတ်တရက် ပစ်ထွက်လာသည်။
“ဒါဆို အမှောင်သန့်ရှင်းတံစဉ်ရဲ့ တံစဉ်ဝိညာဉ်က ပျောက်သွားတာမဟုတ်ဘဲ နင်တို့ခိုးသွားတာပေါ့။ ယုတ်မာလိုက်တာ... နင်တို့က အမှောင်နန်းတော်ရဲ့ အပြစ်သားတွေပဲ”
ချင်းတန်က ဒေါသတကြီး ပြောလိုက်သည်။
အမှောင်နန်းတော်ရှိ အခြားလူများက ဤမြင်ကွင်းကို မြင်သောအခါ အခြေအနေကို နားလည်သွားကြသည်။ ချင်းတန်ကို ဆန့်ကျင်သော ဤအကြီးအကဲများသည် ဆိုးယုတ်သော ရည်ရွယ်ချက်များ ရှိနေခဲ့ကြသည့်ပုံပင်။
ချင်းတန်ကို အမှောင်နန်းတော်၏ ပြဿနာများ ဖြေရှင်းပေးပြီးနောက် ဝူယွမ်သည် ချင်းတန်ကိုလည်း ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ အချိန်နှင့် အာကာသ လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ကျင့်ကြံစေလိုက်သည်။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာ။
“သခင်... ထျန်းရွှမ်နယ်ပယ်က ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို သယ်ဆောင်ထားဖို့ မလုံလောက်တော့ဘူး။ ကျွန်တော်တို့ ထျန်းရွှမ်နယ်ပယ်ကနေ ထွက်ခွာပြီး လေဟာနယ်စကြာဝဠာထဲကို ဝင်ရောက်ဖို့လိုအပ်နေပြီ”
ဟွမ်ယွင်က ဝူယွမ်အရှေ့တွင် ပေါ်လာပြီး သူ၏ ခံစားသိရှိမှုကို ပြောပြလိုက်သည်။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ၎င်းသည် ကြီးမားသော ကမ္ဘာကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
ထျန်းရွှမ်တိုက်ကြီးအတွင်း ရှိနေခြင်းက ၎င်းကို ထျန်းရွှမ်တိုက်ကြီး၏ စည်းမျဉ်းများဖြင့် ကန့်သတ်ခံထားရသကဲ့သို့ ဖြစ်နေစေသည်။
ယန်လည်း ပေါ်လာပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“အပြင်ကို ထွက်နိုင်ဖို့ ဒီနယ်ပယ်ရဲ့ ချိပ်ပိတ်မှုကို ဖျက်ဆီးပစ်ဖို့လိုတယ်”
“ဒီကမ္ဘာကြီးက ကောင်းကင်နဲ့ မြေကြီး စစ်ပွဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ရတယ်။ ရှေးခေတ်ကာလက ကမ္ဘာခြားနတ်ဆိုး ဧကရာဇ်ကို ရင်ဆိုင်ဖို့အတွက် အဆောင်ဘိုးဘေးက သူ့ကို ကမ္ဘာခြားနတ်ဆိုး နယ်ပယ်ဆီ ပြန်ရောက်အောင် ရိုက်ထုတ်ပြီး ဖိနှိပ်ထားခဲ့ရင်း နယ်ပယ်အက်ကွဲကြောင်းကို ချိပ်ပိတ်ထားခဲ့တယ်။
ဒီလုပ်ရပ်က ထျန်းရွှမ်နယ်ပယ်နဲ့ အခြားနယ်ပယ်တွေကြားက လမ်းကြောင်းကို ဖြတ်တောက်လိုက်တာပဲ။ ကမ္ဘာခြားနတ်ဆိုး နယ်ပယ်က ဝင်ရောက်ကျူးကျော်လို့ မရနိုင်တော့သလို ကျန်ရစ်နေတဲ့ ကမ္ဘာခြားနတ်ဆိုးတွေကလည်း အဆောင်ဘိုးဘေးရဲ့ ချိပ်ပိတ်ထားမှုကို ဖျက်ဆီးပြီး ဒီနယ်ပယ်ကနေ ထွက်မသွားနိုင်တော့ဘူး”
“ဒါက အဆောင်ဘိုးဘေး သေဆုံးခါနီးမှာ ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် သူလုပ်နိုင်ခဲ့တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ”
“အခုဆိုရင် နယ်ပယ်တစ်ခုလုံး ချိပ်ပိတ်ခံထားရပြီ။ အခြားနယ်ပယ်က လူတွေ ဝင်ရောက်ကျူးကျော်လို့ မရနိုင်သလို ဒီနယ်ပယ်က လူတွေလည်း ထွက်သွားလို့မရဘူး။ ဒါက ကာကွယ်မှုတစ်ခု ဖြစ်သလို အကျဉ်းထောင်တစ်ခုလည်း ဖြစ်နေတယ်”
“တကယ်လို့ ငါတို့ရဲ့ ရှေးဟောင်းကျောက်တိုင်ကမ္ဘာက ထွက်သွားချင်တယ်ဆိုရင် ပထမဆုံး လုပ်ရမှာက အဆောင်ဘိုးဘေး ချန်ထားခဲ့တဲ့ ချိပ်ပိတ်မှုကို ဖောက်ထွင်းဖျက်ဆီးပစ်ဖို့ပဲ”
“ဒါပေမဲ့ ဒါက ကောင်းကျိုးရော ဆိုးကျိုးပါ ရှိတယ်။ ချိပ်ပိတ်မှုကို ဖျက်ဆီးလိုက်တာက အဆောင်ဘိုးဘေးရဲ့ ကာကွယ်ရေးအစီအမံတွေကို ဖယ်ရှားလိုက်တာနဲ့ အတူတူပဲဖြစ်ပြီး ထျန်းရွှမ်နယ်ပယ်က ကမ္ဘာခြားနတ်ဆိုးနယ်ပယ်ရဲ့ ကျူးကျော်မှုအသစ်ကို ရင်ဆိုင်ရလိမ့်မယ်”
“တကယ်လို့ အဆောင်ဘိုးဘေးလိုမျိုး ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ဦး မမွေးဖွားလာဘူးဆိုရင် ထျန်းရွှမ်တိုက်ကြီးသာမက ငါတို့ရဲ့ ရှေးဟောင်းကျောက်တိုင်ကမ္ဘာပါ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ သိမ်းပိုက်မှုကို ခံရလိမ့်မယ်”
ဟွမ်ယွင်နှင့် ယန်တို့၏ စကားများကို နားထောင်ပြီးနောက် ဝူယွမ် စဉ်းစားခန်း ဝင်သွားလေသည်။
“ဘိုးဘေးအဆင့်။ အဲဒါက တကယ်တော့ ဘယ်လိုအဆင့်မျိုးလဲ”
ဝူယွမ်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
သူ၏ လက်ရှိစွမ်းအားသည် သခင်ကြီးရှစ်ပါးထက် ကျော်လွန်နေပြီဖြစ်သော်လည်း လောလောဆယ်တွင် နှိုင်းယှဉ်စရာအရာများ မရှိသဖြင့် ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်မည်၊ မနိုင်မည်ကို သူ မသေချာပေ။
နယ်ပယ်နှစ်ခုနှင့် လောင်းကြေးထပ်ရန် သူ မဝံ့ရဲပေ။
“နယ်ပယ်ချိပ်ပိတ်မှုကို ဖျက်ဆီးတာကို အချိန်ဆွဲထားလို့ ရတယ်။ အရင်ဆုံး ကျန်နေတဲ့ ကမ္ဘာခြားနတ်ဆိုးတွေကို အပြတ်ရှင်းပစ်ကြတာပေါ့”
ဝူယွမ်ထံတွင် အကြံသစ်တစ်ခု လျင်မြန်စွာ ရလာခဲ့သည်။