← Chapters

အခန်း ၄၇၉

Vol. 48 Ch. 479

အခန်း ၄၇၉

Vol. 48 Ch. 479

အခန်း (၄၇၉) - ဘိုးဘေးအဆင့် ကျင့်ကြံသူတစ်ရာကျော်(၁)

ဘိုးဘေးအဆင့်သို့ ဖောက်ထွင်းဝင်ရောက်နိုင်မည့် သော့ချက်ကို နားလည်သဘောပေါက်ပြီးနောက် ဝူယွမ်သည် သူ၏ ကျင့်ကြံခြင်းအာရုံကို ပြောင်းလဲလိုက်သည်။

ယခု သူ ထိန်းချုပ်ထားသော နည်းစနစ်များသည် အလွန်အမင်း အစွမ်းထက်နေပြီ ဖြစ်သော်လည်း သူ၏စွမ်းအား တိုးတက်ရန်အတွက် ကြီးမားသော ခုန်ပျံကျော်လွှားမှုတစ်ခု လိုအပ်နေသေးသည်။

မူလစွမ်းအားမရှိလျှင် မည်မျှပင် အစွမ်းထက်သော နတ်ဘုရားစွမ်းရည်များ ဖြစ်စေကာမူ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ အကြောင်းမှာ ၎င်းတို့သည် မူလစွမ်းအား၏ လွှမ်းမိုးဖိနှိပ်ခြင်းကို ခံရမည်ဖြစ်သောကြောင့်ပင်။

ရှေးဟောင်းကျောက်တိုင်ကမ္ဘာသည်လည်း မူလစွမ်းအားကို မွေးဖွားပေးနိုင်စွမ်း ရှိသော်ငြား ဤကနဦးကမ္ဘာငယ်လေးမှာ ကြီးထွားနေဆဲအဆင့်၌သာ ရှိသေးပြီး ထျန်းရွှမ်တိုက်ကြီးအတွင်း ရှိနေခြင်းကြောင့် ၎င်း၏ ကြီးထွားမှုမှာ ကန့်သတ်ခံထားရသည်။

ကမ္ဘာကြီး၏ အကန့်အသတ်များကို မဖောက်ထွင်းနိုင်ပါက ကမ္ဘာသစ်ပင်သည်လည်း ဝူယွမ်၏ နောက်တစ်ဆင့်ကျင့်ကြံခြင်းအတွက် ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။

“အလုံခြုံဆုံးနဲ့ အမြန်ဆုံးနည်းလမ်းကတော့ ထျန်းရွှမ်တိုက်ကြီးရဲ့ အဓိက နတ်ဘုရားရတနာဖြစ်တဲ့ နယ်ပယ်သန္ဓေသားကို ရယူဖို့ပဲ”

ဝူယွမ်သည် နယ်ပယ်သန္ဓေသားကို တွေးတောမိလိုက်သည်။ ထျန်းရွှမ်တိုက်ကြီးသည် သက်တန်းရင့် နယ်ပယ်တစ်ခုဖြစ်ပြီး သူ အဆင့်တက်ရန်အတွက် လုံလောက်သော မူလစွမ်းအားများ ပိုင်ဆိုင်ထားရုံသာမက ဘိုးဘေးအဆင့်သို့ ရောက်ရှိပြီးနောက်တွင်လည်း ဆက်လက် တိုးတက်နိုင်စေရန် ထောက်ပံ့ပေးနိုင်စွမ်း ရှိပေသည်။

မည်သို့ပင်ဆိုစေကာမူ ဤနယ်ပယ်ပြင်ပမှ ဧည့်သည်နှစ်ဦးဖြစ်သော အဆောင်ဘိုးဘေးနှင့် ကမ္ဘာခြားနတ်ဆိုးဧကရာဇ်တို့သည် ဤနယ်ပယ်သန္ဓေသားကို ရယူရန်အတွက် ရောက်လာခဲ့ကြခြင်းဖြစ်သည်။

ဘိုးဘေးအဆင့် အစွမ်းထက် ကျင့်ကြံသူများ အားလုံးက ၎င်းကို တပ်မက်နေကြသည်ဖြစ်ရာ ၎င်းသည် သူတို့၏ ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်မည့်အရာတစ်ခု ဖြစ်ရမည်မှာ သေချာလှပေသည်။

နယ်ပယ်သန္ဓေသားကို ရယူခြင်းက ထျန်းရွှမ်တိုက်ကြီး၏ အရှင်သခင် ဖြစ်လာစေမည် ဖြစ်သည်။

“နယ်ပယ်သန္ဓေသားကို ရှာဖွေဖို့ အရမ်းခက်ခဲတယ်။ မူလဇာတ်လမ်းမှာ လင်းတုန်က အမြင့်မြတ်ဆုံး လွှမ်းမိုးမှုကျင့်စဉ်ကတစ်ဆင့် လင်းချင်းကျူးရဲ့အကူအညီနဲ့ အဲဒါကို ရှာတွေ့ခဲ့တာ။ ငါလည်း ချင်းကျူးနဲ့သွားပြီး ဆက်သွယ်ကြည့်ဖို့ လိုအပ်မယ်ထင်တယ်”

“အရင်ဆုံး ငါ သံသရာအမှတ်အသားကို ဖြတ်ကျော်ပြီး ဒီလောကရဲ့ အထွတ်အထိပ်ကိုရောက်အောင် လုပ်ရမယ်”

ဝူယွမ်၏ ပင်မခန္ဓာကိုယ်သည် အသက်နှင့်သေခြင်း သံသရာစက်ဝန်း ပန်းချီကားထဲမှ ထွက်ပေါ်လာခဲ့သည်။

သူသည် သံသရာအမှတ်အသားကို စတင်ဖြတ်ကျော်နေပြီ ဖြစ်သည်။

ပန်းချီကားအတွင်း၌ ရာနှင့်ချီသော သံသရာများကို သူ ဖြတ်သန်းခဲ့ပြီးဖြစ်ရာ သံသရာအမှတ်အသားနှင့် ပတ်သက်၍ သူ စိုးရိမ်မှု မရှိပေ။

ကစဉ်ကလျားသန္ဓေသားနှင့်ဆိုလျှင် သူသည် စိတ်ရှင်းလင်းမှု တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားနိုင်ပြီး အဆုံးမဲ့ သံသရာထဲသို့ ကျရောက်သွားမည် မဟုတ်ပေ။

သုံးလကြာပြီးနောက်။

ဝူယွမ်သည် သံသရာအမှတ်အသား၏ အဆင့်သုံးဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး သူ၏ နတ်ဘုရားနန်းတော်ကို အောင်မြင်စွာ စုစည်းနိုင်ခဲ့လေပြီ။

သူသည် ချက်ချင်းပင် တတိယသံသရာအဆင့် နတ်ဘုရားနန်းတော်နယ်ပယ်ရှိသည့် အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။

ဤအဆင့်တွင် သူသည် ဘိုးဘေးအဆင့်၏ တံခါးဝသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ရှေးဟောင်းကျောက်တိုင်ကမ္ဘာ။

ဝူယွမ်သည် မဟာတောရိုင်းသခင်၊ အမှောင်သခင်၊ အမြီးကိုးချောင်း ဝိညာဉ်မြေခွေး၊ ဝါးမျိုခြင်းသခင်၊ မိုးကြိုးဧကရာဇ်က ပြန်လည်အသက်သွင်းပေးခဲ့သော ရှေးဟောင်း အစွမ်းထက် ကျင့်ကြံသူများအပြင် မဟာတောရိုင်းဂိုဏ်း၊ တာအိုဂိုဏ်းနှင့် အခြားအဖွဲ့အစည်းများမှ အဆင့်မြင့် အရာရှိများကို ခေါ်ယူလိုက်သည်။

“ဒါတွေက ငါတို့လောကမှာ ကျန်ရစ်နေတဲ့ ကမ္ဘာခြားနတ်ဆိုးတွေအားလုံးရဲ့ တည်နေရာတွေပဲ။ အားလုံးကို ငါ သေချာစုံစမ်းပြီးသွားပြီ။ အခုက သူတို့ကို ရှင်းလင်းပစ်ဖို့ အချိန်ရောက်ပြီ”

ဝူယွမ်သည် သူ၏ အုပ်စိုးသူမျက်လုံးဖြင့် ယခင်က ထောက်လှမ်းထားခဲ့သော ကမ္ဘာခြားနတ်ဆိုးများ၏ ဖြန့်ကျက်တည်ရှိမှုများကို ဝိညာဉ်စွမ်းအင် မြေပုံတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲကာ လူတိုင်းထံသို့ ပေးပို့လိုက်သည်။

ဝိညာဉ်စွမ်းအင်မြေပုံမှ အချက်အလက်များကို ရရှိပြီးနောက် ဝါးမျိုခြင်းသခင်၊ အမှောင်သခင်နှင့် အခြားသူအားလုံး မယုံနိုင်လောက်အောင် အံ့အားသင့်သွားကြသည်။

‘ဝူယွမ်ရဲ့ စွမ်းအားက ဘယ်လောက်အထိ ကြီးထွားလာခဲ့တာလဲ'

သို့သော် ၎င်းတို့ မမေးရဲကြပေ။

ဝူယွမ်က ဆက်လက်ညွှန်ကြားလိုက်သည်။

“အခု ငါ မင်းတို့ကို တာဝန်တွေခွဲပေးမယ်။ အိပ်စက်နေတဲ့ ရှေးဟောင်းသခင်ကြီးတွေကို စုစည်းလိုက်ကြ။ ငါ့ရဲ့ ကိုယ်ပွားသုံးခုက မင်းတို့ကို ကူညီပေးလိမ့်မယ်။

ငါ့ကိုယ်ပွားတွေက ကစဉ်ကလျားမိစ္ဆာပင်လယ်၊ မိစ္ဆာနယ်မြေနဲ့ ရွှမ်ဒေသကြီး လေးခုမှာ ရှိနေတယ်။ ငါက တပ်မှူးအဖြစ် ဆောင်ရွက်ပြီး ရှေးဟောင်း သခင်ကြီးရှစ်ပါးက ရှေ့တန်းတပ်တွေ ဖြစ်လိမ့်မယ်...”

သူသည် စစ်မြေပြင်ကို နေရာသုံးခုအဖြစ် ခွဲခြားလိုက်ပြီး သူ၏ ကိုယ်ပွားသုံးခုက ၎င်းတို့ကို ဦးဆောင်မည်ဖြစ်သည်။

မိစ္ဆာနယ်မြေတွင် ဝါးမျိုခြင်းသခင်နှင့် အမှောင်သခင်တို့သည် ရှောင်တျောင်း၊ ရှောင်ယန်တို့နှင့်အတူ အရှင်သခင်မျိုးနွယ်စုကြီး လေးခုနှင့် တော်ဝင်မျိုးနွယ်စုကြီး ရှစ်ခုတို့ကို ဦးဆောင်ကာ ၎င်း၏ နယ်နိမိတ်အတွင်းရှိ ကမ္ဘာခြားနတ်ဆိုးများကို ရှင်းလင်းရန် မိစ္ဆာနယ်မြေ၏စွမ်းအားများကို စုစည်းမည်ဖြစ်သည်။

ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် မဟာတောရိုင်းသခင်နှင့် မီးတောက်သခင်တို့သည် မီးတောက်နတ်ဘုရားကျောင်းတော်နှင့် မသေမျိုးဝေလငါးမျိုးနွယ်စုတို့ ဦးဆောင်သော အင်အားစုများကို ဦးဆောင်ကာ ရှင်းလင်းရေး ပြုလုပ်မည် ဖြစ်သည်။

ရွှမ်ဒေသကြီးလေးခုတွင် အာကာသသခင်နှင့် မိုးကြိုးသခင်တို့သည် တာအိုဂိုဏ်း၊ ကိုးကောင်းကင် တိုင်ချင်းနန်းတော်နှင့် အမှောင်နန်းတော်တို့ အဓိကပါဝင်သော အင်အားစုများကို ဦးဆောင်ကာ အနောက်ပိုင်းရွှမ်ဒေသကို ဝိုင်းရံတိုက်ခိုက်မည် ဖြစ်သည်။

ယင်းဟွမ်ဟွမ်နှင့် ကျန်းယင်ယင်တို့၏ သံသရာအမှတ်အသားများမှာ အပြည့်အဝ မနိုးထသေးသော်လည်း ဝူယွမ်က ၎င်းတို့ကို ဆက်လက် နိုးထစေရန် မရည်ရွယ်တော့ပေ။ သူသည် အရာအားလုံးကို ထမ်းရွက်နိုင်ပြီး ၎င်းတို့ကို ငြိမ်းချမ်းမှု ပေးစွမ်းနိုင်လေသည်။

ဝူယွမ်၏ ပြင်ပကိုယ်ပွားများက ဖိနှိပ်ရာတွင် ကူညီပေးနေသဖြင့် ဤကမ္ဘာခြားနတ်ဆိုးများကို ရှင်းလင်းရန်မှာ အချိန်ပြဿနာတစ်ခုသာ ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် ဝူယွမ်၏ ပင်မခန္ဓာကိုယ်က လင်းချင်းကျူးကို ရှာဖွေရန် ထွက်သွားလေသည်။

“ချင်းကျူး... ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် မင်းအကူအညီကို လိုအပ်တယ်”

ဝူယွမ်က သူ၏ ရည်ရွယ်ချက်များကို တိုက်ရိုက်ပင် ပြောချလိုက်သည်။ သူနှင့် လင်းချင်းကျူးတို့အကြား ဤမျှ ‌လေးနက်နေရန် မလိုအပ်တော့ပေ... ၎င်းတို့အကြားတွင် မည်သည့်အတားအဆီးမျှ မရှိတော့ပေ။

ဝူယွမ်၏ အသိစိတ်သည် ကောင်းကင်နှင့် မြေပြင်အနှံ့ ချက်ချင်း ပျံ့နှံ့သွားသည်။ အတွေးတစ်ချက်ဖြင့် သူသည် လောက၏ မည်သည့်နေရာကိုမဆို ရောက်ရှိနိုင်လေသည်။

မရေမတွက်နိုင်သော တောင်တန်းများ၊ မြစ်များနှင့် လွင်ပြင်များသည် သူ၏ အသိစိတ်ထဲတွင် ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် ဗလာနတ္တိအဖြစ်သို့ ပြန်လည် ရောက်ရှိသွားပုံရသည်...

လင်းချင်းကျူးက တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး သူမ၏ လှပသော မျက်လုံးများကို ချက်ချင်း မှိတ်လိုက်သည်။

“လာ... ငါတို့ရဲ့ ဝိညာဉ်တွေကို ပေါင်းစပ်လိုက်ကြရအောင်”

လင်းချင်းကျူး၏ အသိစိတ်သည် တဖြည်းဖြည်း ကောင်းကင်နှင့် မြေပြင်ထဲသို့ ပေါင်းစပ်သွားသည်။

ဝူယွမ်သည် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည့် လင်းချင်းကျူး၏ အသိစိတ်က သူ့ထံသို့ ယိမ်းယိုင်လာသည်ကို ခံစားလိုက်ရသည်။

“ငါ့နောက်လိုက်ခဲ့... အမြင့်မြတ်ဆုံးအရာကို ရှာဖွေကြရအောင်”

သူတို့နှစ်ဦး၏ အသိစိတ်များ ထိတွေ့မိသွားသည်နှင့် ရှက်ရွံ့မှုအနည်းငယ် ပါဝင်နေပုံရသော နူးညံ့သည့် အသံလေးတစ်ခုက ထိုအသိစိတ်အတွင်းမှ ထွက်ပေါ်လာသည်။

ထို့နောက် နူးညံ့သော ထိုအသိစိတ်က သူ၏ ကိုယ်ပိုင်အသိစိတ်နှင့် ပေါင်းစပ်သွားသည်ကို ဝူယွမ် ခံစားလိုက်ရသည်။

အသိစိတ်နှစ်ခု ပေါင်းစပ်သွားသည်နှင့် သူတို့နှစ်ဦးလုံး ပြင်းထန်စွာ တုန်ယင်သွားကြသည်။

၎င်းမှာ ဝိညာဉ်ရေးရာ ပေါင်းစပ်မှုတစ်ခုဖြစ်ပြီး ‘ငါ့အထဲမှာ မင်းရှိတယ်၊ မင်းအထဲမှာ ငါရှိတယ်’ ဟူသော အစစ်အမှန် အခြေအနေတစ်ခုဖြစ်သည်။

အသိစိတ်က ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို စီးမိုးကြည့်လိုက်ပြီးနောက် လေဟာနယ်ထဲတွင် ကစဉ်ကလျားအလင်းတန်းတစ်ခု ပေါ်လာသည်။ ထိုနေရာမှာ ယခင်က အမြင့်မြတ်ဆုံးရတနာကို အာရုံခံမိခဲ့သော နေရာအတိအကျပင်။

သူတို့နှစ်ဦး၏ အသိစိတ်များသည် ထိုကစဉ်ကလျားအလင်းတန်းထဲသို့ ဝင်ရောက်သွားကြသည်။ ဤတစ်ကြိမ်တွင်မူ ယခင်က ပေါ်လာခဲ့ဖူးသော စူးရှသည့် နာကျင်မှုနှင့် တွန်းကန်မှုများ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

ဝူယွမ်၏ အသိစိတ်သည် စတင်စုစည်းလာပြီး ကစဉ်ကလျား အလင်းတန်းအတွင်း ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။

သူ၏ဘေးတွင် လင်းချင်းကျူးလည်း ပေါ်လာသော်ငြား သူမ၏ လှပပြီး ဖြူဝင်းသော မျက်နှာလေးမှာ ယခုအခါ ရှက်သွေးဖြာနေလေသည်။

“ဒါက အမြင့်မြတ်ဆုံးရတနာ ရှိနေတဲ့ နေရာပဲ။ ရှင် အာရုံခံလို့ရလား”

လင်းချင်းကျူးက တိုးညှင်းစွာ မေးလိုက်သည်။ သူမ လုပ်နိုင်သည်က ဝူယွမ်ကို ဤနေရာသို့ ခေါ်ဆောင်လာပေးရန်သာ။

ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ အရှင်သခင်တစ်ဦးအနေဖြင့် ဤနေရာသည် နယ်ပယ်သန္ဓေသား၏ ဝိညာဉ်ကမ္ဘာဖြစ်ကြောင်းကို ဝူယွမ် နားလည်ထားပြီးဖြစ်သည်။

ဟွမ်ယွင်နှင့် အခြားသူများနေထိုင်ရာ ကမ္ဘာသစ်ပင် နေရာကဲ့သို့ပင်... ၎င်းသည် ကမ္ဘာကြီး၏ မူလအစပင်ဖြစ်သည်။

သူ၏ အသိစိတ်သည် ကစဉ်ကလျားအလင်းတန်းထဲသို့ အပြည့်အဝ ပေါင်းစပ်သွားသည်။

မကြာမီမှာပင် သက်ရှိတစ်ခုကဲ့သို့သော အလိုဆန္ဒတစ်ခုကို သူ အာရုံခံမိလိုက်သော်လည်း ထိုအလိုဆန္ဒမှာ ကနဦးအဆင့်၌သာ ရှိသေးပြီး မည်သည့် အတွေးအမြင်မျှ မရှိသေးသော မမွေးဖွားသေးသည့် သန္ဓေသားလေးတစ်ခုနှင့် တူနေလေသည်။

“နယ်ပယ်သန္ဓေသား”

ဝူယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။ ကမ္ဘာသစ်ပင်၏ ဝိညာဉ်ကဲ့သို့ပင် အမြင့်မြတ်ဆုံးဟု ခေါ်ဆိုသောအရာသည် နယ်ပယ်ဝိညာဉ်ဖြစ်ပြီး ဤလောကတွင် အမြင့်မြတ်ဆုံးသော တည်ရှိမှုလည်း ဖြစ်သည်။

သို့သော် ဟွမ်ယွင်မှာ ရတနာဝိညာဉ်များ ပေါင်းစပ်ထားခြင်းဖြစ်ပြီး အစကတည်းက အတော်လေးအစွမ်းထက်သော အသိစိတ်တစ်ခု ရှိနေခဲ့သော်လည်း ထျန်းရွှမ်တိုက်ကြီး၏ ဝိညာဉ်မှာမူ သဘာဝအလျောက် ဖြစ်တည်လာခြင်းဖြစ်ပြီး မည်သည့် အတွေးအမြင်မျှ မရှိချေ။

သို့သော် ၎င်းသည် ဤလောကတွင် အစွမ်းအထက်ဆုံး သက်ရှိဖြစ်ပြီး ၎င်းကို မည်သူကမျှ လွှမ်းမိုးနိုင်စွမ်းမရှိပေ။

ဝူယွမ်သည် နယ်ပယ်သန္ဓေသားအနီးသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်သော်လည်း ၎င်းက သူချဉ်းကပ်လာသည်ကို ရိပ်မိသွားပုံရသည်။

ဆူပွက်နေသော ကစဉ်ကလျား အလင်းတန်းများကြားတွင် ၎င်းက ပျောက်ကွယ်သွားလေသည်။

သူက အုပ်စိုးသူမျက်လုံးကို အသုံးပြု၍ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရခဲ့ပေ။

၎င်းသည် သူ့အနီးအနားတွင် ရှိနေမည်ကို ဝူယွမ် သိသော်လည်း ရှာမတွေ့နိုင်ခဲ့ပေ။

အမှန်တကယ်ပင် ၎င်းသည် ဤနယ်ပယ်၏အရှင်သခင် ဖြစ်သည်။ ၎င်းက အခြားသူများကို မမြင်စေချင်ပါက အခြားသူများအနေဖြင့် ၎င်းကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲလှပေမည်။

၎င်း၏ အသိအမှတ်ပြုမှုကို သူ ရယူရန် လိုအပ်သည်။

နယ်ပယ်သန္ဓေသားကို သူ့အလိုလို ပေါ်လာစေရန်အတွက် ကြိုးပန်းရပေမည်။

အဆောင်ဘိုးဘေးသည် အမြင့်မြတ်ဆုံး လွှမ်းမိုးမှုကျင့်စဉ်ကို သိထားသဖြင့် သူလည်း ဤအဆင့်သို့ ရောက်ရှိခဲ့ဖူးမည်မှာ သေချာပေသည်။

သို့သော် နယ်ပယ်သန္ဓေသား၏ အသိအမှတ်ပြုမှုကို မရရှိပါက သူသည်လည်း ကူကယ်ရာမဲ့မှုသာ ခံစားရနိုင်ပေလိမ့်မည်။

ကစဉ်ကလျားမြေပြင်ကို ကြည့်ရင်း သူ၏လက်များကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်ရာ နက်ရှိုင်းပြီး ပဲ့တင်ထပ်နေသော အသံတစ်ခုက ကစဉ်ကလျား အလင်းတန်းများကြားသို့ ပျံ့နှံ့သွားသည်။

“ငါ့နောက်ကို လိုက်ခဲ့ပါ။ ဒါက လှပတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်ပေမဲ့ ပျက်စီးယိုယွင်းမှုတွေနဲ့ ကျူးကျော်ခံရမယ့် ခြိမ်းခြောက်မှုတွေကို ခံစားနေရတယ်။

ငါတို့ပဲ ဒါကို ကာကွယ်နိုင်လိမ့်မယ်။ ငါ့နောက်ကို လိုက်ခဲ့ပြီး အဲဒါကို ငါ့ကို ကာကွယ်ခွင့်ပြုပါ”

ဝူယွမ်၏ အကြည့်က ကစဉ်ကလျားအလင်းတန်းများ၏ အနက်ရှိုင်းဆုံးနေရာသို့ စိုက်ကြည့်နေသော်လည်း မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ပေ။

“ဟူး...”

သူ့ဘေးရှိ လင်းချင်းကျူးက သက်ပြင်းချလိုက်သည်။ သူမလည်း နယ်ပယ်သန္ဓေသားကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်ငြား ဤကောင်လေးမှာ အလွန် သတိကြီးပုံရပြီး အနီးသို့ ချဉ်းကပ်ရန် ဆန္ဒမရှိပေ။

“ကမ္ဘာသစ်ပင်”

ဝူယွမ်က ချက်ချင်းပင် ၎င်းကို သတိရသွားသည်။ ချက်ချင်းပင် ရှေးဟောင်းကျောက်တိုင်ကမ္ဘာထဲမှ သစ်ကိုင်းလေးတစ်ခု ပစ်ထွက်လာသည်။

ကမ္ဘာသစ်ပင်၏ စိမ်းလန်းသော အလင်းတန်းများက ဝူယွမ်ကို လွှမ်းခြုံသွားပြီး သူ၏ အသိစိတ်သည်လည်း ကမ္ဘာသစ်ပင်၏ အငွေ့အသက်ကို ရရှိသွားလေသည်။

ဝူယွမ်က ကမ္ဘာသစ်ပင်၏အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်နှင့်...

“ယင်းနင်း...”

ကစဉ်ကလျား အလင်းတန်းများ၏ အနက်ရှိုင်းဆုံးနေရာမှ မျက်စိကျိန်းမတတ် တောက်ပသောအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကစဉ်ကလျား မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။

ကစဉ်ကလျားအလင်းတန်းများသည် ဝူယွမ်၏ ရှေ့တွင် စတင် စုစည်းလာပြီးနောက် လက်ဖဝါးအရွယ်အစားခန့်ရှိ ဝိညာဉ်သန္ဓေသားလေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဝိညာဉ်သန္ဓေသားလေးသည် ဝူယွမ်အနီးသို့ ညင်သာစွာ ချဉ်းကပ်လာပြီး နောက်ဆုံးတွင် သူ့လက်ထဲသို့ ကျဆင်းလာကာ ကမ္ဘာသစ်ပင်၏အငွေ့အသက်ကို တပ်မက်စွာ ခံစားနေလေသည်။

အမှန်တကယ်ပင် ဤသည်မှာ ကလေးတစ်ယောက် နို့နံ့ရသကဲ့သို့ပင်။

ဝူယွမ်က နယ်ပယ်သန္ဓေသားကို လက်ထဲတွင် ကိုင်ထားလိုက်သောအခါ ထူးခြားသော ခံစားချက်တစ်ခုက သူ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသည်။ သူသည် ဤနယ်ပယ်၏ အရှင်သခင် ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် တိကျသော ကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခုအပေါ် အကြွင်းမဲ့ ထိန်းချုပ်မှုကို ရရှိသွားလေပြီ။

နယ်ပယ်သခင်။

ဤနယ်ပယ်သည်လည်း သူ၏ပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။

အနောက်ပိုင်းရွှမ်ဒေသ။

ကောင်းကင်ဘုရင့်နန်းတော်သည် နတ်ဆိုးအကျဉ်းထောင်မှ ကြီးမားလှသောစစ်တပ်ကြီးကို ဦးဆောင်ကာ အသည်းအသန် ခုခံနေလေသည်။

သူ၏ စွမ်းအားမှာ ဘိုးဘေးအဆင့်နှင့် မယုံနိုင်လောက်အောင် နီးကပ်နေပြီဖြစ်ရာ ဝူယွမ်၏ ကိုယ်ပွားပင်လျှင် သူ့ကို အချိန်တိုအတွင်း ချေမှုန်းနိုင်စွမ်းမရှိခဲ့ပေ။

သို့သော် ဤအချိန်တွင် ဧရာမလက်ကြီးတစ်ဖက်က ကောင်းကင်မှ ကျဆင်းလာသည်။

၎င်းက သူ့ကို တိုက်ရိုက် ကြိတ်ချေပစ်လိုက်သည်။

ပုရွက်ဆိတ်တစ်ကောင်ကို ကြိတ်ချေသကဲ့သို့ပင်။

နယ်ပယ်သခင် ဖြစ်လာပြီးနောက် နယ်ပယ်အတွင်းရှိ မည်သူ့ကိုမဆို ဆန့်ကျင်သည့် ဝူယွမ်၏ လုပ်ရပ်များသည် အခြားအတိုင်းအတာတစ်ခုမှ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် ဝူယွမ် ဘိုးဘေးအဆင့်သို့ တက်လှမ်းသွားသည့် သတင်းသည် ပျံ့နှံ့သွားလေသည်။

သူ့ကို ‘ဖန်ဆင်းရှင်’၊ ‘ကမ္ဘာဖန်တီးသူ’၊ ‘ဘိုးဘေးဝူ’၊ ‘ဘိုးဘေးယွမ်’ အစရှိသည့် ဘွဲ့အမည်များ ပေးအပ်ခဲ့ကြသည်။

ထျန်းရွှမ်တိုက်ကြီး၏ ဒုတိယမြောက် ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူ ဖြစ်လာခဲ့လေပြီ။

တစ်နှစ်အကြာတွင်။

လောကတစ်ခုလုံးရှိ ကမ္ဘာခြားနတ်ဆိုးများ အားလုံး ရှင်းလင်းခံလိုက်ရလေပြီ။

ထျန်းရွှမ်တိုက်ကြီးသည် ငြိမ်းချမ်းမှုဆီသို့ ပြန်လည် ရောက်ရှိသွားသည်။

“ကမ္ဘာပေါင်းစပ်ခြင်း”

ဝူယွမ်သည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာကို ထျန်းရွှမ်တိုက်ကြီး၏ ဗဟိုချက်တွင် နေရာချထားလိုက်ပြီး ထျန်းရွှမ်တိုက်ကြီးကို ထိုးဖောက်ဝင်ရောက်နေသော မားမားမတ်မတ်ရပ်တည်နေသည့် ဧရာမ ကျောက်တိုင်ကြီးအဖြစ် ပြောင်းလဲလိုက်သည်။

ကမ္ဘာနှစ်ခု ပေါင်းစပ်သွားသည်နှင့်အမျှ ထျန်းရွှမ်တိုက်ကြီး၏ နယ်ပယ်သန္ဓေသားသည်လည်း ကမ္ဘာသစ်ပင်အတွင်းသို့ ဝင်ရောက်၍ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

ပေါင်းစပ်သွားသော ကမ္ဘာကြီးသည် ကြီးမားသော ဆင့်ကဲပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်။

သံသရာအဆင့်သည် ဤလောက၏အကန့်အသတ် မဟုတ်တော့ပေ။

၎င်းသည် ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူများကို ပိုမိုလွယ်ကူစွာ မွေးဖွားပေးနိုင်ပြီ ဖြစ်သည်။

ကမ္ဘာသစ်ပင်၊ အသက်နှင့်သေခြင်း သံသရာစက်ဝန်း ပန်းချီကားနှင့် နယ်ပယ်သန္ဓေသားတို့၏ အကူအညီဖြင့်...

ဆယ်နှစ်အကြာတွင်။

လင်းတုန်သည် ဘိုးဘေးအဆင့်သို့ အောင်မြင်စွာ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပြီး တတိယမြောက် ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူ ဖြစ်လာခဲ့သည်။

သူ၏ ဘွဲ့အမည်မှာ ‘သိုင်းဘိုးဘေး’ ပင် ဖြစ်သည်။

ယင်းဟွမ်ဟွမ်သည် နောက်ဆုံးတွင် သူမ၏ သံသရာအမှတ်အသားကို နိုးထစေခဲ့ပြီး ရေခဲသခင်နှင့် ပေါင်းစပ်ကာ တံခါးပိတ်ကျင့်ကြံရန် ဝင်ရောက်သွားခဲ့သည်။

လင်းတုန် ဘိုးဘေးဖြစ်လာပြီးနောက် ခုနစ်နှစ်အကြာတွင် သူမသည်လည်း ဘိုးဘေးအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ‘ရေခဲဘိုးဘေး’ ဟူသော ဘွဲ့အမည်ကို ရရှိခဲ့သည်။

ဝူယွမ်သည် ၎င်းတို့အကြား သွေးကွဲမှုအချို့ ရှိလာမည်နှင့် သူ၏ ဟွမ်ဟွမ် ရှိနေဦးမည်၊ မရှိနေမည်ကို အစက စိုးရိမ်နေခဲ့သော်လည်း သူမ ဘိုးဘေးအဆင့်သို့ တက်လှမ်းသည့် ညတွင်မူ ယင်းဟွမ်ဟွမ်သည် သူ့ကုတင်ဆီသို့ ပြေးလာပြီး စောင်ထဲဝင်ကာ သူ၏ရင်ခွင်ထဲသို့ တိုးဝင်လျက် နမ်းရင်း ပြောလိုက်သည်။

“ရေခဲသခင်မ ဆိုတာ မရှိပါဘူး... ကျွန်မက အမြဲတမ်း ရှင်ရဲ့ ဟွမ်ဟွမ်ပါပဲ”

ရေခဲဘိုးဘေးနှင့် ယွမ်ဘိုးဘေးတို့၏ အချစ်ဇာတ်လမ်းသည် လောကတစ်ခုလုံးသို့ စတင်ပျံ့နှံ့သွားလေသည်။

All Chapters