အခန်း ၄၈၀
Vol. 48 Ch. 480 - final
အခန်း (၄၈၀) - ဘိုးဘေးအဆင့် ကျင့်ကြံသူတစ်ရာကျော်(၂) (ဇာတ်သိမ်းပိုင်း)
သူတို့နှစ်ဦးသည် ပြီးပြည့်စုံသော စုံတွဲတစ်တွဲဖြစ်သည်ဟု လူတိုင်းက ထင်မှတ်ခဲ့ကြသည်။
ရေခဲဘိုးဘေး၏ လှုံ့ဆော်မှုကြောင့် ရေခဲဘိုးဘေး၏ ပြိုင်ဘက်များသည်လည်း ဘိုးဘေးအဆင့်သို့ ရောက်ရှိရန်နှင့် ယွမ်ဘိုးဘေးကို အပြိုင်အဆိုင် လုယူရန် ပိုမို ကြိုးစားပမ်းစား ကျင့်ကြံလာကြသည်။
သုံးနှစ်အကြာတွင် လင်းချင်းကျူးသည် ဘိုးဘေးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ‘တိုင်ချင်းဘိုးဘေး’ ဟု ဂုဏ်ပြုခံခဲ့ရသည်။
ဆယ်နှစ်အကြာတွင် ချင်းတန်သည် ဘိုးဘေးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ‘အစိမ်းရောင်ဘိုးဘေး’ ဟု ဂုဏ်ပြုခံခဲ့ရသည်။
ထို့နောက် နှစ်အနည်းငယ်ကြာတိုင်း တစ်စုံတစ်ယောက်သည် ဘိုးဘေးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
နှစ်တစ်ရာအကြာတွင်။
ရှေးဟောင်း သခင်ကြီးရှစ်ပါးအားလုံး ဘိုးဘေးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။
မုလင်းရှန်၊ ရှောင်ယန်၊ ရှောင်တျောင်း၊ ကျန်းယွဲ့၊ မုချန်ချန်နှင့် အသက်နှင့်သေခြင်း ဘိုးဘေးအဆောင်မှ ပြောင်းလဲလာသော ချင်းကျီတို့အားလုံး ဘိုးဘေးအဆင့်သို့ ရောက်ရှိခဲ့ကြသည်။
ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူအရေအတွက်မှာ နှစ်ဆယ်ကျော်သွားခဲ့ပြီ ဖြစ်သည်။
ဝူယွမ်၏ စွမ်းအားမှာ ဘိုးဘေးအဆင့်ထက် များစွာသာလွန်နေပြီး သူကိုယ်တိုင်ပင် မသိနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။
“လုံခြုံအောင်လို့ နောက်ထပ်နှစ်တစ်ထောင်လောက် ထပ်ပြီးကျင့်ကြံဦးမယ်”
ဝူယွမ်သည် ဆက်လက်ကျင့်ကြံနေခဲ့သည်။ ဤလောကတွင် ပြည်တွင်းခြိမ်းခြောက်မှုများ မရှိတော့ဘဲ တစ်ခုတည်းသော ပြင်ပခြိမ်းခြောက်မှုမှာ ကမ္ဘာခြားနတ်ဆိုးဧကရာဇ်သာ ဖြစ်သည်။
သို့သော် ကမ္ဘာခြားနတ်ဆိုး နယ်ပယ်တွင် ပိုမိုအစွမ်းထက်သော သက်ရှိများ ရှိနေမည်၊ မရှိနေမည်ကို ဝူယွမ်မသိရှိပေ။
လုံခြုံရေးအတွက် ချိတ်ပိပ်ထားမှုကို ဖျက်ဆီးဥ အပြင်သို့ မထွက်ခွာမီ သူ၏စွမ်းအားကို ထပ်မံမြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ဝူယွမ်တွင် ကလေးများ ပိုဥများလာခဲ့သည်။
လင်းချင်းကျူး၊ ယင်းဟွမ်ဟွမ်၊ ချင်းတန်၊ ပိုင်ယွမ်၊ ကျန်းယွဲ့၊ မုလင်းရှန်၊ ကျန်းယင်ယင်၊ ရွှမ်စု၊ မုချန်ချန်၊ ထန်ရှင်းလျန်၊ ရှင်းချင်နှင့် အခြားအမျိုးသမီးများအားလုံးက သူ့အတွက် ကလေးများ မွေးဖွားပေးခဲ့ကြသည်။
လင်းတုန်သည်လည်း အစစ်အမှန် ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ သူနှင့်အတူ ဝါးမျိုခြင်း နတ်ဘုရားကျောင်းတော်အတွင်းသို့ ဝင်ရောက်ခဲ့သော ခွန်ဖန် မျိုးနွယ်စု၏ ပါရမီရှင် ခွန်လင်းပင်။
ရှောင်ယန်သည် ကျားမ အများအပြားကို ရှာဖွေတွေ့ရှိခဲ့သည်။
ရှောင်တျောင်းမှာ သဘာဝကျကျပင် မိန်းမလိုက်စားသူတစ်ဦးဖြစ်ပြီး သူ အဆက်အသွယ်ပြတ်သွားသည်အထိ လေလွင့်နေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်ထောင် ကုန်ဆုံးသွားခဲ့သည်။
ဝူယွမ်၏ ကလေးအများအပြားသည်ပင် ဘိုးဘေးအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
လက်ရှိတွင် နယ်ပယ်တစ်ခုလုံးရှိ ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူအရေအတွက်မှာ တစ်ရာကျော်သွားခဲ့ပြီ ဖြစ်သည်။
အစောပိုင်း နှစ်တစ်ရာအတွင်း အများဆုံးသော ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူများကို မွေးဖွားပေးနိုင်ခဲ့ခြင်းမှာ စုဆောင်းထားခဲ့သော ရှေးဟောင်း အစွမ်းထက်ကျင့်ကြံသူ အုပ်စုတစ်စုကြောင့် ဖြစ်သည်။
ထိုအစွမ်းထက် ကျင့်ကြံသူအုပ်စုက ဘိုးဘေးအဆင့်သို့ ဖောက်ထွင်းဝင်ရောက်ပြီးနောက်ပိုင်းတွင် နောက်ဆက်တွဲ ဘိုးဘေးအဆင့်သို့ တက်လှမ်းမှုများမှာ ယခင်ကလောက် မမြန်ဆန်တော့ပေ။
ထို့ကြောင့် နှစ်တစ်ထောင်ကြာပြီးနောက် ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူ တစ်ရာကျော်ခန့်သာ ရှိနေခြင်းဖြစ်သည်။
ဝူယွမ်သည် နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင် စွမ်းအား၏ အဆင့်နှစ်ဆယ့်နှစ်ဆင့်လုံးကို ပြီးပြည့်စုံစွာ ကျင့်ကြံထားနိုင်ခဲ့လေပြီ။
ယခုအခါ သူ မည်မျှ အစွမ်းထက်နေကြောင်းကို သူကိုယ်တိုင်ပင် မသိတော့ပေ။
ကမ္ဘာကြီးက သူ့အပေါ် ကန့်သတ်ချက်များ ပြဋ္ဌာန်းနေသည်ဟုသာ သူ ခံစားနေရသည်။ ဤလောကသည် သူ့ကဲ့သို့သော အံ့မခန်းတည်ရှိမှုမျိုးကို ဆက်လက်၍ မသယ်ဆောင်ထားနိုင်တော့ပေ။
တစ်နည်းအားဖြင့် ဆိုရလျှင် သူသည် လက်ရှိနယ်ပယ်ကို နောက်တစ်ကြိမ် ကျော်လွန်သွားခဲ့ပြန်လေပြီ။
သို့သော် ဤအချက်က နယ်ပယ်အတွင်း၌ သူ ဆက်လက် နေထိုင်ခြင်းအပေါ် သက်ရောက်မှုမရှိခဲ့ပေ။
“အခုဆိုရင် နယ်ပယ်အက်ကွဲကြောင်းကိုဖွင့်ဖို့ အချိန်တန်လောက်ပြီ”
ဝူယွမ်သည် ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူများ အားလုံးကို စုစည်းလိုက်သည်။
ဘိုးဘေးအဆင့် ကျင့်ကြံသူ တစ်ရာ့နှစ်ဆယ့်ခုနစ်ဦး။
၎င်းတို့အထဲမှ အများအပြားမှာ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ကတည်းက ဘိုးဘေးအဆင့်သို့ ဖောက်ထွင်းဝင်ရောက်ခဲ့ကြသူများ ဖြစ်သည်။
“ရှေးခေတ်ကာလက ကမ္ဘာခြားနတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ဖို့ အဆောင်ဘိုးဘေး တစ်ယောက်တည်းပဲ ရှိခဲ့တာ”
“နယ်ပယ်အက်ကွဲကြောင်း ဖွင့်လိုက်ပြီးတဲ့နောက် ဒီလောက်များတဲ့ ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူတွေကို မြင်လိုက်ရရင် ကမ္ဘာခြားနတ်ဆိုးဧကရာဇ်ရဲ့ မျက်နှာအမူအရာက ဘယ်လိုဖြစ်သွားမယ်လို့ မင်းတို့ထင်လဲ”
ကြော့ရှင်းလှသော ရှောင်တျောင်းက နောက်ပြောင်လိုက်သည်။
သူ၏စကားကြောင့် လူတိုင်းက ၎င်းကို မျှော်လင့်တကြီးမဖြစ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။
အထူးသဖြင့် ရှေးဟောင်း သခင်ကြီးရှစ်ပါးနှင့် ရှေးခေတ်ကာလမှ အသက်ရှင်ကျန်ရစ်ခဲ့သော အခြားပုဂ္ဂိုလ်များသည် ဤမျှများပြားသော လူများကို မြင်တွေ့ရလျှင် ကမ္ဘာခြားနတ်ဆိုးဧကရာဇ် မည်မျှ အံ့အားသင့်သွားမည်ကို ပို၍ပင် မြင်တွေ့ချင်နေကြသည်။
ဝူယွမ်သည် နယ်ပယ်အက်ကွဲကြောင်း၏အရှေ့သို့ ရောက်ရှိလာသည်။
“ဒါက နယ်ပယ်အက်ကွဲကြောင်းရဲ့ ချိပ်ပိတ်မှုလား”
ဝူယွမ်သည် နယ်ပယ်အက်ကွဲကြောင်းပေါ်တွင် အဆောင်ဘိုးဘေး ချန်ထားခဲ့သော ချိပ်ပိတ်စွမ်းအားကို အာရုံခံလိုက်သည်။
“အဆောင်ဘိုးဘေး... ခင်ဗျား ချန်ထားခဲ့တဲ့ ချိပ်ပိတ်စွမ်းအားက မလိုတော့ပါဘူး”
ဝူယွမ်က အတိတ်ကို လွမ်းဆွတ်တသစွာ ပြောလိုက်ပြီးနောက် လေဟာနယ်အက်ကွဲကြောင်းကို လက်ချောင်းဖြင့် ညွှန်ပြကာ ချိပ်ပိတ်မှုကို ဖျက်ဆီးရန် ပြင်ဆင်လိုက်သည်။
ဤအချိန်တွင် ချိတ်ပိတ်ထားမှုထံမှ ရှေးဟောင်းအလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး အဆုံးအစမဲ့သော ရှေးဟောင်း အလင်းရောင်ပုံရိပ်တစ်ခုအဖြစ် ဝိုးတဝါး ပြောင်းလဲသွားပုံရသည်။
ဤအလင်းရောင်ပုံရိပ် ပေါ်လာမှုနှင့်အတူ ဝူယွမ်၏ လက်ချောင်းတိုက်ခိုက်မှုမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူ့ကို မတော်တဆ ဖြိုခွဲမိမည်စိုး၍ ဖြစ်သည်။
“အဆောင်ဘိုးဘေး”
ဝူယွမ်က တစ်ဖက်လူကို ချက်ချင်း မှတ်မိသွားသည်။
ဤအသွင်အပြင်မှာ ယန်၏ ပုံရိပ်နှင့် အလွန် ဆင်တူလေရာ ယုံမှားသံသယဖြစ်ဖွယ်မရှိ ၎င်းမှာ အဆောင်ဘိုးဘေးပင် ဖြစ်ရမည်။
“မင်းက ပင်းအာ ရွေးချယ်လိုက်တဲ့သူ ဖြစ်ရမယ်။ ကြည့်ရတာ မင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ။ ဘိုးဘေးအဆင့်ကို ရောက်ရှိရုံသာမက နယ်ပယ်သန္ဓေသားကိုပါ ရယူနိုင်ခဲ့တယ်”
အလင်းရောင်ပုံရိပ်က ဝူယွမ်ကို ကြင်နာသောအပြုံးဖြင့်ကြည့်ကာ ပြောလိုက်သည်။
အဆောင်ဘိုးဘေးသည် အရန်အစီအစဉ်တစ်ခု ချန်ထားခဲ့ပြီး ၎င်းမှာ ရေခဲသခင်မပင်။ ရေခဲသခင်မသည် ထူးချွန်ပြောင်မြောက်သော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ဘိုးဘေးအဆင့်သို့ ရောက်ရှိရန် အနည်းငယ်လိုအပ်နေသေးပြီး အခြားတစ်ယောက်ကိုသာ အောင်မြင်အောင် ကူညီပေးနိုင်မည်ဖြစ်ကြောင်း သူ သိရှိထားခဲ့သည်။
ယခု ဘိုးဘေးအဆင့် ပုဂ္ဂိုလ်တစ်ဦး ပေါ်လာပြီဖြစ်ရာ ရေခဲသခင်မက စွန့်လွှတ်အနစ်နာခံခဲ့ခြင်း ဖြစ်ရပေမည်။
“ကျွန်တော်က သူမ ရွေးချယ်ခဲ့တဲ့သူပါ။ ဒါပေမဲ့ သူမလည်း အဆင်ပြေပါတယ်။ ပြီးတော့ ခင်ဗျားရဲ့ တပည့်တွေ အားလုံးလည်း ကောင်းကောင်း အသက်ရှင်နေကြတယ်။ ကြည့်ပါဦး... သူတို့အားလုံး ဒီမှာ ရှိနေကြတယ်”
ဝူယွမ်က အနည်းငယ် ပြုံးလိုက်ပြီး သူ၏အနောက်ရှိ ဘိုးဘေးအဆင့် အစွမ်းထက် ကျင့်ကြံသူ တစ်ရာကျော်ကို အဆောင်ဘိုးဘေးအား ပြသလိုက်သည်။
“ဟူး...”
အဆောင်ဘိုးဘေး၏ ကျန်ရစ်သော အတွေးဖြင့် ဖွဲ့စည်းထားသည့် အလင်းရောင်ပုံရိပ်မှာ အံ့အားသင့်စွာ သက်ပြင်းချလိုက်မိသည်။
“ဘိုးဘေးအဆင့် ကျင့်ကြံသူတွေ ဒီလောက်တောင် များနေတာလား။ ငါသေပြီးတဲ့နောက် ကမ္ဘာကြီးက ပိုပြီး ခမ်းနားထည်ဝါလာတာလား”
“ဆရာ”
ရေခဲသခင်၊ ဝါးမျိုခြင်းသခင်နှင့် အခြားသူများအားလုံး သူ့ကို လာရောက် နှုတ်ဆက်ကြသည်။
“မင်းတို့အားလုံး...”
အဆောင်ဘိုးဘေးမှာ ခေတ္တမျှ ဆွံ့အသွားရသည်။
သူ၏ ဤကျန်ရစ်သောအတွေး နိုးထလာချိန်တွင် ကောင်းကင်နှင့် မြေကြီးအကြား နောက်ထပ်စစ်ပွဲကြီးတစ်ခု ဖြစ်ပွားနေမည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။
၎င်းမှာ သိုင်းပညာရွှေခေတ်ကာလတစ်ခု ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ဤသည်မှာ သူ၏ ကျန်ရစ်သော အတွေးကို ချန်ထားခဲ့စဉ်က သူရှိခဲ့သည့် အတွေးနှင့် လုံးဝ ကွာခြားနေလေသည်။
ခေတ္တမျှ သူ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေပြီး ဝမ်းသာရမည်လား၊ ဝမ်းနည်းရမည်လား မသိအောင် ဖြစ်နေလေသည်။
ထိုစဉ်က သူ အလွန် ဒုက္ခရောက်ခဲ့ရသည်မဟုတ်လော။
သူ့တွင် ကူညီမည့်သူ နောက်တစ်ယောက်သာ ရှိခဲ့မည်ဆိုလျှင် ထိုကဲ့သို့ ဖြစ်ခဲ့မည်မဟုတ်ပေ။
သူသည် နောက်မျိုးဆက်များကို အားကျမိသည်။
သို့သော် သူ သေဆုံးသွားခဲ့ပြီမဟုတ်လော။
ကမ္ဘာသစ်ပင်၏ သစ်ကိုင်းလေးတစ်ခုက ဆန့်ထွက်လာသည်။
“အဆောင်ဘိုးဘေး... သိုင်းပညာရွှေခေတ်ကြီးက ခင်ဗျား ဆန္ဒရှိခဲ့တဲ့အတိုင်းပါပဲ။ ကျေးဇူးပြုပြီး အနားယူဖို့ အတွင်းကမ္ဘာထဲကိုဝင်ပါ။ ခင်ဗျားရဲ့ ဒီကျန်ရစ်တဲ့အတွေးက ပြန်လည်ရှင်သန်နိုင်ပါသေးတယ်”
ဝူယွမ်သည် ကမ္ဘာသစ်ပင်ကို အဆောင်ဘိုးဘေး၏ နောက်ဆုံးကျန်ရစ်သော ဝိညာဉ်ကို ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ လမ်းပြခေါ်ဆောင်သွားစေရန် ညွှန်ကြားလိုက်သည်။
အဆောင်ဘိုးဘေးသည် ငြင်းဆန်ခြင်း မရှိခဲ့သကဲ့သို့ ငြင်းဆန်ရန် အကြောင်းပြချက်လည်း မရှိခဲ့ပေ။ ဤကြီးပွားချမ်းသာသော ခေတ်ကြီးသည် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီဖြစ်သည်။
အသက်ရှင်နိုင်သေးမည်ဆိုလျှင် မည်သူက သေချင်ပါမည်နည်း။
သူလည်း အသက်ရှင်နေထိုင်ပြီး ဤကမ္ဘာကြီး မည်သို့ ဖြစ်နေသည်ကို မြင်တွေ့ချင်သေးသည်။
ဝူယွမ်က ပြတ်သားစွာ ပြောလိုက်သည်။
“ဝင်သွားလိုက်ပါ။ ခင်ဗျားရဲ့ ကျန်ရစ်တဲ့အတွေးပုံစံနဲ့ ပြန်လည်ရှင်သန်ဖို့ အခွင့်အရေး ရှိနေသေးတယ်”
အဆောင်ဘိုးဘေးနှင့် ကမ္ဘာခြားနတ်ဆိုးဧကရာဇ်တို့သည် နယ်ပယ်သန္ဓေသားကို တပ်မက်ကြသည့် တူညီသော ရည်မှန်းချက် ရှိကြသော်လည်း ၎င်းတို့နှစ်ဦးမှာ အစွန်းနှစ်ဖက် ဖြစ်ကြသည်။
တစ်ဦးက ဖျက်ဆီးချင်ခြင်းဖြစ်ပြီး နောက်တစ်ဦးက ကာကွယ်ခြင်း ဖြစ်သည်။
အဆောင်ဘိုးဘေးသည် သူရရှိမည့် ထျန်းရွှမ်တိုက်ကြီးမှာ လှပပြီး မပျက်စီးသေးသောကမ္ဘာကြီးတစ်ခု ဖြစ်ရန် မျှော်လင့်ခဲ့သည်။
ဤအချက်တွင် သူသည် ဝူယွမ်နှင့် တူညီလေသည်။
နယ်ပယ်သခင်တစ်ဦးအနေဖြင့် သူသည် နယ်ပယ်ကို ပိုမိုကောင်းမွန်လာစေဖို့သာ အလိုရှိလေသည်။
“အခု... နယ်ပယ်ကို မရေမတွက်နိုင်တဲ့လောကတွေဆီ ပြန်သွားခွင့်ပြုဖို့ အချိန်တန်ပြီ”
“ကမ္ဘာခြားနတ်ဆိုးဧကရာဇ်... ဒီကိုလာခဲ့စမ်း”
ဝူယွမ်သည် နယ်ပယ်အက်ကွဲကြောင်း၏ ချိပ်ပိတ်မှုကို ဖျက်ဆီးလိုက်သည်။
ဘိုးဘေးအဆင့် အစွမ်းထက် ကျင့်ကြံသူအားလုံး အဆင်သင့် ရပ်နေကြသည်။
ဒိုင်း... ဂျိုင်း...
ချိတ်ပိတ်ထားမှုမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားလေသည်။ ချိပ်ပိတ်တံဆိပ် ပျောက်ကွယ်သွားသည်နှင့် မိုင်သိန်းချီကျယ်ဝန်းသော နယ်ပယ်အက်ကွဲကြောင်းကြီးမှာ ဖြည်းညင်းစွာ စတင် လှုပ်ရှားလာသည်။
၎င်းသည် ကောင်းကင်နှင့် မြေကြီးကို ကိုက်ဖဲ့တော့မည့် နတ်ဆိုးတစ်ကောင်၏ ဧရာမပါးစပ်ကြီးနှင့် တူနေလေသည်။
အကောင်အထည် ရှိသလောက်နီးပါး သိပ်သည်းနေသော အမည်းရောင် မိစ္ဆာစွမ်းအင်များက နယ်ပယ်အက်ကွဲကြောင်း၏ အနောက်မှ ရိုက်ခတ်ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် နေ၊ လ နှင့် ကောင်းကင်နှင့် မြေကြီး အားလုံး အရောင်အသွေး ကင်းမဲ့သွားသည်။
မိစ္ဆာစွမ်းအင်များက လောကသို့ ပျံ့နှံ့သွားပြီး ၎င်းအတွင်း၌ အလွန် ဆိုးယုတ်သော မျက်လုံးတစ်လုံးက ဤလောကကို ခံစားချက်မဲ့စွာ ကြည့်နေပုံရသည်။
“နယ်ပယ်ချိပ်ပိတ်မှု နောက်ဆုံးတော့ ပျက်စီးသွားပြီလား။ ထျန်းရွှမ်တိုက်ကြီး... ငါ ပြန်လာပြီ”
အံ့သြနေသော မိစ္ဆာအသံတစ်ခု ထွက်ပေါ်လာသည်။
နယ်ပယ်၏ အပြင်ဘက်တွင် ဧရာမမိစ္ဆာအရိပ်ကြီးတစ်ခု ပေါ်လာသည်။
၎င်း၏ ပုံပန်းသဏ္ဌာန်မှာ ယခင်က မိစ္ဆာဧကရာဇ်၏ပုံရိပ်တွင် ဝူယွမ် မြင်တွေ့ခဲ့ရသည့်အတိုင်း အတိအကျပင်။
ဤကောင်မှာ ပါးနပ်သောကောင် ဖြစ်ပုံရသည်။ အက်ကွဲကြောင်း၏ ချိပ်ပိတ်တံဆိပ် ပျက်စီးသွားပြီး အထဲသို့ ဝင်ရောက်နိုင်ရန် နယ်ပယ်အက်ကွဲကြောင်း အပြင်ဘက်တွင် အမြဲတမ်း ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။
“ပြန်လာတာ ကြိုဆိုပါတယ်... ကမ္ဘာခြားနတ်ဆိုးဧကရာဇ်”
“ငါတို့ စောင့်နေတာကြာပြီ”
ဝူယွမ်က ပြုံးပြလိုက်ပြီး သူ့ကို သားကောင်တစ်ကောင်ကဲ့သို့ ကြည့်လိုက်သည်။
ကမ္ဘာခြားနတ်ဆိုးဧကရာဇ် ပေါ်လာသည့် အခိုက်အတန့်မှာပင် ဝူယွမ်သည် သူ၏ စွမ်းအားကို အာရုံခံမိလိုက်သည်။
‘အားနည်းလိုက်တာ’
‘အရမ်းကို အားနည်းလွန်းတယ်'
သူ လှုပ်ရှားရန်ပင် မလိုတော့ပေ... ထိုနေရာရှိ မည်သည့် ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူမဆို သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။
“ဘာ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကမ္ဘာခြားနတ်ဆိုးဧကရာဇ်သည် ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူ တစ်ရာကျော်ကို ချက်ချင်း အာရုံခံမိသွားသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သောင်းနှင့်ချီသော ကြောက်မက်ဖွယ် မိစ္ဆာမျက်လုံးများမှာ ယခုအခါ အနည်းငယ် တွေဝေသွားကြပုံရပြီး တစ်ပြိုင်နက်တည်း ဆွံ့အသွားကြသည်။
သူက အနည်းငယ် ချစ်စရာကောင်းနေပုံ ပေါ်နေလေသည်။
[စနစ်အသိပေးချက်]။ ။ကမ္ဘာခြားနတ်ဆိုးဧကရာဇ်၏ ရှေ့မှောက်သို့ ရောက်ရှိပါသည်။ ဆိုင်းအင်ဝင်ရောက်မည်လား။
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော စနစ်၏ အသံက ဝူယွမ်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
နှစ်တစ်ထောင်ကျော် ကြာခဲ့ပြီ ဖြစ်သည်။
ဝူယွမ်သည် စနစ်၏တည်ရှိမှုကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
‘နောက်ဆုံးတော့... ငါ ပြန်ပြီး ဆိုင်းအင်ဝင်လို့ရပြီ'
“ကြမ်းကြမ်းတမ်းတမ်း မလုပ်နဲ့နော်... ဖမ်းပြီးတော့မှ ဖြည်းဖြည်းချင်း စစ်မေးလိုက်”
ဝူယွမ်က လှုပ်ရှားရန်ပင် မလိုအပ်ဘဲ လှည့်ကာ သူ့အနောက်ရှိ ဘိုးဘေးအဆင့် ကျင့်ကြံသူများကို ပြောလိုက်သည်။
“ဟဲဟဲဟဲ...”
“ပြဿနာမရှိပါဘူး...”
“ငါတို့ သေချာပေါက် ကြမ်းကြမ်းတမ်းတမ်းမလုပ်ပါဘူး...”
လင်းတုန်၊ ရှောင်တျောင်း၊ ဝါးမျိုခြင်းသခင်နှင့် အခြားသူများအားလုံး ပြုံးလိုက်ကြသည်။
သူတို့သည် ရှေ့သို့ အုံဖွဲ့သွားကြပြီး ကမ္ဘာခြားနတ်ဆိုးဧကရာဇ်ကို ဝိုင်းရံလိုက်ကြသည်။
ကြီးမြတ်လှသော ကမ္ဘာခြားနတ်ဆိုးဧကရာဇ်သည် နောက်ဆုံးတွင် အခြားကမ္ဘာမှ အနိုင်ကျင့်ခံရမှုကို ကြုံတွေ့လိုက်ရလေသည်။
လူတိုင်းက ကမ္ဘာခြားနတ်ဆိုးဧကရာဇ်ကို ညှဉ်းပန်းနှိပ်စက်နေကြစဉ်။
ဝူယွမ်က စနစ်ကို ဖြေကြားလိုက်သည်။ “ဆိုင်းအင်ဝင်မယ်”
[စနစ်အသိပေးချက်]။ ။ဆိုင်းအင်ဝင်ရောက်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါသည် သခင်၊ “မရေမတွက်နိုင်သော ကောင်းကင်နှင့် လောကများ၏ ကြယ်တာရာမြေပုံ” ကို ရရှိပါသည်။
“အို... မရေမတွက်နိုင်တဲ့ ကောင်းကင်နဲ့ လောကတွေရဲ့ ကြယ်တာရာမြေပုံလား”
ဝူယွမ်က ဆုလာဘ်ကို အမြန် ရယူလိုက်ရာ သူ၏စိတ်ထဲတွင် ကြယ်တာရာမြေပုံတစ်ခု ပေါ်လာသည်။
၎င်းပေါ်တွင် ကြယ်ပွင့်လေးများ အများအပြားရှိနေလေသည်။
“ကမ္ဘာခြားနတ်ဆိုး နယ်ပယ်၊ တုန့်ဖို နယ်ပယ်၊ တုန့်လော် နယ်ပယ်၊ ယွမ်ကျွင်း နယ်ပယ်၊ ကျယ်ထျန်း နယ်ပယ်၊ မဟာထောင်ချီ နယ်ပယ်...”
ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော ကောင်းကင်နှင့် လောကများ အားလုံး၏ တည်နေရာများကို သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။
ဝူယွမ်သည် နယ်ပယ်သခင်ဖြစ်ရာ... သူသည်လည်း နယ်ပယ်ကို ခရီးစဉ်တစ်ခုသို့ ခေါ်ဆောင်သွားနိုင်လေသည်။
“ကမ္ဘာခြားနတ်ဆိုး နယ်ပယ်က ဘေးနားမှာတင်ပဲ။ သူတို့ကိုသွားပြီး အရင်သိမ်းပိုက်လိုက်မယ်။ ကမ္ဘာသစ်ပင်ကို အဆင့်မမြှင့်ရတာကြာပြီ...”
ဝူယွမ်၏ အကြည့်က အနီးဆုံး နယ်ပယ်ဆီသို့ ရောက်ရှိသွားသည်။
သူ ထပ်မံ ကြည့်လိုက်သည်... “ရင်းနှီးနေတဲ့ နယ်ပယ်တွေ အတော်လေး များတာပဲ”
“ငါ့ရဲ့ ယခင်ဘဝက ဖတ်ဖူးခဲ့တဲ့အရာတွေ အများကြီးပဲ... ပြီးတော့ ငါသဘောကျတဲ့ နတ်သမီးလေးတွေလည်း အများကြီးပဲ”
“မရေမတွက်နိုင်တဲ့ ကောင်းကင်နဲ့ လောကတွေ... အားလုံးကို ငါ သွားကြည့်ချင်တယ်”
ဝူယွမ်သည် နယ်ပယ်ကို ယူဆောင်ကာ လေဟာနယ် စကြာဝဠာထဲသို့ ဝင်ရောက်သွားလေသည်။
[ပြီးပါပြီ]