အခန်း (၂၂၅၇-၂၂၅၈)
Vol. 226 Ch. 2257-2258
အခန်း (၂၂၅၇) မင်းတို့ နားမလည်ကြပါဘူး
မိုရှဲ့နှင့် ပိုင်ချန်းမင်းတ နှစ်ဦးသည် ခဏတာ စကားစမြည်ပြောဆိုပြီးနောက် သူတို့နှစ်ဦးအား စွမ်းအားရှင်အဖွဲ့ သို့ ဝင်ရောက်ရန် ဖိတ်ခေါ်လိုက်သည်။
“စွမ်းအားရှင် အဖွဲ့ ဟုတ်လား ”
ပိုင်ချန်းမင်းမာ သိချင်စိတ်ဖြင့်
“မို အစ်ကိုကြီး၊ စွမ်းအားရှငိ အဖွဲ့ ဆိုတာ ဘာလဲဗျ ”
ဟွမ်ချင်းကျူကလည်း မိုရှဲ့ကို ပြုံးရွှင်စွာ ကြည့်နေသော်လည်း သူ့မျက်လုံးအကြည့်တို့၏ အနက်ရှိုင်းဆုံးနေရာတွင်မူ သတိထားသည့် အရိပ်အယောင်တစ်ခုကို ခပ်ရေးရေး ပေါ်လာစေသည်။
“စွမ်းအားရှင် အဖွဲ့ ဆိုတာ အဓိပ္ပာယ်အတိုင်းပဲ၊ ကျောင်းတော်မှာရှိတဲ့ လူကြီးလူကောင်း တွေ စုဝေးရာနေရာပေါ့။
ဒါက ငါတို့လိုမျိုး ကျောင်းသားငယ်လေးတွေ အချင်းချင်း ဖေးမကူညီကြမယ့် နေရာတစ်ခုလို့လည်း ပြောလို့ရတယ်။
မင်းတို့နှစ်ယောက်က စွမ်းအင်စုစည်းခြင်း အဆင့် သူတော်စင်အဖြစ် မရောက်သေးဘူး၊ နှစ်ပေါင်းတစ်ထောင်ကြာတဲ့ ပဏာမကာလကို မကျော်ဖြတ်နိုင်ရင် ကျောင်းတော်ကနေ ထုတ်ပယ်ခံရလိမ့်မယ်။
ဒါကြောင့် စွမ်းအားရှင်အဖဲ့ ကို ဝင်ထားရင် ကျောင်းတော်ကနေ ထွက်သွားတဲ့အခါမှာလည်း ချင်းမင် အမြင့်ဆုံး မဟာမိတ်အဖွဲ့ရဲ့ နေရာတိုင်းမှာ စွမ်းအားရှင် အဖွဲ့ က သူတော်စင်တွေက အချင်းချင်း စောင့်ရှောက်ပေးကြလိမ့်မယ် ”
မိုရှဲ့မှာ စွမ်းအားရှင် အဖွဲ့ ထဲဝင်ခြင်း၏ ကောင်းကျိုးများကို တရစပ် ပြောပြနေတော့သည်။
ဟွမ်ချင်းကျူမှာ အချက်အလက်ကို သဘောပေါက်သွားပြီး ပိုင်ချန်းမင်း ကိုစိတ်သွယ်စကား ပြောလိုက်သည်။
“ဂိုဏ်းဂဏဖွဲ့တဲ့ နေရာပဲ၊ ငါတို့က အခုမှ ရောက်ခါစ၊ ကျောင်းတော်ထဲက ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေကိုလည်း မသိသေးဘူး၊ မပတ်သက်တာ အကောင်းဆုံးပဲ ”
ပိုင်ချန်းမင်းလည်း ထိုစကားမှာ မှန်ကန်သည်ဟု ယူဆကာ ပြုံးရွှင်စွာဖြင့် ငြင်းပယ်လိုက်သည်။
မိုရှဲ့မှာ ခဏတာ မှင်သက်သွားသော်လည်း စိတ်မဆိုးဘဲ ပြုံး၍ ခေါင်းညိတ်သည်။
“ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုတော့ တစ်ယောက်နဲ့တစ်ယောက် သိသွားပြီပဲ၊ နောက်ပိုင်းမှာ ညီငယ်နှစ်ယောက် စိတ်ဝင်စားလာရင် ဒီဂျွန်းတောင်ကို လာပြီး ငါ့ကို ရှာလို့ရပါတယ်။”
ထိုအချိန်တွင် ကောင်းကင် ငါးပါးခန်းမမှာ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ကျောင်းသားများမှာ ဖန့်ချန်နှင့် ဖန့်ကျစ်ရွှယ်တို့ နှစ်ဦးတည်း ကောင်းကင် ငါးပါးခန်းမထဲ ဝင်သွားသည်ကို မြင်သောအခါ နောက်မှ တစ်ယောက်ပြီးတစ်ယောက် လိုက်ဝင်သွားကြသည်။
“နှစ်ယောက်လုံး၊ နောက်မှ ပြန်တွေ့မယ် ”
မိုရှဲ့က လက်ကို ဝှေ့ယမ်းနှုတ်ဆက်ပြီး ကောင်းကင် ငါးပါးခန်းမဘက်သို့ လျှောက်သွားသည်။
ပိုင်ချန်းမင်း မှာ လူအုပ်ကြီး ကောင်းကင် ငါးပါးခန်းမထဲသို့ စီးဝင်သွားသည်ကို ကြည့်ရင်း အလွန်ပင် မနာလိုဖြစ်မိသည်။
“သည်းခံထားပါ၊ ငါတို့ ကရုဏာ တောင်တန်းရဲ့ စည်းမျဉ်းကို မေ့မသွားနဲ့ ”
ဟွမ်ချင်းကျူက အေးဆေးစွာ ပြောသည်။
“မင်းမှာပြောစရာ ရှိလို့လား ”
ပိုင်ချန်းမင်းက မျက်လုံးကို လှန်ကြည့်လိုက်သည်။
“သွားကြစို့၊ တခြား ကျောင်းတော်တွေကို လှည့်ပတ်ကြည့်ရအောင်၊ အခုအချိန်မှာ လူနည်းတော့ သူတို့ရဲ့ နတ်ဘုရားစွမ်းအားတွေကို သွားကြည့်ဖို့ အကောင်းဆုံးပဲ ”
“သွားကြစို့”
……
“ဖန့် အစ်ကိုကြီး၊ ဒါက ဘာလုပ်မလို့လဲ”
ဖန့်ကျစ်ရွှယ်က ဖန့်ချန်သည် သူမနှင့်အတူ နေမင်း ခုနစ်ပါး နယ်မြေ၏ ဝင်ပေါက်ဆီသို့ လျှောက်သွားသည်ကို မြင်သောအခါ မျက်လုံးထဲတွင် အံ့ဩမှုတစ်ခု ပေါ်လာသည်။
“အဲဒီလူတွေကို သွားတွေ့မလို့လေ၊ သူတို့ ငါ့ကို စောင့်နေတာ ကြာပြီထင်တယ် ”
ဖန့်ချန်က အေးဆေးစွာ ပြောသည်။
ဖန့်ကျစ်ရွှယ်မှာ အကြောင်းရင်းကို သဘောပေါက်သွားပြီး တုန်းဖုန်းဟို့၏ ကိစ္စကြောင့် ဖန့် အစ်ကိုကြီးက ယခင်ကနှင့် မတူသော ဝင်ပေါက်ကို ရွေးချယ်လိုက်ကြောင်း ခန့်မှန်းမိသည်။
ထိုနှစ်ဦးလုံး နေမင်း ခုနစ်ပါး ဝင်ပေါက်တွင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ လူသားမျိုးနွယ်စု ကျောင်းသားများထဲတွင် အံ့ဩသူများစွာ ရှိနေသည်။
“တုန်းဖုန်းဟို့ သေဆုံးသွားတာက ဖန့်ချန် ကို တကယ် ဒေါသထွက်စေပုံပဲ ”
“ဒါပေမဲ့ လူသားမျိုးနွယ်စုက အင်အားနည်းတော့ သူတို့နှစ်ယောက် နေမင်း ခုနစ်ပါး နယ်မြေကို သွားတာ၊ အဲဒီ ခုနစ်ပါး ကျောင်းသားတွေကို စကားနဲ့နိုင်အောင် ပြောနိုင်ပါ့မလား မသိဘူး။”
“စကားနဲ့နိုင်တာ မနိုင်တာက ဘာအရေးလဲကောင်းကင် ငါးပါး စစ်မြေပြင်ဆိုတာ လက်တွေ့စွမ်းအားကို ပြိုင်ရတာပါ၊ ပါးစပ်နဲ့ ပြိုင်ရတာ မဟုတ်ဘူး။”
“ဒါလည်း ဟုတ်တာပါပဲ……”
ကျောင်းသားများမှာ ခေါင်းခါယမ်းကာ သက်ဆိုင်ရာ ဝင်ပေါက်များဆီသို့ လျှောက်သွားကြသည်။
ချင်ကွမ််း ၊ ချင်ခွန်း တို့ပါအဝင် ကျောင်းသားများမှာ နေမင်း ခုနစ်ပါး ဝင်ပေါက်ကို ခိုးကြည့်လိုက်ကြရာ မျက်လုံးအောက်တွင် မနာလိုမှုနှင့် မကျေနပ်မှုများ ခပ်ရေးရေး ပေါ်လာသည်။
……
ဖန့်ချန်သည် ကိုယ်ပေါ်တွင် အေးစက်စက် အငွေ့အသက်တစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရပြီးနောက် ဖန့်ကျစ်ရွှယ်နှင့်အတူ ကျယ်ပြောလှသော ပလက်ဖောင်းကြီးတစ်ခုပေါ်တွင် ပေါ်လာသည်။
တိုက်ခိုက်ရေး နယ်မြေနှင့် မတူဘဲ ရွှေရောင်အလင်းတန်းများ ကျရောက်လာသည်နှင့်အတူ အနီးနားတွင် လူအနည်းငယ်သာ ရှိပြီး တိုက်ခိုက်ရေး နယ်မြေကဲ့သို့ လူကျပ်မနေပေ။
“ဒီတစ်ခေါက် ဖန့်ချန်က အဆင့် ၂၀ ထဲ ဝင်နိုင်မလားလို့ မင်းတို့ ဘယ်လိုထင်လဲ ”
ယူဝမ်ရှန်းမှာ ပေါ်လာသည်နှင့် တပြိုင်နက် ထိုက်ဟောက်ကျုံး လန်ဟွမ်ချွန် တို့နှင့် စကားစမြည် ပြောဆိုသည်။
“နောက်ထပ် ၁၀ ပွဲဆက်တိုက် နိုင်ရဦးမှာလား အဲလောက်တော့ လွယ်မယ် မထင်ဘူး……”
“ဒီ ၁၀ ပွဲကို သူ နိုင်ခဲ့ရင် အဆင့် ၂၀ ထဲ ဝင်နိုင်တယ်လို့ ဆိုလိုတာပဲ၊ ဒါဆို အဲဒီ နတ်ဆိုးတွေနဲ့ အတူတူ ဖြစ်မသွားဘူးလား ”
“ပြောဖို့ ခက်တယ်၊ လူသားမျိုးနွယ်စုရဲ့ အရင်းအမြစ်က အဲလောက်ထိ မတောင့်တင်းသေးဘူးလို့ ခံစားရတယ်။”
“အရင်းအမြစ်ဆိုတာ ဘာဆိုင်လို့လဲ ဟိုပိုင်ချန်းယွီက မင်တူမျိုးနွယ်စုက မဟုတ်ဘူးလား မင်တူမျိုးနွယ်စုက လူသားမျိုးနွယ်စုထက် အများကြီး နိမ့်ကျသေးတယ်၊ သူတောင် ငါတို့ထက် ဘယ်လောက်ထိ တော်နေလဲ ”
လူတိုင်းမှာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
ထိုက်ဟောက်ကျုံးကပြုံးလိုက်သည်။
“အများကြီး ပြောနေတော့ရော ဘာထူးမှာလဲ ခဏနေရင် သိရမှာပဲ မဟုတ်လား။
ဒါပေမဲ့ အရင်က ငါ သူ့လက်ချက်နဲ့ ရှုံးခဲ့တုန်းက သူ့စွမ်းအားကို နည်းနည်းတော့ နားလည်ထားတယ်။ ၁၀ ပွဲဆက်တိုက် မပြောနဲ့၊ ၅ ပွဲတော့ သေချာပေါက် နိုင်မှာပါ ”
“မကြွားပါနဲ့တော့၊ အရင်တုန်းကတော့ မင်းပြောတာကို ယုံမိတယ်၊ အခုကြည့်ရတာ သူနဲ့တွေ့ရင် မင်းတစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး ”
ယူဝမ်ရှန်းက အေးစက်စက် ရယ်မောသည်။
လန်ဟွမ်ချွန် ကလည်း ကဲ့ရဲ့ပြုံး ပြုံးလိုက်သည်။
“ပြောရင်းပြောရင်းနဲ့ ကိုယ့်ဘာသာကိုယ်တောင် ယုံသွားပြီလား ”
အနီးနားတွင် ရယ်မောသံများ ထွက်ပေါ်လာသည်။
ထိုက်ဟောက်ကျုံးမှာ မျက်နှာပျက်သွားသည်။
“မင်းတို့ မယုံဘူးလား နောက်တစ်ခေါက် သူ့နဲ့ ယှဉ်ပြိုင်ခွင့်ရရင် ငါ အနည်းဆုံး အကွက် ၁၀၀ လောက်တော့ ခံနိုင်မယ် ”
“ဟုတ်လား၊ ဒါဆိုရင်တော့……”
လန်ဟွမ်ချွန် က အေးစက်စက် ရယ်မောလိုက်ပြီး စကားတစ်ခုခု ပြောတော့မည့်အချိန်တွင် အကြည့်မှာ မတော်တဆ ရောက်သွားပြီး ဖန့်ကျစ်ရွှယ်ကို မြင်လိုက်ရကာ…… ထို့နောက် ဖန့်ချန်ကို မြင်လိုက်ရသည်။
သူမမှာ လည်ချောင်းထဲတွင် တံတွေး မြိုချလိုက်ပြီး ပြောမည့်စကားကို အတင်းမျိုသိပ်လိုက်ရသည်။
“ဘာတွေ ဖြစ်နေတာလဲ ပြောလေ။ ငါက မင်းထက်တော့ အနည်းဆုံး ပိုကောင်းဦးမယ်၊ အရင်တုန်းက ဖန့်ချန်နဲ့ မတိုက်ရအောင် မင်း ဘာလုပ်ခဲ့လဲဆိုတာ မင်းကိုယ်တိုင် သိမှာပေါ့ ”
ထိုက်ဟောက်ကျုံးက အေးစက်စက် ရယ်မောသည်။
“ဖန့်ချန် ဆိုတာ ငါတွေ့ဖူးတဲ့ သူတော်စင်တွေထဲမှာ အရည်အချင်း အရှိဆုံးပဲ၊ ငါ သူ့နဲ့ ယှဉ်ပြိုင်ရင် ငါ့ကိုယ်ငါ ရှက်ရွံ့ပြီး စိတ်ခံစားမှု ထိခိုက်မှာ ကြောက်လို့ ရှောင်ဖို့ နည်းလမ်းရှာခဲ့တာ။
ဒါက ရှက်စရာလို့ ငါ မထင်ဘူး။
ဖန့်ချန် အပေါ် ငါ့ရဲ့ လေးစားမှုနဲ့ အထင်ကြီးမှုကို နင်တို့းမလည်ကြပါဘူး ”
လန်ဟွမ်ချွန် ၏ အမူအရာမှာ တည်ငြိမ်သွားသည်။
“အို၊ လန်ဟွမ်ချွန် နင် သူ့ကို သဘောကျနေတာ မဟုတ်ဘူးမလား မင်းက ပေါင်ရှန် မျိုးနွယ်စု၊ သူက လူသားမျိုးနွယ်စု၊ မင်းတို့နဲ့ မလိုက်ဖက်ဘူး……”
ထိုက်ဟောက်ကျုံးက ထူးဆန်းစွာ ပြောသည်။
ယူဝမ်ရှန်းလည်း လန်ဟွမ်ချွန် ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ တစ်ခုခု မှားနေသလို ခံစားရသည်။
လန်ဟွမ်ချွန် ၏ မျက်နှာမှာ အနည်းငယ် နီရဲသွားပြီး ထိုက်ဟောက်ကျုံးကို ဒေါသတကြီး ကြည့်လိုက်သည်။
“နင် ဘာတွေ လျှောက်ပြောနေတာလဲ ဖန့် အစ်ကိုကြီး ကြားသွားရင် နင့်ပါးစပ်ကို ရိုက်လိမ့်မယ် ”
“ဖန့်ချန်က ငါတို့ပြောတာကို ဘယ်လိုလုပ် ကြားမှာလဲ ပြီးတော့ သူကြားသွားရင်တောင် ငါ့ကို ရိုက်ရဲလို့လား။
ငါက ရှီးမျိုးနွယ်စု၊ ချင်းမင်ထဲမှာ ရှီးမျိုးနွယ်စုဆိုတာ အကြီးစား မျိုးနွယ်စု၊ လူသားမျိုးနွယ်စုကတော့ အလယ်အလတ်လောက်ပဲ ရှိတာ ”
ထိုက်ဟောက်ကျုံးက အေးစက်စက် ရယ်မောသည်။ စကားဆုံးသည်နှင့် သူ့အကြည့်က တစ်နေရာသို့ ရောက်သွားပြီးမှ အမြန်ပြန်လှည့်လိုက်ကာ ဖြည့်စွက်ပြောလိုက်သည်။
“ဟုတ်တယ်၊ ဖန့်အစ်ကိုကြီး အပေါ် မင်းရဲ့ အကဲဖြတ်မှုတွေကို ငါ သဘောတူတယ်။ ဒီနှစ်တွေအတွင်းမှာ ဖန့် အစ်ကိုကြီးဟာ ငါ့စိတ်ထဲမှာ ကျော်ဖြတ်ရခက်တဲ့ နတ်ဘုရား တောင်တန်းကြီး ဖြစ်နေပြီ။
ငါကတော့ ယုံကြည်သူတစ်ယောက်လိုပဲ တောင်ခြေမှာ ရပ်ပြီး အဲဒီ အရိပ်သဏ္ဌာန်ကြီးကို ငေးကြည့်နေတာ၊ ငါ့ရင်ထဲက လေးစားမှု၊ ငါ့ရင်ထဲက ယုံကြည်မှုတွေကို စကားလုံး နည်းနည်းနဲ့ ပြောလို့မကုန်နိုင်ဘူး……”
အနီးနားရှိ သူတော်စင်များမှာ လူမိုက်များ မဟုတ်ကြပေ။ လန်ဟွမ်ချွန် နှင့် ထိုက်ဟောက်ကျုံးတို့၏ စကားပြောပုံမှာ ရုတ်တရက် ထူးဆန်းသွားသည်ကို မြင်လိုက်ရသဖြင့် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်ကြသည်။ ထို့နောက် သူတို့၏ အမူအရာမှာ တောင့်ခဲသွားပြီး ထိုနေရာတွင်ပင် ကြက်သေသေလျက် ရှိနေကြသည်။
“အို၊ ဖန့် အစ်ကိုကြီး ဒီတစ်ခေါက် နေမင်း ခုနစ်ပါး နယ်မြေကို ဘယ်လိုလုပ် ရောက်လာတာလဲ”
ယူဝမ်ရှန်းမှာ ဖန့်ချန်ကို မြင်လိုက်သည်နှင့် အမြန်ပင် တိုးကပ်သွားပြီး အရိုအသေပြုကာ မျက်နှာတွင် အချွဲတုံးကြီးအလား ပြုံးလိုက်သည်။
ထိုက်ဟောက်ကျုံး နှင့် လန်ဟွမ်ချွန် တို့မှာ ဖန့်ချန် ရှိနေသည်ကို အခုမှ သိလိုက်ရသည့်အနှယ် အံ့ဩတကြီး ဖြစ်သွားပြီး အမြန်ပင် လာရောက် ဂါရဝပြုကြသည်။
သူတို့အပြင် အနီးနားရှိ ခုနစ်ပါး ကျောင်းသားများထဲတွင် ဖန့်ချန်နှင့် မတွေ့ဖူးသူ မရှိသလောက်ပင်။ အချို့ဆိုလျှင် သူ့လက်ချက်ဖြင့် အရိုက်ခံထားရဖူးသူများ ဖြစ်၍ အမြန်ပင် လာရောက် ဂါရဝပြုကြသည်။
တစ်ချိန်တည်းမှာပင် လန်ဟွမ်ချွန် နှင့် ထိုက်ဟောက်ကျုံးတို့၏ ပလူးပလဲ လုပ်ပုံကို စိတ်ထဲတွင် ကျိန်ဆဲနေကြသည်။
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်သည်။
“အားလုံးပဲ မလိုပါဘူး ”
“ဖန့် အစ်ကိုကြီး၊ ဒီတစ်ခေါက် နေမင်းခုနစ်ပါး နယ်မြေကို ဘယ်ကျောင်းသားကို လာတွေ့တာလဲ ”
ယူဝမ်ရှန်းက သိချင်စိတ်ဖြင့် မေးသည်။
တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းတွင် နေမင်းခုနစ်ပါး ကျောင်းသားအချို့မှာ ဤနေရာကို စိုက်ကြည့်နေကြသည်။
သူတို့၏ အကြည့်တို့မှာ ဖန့်ချန်အပေါ် အလေးအနက်ထားသည့် အရိပ်အယောင်၊ မထီမဲ့မြင်ပြုသည့် အရိပ်အယောင်၊ စိတ်ဝင်စားသည့် အရိပ်အယောင် စသဖြင့် အမျိုးမျိုး ဖြစ်နေကြသည်။
အခန်း (၂၂၅၈) မင်း ဘာတွေ လျှောက်ပြောနေတာလဲ
“ဟုတ်တယ်၊ လူအနည်းငယ်ကို လာတွေ့တာပါ ”
ဖန့်ချန်က ပြုံးကာ ခေါင်းညိတ်သည်။
စကားပြောနေရင်းပင် သူ၏ အကြည့်တို့သည် လူအုပ်စု၏ အနောက်ဘက်တွင် ရှိနေသော ပုံရိပ်နှစ်ခုဆီသို့ ရောက်သွားသည်။
ထိုနှစ်ဦးမှာ စိတ်လှုပ်ရှားပြီး ရင်ခုန်နေကြသည်မှာ ကြာပြီဖြစ်သော်လည်း အနီးနားတွင် ရှေ့ဆောင် သူတော်စင် များစွာ ဝန်းရံနေသည့်အတွက် ရှေ့သို့ တိုးလာရန် အခက်အခဲ ဖြစ်နေကြသည်။
“ရှောင်ပန်း၊ ရှောင်ထျန်း၊ မတွေ့တာ ကြာပြီနော် ”
ဖန့်ချန်က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
နေမင်းခုနစ်ပါး ကျောင်းသားများမှာ တစ်ချက်မျှ မှင်သက်သွားပြီး အလိုအလျောက်ပင် ဖန့်ရှောင်ပန်း၊ ဖန့်ရှောင်ထျန်းနှင့် အခြားသော အကျွမ်းတဝင်မရှိသည့် မျက်နှာသစ်များဘက်သို့ ကြည့်လိုက်မိကြသည်။
လင်းယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့တွင် ကျောင်းသား ၁၀ ဦးမှာ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်သို့ တစ်ပြိုင်နက်တည်း တက်လှမ်းသွားခဲ့ကြသည်။
ထို့ကြောင့် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်နေရာများတွင် နေမင်း ခုနစ်ပါး ကျောင်းသားနေရာများစွာ အလွတ်ဖြစ်သွားခဲ့သည်။
ဤတစ်ကြိမ် ကောင်းကင် ငါးပါး စစ်မြေပြင်တွင်မူ အကဲဖြတ်မှုမရှိဘဲ နေမင်း ခုနစ်ပါး ကျောင်းသားဖြစ်ရန် အရည်အချင်းရှိသည့် ထူးချွန်သူများကို နေရာလွတ်များတွင် အစားထိုး ဝင်ရောက်စေခဲ့သည်။
ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ ပုံမှန်ဆိုလျှင် ရရှိရန် အလွန်ခက်ခဲပြီး၊ ရှိခဲ့လျှင်ပင် တစ်ကြိမ်လျှင် နေရာတစ်ခု သို့မဟုတ် နှစ်ခုသာ ရှိတတ်သည်။
ယခုကဲ့သို့ နေရာများစွာ လွတ်သွားရခြင်းမှာလည်း ဤ ဖန့်ချန် ကြောင့်ပင် ဖြစ်သည်။
ယခုအခါ ဖန့်ချန်က နှုတ်ဆက်လိုက်ပြီဖြစ်ရာ ကျောင်းသားများမှာလည်း အသိဉာဏ်ရှိရှိဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။
ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်းတို့မှာ အမြန်ပင် ရှေ့တိုးလာပြီး ဖန့်ချန်အား ဂါရဝပြုကာ ထို့နောက် ဖန့်ကျစ်ရွှယ်နှင့်အတူ ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြသည်။
နေမင်းခုနစ်ပါး ကျောင်းသားများစွာ၏ မျက်လုံးထဲတွင် အကြောင်းရင်းကို သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ ဖန့်ချန်သည် ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်စုသို့သွားပြီး ကျောင်းသားသစ်များကို လာရောက်ခေါ်ဆောင်သည့် သတင်းကို သူတို့ ချက်ချင်း သတိရသွားကြသည်။
နောက်ဆုံးတွင် ဖန့်ကျစ်ရွှယ်မှာ ရွှေဟွေးကျောင်းတော်သို့ လိုက်ပါသွားခဲ့ပြီး၊ ဖန့်ရှောင်ထျန်းတို့နှစ်ဦးမှာမူ ထိုက်ဟောက်ဖူနှင့်အတူ တန်လင်ကျောင်းတော်သို့ လိုက်ပါသွားခဲ့ကြသည်။
လူအုပ်စုထဲတွင် တစ်ချိန်က ကျောင်းသားသစ်များအတွက် အပြိုင်အဆိုင်ဖြစ်ခဲ့ပြီး ဖန့်ချန်နှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည့် ချင်လန်မှာ အလွန်ရှုပ်ထွေးသော အမူအရာ ဖြစ်နေသည်။
တစ်ချိန်က သူသည် ဤလူကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် သူသည် ကျင့်စဉ်ကို ကြိုးစားလေ့ကျင့်ကာ လက်စားချေရန်သာ တွေးနေခဲ့သည်။
အချိန်တိုလေးအတွင်းမှာပင် တစ်ဖက်လူမှာ အဆင့် ၃၀ အထိ ရောက်ရှိသွားပြီး မိမိနှင့် အလွန်ဝေးကွာသော အကွာအဝေးတစ်ခုသို့ ရောက်သွားလိမ့်မည်ဟု မည်သူက ထင်ထားပါ့မလဲ။
ထိုအချိန်တွင် ဖန့်ချန်ကလည်း ချင်လန်ဘက်သို့ ကြည့်လိုက်သည်။
ချင်လန်မှာ ထိုအကြည့်ကို မြင်သောအခါ ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။
“ချင်လန်မိတ်ဆွေ သူတို့ သုံးယောက်က နေမင်း ခုနစ်ပါး ခန်းမထဲမှာ အတွေ့အကြုံ သိပ်မရှိသေးဘူး၊ သတိထားရမယ့် ကိစ္စတွေကို သူတို့ကို သေချာလေး မှာပေးပါဦး။”
ဖန့်ချန်က ပြုံး၍ ပြောသည်။
ထိုက်ဟောက်ကျုံး၊ ယူဝမ်ရှန်းတို့မှာ အလိုအလျောက်ပင် ချင်လန်ဘက်သို့ ကြည့်လိုက်ကြသည်။
ချင်လန်က ခေါင်းကို ညင်သာစွာ ညိတ်သည်။
“သူတို့ရဲ့ စီနီယာ အစ်ကိုတစ်ယောက်အနေနဲ့ ငါ တာဝန်ယူပေးပါ့မယ် ”
“အင်း”
ဖန့်ချန်က ပြုံးကာ ခေါင်းညိတ်ပြီးနောက် အဆင့် ၃၀ ထဲတွင်ရှိသော ထူးချွန်သူများဘက်သို့ လှည့်၍ လျှောက်သွားသည်။
ထိုက်ဟောက်ကျုံးနှင့် အခြားသူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖန့်ချန်သည် နေမင်း နေမင်း ခုနစ်ပါး နယ်မြေသို့ ရောက်လာသည်မှာ ဤထူးချွန်သူများနှင့် တွေ့ဆုံရန်အတွက်သာ ဖြစ်ကြောင်း သူတို့ စိတ်ထဲတွင် အတည်ပြုလိုက်ကြသည်။
“သူတို့ အချင်းချင်း အော်ဟစ် ဆဲဆိုကြမလား မသိဘူး……”
ကျောင်းသားများမှာ စိတ်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။
ယခုအခါ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်များသာမက၊ အလယ်အဆင့်နှင့် နောက်ပိုင်းအဆင့် သူတော်စင်များကပါ ဖန့်ချန် ရောက်ရှိလာခြင်းကို သတိထားမိသွားကြသည်။
“ဟေ့၊ ဒီကောင်လေး နောက်ဆုံးတော့ ဝင်လာရဲပြီပေါ့၊ ကြည့်ရတာ တန်ခယ်ရွှမ်ကို စကားပြောဖို့ လာတာများလား ”
စီကုပေ့က ဖန့်ချန်ကို အပြုံးတစ်ဝက်ဖြင့် ကြည့်နေပြီး သူ့မျက်လုံးအောက်တွင် အေးစက်သော အငွေ့အသက်များ ခပ်ရေးရေး ပေါ်လာသည်။
ထိုအချိန်တွင် ချင်ဟောက်ယွီက သူ၏ ဘေးသို့ ရောက်လာပြီး အေးဆေးစွာ ပြောသည်။
“တန်ခယ်ရွှမ်က သူ့လက်ချက်နဲ့ ရှုံးသွားပြီးတော့…… သူက စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့်ကို ရောက်လာပြီး မင်းကို ရှာလာမှာကို မင်း မကြောက်ဘူးလား ”
စီကုပေ့က ချင်ဟောက်ယွီကို တစ်ချက်မျှ စောင်းငဲ့ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
“ဘာဖြစ်လဲ ငါတို့ လူသားမျိုးနွယ်စုရဲ့ ကျောင်းသားနောက်ခံသမားလေးကို မင်းက ကြောက်ရမယ်လို့ ထင်နေတာလား။
ချင်ဟောက်ယွီ၊ မင်းလည်း အဲဒီ ကျောင်းသား သုံးယောက်ကို လုယူဖို့ ကြိုးစားခဲ့ဖူးတယ် မဟုတ်လား။
အဲဒီတုန်းက မင်း တုန်းဖုန်းဟို့ကို ရှုံးခဲ့တာလေ အခု ငါ မင်းအတွက် သူ့ကို သတ်ပေးလိုက်တာပဲ၊ မင်း ငါ့ကို ကျေးဇူးတင်သင့်တာ မဟုတ်ဘူးလား ”
“လူသားမျိုးနွယ်စရဲ့ ကျောင်းသားတွေက အလကား သေဆုံးသွားမှာ မဟုတ်ဘူး၊ မင်းတို့ ချီထျန်း မျိုးနွယ်စု ဖြစ်နေရင်တောင် ငါတို့ လူမျိုးစုရဲ့ ကျောင်းသားတွေကို စိတ်ကြိုက် သတ်ဖြတ်လို့ မရဘူး။”
ချင်ဟောက်ယွီက
“မင်း တုန်းဖုန်းဟို့ကို သုံးပြီး ဖန့်ချန်ကို တန်ခယ်ရွှမ်နဲ့ တိုက်ခိုက်ခိုင်းတာကို ချီထျန်း မျိုးနွယ်စုရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေကလည်း ကြည့်နေကြမှာ၊ သူတို့ ဒေါသထွက်မှာ မကြောက်ဘူးလား။”
“ကောင်းကင် ငါးပါးမှာက အစွမ်းထက်သူသာ အနိုင်ရသူပဲ၊ ဘယ်သူက ပိုစွမ်းအားကြီးရင် သူက မှန်တာပဲ။
သူတို့က ဘာလို့ ဒေါသထွက်ရမှာလဲ ငါ ပိုစွမ်းအားကြီးရင် သူတို့က ပိုတောင် ဝမ်းသာဦးမယ်။”
စီကုပေ့က အေးဆေးစွာ ပြုံးသည်။
“မင်းတို့ လူမျိုးစုက အရင်းအမြစ် နည်းလွန်းလို့ အချင်းချင်း သတ်ဖြတ်တာကို မနှစ်မြို့ကြတာ ဖြစ်မယ်။
ငါတို့ ချီထျန်း မျိုးနွယ်စုကတော့ မတူဘူး၊ အရင်းအမြစ်က လုံလောက်သလို အရမ်းလည်း စွမ်းအားကြီးတယ်၊ ဒါက မင်းတို့ လူမျိုးစု ဘယ်တော့မှ မမှီနိုင်တဲ့အရာပဲ။
အထက်က လူကြီးတွေကလည်း ငါတို့အောက်မှာ အချင်းချင်း ပြိုင်ဆိုင်နေတာကို မြင်ရတာ သဘောကျကြတယ်။”
ချင်ဟောက်ယွီ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး စကားမဆိုတော့ပေ။
……
ဖန့်ချန်သည် ထိုအဆင့် ၃၀ ထဲတွင်ရှိသော နေမင်း ခုနစ်ပါး ကျောင်းသားများရှေ့သို့ ရောက်သွားသည်။
သူတို့က ဖန့်ချန်ကို စူးစမ်းနေသော အကြည့်များဖြင့် ပိုမို အားမနာတမ်း ကြည့်နေကြသည်။
ဤ နေမင်းခုနစ်ပါး ကျောင်းသားများမှာ သုံးယောက် သို့မဟုတ် ငါးယောက်စီ စုဝေးနေကြပြီး သူတို့အချင်းချင်း အလွန် ရင်းနှီးကြပုံရသည်။
သို့သော်လည်း တစ်ယောက်တည်း ရပ်နေသူ အချို့လည်း ရှိသည်။
တန်ခယ်ရွှမ်မှာ ထိုအထဲမှ တစ်ဦးဖြစ်သည်။
ဆွေထျန်းဟွမ် လည်းအလားတူပင် ဖြစ်သည်။
သူတို့က ဖန့်ချန်ကို စူးစမ်းနေသလို ဖန့်ချန်ကလည်း အခွင့်အရေးကို အသုံးချကာ တစ်ယောက်ချင်းစီကို အကဲဖြတ်ကြည့်လိုက်သည်။
ဤအဆင့် ၃၀ ထဲတွင်ရှိသူများမှာ အချို့က အထက်တန်းစား မျိုးနွယ်စုမှ၊ အချို့က ကြီးမားသော မျိုးနွယ်စုမှ ဆင်းသက်လာကြပြီး ခန္ဓာကိုယ်ပုံစံနှင့် မျက်နှာသွင်ပြင်များမှာ မတူညီကြပေ။
ထိုအထဲတွင် သူအရင်က တွေ့ခဲ့ဖူးသော ယန့်ချွမ်းယန် နှင့်စွမ်းအားချင်း ဆင်တူပြီး မျက်နှာသွင်ပြင်မှာလည်း ဆင်တူသောသူ တစ်ဦးရှိနေသည်။ သူမှာ ခုနစ်ကြယ် နဂါးမျိုးနွယ်စုမှ ဖြစ်ကြောင်း ထင်ရှားသည်။
သူတို့အားလုံးမှာ ဖန့်ချန်က တန်ခယ်ရွှမ်ကို ရှာဖို့လာသည်ဟု ထင်မှတ်နေချိန်တွင် ဖန့်ချန်က စကားစလိုက်သည်။
“မင်းတို့ထဲက ဘယ်သူက ဆွေထျန်းဟွမ် လဲ”
“……”
နေမင်းခုနစ်ပါး ကျောင်းသားများမှာ ခဏတာ မှင်သက်သွားပြီး အမူအရာမှာ ထူးဆန်းသွားသည်။
တန်ခယ်ရွှမ်ပင်လျှင် ဖန့်ချန်က ဆွေထျန်းဟွမ် ကိုအရင်ရှာလိမ့်မည်ဟု မထင်မှတ်ထားပေ။
အကြည့်များစွာမှာ ဆွေထျန်းဟွမ် ဆီသို့ ရောက်သွားသည်။
ဖန့်ချန်လည်း ထိုအကြည့်များအတိုင်းပင် ပစ်မှတ်ကို ရှာတွေ့သွားသည်။
ဖန့်ချန်ကို ကြည့်လိုက်သည်နှင့် ဆွေထျန်းဟွမ် က ပြုံးလိုက်သည်။
“ငါက ဆွေထျန်းဟွမ်ပါ မင်း ငါ့ကို ဘာကိစ္စ ရှိလို့ ရှာတာ လဲ”
“ပိုင်ချန်းယွီ ကိစ္စနဲ့ ပတ်သက်ပြီး မင်း ဘယ်လို တာဝန်ယူပေးမှာလဲ ”
ဖန့်ချန်က မေးသည်။
ဆွေထျန်းဟွမ်မှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် အေးဆေးစွာ ပြောသည်။
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ”
“ငါ နားလည်သွားပါပြီ”
ဖန့်ချန်က ခေါင်းညိတ်ပြီးနောက် တစ်ဖက်သို့ လှည့်ကာ မေးသည်။
“တန်ခယ်ရွှမ်လား ”
“ဟုတ်တယ်”
တန်ခယ်ရွှမ်က ဖန့်ချန်ကို ကြည့်ကာ ခေါင်းကို ညင်သာစွာ ညိတ်သည်။
“ငါ အဲဒီတုန်းက ပြောခဲ့ပြီးပြီ၊ လင်းယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့က ကျောင်းသားတွေကို ငါတွေ့ရင် တစ်ယောက်မကျန် သတ်ပစ်မယ်။
ဒီတစ်ခေါက် စီကုပေ့က နောက်ကွယ်ကနေ တွန်းအားပေးပြီး ငါ့ကို ဓားအဖြစ် အသုံးပြုခဲ့ရင်တောင် ငါ အဲဒီကိစ္စကို လက်ခံတယ်။
မင်း နောက်ပိုင်းမှာ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ကို အမြန် တက်လှမ်းပါ ဒါမှမဟုတ် စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့်ကို တက်လိုက်ပါ။ မင်း စီကုပေ့ကို သတ်နိုင်မှ ငါတို့ စကားပြောလို့ ရမယ်။”
ဖန့်ချန်က ပြုံး၍ ပြောသည်။
နေမင်းခုနစ်ပါး ကျောင်းသားများ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
အဝေးရှိ စီကုပေ့မှာ ဤစကားကို ကြားသောအခါ ဒေါသထွက်ပြီး ရယ်မောလိုက်သည်။
“လူသားမျိုးနွယ်စု ဖန့်ချန်၊ မင်း ဘာတွေ လျှောက်ပြောနေတာလဲ ”
“မရယ်ပါနဲ့တော့၊ မင်းလည်း နာကျင်မှုတွေကို ခံစားရဦးမှာပါ။ ကောင်းကင်အရှင် ဆက်ခံသူ ဖြစ်ချင်တာလား မင်းတို့ ချီထျန်း မျိုးနွယ်စုရဲ့ အကြီးအကဲတွေက ပြောတာ ဘာမှ မဟုတ်ဘူး၊ အရင်ဆုံး ငါ့လက်အောက်ကနေ အသက်ရှင်အောင် နေကြည့်ဦး”
ဖန့်ချန်က လက်ညှိုးထိုးကာ စီကုပေ့အား ပြောသည်။
စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ကျောင်းသားတစ်ဦးက နောက်ပိုင်းအဆင့် သူတော်စင်ကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
ပုံမှန်အခြေအနေတွင် မည်သူမဆို ဤစကားကို အထင်သေးစွာ ကြည့်ကြမည်ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်မှာမူ တစ်ဖက်လူမှာ ကွဲပြားနေသည်။
စကားပြောနေသူမှာ ဖန့်ချန် ဖြစ်နေသည်။
စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ကျောင်းသားများသာမက အလယ်အဆင့် ကျောင်းသားများပါ အံ့ဩနေကြသည်။
ချင်ဟောက်ယွီတို့ အဖွဲ့ပင်လျှင် အတွေးထဲ နစ်မြုပ်သွားကြသည်။
“ရူးသွပ်လိုက်တာ၊ ရူးသွပ်လိုက်တာ၊ တကယ်ကို ရူးသွပ်လိုက်တာပဲ၊ ဟားဟားဟား၊ အဲဒီတုန်းက တုန်းဖုန်းဟို့ကို သတ်ခဲ့တာ မှားတာ မဟုတ်ဘူး၊ သူက မင်းကို ဒေါသထွက်အောင် လုပ်လိုက်တာပဲ၊ မင်း ဒေါသထွက်နေပြီ၊ ဟားဟားဟား ”
စီကုပေ့မှာ ရုတ်တရက် ရယ်မောလိုက်ပြီး မျက်ရည်များပင် ကျလာသည်။
ဖန့်ချန်က ဘာမှ ပြန်မပြောဘဲ ဖန့်ကျစ်ရွှယ်တို့ဘက်သို့ ဖြည်းညင်းစွာ ပြန်သွားလိုက်သည်။
ထိုအချိန်တွင် ယူဝမ်ရှန်းတို့ နေမင်း ခုနစ်ပါး ကျောင်းသားများမှာ ဖန့်ချန်အား ဆက်လက် စကားပြောရန်ပင် မဝံ့ရဲတော့ပေ။
ဘာပဲဖြစ်ဖြစ် သူသည် ဆွေထျန်းဟွမ် တန်ခယ်ရွှမ်၊ စီကုပေ့ ဆိုသည့် အလွန် အစွမ်းထက်သူ သုံးဦးကို ခြိမ်းခြောက်လိုက်သည် မဟုတ်ပါလား။
ဆွေထျန်းဟွမ်မှာ အမူရာမဲ့နေသော်လည်း သူ့မျက်လုံးထဲရှိ အေးစက်သော အရိပ်အယောင်များက သူ့စိတ်ထဲတွင် မည်သို့ ဖြစ်နေသည်ကို သိသာစေသည်။
တန်ခယ်ရွှမ်မှာမူ စောစောစီးစီးကတည်းက အတွေးထဲ နစ်မြုပ်နေသည်။
“သူက တကယ်ပဲ ဒီကောင်လေးရဲ့ စကားကို စဉ်းစားနေတာလား ”
နေမင်းခုနစ်ပါး ကျောင်းသားအချို့မှာ စိတ်ထဲတွင် ကြောက်ရွံ့နေကြသည်။