← Chapters

အခန်း (၂၂၅၉-၂၂၆၀)

Vol. 226 Ch. 2259-2260

အခန်း (၂၂၅၉-၂၂၆၀)

Vol. 226 Ch. 2259-2260

အခန်း (၂၂၅၉) လူတိုင်း စုပေါင်းပြီး ဒိန်ရွှမ်အသီးလေးတွေ ထောက်ပံ့ပေးထားကြတယ်

ရွှေရောင် ကြီးမားသည့် ဖန်သားပြင်ကြီး ကျဆင်းလာသည်နှင့်အတူ ယခုအကြိမ် ကောင်းကင် ငါးပါး စစ်မြေပြင်မှာ တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

နေမင်း ခုနစ်ပါး ကျောင်းသား တစ်ဦးပြီးတစ်ဦးမှာ ရွှေရောင် အလင်းတိုင်များ၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။

ဟင်းလင်းပြင်ထဲတွင်။

ဖန့်ချန်၏ ပြိုင်ဘက်မှာ လင်းချုံ အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့မှ ကျင်လွန် ကျောင်းတော်မှ ဖြစ်သည်။

“ဖန့်မိတ်ဆွေ ငါတို့အကြားမှာ…… ရိုးရိုးလေးပဲ ယှဉ်ပြိုင်ကြမယ် မဟုတ်လား ”

ပြိုင်ဘက်က ပြုံး၍ လက်ယှက် နှုတ်ဆက်သည်။

“သဘာဝပါပဲ ”

ဖန့်ချန်က ပြောသည်။

အချိန်ဝက်ခန့် ကြာပြီးနောက် ပြိုင်ဘက်မှာ မိမိကိုယ်ကို မယှဉ်နိုင်ကြောင်း သိရှိသွားပြီး လက်မြှောက်ကာ အရှုံးပေးလိုက်သည်။

အဆင့် (၂၉) နေရာတွင် ရှိသော ထို နေမင်း ခုနစ်ပါး ကျောင်းသားကြောင့် ဖန့်ချန်သည် အဆင့် (၃၀) အတွင်းရှိ ကျောင်းသားများအပေါ် အကဲဖြတ်မှု အသစ်တစ်ခု ရရှိလိုက်သည်။

သူ၏ စွမ်းအားမှာ ယခင်က အဆင့် (၃၀) တွင် ရှိနေသော နေမင်း ခုနစ်ပါး ကျောင်းသားထက် အများကြီး ပိုမို သာလွန်နေသည်။

အနည်းဆုံးတော့ အဆင့်တစ်ဆင့်လောက် ပိုသာလွန်နေပြီး ဤကဲ့သို့သော သူများအတွက်မူ ထို အဆင့်တစ်ဆင့် ဆိုသည်မှာ ဖြည့်ဆည်းရန် ခက်ခဲလှသည့် ကွာဟချက်ပင် ဖြစ်သည်။

“နတ်ဘုရား စွမ်းအားရှစ်မျိုး ထွင်းထုထားတာ၊ ကောင်းကင် ငါးပါးထဲမှာဆိုရင်တော့ ထိပ်တန်း အဆင့်ပါပဲ။”

နောက်ဆက်တွဲ တိုက်ပွဲ တစ်ပွဲပြီး တစ်ပွဲတွင် ဖန့်ချန်မှာ အဆင့် (၂၀) ကျော်နှင့် အဆင့် (၃၀) ကြားရှိ စွမ်းအားအဆင့်ကို ပိုမို နားလည်လာသည်။

သူတို့၏ စွမ်းအားမှာ အလွန်ပင် နီးစပ်ကြသော်လည်း အားသာချက်၊ အားနည်းချက်ဟူ၍တော့ ရှိကြသည်။

သို့သော် (၃၀) အောက် ကျောင်းသားများနှင့် ယှဉ်လျှင်မူ အားလုံးမှာ သိသိသာသာကို ပိုမို သန်မာနေကြသည်။

အချိန်တိုလေးအတွင်းမှာပင် ဖန့်ချန်သည် တိုက်ပွဲ (၁၀) ပွဲကို အပြီးသတ်နိုင်ခဲ့ပြီး ကျယ်ပြောလှသော ပလက်ဖောင်းကြီးပေါ်တွင် တစ်ယောက်တည်း ရပ်ကာ ကောင်းကင် ငါးပါး စစ်မြေပြင် ပြီးဆုံးသည်အထိ စောင့်ဆိုင်းနေသည်။

“နောက်ထပ် (၁၀) ပွဲဆက်တိုက် နိုင်ပြန်ပြီပဲ”

ယူဝမ်ရှန်းမှာ တိုက်ပွဲ အပြီးသတ်လိုက်သည်နှင့် ဖန့်ချန်၏ စွမ်းဆောင်ချက်ကို အမြန်ဆုံး စစ်ဆေးကြည့်လိုက်သည်။ ဖန့်ချန်သည် အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် (၁၀) ပွဲဆက်တိုက် နိုင်လိုက်သည်ကို တွေ့သောအခါ သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသော တုန်လှုပ်မှုမှာ စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။

သူသည် ဖန့်ချန်ထံသို့ အမြန်လျှောက်သွားပြီး ဂါရဝပြုကာ ချီးကျူးစကား အနည်းငယ် ပြောဆိုလိုက်သည်။

ထို့နောက် ထိုက်ဟောက်ကျုံး အပါအဝင် အခြားသော နေမင်း ခုနစ်ပါး ကျောင်းသားများကလည်း တစ်ယောက်ပြီးတစ်ယောက် လာရောက် ဂါရဝပြုကြသည်။

ဖန့်ချန်၏ အဆင့်တက်ခြင်းမှာ သူတို့အတွက် အဓိပ္ပာယ် ကြီးမားလှသည်။

ဘာကြောင့်လဲဆိုတော့ တန်ခယ်ရွှမ်တို့ကဲ့သို့သော သူများမှာ ငယ်စဉ်ကတည်းက ရှေ့ဆုံးနေရာများကို သိမ်းပိုက်ထားခဲ့ကြသောကြောင့် ဖြစ်သည်။

ယူဝမ်ရှန်းတို့ နေမင်း ခုနစ်ပါး ကျောင်းသားများ ဖြစ်လာချိန်တွင် သူတို့မှာ နေမင်း ခုနစ်ပါး ခန်းမ၏ သက်ကြီးဝါကြီး များ ဖြစ်နေနှင့်ပြီ။

သူတို့မှာ အစွမ်းထက်သူများ၏ ဆက်ခံသူများနှင့် တကယ်တမ်း ထိတွေ့ခွင့် ရဖို့ရာ အခွင့်အရေး မရှိခဲ့ကြပေ။

ဖန့်ချန်ကတော့ မတူပေ။

သူသည် သူတို့ခေတ်ကာလတွင် တစ်လှမ်းချင်းစီ လျှောက်လှမ်းလာပြီး အဆင့် (၁၀၀) မှ ယခု အဆင့် (၂၀) ထိပ်တန်းနေရာသို့ ရောက်ရှိလာသူ ဖြစ်သည်။

သူတို့၏ စိတ်ထဲတွင် ဖန့်ချန်အပေါ် ရင်းနှီးမှု အနည်းငယ် ရှိလာသည်။ ယခင်က ဖန့်ချန်အပေါ် မကျေနပ်ချက်များ ရှိခဲ့လျှင်တောင် ယခုအခါ ဖန့်ချန်၏ လုပ်ရပ်များကြောင့် ထိုမကျေနပ်ချက်များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဖန့်ချန်၏ သူတော်စင် လမ်းကြောင်းကို ဖြတ်တောက်ပစ်မည်ဟု ယခင်က ကြုံးဝါးခဲ့သည့် စိတ်ခံစားချက်များမှာ ယခုအခါ မည်သူမှ မမှတ်မိတော့ပေ။

“ဖန့် အစ်ကိုကြီး၊ အခု အဆင့် (၂၀) ရောက်နေပြီ၊ နောက်တစ်ခေါက် ထပ်ဝင်လာရင်တော့ အဆင့် (၁၀) ထဲက ကျောင်းသားတွေကိုပဲ ယှဉ်ပြိုင်ရတော့မှာ”

ဖန့်ကျစ်ရွှယ်၏ မျက်လုံးထဲတွင် သိချင်စိတ်တို့ ပေါ်လာပြီး တန်းခယ်ရွှမ်တို့ ရှိရာဘက်သို့ တစ်ချက် ကြည့်လိုက်သည်။

ထိုဘက်တွင်မူ အဆင့် (၂၀) အတွင်းရှိ ကျောင်းသားအချို့မှာ ရှုပ်ထွေးပြီး မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်နေကြသည်။

အဆင့် (၁၉) တွင် ရှိသူမှာ ဖန့်ချန်ကို အဆက်မပြတ် စိုက်ကြည့်နေပြီး မည်သို့ တွေးတောနေသည်ကို မသိနိုင်ပေ။

ဖန့်ရှောင်ပန်းနှင့် ဖန့်ရှောင်ထျန်းတို့က ဖန့်ချန်ကို ကြည့်သည့် အကြည့်များမှာ ကြည်ညိုသမှု အနည်းငယ် ပါဝင်နေသည်။

သူတို့သည် ဖန့်ချန်၏ လုပ်ရပ်များမှာ အလွန် ကြောက်စရာကောင်းကြောင်း အစကတည်းက သိရှိခဲ့ကြသည်။

ဤကာလအတွင်း တန်လင် ကျောင်းတော်မှ လူသားမျိုးနွယ်စု ကျောင်းတော်တွင်ပင် ဖန့်ချန်နှင့် ပတ်သက်သည့် သတင်းစကားများ ပျံ့နှံ့နေသည်။

အချို့ဆိုလျှင် ရှေးဦးပိုင်းက လူသားမျိုးနွယ်စု ကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် တာဝန်မကျေခဲ့သဖြင့် ဤကဲ့သို့သော ထူးချွန်သူကို ရွှေဟွေးကျောင်းတော် လက်အောက်သို့ ရောက်သွားစေခဲ့သည်ဟုပင် ပြောဆိုနေကြသည်။

ယခုအခါ သူတို့ ကိုယ်တိုင် မြင်တွေ့လိုက်ရသည့် နေမင်း ခုနစ်ပါး ခန်းမထဲတွင် ဖန့်ချန်၏ (၁၀) ပွဲဆက်တိုက် အနိုင်ရရှိမှု၊ တိုက်ပွဲတိုင်းတွင် အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်နေမှုများကို ကြည့်ပြီး သူတို့၏ စိတ်ထဲတွင် ကြည်ညိုသမှုများ ပိုမို ကြီးထွားလာခဲ့သည်။

“ညီမလေး၊ အဲ့လောက်ထိ ပြင်းထန်တဲ့ စကားလုံးတွေ မသုံးပါနဲ့၊ သူတို့နဲ့ ငါ့မှာ ရန်ငြိုးရန်စမှ မရှိတာ၊ ရိုးရိုးလေးပဲ ယှဉ်ပြိုင်တာပါ ”

ဖန့်ချန်က အေးဆေးစွာ ပြုံးပြောသည်။

ဖန့်ကျစ်ရွှယ် မတုံ့ပြန်မီမှာပင် အဆင့် (၁၀) နှင့် (၂၀) ကြားရှိ ကျောင်းသားများ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။

“နောက်ထပ် (၁၀) ပွဲဆက်တိုက်လား”

စီကုပေ့မှာ တိုက်ပွဲ တစ်ပွဲ ပြီးဆုံးပြီးနောက် ဖန့်ချန်ကို စဉ်းစားခန်း ဝင်လျက် ကြည့်လိုက်သည်။

စီကုပေ့၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားသူမှာ အဆင့် (၈၀) ကျော်တွင် ရှိပြီး ယခုအခါတွင်မူ သူသည် စီကုပေ့ကို မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်နေသည်။

“ကြည့်နေတာ ဘာလုပ်ဖို့လဲ၊ ငါက ချီထျန်း ကြီးကျယ်သော ကျောက်စာမှတ်တမ်းကို နားလည်ထားတာ၊ အခုဆိုရင် အရင်ကနဲ့ မတူတော့ဘူး၊ ဒီတစ်ခေါက် ငါလည်း (၁၀) ပွဲဆက်တိုက် အနိုင်ယူမယ်။”

စီကုပေ့က နောက်ပြန် မလှည့်ဘဲ ပြောသည်။

ရှုံးနိမ့်သွားသော နေမင်း ခုနစ်ပါး ကျောင်းသားမှာ မျက်နှာပျက်သွားပြီး စိတ်ပျက်စွာ ပြောသည်။

“မျိုးနွယ်စုရဲ့ ကံကြမ္မာ နတ်ဘုရား စွမ်းအားဆိုတာ တကယ်ကို ထူးခြားတာပဲ ”

“ဒါပေါ့”

စီကုပေ့က ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းမော့လိုက်သည်။

ချင်ဟောက်ယွီတို့ အဖွဲ့မှာ ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားကြသည်။

အချိန်များ ကုန်ဆုံးသွားပြီး မသိလိုက်ခင်မှာပင် ယခုအကြိမ် ကောင်းကင် ငါးပါး စစ်မြေပြင်မှာ ပြီးဆုံးသွားသည်။

ဖန့်ချန်နှင့် ဖန့်ကျစ်ရွှယ်တို့ ကောင်းကင် ငါးပါး ခန်းမမှ ထွက်လာပြီးနောက် ကရုဏာ တောင်တန်းဘက်သို့ အတူတူ ပျံသန်းသွားကြသည်။

ကျန်ရှိနေသော ကျောင်းသားများမှာတော့ ဖန့်ချန်၏ စစ်မြေပြင် ရလဒ်များကို အသေးစိတ် လေ့လာနေကြသည်။

ဖန့်ချန်၏ (၁၀) ပွဲဆက်တိုက် အနိုင်ရရှိမှု သတင်းကို သူတို့ ထိုနေရာမှာတင် သိရှိပြီးဖြစ်ရာ တုန်လှုပ်ရမည့် သူများမှာ တုန်လှုပ်ပြီး ဖြစ်ကြသည်။ ယခုအခါတွင်မူ နောက်တစ်ကြိမ် ကောင်းကင် ငါးပါး စစ်မြေပြင်တွင် မည်သို့ ဖြစ်လာမည်ကိုသာ အချင်းချင်း ဆွေးနွေးနေကြသည်။

ကရုဏာ တောင်တန်း။

“ဖန့်ချန် ပြန်ရောက်ပြီလား”

ရှူရှန့်က ရုတ်တရက် မေးသည်။

ကျန်းတောက်ယွဲ့တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရှေ့ဆုံးမှ သူက ထရပ်လိုက်သည်။

“ဆရာ၊ ဖန့်ညီလေး နဲ့ ဖန့် ညီမလေးက စာကြည့်တိုက်မှာ ရှိနေပါတယ် ”

“အို၊ မင်း သွားခေါ်လိုက်ပါ၊ ဖန့်ချန်ကို ငါ့ဆီ လာတွေ့ခိုင်းလိုက်ပါ ”

ရှူရှန့်က ပြောသည်။

“ဟုတ်ကဲ့”

အချိန်အနည်းငယ် ကြာပြီးနောက် ဖန့်ချန်မှာ ရှူရှန့်၏ နေအိမ်သို့ ရောက်ရှိလာသည်။

“ဒီတစ်ခေါက် ကောင်းကင် ငါးပါး စစ်မြေပြင်မှာ ဖိအား ရှိခဲ့လား”

ရှူရှန့်က ပြုံးရွှင်စွာ မေးသည်။

“ဆရာ၊ အဲ့ဒီလူတွေကလည်း သာမန်ပါပဲ ”

ဖန့်ချန်က ပြုံး၍ လက်ယှက် နှုတ်ဆက်သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ် ”

ရှူရှန့်က ကျေနပ်စွာ ခေါင်းညိတ်သည်။

“ဒီတစ်ခေါက် မင်းက သန့်စင်သော ကန့်သက်ချက် ကျော်လွန်ဖို့ ကြိုးစားမယ်လို့ ကြားတယ်၊ ငါတို့ လူသားမျိုးနွယ်စုရဲ့ အရင်းအမြစ်က မကောင်းပေမဲ့ ကရုဏာ တောင်တန်းရဲ့ ရှေးဟောင်း ဘိုးဘေးတွေကတော့ မင်းအပေါ် အများကြီး မျှော်လင့်ထားကြတယ်။

လူတိုင်း စုပေါင်းပြီး ဒိန်ရွှမ်အသီး တွေကို ထောက်ပံ့ပေးထားကြတယ်၊ မင်း ဒါကို ယူသွားလိုက်ပါ။”

စကားပြောပြီးသည်နှင့် သူသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ဒိန်ရွှမ်အသီး (၆) လုံးမှာ အတွင်းကမ္ဘာထဲမှ ပျံသန်းထွက်ပေါ်လာပြီး ဖန့်ချန်၏ ရှေ့တွင် ကျရောက်သွားသည်။

ဖန့်ချန်မှာ စိတ်လှုပ်ရှားသွားပြီး အမြန်ပင် လက်ယှက် ဂါရဝပြုလိုက်သည်။

“ဆရာနဲ့ ဘိုးဘေးများအားလုံးကို ကျေးဇူးတင်ပါတယ် ”

သူသည် ဒိန်ရွှမ်အသီးများကို သိမ်းဆည်းလိုက်ပြီးနောက် ကိစ္စတစ်ခုကို သတိရသွားကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဆရာ၊ ဝမ်ယန် အစ်မကြီး ကိစ္စကတော့……”

“မဟာမိတ်အဖွဲ့က အတည်ပြုလိုက်ပြီ၊ သေဆုံးသွားတာက တကယ်ပဲ လီရွှမ် ဘိုးဘေး ဖြစ်နေတယ်။ ဝမ်ယန်ကတော့ နောက်ထပ် အချိန်အနည်းငယ်လောက် ထပ်စုံစမ်းဦးမယ်။

အကယ်၍ အကြောင်းအရာ တစ်စုံတစ်ရာ မတွေ့ရှိဘူးဆိုရင် နောက်ထပ် နှစ်ပေါင်း ၃၀၀ ဒါမှမဟုတ် ၅၀၀ အတွင်းမှာ ပြန်လာလိမ့်မယ်”

ရှူရှန့်က ပြောသည်။

“တကယ်ပဲ ငါတို့ ကရုဏာ တောင်တန်းရဲ့ ဘိုးဘေး ဖြစ်နေတာလား”

ဖန့်ချန်မှာ အံ့ဩသွားသည်။

“လီရွှမ် ဘိုးဘေး သေဆုံးမှုမှာ မသင်္ကာစရာတွေ ရှိနေတယ်၊ နောက်ထပ် ပျောက်ဆုံးနေတဲ့ ချင်းမင် သံတမန် တစ်ယောက်ကိုလည်း အခုထိ ရှာမတွေ့သေးဘူး။

သူတို့က လူသားမျိုးနွယ်စုကို ရည်ရွယ်ပြီး လာတာလား၊ ဒါမှမဟုတ် ကရုဏာ တောင်တန်းကို ရည်ရွယ်ပြီး လာတာလား ဆိုတာကို အခုထိ အတည်မပြုနိုင်သေးဘူး။

မင်းတို့တွေက ကျောင်းတော်ကနေ လွယ်လွယ်နဲ့ ထွက်မသွားကြနဲ့ဦး။”

ရှူရှန့်က မှာကြားသည်။

ခဏနားပြီးနောက်

“သန့်စင်သော ကန့်သက်ချက် ကျော်လွန်မယ့် လမ်းကြောင်းနဲ့ ပတ်သက်ရင်တော့ မင်း ကြိုးစားကြည့်လိုက်ပါ၊ ဒါပေမဲ့ အရမ်းကြီး မတွယ်ကပ်ပါနဲ့။ မင်းက ကရုဏာ တံဆိပ်ကို နားလည်ထားပြီးပြီ၊ မင်းရဲ့ ကျင့်စဉ်တွေကို ဖြည်းဖြည်းချင်း တိုးမြှင့်သွားမယ်ဆိုရင် မင်း လိုချင်တဲ့အရာတွေက သူ့အလိုလို ရောက်ရှိလာမှာပါ။”

“တပည့် က ဆရာ့ရဲ့ အဆုံးအမကို လိုက်နာပါ့မယ်၊ ဒီလမ်းကြောင်းပေါ်မှာ အချိန်အများကြီး မကုန်ဆုံးစေရပါဘူး၊ အရာအားလုံးကို သဘာဝအတိုင်းပဲ ဖြစ်လာစေပါ့မယ် ”

ဖန့်ချန်၏ အမူအရာမှာ ရိုးသား ပွင့်လင်းလှသည်။

ဖန့်ချန်သည် သူ့ကို လှည့်စားနေခြင်း မဟုတ်ကြောင်း သိရှိသွားသောအခါ ရှူရှန့်၏ မျက်နှာပေါ်တွင် ပြုံးရွှင်မှုများ ပိုမို ပေါ်လာသည်။

“သွားတော့၊ ကြိုးစားပြီး ကျင့်ကြံပါ၊ နောက်လာမယ့် ကောင်းကင် ငါးပါး စစ်မြေပြင်မှာတော့ မင်း တကယ့် ပြိုင်ဘက် အစစ်အမှန်နဲ့ တွေ့ရတော့မှာ၊ သတိတော့ ထားပါ ”

“နောက်လာမယ့် ကောင်းကင် ငါးပါး စစ်မြေပြင်မှာတော့ သူ မသွားပါနဲ့တော့၊ ငါ သိထားသလောက်ဆိုရင် သူ့မှာ အရည်အချင်း စစ်ဆေးမှုကနေ ကင်းလွတ်ခွင့် (၃) ကြိမ် ကျန်သေးတယ် ”

နေအိမ် အပြင်ဘက်မှ ရုတ်တရက် ခန့်ညားသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ရှူလျန်မှာ ခြေလှမ်းကျဲကြီးဖြင့် ဝင်ရောက်လာပြီး ရှူရှန့်ကို အေးစက်စက် ကြည့်လိုက်သည်။

အခန်း (၂၂၆၀) သူ ဒီလိုအခြေအနေမျိုး ရောက်မှပဲ ကျေနပ်တော့မှာ

ရှူလျန် ရောက်လာခြင်းက ဖန့်ချန်နှင့် ရှူရှန့်တို့ နှစ်ဦးစလုံးကို အံ့အားသင့်သွားစေသည်။ သူ၏ စကားထဲမှ အဓိပ္ပာယ်မှာ ပိုမို၍ စဉ်းစားစရာ ဖြစ်နေသည်။

“ရှူလျန်၊ မင်း ဘာတွေ လျှောက်ပြောနေတာလဲ ”

ရှူရှန့်က တစ်စုံတစ်ရာ မသန့်ရှင်းသည့်အရာကို မြင်လိုက်ရသည့်အလား ရွံရှာဖွယ်ကောင်းသော အမူအရာဖြင့် ရှူလျန်ကို ကြည့်လိုက်သည်။

သူသည် ဖန့်ချန်တို့ကဲ့သို့သော တပည့်များကို ဆက်ဆံသည့်အခါတွင် ဘယ်သောအခါမျှ ဤကဲ့သို့သော အမူအရာမျိုး မရှိခဲ့ပေ။

ရှူလျန်ကို ရင်ဆိုင်ရသည့် အခါမှသာ ရှူရှန့်သည် မိမိ၏ ဒေါသကို မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်သည်။

“ငါ ပြောတာ အရူးစကား မဟုတ်ဘူး။ မင်းရဲ့ ဒီတပည့်၊ နောက်တစ်ခေါက် ထပ်ပြီး နေမင်း ခုနစ်ပါး ခန်းမထဲကို မဝင်ရတော့ဘူး။ အဲ့လိုမှမဟုတ်ရင် ငါတို့ လူမျိုးစုတွေ ကြီးမားတဲ့ အရှုံးကြီး ရှုံးလိမ့်မယ် ”

ရှူလျန်က စကားကို အဆုံးသတ်ပြီးနောက် ဖန့်ချန်ကို ကြည့်လိုက်သည်။

“ဖန့်ချန်၊ မင်းရဲ့ စိတ်သဘောထားက ပြတ်သားလွန်းတယ်ဆိုတာ ငါ သိတယ်။ ဒါပေမဲ့ ဒီကာလအတွင်းမှာ မင်း အရမ်းကို ဟန်ချက်လွဲနေပြီ။

လင်ယောင်ရဲ့ ကျောင်းသားတွေ၊ ချင်းမင်ရဲ့ ကျောင်းသားတွေထဲက ဘယ်နှစ်ယောက်များ မင်းလက်ချက်နဲ့ သေဆုံးသွားပြီလဲ။

မင်း လင်ယောင်ကို ရန်စတာကို ငါ ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် ရှေ့တန်းမှာလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတာပဲလေ။

ဒါပေမဲ့ မင်း ဘယ်လိုလုပ်ပြီး ယန်တန််း မျိုးနွယ်စုကို ရန်စရတာလဲ ”

“မင်း ဘာလို့ အခုလို ပြေးလာရတာလဲ ငါသိပြီ၊ တကယ်တော့ ယန်တန်း မျိုးနွယ်စုကို ကြောက်နေတာပဲကိုး ”

ရှူရှန့်က အေးဆေးစွာ ပြောသည်။

“မင်းက ယန်တန်း မျိုးနွယ်စုကို ကြောက်နေပေမဲ့၊ ငါတို့ ကရုဏာ တောင်တန်းက သူတော်စင်တွေကတော့ ကြောက်တာ မဟုတ်ဘူး။ မင်းရဲ့ ဒီခရီးစဉ်ကတော့ အလကား ဖြစ်သွားပြီ။”

“ငါ မင်းကို စကားပြောနေတာ မဟုတ်ဘူး။”

ရှူလျန်က ပြန်ပြောပြီးနောက် ဖန့်ချန်ကိုသာ စူးစိုက်ကြည့်နေသည်။

“ဖန့်ချန်၊ ငါ မင်းကို မေးမယ်။ နောက်လာမယ့် အကြိမ်အနည်းငယ်မှာ နေမင်း ခုနစ်ပါး ခန်းမထဲကို မသွားဖို့ မင်း ကတိပေးနိုင်မလား ”

“ဒါတော့ မဖြစ်နိုင်ဘူး ”

ဖန့်ချန်က ပြုံး၍ ပြောသည်။

“ကျွန်တော်နေမင်း ခုနစ်ပါး ခန်းမကို တစ်ခေါက်သွားလိုက်ရင် စင်ကြယ်သော ဗောဓိသီး နှစ်လုံး ရတယ်။ ရှူလျန် အကြီးကဲ က မသွား နဲ့လို့ ပြောရင်တော့ ကျွန်တော်ရဲ့ ဆုံးရှုံးမှုက အများကြီး ဖြစ်သွားမှာပေါ့ ”

“ငါ မင်းကို မသွားနဲ့လို့ ပြောတာ မဟုတ်ဘူး ”

ရှူလျန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အသံကို ပိုမို နူးညံ့အောင် ပြောသည်။

“သုံးကြိမ်မြောက်ပြီးရင် မင်း နေမင်း ခုနစ်ပါး ခန်းမကို ဆက်သွားလို့ ရတယ်။

ဒီနှစ် (၃၀၀) ကြားကာလအတွင်းမှာ ယန်တန်း မျိုးနွယ်စုလည်း ငါတို့ရဲ့ သဘောထားကို မြင်နိုင်မှာပါ။

အခြား ကိစ္စရပ်တွေမှာလည်း ငါတို့ကို ဖိနှိပ်မှာ မဟုတ်တော့ဘူး။”

“ဘယ်လို ဖိနှိပ်မှာလဲ”

ဖန့်ချန်က ရုတ်တရက် မေးသည်။

ရှူလျန်သည် ကိစ္စတစ်ခုခု ဖြစ်လာနိုင်သည်ဟု ယူဆကာ အသံတိုးတိုးဖြင့် ပြောသည်။

“ကော်ယန်လီ ရဲ့ အဆုံးသတ်ကို မင်း မှတ်မိသေးတယ် မဟုတ်လား။

သူက အခုဆိုရင် ဟင်းလင်းပြင် တံခါးကို စောင့်ကြပ်ဖို့ စေလွှတ်ခံထားရတယ်။

ဒီလိုကိစ္စမျိုးက အတွင်းကမ္ဘာကို ပျက်စီးစေတာ အများကြီးပဲ။ အကြာကြီး စောင့်ကြပ်နေရင်တော့ ကျင့်စဉ် တိုးတက်မှုအပေါ် ထိခိုက်မှာ အသေအချာပဲ။

ယန်တန်း မျိုးနွယ်စုက ချင်းမင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့မှာ အလွန် ဂုဏ်သရေရှိတယ်။

သူတို့က ဖိနှိပ်ချင်ရင် ငါတို့ လူသားမျိုးနွယ်စုရဲ့ ကောင်းကင်နိမိတ် အဆင့်ကို ဟင်းလင်းပြင် တံခါးမှာ စောင့်ကြပ်ခိုင်းလိုက်ရုံနဲ့တင် ငါတို့အတွက် ဆုံးရှုံးမှုက အများကြီး ဖြစ်သွားပြီ ”

“ဟင်းလင်းပြင် တံခါးကို စောင့်ကြပ်ရတာက ကောင်းကင် ငါးပါးရဲ့ တာဝန်ပဲလေ။ ချင်းမင် သံတမန် ဖြစ်ဖြစ်၊ ဟင်းလင်းပြင် တံခါးကို စောင့်သည်ဖြစ်ဖြစ် ဒါက ဘာ ဖိနှိပ်မှုလို့ ခေါ်ရမှာလဲ။”

ရှူရှန့်က အေးစက်စွာ ပြောသည်။

“ပြောစမ်း၊ မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ ”

“ဘယ်သူမှ လွှတ်တာ မဟုတ်ဘူး၊ အခု ကျောင်းတော်ထဲက ကာကွယ်ရေးဆရာ တွေ၊ တောင်တန်း အသီးသီးက ဆရာတွေက ဒီတစ်ကြိမ် ကောင်းကင် ငါးပါး စစ်မြေပြင်အပြီးမှာ ယန်တန်း ကျောင်းတော်ကနေ သတင်းစကားတွေ ရောက်လာကြလို့ပဲ ”

ရှူလျန်က အေးစက်စက် ပြောသည်။

“အခုဆိုရင် ယန်တန်း ကျောင်းတော်က စောင့်ကြပ်သူ အချို့က နင် ကျောင်းအုပ်ကြီး နဲ့ စကားပြောနေကြတယ် ”

“ယန်တန်း ကျောင်းတော်က ကိုယ်တိုင် လာဖိအားပေးတာလား ”

ရှူရှန့်မှာ အံ့အားသင့်သွားပြီးနောက် ပြုံးကာ ပြောသည်။

“သူတို့က အထက်တန်းစားတွေပဲ၊ ဘာလို့ ရုတ်တရက် လူငယ်တွေရဲ့ ကိစ္စထဲ ဝင်ပါလာရတာလဲ”

“အဲ့ဒါကိုတော့ မင်းရဲ့ ဒီတပည့်ကို မေးကြည့်လိုက်ဦး၊ နေမင်း ခုနစ်ပါး ခန်းမထဲမှာ ဘာတွေ လုပ်ထားလဲဆိုတာ။

သူက ယန်တန်း မျိုးနွယ်စုရဲ့ ကောင်းကင်အရှင် ဆက်ခံသူ ဆွေထျန်းဟွမ် ကိုတောင် တာဝန်ယူပေးဖို့ တောင်းဆိုခဲ့တာလေ။

ဟားဟား၊ တကယ်ကို ရယ်စရာကောင်းလိုက်တာ

ငါတို့ ချင်းမင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့မှာ အခုလက်ရှိ အင်အားကြီးတဲ့ မျိုးနွယ်စုတွေထဲက ဘယ်နှစ်စုများ ယန်တန်း မျိုးနွယ်စုကို မှီခိုနေကြလဲ။

မင်းက ဘာလို့ ဆွေထျန်းဟွမ် ကို တာဝန်ယူပေးဖို့ တောင်းဆိုရဲတာလဲ။

သူသာ သဘောတူမယ်ဆိုရင် သူက ကမ္ဘာငယ် သူတော်စင် အဆင့်နဲ့ ကမ္ဘာကြီး သူတော်စင် အဆင့်တွေကို မျက်တောင်တစ်ချက်ခတ်အတွင်း ကျော်ဖြတ်ပြီး ကောင်းကင်နိမိတ် အဆင့်ကို ရောက်သွားနိုင်တယ်ဆိုတာ မင်း သိလား ”

ရှူလျန်က ဖန့်ချန်ကို စိုက်ကြည့်ရင်း ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။

“ရှူလျန်၊ မင်း ဒီကို လာတာက ငါ့တပည့်ကို ဆဲဆိုဖို့ပဲလား။

အဲ့ဒါဆိုရင်တော့ တောင်းပန်ပါတယ်၊ ကရုဏာ တောင်တန်းက မင်းကို ကြိုဆိုမှာ မဟုတ်ဘူး ”

ရှူရှန့်က အေးစက်စက်နှင့် လက်ယမ်းလိုက်သည်။

“ထွက်သွားတော့”

“ငါ အဖြေတစ်ခု လိုချင်တယ်”

ရှူလျန်က ဖန့်ချန်ကို အကြည့်စူးစူးဖြင့် ကြည့်သည်။

“ဆရာ့ဆီက ထွက်သွားဖို့ အမိန့်ရထားရင် မြန်မြန် ထွက်သွားပါ။ ယန်တန်း မျိုးနွယ်စု ကိစ္စတွေကိုတော့ နောက်ထပ် ဝင်မပါပါနဲ့တော့ ”

ဖန့်ချန်က ပြုံး၍ လက်ယှက် နှုတ်ဆက်သည်။

“သတ္တိ ရှိလိုက်တာ ”

ဖန့်ချန်၏ အပြောအဆိုမှာ မရိုင်းလွန်းသော်လည်း အခွင့်အရေး ယူလွန်းသည်ဟု ယူဆကာ ရှူလျန်၏ နောက်ကျောမှ အတွင်းကမ္ဘာမှာ ချက်ချင်း ထွက်ပေါ်လာသည်။

“မင်းက ပိုတောင် သတ္တိ ရှိနေပါလား”

ရှူရှန့်မှာ ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ၏ အတွင်းကမ္ဘာကို ပုံဖော်လိုက်ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် တိုက်ခိုက်လိုက်သည်။

ခဏအကြာတွင် သူသည် ရှူလျန်ကို ဆွဲခေါ်ကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။

ကရုဏာ တောင်တန်းမှ သူတော်စင်များမှာ ဤအခြေအနေကို သတိပြုမိသွားကြပြီး အမြန်ပင် ပြေးလာကြသည်။

လီမော့ မှာ အရင်ဆုံး ရောက်လာပြီး မယုံကြည်နိုင်စွာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ဖန့် ညီလေး ခုနက ဘာတွေ ဖြစ်သွားတာလဲ ဆရာကော”

ထို့နောက် ကျန်းတောက်ယွဲ့၊ ဝမ်ချုံစန်း၊ ချင်ဖေးဖေး၊ ပိုင်ချန်းမင်း တို့မှာလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

ဖန့်ချန်က ရှူလျန် ရောက်လာသည့်အကြောင်းကို ပြောပြလိုက်သည်။

“အခု ဆရာနဲ့ ရှူလျန် ဆရာတို့ ဟင်းလင်းပြင်ထဲမှာ တိုက်ခိုက်နေကြတယ် ”

ဖန့်ချန်က ပြောသည်။

“ဒီ ရှူလျန် ဆရာက ဘာဖြစ်နေတာလဲ ယန်တန်း မျိုးနွယ်စုအတွက် လာပြောပေးတာလား”

လီမော့ က အေးစက်စက် နှာခေါင်းရှုံ့သည်။

“ဆရာက သူ့ကို ဒီလောက်အထိ ရွံရှာနေတာ မဆန်းပါဘူး ”

“ငါတို့ ဟင်းလင်းပြင်ထဲမှာ သွားကြည့်ကြမလား၊ ဆရာ အန္တရာယ် ရှိမလား။

အန္တရာယ် တစ်ခုခု ရှိရင်လည်း ငါတို့ အတူတူ သွားကူကြတာပေါ့ ”

ပိုင်ချန်းမင်း က အမြန် ပြောသည်။

ရှဲ့အာမန် က သူ့ကို တစ်ချက်ကြည့်ပြီးနောက် ကျန်းတောက်ယွဲ့ ဘက်သို့ လှည့်ကြည့်သည်။

ကရုဏာ တောင်တန်းတွင် ပုံမှန်အားဖြင့် ရှူရှန့်က မကြာခဏ မထွက်လာတတ်သဖြင့် တပည့်များ၏ ကိစ္စရပ်အားလုံးကို ကျန်းတောက်ယွဲ့ကသာ စီမံခန့်ခွဲရသည်။

“မလိုပါဘူး၊ သူတို့နှစ်ယောက်က အမှန်တော့ ဆွေမျိုးရင်းချာတွေပဲလေ။ ဒီလိုကိစ္စမျိုးကို ငါတို့ နောက်မျိုးဆက်တွေက ဝင်မပါတာ အကောင်းဆုံးပဲ။”

ကျန်းတောက်ယွဲ့က ခေါင်းခါသည်။

“ဆွေမျိုးရင်းချာတွေ”

ပိုင်ချန်းမင်း တို့ နောက်ပိုင်းမှ ရောက်လာကြသော တပည့်အချို့မှာ ထိုအကြောင်းကို မသိရှိကြသဖြင့် အံ့အားသင့်သွားကြသည်။

လင်ဖုန်းက ထိုအခြေအနေကို မြင်သောအခါ ရှူလျန်၏ အကြောင်းကို ပြောပြလိုက်သည်။

“ဒီ ရှူလျန် ဆရာဆိုတာ ဒီလိုပဲ စိတ်ရှုပ်စရာကောင်းတာ။ အရင်တုန်းက ငါတို့ ကောင်းကင် ငါးပါး စစ်မြေပြင်ကို မသွားတဲ့အခါတုန်းကလည်း သူကပဲ လာပြောနေတာ။

အခု ဖန့်ညီလေးက နေမင်း ခုနစ်ပါး ကျောင်းသားတွေကို အသံတိတ်သွားအောင် လုပ်နိုင်တဲ့အချိန်မှာလည်း သူပဲ လာပြောနေပြန်တယ်။ သူ ဘယ်လိုမှ လုပ်ပေးရင် ကျေနပ်မှာလဲ မသိဘူး ”

လူတိုင်းမှာ တိတ်ဆိတ်သွားကြသည်။

ထိုအချိန်တွင် ရှူရှန့်၏ အသံ ထွက်ပေါ်လာသည်။

“သူ ဒီလိုအခြေအနေမျိုး ရောက်မှပဲ ကျေနပ်တော့မှာ ”

ရှူရှန့်သည် ဟင်းလင်းပြင်ထဲမှ ထွက်လာပြီး လက်ထဲတွင် ပုံရိပ်တစ်ခုကို ဆွဲခေါ်လာသည်။

ရှူလျန်ပင် ဖြစ်သည်။

သို့သော် သူ၏ မျက်နှာမှာ ရောင်ရမ်းနေပြီး နှာခေါင်းသွေးများ စီးကျနေကာ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် မျက်လုံးများ မှိတ်ကျလျက် သတိလစ်သွားပြီ ဖြစ်သည်။

ခေါင်းနှင့် လက်ချောင်းများမှာလည်း အားအင်မရှိသကဲ့သို့ ဖြစ်နေသည်။

လူတိုင်းမှာ ဤမြင်ကွင်းကို မြင်သောအခါ စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။

ဖန့်ချန်၏ အမူအရာမှာလည်း ထူးဆန်းနေသည်။ ရှူလျန်က ကမ္ဘာကြီး သူတော်စင် ဒုတိယအဆင့်ဖြစ်ပြီး ရှူရှန့်က ပထမအဆင့် ဖြစ်သည်ဟု သူမှတ်မိနေသည်။

ဘယ်လိုလုပ်ပြီး (၁၀) စက္ကန့်အတွင်းမှာပင် ရှူလျန်မှာ ဤကဲ့သို့ ပုံစံမျိုး ဖြစ်သွားရသလဲ။

ရှူရှန့်သည် လူတိုင်းကို တစ်ချက်ကြည့်ပြီးနောက် နေအိမ်ထဲမှ ထွက်သွားကာ လက်ကို ဝှေ့ယမ်းလိုက်ရာ ရှူလျန်၏ ခန္ဓာကိုယ်မှာ လေထဲတွင် လွင့်စင်သွားပြီး ကရုဏာ တောင်တန်းခြေရင်းတွင် ပြုတ်ကျသွားသည်။

လမ်းသွားလမ်းလာ သူတော်စင် အချို့မှာ ကြောက်လန့်သွားကြသည်။

“ကောင်းပြီ၊ ကိုယ့်ဘာသာ ကိုယ် လုပ်စရာရှိတာ သွားလုပ်ကြတော့ ”

ရှူရှန့်က လက်ယမ်းလိုက်သည်။

လူတိုင်းမှာ နှုတ်ဆက်ပြီး ပြန်သွားကြသည်။

ရက်အနည်းငယ် အကြာတွင် ရှူလျန်မှာ သတိပြန်ရလာသည်။ သူသည် အတိတ်ကို ပြန်လည် အမှတ်ရရန် ကြိုးစားလိုက်သောအခါ သူ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

သူသည် ကရုဏာ တောင်တန်းဘက်သို့ လှည့်ကြည့်ကာ မယုံကြည်နိုင်စွာ ဖြစ်နေသည်။

အချိန်အနည်းငယ် ကြာပြီးနောက် သူသည် ဒေါသတကြီး နှာခေါင်းရှုံ့ကာ သူ၏ အတွင်းကမ္ဘာထဲသို့ ဝင်ရောက်ပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။

နောက်ထပ် ရက်အနည်းငယ် ထပ်ကြာသည်။

ထျန်းလန် သူတော်စင် မှာ ရုတ်တရက် ရောက်လာသည်။

“ဖန့်ချန်၊ နင် ကျောင်းအုပ်ကြီးက မင်းကို လာခေါ်ခိုင်းလိုက်တယ်။ ယန်တန်််း ကျောင်းတော်က လူတွေ ရောက်နေပြီ။ ဘယ်လို စကားပြောရမလဲ၊ ဘာပြောရမလဲဆိုတာ မင်း သေချာစဉ်းစားထား၊ နင်ကျောင်းအုပ်ကြီးကို အခက်တွေ့အောင် မလုပ်မိစေနဲ့ ”

All Chapters