အခန်း (၃၉၉-၄၀၀)
Vol. 34 Ch. 399-400
အခန်း(၃၉၉)
မိုက်ကယ်က တံတွေးကို ဂလုခနဲ မြိုချလိုက်ရင်း “ငါတို့ စားသင့်တယ် ထင်တာပဲ...” လို့ ယူနာ့ကို ပြန်ပြောလိုက်တယ်။
ပုံမှန်ဆိုရင်တော့ ယူနာနဲ့ အတူတူ ထမင်းစားရတာက အဲဒီလောက်ကြီး ဟုတ်လှတာ မဟုတ်ပါဘူး။ ဒါထက် သူတို့က အန်ဂိုရာမြို့မှာရှိတဲ့ ဌာနချုပ်မှာဆိုရင်လည်း နေ့လယ်စာတွေ၊ တစ်ခါတလေ ညစာတွေကိုတောင် ပုံမှန် အတူတူ စားနေကျပဲဥစ္စာ။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက်တည်း သီးသန့် ဖြစ်နေကြတာ။ ပတ်ဝန်းကျင်ကို မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် လုပ်ပေးမယ့် ဇိုင်ယွန်လည်း ဒီမှာ မရှိဘူး။ အားလုံးကို စီစဉ်ပြင်ဆင်ပေးမယ့် ရှီနာလည်း မရှိဘူး။ သူနဲ့ ယူနာ့ဘေးမှာ ပုံမှန် ဝင်ထိုင်နေကျဖြစ်တဲ့ ဖတ်ချ်တောင်မှ ရှိမနေဘူးလေ။
ဒါတင်မကသေးဘဲ ဖယောင်းတိုင်မီးမှိန်မှိန်နဲ့ ညစာစားပွဲရယ်၊ ပတ်ဝန်းကျင်ရဲ့ အငွေ့အသက်တွေရယ်က ဒီအခြေအနေကို ဖြစ်သင့်တာထက် ပိုပြီး ရိုမန်းတစ်ဆန်အောင် ဖန်တီးပေးနေသလိုပဲ။ မိုက်ကယ်ဆိုရင် ဒါကို ချိန်းတွေ့နေတာလို့တောင် မှားပြီး ထင်မိတော့မယ်။
“အင်း... ဒါလေးက ကောင်းသားပဲ။ မိုက်ကယ်... မင်းလည်း မြည်းကြည့်ပါလား”
ယူနာကတော့ တစ်ခေါက်စာ အပြည့်အစုံပြင်ထားတဲ့ ဟင်းလျာတွေကို ဆက်စားနေရင်း အနေရခက်စရာ အခြေအနေကြီးကို ဘာပြဿနာမှ ရှိပုံမရဘူး။
နောက်ဆုံးတော့ မိုက်ကယ်လည်း ခေါင်းကို ခါယမ်းလိုက်မိတယ်။
'ဒါက သူငယ်ချင်းအချင်းချင်း ပုံမှန် ညစာစားတာပဲဥစ္စာ' လို့ သူ့ဘာသာ စိတ်ထဲကနေ ပြောလိုက်တယ်။ 'အများကြီး လျှောက်တွေးနေဖို့ မလိုပါဘူး'
အဲဒီလို စိတ်သွင်းလိုက်နိုင်တော့မှပဲ ဇွန်းကို ကောက်ကိုင်ပြီး စားဖို့အတွက် သူ့အတွက် ပိုပြီး လွယ်ကူသွားတော့တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ယူနာက သူ့ရဲ့ ဓားတွေထဲက တစ်ချောင်းကို မိုက်ကယ်ရဲ့ ခြေထောက်နား တည့်တည့်ဆီ မတော်တဆ လွတ်ကျသွားစေခဲ့တယ်။
မိုက်ကယ်က ဓားနဲ့ ပိုနီးတဲ့နေရာမှာ ရှိနေတာမို့ လူကြီးလူကောင်းဆန်ဆန်ပဲ အဲဒါကို ကောက်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
သူ လုံးဝ မမျှော်လင့်ထားတာကတော့ ယူနာကလည်း အဲဒီဓားကို လှမ်းအကောက်နဲ့ တိုးသွားတာပါပဲ။
သူ ဓားကို လှမ်းယူလိုက်တဲ့အချိန်မှာပဲ သူ့လက်က ယူနာ့လက်နဲ့ သွားထိမိသွားပြီး သူမရဲ့ နွေးထွေးတဲ့ အထိအတွေ့ကို ခံစားလိုက်ရတယ်။
ယူနာ သူ့ဓားကို ပြန်ရသွားပြီးတဲ့နောက် သူတို့နှစ်ယောက်စလုံး ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်ကြတယ်။
“မိုက်ကယ်... အဆင်ပြေရဲ့လား” လို့ ယူနာက သူ့ကို လှမ်းမေးတယ်။
“အင်း... ပြေပါတယ်။ အေးဆေးပါပဲ” လို့ သူ ပြန်ဖြေလိုက်ပေမဲ့ သူ့မျက်နှာမှာ သိသိသာသာ ရှက်သွေးဖြန်းနေတာကိုတော့ ယူနာက အထင်အသား မြင်နေရတာပေါ့။
ယူနာက ပါးစပ်ကို လက်နဲ့အုပ်ပြီး တခစ်ခစ် ရယ်နေမိတယ်။ မိုက်ကယ်ကို ခိုးခိုးကြည့်ရင်း သူမရဲ့ ပါးပြင်ပေါ်မှာလည်း ရှက်သွေး ပါးပါးလေး ဖြန်းတက်လာခဲ့တယ်။
ဒါပေမဲ့ မိုက်ကယ်ကတော့ ဒီညစာစားပွဲမှာ အေးအေးဆေးဆေးနဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်ဖို့အတွက်ပဲ အလုပ်ရှုပ်နေတာမို့ ဒါကို သတိထားမိပုံမပေါ်ဘူး။
'မဟုတ်ပါဘူး... ဒါက ချိန်းတွေ့နေတာ မဟုတ်ပါဘူး။ ရိုးရိုး ညစာစားတာသက်သက်ပါ။ ရိုမန်းတစ်ဆန်ဖို့ မဆိုထားနဲ့ အစအနလေးတောင် မရှိပါဘူး' လို့ သူ တွေးနေမိတုန်းမှာပဲ ဘတ်နဲ့ လိုင်လီယာတို့ ဝိုင်းက နှင်းဆီပွင့်ဖတ်လေးတွေက လေထဲ လွင့်ပါလာပြီး သူတို့ဝိုင်းပေါ်ကို ဖြည်းဖြည်းချင်း ကျရောက်လာခဲ့တယ်။
'ကဲ... ဆန်းကြယ်တဲ့ တိုက်ဆိုင်မှုပဲ။ ဒါပေမဲ့လည်း ဒါက လုံးဝကို ရိုမန်းတစ်မဆန်ပါဘူး'
အဲဒီအချိန်မှာပဲ မိုက်ကယ်က သူ့လက်ထဲမှာ အေးစိမ့်စိမ့် ခံစားမှုတစ်ခုကို ရလိုက်တယ်။ သူ အောက်ငုံ့ကြည့်လိုက်တော့ သူ့လက်ဖမိုးပေါ်ကို ဖြူဖြူမှုန်မှုန် အမှုန်လေးတစ်မှုန် ကျနေတာကို မြင်လိုက်ရတယ်။
ဒါပေမဲ့ သေချာ အနီးကပ် ကြည့်လိုက်တဲ့အခါမှာတော့ ဒါက ရိုးရိုး အမှုန်တစ်ခု မဟုတ်မှန်း သူ သိလိုက်ရတယ်။
ဒါ နှင်းပွင့်ပဲ။
သူရော ယူနာပါ တစ်ချိန်တည်းမှာပဲ မော့ကြည့်လိုက်ကြတော့ ညကောင်းကင်ယံကနေ လှပပြီး ထူးခြားတဲ့ နှင်းပွင့်တွေ မြောက်မြားစွာ ရွာသွန်းကျနေတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရတယ်။
မိုက်ကယ်က လက်ကို ဖြန့်ပေးလိုက်ပြီး နှင်းပွင့်အချို့ကို သူ့လက်ဖဝါးပေါ် ကျလာစေတယ်။ သူ့ရဲ့ [မှော်ပါရမီ: SSS+ အဆင့်] အရ ဒါဟာ သေချာပေါက် နှင်းပွင့်တွေဆိုတာ သူ အတိအကျ သိလိုက်ပြီပေါ့။
ဒီလောက် အချိန်အကြာကြီး ဖြတ်သန်းပြီးတဲ့နောက်မှာတော့ သူ ကောင်းကင်ပေါ်မှာ စိုက်ပျိုးထားခဲ့တဲ့ ထူးခြားတဲ့ တိမ်တိုက်တွေက နောက်ဆုံးတော့ သဲကန္တာရရဲ့ ရာသီဥတုကို ပြောင်းလဲပစ်နိုင်လောက်အောင်အထိ ကြီးထွားလာခဲ့ပြီပဲ။
လူပု တိုင်းပြည်ကနေ သူ ရလာခဲ့တဲ့ ဒီထူးခြားတဲ့ တိမ်တိုက်တွေက မြေပြင်က ထွက်လာတဲ့ မီးခိုးငွေ့တွေကို စုပ်ယူပြီး အဲဒါတွေကို မှော်စွမ်းအင် အမျိုးမျိုးအဖြစ် ပြောင်းလဲပေးတာ။ ဆိုလိုတာကတော့ တကယ်လို့ အဲဒီတိမ်တိုက်တွေသာ လုံလောက်အောင် ကြီးထွားလာမယ်ဆိုရင် ဒီလို ခြောက်သွေ့သဲကန္တာရထဲမှာတောင် မိုးရွာချတာ ဒါမှမဟုတ် နှင်းကျတာမျိုးအထိ လုပ်ဆောင်ပေးနိုင်တယ်လေ။
ပြီးတော့ သူတို့ရဲ့ စက်ရုံတွေကနေ ထုတ်လုပ်မှုကြောင့် မီးခိုးငွေ့တွေ အဆက်မပြတ် ထွက်နေတာမို့ တိမ်တိုက်တွေက နှင်းတွေ ထုတ်ပေးနိုင်လောက်အောင်အထိ ကြီးထွားလာခဲ့ပြီ။ ဒါဟာ တကယ့်ကို အံ့ဖွယ်အမှုပဲ။
“သဲကန္တာရထဲမှာ နှင်းကျတာလား” လို့ ယူနာက ပြုံးရင်း ပြောတယ်။ “မင်း မလုပ်နိုင်တာ ဘာရှိသေးလဲဟင်”
မိုက်ကယ်က ခေါင်းကို ခါယမ်းလိုက်တယ်။
'ကဲ... ဒါကတော့ တော်တော်လေး ရိုမန်းတစ်ဆန်သွားပြီပဲ' လို့ သူ ဝန်ခံလိုက်ရတော့တယ်။
အဲဒီအချိန်မှာပဲ ဘေးဘက်ကနေ သစ်ကိုင်းတစ်ကိုင်း ကျိုးသွားတဲ့အသံကို သူတို့ ရုတ်တရက် ကြားလိုက်ရတယ်။
မိုက်ကယ် ချက်ချင်း လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ အဆိုးဝါးဆုံး ခြောက်အိပ်မက်ကြီးကို မြင်လိုက်ရတော့တာပါပဲ။
“အို ဘုရားရေ... ကြည့်စမ်းပါဦး မောင်ရဲ့။ သူတို့လည်း ချိန်းတွေ့နေကြတာပဲ။ ဒါက စုံတွဲနှစ်တွဲ ချိန်းတွေ့တာပေါ့” လို့ လိုင်လီယာက မျက်ရည်လေး သုတ်ရင်း ပြောလိုက်တယ်။ သူမက ကောင်းကင်ကြီးကို မော့ကြည့်နေတာက ကန့်ကွက်စရာမရှိအောင်ပဲ နတ်ဘုရားမကိုယ်တိုင် ဝင်ရောက် စီမံပေးပြီး သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးလိုက်သလိုမျိုးပဲ။
“ငါတို့ သားလေး အရွယ်ရောက်လာပြီပဲ” လို့ ဘတ်က လိုင်လီယာ့ ပုခုံးကို ပုတ်ရင်း ပြောတယ်။
မိုက်ကယ်က သူ့ကို သစ္စာဖောက်ကြီးတစ်ယောက်လို စိုက်ကြည့်လိုက်တယ်။ 'တကယ်ကြီးလား... ဒီညမှာ အဖေတို့အတွက် ကျွန်တော် အကုန်လုပ်ပေးခဲ့ပြီးမှ အခုလို လုပ်တာလား' ဆိုတဲ့ အကြည့်မျိုးပေါ့။
“အဖေတို့ ထင်သလို မဟုတ်ပါဘူး” လို့ အထင်လွဲတာကို အမြန်ဆုံး ရှင်းရအောင် သူတို့နှစ်ယောက်ကို လှမ်းပြောလိုက်တယ်။
“ငါ့သားက တကယ့်ကို တာဝန်သိတတ်တဲ့ လူယောကျ်ားတစ်ယောက်ပါ” လို့ ဘတ်က ယူနာ့နား တိုးသွားပြီး ပြောတယ်။ “သူ မင်းကို သေချာ စောင့်ရှောက်ပါလိမ့်မယ်”
“အို... သိပ်ကောင်းတာပဲ။ ငါ့နားထဲမှာ ဘုရားကျောင်းက ခေါင်းလောင်းသံတွေတောင် ကြားနေရပြီ။ ဒီလို ဖြစ်လာမယ်ဆိုတာ ငါ ကြိုသိသားပဲ” လို့ လိုင်လီယာကလည်း ပျော်ရွှင်စွာ လက်ခုပ်တီးရင်း ပြောရှာတယ်။
“အမေ... ဒါက ချိန်းတွေ့တာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့က အိမ်ထောင်ရေးအကြောင်း တွေးဖို့ အရွယ် ငယ်ပါသေးတယ်”
ယူနာကလည်း ဝိုင်းကူပြောပေးတယ်။ “ကျွန်မတို့ အတူတူ ရှိနေကြတာ မဟုတ်သေးပါဘူး” လို့ သူမက ဆိုတယ်။
လိုင်လီယာနဲ့ ဘတ်က ခဏလောက် ငြိမ်သွားပြီးမှ ကိုယ်ကို လှည့်ကာ သူတို့အချင်းချင်း တိုးတိုးတိတ်တိတ် စကားပြောကြတယ်။
“သူမက... 'မရှိသေးပါဘူး' လို့ ပြောတယ်နော်” လို့ ဘတ်သ်က တိုးတိုးလေး ကပ်ပြောတယ်။
“ငါတို့ သားလေးအတွက် အခွင့်အရေး ရှိသေးတာပဲ။ သူမဘက်ကလည်း သေချာပေါက် စိတ်ဝင်စားနေတာ။ သားကသာ သတ္တိမရှိတာပါလို့ ငါ ပြောသားပဲ”
မိုက်ကယ်က ချောင်းတစ်ချက် ဟန့်လိုက်တယ်။ “လူကြီးမင်းတို့... အဖေတို့ ပြောတာတွေ ကျွန်တော်တို့ အကုန်ကြားရတယ်နော်”
ဒါပေမဲ့ သူတို့ကတော့ ဂရုစိုက်ပုံမရပါဘူး။ ကိုယ်ကို ပြန်လှည့်လိုက်ပြီး မိုက်ကယ်နဲ့ ယူနာ့နားကနေ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြတယ်။
“ကဲ... ဒါဆိုရင်လည်း မင်းတို့ရဲ့ သူငယ်ချင်းအဆင့် ချိန်းတွေ့မှုကို ဆက်လုပ်ကြပါဦး” လို့ ဘတ်သ်က ခနဲ့တဲ့တဲ့ ပြောလိုက်တယ်။
“တာ့တာ”
သူတို့နောက်ကို မိုက်ကယ် လိုက်မဖမ်းနိုင်ခင်မှာပဲ လိုင်လီယာက မြေပြင်ကနေ ဧရာမ နွယ်ပင်ကြီးနှစ်ပင်ကို ရုတ်တရက် ဖန်တီးလိုက်ပြီး သူတို့နှစ်ယောက်စလုံးကို ပတ်ဆိုင်းကာ လျှိုစောက်အောက်ဘက်က ရီနေးတားနိုင်ငံတော်ဆီ ဖြည်းဖြည်းချင်း ချပေးလိုက်တော့တယ်။
မိုက်ကယ် သက်ပြင်းချလိုက်မိတယ်။ ဘာလို့ အားလုံးက ပုံမှန်အတိုင်း မနေနိုင်ကြတာပါလိမ့်။
“အဲဒါအတွက် စိတ်မရှိပါနဲ့နော်” လို့ ယူနာ့ကို သူ တောင်းပန်လိုက်တယ်။
“ရပါတယ်... သူတို့က ပျော်စရာကောင်းသားပဲ”
“ပြန်ကြရအောင်။ သူတို့တွေကို နောက်ထပ် အတင်းပြောစရာတွေ ထပ်မပေးချင်တော့ဘူး”
ယူနာက ပျံသန်းနိုင်စွမ်း မရှိတာမို့ မိုက်ကယ်က စားပွဲပေါ်က စားပွဲခင်းကို ယူပြီး သူ့ရဲ့ ဒီဗာကို ဆင့်ခေါ်လိုက်တယ်။ သူက အိတ်ထဲကနေ ခလုတ်ကို ထုတ်ပြီး အဲဒီစားပွဲခင်းမှာ တပ်ဆင်လိုက်တဲ့အခါ စားပွဲခင်းက တောင့်တင်းသွားစေခဲ့တယ်။ အခုဆိုရင် စားပွဲခင်းက မာမာထန်ထန် ဖြစ်သွားတာမို့ ပျံသန်းခြင်း မန္တန်ကို သုံးရတာ ပိုပြီး လွယ်ကူသွားတာပေါ့။
သူက လေထဲ ပျံဝဲနေတဲ့ စားပွဲခင်းပေါ် တက်လိုက်ပြီး ယူနာ လှမ်းကိုင်နိုင်အောင် လက်ကမ်းပေးလိုက်တယ်။
ယူနာက အဲဒီစားပွဲခင်းကို ကြည့်ပြီး မှော်ကော်ဇောပျံပါတဲ့ နာမည်ကြီး အန်နီမေးရုပ်ရှင်ကို မတွေးဘဲ မနေနိုင်ခဲ့ဘူး။ အဲဒါကလည်း တော်တော်လေး ရိုမန်းတစ်ဆန်တဲ့ ရုပ်ရှင်ပဲလေ။
ဒါပေမဲ့ မိုက်ကယ်ရဲ့ မျက်နှာကို ကြည့်ရသလောက်တော့ သူက အဲဒီတူညီမှုကို သတိထားမိပုံမပေါ်ပါဘူး။
“လာမှာလား” လို့ မိုက်ကယ်က မေးတယ်။
“အင်း... မင်းသား အလီ” လို့ သူမက ခပ်တိုးတိုးလေး ပြန်ပြောလိုက်တယ်။
“ဘာပြောလိုက်တာလဲ”
ယူနာက တခစ်ခစ် ရယ်လိုက်ရင်း “ဘာမှမဟုတ်ပါဘူး။ ရှုခင်းက သိပ်လှတာပဲလို့ ပြောတာပါ” လို့ ဆိုတယ်။
သူတို့နှစ်ယောက်စလုံး စားပွဲခင်းပေါ် ရောက်တာနဲ့ မိုက်ကယ်က နှင်းကျနေတဲ့ ကောင်းကင်ယံထဲမှာ အဲဒီ ‘မှော်ကော်ဇော’ ကို မောင်းနှင်ပြီး ရီနေးတားနိုင်ငံတော်ဆီ ပြန်လာခဲ့ကြတယ်။
ယူနာကတော့ လေတိုက်လို့ လွင့်မျောနေတဲ့ မိုက်ကယ်ရဲ့ ရွှေရောင်ဆံပင်တွေကို ခိုးခိုးကြည့်နေမိတာပေါ့။
'ဒါက တကယ့်ကို မှတ်မှတ်ရရ ဖြစ်စရာကောင်းတဲ့ ပထမဆုံး ချိန်းတွေ့မှုပဲ' လို့ သူမ စိတ်ထဲကနေ တွေးနေမိတော့တယ်။
* * * * * * * *
နောက်တစ်နေ့ ရောက်တဲ့အခါမှာတော့ ရီနေးတားနိုင်ငံတော်ကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ လူတွေက သူတို့ရဲ့ ဟိုတယ်တွေ၊ တည်းခိုဆောင်တွေနဲ့ အိမ်တွေထဲကနေ ထွက်လာတဲ့အခါ လမ်းမတွေပေါ်မှာ နှင်းတွေ ပုံနေတာကို မြင်လိုက်ရလို့ပဲ။
ခရီးသွားဧည့်သည်တွေရော၊ ရီနေးတား ပြည်သူတွေပါ ဒီလို မမျှော်လင့်ထားတဲ့ အံ့ဖွယ်အမှုကြီးကြောင့် ဝမ်းသာအားရ ဖြစ်နေကြတယ်။ သဲကန္တာရ အလယ်ခေါင်မှာ နှင်းလုံးပစ်တမ်း ကစားနိုင်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။
ဒါက ရီနေးတားကုမ္ပဏီအနေနဲ့ ဘာတွေ လုပ်ဆောင်နိုင်လဲဆိုတာကို ပြသလိုက်သလိုပဲ။ သူတို့က သဲကန္တာရထဲကို နှင်းတွေ ယူဆောင်လာပေးနိုင်တယ်။ သူတို့က ခြောက်သွေ့နေရာတစ်ခုဆီကို သက်ရှိတွေ ယူဆောင်လာပေးနိုင်တယ်လေ။
ရီနေးတားက သဲကန္တာရထဲမှာ နှင်းကျအောင် လုပ်ပေးနိုင်ခဲ့တဲ့ ဒီနေ့ရက်ကတော့ သူတို့ရဲ့ စိတ်ထဲမှာ ထာဝရ မှတ်မိနေမယ့် နေ့တစ်နေ့ ဖြစ်သွားတော့မှာပါပဲ။
* * * * * * * *
စာစဉ်(၃၄)
အခန်း(၄၀၀)
မနက်စောစောစီးစီးမှာတင် မိုက်ကယ်က နိုင်ငံတော်ရဲ့ ဗဟိုချက်မတည့်တည့်မှာရှိတဲ့ သူတို့ရဲ့ ဧရာမဌာနချုပ်ကြီးမှာ ရှီနာ၊ ကက်စတယ်၊ ဂျင်မီတို့နဲ့ ဆုံဖြစ်ကြတယ်။
“သခင်မိုက်ကယ်... ရိုလာကိုစတာနဲ့ ပွဲတော်အပေါ် လူတွေရဲ့ တုံ့ပြန်မှုက တကယ့်ကို ထူးထူးခြားခြား ကောင်းမွန်လွန်းနေတယ်ဆိုတာ သတင်းပို့ပါရစေ”
“လမ်းမတွေပေါ်မှာ ကင်းလှည့်နေတဲ့ ရီနေးတားရဲ့ အရိပ်အဖွဲ့ဝင်တွေ ပြောပြချက်အရဆိုရင် ကွင်းစ်နယ်မြေဘက်ကနေ လာတဲ့ ခရီးသွားဧည့်သည်တွေကြားထဲမှာ သူတို့ရဲ့ လူနေမှုဘဝ အရည်အသွေးကိုလည်း ဒီက အန်ဂိုရာမြို့လိုမျိုး ဖြစ်စေချင်တဲ့ ဆန္ဒတွေ တဖွဖွ ဖြစ်နေကြတယ် ကြားရတယ်။ ဒီအချက်ကြောင့်ပဲ အဲဒီဘက်မှာ ကျွန်မတို့ လုပ်မယ့် ပြုပြင်မွမ်းမံမှုတွေက အရင်ကထက်တောင် ပိုပြီး အဆင်ပြေချောမွေ့သွားလိမ့်မယ်လို့ ထင်ပါတယ်”
ရှီနာက ရီနေးတားဆိုတဲ့ အမှတ်တံဆိပ်ဟာ စားသုံးသူတွေအပေါ် ဘယ်လောက်အထိ အရှိန်အဟုန်နဲ့ ထိုးတက် အောင်မြင်လာနေလဲဆိုတာကို ဖော်ပြနေတဲ့ ဂရပ်ဖ်တွေ၊ ပိုင်ချတ်ဇယားစုံကို မိုက်ကယ်ရှေ့ ချပြလိုက်တယ်။
“ဒါက တမင်သက်သက် လုပ်လိုက်တာလား ဒါမှမဟုတ် တိုက်ဆိုင်သွားတာလားတော့ မသိဘူးဗျာ... မနေ့ညက နှင်းတွေကျလာတာကတော့ ကွက်တိပဲ။ သတင်းစာတွေအတွက် မျက်နှာဖုံးခေါင်းကြီးပိုင်း တင်ဖို့ အကောင်းဆုံး ဖြစ်သွားတာပေါ့” ဂျင်မီက စက္ကူစတစ်ချပ်ပေါ်မှာ စာအချို့ ရေးမှတ်ရင်း မိုက်ကယ်ကို ကမ်းပေးလိုက်တယ်။
အဲဒီစာထဲမှာ (ရီနေးတားက နှင်းတွေ ဖန်တီးပေးလိုက်ပြီ။ ခြောက်သွေ့နေတဲ့ မြေရိုင်းကြီးလည်း ကန္တာရ မဟုတ်တော့ဘူး) လို့ ရေးထားတယ်။
“ဒါက လူတွေ ဒီကို ပိုလာချင်အောင် ဆွဲဆောင်မယ့် အကောင်းဆုံး ကြော်ငြာပဲဗျ။ အကောင်းဆုံး အချက်က သတင်းစာတွေကို ကျွန်တော်တို့ တစ်ပြားမှ ပေးစရာမလိုတာပဲ။ မဖြစ်နိုင်လောက်တဲ့ အဖြစ်အပျက်မျိုးမို့ သူတို့ဘာသာသူတို့ ဝမ်းသာအားရ ထည့်ပေးကြမှာ”
တကယ်လို့ ကန္တာရထဲမှာ နှင်းကျတဲ့အဖြစ်အပျက်ကတောင် လူတွေကို အိမ်ပြင်ထွက်ပြီး ရီနေးတားနိုင်ငံတော်ဆီ လာလည်ချင်စိတ် ပေါ်အောင် မလုပ်နိုင်ဘူးဆိုရင်တော့ သူတို့ကို လာအောင် လုပ်နိုင်မယ့်အရာ ကမ္ဘာပေါ်မှာ ရှိတော့မှာ မဟုတ်ဘူး။
“ကျွန်တော့်ဆီကိုလည်း ကွင်းစ်နယ်မြေက စီးပွားရေးသမားတွေနဲ့ ချမ်းသာတဲ့ မြေပိုင်ရှင်အမြောက်အမြား လာရောက် ဆက်သွယ်နေကြတယ်” လို့ ကက်စတယ်က ပြောတယ်။
“သူတို့ ပို့ထားတဲ့ စာတွေဆို အခန်းတစ်ခန်းလုံး ပြည့်လျှံမတတ်ပဲ။ ကျွန်တော်တို့ နိုင်ငံတော်က ပေးစွမ်းနိုင်တဲ့ စည်းစိမ်ချမ်းသာတွေကို မြည်းစမ်းပြီးသွားတဲ့နောက်မှာတော့ သူတို့လည်း အဲဒါတွေမရှိဘဲ မနေနိုင်တော့ဘူး ဖြစ်နေကြပြီ။ ပြန်သွားတဲ့အခါ သူတို့အိမ်တွေမှာ လျှပ်စစ်မီးတွေ၊ ရထားတွေနဲ့ ရေချိုးခန်းတွေ ထည့်ချင်နေကြတာ။ သခင်လေး... သူတို့က အန်ဂိုရာမြို့ရဲ့ တည်ဆောက်ရေးနဲ့ ပြုပြင်မွမ်းမံမှုတွေကို အမြန်ဆုံး ဖြစ်မြောက်အောင် လုပ်ပေးဖို့အတွက် ငွေကြေး၊ ကုန်ကြမ်းနဲ့ လူအင်အားတွေကိုပါ စိုက်ထုတ်ပေးမယ်လို့ ကမ်းလှမ်းနေကြပါတယ်”
ဒါကတော့ တကယ့်ကို ဝမ်းသာစရာ အံ့ဩမှုတစ်ခုပဲ။ အရင်က သူ့မှာ ရှိခဲ့တဲ့ ပြဿနာက အန်ဂိုရာမြို့ရဲ့ ပြုပြင်မွမ်းမံမှု အားလုံးကို တစ်ပြိုင်နက် လုပ်ဆောင်ဖို့ ကုန်ကြမ်းပစ္စည်း မလုံလောက်တာပဲ ဖြစ်တယ်။
ဒါပေမဲ့ အခုတော့ အဲဒီပြဿနာက ပြေလည်သွားတဲ့ပုံပဲ။ သူတို့တွေကို သက်တောင့်သက်သာရှိတဲ့ အရသာလေး တစ်ချက် ပြလိုက်ရုံနဲ့တင် မိုက်ကယ်ဆီကို သူတို့ရဲ့ ငွေကြေးနဲ့ ကုန်ကြမ်းတွေ အကုန် ပုံအောပြီး ယူလာပေးကြတော့တာပဲ။
“ဒါဆိုရင်တော့ အန်ဂိုရာမြို့နဲ့ ဂရက်ဖ်တက်ကလတ်စတာအတွက် လျှပ်စစ်မီးလိုင်းတွေ၊ ရထားလမ်းတွေနဲ့ ရေပိုက်လိုင်း စနစ်တွေကို တစ်ပြိုင်တည်း တည်ဆောက်နိုင်ပြီလို့ ကျွန်တော် တွက်ချက်မိတယ်”
ဒါက သူ့ပခုံးပေါ်က ဧရာမ အထုပ်ကြီးတစ်ထုပ် ကျသွားသလိုပါပဲ။ မိုက်ကယ်တစ်ယောက် ကိုယ်ခန္ဓာကြီး ပေါ့ပါးပြီး လေထဲ လွင့်မျောမတတ် ခံစားလိုက်ရတယ်။
“သခင်မိုက်ကယ်” ဂျင်မီက ပြုံးလျက် မျက်နှာမော့ကြည့်ရင်း ပြောတယ်။ “အခြေအနေ အရပ်ရပ်ကို ခြုံငုံကြည့်ရသလောက်ဆိုရင် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲမှာ ကျွန်တော်တို့ရဲ့ အဆင့်ကို မြှင့်တင်ဖို့ အချိန်တန်ပြီ ထင်တယ်။ ထိပ်တန်း ၄၀၀ ထဲ ဝင်ဖို့ကတော့ အေးဆေးပဲပေါ့”
* * * * * * * *
ဂျင်မီ၊ ကက်စတယ်၊ ရှီနာတို့နဲ့ စိတ်ချမ်းမြေ့စရာ အစည်းအဝေး ပြီးသွားပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ သူ့ရဲ့ ခင်မင်ရတဲ့ မိတ်ဆွေဟောင်းကြီး တစ်ဦးဖြစ်တဲ့ ဆီဘက်စတီယန် အော့ဂင်ဒေါနဲ့ တွေ့ဆုံဖြစ်ခဲ့တယ်။
အဖိုးအို အခန်းထဲ ဝင်လာတဲ့အခါ မိုက်ကယ် သတိထားမိလိုက်တာက အဖြူရောင် မုတ်ဆိတ်ကြီးနဲ့ ဒီ ကြယ်ရှစ်ပွင့် မှော်ဆရာကြီးဟာ သူတို့နောက်ဆုံး တွေ့ခဲ့ကြတဲ့အချိန်ကထက်စာရင် ပိုပြီး နုပျိုလာသလိုမျိုး ဖြစ်နေတာပဲ။
အရင်က အဖိုးအိုက အသက် တစ်ရာလောက် ရှိမယ့်ပုံစံ။ အခုတော့ သူ့ရဲ့ အရေပြားတွေက အသက် ၆၀ အရွယ် သွက်လက်ဖျတ်လတ်တဲ့ လူတစ်ယောက်လို တင်းရင်း စိုပြည်နေတယ်။
“ခင်ဗျား ဘာဖြစ်လာတာလဲ” သူက ဆီဘက်စတီယန်ကို မေးလိုက်တယ်။
“အော်... မင်း သတိထားမိသွားတာပဲလား။ မင်းရဲ့ နိုင်ငံတော်မှာ အချိန်ဖြုန်းရတာ ငါ့အတွက် သိပ်အဆင်ပြေတာပဲ။ ဒီလိုဖြစ်ဖို့ မင်းရဲ့ ရေပူစမ်းတွေကို တစ်နေ့ တစ်ကြိမ်၊ နှစ်ကြိမ်လောက် သွားပြီး စိမ်နေလို့ ဖြစ်မယ်”
မိုက်ကယ်က ဆီဘက်စတီယန်နဲ့ မှော်မျှော်စင်က အခြားမှော်ဆရာတွေကို မီသရယ် မှော်ဝင်ပစ္စည်းတွေအကြောင်း သုတေသနလုပ်ရာမှာ ကူညီပေးဖို့အတွက် ရီနေးတားနိုင်ငံတော်မှာ နေထိုင်ခွင့်ပြုထားခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ဒီအဖိုးအိုက သုတေသနလုပ်တာထက် အပန်းဖြေတာကိုပဲ အချိန်ပိုပေးနေခဲ့တဲ့ပုံပဲ။
“မတွေ့ရတာ တော်တော်ကြာပြီပဲ။ ကစားပွဲလေးတစ်ခုလောက် ဆော့ကြမလား” သူက မေးတယ်။
“မင်း မေးမှာကို စောင့်နေတာ” ဆီဘက်စတီယန်က ပြုံးလိုက်ရင်း လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့နောက်ကနေ စစ်တုရင်ခုံတစ်ခု လေထဲ လွင့်ပျံလာပြီး မိုက်ကယ်ရှေ့က စားပွဲပေါ် ကျလာတယ်။
ပြီးတော့ အရင်တုန်းကလိုပဲ သူတို့နှစ်ယောက်ဟာ ကိုယ်စီဉာဏ်ပညာတွေကို သုံးပြီး ကစားကြတော့တယ်။
“ဒါနဲ့ မိုက်ကယ်... စကားမစပ်၊ အန်ဂိုရာမြို့နဲ့ ဂရက်ဖ်တက်ကလတ်စတာအတွက် မင်းရဲ့ ပြုပြင်မွမ်းမံရေး အစီအစဉ်တွေအကြောင်း ငါ အမှတ်မထင် ကြားလိုက်မိတယ်” ဆီဘက်စတီယန်က နယ်ရုပ်တစ်ခုကို ရှေ့တစ်ကွက် တိုးလိုက်ရင်း ပြောတယ်။
“အဲဒါ ဘာဖြစ်လို့လဲ”
“မင်း အခုလေးတင် ဘာတွေ အောင်မြင်အောင် လုပ်လိုက်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိရဲ့လား။ မင်းရဲ့ စီးပွားရေးကို ကွင်းစ်နယ်မြေရဲ့ တောင်ဘက်အစွန်းတစ်ခုလုံးအထိ ချဲ့ထွင်လိုက်နိုင်ပြီ။ ဒါတင်မကဘဲ ကင်းစ်နယ်မြေတစ်ခုလုံးပါ ပေါင်းလိုက်ရင် တစ်ခုလုံးနီးပါးရှိတဲ့ တော်ဝင်တိုက်ကြီးရဲ့ မြေထု လေးပုံတစ်ပုံထက်မကကို မင်း အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ”
မိုက်ကယ်က စစ်တုရင်ခုံပေါ်က သူ့ရဲ့ ဆင်ရုပ်ကို ရွှေ့ပြီး ကစားကွက်ဖော်လိုက်ရင်း “အဲဒါ ဘာဖြစ်လို့လဲ” လို့ပဲ ဘာမှ နားမလည်သလိုမျိုး ထပ်မေးလိုက်တယ်။
“ဘာဖြစ်လို့လဲ ဟုတ်လား။ ကွင်းစ်နယ်မြေရဲ့ ပိုင်နက်နယ်မြေအပိုင်းအခြားအရဆိုရင် မင်းက ကော်ပိုရေးရှင်းကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့အဆင့် ရောက်နေပြီဆိုတာ မင်းမသိဘူးလား။ ပြီးတော့ မင်းက ဘယ်နယ်မြေတစ်ခုကိုမှ တိုက်ခိုက်သိမ်းပိုက်ခြင်းမရှိဘဲ ဒါတွေအားလုံးကို လုပ်ဆောင်နိုင်ခဲ့တာ။ ဒါက တကယ်ကို ရူးချင်စရာပဲ”
မိုက်ကယ်ကတော့ အဲဒီအပေါ်မှာ သိပ်ပြီး အံ့ဩမနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်ကလည်း ဘယ်အရာကိုမှ တိုက်ခိုက်သိမ်းပိုက်ဖို့ တက်တက်ကြွကြွ ကြိုးစားမနေခဲ့လို့ပဲ။
“ပြီးတော့လည်း... နိုင်ငံတော်ထဲမှာ ဟိုဟိုဒီဒီ ပြေးလွှားနေတဲ့ နတ်သူငယ်တွေကို မြင်ရတုန်းက ငါ ဘယ်လောက်တောင် အံ့ဩသွားလဲဆိုတာ မင်းကို ပြောပြပြီးပြီလား။ အရင်တုန်းက လူတွေက သူတို့ကို ဒဏ္ဍာရီနဲ့ ပုံပြင်တွေထဲကလို့ပဲ သတ်မှတ်ထားကြတာ မင်းမသိဘူးလား။ အခုတော့ ခံစားချက်ပြင်းထန်တဲ့အရာတွေ ရှိတဲ့ နိုင်ငံတော်ရဲ့ ဘယ်နေရာမှာမဆို သူတို့ကို မြင်နေရပြီ။
ငါဆိုလိုတာက... တစ်သီးပုဂ္ဂလ နေထိုင်တတ်ကြလွန်းလို့ နာမည်ကြီးတဲ့ နတ်သူငယ်တွေနဲ့ လူပုတွေကို မင်းရဲ့ မဟာမိတ်တွေအဖြစ် ရထားတာက တကယ်ကို မယုံနိုင်စရာပဲ။ မင်းက ဒီလို ထူးဆန်းတဲ့ လူတစ်ပိုင်းသတ္တဝါတွေကို ဆက်ပြီးတော့ စုဆောင်းနေဦးမှာလား။ ငါ နောက်တစ်ခါ ထပ်ပြီး အံ့ဩမသွားရအောင် အခုကတည်းက ကြိုပြောပြထားပါဦး”
မိုက်ကယ်မှာ ဒီအတွက်လည်း ပြန်ဖြေစရာ စကားမရှိပြန်ဘူး။ သူက ဒီလိုဖြစ်အောင် ကြံရွယ်ခဲ့တာမဟုတ်ပေမဲ့ အလိုလို ဖြစ်လာခဲ့တာပဲလေ။ အဲဒီလို လူတစ်ပိုင်းသတ္တဝါမျိုးနွယ်စုတွေက သူ့ဆီ အလိုအလျောက် အစုလိုက်အပြုံလိုက် ရောက်လာကြတာက သူ့အပြစ်မှ မဟုတ်တာ။
“ဟူး...” ဆီဘက်စတီယန်က သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်တယ်။ “ဒါတွေပြောပြီးတော့ ငါ ရေတစ်ခွက်လောက် သောက်ဖို့ လိုပြီ”
မှော်မျှော်စင်သခင်ကြီးက သူ့လက်ထဲမှာ ရေတစ်ခွက်ကို အလွယ်တကူပဲ ဖန်တီးလိုက်ပြီး မနားတမ်း သောက်လိုက်တော့တယ်။
နောက် ဘာဖြစ်လာတော့မယ်ဆိုတာ ကြိုသိနေတဲ့ မိုက်ကယ်ကတော့ စိတ်ထဲကနေ တဟားဟား ရယ်နေမိတယ်။
“အော်... ငါ မေ့လို့၊ မင်း ဒီဗာတွေအကြောင်း တစ်ခုခု သိထားတာ ရှိလား”
သူ့ရင်ဘတ်ပေါ်က တန်ခိုးတွေ အထက်ကို လှိုင်းထလာတာနဲ့အမျှ မိုက်ကယ်ရဲ့ အပေါ်က ဗလာဟင်းလင်းပြင်ဟာ လင်းလက်တောက်ပလာပြီး စက်ရုပ်လက်တံကြီးတစ်ခု အစစ်အမှန်အဖြစ် ပေါ်ထွက်လာတယ်။ ကွန်ပျူတာတစ်လုံး စတင်ပွင့်လာသလိုမျိုး သွေးကြောတွေသဖွယ် ဖန်တီးထားတဲ့ ၎င်းရဲ့ အတွင်းပိုင်း မီးရောင်စုံတွေက တဖျတ်ဖျတ် လက်နေတယ်။
မိုက်ကယ်ရဲ့ အပေါ်မှာ ဒီဗာ ပေါ်လာတာကို မြင်လိုက်ရတဲ့အခါ ဆီဘက်စတီယန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတော့တယ်။
ပြီးတော့ အရင်တုန်းကလိုပဲ ဆီဘက်စတီယန်တစ်ယောက် အံ့ဩလွန်းလို့ သူ အခုလေးတင် သောက်လိုက်တဲ့ ရေတွေကို ပြန်မှုတ်ထုတ်မိရက်သား ဖြစ်သွားတော့တာပေါ့။
ဖူးးးးးး။
ရေမှုတ်ထုတ်လိုက်တဲ့ မြူခိုးတွေ လေထဲ ပျံ့လွင့်သွားတဲ့အချိန်မှာတင် မိုက်ကယ်က သူ ကြိုတင်ပြင်ဆင်ထားတဲ့ သံခလုတ်တွေထဲက တစ်ခုကို လေထဲ အမြန်ပစ်တင်လိုက်ပြီး စိတ်ထဲကနေ ပိတ်တဲ့ အနေအထားဆီသို့ နှိပ်လိုက်တယ်။
အဲဒီခလုတ်က ရေတွေနဲ့ ထိမိသွားတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ စွမ်းရည်က လှိုင်းထလာပြီး အဖြူရောင်မှိန်မှိန် အလင်းတန်းတစ်ခုက မြူခိုးတစ်ခုလုံးကို လွှမ်းခြုံသွားတယ်။
ရေစက်ကလေးတွေက လေထဲမှာတင် ရပ်တန့်သွားပြီး အချိန်ခဲသွားသလို ဖြစ်ကျန်ခဲ့တယ်။
ဆီဘက်စတီယန်ရဲ့ မျက်လုံးတွေက အခု မြင်တွေ့နေရတဲ့အရာကို မယုံနိုင်လွန်းလို့ ပိုပြီးတော့တောင် ပြူးကျယ်သွားရတယ်။
“မင်းက သံလိုက်စွမ်းအားရှင် တစ်ယောက်လား” ဆီဘက်စတီယန်က အော်ဟစ်လိုက်တယ်။
မိုက်ကယ်က ခေါင်းညိတ်ပြလိုက်တယ်။ သူ မျှော်လင့်ထားခဲ့တဲ့အတိုင်းပဲ မှော်မျှော်စင်သခင်ကြီးက သူတို့အကြောင်း တစ်ခုခု သိနေတာပဲ။ မိုက်ကယ် ဒီလို ခံစားချက် ရနေတာက ဆီဘက်စတီယန်ဟာ မှော်ပညာရှင်အစည်းအရုံးရဲ့ မြင့်မြတ်တဲ့အရှင်သခင် ဖြစ်နေလို့ပဲ။ ကောင်းကင်ဘုံစစ်သည်တော်တွေက အဖွဲ့အစည်းကို ဦးဆောင်သလိုမျိုး သူတို့ကလည်း အဖွဲ့အစည်းတစ်ခုလုံးရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတာလေ။
တကယ်လို့ သံလိုက်စွမ်းအားရှင်တွေအကြောင်း သိတဲ့သူ ရှိတယ်ဆိုရင် အဲဒါ ဆီဘက်စတီယန်လို လူမျိုးပဲ ဖြစ်ရလိမ့်မယ်။
* * * * * * * *