← Chapters

အခန်း (၄၂၁-၄၂၂)

Vol. 36 Ch. 421-422

အခန်း (၄၂၁-၄၂၂)

Vol. 36 Ch. 421-422

အခန်း(၄၂၁)

သူ သေတ္တာကို ဖွင့်လိုက်တဲ့အခါ ထဲမှာ အရာတစ်ခုတည်းကိုပဲ တွေ့လိုက်ရတယ်။

အဲဒါက အစိမ်းရင့်ရောင် သန်းနေပြီး အလင်းမပေါက်တဲ့ ဖန်ပုလင်း အသေးလေးတစ်ခုဖြစ်ပြီး သူ့ရဲ့ လက်သန်းလောက် အထူနဲ့ အရှည် ရှိကာ အပေါ်ကနေ ဖော့ဆို့နဲ့ ပိတ်ထားတာပေါ့။

သူ့ရဲ့ အဆင့်မြင့်စွမ်းရည်နဲ့ စစ်ဆေးကြည့်ပြီး ပုလင်းထဲမှာ အဆိပ် မှော်စွမ်းအင် အငွေ့အသက် မရှိတာကို သေချာသွားမှ မိုက်ကယ်က ၎င်းကို ကောက်ယူပြီး အလင်းဆီ ထောင်ကာ စတင် စစ်ဆေးကြည့်တယ်။

သူ တကယ်ကို သတိထားနေခဲ့တာပါ။ ကာဗွန်နိတ် အချိုရည်တစ်ခုကို လှုပ်ခါလိုက်ရင် ပေါက်ကွဲသွားနိုင်သလိုမျိုး ပုလင်းထဲက တစ်ခုခုက လှုပ်ခါလိုက်တဲ့အခါ တုံ့ပြန်မှု ဖြစ်သွားမလားဆိုတာ သူ မသိဘူးလေ။

ပထမဆုံး ကြည့်လိုက်ချိန်မှာတော့ မိုက်ကယ် တစ်ချက် ကြောင်သွားတယ်။ ဖန်ပုလင်းသေးသေးလေးထဲမှာ ဘာမှ မရှိသလို ဖြစ်နေတာကြောင့် အထဲမှာ ဗလာကျင်းနေတယ်လို့ သူ ထင်သွားတာပေါ့။

ဒါပေမဲ့ သေသေချာချာ အနီးကပ် ကြည့်လိုက်တဲ့အခါကျမှ ပုလင်းရဲ့ အောက်ခြေအကျဆုံးမှာ အရည်အနည်းငယ် စုဝေးငြိမ်သက်နေတာကို သူ သတိပြုမိသွားတယ်။ အရည်ပမာဏက နည်းလွန်းတာကြောင့် အောက်ခြေက ဖန်သားဒီဇိုင်းရဲ့ အစိတ်အပိုင်းတစ်ခုလို့ပဲ သူ ထင်မိတာ။ သို့သော် သူ ပုလင်းကို နည်းနည်း စောင်းလိုက်တဲ့အခါ အရည်စက် အနည်းငယ်က ပုလင်းရဲ့ ဖန်သားနံရံတွေအတိုင်း ဖြည်းဖြည်းချင်း စီးကျလာခဲ့တယ်။

သူ မြင်နိုင်သလောက်တော့ အရည်က ကြည်လင်နေတာပဲ။ ဒါပေမဲ့ ဒါက လုံးဝ ရေတော့ မဟုတ်ဘူး။ ရေဖြစ်ဖို့အတွက်ဆိုရင် အရမ်း ပျစ်ပြီး စေးကပ်လွန်းနေတယ်။ သူ့ရဲ့ ပျစ်ခဲမှုပုံစံက ဆီနဲ့တောင် ခပ်ဆင်ဆင် တူနေတာပေါ့။

အဲဒီအချိန်မှာပဲ မိုက်ကယ်က သူ ဘာကို ကိုင်ထားမိလဲဆိုတာ ရိပ်မိသွားတယ်။ အရင်က မမြင်ဖူးတာကြောင့် သေချာတော့ မသိပေမဲ့ ခန့်မှန်းရမယ်ဆိုရင် ဒါဟာ ဝိညာဉ်ဆီတစ်ပုလင်း ဖြစ်ဖို့ ရာခိုင်နှုန်း များဆုံးပဲ။

[ မင်းရဲ့ သံသယကို အတည်ပြုပေးနိုင်မယ့် အချက်အလက် ငါ့မှာ မရှိဘူး။ ]

နိုဗာ က ပြန်ဖြေလိုက်တာကြောင့် သူ့ရဲ့ ကောင်းမွန်နေတဲ့ စိတ်အခြေအနေက အနည်းငယ် ပျက်စီးသွားရတယ်။

ဒါက အဲဒါ မဟုတ်ဘဲ ဘာဖြစ်နိုင်ဦးမှာလဲ။ ဖလဲရက်စ်က ဒါကို ဒီမှာ ဝှက်ထားဖို့ ဒီလောက်တောင် အားစိုက်ထုတ်ခဲ့တာလေ။ ရိုးရိုး ရတနာတစ်ခုလောက်နဲ့တော့ သူ ဒီလို လုပ်မှာ မဟုတ်ဘူး။

ဒါပေမဲ့ ဒါက ရှေးဟောင်း စိတ်ဝိဉာဉ် အရည် ဆိုတာကို သူ လုံးဝကြီးတော့ စိတ်မချနိုင်သေးဘူး။ တစ်ခုတည်းသော နည်းလမ်းကတော့ အဲဒါကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးတဲ့လူတစ်ယောက်နဲ့ စကားပြောကြည့်ဖို့ပဲ။

သံလိုက်စွမ်းအား အကြောင်း ဗဟုသုတတွေ ရအောင် သူ့ကို အစကတည်းက ကူညီပေးခဲ့တဲ့သူ ဖြစ်တာကြောင့် ဗီရီယန်ရဲ့ မျက်နှာကို သူ ပြေးမြင်မိတယ်။ ဆီဘက်စတီယန်လည်း မှော်ပညာရှင်အစည်းအရုံး ထဲက အဆင့်မြင့် မှော်ဆရာကြီးတစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ ရာထူးနေရာအရ ကိုယ်တိုင် မြင်ဖူးခဲ့တာမျိုး ရှိနိုင်တာပဲ။

သူကတော့ လောလောဆယ် ဒါကို သိမ်းထားပြီး အစစ် ဟုတ်မဟုတ် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

သေချာ အပ်ချမတ်ချ မသိသေးရင်တောင် မိုက်ကယ်က ပုလင်းလေးကို ကိုင်တွယ်တဲ့အခါမှာ အထူး ဂရုစိုက်ဖို့ သတိထားနေခဲ့တယ်။ ဒါက သန်းပေါင်း ရာချီ၊ ဒါမှမဟုတ် ဘီလီယံချီတောင် တန်ကြေးရှိနိုင်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ဖြစ်လာနိုင်တာကိုး။

ရိုးရိုး ဆီပဲ ဖြစ်နေခဲ့ရင်တောင် သူကတော့ စွန့်စားရတာမျိုး အဖြစ်မခံနိုင်ဘူး။

သူက ပုလင်းလေးကို လုံလုံခြုံခြုံ ရှိသွားအောင် သူ့ရဲ့ အရိပ်စွမ်းရည်ကို သုံးပြီး ပတ်ပတ်လည်ကို ရစ်ပတ်ပတ်ထားလိုက်တယ်။ ဒါဆိုရင် မိုက်ကယ် ရီနေးတား နိုင်ငံတော်ဆီကို တယ်လီပို့လုပ်ပြီး ပြန်သွားတဲ့အခါ ပုလင်းလေးက မတော်တဆ ပြောင်းပြန်လှန် မှောက်ကျသွားတာမျိုး မဖြစ်အောင် သေချာစေမှာပါ။

ပြင်ဆင်မှုတွေ ပြီးဆုံးသွားတာနဲ့ သူက ချက်ချင်းပဲ အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ မြေအောက်လိုဏ်ခေါင်းထဲကနေ ထွက်ခွာခဲ့တော့တယ်။

* * * * * * * *

သူ တယ်လီပို့လုပ်ပြီး ရောက်သွားတာနဲ့ တစ်ပြိုင်နက် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သံတွေနဲ့ စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးသံတွေ ရောပြွမ်းနေတာကို ချက်ချင်း ကြားလိုက်ရတယ်။ သူ ဆင်းသက်လိုက်တဲ့နေရာက ရိုလာကိုစတာ ပန်းခြံရဲ့ စင်နောက်ကွယ် ဖြစ်ပြီး အခုဆိုရင် အဲဒီနေရာက လှုပ်ရှားသွားလာနေတဲ့ လူတွေဆီကနေ ထွက်ပေါ်လာသမျှ စိတ်ခံစားချက်တွေကို လာရောက် စားသောက်ကြတဲ့ နတ်သူငယ်တွေ ရဲ့ အိမ်ဂေဟာ ဖြစ်နေပြီပေါ့။

သူက အဓိက ထိန်းချုပ်မှု စနစ်တွေရဲ့ နောက်တံခါးကနေ ဖြတ်လျှောက်လာရင်း အဲဒီ ရိုလာကိုစတာရဲ့ အင်ဂျင်နီယာတွေနဲ့ လည်ပတ်ရေး မန်နေဂျာကို တွေ့လိုက်ရတယ်။

ဒါတင်မကဘဲ နတ်သူငယ်တစ်ဦးကလည်း ပြတင်းပေါက်မှာ စာအုပ်တစ်အုပ်ကို လက်ထဲကိုင်ပြီး အေးအေးလူလူ မှီထိုင်နေကာ သူ့ရဲ့ အပေါင်းအဖော် နတ်သူငယ်တွေ စားသောက်ပွဲ ဆင်နွှဲနေတာကို ကြည့်နေတာပေါ့။

"ဗီရီယန်... ငါတို့ စကားခဏ ပြောလို့ရမလား"

အဘွားအို နတ်သူငယ်က တုံ့ဆိုင်းမနေဘဲ ခေါင်းငြိမ့်ပြတယ်။

ထို့နောက် မိုက်ကယ်က သူတို့ သီးသန့် စကားပြောနိုင်အောင် အင်ဂျင်နီယာတွေကို အခန်းထဲကနေ ခဏလောက် ထွက်သွားပေးဖို့ အချက်ပြလိုက်တယ်။

"ဘာကိစ္စလဲ"

စကားတွေ အရှည်ကြီး ပြောမနေတော့ဘဲ မိုက်ကယ်ရဲ့ ခြေထောက်ကနေ အရိပ်တစ်ခုက လွင့်ပျံထွက်လာပြီး အဲဒီ အရိပ်ရဲ့ အစွန်းပိုင်းမှာ ဆလင်ဒါပုံသဏ္ဌာန် ဖောင်းကြွနေတဲ့ အရာတစ်ခု ပေါ်လာတယ်။ အရိပ်က အပေါ်ဘက်ကနေ ဖြည်းဖြည်းချင်း ပွင့်ထွက်သွားပြီး ဖော့ဆို့နဲ့ ထူးဆန်းတဲ့ အရည်ပျစ်ပျစ်တွေ ပါဝင်တဲ့ အစိမ်းရင့်ရောင် ပုလင်းလေးကို ဖော်ပြလိုက်တယ်။

ဗီရီယန်က ပုလင်းကို လေ့လာကြည့်ရင်း ချက်ချင်းပဲ တည်ကြည် အလေးအနက် ဖြစ်သွားခဲ့တယ်။ ဒါက မိုက်ကယ်အတွက်တော့ သတင်းကောင်းပဲ။ ဘာလို့လဲဆိုတော့ သူ အဲဒါကို မှတ်မိတဲ့ ပုံစံမျိုး ဖြစ်နေလို့ပဲ။

"ဒါ အဲဒါ ဟုတ်လား"

မိုက်ကယ်က မေးလိုက်တယ်။

ဗီရီယန်က ပုလင်းဆီကို ပျံသန်းသွားပြီး ဖန်သားကို တောက်တောက်တောက်နဲ့ ခေါက်လိုက်ရာ အရည်က သူမရဲ့ လှုပ်ရှားမှုကြောင့် တုံ့ပြန်ပြောင်းလဲသွားတာကို စောင့်ကြည့်နေတယ်။

သူမ ခေါင်းငြိမ့်ရင်း ပြောလိုက်တာကတော့ "ဒါက သံသယဖြစ်စရာကို မလိုတာ။ ဝိညာဉ်ဆီ တစ်ပုလင်းပဲ။ ဒီမှာ လေးစက်လောက် ရှိတယ်။ မင်း ဒါကို ဘယ်က ရခဲ့တာလဲ"

"ငါ ရှာတွေ့ခဲ့တာ"

မိုက်ကယ်က ဖလဲရက်စ်နဲ့ ဘတ်ချ်ရောခ့် မြို့အကြောင်း သူမကို မရှင်းပြခင်မှာ ပြောလိုက်တယ်

"အော်... ဒါဆိုရင် ပိုပြီးတော့တောင် အဓိပ္ပာယ်ရှိသွားပြီ။ဖလဲရက်စ်က သူ့ရဲ့ စတုတ္ထအဆင့် ဒီဗာ ကို လက်ခံနိုင်အောင် သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်း ကို အဆင့်မြှင့်ဖို့ ကြိုးစားနေတာ ထင်တယ်။ ဒါကြောင့် သူ ဝိညာဉ်ဆီ လေးစက်ကို ရထားတာပေါ့"

မိုက်ကယ်က ဝိညာဉ်ဆီ လေးစက်ကို ရှာဖွေတွေ့ရှိမှုအပေါ် သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်လိုက်တယ်။ အဲဒါက ဘယ်လောက် ပမာဏများလဲ၊ ဒါမှမဟုတ် ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ သူ မသိပေမဲ့ သူ့ရဲ့ စံနှုန်းအရတော့ တစ်စက်တည်း ရလိုက်တာတောင် တော်တော်လေး ဟန်ကျနေပြီလေ။

"ဒါကို ဒီအတိုင်း သယ်သွားဖို့ စိုးရိမ်စရာ လိုမလား။ ပေါက်ကွဲတာမျိုး ဖြစ်တတ်လား"

ဗီရီယန်က ခေါင်းခါပြတယ်။ "ဝိညာဉ်ဆီ က တော်တော်လေး ကြံ့ခိုင်မှု ရှိပါတယ်။ မြေပြင်ပေါ် ဒါမှမဟုတ် ဘယ်မျက်နှာပြင်ပေါ်မှာမဆို သွန်မချမိသရွေ့တော့ အဆင်ပြေမှာပါ။ ယေဘုယျအားဖြင့်တော့ အသုံးမပြုခင်အထိ အဲဒီ မူလဖန်ပုလင်းထဲမှာပဲ ထည့်ထားတာ ကောင်းတယ်။ အဲဒီ ဖန်ပုလင်းက သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာကနေ သွန်းလုပ်ထားတာမလို့ ဝိညာဉ်ဆီ နဲ့ ဓာတ်ပြုမှု မရှိဘဲ ထိန်းထားနိုင်တဲ့ တစ်ခုတည်းသော မျက်နှာပြင်ပဲ"

အခုဆိုရင် မိုက်ကယ်က ရှေးဟောင်း စိတ်ဝိဉာဉ် အရည် တစ်စက်ကိုတောင် ဖြုန်းတီးမှာ မဟုတ်တော့ပေမဲ့ သူ စူးစမ်းချင်စိတ်ကိုတော့ မအောင့်နိုင်ဘူး ဖြစ်နေတယ်။

"ငါ အဲဒါကို ဖိတ်လိုက်ရင် ဘာဖြစ်မလဲ"

သူက မေးလိုက်တယ်။

"ကျမ်းစာစောင်တွေအရတော့ အဲဒီ အရည်က ထိတွေ့မိတဲ့ ဘယ်မျက်နှာပြင်ကိုမဆို မီသရယ် လိုမျိုး မာကျောသွားစေတယ်တဲ့။ မီသရယ်က ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး သတ္တု ဖြစ်ပေမဲ့လည်း အဲဒီလို လုပ်ဖို့အတွက် ဒီအရည်ကို သုံးတာကတော့ အရမ်း ဖြုန်းတီးရာ ရောက်တာပေါ့"

မိုက်ကယ်က အဲဒီအရည်ကို လုံးဝ မဖြုန်းတီးတော့ဖို့ ပိုပြီး သေချာသွားခဲ့တယ်။ သူ လိုချင်သလောက် မီသရယ် မှော်ဝင်ပစ္စည်းတွေကို သူ ဖန်တီးနိုင်တာပဲ။ ဒါပေမဲ့ ရှေးဟောင်း စိတ်ဝိဉာဉ် အရည် ကတော့ အမြဲတမ်း ပမာဏ ကန့်သတ်ချက် ရှိနေမှာပဲ။ ပင်လယ်ဧကရာဇ် နဲ့ ဆက်သွယ်လို့ ရရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ အဲဒါက စိတ်ကူးယဉ် အိမ်မက်သက်သက်ပဲလေ။

"ကျေးဇူးပဲ ဗီရီယန်။ ကူညီပေးတာ ကျေးဇူးတင်ပါတယ်"

မိုက်ကယ်က ဗီရီယန်ကို သူမဘာသာ ထားခဲ့ပြီး ရီနေးတား နိုင်ငံတော်ထဲမှာရှိတဲ့ ဆီဘက်စတီယန် ရဲ့ ကိုယ်ပိုင်အိမ်ဆီကို ကိုယ်ပျောက် တယ်လီပို့ လုပ်လိုက်တယ်။

အဖိုးကြီးက သူ့အတွက် နေရာကောင်းလေးတစ်ခုကို ရွေးချယ်ထားတာပဲ။ ငါးတွေရှိတဲ့ ရေကန်လေးပါတဲ့ နောက်ဖေးခြံဝင်းတစ်ခု ရှိနေတာပေါ့။ ပြီးတော့ ဒီအကြံဉာဏ်ကို သူ ဘယ်က ရခဲ့လဲ မသိပေမဲ့ သူ့အိမ်က ဖျာချပ်တွေခင်းထားပြီး သစ်သားမိုးကာတွေပါတဲ့ ရှေးဟောင်း ဆာမူရိုင်းတွေအတွက် လုပ်ထားတဲ့ ဂျပန်အိမ်ဟောင်းတွေနဲ့ တူနေတယ်။

"အာ... မိုက်ကယ်... ဘာကိစ္စရှိလို့ ရောက်လာတာလဲ"

ဆီဘက်စတီယန် က သူ့ရဲ့ ရေကန်အလယ်မှာ တင်ပျဉ်ခွေထိုင်ရင်း အေးချမ်းတည်ငြိမ်တဲ့ ပုံစံနဲ့ မေးလိုက်တယ်။

"ကျွန်တော် အကြံဉာဏ်ကို လာတောင်းတာ"

"ဘာအကြောင်းလဲ"

"နောက်ထပ် ကျွန်တော် ဘာလုပ်သင့်လဲဆိုတာလေ။ ကျွန်တော့်ရဲ့ မီသရယ် မှော်ဝင်ပစ္စည်း ထဲကို ရှေးဟောင်း စိတ်ဝိဉာဉ် အရည် ကို ဘယ်လို ထည့်သွင်းရမလဲ"

ဆီဘက်စတီယန် က စိတ်ဝင်တစားနဲ့ မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်တယ်။ "ဒါဆို မင်း ကိုယ်ပိုင် မီသရယ် မှော်ဝင်ပစ္စည်း ကို လုပ်ပြီးပြီပေါ့။ ကောင်းတာပဲ။ မင်း ဘာကို ရွေးချယ်လိုက်လဲ။ မှော်နှင်တံ ပဲ ဖြစ်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

မိုက်ကယ်က သူ့အိတ်ကပ်ထဲကို လက်နှိုက်ပြီး ရွှေတုံးတစ်တုံးရဲ့ ပုံသဏ္ဌာန်နဲ့ တူတဲ့ သတ္တုတုံးတစ်ခုကို ထုတ်လိုက်တယ်။

ပြီးတော့ သူက အဲဒီ သတ္တုတုံးကို ဆီဘက်စတီယန် စစ်ဆေးကြည့်နိုင်အောင် လှမ်းပစ်ပေးလိုက်တာပေါ့။

အဖိုးကြီးက သူ့ဆီကို ပျံသန်းလာတဲ့ သတ္တုတုံးကို ကြည့်နေခဲ့တယ်။ သူ့မျက်လုံးတွေက ဒါက ဘယ်လို လက်နက်မျိုးလဲဆိုတာ ခွဲခြားသိမြင်ဖို့ ကြိုးစားပေမဲ့ သူ တစ်ခါမှ မမြင်ဖူးတဲ့ အရာတစ်ခုလို ဖြစ်နေတာကို တွေ့လိုက်ရတယ်။

ပြီးတော့ အဲဒါက ဆီဘက်စတီယန် ရဲ့ လက်ဖဝါးပေါ်ကို မကျရောက်ခင်မှာတင် ဒရုန်း က ချက်ချင်း သက်ဝင်လှုပ်ရှားလာပြီး ထောင့်တွေမှာရှိတဲ့ သူ့ရဲ့ ပန်ကာလေးခုကို ဖော်ထုတ်ကာ ဆီဘက်စတီယန် ရဲ့ အပေါ်ဘက်ကို ဝူးဝူးဝါးဝါးနဲ့ ပျံတက်သွားတာကြောင့် သူ့ကို လန့်ဖျပ်သွားစေခဲ့တယ်။

"ဒါ... ဘာကြီး..."

သူ့ရဲ့ စကားလုံးတွေက ဒရုန်းရဲ့ အသံကြောင့် ပြတ်တောက်သွားရတယ်။

ဝီးးးးးးး

* * * * * * * *

စာစဉ်(၃၆)

အခန်း(၄၂၂)

"ဒါက ဘာကြီးလဲ"

သူ့မျက်နှာရှေ့မှာ ပျံဝဲနေတဲ့ သတ္တုသရဲသတ္တဝါကြီးကို နားလည်အောင် ကြိုးစားရင်း ဆီဘက်စတီယန်က အလန့်တကြား လွှတ်ခနဲ ပြောလိုက်မိတယ်။ ကြည့်ရတာ တစ်ခါမှမမြင်ဖူးတဲ့ သတ္တဝါအဆန်းတစ်ခုခုလို့တောင် ထင်စရာပဲ။

"ဒါက ကျွန်တော့်ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းလေ။ ဒရုန်းလို့ ခေါ်တယ်"

ဆီဘက်စတီယန်က ဒရုန်းဆိုတာ ဘာမှန်းမသိပေမဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ မှော်ပညာရဲ့ နိယာမတရားအားလုံးကို ဆန့်ကျင်နေသလိုမျိုး မိုက်ကယ်က နောက်ထပ် ကမ္ဘာခြားပစ္စည်းတစ်ခု ဖန်တီးလိုက်ပြန်ပြီဆိုတာတော့ သူ ကောင်းကောင်းရိပ်မိလိုက်တယ်။

"ပျံသန်းနိုင်တဲ့ လက်နက်ပေါ့။ ဒါက... တကယ်ကို ထူးခြားတာပဲ။ ထူးဆန်းအံ့ဩဖို့ ကောင်းလိုက်တာ" လို့ ဆီဘက်စတီယန်က တိုးတိုးလေး ရေရွတ်နေတယ်။

သံလိုက်စွမ်းအားရှင်တစ်ယောက်အနေနဲ့ ကိုယ့်လက်နက်ရဲ့ အကွာအဝေး ကန့်သတ်ချက်ကို ကျော်လွန်ပြီး သုံးနိုင်လာမယ်ဆိုတဲ့ အလားအလာက တကယ်ကို အားရစရာ ကောင်းလှတာပေါ့။ မျှော်လင့်ထားတဲ့အတိုင်းပဲ မိုက်ကယ်ကတော့ ပါရမီရှင်တွေ၊ နတ်ဘုရားလို အမွှမ်းတင်ခံရသူတွေရဲ့ အပေါ်မှာ အမြဲတမ်း သာလွန်နေအောင် နောက်ထပ် အစွမ်းထက်လွန်းတဲ့ စွမ်းရည်တစ်ခုကို ရှာဖွေတွေ့ရှိသွားပြန်ပြီ ဖြစ်တယ်။

ဒီလို မဖြစ်နိုင်တာတွေကို မိုက်ကယ်တစ်ယောက် ဘယ်လိုများ ထပ်ခါတလဲလဲ လုပ်ပြနေနိုင်မှန်း ဆီဘက်စတီယန် တွေးလို့တောင် မရတော့ဘူး။

ဒီအချိန်လောက်ဆို မိုက်ကယ်ရဲ့ အံ့ဩစရာတွေကို သူ ခံနိုင်ရည်ရှိနေသင့်ပြီ ဖြစ်ပေမဲ့ တစ်ခုခု ထုတ်ပြလိုက်တိုင်း အမြဲတမ်း အကြောင်သား ဖြစ်ဖြစ်သွားရတုန်းပဲ။ အခုဆို ဆီဘက်စတီယန်ခမျာ မိုက်ကယ်နဲ့ တွေ့ရမှာတောင် တစ်မျိုးကြီး စိုးရိမ်စိတ် ဝင်လာမိပြီး သူက မှော်ဆရာတစ်ယောက်အနေနဲ့ ကြိုးစားထားသမျှတွေကို အလဟဿဖြစ်စေမယ့် ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် တီထွင်မှုအသစ်တစ်ခုခု ထပ်ထုတ်လာဦးမလားဆိုပြီး တွေးပူနေမိတာ ဖြစ်တယ်။

"မင်းက ဒီ မီသရယ် မှော်ဝင်ပစ္စည်းကို မင်းရဲ့ လက်နက်အဖြစ် လုပ်ချင်တယ်ဆိုရင် သွေးနဲ့ ဝိညာဉ်ဆီအစွမ်းကို ထည့်သွင်းရလိမ့်မယ်။ အခုကိစ္စမှာတော့ မင်း နည်းနည်း စိတ်ရှည်ဖို့ လိုမယ် မိုက်ကယ်။ ဝိညာဉ်ဆီကို ရဖို့က သိပ်ခက်သလို သိပ်လည်း ဈေးကြီးတယ်။ ဘယ်သူမဆို လွယ်လွယ်နဲ့ လက်လှမ်းမီနိုင်တာမျိုး မဟုတ်ဘူး..." လို့ ဆီဘက်စတီယန်က တောက်လျှောက် ရှင်းပြနေခဲ့တယ်။

"ဟို... ဆီဘက်စတီယန်"

မှော်မျှော်စင်သခင်က မိုက်ကယ်ကို စကားဖြတ်ပြောခွင့် မပေးပါဘူး။

"အခု ငါပြောတာ သေချာနားထောင်စမ်း မိုက်ကယ်..."

ဆီဘက်စတီယန်ရဲ့ စိတ်ထဲမှာတော့ ဒါဟာ မိုက်ကယ်အတွက် သာမန်လူသားတွေရဲ့ ခံစားရတဲ့ ဒုက္ခဆင်းရဲတွေကို သင်ခန်းစာပေးဖို့ အခွင့်အရေးတစ်ခုပဲပေါ့။ တကယ့်လက်တွေ့လောကမှာ လူတွေက ကိုယ်လိုချင်တာကို လိုချင်တဲ့အချိန်မှာ မှော်ဆန်ဆန် လွယ်လွယ်ကူကူ ရလာတတ်တာမျိုး မဟုတ်ဘူးလေ။

မိုက်ကယ်က အခွင့်ထူးခံဘဝနဲ့ နေလာခဲ့တာ ဖြစ်တယ်။ ပိုက်ဆံပိုင်းမှာတင် မကဘဲ (တကယ်တော့ ပိုက်ဆံကလည်း သိပ်ချမ်းသာတာပါ) ပါရမီလိုမျိုး တခြား မျက်မြင်မတွေ့ရတဲ့ အရည်အချင်းတွေမှာပါ အခွင့်ထူးခံ ဖြစ်နေခဲ့တာ။

လူတွေက မှော်ပညာကို လေ့လာဖို့ အပင်ပန်းခံ ကြိုးစားနေရချိန်မှာ မိုက်ကယ်ကတော့ တစ်စက္ကန့်တည်းနဲ့ အပိုင်စီး တတ်မြောက်သွားနိုင်တယ်။ လူတွေက ပိုက်ဆံရှာဖို့ ရုန်းကန်နေရချိန်မှာ မိုက်ကယ်က စက်အသစ်တစ်လုံး တီထွင်လိုက်ရုံနဲ့ သန်းပေါင်းများစွာကို လွယ်လွယ်လေး ရှာနိုင်တယ်။ လူတွေရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းက သံလိုက်စွမ်းအားရှင် ဖြစ်ဖို့ အခွင့်အရေး မရှိကြချိန်မှာ မိုက်ကယ်ကတော့ ဘာမှအားစိုက်စရာမလိုဘဲ ဖြစ်သွားခဲ့တာပဲ။

"ရှေးဟောင်း ဝိညာဉ်အစွမ်းဆိုတာ ရှားရှားပါးပါးပဲ ဖြန့်ဖြူးတာမျိုး။ ကုမ္ပဏီအများစုက သူတို့ဘာသာ သိမ်းဆည်းထားတတ်ကြလို့ ဘယ်လောက်ပဲ ပိုက်ဆံပေးပေး ဝယ်လို့မရနိုင်ဘူး…."

"ဆီဘက်စတီယန်... ကျွန်တော့်မှာ တစ်ခု ရှိတယ်"

"အေး... မင်းမှာ ရှိတာ... ဘာ... မင်း ဘယ်လိုပြောလိုက်တယ်"

မိုက်ကယ်ရဲ့ လက်ထဲမှာ ဆီလိုမျိုး ပျစ်ချွဲပြီး ကြည်လင်တောက်ပနေတဲ့ အရည်အစက်အနည်းငယ် ပါဝင်တဲ့ အစိမ်းရင့်ရောင် ဆေးပုလင်းလေး တစ်ပုလင်း ရှိနေတာ ဖြစ်တယ်။

ဆီဘက်စတီယန်တစ်ယောက် အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။

"မဖြစ်နိုင်တာ..."

သူပြောခဲ့တဲ့ စကားတွေအားလုံးက အလကား ဖြစ်သွားပြီဆိုတာ သိလိုက်ရတဲ့အခါ အဖိုးကြီးခမျာ စိတ်ဓာတ်ကျပြီး ပုခုံးတွေပါ တွဲကျသွားတော့တယ်။ ပြီးတော့ ခေါင်းကို အပေါ်မော့ပြီး အပေါ်မှာရှိတဲ့ နတ်ဘုရားတွေကို ရန်တွေ့ကျိန်ဆဲလိုက်ပါတော့တယ်။

"မတရားလိုက်တဲ့ နတ်ဘုရားတွေပဲ။ တစ်ခါလောက်ပဲဖြစ်ဖြစ် သူ့ဘက်ကနေ မပါပေးလို့ မရဘူးလား"

ပြီးတော့မှ မိုက်ကယ်ဘက် လှည့်လာပြီး "မင်း ဝိညာဉ်ဆီပုလင်းကို ဘယ်လိုရလာတာလဲ။ ပြီးတော့... တစ်စက်... နှစ်စက်... လေးစက်တောင် ရှိနေပါလား"

မိုက်ကယ်က ဖလဲယားကော့ပ်အကြောင်းနဲ့ အဲဒီဆေးပုလင်း ရှိနေတဲ့ ဖလဲရက်စ်ရဲ့ လျှို့ဝှက်သိုလှောင်ခန်းကို သူ ဘယ်လို မတော်တဆ တွေ့ခဲ့ရလဲဆိုတာ အကုန်လုံးကို ရှင်းပြလိုက်တယ်။

"ကံကံ၏အကျိုးအရ ရရှိတဲ့ ဆုလာဘ်ပေါ့လေ" လို့ ဆီဘက်စတီယန်က သက်ပြင်းချရင်း ပြောတယ်။ "မင်းရဲ့ ကုမ္ပဏီက ဖလဲရက်စ်ရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရတာဆိုတော့ မင်းက သူ့ရဲ့ သိမ်းဆည်းထားတဲ့ပစ္စည်းတွေကို ရတာ သဘာဝကျပါတယ်"

ဒါပေမဲ့လည်း ဒါက လုံးဝ ယုတ္တိတန်တယ်လို့တော့ မခံစားရဘူး။ နတ်ဘုရားတွေက မိုက်ကယ်ဘက်မှာ တကယ်ပဲ ရှိနေတာလားလို့ ဆီဘက်စတီယန် တွေးလာမိတယ်။

"ဟေ့... အမှန်အတိုင်း ပြောစမ်း။ မင်းနဲ့ အိုင်းရွန်းမေဒင်အကြောင်း သူတို့ပြောနေကြတာ တကယ်ပဲလား" လို့ ဆီဘက်စတီယန်က မေးခွန်းထုတ်လိုက်တယ်။

သတင်းတွေက ဒီလောက်အထိ ပျံ့သွားလိမ့်မယ်လို့ မိုက်ကယ် တွေးတောင် မတွေးမိဘူး။

"မဟုတ်ပါဘူး... ဒါက ပြောရရင် ရှည်ပါတယ်‌။ ဒါပေမဲ့ အဲဒါက အဓိကမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းကို ဝိညာဉ်ဆီနဲ့ သုတ်လိမ်းဖို့ ဘာလုပ်ဖို့ လိုလဲ"

ဆီဘက်စတီယန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ရဲ့ ဂျပန်စတိုင် သစ်သားအိမ်လေးထဲကို ဘုန်းကြီးတစ်ပါးလို လက်နှစ်ဖက်ကို နောက်ပစ်ပြီး မိုက်ကယ်ကို ဦးဆောင်ခေါ်သွားခဲ့တယ်။

ပြီးတော့ သူတို့ ဆီဘက်စတီယန်ရဲ့ အခန်းထဲကို ရောက်သွားကြပြီး ဆီဘက်စတီယန်က မိုက်ကယ်ကို ဖိနပ်ချွတ်ဖို့ ပြောလိုက်တယ်။

ဒီလို အတွေးအခေါ်မျိုးကို သူ ဘယ်ကနေ ရလာတာပါလိမ့်။

ဆီဘက်စတီယန်က ဗီဒိုတစ်ခုထဲကနေ ပရပိုဒ်လိပ်တစ်ခုကို ထုတ်ပြီး ကြမ်းပြင်ပေါ်မှာ ဖြန့်ခင်းလိုက်တာကြောင့် မိုက်ကယ်က အဲဒါကို အပြည့်အစုံ မြင်လိုက်ရတယ်။

ဖြန့်လိုက်တာနဲ့ မိုက်ကယ်က မြို့တစ်မြို့ရဲ့ မြေပုံအကြီးကြီးတစ်ခုကို မြင်လိုက်ရတယ်။ ဒါပေမဲ့ ရိုးရိုးမြို့တော့ မဟုတ်ဘူး။ မြေပုံရဲ့ အပေါ်ဘက်မှာ နယ်မြေရဲ့ နာမည်ကို ရေးထိုးထားတာ ဖြစ်တယ်။

အဲဒါက မက်ထရိုပိုလစ် ပဲ။

"မင်းလက်ဂါစီ့စ်တွေနဲ့ တွေ့ခဲ့တယ် မဟုတ်လား။ အဲဒီထဲက ဘော်ဘီလို့ ခေါ်တဲ့ တစ်ယောက်လေ။ သူက ဟက်ဖေးစတပ်စ် လုပ်ငန်းစုရဲ့ အဓိက မျိုးဆက်ဖြစ်ပြီး ပန်းပဲကုမ္ပဏီတစ်ခုကို ပိုင်တယ်။ သူက မက်ထရိုပိုလစ်ရဲ့ အောက်ဘက် အရှေ့ပိုင်းဒေသကို ပိုင်တာ"

ဆီဘက်စတီယန်က မြေပုံပေါ်မှာ သူ့လက်ချောင်းနဲ့ ဝိုင်းပြလိုက်တဲ့အခါ မှော်အလင်းတန်းတစ်ခု ပေါ်လာပြီး မက်ထရိုပိုလစ်ရဲ့ အောက်ဘက် ညာဘက်ခြမ်းကို လင်းထိန်သွားစေတယ်။

"ဝိညာဉ်ဆီ ကို မီသရယ် မှော်ဝင်ပစ္စည်းပေါ် သုတ်လိမ်းတာက သိမ်မွေ့တဲ့ လုပ်ငန်းစဉ်တစ်ခုပဲ။ အဲဒါက စွမ်းရည်တွေ၊ သံလိုက်စွမ်းအားရှင်တွေနဲ့ မီသရယ် မှော်ပစ္စည်းတွေအကြောင်း နက်နက်ရှိုင်းရှိုင်း သိနားလည်ဖို့ လိုအပ်တယ်။ လက်နက်ကို လူနဲ့ ပေါင်းစည်းနှောင်ဖွဲ့တဲ့ လုပ်ငန်းစဉ်က မှော်ပညာ ဒါမှမဟုတ် သဘာဝတရားကတောင် ရှင်းမပြနိုင်တဲ့ အရာမျိုးပဲ။

အမှားတစ်ခုခု လုပ်မိတာနဲ့ ဝိညာဉ်ဆီကော လက်နက်ပါ နှစ်ခုစလုံး အလဟဿ ဖြစ်သွားနိုင်တယ်။

တစ်ခုတည်းသော အသုံးပြုနိုင်တဲ့ နည်းလမ်းကို ဟက်ဖေးစတပ်စ် လုပ်ငန်းစုကို တည်ထောင်သူက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တာ။ ဘော်ဘီကလည်း ဒီနည်းလမ်းကို အမွေဆက်ခံထားတာ သေချာတယ်။

မင်းရဲ့ မီသရယ် မှော်ဝင်ပစ္စည်းကို မင်းရဲ့ ဝိညာဉ်ဆီနဲ့ သုတ်လိမ်းချင်တယ်ဆိုရင် သူ့ရဲ့ အကူအညီကို မဖြစ်မနေ တောင်းရလိမ့်မယ်"

အဆုံးသတ်မှာတော့ မိုက်ကယ်အနေနဲ့ ဝိညာဉ်ဆီကို အသုံးပြုချင်ရင် မက်ထရိုပိုလစ်ကို တကယ်ပဲ သွားရတော့မှာ ဖြစ်တယ်။

ကံကောင်းတာက ဘော်ဘီက တကယ်ပဲ စကားပြောရ အဆင်ပြေမယ့် ပုံစံမျိုး ရှိပါတယ်။ သူတို့ ပထမဆုံး တွေ့တုန်းကဆို မိုက်ကယ်ကို ချပ်ဝတ်တန်ဆာတစ်စုံတောင် အလကား ပေးမယ်လို့ ကမ်းလှမ်းခဲ့သေးတာပဲ။

"ဒါဆို ကျွန်တော်က ဘော်ဘီ့ဆီက အကူအညီ တောင်းဖို့ပဲ လိုတာပေါ့။ ဒါက လွယ်ပါတယ်။"

ဆီဘက်စတီယန်က ခေါင်းညိတ်ပြတယ်။ "အေး... ဘော်ဘီ့ရဲ့ အကူအညီကို ရဖို့က လွယ်တဲ့အပိုင်းပေါ့။ ဒါပေမဲ့ ပြဿနာက မင်းက သူတို့ကုမ္ပဏီထဲကို ဒီအတိုင်း ဝင်သွားပြီး အကူအညီ တောင်းလို့မရဘူး။

က်ကြီးရဲ့ အောက်ဘက်အပိုင်းတွေမှာ ရီနေးတားရဲ့ ခေါင်းဆောင်အဖြစ် လူသိများနေနိုင်ပေမဲ့ မက်ထရိုပိုလစ်မှာတော့ မင်းက လူသိဦးမှာ မဟုတ်ဘူး။ အဲဒါနဲ့ ယှဉ်ရင် ဘော်ဘီက အမွေဆက်ခံသူတွေထဲက တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ ကုမ္ပဏီက အဆင့်အတန်း မြင့်မားတဲ့ နေရာမှာ ရှိနေတာ။

လိုက်နာရမယ့် စည်းကမ်းတွေ ရှိတယ်။ အထူးသဖြင့် စည်းကမ်းတစ်ခုတည်းပေါ့။ မင်းက မက်ထရိုပိုလစ်မှာရှိတဲ့ အစည်းအရုံးရဲ့ အဖွဲ့ဝင် ဖြစ်ရမယ်"

"ဘာအစည်းအရုံးလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။

"အဲဒီအစည်းအရုံးဆိုတာ မက်ထရိုပိုလစ်မှာ လည်ပတ်နေတဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေ အားလုံး စုစည်းထားတဲ့ နေရာပဲ။ အခြေခံအားဖြင့် မင်း မက်ထရိုပိုလစ်ထဲမှာ အလုပ်လုပ်ခွင့် လိုင်စင်ရဖို့အတွက် သူတို့ဆီမှာ မှတ်ပုံတင်ရမယ်။ အဲဒီလိုင်စင် မရှိရင် အစည်းအရုံးရဲ့ တခြားအဖွဲ့ဝင်တွေနဲ့ အရောင်းအဝယ် လုပ်လို့ရမှာ မဟုတ်ဘူး။ ဆိုလိုတာက မင်း ဘော်ဘီ့ရဲ့ အကူအညီကို ငှားရမ်းနိုင်မှာ မဟုတ်ဘူး"

ခြုံကြည့်ရရင် အဲဒီလိုင်စင်ကို ရတာက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်သလို ဖြစ်မှာပဲ။ မိုက်ကယ်က မက်ထရိုပိုလစ်ဘက်ကို ချဲ့ထွင်ဖို့ အစီအစဉ် ရှိပြီးသားဆိုတော့ ဘာပဲဖြစ်ဖြစ် အဲဒီလိုင်စင်က လိုအပ်နေတာ။ အခုတော့ သူက ဘော်ဘီ့ရဲ့ အကူအညီကိုပါ အပိုဆုအနေနဲ့ ရနိုင်မှာ ဖြစ်တယ်။

"အခု ငါ မင်းကို သတိပေးရမယ်။ မက်ထရိုပိုလစ်ဆိုတာ ဈေးကွက်ကြီးတစ်ခုပဲ။ မင်းလို အခြေအနေမျိုးနဲ့ မက်ထရိုပိုလစ်မှာ နေရာတစ်နေရာ ရချင်နေတဲ့ တခြားကုမ္ပဏီတွေ အများကြီး ရှိတယ်။

အဲဒီက ပြိုင်ဆိုင်မှုက ပြင်းထန်လိမ့်မယ်။

ကုမ္ပဏီအချင်းချင်း နေရာရဖို့ ပြိုင်ဆိုင်တာမျိုး မဟုတ်ဘဲ ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်တွေ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို လူထုက လက်ခံလာအောင် ကြိုးစားနေကြတာ။ အဲဒါက တကယ့် အတားအဆီးပဲ။

လူတွေက မက်ထရိုပိုလစ်မှာ ရှိပြီးသား ကုမ္ပဏီတွေဆီကနေ ဝယ်လို့ရနေရဲ့သားနဲ့ ဘာလို့ အသစ်အဆန်းဖြစ်ပြီး အကျွမ်းတဝင်မရှိတဲ့ အရာကို ဝယ်ချင်ကြမှာလဲ။

ကုမ္ပဏီအများစုအတွက်တော့ အဲဒါက ဧရာမ အတားအဆီးကြီးတစ်ခုပဲ"

* * * * * * * *

All Chapters