အခန်း (၄၂၇-၄၂၈)
Vol. 36 Ch. 427-428
အခန်း(၄၂၇)
ကလော်ဒီယာက လူအုပ်ကြီးကို ချက်ချင်းပဲ တိုးဝှေ့ခွဲထွက်ပြီး သူတို့တွေ ဝိုင်းအုံအော်ဟစ်နေကြတဲ့ ဒီ ဘောပင် ဆိုတာကြီးကို သွားကြည့်လိုက်တယ်။
ပြီးတော့ ဧည့်ကြိုကောင်မလေးက ဘာမှင်မှမပါဘဲ စက္ကူပေါ်မှာ လျှောက်ရေးပြနေတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူ မယုံနိုင်အောင် ဖြစ်သွားရတယ်။ စာလုံးတွေ ရေးထားတဲ့ စက္ကူကို ကောက်ယူပြီး စာသားတွေအပေါ် လက်နဲ့တောင် ပွတ်သပ်ပြီး သုတ်ကြည့်မိသေးတယ်။ အံ့ဩဖို့ကောင်းတာက ဘာမှင်စွန်းပေတာမျိုး လုံးဝမရှိတာပဲ။
"ဒါကြီးက အံ့ဩဖို့ကောင်းလိုက်တာ။ ဒါကို ဘယ်ကရတာလဲ"
ဧည့်ကြိုကောင်မလေးက သူတို့အဆောက်အအုံရဲ့ ဝင်ပေါက်ဆီကို လှမ်းကြည့်လိုက်တယ်။ "စောစောက ရွှေရောင်ဆံပင်နဲ့ကောင်လေးလေ။ သူ ကျွန်မကို ပေးသွားတာ"
"ဒါ မိုက်ကယ် ပေးသွားတာပဲ..." ကလော်ဒီယာက အံ့ဩတုန်လှုပ်စွာနဲ့ ရေရွတ်လိုက်မိတယ်။
ဒီဘောပင်ဟာ မက်ထရိုပိုလစ်မြို့မှာဆိုရင် ရတနာတစ်ပါးလို့တောင် သတ်မှတ်လို့ရတယ်။ အဲဒါကို မိုက်ကယ်က ဧည့်ကြိုတစ်ယောက်ကို လက်ဆောင်အသေးအမွှားလေးအဖြစ် လွယ်လွယ်ကူကူ ပေးသွားခဲ့တယ်ဆိုကတည်းက သူ့မှာ ဒီလိုမျိုးတွေ အများကြီး အလုံအလောက် ရှိနေတယ်ဆိုတာ သိသာနေတာပေါ့။
ဘောပင်ပေါ်မှာ ပါတဲ့ ရီနေးတား တံဆိပ် အမှတ်အသားကို ကြည့်ပြီး ဒါဟာ မိုက်ကယ်ရဲ့ကုမ္ပဏီက ရောင်းချနေတဲ့ အရာဖြစ်မယ်ဆိုတာ ကလော်ဒီယာ ရိပ်မိလိုက်တယ်။
"ဒါကြောင့်မို့လို့လည်း သူတို့က တစ်ကမ္ဘာလုံးမှာ အဆင့် ၄၅၀ ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်လာတာကိုး" သူ သဘောပေါက်သွားခဲ့ပြီ။
စာရေးသား ပုံနှိပ်ခြင်းလုပ်ငန်းမှာ ဒီလိုဆန်းသစ်တီထွင်မှုမျိုး ရှိနေတာကြောင့် ကွင်းစ်နယ်မြေရဲ့ အောက်ခြေပိုင်းက ကုမ္ပဏီတစ်ခုဟာ ဘာဖြစ်လို့ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီမျှအထိ အောင်မြင်မှုတွေ ရနေရသလဲဆိုတာ သူ နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ။ ဒီဘောပင်တွေသာ ရှိရင် မိုက်ကယ်အနေနဲ့ အဲဒီခွင့်ပြုမိန့်ကို ရဖို့ အခွင့်အရေးရှိတယ်ဆိုတာ သူ သေချာပေါက် သိလိုက်တယ်။
* * * * * * * *
ဒီအတောအတွင်းမှာတော့ မိုက်ကယ်ဟာ သူ့အဖွဲ့သားတွေနဲ့ ပြန်ဆုံဖို့ ရုံးချုပ်ဆီကို တယ်လီပို့လုပ်ပြီး ပြန်လာခဲ့တယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ ကက်စတယ်လာနဲ့ ရှီနာတို့က ဘာပြဿနာမှမရှိဘဲ အလုပ်တွေကို မြန်မြန်ဆန်ဆန် ပြီးစီးအောင် လုပ်ထားကြတယ်။ သူတို့နှစ်ယောက်စလုံးက ဆိုင်ခန်းတွေမှာ ရောင်းချနိုင်မယ့် ပစ္စည်းအစုအဝေးကို ပြင်ဆင်ထားပြီးသားပါ။ ဒီပစ္စည်းတွေက လူတွေရဲ့ နေ့စဉ်ဘဝကို အထောက်အကူပြုပြီး လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ပေးနိုင်မယ့် အရာတွေ ဖြစ်တယ်။ မျက်မှန်၊ လက်ပတ်နာရီ၊ မီးခြစ်နဲ့ တခြား အသုံးအဆောင် ပစ္စည်းသေးသေးလေးတွေက သူတို့ရဲ့ အရောင်းရဆုံး ပစ္စည်းတွေပေါ့။
"အဆင်ပြေအောင်လို့ပါ သခင်၊ ကျွန်မတို့ ရီနေးတားရဲ့ အရိပ်အဖွဲ့ကို ဒီပစ္စည်းတွေ မက်ထရိုပိုလစ်ဆီ တိုက်ရိုက်သယ်ဖို့ ခိုင်းထားလိုက်တယ်။ မော်တော်ကားတွေနဲ့ သယ်ရင်တောင် သီတင်းပတ်နဲ့ချီပြီး ကြာဦးမှာမို့လို့ပါ" လို့ ရှီနာက ပြောတယ်။
မိုက်ကယ်ကတော့ ဒါကို ဘာမှစိတ်ထဲမထားပါဘူး၊ လိုအပ်ရင် သူကိုယ်တိုင်ပဲ ပစ္စည်းတွေကို သယ်ပေးဖို့ စိတ်ကူးထားတာ။
အဲဒီနောက် သူက ရုံးချုပ်အပြင်ဘက်ကို ထွက်ပြီး ဘေးကပ်လျက်မှာရှိတဲ့ ကုန်လှောင်ရုံထဲကို ဝင်ခဲ့တယ်။ ဒီနေရာကတော့ ခုန်းနဲ့ တခြား အင်ဂျင်နီယာတွေ မိုက်ကယ်ခိုင်းထားတဲ့ ပရောဂျက်တွေအတွက် နမူနာပုံစံတွေကို ဖန်တီးကြတဲ့ နေရာပဲ။
အခုကြည့်ရတာ သူတို့တွေ မက်ထရိုပိုလစ်အတွက် သုံးမယ့် ရွေ့လျားဆိုင်ခန်းကြီးကို အပြီးသတ် လုပ်ဆောင်လို့ ပြီးနေကြပြီ ထင်တယ်။
"ဝိုး... မင်းတို့ တကယ် အစွမ်းကုန် ကြိုးစားထားကြတာပဲ" သူက သူတို့ကို ချီးကျူးလိုက်တယ်။
ပုံမှန်ဆိုရင် ဒီကမ္ဘာက ဆိုင်ခန်းတွေဟာ သစ်သားနဲ့ တခြား ပေါ့ပါးတဲ့ ပစ္စည်းတွေလိုမျိုး အခြေခံကုန်ကြမ်းတွေနဲ့ပဲ လုပ်လေ့ရှိကြတာ။ ရွေ့လျားနိုင်အောင် လုပ်ရမှာဖြစ်လို့ သူတို့က သတ္တုတွေကို သုံးပြီး မတည်ဆောက်ခဲ့ကြဘူး။
ခုန်းနဲ့ အင်ဂျင်နီယာတွေ လုပ်ထားတာက မိုက်ကယ်အနေနဲ့ ပွဲလမ်းသဘင်တွေမှာ မြင်တွေ့လေ့ရှိတဲ့ အရာမျိုးနဲ့ တော်တော်လေး ဆင်တူနေတယ်။ အလင်းရောင်တွေ ပေးနိုင်ဖို့၊ ပြီးတော့ မီးဖိုချောင်တစ်ခုလုံး အစုံအလင် သုံးနိုင်ဖို့အတွက် မီးစက်တပ်ဆင်ထားတဲ့ အစားအသောက် ရောင်းတဲ့ ကားကြီးတွေလိုမျိုး ဖြစ်နေတာ။
ဒါတင်မကသေးဘူး၊ သူတို့က တစ်ခုလုံးကို မော်တော်ကားထရပ်ကားတစ်စီးကနေ ပြောင်းလဲ တည်ဆောက်ထားတာဖြစ်လို့ ဘယ်လောက်ပဲ လေးလံနေပါစေ ဘယ်နေရာကိုမဆို မောင်းနှင်သွားနိုင်မှာ ဖြစ်တယ်။
"သခင်၊ ဘယ်လိုသဘောရလဲ" ခုန်းက သူ့မျက်နှာမှာ မျှော်လင့်ချက်တွေ အပြည့်နဲ့ လှမ်းမေးလိုက်တယ်။
မိုက်ကယ်က ခေါင်းညိတ်ပြီး သူတို့ရဲ့လက်ရာကို သဘောကျကြောင်း ပြသလိုက်တယ်။ "လက်ရာမြောက်ပါတယ်" သူက သူတို့ကို ပြောလိုက်တယ်။ "ကံကောင်းချင်တော့ စည်းမျဉ်းစာအုပ်ထဲမှာ ဆိုင်ခန်းက ဘယ်လောက်ကြီးရမယ်ဆိုတာ ဘာမှရေးမထားဘူး။ နေ့တိုင်း ဆိုင်သိမ်းပြီး ပြန်သိမ်းဆည်းထားနိုင်သရွေ့တော့ ဒါက စည်းကမ်းနဲ့ ညီတာပဲလေ"
မိုက်ကယ်က ဆိုင်ခန်းအဖြစ် ထရပ်ကားကြီးတစ်စီးလုံး ယူလာလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ကြလို့ ဒီလိုစည်းကမ်းမျိုး ထည့်သွင်းထားခဲ့ကြတာ နေမှာပါ။
ပြီးတော့ သူက အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်တဲ့အခါ ဧည့်ခန်းကျယ်ကြီးတစ်ခုစာလောက် ရှိတဲ့ နေရာအကျယ်အဝန်းကို မြင်လိုက်ရတယ်။ ဧရာမ ရေခဲသေတ္တာကြီးတစ်လုံး၊ မီးဖိုချောင်သုံးပစ္စည်းအချို့နဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ခင်းကျင်းပြသဖို့အတွက် စားပွဲတွေ၊ စင်တွေကိုလည်း အထပ်လိုက် ပြင်ဆင်ထားတာ တွေ့ရတယ်။
"ဒါက အပြည့်အစုံပဲ" သူက ပြောလိုက်တယ်။
သူက နေ့စဉ်သုံးပစ္စည်းအချို့ပဲ ရောင်းဖို့ စိတ်ကူးထားတာ မဟုတ်ဘူး။ အစားအသောက်ပါ ရောင်းဖို့ စိတ်ကူးထားတာ။
ခွင့်ပြုမိန့်အတွက် သတ်မှတ်ချက်က တစ်ပတ်အတွင်း ရောင်းအားပမာဏအပေါ် မူတည်တာမို့လို့ စျေးသက်သာပြီး စွဲလမ်းစေမယ့် အသင့်စားအစားအစာက အောင်မြင်မှုအတွက် လျှို့ဝှက်ချက်ပဲဆိုတာ မိုက်ကယ် သဘောပေါက်သွားတယ်။ မျက်မှန် ဒါမှမဟုတ် နာရီတွေနဲ့မတူတာက လူတွေဟာ အစားအသောက်ကို နေ့တိုင်း ဝယ်စားနိုင်ကြလို့ပဲ။
ဒါတောင်မှ သူက သူတို့ရဲ့ ဆိုင်ခန်းအကျယ်အဝန်းကို အမိအရ အသုံးချဦးမှာပါ။ အစအဆုံး အရာအားလုံးကို ရောင်းချသွားဖို့ စီစဉ်ထားတယ်။
ဒီအစီအစဉ်ရဲ့ အကောင်းဆုံးအပိုင်းကတော့ သူကိုယ်တိုင်ပဲ ဒီဆိုင်ခန်းမှာ တစ်ချိန်လုံး ထိုင်စောင့်နေမှာဖြစ်လို့ သူရောင်းဖို့ လိုအပ်တဲ့ ဘယ်ပစ္စည်းကိုမဆို အလွယ်တကူ တယ်လီပို့လုပ်ပြီး ယူနိုင်တာပဲ။
သူ့ရဲ့စိတ်ကူးက သူရောင်းမယ့် ပစ္စည်းမှန်သမျှကို အကုန်လုံး ခင်းကျင်းပြသထားမယ်။ အရာအားလုံးကိုပေါ့။ တစ်မျိုးစီကို ပြသထားမယ်။
ပြီးတော့ ဝယ်သူက အဲဒီထဲက တစ်ခုခုကို ဝယ်ချင်ပြီဆိုရင် သူက သူ့ရဲ့အရိပ်တွေကို သုံးပြီး အန်ဂိုရာမြို့ ဒါမှမဟုတ် ရီနေးတားနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ ကုန်လှောင်ရုံတွေထဲကနေ မသိမသာပို့လိုက်မှာ ဖြစ်တယ်။
စည်းမျဉ်းစာအုပ်ထဲမှာ သူတို့ ဘာတွေ ရောင်းနိုင်သလဲဆိုတာ ကန့်သတ်ချက် ဘာမှမရှိဘူး။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင်လည်း ဆိုင်ခန်းတစ်ခုတည်းမှာ ပစ္စည်းအမျိုးပေါင်း ရာနဲ့ချီပြီး ရောင်းမယ့် မိုက်ကယ်လို လူမျိုး ရှိလာလိမ့်မယ်လို့ သူတို့ မျှော်လင့်ထားခဲ့ကြမှာ မဟုတ်ပါဘူး။
ဆိုင်ခန်းကိုယ်ထည်ကြီးကိုတော့ သူတို့ရဲ့ ပစ္စည်းတွေထဲက အစားအသောက်ကဏ္ဍအတွက် သုံးမှာပါ။ သူ့ရဲ့အရင် ကမ္ဘာမှာ လမ်းဘေးစာတွေက ဘာလို့ ဒီလောက် နာမည်ကြီးရသလဲဆိုရင် လူတွေက သူတို့မျက်စိရှေ့မှောက်မှာတင် ဘယ်လိုလုပ်သလဲဆိုတာကို မြင်နိုင်ကြလို့ပဲ။ ဒါကြောင့် သူက ဝယ်သူတွေကို ဆွဲဆောင်ဖို့အတွက် အဲဒီအားသာချက်ကို အသုံးချမှာ ဖြစ်တယ်။
"အားလုံးပဲ ပင်ပန်းသွားကြပြီ။ ဒါက တကယ် အံ့ဩဖို့ကောင်းတယ်" သူက အင်ဂျင်နီယာတွေကို ပြောလိုက်တယ်။
"ဘာမှ အားနာစရာမလိုပါဘူး သခင်"
* * * * * * * *
အခုဆိုရင် ဆိုင်ခန်းအတွက် ပြင်ဆင်မှုတွေ ပြီးသွားပြီမို့လို့ မိုက်ကယ်မှာ ဖြေရှင်းဖို့ နောက်ဆုံးကိစ္စတစ်ခု ကျန်ပါသေးတယ်။
သူက မျက်လုံးတွေကို မှိတ်လိုက်ပြီး ရုံးချုပ်တစ်ခုလုံးမှာ ရှိနေတဲ့ သတ်မှတ်ထားတဲ့ လူတစ်ယောက်ကို လိုက်ရှာလိုက်တယ်။ သူတို့ရှိနေတဲ့နေရာကို အာရုံရသွားတာနဲ့ ချက်ချင်းပဲ အဲဒီနေရာဆီ တယ်လီပို့လုပ်ပြီး သွားလိုက်တယ်။
သူက အရိပ်တွေထဲကနေ ထွက်လာခဲ့ပေမဲ့ သူ့ရှေ့မှာရှိနေတဲ့ လူကတော့ သူရောက်လာတာကို လုံးဝ သတိမထားမိသေးဘူး။
"ဟမ်း... မင်း ငါ့ကို ဘာများ ပြောစရာ ရှိသေးလဲ" သူက ယူနာကို လှမ်းမေးလိုက်တယ်။
ယူနာက လှည့်ကြည့်လာပြီး ချက်ချင်းပဲ ရိုးသားဖြူစင်တဲ့ မျက်နှာပေးလေး လုပ်လိုက်တယ်။ "ဘာ... ဘာကို ပြောတာလဲ ဟဟ"
မိုက်ကယ်က သက်ပြင်းချလိုက်တယ်။ "မင်းရဲ့ အဒေါ်က အစည်းအရုံးကို အုပ်ချုပ်နေတာလို့ ဘာလို့ ငါ့ကို ကြိုမပြောတာလဲ။ သူနဲ့ ဒိုင်ခံပြောရတာ တော်တော် မလွယ်ဘူး။ ငါ့ကို မေးခွန်းတွေ အများကြီးနဲ့ တရစပ် မေးခွန်းထုတ်နေတာ"
"အို... ဟဟ... ဟ..."
ယူနာက အနေရခက်တာကို ရယ်မောပြီး ဟန်ဆောင်ဖုံးကွယ်ဖို့ ကြိုးစားပေမဲ့ နောက်ဆုံးတော့ လက်လျှော့လိုက်ရတော့တယ်။
"တောင်းပန်ပါတယ်နော်။ ဒါပေမဲ့ သူက ငါ့ရဲ့ အဒေါ်ဆိုတာ နင်သိသွားရင် နင်နဲ့အတူ လိုက်ခဲ့ဖို့ ပြောမှာ စိုးလို့ပါ။ နင်ပြောသလိုပဲ သူက ကိုင်တွယ်ရ တော်တော်ခက်တဲ့ လူမျိုးလေ"
မိုက်ကယ်က လက်ပိုက်လိုက်တယ်။ "ဒါဆို အတိုချုပ်ပြောရရင် မင်းက ငါ့ကို ဝံပုလွေတွင်းထဲ တွန်းပို့လိုက်တာပေါ့"
"ဒါက အကြောင်းပြချက်ကောင်း ရှိလို့ပါ" သူက ဇွတ်ငြင်းတယ်။ "အကယ်၍ ငါသာ နင်နဲ့အတူ လိုက်သွားခဲ့ရင် သူက ဒီထက်မက ကိုင်တွယ်ရ ခက်သွားလိမ့်မယ်။ ငါ့ကို ယုံစမ်းပါ။ သူက ကြားနေဝါဒအကြောင်းတွေနဲ့ တခြားအရာတွေကို တတွတ်တွတ်နဲ့ မနားတမ်း ပြောနေတော့မှာ"
"သူ ငါ့ကို အဲဒီအကြောင်းတွေ ပြောပြီးပြီ" သူက ဆိုလိုက်တယ်။
"အို... ဟီးဟီး"
ယူနာက ခေါင်းလေးစောင်း၊ မျက်လုံးလေးမှိတ်ပြီး သူ့ပါးပြင်လေးကို လက်ညှိုးလေးနဲ့ ထိုးပြလိုက်တယ်။ ဒါက အရင်တုန်းက သူ့ရဲ့ အမှတ်အသား အမူအရာလေးပဲ။ ဒီလိုအမူအရာမျိုးက ကွင်းပြင်တစ်ခုလုံးမှာရှိတဲ့ လူတွေကို သောင်းသောင်းဖျဖျ လက်ခုပ်တီး အော်ဟစ်အားပေးစေနိုင်တဲ့ အမူအရာမျိုးပေါ့။
ပြီးတော့ မိုက်ကယ်ဟာ ဘယ်လိုပဲ ထိန်းချုပ်ဖို့ ကြိုးစားပါစေ ဒီ စိတ်အာရုံဖမ်းစားမှုမန္တန်ရဲ့ သက်ရောက်မှုကို မခံရဘဲ မနေနိုင်ခဲ့ပါဘူး။
သူ့ရဲ့ မျက်နှာနီမြန်းသွားတာကို ဖုံးကွယ်ဖို့ ချက်ချင်းပဲ မျက်နှာလွှဲလိုက်ရတယ်။
"တော်ပြီ၊ တော်ပြီ။ နောက်တစ်ခါကျရင်တော့ သူ ငါ့ကို အဲဒီမေးခွန်းတွေ ထပ်မမေးရအောင် မင်း သူ့ကို သွားပြောထားလိုက်တော့"
ယူနာက ခေါင်းညိတ်လိုက်တယ်။ "အင်းပါ၊ ကတိပေးတယ်"
သူမက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ခုန်ပေါက်ရင်း အခန်းထဲကနေ မြန်မြန်ထွက်သွားခဲ့တယ်။
ဒီအတောအတွင်းမှာတော့ မိုက်ကယ်က အခန်းထဲမှာ ကျန်ရစ်ခဲ့ပြီး ‘တော်သေးတာပေါ့’ လို့ တွေးရင်း သူ့နဖူးက ချွေးတွေကို သုတ်နေမိတော့တယ်။
* * * * * * * *
စာစဉ်(၃၆)
အခန်း(၄၂၈)
နောက်တစ်နေ့မှာတော့ ပြင်ဆင်စရာရှိတာအားလုံး ပြီးစီးသွားခဲ့ပြီမို့ သူတို့ဆိုင်ခန်းဖွင့်မယ့် နေရာအမှန်ကို ရှာဖို့အတွက် မိုက်ကယ်တစ်ယောက် မက်ထရိုပိုလစ်ဆီကို ပြန်သွားခဲ့ပါတယ်။
စည်းမျဉ်းစာအုပ်အရဆိုရင် လျှောက်ထားသူ ဘယ်သူမဆို မက်ထရိုပိုလစ်ရဲ့ မားကတ်ပလာဇာကွင်းပြင်ကြီးထဲမှာ သတ်မှတ်နေရာတစ်ခုစီ ရကြမှာပါ။ ဒီနေရာက နယ်မြေအရပ်ရပ်က လူတွေ နေ့စဉ် လာရောက်လမ်းလျှောက် အပန်းဖြေလေ့ရှိပြီး ဆိုင်ခန်းတွေကနေ ပစ္စည်းပစ္စယတွေကို တစ်ခါတရံ ဝယ်ယူတတ်ကြတဲ့ ကွင်းပြင်ကျယ်ကြီးတစ်ခု ဖြစ်ပါတယ်။
ဒီနေရာဟာ ကုမ္ပဏီအသစ်တွေရဲ့ ထုတ်ကုန်ကို ဒေသခံတွေ ကြိုက်၊ မကြိုက် စမ်းသပ်စစ်ဆေးခံရမယ့် နေရာလည်း ဖြစ်နေတာပေါ့။
မိုက်ကယ်က ဒီပလာဇာကွင်းပြင်ထဲ လမ်းလျှောက်ဝင်လာရင်းနဲ့ ဒီနေရာကြီး ဘယ်လောက်တောင် ကျယ်ဝန်းလိုက်သလဲဆိုတာ သတိပြုမိသွားတယ်။ သူ့ရဲ့ အရင်ကမ္ဘာက အားကစားကွင်းတစ်ခုထက်တောင် သေချာပေါက် ပိုကြီးနေခဲ့တာ။
ဒီနေရာကြီးက ပန်းခြံအစစ်တစ်ခုလိုပဲ သစ်ပင်ပန်းမာန်တွေ၊ သဘာဝအလှတရားတွေနဲ့ စိုပြည်စိမ်းလန်းနေပါတယ်။ မြက်ခင်းပြင်ပေါ်မှာ လမ်းလျှောက်နေကြတဲ့လူတွေ၊ သစ်ပင်ရိပ်အောက်မှာ ပျော်ပွဲစားထွက်နေကြတဲ့လူတွေ ရှိနေသလို အချို့ဆိုရင် သူတို့ရဲ့ မြင်းတွေကို စီးပြီး အေးအေးလူလူ လှည့်ပတ်သွားလာနေကြတာကိုတောင် မြင်နေရတယ်။
သူ့ရဲ့ ကိုယ်ပိုင်နယ်မြေတွေကို ဖယ်လိုက်ရင် ဒီနေရာဟာ သူ ဒီကမ္ဘာမှာ မြင်ဖူးသမျှထဲမှာ လူအစည်ကားဆုံး နေရာတွေထဲက တစ်ခု ဖြစ်ပုံရပါတယ်။
ပြီးတော့ ပန်းခြံတွေရဲ့ လမ်းလျှောက်လမ်းတစ်လျှောက်မှာ သစ်သားဆိုင်ခန်းလေးတွေ ပြန့်ကျဲရှိနေပြီး အချို့က တော်တော်လေး သေးငယ်ပေမယ့် အချို့ကျတော့လည်း အိမ်ခန်းငယ်တစ်ခုစာလောက်အထိ ကြီးမားကြတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ အစားအသောက်ကနေ လက်နက်တိုက်တွေ၊ စာအုပ်တွေအထိ စုံလင်လှတာကြောင့် အားလုံးက တော်တော်လေးကို ကွဲပြားစုံလင်လှပါတယ်။
ဒီကုမ္ပဏီတွေဟာလည်း သူနဲ့ အတူတူပဲဆိုတာ အလွယ်တကူ ခန့်မှန်းလို့ ရနိုင်တာပေါ့။ သူတို့လည်း လုပ်ငန်းလုပ်ကိုင်ခွင့် လက်မှတ်ကို လိုချင်နေကြတာပဲလေ။
သူ့ဆိုင်ခန်းအတွက် သတ်မှတ်ထားတဲ့နေရာကို ရှာဖွေချင်တာကြောင့် သူက အစည်းအရုံးရဲ့ အဖြူရောင် ဝတ်စုံယူနီဖောင်းကို ဝတ်ဆင်ပြီး လုံခြုံရေးစောင့်နေတဲ့ လူတစ်ယောက်ရှိရာ ဝင်ပေါက်ဆီကို လမ်းလျှောက်သွားလိုက်ပါတယ်။
"ကူညီပါဦးဗျာ။ ကျွန်တော့်ဆိုင်ခန်းအတွက် နေရာတစ်ခု ရရမှာမို့လို့ပါ။ ဘယ်နေရာမှာ သွားထားရမလဲ" လို့ သူက အလုပ်သမားကို မေးလိုက်တယ်။
ထိုလူက သူ့ရဲ့ မှော်ပရပိုဒ်ကို အမြန်ထုတ်ယူလိုက်ပြီး မိုက်ကယ့်ရဲ့ နာမည်ကို မေးပါတော့တယ်။
"မင်းရဲ့ ကုမ္ပဏီနာမည်က ဘာလဲ"
"ရီနေးတား" လို့ သူက ပြန်ဖြေလိုက်တယ်။
ထိုလူက စာရင်းထဲမှာ မိုက်ကယ့်ရဲ့ ကုမ္ပဏီကို မတွေ့မချင်း မှော်ပရပိုဒ်ကို အသေအချာ ရှာဖွေကြည့်လိုက်ပြီး "မင်းရဲ့ လျှောက်လွှာကို အတည်ပြုပြီးပါပြီ ဆာမိုက်ကယ်။ မင်းအတွက် သတ်မှတ်ထားတဲ့နေရာကတော့ ရေကန်နဲ့ ဧရာမ အော်ကေးရှားသစ်ပင်ကြီးရဲ့ အလယ်တည့်တည့်က နေရာ J5 ပါ။
မင်း လျှောက်လွှာကို မနေ့ကမှ တင်ထားတာကို ကျွန်တော် ဒီမှာ မြင်နေရတယ်။ မင်းအနေနဲ့ လျှောက်လွှာတင်ပြီး တစ်လအတွင်းမှာ စမ်းသပ်မှုကို စတင်ဖို့ ရွေးချယ်ခွင့်ရှိပါတယ်။ ဘယ်အချိန်မှာ စစ်ဆေးမှု ခံယူချင်လဲ"
မိုက်ကယ်က "အခုချက်ချင်းပဲ" လို့ ပြန်ဖြေလိုက်တယ်။
ထိုလူက တော်တော်လေး အံ့ဩသွားတဲ့ ပုံစံပါပဲ။ "သေချာလို့လား။ ပုံမှန်ဆိုရင် လျှောက်ထားသူတွေက မက်ထရိုပိုလစ်ထဲကို သူတို့ရဲ့ ကုန်ပစ္စည်းတွေအားလုံး သယ်ယူဖို့နဲ့ ဆိုင်ခန်းပြင်ဆင်ဖို့ အချိန်အများကြီး ယူကြရတာလေ"
"အဲဒါတွေကို အရင်ကတည်းက ပို့ထားပြီးသားမို့လို့ မပူပါနဲ့" လို့ သူက ထိုလူကို ပြောလိုက်တယ်။
ဒါပေမဲ့လည်း အစောင့်ဝန်ထမ်းက မိုက်ကယ့်အတွက် တော်တော်လေး စိုးရိမ်ပူပန်နေတုန်းပါပဲ။ "ကျွန်တော့်အမြင် ပြောရရင်တော့ မင်းရထားတဲ့ အချိန်ကို သုံးပြီး လုပ်ငန်းလိုင်စင် စစ်ဆေးမှုကို အနည်းဆုံး နောက်ထပ် တစ်ပတ်လောက် ရွှေ့ဆိုင်းထားသင့်တယ်"
"ဘာဖြစ်လို့လဲ" လို့ သူက မေးလိုက်တယ်။
"နှစ်ပတ်လည် အပ်ပါးဝုဒ်နယ်မြေ ပွဲတော်က စတော့မှာမို့လို့ပါ" လို့ အစောင့်ဝန်ထမ်းက ရှင်းပြတယ်။ "မင်းအနေနဲ့ ဒီပွဲတော်ကြီး ပြီးသွားမှပဲ လုပ်ငန်းလိုင်စင် စစ်ဆေးမှုကို စတင်မယ်ဆိုရင် ပိုပြီး အခွင့်အရေးကောင်း ရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ တစ်နှစ်မှာ တစ်ကြိမ်ပဲ လျှောက်ထားခွင့်ရှိတာမို့လို့ မင်းရဲ့ အခွင့်အရေးကို ဒီအတိုင်း ဖြုန်းတီးပစ်လိုက်ရင် သိပ်နှမြောစရာကောင်းလိမ့်မယ်"
မိုက်ကယ်က ပခုံးတွန့်လိုက်ရင်း "အပ်ပါးဝုဒ်နယ်မြေ ပွဲတော်ဆိုတာ ဘာလဲဆိုတာ ကျွန်တော် ဘာမှ မသိပါဘူး။ ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူးလေ။ ကျွန်တော် ဒီနေ့ပဲ စစ်ဆေးမှု ခံယူချင်တယ်"
မိုက်ကယ်က ဘယ်လိုမှ ဆုတ်ခွာမယ့် အရိပ်အယောင် မရှိတာကို မြင်တော့ အစောင့်ဝန်ထမ်းက သူ ရွေးချယ်လိုက်တဲ့ အကျိုးဆက်ရဲ့ ပြင်းထန်မှုကို နားလည်သွားအောင် အမြန်ပဲ ရှင်းပြလိုက်ရတော့တယ်။
"အပ်ပါးဝုဒ်နယ်မြေ ပွဲတော်ဆိုတာ ဒီခရိုင်ထဲမှာရှိတဲ့ ကုမ္ပဏီအားလုံးအတွက် ကျင်းပတဲ့ ပွဲတစ်ခုဗျ။ ဆိုလိုတာက ဒီရပ်ကွက်တစ်ခုလုံးက လူတွေရဲ့ အာရုံစိုက်မှုကို ရဖို့အတွက် အပြိုင်အဆိုင် ကြိုးစားကြလိမ့်မယ်။ အဲဒီကုမ္ပဏီတွေက မက်ထရိုပိုလစ်မှာ အခြေခိုင်ပြီးသား ကုမ္ပဏီကြီးတွေ။ ပြီးတော့ စော်ကားသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ၊ ဒါပေမဲ့ မင်းရဲ့ ကုမ္ပဏီက သူတို့နဲ့ ယှဉ်ရင် ဘာမှမဟုတ်သေးဘူး။ လူတွေက မင်းကိုလည်း မသိသလို မင်း ဘာရောင်းလဲဆိုတာလည်း မသိကြဘူး။ ဒေသခံ ဝယ်သူတွေက သူတို့ မသိတဲ့ ကုမ္ပဏီအသစ်ထက် သူတို့ သိပြီးသား ကုမ္ပဏီတွေကိုပဲ အဓိက ရွေးချယ်ကြမှာ သေချာသလောက်ပဲ"
အစောင့်ဝန်ထမ်းက လုပ်ငန်းလိုင်စင်ရဖို့ဆိုတာ မယုံနိုင်လောက်အောင် ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်တယ်ဆိုတာကို မိုက်ကယ် နားလည်အောင် ပြောပြနေတာပါ။ ဒါပေမဲ့ အပ်ပါးဝုဒ်နယ်မြေ ပွဲတော် ကျင်းပနေတဲ့အချိန်အတွင်းမှာ လုပ်ငန်းလိုင်စင်ရဖို့ ကြိုးစားတာကတော့ ပိုပြီးတော့တောင် မဖြစ်နိုင်တဲ့ အလုပ် ဖြစ်နေတာပေါ့။
"မင်းပတ်ပတ်လည်ကို ကြည့်လိုက်ဦး" လို့ အစောင့်ဝန်ထမ်းက ပြောတယ်။ "အခု ဒီပန်းခြံထဲမှာ လူ ဘယ်လောက်တောင် များနေလဲ မြင်လား။ ပြီးတော့ ပတ်ပတ်လည်မှာ ရှိနေတဲ့ ဆိုင်ခန်းတွေကိုကော မြင်လား။ အဲဒီထဲက ဆိုင်ခန်း တော်တော်များများမှာ ဝယ်သူ လုံးဝ မရှိသလောက် ဖြစ်နေတာကိုကော သတိထားမိရဲ့လား"
မိုက်ကယ်က ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ ကွင်းပြင်ကျယ်ကြီးထဲမှာ လူတွေ လမ်းလျှောက် သွားလာနေကြပေမယ့် ဘယ်သူကမှ ဆိုင်ခန်းတွေကို လှည့်တောင် မကြည့်ကြတာကို သတိပြုမိသွားတယ်။ လူတွေက ဆိုင်ခန်းတွေကို မြက်ခင်းပေါ်က ကျောက်ခဲတွေလိုပဲ သဘောထားပြီး ဒီအတိုင်း ဖြတ်လျှောက်သွားနေကြတာပါ။
"ပုံမှန်အချိန်မှာတောင် ဆိုင်ခန်းတွေက ဝယ်သူ ရခဲလှတာ။ ပြီးတော့ မနက်ဖြန် ပွဲတော်ကြီး စတင်တဲ့အခါကျရင်တော့ အဲဒီဆိုင်ခန်းတွေထဲက တစ်ခုမှ လက်နှစ်ဖက်နဲ့ ရေတွက်လို့ရတဲ့ အရေအတွက်ထက် ပိုပြီး အရောင်းအဝယ် ဖြစ်မှာ မဟုတ်ဘူးဆိုတာ မင်း မြင်ရလိမ့်မယ်။
ဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့ သတိပေးချက်ကို ကျေးဇူးပြုပြီး နားထောင်ပါဦး။ မင်း စိတ်ပြောင်းဖို့ အခုထိ မနောက်ကျသေးပါဘူး။ နောက်ထပ် တစ်ပတ်လောက် စောင့်လိုက်ရင် ပိုကောင်းတဲ့ အခွင့်အရေးကို ရနိုင်တာပေါ့"
တခြားသူသာဆိုရင်တော့ ထိုလူရဲ့ သတိပေးချက်ကို ရိုးရိုးသားသားပဲ နားထောင်လိုက်ကြမှာပါ။ မိုက်ကယ်ကိုယ်တိုင်လည်း ဒီကမ္ဘာကို လူဝင်စားမဖြစ်ခင် အရင်တုန်းကဆိုရင်တော့ လုပ်ငန်းလိုင်စင် စစ်ဆေးမှုကို တစ်ပတ်လောက် ရွှေ့ဆိုင်းလိုက်မှာ သေချာပါတယ်။
ဒါပေမဲ့ အခုတော့ မိုက်ကယ်က အဲဒီလို မလုပ်ချင်တော့ဘူး။ သူ့ရဲ့ ရင်ထဲမှာ တိုက်ပွဲတစ်ခုကနေ ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်တဲ့ ဂုဏ်ယူဝင့်ကြွားမှု တစ်ခု ရှိနေခဲ့ပြီလေ။ သူက လုပ်ငန်းလိုင်စင် စစ်ဆေးမှုကို အောင်မြင်အောင် ဖြတ်ကျော်နိုင်မယ့် သူ့ရဲ့ စွမ်းရည်ကို ယုံကြည်မှု အပြည့် ရှိနေတယ်။ သူက ရီနေးတားကို ယုံကြည်တယ်။
ဒါတင်မကသေးဘူး။ အကယ်၍ သူက လုပ်ငန်းလိုင်စင် ရတော့မယ်ဆိုရင်လည်း နောက်ဆုံးကျရင် အဲဒီ ဒေသခံ ကုမ္ပဏီတွေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ဆိုင်ရမှာပဲ မဟုတ်လား။
အကယ်၍ သူက အခုအချိန်မှာတောင် သူတို့နဲ့ မပြိုင်ဆိုင်နိုင်ဘူးဆိုရင် ပထမဆုံးအနေနဲ့ လုပ်ငန်းလိုင်စင်ရဖို့ ကြိုးစားနေစရာတောင် မလိုတော့ဘူးပေါ့။
မိုက်ကယ်ကတော့ ဒါကို ရိုးရိုးပုံမှန် နေ့တစ်နေ့လိုပဲ သဘောထားလိုက်ပါတယ်။ သူက လူတွေရဲ့ လူနေမှုဘဝ အရည်အသွေး တိုးတက်လာဖို့အတွက် လိုအပ်တဲ့ သူ့ရဲ့ ထုတ်ကုန်တွေကိုပဲ ရောင်းချသွားမှာပါ။ စစ်ဆေးမှုတွေ ဒါမှမဟုတ် ပွဲတော်တွေက အရေးမကြီးပါဘူး။
"စိတ်ပြောင်းသွားပြီလား" လို့ အစောင့်ဝန်ထမ်းက မေးလိုက်တယ်။
"ဟုတ်တယ်။ ကျွန်တော် စိတ်ပြောင်းသွားပြီ။ လုပ်ငန်းလိုင်စင် စစ်ဆေးမှုကို မနက်ဖြန်ကျမှပဲ ဖြေတော့မယ်"
အစောင့်ဝန်ထမ်းကတော့ ပါးစပ်အဟောင်းသားနဲ့ အံ့ဩမှင်တက်ပြီး ကျန်ခဲ့ရတော့တယ်။ မိုက်ကယ်လို့ အမည်ရတဲ့ ဒီကောင်လေးက အပ်ပါးဝုဒ်နယ်မြေရဲ့ ဒေသခံ ကုမ္ပဏီတွေကို တကယ်ကြီး အပြိုင်အဆိုင် စိန်ခေါ်ဖို့ ကြိုးစားနေတာပဲ။ ဒါက ရူးသွပ်မှုတစ်ခုပဲ။ သူ ဒီလောက်အထိ သတ္တိရှိတဲ့ စီးပွားရေးသမားမျိုးကို တစ်ခါမှ မကြုံဖူးပါဘူး။
တစ်ဖက်မှာတော့ မိုက်ကယ်က မနက်ဖြန် လုပ်ငန်းလိုင်စင် စစ်ဆေးမှုအတွက် J5 နေရာကို ရှာဖို့ ထွက်ခွာသွားခဲ့ပါပြီ။
သူက အစောင့်ဝန်ထမ်း လမ်းညွှန်ပေးလိုက်တဲ့ လမ်းကြောင်းအတိုင်း လိုက်သွားရင်း ဒေသခံတွေကို ဖြတ်ကျော်ပြီး နောက်ဆုံးမှာတော့ သူ ရှာနေတဲ့ နေရာကို တွေ့သွားခဲ့တယ်။
ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ သူ့ရဲ့ အနီးအနားမှာ ဆောက်ထားတဲ့ ဆိုင်ခန်း အနည်းငယ် ရှိနေတာကို သူ မြင်လိုက်ရတယ်။ ဒီဆိုင်ခန်းလေးတွေက သေးငယ်လှတာမို့လို့ သူတို့က ကုမ္ပဏီအသေးစားလေးတွေဆိုတာ ထင်ရှားလှပါတယ်။ ဒါပေမဲ့ မိုက်ကယ်က ပထမဆုံး ကြည့်လိုက်ရုံနဲ့တင် သူတို့ရဲ့ ထုတ်ကုန်တွေက အားထုတ်မှုတွေ၊ လုပ်အားတွေ၊ မေတ္တာတွေနဲ့ အသေအချာ လုပ်ထားတာကို မြင်နိုင်တာပေါ့။
"ဆောရီးဗျာ၊ ဒီနေရာက ဂျေဖိုက် နေရာ ဟုတ်ပါတယ်နော်" လို့ သူက ဆိုင်ပိုင်ရှင်တွေကို မေးလိုက်တယ်။
ထိုနေရာမှာ စုစုပေါင်း လူလေးယောက် ရှိနေတာပါ။ မိုက်ကယ် စကားပြောလိုက်တဲ့လူကတော့ ဆိုင်ခန်းအသေးစားလေးတစ်ခုကို ဦးစီးနေတဲ့ ထိပ်ပြောင်ပြောင်နဲ့ အသက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက် ဖြစ်ပါတယ်။
"မင်းလည်း လုပ်ငန်းလိုင်စင် လာဖြေတာလား" လို့ ထိပ်ပြောင်ပြောင် လူကြီးက မေးတယ်။
မိုက်ကယ်က ခေါင်းငြိမ့်ပြရင်း "ဟုတ်ကဲ့။ မနက်ဖြန် စတော့မှာ"
သူလည်း အဲဒီလို ပြောလိုက်ရော ကျန်တဲ့ ဆိုင်ပိုင်ရှင် သုံးယောက်က သူတို့ရဲ့ ဆိုင်ခန်းတွေထဲကနေ ထွက်လာပြီး မိုက်ကယ့်ဆီကို လျှောက်လာကြပါတော့တယ်။
"မောင်ရင်လေး... မင်းအနေနဲ့ အစည်းအရုံးကို စစ်ဆေးမှု ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုသင့်တယ်လို့ ငါ ထင်တယ်"
"မင်းအနေနဲ့ တို့တွေလိုမျိုး စစ်ဆေးမှုကို အလဟဿ ဖြုန်းတီးပစ်ဖို့ မလိုပါဘူးကွာ။ နောက်အပတ်ကျမှပဲ ဖြေလိုက်ပါ"
"အကယ်၍ သူတို့က ရွှေ့ဆိုင်းဖို့ ငြင်းဆန်ရင် မင်းကို ငါ နှောင့်ယှက်ဖျက်ဆီးတယ်လို့သာ ပြောလိုက်စမ်းပါ။ အဲဒါဆိုရင် ငါ ဒီကနေ မောင်းထုတ်ခံရနိုင်ပေမယ့် ငါကတော့ ဒီပွဲတော်မှာ ဘယ်လိုမှ အခွင့်အရေး မရှိတော့တာ အတူတူပဲလေ။ အနည်းဆုံးတော့ မင်းအတွက် အခွင့်အရေး ကျန်သေးတာပေါ့"
* * * * * * * *